အခန်း ၄၄၂-၄၄၄
Vol. 30 Ch. 442-444
အခန်း ၄၄၂ - ရီရှောက်ဖန်၏ နောက်ခံ
သူတော်စင်နှစ်ဦးသည် ၎င်းတို့၏တန်ဖိုးကိုပြသရန် လောင်းကြေးထပ်လိုက်သည်။ လျှို့ဝှက်နည်းပညာကို နှစ်ကြိမ်သုံးပြီးနောက် နှစ်ယောက်စလုံးအတွက် ခက်ခဲသောအခြေအနေတွင် ရှိနေခဲ့သည်။ ၎င်းတို့နှစ်ဦး သွေးအန်နေလျက်မှ ဆက်လက်တိုက်ပွဲဝင်နေကြ၏။
ရီဖန်သည် ၎င်းတို့၏ဇွဲလုံ့လကြောင့် အနည်းငယ် စိတ်မသက်မသာခံစားခဲ့ရသည်။ ၎င်းတို့၏ လက်ရှိအခြေအနေကြောင့် မွန်းစတားများအတွက် ၎င်းတို့နှင့်ယှဉ်ပြိုင်နိုင်သည့် နှလုံးသားမရှိခဲ့ချေ။ မျှော်လင့်ထားသည့်အတိုင်း အဆင့်အတန်းမြင့်လေ၊ ကျင့်ကြံသူများက ပို၍ပြင်းထန်လေဖြစ်သည်။ မွန်းစတားတစ်ကောင်အတွက် အရာအားလုံးကို စွန့်စားလိုစိတ်ရှိခဲ့ကြသည်မှာ အလွန်ကြောက်စရာကောင်းသည်။
ထိုသို့သော စိတ်အားထက်သန်မှုဖြင့် ၎င်းတို့ အပြင်းအထန်တိုက်ခိုက်ခဲ့ကြကာ နောက်ဆုံးတွင် သူတော်စင်အဆင့်ပျက်ဆီးခြင်းနတ်မွန်းစတားနှစ်ကောင်ကို အနိုင်ယူနိုင်ခဲ့ပြီး ပျက်ဆီးခြင်းမူလပုလဲနှစ်လုံးကို ရရှိသွားကြ၏။
ရီဖန်၏မျှော်လင့်ချက်လေး ကွဲအက်သွားလေပြီ။ ရီဖန်သည် ၎င်းတို့ဖိနှိပ်ခံထားရပါက ကူညီရန် တွေးထားခဲ့သော်လည်း ၎င်းတို့ အံ့အားသင့်ဖွယ် ကျော်ဖြတ်နိုင်မည်ဟု သူမမျှော်လင့်ခဲ့ပေ။ ၎င်းတို့သည် သွေးအန်နေသည့်တိုင် သူတော်စင်အဆင့် ပျက်ဆီးခြင်းမွန်းစတားနှစ်ကောင်ကို သတ်နိုင်ခဲ့သည်။
ပေထုန်တို့သူတော်စင်နှစ်ဦးသည်လည်း ၎င်းတို့၏ရန်သူများကို ကိုင်တွယ်ပြီးနောက်မှသာ သက်ပြင်းချကာ သက်တောင့်သက်သာရှိခဲ့ကြသည်။ ၎င်းက အန္တရာယ်များသော ခရီးဖြစ်ခဲ့၏။ ရီဖန်၏အကူအညီကို တောင်းထားမိသည်မှာ ကံကောင်းသည်ဟု ခံစားခဲ့ရသည်။ သို့မဟုတ်ပါက ၎င်းတို့၏အဆုံးသတ်သို့ အမှန်တကယ်ရောက်သွားလိမ့်မည်။
"ကျေးဇူးတင်ပါတယ် အရွက်တစ်ထောင်သူတော်စင်"
၎င်းတို့သည် ရီဖန်ကို ကျေးဇူးတင်စကားဆိုလိုက်သည်။ ထို့နောက် ၎င်းတို့သည် မကြာသေးမီကရရှိခဲ့သော ပျက်ဆီးခြင်းမူလပုလဲနှစ်လုံးကို ထုတ်ယူလိုက်ကြသည်။
"အရွက်တစ်ထောင်သူတော်စင်၊ မင်းကြောင့်သာမဟုတ်ရင် ငါတို့ကံကြမ္မာက မသေချာဘူး။ ဒီ ပျက်ဆီးခြင်းမူလပုလဲနှစ်ခုက မင်းအတွက်ဖြစ်သင့်တယ်"
အမလေး! ယခု ရီဖန်စိတ်မသက်မသာခံစားရသည့် အလှည့်ရောက်လေပြီ။ အကယ်၍ သူသာ ပျက်ဆီးခြင်းမူလပုလဲကို သူကိုယ်တိုင် ရယူခဲ့ပါက၊ အကျင့်စာရိတ္တပိုင်းအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မည်မဟုတ်ပေ။ သို့သော် ၎င်းတို့နှစ်ဦး၏ အသက်နှင့်လောင်းကြေးထပ်ကာ အနိုင်ရခဲ့သောပုလဲများကို သူ့အား ကမ်းလှမ်းလာခြင်းကြောင့် ရီဖန်က လက်ခံရန် တွန့်ဆုတ်သွားသည်;
"မလိုပါဘူး၊ ဒီအကောင်တွေကို မင်းတို့သတ်လိုက်တာလေ၊ ဒါကြောင့် ပျက်ဆီးခြင်းမူလပုလဲတွေကိုလဲ မင်းတို့ရသင့်တာ"
ရီဖန်သည် သူ့ကျင့်ဝတ်ကိုလိုက်နာ၏။ သူသည် မဆင်ခြင်ဘဲ မိုက်မဲစွာပြုမူရန် ရွေးချယ်ခဲ့လျှင် သူ၏ကျင့်ကြံမှုအရှိန်ဖြင့် ပို၍များပြားသောအရင်းအမြစ်များကို ရရှိနိုင်သည်။ ရီဖန်သည် စည်းမဲ့ကမ်းမဲ့ဖြစ်လာရန် မလိုလားသောကြောင့် ၎င်းတို့၏ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ပြီး ပျက်ဆီးခြင်းမူလပုလဲနှစ်ခုကို လက်မခံခဲ့ပေ။
“နောင်မှာ ဒီလိုမျိုးအခွင့်ကောင်းတွေ ကြုံလာရရင် မင်းတို့ ငါ့ကိုခေါ်လို့ရတယ်”
ရီဖန်၏ပါဝင်မှုနှင့် ၎င်းတို့၏လမ်းညွှန်မှုဖြင့် ပျက်ဆီးခြင်းမူလပုလဲများကို ပြန်လည်ရယူရာတွင် အရှိန်မြှင့်ပေးနိုင်လိမ့်မည်။ ရီဖန်၏အဆိုပြုချက်ကို ၎င်းတို့နှစ်ဦးလုံး ကန့်ကွက်ခြင်းမရှိခဲ့ပေ။ သူတော်စင်အဆင့် ပျက်ဆီးခြင်းမွန်းစတားကိုရှာခြင်းက ၎င်းတို့အတွက် ခက်ခဲသည့်အရာမဟုတ်ချေ။ တကယ့်စိန်ခေါ်မှုမှာ ၎င်းတို့ကိုကိုင်တွယ်နိုင်မည့် သင့်တော်မယ့်သူကို ရှာဖွေရန်ဖြစ်သည်။
ရီဖန်၏အင်အားဖြင့်၊ သူကူညီလိုလျှင် အနာဂတ်တွင် ၎င်းတို့၏ ပျက်ဆီးခြင်းမူလပုလဲများရရှိမှုနှုန်းသည်လည်း တိုးလာမည်ဖြစ်သည်။ ၎င်းက အံ့သဩစရာကောင်းသည့် သတင်းကောင်းတစ်ခုဖြစ်၏။ ပထမအကြိမ် ပူးပေါင်းဆောင်ရွက်ပြီးနောက် ၎င်းတို့သုံးဦးကြားတွင် ပဏာမယုံကြည်မှုတစ်ခုကို ထူထောင်နိုင်ခဲ့သည်။
