အခန်း ၄၅၁-၄၅၃
Vol. 31 Ch. 451-453
အခန်း ၄၅၁ - ရှေးခေတ်အင်မော်တယ်နတ်ဘုရားများ
တာအိုသူတော်စင်တစ်ပိုင်းက ချက်ချင်း နောင်တရသွားသည်။ အကယ်၍ သူသာ ရီမိသားစုက အလွန်အားနည်းမှန်း သိခဲ့ပါလျှင် ၎င်းတို့ကိုတိုက်ခိုက်ရန်သာ ရွေးချယ်ခဲ့လိမ့်မည်။ ၎င်းရင်ဆိုင်ခဲ့သော အင်အားစုသည် သူတော်စင်တစ်ပိုင်းစွမ်းအားရှင်နှစ်ဦးကို ဖုံးကွယ်ထားခဲ့သောကြောင့် ဆုံးရှုံးမှုများစွာရှိခဲ့ရ၏။
အနာကိုထိသွားသော ကောင်းကင်နှလုံးသား သူတော်စင်တစ်ပိုင်း၏မျက်နှာသည် နီရဲလာသည်။ သူက အေးစက်စွာ နှာမှုတ်လိုက်ပြီး အတွင်းပိုင်းသို့ ပြန်ဝင်သွားသည်။
တစ်ခုခုတော့ လွဲနေပြီ။ ကောင်းကင်နှလုံးသား သူတော်စင်တစ်ပိုင်း၏ အမူအရာက သေချာပေါက် တစ်ခုခုမှားနေသည်။ ၎င်းက အောင်နိုင်သူတစ်ဦး၏ မျက်နှာအမူအရာမျိုးမဟုတ်ချေ။
"ဘာဖြစ်တာလဲ သွားစုံစမ်းချေ"
မကြာမီတွင် ထိုသတင်းက တာအိုသူတော်စင်တစ်ပိုင်းထံသို့ ပြန်လည်ရောက်ရှိလာသည်။ ၀မ်ရှန်းဂိုဏ်းက ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့သလား။ ၀မ်ရှန်းဂိုဏ်း၏ တပ်ဖွဲ့တစ်ခုလုံးတွင်မှ ကောင်းကင်နှလုံးသား သူတော်စင်တစ်ပိုင်းတစ်ဦးတည်းသာ ပြန်လာနိုင်သည်။ အကယ်၍ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသာ လျင်မြန်စွာပြန်မပြေးခဲ့ပါက သူလည်း ကျန်ထားခဲ့လိမ့်မည်။
တာ့ယွီနတ်မင်းဆက်၏နောက်ကွယ်ရှိ အင်အားစုသည် ရီမိသားစုဖြစ်ကြောင်း တာအိုသူတော်စင်တစ်ပိုင်းက ရှင်းလင်းစွာနားလည်ထား၏။ ရီမိသားစုက ဤမျှလောက် စွမ်းအားကြီးနိုင်မည်လား။ သူသည် ရီမိသားစုကို မတိုက်ခိုက်မိသည့်အတွက် နောင်တရနေရမှ ရုတ်တရက် အနည်းငယ် စိတ်သက်သာရာရသွားသည်။
ရီမိသားစုကို စတင်တိုက်ခိုက်ခဲ့သောသူမှာ ဝမ်ရှန်းဂိုဏ်းဖြစ်သောကြောင့် ယခုအခါ တာဝန်အလုံးစုံက ၀မ်ရှန်းဂိုဏ်းနှင့်သာ သက်ဆိုင်လိမ့်မည်။ ရီမိသားစု၏အင်အားနှင့် ပက်သက်၍ အချိန်ခဏကြာအောင် အံ့ဩပြီးနောက် များစွာအလေးအနက်မထားတော့ချေ။ ၎င်းတို့အတွက် ရီမိသားစုက အမှန်တကယ် အင်အားကြီးမားသော်လည်း ၎င်းတို့ထံတွင် သူတော်စင်တစ်ဦးရှိပါသေးသည်။