ရီဖန်၏ချဉ်းကပ်မှုအရ၊ သူသည် ၎င်းတို့ကို အန္တရာယ်ပြုမည်မဟုတ်ကြောင်း ယုံကြည်ခဲ့ကြသည်။ ခဏအကြာတွင် ၎င်းတို့သုံးဦး ကျုံးဖန်မြို့သို့ ပြန်သွားကြ၏။ ရီဖန်သည် ရီကျင်းထျန်၊ ရီကျင်းဟိုင်နှင့် စုယန်တို့ကိုခေါ်ကာ ယခုလေးတင်ရရှိထားသည့် ပျက်ဆီးခြင်းမူလပုလဲကို ပြသလိုက်သည်။
"ပျက်ဆီးခြင်းမူလပုလဲက ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာ စမ်းကြည့်လိုက်"
ပျက်ဆီးခြင်းမူလပုလဲသုံးခုကို သူတော်စင်အဆင့်သို့ ဖြတ်ကျော်ရန် သို့မဟုတ် သူတော်စင်တစ်ပိုင်းအနည်းငယ်ကို ကျင့်ကြံပေးရန်ကြားတွင်၊ ရီဖန်က ဒုတိယတစ်ခုကိုသာ ရွေးချယ်လိုက်သည်။ ရီဖန်ရှိနေသည့်အတွက် ရီမိသားစုအတွက် သူတော်စင်တစ်ဦးမလိုအပ်ချေ။ ၎င်းတို့က တဖြည်းဖြည်းနှင့် တည်ငြိမ်စွာ သွားရမည်ဖြစ်သည်။
မကြာမီတွင် ရီဖန်၏လမ်းညွှန်မှုအောက်၌ ၎င်းတို့သုံးယောက်သည် ပျက်ဆီးခြင်းမူလပုလဲများကို မျိုချလိုက်ကြကာ စတင်စုပ်ယူလိုက်သည်။ ပျက်ဆီးခြင်း မူလပုလဲကိုစုပ်ယူပြီးနောက် သူတော်စင်တစ်ပိုင်းအဆင့်သို့ လျင်မြန်စွာဖြတ်ကျော်သွားကြသည်။ ဤသို့ဖြင့် ရီမိသားစုသည် သူတော်စင်တစ်ပိုင်းအဆင့် စွမ်းအားရှင်များ ထပ်မံရရှိခဲ့၏။
ထိူမှတဆင့် ရီဖန်သည် ပျက်ဆီးခြင်းမူလပုလဲ၏ အကျိုးဆက်များကို ယေဘူယျနားလည်လာခဲ့၏။ သူတော်စင်တစ်ပိုင်းတစ်ဦးသည် သူတော်စင်နယ်မြေသို့ ဖြတ်ကျော်ရန်အတွက် ပျက်ဆီးခြင်းမူလပုလဲဆယ်ခုကို လိုအပ်လိမ့်မည်။ ယေဘူယျအားဖြင့် မည်သည့်သူတော်စင်ကမှ သူတော်စင်တစ်ပိုင်းကို မဆိုထားနှင့် မျိုးဆက်သစ်များကိုကျင့်ကြံရန် ပျက်ဆီးခြင်းမူလပုလဲကို အသုံးမပြုကြချေ။ ၎င်းက လုံးဝဖြုန်းတီးခြင်းဖြစ်သည်ဟု ယူဆထားကြသည်။
သူတော်စင်များထဲတွင် ထူးဆန်းလှသော ရီဖန်တစ်ယောက်သာ ပျက်ဆီးခြင်းမူလပုလဲများကို စိတ်မစွဲဘဲ မျိုးဆက်သစ်လူငယ်များကို ကျင့်ကြံရန် ၎င်းတို့အားလုံးကို အသုံးပြုသည်။ ရီမိသားစု၏ ဒုတိယမျိုးဆက်များထဲတွင် သူတော်စင်နယ်မြေရှိ ကျင့်ကြံသူအနည်းငယ်သာရှိသည်။ အနာဂတ်တွင် ၎င်းတို့နှစ်ဦးသည် ပျက်ဆီးခြင်းအရင်းမြစ်ပုတီးများကို ရှာဖွေရန်နှင့် တတ်နိုင်သမျှ များများရယူရန် လိုအပ်လိမ့်မည်။
ရီဖန်ကိုယ်တိုင်လည်း အချိန်မဖြုန်းဘဲ သူအားလပ်သည်နှင့် သူတော်စင်အဆင့် ပျက်ဆီးခြင်းမွန်းစတားများ၏နေရာကို ခြေရာခံလေ့ရှိသည်။ အချိန်တရွေ့ရွေ့ကုန်ဆုံးလာပြီးနောက် ရီဖန်၏ဘဝနေ့ရက်များသည် အတော်လေးပုံမှန်ဖြစ်နေ၏။
တစ်ဖက်တွင် သူသည် ရီကျင်းလုံ၊ ရီကျင်းဖန်နှင့် အခြားသူများ၏ ဆေးပညာနှင့် လက်နက်သန့်စင်ရေးစွမ်းရည်ကိုကျင့်ကြံနေပြီး မဟာသူတော်စင်အဆင့်သို့ အစောပိုင်းအောင်မြင်မှုများရရှိရန် ရည်ရွယ်ထားသည်။ အခြားတစ်ဖက်တွင် သူအချိန်ရတိုင်း
ပျက်ဆီးခြင်းအရင်းအမြစ်ပုတီးစေ့များရှာဖွေရန်အတွက် သူတော်စင်အဆင့်ပျက်ဆီးခြင်းမွန်းစတားများကို လိုက်လံရှာဖွေလေ့ရှိသည်။
"နောက်ထပ် ပျက်ဆီးခြင်းအရင်းအမြစ်ပုတီးစေ့နှစ်ခု!"
ရီဖန်သည် သူ့လက်ထဲမှ သူတော်စင်နယ်မြေ အလယ်အလတ်အဆင့်ရှိ ပျက်ဆီးခြင်းအရင်းမြစ်ပုတီးစေ့နှစ်လုံးကိုကြည့်ကာ သူတော်စင်နှစ်ယောက်၏ပခုံးကို ပုတ်လိုက်ပြီး ကျေနပ်နေကြောင်း ဖော်ပြသည်။
ဤတစ်ကြိမ်တွင် ၎င်းတို့သည် သူတော်စင်တစ်ပိုင်းစွမ်းအားရှင်အရေအတွက်ကို နှစ်ဆတိုးမြှင့်နိုင်ခဲ့သည်။ သူ့ကိုယ်ပိုင် ကျင့်ကြံမှုအဆင့်ကိုလည်း ဖြတ်ကျော်ရန် အဆင်သင့်ဖြစ်လုနီးပါးရှိနေပြီဖြစ်သည်။
ရီဖန်သည် ဒုတိယမျိုးဆက်မှ နောက်ထပ်လူနှစ်ဦးကိုခေါ်ကာ ပျက်ဆီးခြင်းအရင်းမြစ်ပုတီးစေ့များကို ပေးပြီးနောက် သူတော်စင်တစ်ပိုင်းနယ်မြေသို့ ဖြတ်ကျော်ရန် ကူညီပေးခဲ့သည်။ ၎င်းတို့နှစ်ယောက်လုံး ဖြတ်ကျော်သွားပြီးနောက် ရီဖန်သည် အချိန်အတော်ကြာ ငြိမ်သက်နေသော စနစ်ကို နိုးထစေလိူက်သည်။
“စနစ် ပေါင်းစည်းလိုက်တော့!"
နောက်အခိုက်အတန့်တွင် ရီဖန်၏စွမ်းအားသည် သူတော်စင်တစ်ပိုင်းသူတော်စင်နယ်မြေ အထွတ်အထိပ်သို့ရောက်ရှိခဲ့ပြီး နောက်ထပ် ထပ်မတိုးနိုင်တော့ပေ။ ထို့နောက် ပိုလျှံသောစွမ်းအားအားလုံးသည် ရီဖန်၏ဝိညာဉ်ပင်လယ်အတွင်းရှိ စကြဝဠာမျိုးစေ့ထဲ စိမ့်ဝင်သွားကြ၏။
စကြဝဠာမျိုးစေ့က လေဟာနယ်ကြိုးမျှင်ကိုဆွဲဖွင့်လိုက်သောအခါ ရီဖန်၏ကျင့်ကြံမှုအဆင့်သည် သူတော်စင်နယ်မြေသို့ ဖြတ်သွားခဲ့သည်။ ၎င်းက စကြာဝဠာစွမ်းအားဖြစ်ပြီး၊
ရီဖန်၏လက်ချောင်းထိပ်တွင် ကြောက်မက်ဖွယ်စွမ်းအားများ ထွက်ပေါ်လာသည်။ ၎င်းက စကြာဝဠာစွမ်းအားဖြစ်သည့် သူတော်စင်နယ်မြေ၏ ထူးခြားသော စွမ်းအားဖြစ်သည်။
နတ်စွမ်းအားဟုခေါ်ဆိုသောအရာသည် စကြဝဠာစွမ်းအားနှင့် ယှဉ်လျှင် ဘာမှမဟုတ်တော့ပေ။ ရီဖန်သည် သူတော်စင်နယ်မြေသို့ ဖြတ်ကျော်သွားပြီးနောက် သူ၏ကျင့်ကြံမှုအဆင့် အနည်းငယ် တိုးလာပြန်လိမ့်မည်ဟု ခံစားနေရသည်။
သို့သော် ၎င်းသည် အလယ်အလတ်သူတော်စင်နယ်မြေအဆင့် အထွတ်အထိပ်တွင်သာရှိနေသေးကာ နတ်ကိုယ်ထည်၏တိုက်ခိုက်ရေးစွမ်းအားကို မကျော်လွန်သေးချေ။
နယ်ပယ်ကြီးမားလာသည်နှင့်အမျှ နယ်ပယ်ငယ်တစ်ခုစီကြား ကွာဟချက်သည် ပိုမိုကျယ်ပြန့်လာသည်။ ရီဖန်အတွက် ယခင်ကကဲ့သို့ အဆင့်များကို ကျော်ဖြတ်ရန် မလွယ်ကူတော့ပေ။ သူ၏သွေးမျိုးဆက်စွမ်းအားနှင့် ချီစွမ်းအားကျင့်ကြံခြင်းတို့ ပေါင်းစည်းမှုဖြင့် ၎င်းသည် နှောင်းပိုင်း သူတော်စင်နယ်မြေနှင့်စွမ်းအားရှင်နှင့်ပင် တိုက်ခိုက်နိုင်လိမ့်မည်။
အချိန်ကုန်လွန်လာသည်နှင့်အမျှ ပန်ကုစကြဝဠာတွင် ဟုန်မိန်ခရမ်းရောင်ချီကြိုးမျှင်သည် ဆယ့်နှစ်ကြိုးအထိ ရောက်ရှိလာခဲ့သည်။ အင်အားစုကြီးလေးခုက ၎င်းတို့အတွက် လက်ဝါးကြီးအုပ်ရန် တိုက်ခိုက်နေသော်လည်း၊ သာမန်ကျင့်ကြံသူများလက်ထဲသို့ ရောက်ရှိသွားဆဲဖြစ်သည်။
ထိုအခွင့်အရေးက ယခင်ခေတ်များထက် အများကြီးပိုများ၏။ သို့သော် ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းကြောင့် ကျင့်ကြံသူအများအပြားလည်း ကျဆုံးခဲ့ရသည်။
ထို့အပြင် အမှောင်ထဲတွင်ပုန်းအောင်းနေသည့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုရှိနေပုံရသည်။ တစ်ခါတရံ အချို့သူတော်စင်များတစ်ပိုင်းများ ရုတ်တရက်ပျောက်ကွယ်သွားသည့် သတင်းများက အင်အားစုများစွာကို စိတ်မသက်မသာဖြစ်စေသည်။
ပန်ကုစကြာဝဠာကို အလုံးစုံပြုပြင်ပြီးသောနေ့သည် သူတော်စင်အစည်းအရုံးရောက်ရှိလာမည့်နေ့ဖြစ်မည်ဟု ရီဖန်ခန့်မှန်းထား၏။ ယခုရီဖန် စတင်လုပ်ဆောင်ရမည့်အရာများ ရှိလာသည်။ ဤကာလအတွင်း ရီဖန်အသုံးပြုခဲ့သော ပျက်ဆီးခြင်းအရင်းမြစ်ပုတီးစေ့အပြင် သူ့ထံတွင် ဆယ်လုံးသာကျန်သည်။
၎င်း ပျက်ဆီးခြင်းအရင်းမြစ်ပုတီးစေ့ဆယ်လုံးကို ရီဖန်က ရွှမ်ယွမ်စကြဝဠာဆီကို ပို့ရန်စီစဉ်ခဲ့သည်။ သူတော်စင်တစ်ပိုင်းအဆင့် အနည်းငယ်မျှပင် မလုံလောက်သေးချေ။ ရီရှောက်ဖန်၏ ကျင့်ကြံမှုအဆင့်သည်လည်း ဖြတ်ကျော်သင့်နေပြီဖြစ်သည်။ သူ၏တန်ဖိုးကိုသက်သေပြမှသာလျှင် အသိအမှတ်ပြုမှု ပိုရနိုင်လိမ့်မည်။
သူတော်စင်နယ်မြေကို ဖြတ်ကျော်သွားမှသာလျှင် ၀မ်ဟိုင်အင်မော််တယ်ဂိုဏ်း၏ အဓိကတပည့်တစ်ဦးအဖြစ် သတ်မှတ်ခံရနိုင်မည်ဖြစ်သည်။ ကျင့်ကြံပေးသည့် ဆရာဖြစ်နေရုံနှင့် မလုံလောက်တော့ပေ။
ထို့ကြောင့် ရီဖန်သည် ရွှမ်ယွမ်စကြဝဠာသို့ ကိုယ်တိုင်ကိုယ်ကျ ထွက်ခွါသွားပြီး၊ ပျက်ဆီးခြင်းအရင်းမြစ်ပုတီးစေ့ဆယ်လုံးကို ရီရှောက်ဖန်အား ပေးအပ်ခဲ့သည်။
ရီရှောက်ဖန်သည် ရီဖန်ထံမှ ပျက်ဆီးခြင်းအရင်းမြစ်ပုတီးစေ့များကို ရရှိပြီးနောက် တုံ့ဆိုင်းမနေဘဲ အထက်နယ်မြေရှိ ၀မ်ဟိုင်အင်မော််တယ်ဂိုဏ်းနယ်မြေသို့ ချက်ခြင်းပြန်သွားကာ တံခါးပိတ်ကျင့်ကြံတော့မည်ဟု အသိပေးလိုက်သည်။
"ဂိုဏ်းချုပ်၊ ဒီတစ်ခေါက် ရီရှောက်ဖန် ရွှမ်ယွမ်စကြဝဠာကို ပြန်သွားတုန်းက သူ့အတွက် အရင်းအမြစ်အများကြီး ပေးခဲ့တဲ့ လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်"
"အိုး ဒီလူက တခြားအင်အားစုကလား"
"မဖြစ်နိုင်ဘူး၊ သူတို့ကို ငါသတိထားမိတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်က သွေးမျိုးဆက်စွမ်းအားက တော်တော် ဆင်တူတာမို့ မိသားစုတွေ ဖြစ်နိုင်တယ်!"