ပင်လယ်ခါးသူတော်စင် အပြည့်အဝ ပြန်လည်ကောင်းမွန်လာသောအခါ ရီမိသားစုနှင့် ရင်ဆိုင်ရန် ခက်ခဲမည်မဟုတ်ပေ။ ကောင်းကင်နှလုံးသား သူတော်စင်တစ်ပိုင်းသည် ပင်လယ်ခါးသူတော်စင် ကျင့်ကြံခြင်းပြီးဆုံးရန် စိတ်လှုပ်ရှားစွာစောင့်ဆိုင်းနေကာ ထိုနေရာမှထွက်ခွါရန်ပင် မဝံ့မရဲဖြစ်နေသည်။
ယခုတစ်ကြိမ်တွင် ၎င်းတို့၏ ၀မ်ရှန်းဂိုဏ်းတစ်ခုတည်းကသာ ပင်လယ်ခါးသူတော်စင်၏ လိုအပ်ချက်ကို နှောက်ယှက်ခဲ့သူဖြစ်သည်။ စာရင်းရှင်းရမည့် အချိန်ကျရောက်လာသောအခါ သူသေချာပေါက် ရှောင်ပြေးနိုင်မည်မဟုတ်ပေ။
သို့သော် ပင်လယ်ခါးသူတော်စင်ကသာ ရီမိသားစုကို အရေးယူနိုင်ပါက အလွန်ကောင်းသောကိစ္စဖြစ်သည်။ ရီမိသားစုသည် သာမာန်စံနှုန်းထက် အစွမ်းထက်လွန်း၏။ အကယ်၍ ရီမိသားစုကိုသာ မဖယ်ထုတ်ခဲ့လျှင် အနာဂတ်ပန်ကုစကြဝဠာတွင် မည်သူအားအကြီးဆုံးဖြစ်လာမည်ကို သိနိုင်ရန် ခက်ခဲမည်။
"ဒီ ရီမိသားစုအကြောင်း ပြောပြပါဦး”
ပင်လယ်ခါးသူတော်စင်၏အသံက အတွင်းထဲမှ ရုတ်တရက်ထွက်ပေါ်လာသည်။ သူ၏ကျင့်ကြံမှုအဆင့်ဖြင့် ဤကိစ္စများသည် သူ၏အာရုံအောက်မှ လွတ်ကင်းမည်မဟုတ်ပေ။ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း ထွက်ပြေးလာတည်းက သူသတိပြုမိနေပြီးဖြစ်သည်။ ရီမိသားစုသည် ပန်ကုစကြာဝဠာတွင် မရှိနေသင့်တော့ချေ။
ပင်လယ်ခါးသူတော်စင်သည်လည်း ရီမိသားစုအကြောင်း စိတ်ဝင်စားလာခဲ့သည်။ ရီမိသားစုထံတွင် မည်သို့သောလျှို့ဝှက်ချက်များ ရှိသနည်း။ ရီမိသားစုတွင် လျှို့ဝှက်ချက်တစ်စုံတစ်ရာဘဲ အချိန်တိုလေးအတွင်း ဤမျှအစွမ်းထက်သော အင်အားကို ရရှိလိမ့်မည်မဟုတ်ပေ။
ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် မည်သည့်အရာကိုမျှ မဖုံးကွယ်ဝံ့ဘဲ ဤနှစ်များအတွင်း သူစုဆောင်းခဲ့သော ရီမိသားစု၏သမိုင်းကြောင်းနှင့် ရီမိသားစုနှင့်ပတ်သက်သည့် အချက်အလက်အားလုံးကို အမှန်အတိုင်းအစီရင်ခံခဲ့သည်။ နောက်ဆုံးတွင် သူ၏ခန့်မှန်းချက်ကို ပြောပြခဲ့၏။ ရီမိသားစုသည် ရှေးခေတ်အင်မော်တယ်နတ်ဘုရားများထံမှ အမွေဆက်ခံခွင့်ရရှိခဲ့ခြင်း ဖြစ်နိုင်သလား။
အင်မော်တယ်နတ်ဘုရားများနှင့် ပက်သက်သည့် ဒဏ္ဍာရီက အမြဲတည်ရှိခဲ့သည်။ သို့သော်လည်း သာမန်ကျင့်ကြံသူ၏ပါးစပ်ဖျားတွင် အင်မော်တယ်နတ်ဘုရားများသည် အစွမ်းထက်သော ကျင့်ကြံသူများသာဖြစ်ကြ၏။ ဒဏ္ဍာရီများထဲမှ နေရာများသည် လက်တွေ့တွင် အမှန်တကယ်ရှိနေသည်ကို ငြင်းဆန်၍မရချေ။ သို့သော် ၎င်းတို့သည် အကြောင်းတစ်ခုခုကြောင့် ပန်ကုစကြဝဠာမှ ထွက်သွားပုံရသည်။