တူညီသောမိသားစု။ ရီရှောက်ဖန်၏ နောက်ခံက ထိုမျှရိုးရှင်းပုံမပေါ်ပေ။ သို့သော် ၀မ်ဟိုင်အင်မော််တယ်ဂိုဏ်းအတွက် ရီရှောက်ဖန်ထံတွင် မိသားစုနောက်ခံရှိခြင်းက သတင်းဆိုးမဟုတ်ပေ။ ဂိုဏ်းတစ်ခု၏တပည့်တစ်ဦးသည် မိသားစုတစ်စု၏ အဖွဲ့ဝင်ဖြစ်နိုင်သော်လည်း အင်အားစုတစ်ခုခု၏သူလျှိုမဖြစ်နိုင်ချေ။ တပည့်တစ်ဦးအတွက် ခိုင်မာသော မိသားစုနောက်ခံရှိခြင်းက အပိုဆုတစ်ခုဖြစ်သည်။
……………
အခန်း ၄၄၃ - မဟာသူတော်စင်အဆင့် လက်နက်သန့်စင်သူ
တစ်စုံတစ်ယောက်၏ကျောထောက်နောက်ခံရှိသော တပည့်တစ်ဦးက နောက်ခံမရှိသော တပည့်တစ်ဦးထက် ပို၍သာလွန်သွားနိုင်သည်။ မိသားစုတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုပုံစံက ဂိုဏ်းတစ်ခုနှင့် လုံးဝကွဲပြားသည်။ မိသားစုတစ်စုအနေဖြင့် ဂိုဏ်းအတွင်းဝင်ရောက်ရန် ဖြစ်နိုင်ချေများသည်။
"ရီရှောက်ဖန်ရဲ့ မိသားစုက သူ့ကို ဘယ်လောက်ပံ့ပိုးပေးနိုင်လဲဆိုတာ ကြည့်ရအောင်"
"ရီရှောက်ဖန်ရဲ့မိသားစုက အရည်အချင်းပြည့်မီတယ်ဆိုရင် သူ့ကိုကျင့်ကြံပေးဖို့ အများကြီးအားစိုက်ထုတ်စရာမလိုတော့ဘူးပေါ့"
နှစ်ဖက်စလုံးတွင် ၎င်းတို့၏ အကြံအစည်များရှိသည်။
ရီရှောက်ဖန်သည် ရီဖန်ထံမှ ပျက်ဆီးခြင်းမူလပုတီးစေ့ဆယ်လုံးကို လက်ခံရရှိပြီးနောက် တံခါးပိတ်ကျင့်ကြံရန်အတွက် နတ်စွမ်းအားရေကန်သို့ ထပ်မံရောက်ရှိလာသည်။ ဤနှစ်များတစ်လျှောက် ရီရှောက်ဖန်သည် သူ၏ကျင့်ကြံခြင်းအပြင် သူတော်စင်အစည်းအရုံးကိုလည်း အနှောက်အယှက်ပေးနိုင်ခဲ့သည်။
သူသည် ရာစုနှစ်အနည်းငယ်အတွင်း၌ ဤနယ်မြေတွင် နာမည်တစ်ခုရယူနိုင်ခဲ့၏။ နဂါးတစ်သောင်းသူတော်စင်တစ်ပိုင်း၊ ဝမ်ဟိုင်ဂိုဏ်းမှ စစ်မှန်သောနဂါးစသည့် နာမများသည် ရီရှောက်ဖန်ကိုရည်ညွှန်းသည်။ သူတော်စင်အစည်းအရုံးပင်လျှင် သည်းမခံနိုင်တော့ဘဲ ရီရှောင်ဖန်ကို အရေးယူခဲ့ရသည်။ သို့သော် သူသည် အလွယ်တကူလွတ်မြောက်ခဲ့ကာ သူ၏ဂုဏ်သိက္ခာမှာလည်း ပိုမိုကြီးမားလာသည်။
ရီရှောက်ဖန်သည် မကျဆုံးသွားသရွေ့ အနာဂတ်တွင် ဝမ်ဟိုင်ဂိုဏ်း၏ ထိပ်တန်းစွမ်းအားရှင်များထဲမှ တစ်ဦးဖြစ်လာမည်ကို အင်အားစုကြီးများအားလုံး ယုံကြည်ကြသည်။ သူသည်မဟာသူတော်စင်အဆင့်ကိုပင် ရောက်ရှိနိုင်မည့် အခွင့်အရေးရှိသည်။ ထိုကဲ့သို့ များပြားလှသော အထောက်အပံံ့များဖြင့် ရီရှောက်ဖန်ထံတွင် ပံ့ပိုးကူညီမှုအမှတ်များ မရှားပါးမည်မှာသေချာသည်။
ဆယ်နှစ်တန်ဖိုးရှိ ပံ့ပိုးကူညီမှုအမှတ်များကို လဲလှယ်ပြီးနောက် ရီရှောက်ဖန်သည် သူ၏တံခါးပိတ်ကျင့်ကြံမှုကို စတင်ခဲ့သည်။ နတ်စွမ်းအားရေကန်အတွင်းမှ စွမ်းအားများ အဆက်မပြတ်ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်ရင်း တာဝန်ခံဖြစ်သူမှာ ခေါင်းကိုက်နေသည်။
ရီရှောက်ဖန်ကျင့်ကြံပြီးတိုင်း ၎င်း၏သုံးစွဲမှုက နှစ်ဆတိုးလာသည်။ ထို့အပြင် ရီရှောက်ဖန်၏ ကျင့်ကြံရေးကိုလည်း တားဆီး၍မဖြစ်ပေ။ ဝမ်ဟိုင်ဂိုဏ်းရှိ သူ၏လက်ရှိအဆင့်အတန်းသည် အားနည်းသော သူတော်စင်နယ်မြေကျင့်ကြံသူများနှင့် ညီမျှသောကြောင့် ၎င်းတို့ကိုရန်မစနိုင်ချေ။
နောက်ဆုံးတွင် ၎င်းတို့သည် အံကြိတ်လျက် နတ်စွမ်းအားရေကန်၏ အစိတ်အပိုင်းတစ်ခုကို ပိတ်ချလိုက်ရကာ ရီရှောက်ဖန်၏ကျင့်ကြံမှုကို ပံ့ပိုးရန်အတွက် ၎င်းတို့၏အရင်းအမြစ်အားလုံးကို မြှုပ်နှံထားလိုက်ရသည်။
အချိန်တရွေ့ရွေ့ကုန်ဆုံးလာသည်နှင့်အမျှ ပျက်ဆီးခြင်းပုတီးစေ့ဆယ်လုံးကို စုပ်ယူရန်လည်းမခက်ခဲတော့ပေ။ မကြာမီတွင် ရီရှောင်ဖန်၏ ကျင့်ကြံမှုအဆင့်သည် ကန့်သတ်ချက်သို့ ရောက်ရှိသွား၏။ နောက်ဆုံးတွင် သူသည် အောင်မြင်မှုတစ်ခုကို ချက်ချင်းပြုလုပ်နိုင်ကာ အစောပိုင်း သူတော်စင်အဆင့်သို့ ရောက်ရှိသွား၏။
နတိစွမ်းအားရေကန်မှ ထွက်ပေါ်လာသော သူတော်စင်တစ်ဦး၏ရောင်ဝါက မရေမတွက်နိုင်သော လူများ၏အာရုံကို ချက်ခြင်းဆွဲဆောင်သွားသည်။
သူတော်စင်အဆင့်စွမ်းအားရှင်တစ်ဦး မွေးဖွားခြင်းက ဝမ်ဟိုင်ဂိုဏ်းအတွက်လည်း အရေးကြီးသည်။
ရီရှောက်ဖန်ပေါ်ထွက်လာမည်ကို စောင့်မျှော်နေသော သူတော်စင်နယ်မြေစွမ်းအားရှင်များသည်လည်း နတ်စွမ်းအားရေကန်တွင် ဆုံစည်းခဲ့ကြသည်။ ရီရှောက်ဖန်သည် နတ်စွမ်းအားရေကန်တွင် ကျင့်ကြံနေသည်မှာ လျှို့ဝှက်ချက်မဟုတ်ပေ။ လက်ရှိအခြေအနေအရ သူတော်စင်နယ်မြေကိုဖြတ်ကျော်နိုင်သူမှာ ရီရှောက်ဖန်သာရှိသည်။
နတ်စွမ်းအားရေကန်တွင်။ သူတော်စင်တစ်ပိုင်းသည် သူ၏ကျင့်ကြံမှု ပြီးဆုံးသွားသောအခါ သူတော်စင်တစ်စုက သူ့ကိုစိုက်ကြည့်နေသည်ကို ရုတ်တရက်တွေ့လိုက်ရသဖြင့် ကြောက်ရွံ့သွား၏။ ၎င်းက သူတော်စင်တစ်ပိုင်းဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် သူတော်စင်အနည်းငယ်က စိတ်ပျက်စွာငိုတမ်းလိုက်သည်။
သာမာန်သူတော်စင်တစ်ယောက်သည် ၎င်းတို့ထံမှ ထိုကဲ့သို့သော ဆက်ဆံမှုမျိုးကိုရရှိမည်မဟုတ်ပေ။ သိူ့သော် ရီရှောက်ဖန်ကို သာမန်သူတော်စင်အဖြစ် သတ်မှတ်နိုင်မည်လား။ လုံးဝမဖြစ်နိုင်သည်မှာ အသေအချာပင်။ ရီရှောက်ဖန်သည် ဝမ်ဟိုင်ဂိုဏ်းသို့ သူတော်စင်တစ်ပိုင်းကျင့်ကြံမှုအဆင့်ဖြင့် ဝင်ရောက်လာကာ အချိန်တိုအတွင်း၌ သူတော်စင်နယ်မြေသို့ အောင်မြင်တက်လှမ်းသွားသည်။
ထိုကဲ့သို့ ကြီးကျယ်ခမ်းနားသော အရည်အချင်းများကြောင့် ဝမ်ဟိုင်ဂိုဏ်းက သူ့အပေါ် အာရုံစူးစိုက်နေခြင်းမှာ ဖြစ်သင့်သည်။
"ဂိုဏ်းချုပ် ရီရှောက်ဖန်က အဆင့်တက်အောင်မြင်သွားပြီ!"
ဘာ။ ရီရှောက်ဖန်က အမှန်တကယ် အောင်မြင်သွားသလား။ ရီရှောက်ဖန်ကို အနှစ်တစ်သောင်းအတွင်း အောင်မြင်မှုရနိုင်မည်ဟု တွေးလိုက်ရုံမျှဖြင့် အလွန်မြန်ဆန်နေပြီဖြစ်သည်။ ယခု ဆယ်နှစ်သာရှိသော်လည်း သူကအောင်မြင်သွားပြီလား။ ရီရှောက်ဖန်၏မိသားစုက လုပ်ငန်းစဉ်ကို အရှိန်မြှင့်ပေးရန်အတွက် မည်သည့်ပစ္စည်းကောင်းများ ပေးလိုက်သနည်း။
ရီရှောက်ဖန်၏အရည်အချင်းသည် အမှန်တကယ်ပင် အားကောင်းသည်ဟု ဝန်ခံရမည်။ သို့မဟုတ်ပါက သူသည် အင်အားအပြည့်အဝဖြင့် ကျင့်ကြံနိုင်ခဲ့မည်မဟုတ်ပေ။ သို့သော် လုံလောက်သော အရင်းအမြစ်များမရှိပါက အစွမ်းထက်ဆုံးသော အရည်အချင်းများပင်လျှင် ရီရှောက်ဖန်သည် ဆယ်နှစ်တာအတွင်း သူတော်စင်အဆင့်သို့ ဖြတ်ကျော်သွားနိုင်မည် မဟုတ်ချေ။
ဝမ်ဟိုင်ဂိုဏ်းချုပ်ဖြစ်သူ ပင်လယ်နဂါးသူတော်စင်သည် ရီရှောက်ဖန်အပေါ် တစ်ဖန်ပြန်လည်အာရုံစိုက်ရန် လိုအပ်သည်ဟု ခံစားမိသည်။ ရီရှောက်ဖန်၏နောက်ကွယ်မှ အင်အားစုက သူထင်ထားသည်ထက်ပို၍ပင် ကြောက်စရာကောင်းနေနိုင်သည်။
"အားလုံးပဲ၊ အခု ရီရှောက်ဖန်က အောင်မြင်မှုတစ်ခုရခဲ့ပြီးပြီမို့ သူ့ကို ငါတို့ ပင်လယ်နဂါးအင်မော်တယ်ဂိုဏ်းရဲ့ဆယ့်သုံးမြောက်အကြီးအကဲအဖြစ် ထမ်းဆောင်စေနိုင််လိမ့်မယ်လို့ ယုံကြည်တယ်"
ဝမ်ဟိုင်ဂိုဏ်းတွင် အကြီးအကဲ၁၂ ဦးရှိကာ တစ်ဦးစီတိုင်းက အလယ်အလတ် သူတော်စင်ကျင့်ကြံမှုအဆင့် အထက်တွင်ရှိသည်။ အစောပိုင်းသူတော်စင်အဆင့် ကျင့်ကြံသူသည် အကြီးအကဲရာထူးကိုဆက်ခံရန် အရည်အချင်းမပြည့်မီချေ။ ဝမ်ဟိုင်ဂိုဏ်းအတွင်း အကြီးအကဲတစ်ဦးစီသည် ကြီးမားသောစွမ်းအားကို ကိုင်စွဲထားပြီးမှသာ အဓိကအဆင့်သို့ အမှန်တကယ်ဝင်ရောက်နိုင်သည်။
ယခုလည်း သူ၏အောင်မြင်မှုရပြီး ချက်ချင်း အဓိကအကြီးအကဲတစ်ဦးဖြစ်လာခြင်းကြောင့် အခြားသူတော်စင်များကြား မကျေနပ်မှုများကို လှုံ့ဆော်ပေးမည်မှာ သေချာသည်။ ရီရှောက်ဖန် အတွက်၊ ၎င်းသည်လည်း စိန်ခေါ်မှုတစ်ခုဖြစ်သည်။
"ငါသဘောတူတယ်နော်!"
ဝမ်ဟိုင်ဂိုဏ်းအတွင်း ရီရှောက်ဖန်၏၏လမ်းပြသူဖြစ်သော ခရမ်းရောင်သူတော်စင်ဟွမ်သည် သူ၏ထောက်ခံမှုကို ပထမဆုံးဖော်ပြသူဖြစ်သည်။ ရီရှောက်ဖန်၏
လက်ရှိအောင်မြင်မှုများက သူ၏လူများအပေါ်အကဲဖြတ်မှု ကောင်းမွန်ကြောင်းပြနေသည်။ သူသည် ရီရှောက်ဖန်ကို မူလအစတည်းက နှစ်သက်ခဲ့သောကြောင့် ယခုအချိန်တွင်လည်း သူနှင့် ပိုမိုရင်းနှီးလာစေရန် တွေးထားသည်။
"ငါလည်းသဘောတူတယ်!"
"ငါတော့သဘောမတူနိုင်ဘူး!"