တကယ်တမ်းတွင် သူတော်စင်အစည်းအရုံးသည် အင်မော်တယ်နတ်ဘုရားများ၏ အမွေအနှစ်များကို တစ်ချိန်က ရှာဖွေတွေ့ရှိခဲ့ဖူးသည်။ သို့သော် ရှာတွေ့ခဲ့သော အင်မော်တယ်နတ်ဘုရားသည် စွမ်းအားကြီးပုဂ္ဂိုလ်များမဟုတ်သည့်အတွက် သူတော်စင်အစည်းအရုံးက အလွန်ဂရုမစိုက်ခဲ့ပေ။ ထိုအင်မော်တယ်နတ်ဘုရားများက မည်မျှစွမ်းအားကြီးနိုင်မည်နည်း။ အလွန်ဆုံးမှ သူတော်စင်နယ်မြေတွင်သာရှိနိုင်သည်။
၎င်းက သူတော်စင်အစည်းအရုံး၏ အမြင်သာဖြစ်သည်။
ယခုတွင် ၎င်းကမှားယွင်းနေသည်ဟု ခံစားလာကြရ၏။ အင်မော်တယ်နတ်ဘုရားဟူသော အရာများက ၎င်းတို့မျှော်လင့်ထားသည်ထက် များစွာပိုစွမ်းအားကြီးနိုင်သည်။ ရီမိသားစုသည် စွမ်းအားကြီးအင်မော်တယ်နတ်ဘုရား၏အမွေကို အမှန်တကယ်ရရှိခဲ့ခြင်းဖြစ်ပါက ၎င်းတို့ အရှိန်အဟုန်ဖြင့် စွမ်းအားကြီးမားလာရသည်အကြောင်းအရင်းက်ို ရှင်းပြပြီးဖြစ်လိမ့်မည်။
ပန်ကု၏နှလုံးသားကိုသန့်စင်ပြီးနောက် အင်မော်တယ်နတ်ဘုရားများဟုခေါ်သော အမွေအနှစ်များကိုရှာဖွေရန် ပင်လယ်ခါးသူတော်စင်က မှတ်ထားလိုက်သည်။
"ရီမိသားစုအတွက် သူတို့ကို လောလောဆယ် စိတ်ပူနေစရာမလိုဘူး။ ငါအဆင့်ကျော်ဖြတ်ပြီးတဲ့အချိန်ထိ စောင့်ဦး”
ပင်လယ်ခါးသူတော်စင်ထံမှရောင်ဝါသည် တစ်ခဏမျှ တောက်ပလာပြီး ၎င်းက သူတော်စင်တစ်ပိုင်း၏အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းပြသခဲ့သည်။ ပင်လယ်ခါးသူတော်စင်၏ရောင်ဝါကို ခံစားလိုက်ရသော ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် ထိတ်လန့်သွား၏။
အချိန်သိပ်မကုန်သေးသော်လည်း ပင်လယ်ခါးသူတော်စင်၏ကျင့်ကြံမှုအဆင့်သည် သူတော်စင်တစ်ပိုင်းနယ်မြေ၏အထွတ်အထိပ်သို့ ဖြတ်သွားခဲ့ပြီဖြစ်သည်။ သူသည် သူတော်စင်ကျင့်ကြံမှုအဆင့်ကို အချိန်တိုအတွင်း ပြန်လည်ရယူနိုင်ပုံရသည်။
ရီမိသားစုက သူတော်စင်တစ်ဦးကို ရင်ဆိုင်နိုင်မည်လား။ ယခင်ကသာဆိုလျှင် ကောင်းကင်နှလုံးသား သူတော်စင်တစ်ပိုင်းသည် ယုံကြည်မှုရှိလိမ့်မည်ဖြစ်သော်လည်း၊ ယခုမူ မသေချာတော့ချေ။ ပင်လယ်ခါးသူတော်စင်ကို မယုံကြည်သည့် သူ့ကိုယ်သူသာ အပြစ်တင်မိသည်။