…
သဘောတူသူများရှိသကဲ့သို့ပင် ကန့်ကွက်သူများလည်း ရှိခဲ့သည်။ ရီရှောက်ဖန်၏ရာထူးတိုးခြင်းကြောင့် အချို့သောအကြီးအကဲများ၏ အကျိုးစီးပွားများကို ထိခိုက်နိုင်ရာ အချို့ကသဘောမတူကြချေ။ အကြီးအကဲများတွင်လည်း ၎င်းတို့အုပ်စုကိုယ်စီရှိသည်။
ထို့ကြောင့် ၎င်းတို့ နှစ်သက်သည့် ကိုယ်စားလှယ်လောင်းများလည်း ရှိခဲ့၏။
ယခုရီရှောက်ဖန်က နေရာယူထားသောကြောင့် နောက်ထပ်အကြီးအကဲတစ်ဦးကို ခေါ်ဆောင်ရန် ၎င်းတို့အတွက် လွယ်ကူမည်မဟုတ်ပေ။ နောက်ဆုံးတွင် အကြီးအကဲခုနစ်ဦးသည် ၎င်းတို့၏သဘောတူချက်ကို ဖော်ပြခဲ့သည်။ နောက်ဆုံးတွင် ဂိုဏ်းချုပ်ကြီး၏ ဆုံးဖြတ်ချက်နှင့်အတူ ရှောက်ဖန်သည် ဝမ်ဟိုင်ဂိုဏ်း၏ ဆယ့်သုံးယောက်မြောက်အကြီးအကဲဖြစ်လာခဲ့သည်။
ထိုသတင်းထွက်လာပြီးသည်နှင့် ဝမ်ဟိုင်ဂိုဏ်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ အောင်မြင်ပြီးနောက် ချက်ချင်း အကြီးအကဲအဖြစ် ရာထူးတိုးသွားသော ရီရှောက်ဖန်သည် ဝမ်ဟိုင်ဂိုဏ်းတွင် ပထမဆုံးဖြစ်သည်။ ထို့ကြောင့် ၎င်းကို လက်မခံနိုင်သည့်သူများလည်းရှိခဲ့၏။
အထူးသဖြင့် အလားအလာရှိသည့်ကျင့်ကြံသူများသည် အရင်းအမြစ်များနှင့် အချိန်များစွာကို သုံးစွဲခဲ့ပြီး နောက်ဆုံးတွင် အလယ်အလတ် သူတော်စင်အဆင့်သို့ ဖြတ်ကျော်သွားသော်လည်း အကြီးအကဲတစ်ဦးမဖြစ်နိုင်သေးသောကြောင့် ၎င်းတို့ကအကြီးမားဆုံးကန့်ကွက်သူများဖြစ်လာကြသည်။
………
အခန်း ၄၄၄ - မဟာသူတော်စင်အဆင့် လက်နက်သန့်စင်သူ
ရီရှောက်ဖန်၏စွမ်းဆောင်မှုကို ၎င်းတို့ ကောင်းစွာသိရှိထားပြီးဖြစ်သော်လည်း လက်ခံရန်ငြင်းဆန်နေဆဲပင်။ ၎င်းတို့ မည်မျှပင်ကြိုးစားပါစေ မရရှိနိုင်ခဲ့သည့်အရာများကို ရီရှောက်ဖန်က အဘယ်ကြောင့်အလွယ်တကူ ရရှိနေသနည်း။ ဂိုဏ်း၏သဘောထားနှင့်ပတ်သက်၍ ငြင်းဆိုရန် နည်းလမ်းမရှိသောကြောင့် ၎င်းတို့သည် ရီရှောက်ဖန်ကို သင်ခန်းစာတစ်ခုသင်ပေးရန် လျှို့ဝှက်အခွင့်အရေးရရန်သာ စောင့်မျှော်နေနိုင်သည်။
၎င်းတို့၏အမြင်အရ ရီရှောက်ဖန်သည် သူတော်စင်နယ်မြေကို ဖြတ်ကျော်သွားစသာဖြစ်သောကြောင့် ၎င်းတို့ကဲ့သို့သော သူတော်စင်နယ်မြေစွမ်းအားရှင်များနှင့် ယှဉ်နိုင်လိမ့်မည်မဟုတ်ချေ။ နတ်စွမ်းအားရေကန်အတွင်းတွင် ရီရှောက်ဖန်သည် သူ၏ကျင့်ကြံမှုအဆင့်ကို စုစည်းထားပြီးဖြစ်သော်လည်း ထွက်သွားရန် အလျင်စလိုမဖြစ်ခဲ့ချေ။
ယခုအချိန်တွင် သူတော်စင်နယ်မြေသို့ သူ၏အောင်မြင်မှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်စေမည်မှာ သေချာသည်။
မထွက်ခွါမီ သူအပြည့်အဝ ပြင်ဆင်ထားရမည်။
"မူလကိုယ်ရေ၊ မင်း ဒီတစ်ခါ ငါ့အတွက် ကောင်းတာလေးတွေ ပြင်ပေးထားသင့်တယ်"
ရီဖန်သည် မည်သည့်အချိန်ကမှ ပြင်ဆင်မထားသည့် တိုက်ပွဲကို မဆင်နွှဲခဲ့ဖူးချေ။ လူဝင်စားကိုယ်ပွါးတစ်ခု၏ တိုက်ခိုက်ရေးစွမ်းအားက မူလခန္ဓာကိုယ်နှင့်တော့ မယှဉ်နိုင်ပေ။ သို့သော် တိုက်ပွဲများသည် မူလကိုယ်၏ အင်အားနှင့်မသက်ဆိုင်ဘဲ အရင်းအမြစ်များနှင့် အထောက်အပံ့ရှိခြင်းနှင့်သက်ဆိုင်သည်။
ယခုဆိုလျှင် ရီမိသားစုရှိ မူလကိုယ်ထည် ရီဖန်သည် သူ၏ လက်နက်သန့်စင်ရေးနည်းစနစ်ကိုအဆင့်မြှင့်တင်ရန် အလုပ်များနေသည်။ ရီမိသားစု၏ လက်နက်သန့်စင်ခြင်းအဆင့်က ကျွမ်းကျင်မှုအားလုံးတွင် အမြင့်ဆုံးဖြစ်သည်။ လွန်ခဲ့သောနှစ်များအတွင်း ရီဖန်၏ လက်နက်သန့်စင်ခြင်းနည်းစနစ်အဆင့်သည် သူတော်စင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။
ပင်ကိုပျက်ဆီးခြင်းပင်လယ်သို့ရောက်သောအခါ ကမ္ဘာအမျိုးမျိုးမှ လက်နက်သန့်စင်သူအများအပြားရှိခဲ့ကာ အချို့သည် သူတော်စင်နယ်မြေအထွတ်အထိပ်တွင်ရှိသည်။ ထိုကဲ့သို့ ဆက်ဆံရင်းနှီးမှုများအပြီး ရီမိသားစု လက်နက်သန့်စင်သူအများအပြား၏ ကျွမ်းကျင်မှုအဆင့်သည်လည်း မြင့်တက်လာခဲ့သည်။ နောက်ဆုံးတွင် သူ၏အောင်မြင်မှုများအတွက် အချိန်ကျလာလေပြီ။
"စနစ်၊ ပေါင်းစည်းလိုက်တော့!"
မရေမတွက်နိုင်သောပစ္စည်းများကို သန့်စင်ခြင်း အတွေ့အကြုံများက ရီဖန်၏စိတ်ထဲသို့ တခဏချင်း ဝင်လာသည်။ သူသည် နှစ်ပေါင်းများစွာမရေမတွက်နိုင်အောင် လက်နက်များ သန့်စင်လာသကဲ့သို့ ရီဖန်၏ လက်နက်သန့်စင်ခြင်းစွမ်းရည်သည် ထိုအခိုက်အတန့်တွင် အောင်မြင်မှုတစ်ခုရရှိခဲ့သည်။
သူ၏နာကျင်ကိုက်ခဲနေသောစိတ်ကို အနည်းငယ် ဖြေသိမ့်ရင်း၊ ရီဖန်သည် နောက်ဆုံးတွင် လက်နက်သန့်စင်သူ၏ အတွေ့အကြုံအားလုံးကို သူ့စိတ်ထဲတွင် စုပ်ယူလိုက်ကာ အဆင့်နိမ့် မဟာသူတော်စင်အဆင့်သို့ တက်လှမ်းသွားသည်။ ၎င်းသည် ယခု ရီဖန်၏ လက်နက်သန့စင်ခြင်းအဆင့်ဖြစ်သည်။ သူသည် နောက်ဆုံးတွင် မဟာသူတော်စင်လက်နက်များကို သန့်စင်ပေးနိုင်တော့မည်။