"အထူးသဖြင့် လွတ်မြောက်ရေးအတွက် ကဒ်အပိုတချို့ ပြင်ဆင်ထားဖို့လိုသေးတာပဲ"
ဝေခွဲမရဖြစ်နေသော ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် တစ်ဖန်ပြန်လည်ထွက်ခွါလာ၏။ သို့သော် ဤတစ်ကြိမ်တွင် သူ၏အဓိကရည်ရွယ်ချက်မှာ လွတ်မြောက်ရေးအတွက် အထောက်အကူများရှာဖွေရန်ဖြစ်သည်။
"သခင် ဒီမှာ ကောင်းတာလေးတွေ အများကြီးတွေ့လာတယ်"
ရီဖန် ရန်ဟွမ်နယ်မြေသို့ ပြန်ရောက်သောအခါ ရန်ဟွမ်ထံမှ အသိပေးစာကို လက်ခံရရှိခဲ့သည်။ ဤအတောအတွင်း ရန်ဟွမ်သည် အိမ်တွင်မြဲရမည့်အစား ပန်ကုနှင့်အတူ နေရာတိုင်းကို လှည့်လည်သွားလာနေသည်။
ပန်ကုသည် ယခုမှသာ မွေးဖွားလာခြင်းဖြစ်သောကြောင့် စကြဝဠာအပေါ သူမ၏ထိန်းချုပ်မှုသည် ပြီးပြည့်စုံခြင်းမရှိပေ။ အချိန်ကြာလာသည်နှင့်အမျှ ပန်ကုစကြဝဠာအပေါ် သူမ၏ထိန်းချုပ်မှုတိုးလာကာ ကောင်းမွန်သောအရာများစွာကို တဖြည်းဖြည်းရှာတွေ့ခဲ့သည်။
"သခင် ဒီမှာ!"
ပန်ကု၏လက်ကလေးက ရီဖန်ကို ဆွဲခေါ်သွားကာ ချက်ခြင်းပင် ပျောက်ကွယ်သွားကြသည်။ ၎င်းတို့ ပြန်ပေါ်လာသောအခါ စကြာဝဠာ၏အဝေးဘက်ထောင့်တစ်နေရာတွင် ရှိနေကြသည်။ ၎င်းက ဘာမှမရှိသည့်နေရာတစ်ခုဖြစ်ကာ စကြာဝဠာပင် ထိုနေရာတွင် မတည်ရှိဘဲ သက်ရှိသတ္တဝါများလည်းမရှိခဲ့ချေ။
သို့သော် ရီဖန်ရှေ့တွင် အပျက်အစီးတစ်ခု၏ ဝင်ပေါက်ရှိသည်။ ရီဖန်၏ ကျင့်ကြံမှုအဆင့်နိမ့်ခဲ့ချိန်က ဤအပျက်အစီးများမှာ အလွန်အကျိုးရှိခဲ့သည်။ သို့သော် ရီဖန်၏ကျင့်ကြံမှုအဆင့် ပိုမြင့်လာသည်နှင့်အမျှ သာမန်အပျက်အစီးများကို စိတ်ဝင်စားခြင်းမရှိတော့ပေ။ သို့သော် ဤနေရာသို့ ပန်ကုကိုယ်တိုင်ကိုယ်ကျ ခေါ်လာသောကြောင့် ဤအပျက်အစီးသည် မရိုးရှင်းနိုင်ပေ။
အပျက်အစီးများထဲသို့ ဝင်ရောက်ပြီးနောက် ရီဖန်သည် အပျက်အစီး၏အလယ်ဗဟိုတွင် ကြီးမားသော ကျောက်တိုင်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ ၎င်းတွင် စာလုံးကြီးအချို့ကို ရေးသားထားသေး၏။ ၎င်းမှာ ‘လျှို့ဝှက်ဆန်းကြယ်သော ချီဘိုးဘေး၊ သန့်စင်သော မူလကောင်းကင်စွမ်းအားရှင်၊ အံ့ဖွယ်အဓိပတိိနတ်ဘုရား’ ဟူ၍ ဖြစ်၏။
………
အခန်း ၄၅၂- ရှေးခေတ်အင်မော်တယ်နတ်ဘုရားများ
ထိုနာမည်က အခြားသူများအတွက် အလွန်မရင်းနှီးနိုင်ချေ။ သို့သော် ယခင်ဘဝတည်းက စိတ်ကူးယဉ်ဝတ္ထုများဖတ်ခြင်းကို ဝါသနာပါသော ရီဖန်သည် တာအိုဘိုးဘေး၏နာမည်ကို ချက်ချင်းမှတ်မိလိုက်သည်။ ၎င်းက ယွမ်ရှီးထျန်းကျွင်း၏ အမည်မဟုတ်လား။
ယွမ်ရှီးထျန်းကျွင်းသည် ချာကျူရိဂိုဏ်းကို စတင်ထူထောင်ခဲ့သော သူတော်စင်သုံးဦးထဲမှ တစ်ဦးဖြစ်သည်။ သို့သော် ထိုသူက ဒဏ္ဍာရီလာတစ်ဦး မဟုတ်လား။ အမှန်တကယ် တည်ရှိရန် ဖြစ်နိုင်မည်လား။ ပန်ကုစကြဝဠာတွင် နှစ်ပေါင်းများစွာကုန်ဆုံးပြီးနောက်၊ ရီဖန်သည် ပန်ကုစကြဝဠာ၏ဒဏ္ဍာရီများအကြောင်း များစွာကြားသိခဲ့ရသည်။
သို့သော် ထိုဒဏ္ဍာရီများက ပုံပြင်များသာမဟုတ်ဘဲ လက်တွေ့တွင် အဘယ်ကြောင့်ပေါ်လာရသနည်း။ ရီဖန်သည် အပျက်အဆီးများ၏အစွန်းတစ်ဝိုက်တွင် အကြာကြီးမနေဘဲ ချက်ခြင်းအတွင်းဘက်သို့ ဦးတည်သွားသည်။ ခဏအကြာတွင် ကျယ်ပြောသည့် နန်းတော်ကြီးကို တွေ့လိုက်ရ၏။
ဗဟိုနန်းတော်၏ အပေါ်ဘက်ကမ္ဗည်းပြားပေါ်တွင် ရေးထားသောစာလုံးများမှာ ‘ချာကျူရိ’ ဟူ၍ဖြစ်သည်။ ၎င်းက ဒဏ္ဍာရီတစ်ပုဒ်မျှသာမဟုတ်ဘဲ အမှန်တကယ်ဖြစ်ပုံရ၏။ ၎င်းတို့သုံးဦးထဲမှ တစ်ဦးဖြစ်သော ယွမ်ရှီးထျန်းကျွင်းသာ အမှန်တကယ်ရှိလျှင် ကျန်နှစ်ဦးလည်း ရှိရမည်ဖြစ်သည်။ ပန်ကုနှင့် နူဝါကဲ့သို့သော ဒဏ္ဍာရီလာပုဂ္ဂိုလ်များပင်လျှင် အစစ်အမှန်ဖြစ်ပြီး အကြောင်းတစ်ခုခုကြောင့် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
ဤအကြောင်းအရာများသည် ကိစ္စကြီးတစ်ခုဖြစ်ပြီး ထုသတင်းထွက်လာလျှင် ပန်ကုစကြဝဠာတစ်ခုလုံး တုန်လှုပ်သွားမည်မှာ သေချာသည်။ ဤဒဏ္ဍာရီနတ်ဘုရားများ၏အမွေအနှစ်က မရေတွက်နိုင်သော စူးစမ်းရှာဖွေသူများကို ဆွဲဆောင်နိုင်လိမ့်မည်။
ရီဖန်၏ ခန့်မှန်းချက်အရ ဤယွမ်ရှီးထျန်းကျွင်းသည်လည်း သူတော်စင်နယ်မြေတွင်ရှိရမည်။
သို့သော် မကြာမီတွင် ရီဖန်က သူ့ကိုယ်ပိုင်ခန့်မှန်းချက်ကို ပယ်ချလိုက်ရ၏။ သူ့ရှေ့တွင် ‘ကျောက်စိမ်းသူတော်စင်နိယာမ၊ အဓိပတိကျောက်စိမ်း မိုးကြိုးနိယာမ၊ အဖိုးတန် ကျောက်စိမ်းကိုယ်ထည်’စသည့် သူတော်စင်နိယာမသုံးခု ပေါ်လာသည်။