ရီဖန်ပြန်မှတ်မိလိုက်သည်မှာ တစ်ချိန်က အဆင့်နိမ့်နတ်လက်နက်ဖြစ်သော နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်သည် သူ့အတွက် နားမလည်နိုင်လောက်အောင် လေးနက်ခဲ့သည်။
သို့သော် ယခုကြည့်လိုက်ရာတွင် နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ကသူ့အတွက် အနည်းငယ်အကြမ်းထည်ပုံပေါ်သည်။
၎င်းကို စနစ်၏လွှမ်းမိုးမှုအောက်တွင် သန့်စင်ထားပြီး၊ ၎င်း၏အဆင့်သည် ယခုသူပိုင်ဆိုင်ထားသော အဆင့်နိမ့် မဟာသူတော်စင်လက်နက်နှင့်ပင် နှိုင်းယှဉ်၍မရနိုင်ချေ။ သူ့တွင် ပစ္စည်းအလုံအလောက်ရှိသရွေ့ ရီဖန်သည် ပိုမိုအားကောင်းသော မဟာသူတော်စင်လက်နက်များကို အလွယ်တကူ သန့်စင်နိုင်ပြီဖြစ်သည်။ သို့သော် ရီဖန်ကို စိတ်အနှောင့်အယှက်ဖြစ်စေသော ပြဿနာတစ်ခုရှိနေ၏။
ရီဖန်သည် ယခုအချိန်တွင် လုံလောက်သော လက်နက်သန့်စင်ခြင်းပစ္စည်းများကို အလိုအပ်ဆုံးဖြစ်သည်။ လုံလောက်သော လက်နက်သန့်စင်ခြင်းပစ္စည်းများမရှိပါက လုံလောက်သောကျွမ်းကျင်မှုရှိသည့်တိုင် သူဘာကိုမှ မသန့်စင်နိုင်ချေ။
နောက်ဆုံးတွင် ရီဖန်၏အခြေခံအုတ်မြစ်သည် အားနည်းလွန်းနေသောကြောင့် အရင်းအမြစ်စုဆောင်းရန် အချိန်မရှိပေ။ နေတစ်ပိုင်းသူတော်စင်သည် မဟာသူတော်စင်လက်နက်များကို သန့်စင်ရန်အတွက် အသုံးပြုနိုင်သည့် အချို့သောကုန်ကြမ်းများကို ရီဖန်အတွက် ချန်ထားခဲ့သော်လည်း ၎င်းကမဟာသူတော်စင်လက်နက်ကို ပြီးမြောက်စေရန် လုံးဝမလုံလောက်ချေ။
တစ်စုံတစ်ခုကိုပြုပြင်လိုပါက တခြားနည်းလမ်းများနှင့် လုပ်ဆောင်ရန် လိုသည်။ ဥပမာအားဖြင့်၊ သူသည် အခြားသူတော်စင်များထံမှ အချို့ကို “ချေးငှား” ရလိမ့်မည်။ ထိုအခါ ရီဖန်သည် သူနှင့်မိတ်ဆွေဖွဲ့ထားသည့် “ညီအစ်ကိုကောင်းနှစ်ယောက်” ကို သတိရသွားသည်။
၎င်းတို့ထံတွင် တချို့ရှိပါက ချေးသင့်သည်မဟုတ်လား။
ရီဖန်အနေဖြင့် သူချေးငှါးထားသည့် အရာများကို ပြန်ပေးမည်မှာ သေချာသည်။ ချေးငှါးထားသည့်အရာများကို ပြန်လည်ပေးဆောင်ရန် ကတိကဝတ်ပြုခြင်းက အနာဂတ်တွင် ထပ်မံချေးငှားရန် ပိုမိုလွယ်ကူစေမည်ဖြစ်သည်။ ရီဖန်က သူ၏အစ်ကိုတော်ကောင်းနှစ်ဦးသည်လည်း ထိပ်တန်းနတ်လက်နက်များအသုံးပြုနေကြောင်း ရုတ်တရက် သတိရသွားသည်။
ပင်ကိုပျက်ဆီးခြင်း၏ပင်လယ်အစွန်းပိုင်းဒေသတွင် မဟာသူတော်စင်လက်နက်သန့်စင်သူများမရှိတတ်ကြချေ။ ၎င်းတို့၏အဆင့်အတန်းနှင့် မဟာသူတော်စင်လက်နက်သန့်စင်သူများကို တောင်းဆိုရန်အတွက် အရည်အချင်းမပြည့်မီခဲ့ကြချေ။
အချိန်အတော်ကြာ သိလာပြီးနောက် ရီဖန်သည် ပေထုန်နှင့် ကာရံညီတိမ်တိုက်သူေတာ်စင် တို့နှင့် ရင်းနှီးနေပြီဖြစ်သည်။ သူသည် ၎င်းတို့ကို အမြန်သွားရှာ၏။
သူတော်စင်ကြီးနှစ်ယောက်သည် မကြာသေးမီက ပျော်ရွှင်ဖွယ်အချိန်ကောင်းများကို ဖြတ်သန်းခဲ့ကြသည်။ ပစ်မှတ်ကိုတွေ့တိုင်း ရီဖန်က ၎င်းကိုဖြေရှင်းရန် ကိုယ်တိုင်ကိုယ်ကျလုပ်ဆောင်မည်ဖြစ်ကာ ၎င်းတို့သည်လည်း အကျိုးအမြတ်အချို့ကိ့ ရရှိမည်ဖြစ်သည်။
ထို့ကဲ့သို့သော ကောင်းမှုမျိုး ဘယ်တော့မှပြီးဆုံးမသွားရန်ပင် ၎င်းတို့မျှော်လင့်မိသည်။ ၎င်းတို့အတွက် အန္တရာယ်မရှိသည့်အပြင် အကျိုးကျေးဇူးများလည်း ယခင်ထက်ပင် ပိုမိုများပြားလာ၏။ ၎င်းတို့သာ ရီဖန်နောက်မလိုက်လျှင် ထိုကဲ့သို့ကောင်းမွန်သည့်အရာမျိုး မည်သို့ရရှိနိုင်မည်နည်း။
"မိတ်ဆွေချန်ရီ၊ မင်းငါတို့ကိုရှာနေတာလား"
ပေထုန်သည် ပျက်ဆီးခြင်းပုလဲကို စုပ်ပြီးသွားသည်နှင့် ရီဖန်က သူ့ကိုရှာနေကြောင်းကြားသောကြောင့် ချက်ချင်း နှုတ်ဆက်ရန် ထွက်လာခဲ့သည်။
“ပေထုန်၊ မင်းမှာ မဟာသူတော်စင်လက်နက်တွေကို သန့်စင်ဖို့ ပစ္စည်းတွေရှိလား" ရီဖန်က တည့်တိုးမေးလိုက်သည်။
ပေထုန်သူတော်စင်သည် ရီဖန်၏စကားကိုကြားသောအခါ သူချက်ချင်း စိတ်လှုပ်ရှားသွားပြီး မျက်လုံးများလင်းလက်လာသည်။
"အစ်ကိုချန်ရီ၊ မင်း မဟာသူတော်စင်လက်နက်တွေကို သန့်စင်နိုင်တဲ့သူကို သိတာလား”
“မသိပါဘူး” ရီဖန်က ခေါင်းခါလိုက်သည်။
ပေထုန်သူတော်စင်၏မျက်လုံးများ ချက်ချင်းမှိန်သွားသည်။ အရင်းအမြစ်များ လုံလောက်မှုမရှိပါက ၎င်းတို့၏ကျင့်ကြံမှုအဆင့်သည် မလုံလောက်ပေ။ ဤသူတော်စင်များသည် အဆိုးဆုံးအခြေအနေတွင် ရှိနေကြ၏။ ၎င်းတို့သည် အရင်းအမြစ်အနည်းငယ်အတွက် အသက်ကိုစွန့်စားကြရသည်။
အင်အားစုကြီးများမှ သူတော်စင်များသည် များသောအားဖြင့် မဟာသူတော်စင်လက်နက်ကဲ့သို့သော အရာများကို အစောပိုင်းသူတော်စင်အဆင့် သို့ရောက်သည်နှင့် ချက်ချင်းရရှိနိုင်သည့် အခွင့်အရေးရှိသည်။ သို့သော် ၎င်းတို့ကဲ့သို့သော သူတော်စင်များအတွက် နှောင်းပိုင်း သူတော်စင်အဆင့်တွင်ပင်၊ လက်နက်များကိုသန့်စင်ပေးရန် လူရှာဖွေရန်ပင် အရည်အချင်းမပြည့်မီချေ။
“အင်း၊ ငါ သန့်စင်တဲ့သူကိုမသိပေမယ့် ငါကိုယ်တိုင်တော့ သန့်စင်ပေးနိုင်တယ်" ရီဖန်သည် အနည်းငယ်ပြုံးလျက် ကြွားလိုက်သည်။
ရီဖန်ကိုထိတ်လန့်စွာစိုက်ကြည့်ရင်း ပေထုန်သူတော်စင်၏မျက်လုံးများ ချက်ချင်း ပြူးကျယ်လာသည်။ အစွမ်းထက်ခြင်းက ကိစ္စတစ်ခုဖြစ်သော်လည်း မဟာသူတော်စင်လက်နက်ကို ပြန်လည်သန့်စင်ခြင်းက မတူညီသောအရာဖြစ်သည်။ ပေထုန်သူတော်စင်သည် သူ၏နှစ်များကို အချည်းနှီးဖြုန်းတီးမိသလို ခံစားလိုက်ရသည်။ လူတစ်ဦးချင်းအကြား အဘယ်ကြောင့် ဤမျှကြီးမားသော ကွာခြားချက်ရှိသနည်း။
ယခင်က သူသည် သူတော်စင်အဆင့်အတန်းအတွက် ဂုဏ်ယူမိသော်လည်း ရီဖန်က သူ့ထက် အကြိမ်ကြိမ်သာလွန်နေသောကြောင့် လူတစ်ဦးချင်းကြားကွာဟချက်ကိုပါ သူနားလည်ခဲ့သည်။ ပေထုန်သူတော်စင်၏ စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာ၏။ သူရီဖန်ကို လုံးဝထိန်းထားရမည်။ ၎င်းက သူ့အတွက် ရှားရှားပါးပါး အခွင့်အရေးတစ်ခုဖြစ်သည်။
"အစ်ကိုချန်ရီ၊ ကျေးဇူးပြုပြီး သနားပါဦး။ ငါ မဟာသူတော်စင်လက်နက်ကို လိုချင်နေတာ တော်တော်ကြာပါပြီ"
"ဟေး ဟေး ဟေး ရပ်တော့၊ မင်းကို မသန့်စင်ပေးဘူးလို့ ငါမပြောခဲ့ဘူး!" ရီဖန်သည် သူ့ကိုပွေ့ဖက်ထားသည့် ပေထုန်သူတော်စင်ကို ကန်ထုတ်ပစ်လိုက်ပြီး ရွံရှာဟန်ကြည့်လိုက်သည်။
"တကယ်လား"
ပေထုန်သူတော်စင်သည် မကြာသေးမီက အဖြစ်အပျက်မျိုး ဘယ်တုန်းကမှမဖြစ်ခဲ့သလို ဟန်ဆောင်ကာ အမြန်ထရပ်လိုက်သည်။
"သန့်စင်ရေးအတွက် မင်းကို ငါကူညီနိုင်တယ်၊ ဒါပေမယ့် မင်းပစ္စည်းတွေကိုတော့ ကိုယ့်ဘာကိုယ် ပြင်ဆင်ရမယ်၊ ငါ့ဝန်ဆောင်မှုအတွက် အခကြေးငွေကလဲ မနည်းဘူးနော်" ရီဖန်သည် အဓိပ္ပါယ်ရှိရှိပြောလိုက်၏။
"ပြဿနာမရှိပါဘူး”
ပေထုန်သူတော်စင်သည် သူ့လက်ကို လှန်လိုက်သည်နှင့် အရင်းအမြစ်များစွာ မြေပြင်ပေါ်တွင် ပေါ်လာသည်။
ကောင်းကင်ဆက်နွှယ်ကျောက်တုံး၊ မြောက်ပင်လယ်မှ နတ်ရွှေ၊ စသည့် မြေပြင်ပေါ်ရှိပစ္စည်းများသည် မဟာသူတော်စင်လက်နက်လေးခုမှ ငါးခုအထိ သန့်စင်ရန် လုံလောက်လုနီးပါးဖြစ်သည်။ ပေထုန်သူတော်စင်သည် ဤမျှချမ်းသာသူ ဖြစ်နိုင်ပါသလား။ ထိုကိစ္စကြောင့် ရီဖန်အနည်းငယ် ရှက်သွားသည်။ ထိုအချိန်က သူတော်စင်နှစ်ဦးသည် ထိပ်တန်းနတ်လက်နက်များကိုသာ အသုံးပြုနေသောကြောင့် ၎င်းတို့ဆင်းရဲသည်ဟုပင် ထင်ခဲ့သည်။
ယခုတွင် ဆင်းရဲသားအစစ်အမှန်မှာ သူ့ကိုယ်တိုင်သာဖြစ်မည်။ ရီဖန်သည် ဆင်းရဲသားများကို ကူညီရန်အတွက် ချမ်းသာသည်သူထံမှ လုယက်သင့်သလား။ ဤနေရာတွင် ကူညီခံရမည့် ဆင်းရဲသားမှာလည်း သေချာပေါက် သူကိုယ်တိုင်ဖြစ်သည်။ ရီဖန်၏အကြည့်ကို ခံစားလိုက်ရသော ပေထုန်သူတော်စင်သည် တုန်လှုပ်သွားပြီး ဆိုးရွားသည့်အရာတစ်ခု ဖြစ်ပျက်တော့မည်ကို ခံစားမိသည်။
"မင်းကို မင်းရဲ့ပစ္စည်းတွေနဲ့ မဟာသူတော်စင်လက်နက် သန့်စင်ပေးဖို့ ငါကူညီနိုင်ပေမယ့် အဲဒါကို တခြားသူတွေကို ပြောပြလို့မရဘူး"
မဟာသူတော်စင်အဆင့်လက်နက်သန့်စင်သူအဖြစ် သူ၏ အထောက်အထားကို ဖော်ထုတ်လိုက်ပါက နောက်ပိုင်းတွင် အဆုံးမဲ့ပြဿနာများ ရှိလာမည်ဖြစ်သည်။ ရီမိသားစုမှလူများသည် လက်နက်ကိုင်ဆောင်မှု အပြည့်အ၀မရှိသေးသောကြောင့် ရီဖန်သည် အခြားသူများအတွက်မဟာသူတော်စင် လက်နက်များ သန့်စင်ပေးရန် စိတ်မ၀င်စားသေးချေ။ လက်နက်သန့်စင်ခြင်းဖြင့် ငွေရှာချင်သော်လည်း သူလိုအပ်သမျှကို အရင်သန့်စင်ပြီးသည်အထိ စောင့်ရမည်ဖြစ်သည်။
"အစ်ကိုချန်ရီ၊ ငါ ဒါကို သေချာပေါက် ပေါက်ကြားမှာ မဟုတ်ဘူး။ ဒါပေမယ့် မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ ကာရံညီတိမ်တိုက်သူတော်စင် သိသွားမယ်"
ကာရံညီတိမ်တိုက်သူတော်စင်နှင့် ပေထုန်သူတော်စင်တို့သည် မကြာခဏ အတူတကွ လုပ်ဆောင်ကြသောကြောင့် ပေထုန်သူတော်စင်သည် မဟာသူတော်စင်လက်နက်ကို အသုံးပြုပြီးသည်နှင့် ၎င်းကို ဖော်ထုတ်မိမည်ဖြစ်သည်။
"ရတယ်လေ၊ သူလိုအပ်ရင်လဲ ငါ ကူညီပေးနိုင်ပါတယ်”
မဟာသူတော်စင်အဆင့်လက်နက်သန့်စင်သူ၏စျေးနှုန်းအရ၊ သန့်စင်သူတစ်ဦးသည် ပစ္စည်းသုံးခုဖြင့် မဟာသူတော်စင်လက်နက်ကို သန့်စင်ပေးမည်ဖြစ်ကာ၊ ၎င်းကသာမန်စျေးနှုန်းဖြစ်ပြီး အောင်မြင်မည် မအောင်မြင်မည်ကိုတော့ အာမမခံနိုင်ချေ။
ရီဖန်အနေဖြင့် မဟာသူတော်စင်လက်နက်တစ်ခုအတွက် အရင်းအမြစ်လေးခုကို ကောက်ခံခြင်းက မများလွန်းပေ။ သူက ကျိန်းသေပေါက်အောင်မြင်ရန် အာမခံပေးနိုင်သည်။ မဟာသူတော်စင်အဆင့် လက်နက်သန့်စင်သူများသည် ဝယ်လိုအားမြင့်မားသည်။
ရီဖန်က ၎င်းကိုလုပ်ဆောင်ရန် ဆန္ဒရှိနေလျှင် အနီးနား နယ်မြေမှ သူတော်စင်များ မကြာခဏလာရောက်နိုင်သည်။
ထို့ပြင် ရီဖန်သည် ဤကိစ္စကို ကြာကြာဖုံးကွယ်ထားရန် မဖြစ်နိုင်မှန်းကိုလည်း ကောင်းကောင်းသိသည်။ ပေထုန်သူတော်စင်နှင့် ကာရံညီတိမ်တိုက်သူတော်စင်တို့သည် ၎င်းတို့၏မဟာသူတော်စင်လက်နက်များကို ရရှိပြီးသည်နှင့် ထာဝစဉ် ဖုံးကွယ်ထားနိုင်မည်မဟုတ်ပေ။
……….