ဆေးလုံးကဲ့သို့သော အရင်းအမြစ်များသည် အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့၏အသုံးဝင်မှုကို ဆုံးရှုံးနိုင်သည်။ သို့သော် ဤနိယာမသုံးခုကိုမူ လက်တွေ့ကျင့်ကြံနိုင်သည်။ ဤကျင့်ကြံမှုနည်းပညာသုံးမျိုး၏အမည်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့ကို ယွမ်ရှီးထျန်းကျွင်းကိုယ်တိုင် ဖန်တီးခဲ့သည်မှာ ထင်ရှားသည်။
မဟာသူတော်စင်နိယာသုံးခုကို ဖန်တီးနိုင်သော ယွမ်ရှီးထျန်းကျွင်း၏ ကျင့်ကြံမှုအဆင့်သည် သူတော်စင်နယ်မြေ၌ မည်သို့ရှိနိုင်မည်နည်း။ မဟာသူတော်စင်နယ်မြေ သို့မဟုတ် ပိုမြင့်သောနေရာတွင် ရှိနိုင်မည်လား။ သူတော်စင်သုံးဦးထဲမှ ကျန်နှစ်ဦးသည်လည်း ယွမ်ရှီးထျန်းကျွင်းထက် မနိမ့်ကျသော ကျင့်ကြံမှုအဆင့်ရှိနိုင်သည်။
ရှေးခေတ်သူတော်စင်ခြောက်ဦးရှိကာ ၎င်းတို့၏ ကျင့်ကြံမှုအဆင့်အားလုံးသည် သူတော်စင်နယ်မြေထက် ကျော်လွန်သည်။ သို့သော် မဟာသူတော်စင်ခြောက်ဦးလုံး သဲလွန်စမရှိဘဲ ပျောက်ကွယ်သွား၏။
ရီဖန်သည် ကျောက်စိမ်းနန်းတော်တစ်ခုလုံးကို ဖြတ်လျှောက်သွားကာ နောက်ထပ်နတ်နိယာမအချို့ကို ရှောတွေ့ခဲ့သည်။ ၎င်းတို့ကို ကွမ်းချန်ဇိနှင့် အဝါရောင်နဂါးတို့ကဲ့သို့သော ယွမ်ရှီးထျန်းကျွင်း၏တပည့်များက ကျင့်သုံးခဲ့ခြင်းဖြစ်ရမည်။ ၎င်းကိုကြည့်ခြင်းအားဖြင့် ထိုတပည့်များ၏ ကျင့်ကြံမှုအဆင့်သည်လည်း သူတော်စင်နယ်မြေသို့ ရောက်ရှိပြီးဖြစ်ရမည်။
မူလက ရီဖန်သည် ဤပန်ကူစကြဝဠာကို ပိတ်သိမ်းရလုနီးပါးဖြစ်နေပြီဟု ထင်ခဲ့သော်လည်း ယခုအခါတွင် သူမဖော်ထုတ်ရသေးသည့် လျှို့ဝှက်ချက်များစွာ ရှိနေပုံရသည်။ အနည်းဆုံး ဤရှေးနတ်ဘုရားများ၏အမွေကို သူ လက်လွတ်မခံနိုင်ချေ။ ဤမဟာသူတော်စင်နိယာမသုံးခုသည် ရီဖန်အတွက် ပထမဆုံးဖြစ်သောကြောင့် သူ့အတွက် အလွန်အရေးကြီးသည်။
ရီဖန်သည် ယခင်က ကျင့်ကြံရေးနည်းစနစ်များ ပြတ်လပ်ခဲ့သောကြောင့် ခက်ခဲစွာထုတ်နုတ်ခဲ့ရသော ပျက်ဆီးခြင်းဖန်တီးမှုကျမ်းကို ယခုအခါတွင် မဟာသူတော်စင်နိယာမသုံးခုကို အပေါ်ယံဆန်းစစ်ကြည့်ရုံဖြင့် အောင်မြင်မှုရနေပြီဖြစ်သည်။ မကြာမီတွင် ကျင့်ကြံမှုနည်းစနစ်ကို သူတော်စင်အဆင့်သို့ ရောက်ရှိစေနိုင်မည်ဟု သူယုံကြည်၏၊
"ပန်ကုလေး၊ နောက်ကိုလဲ ဒီလို အမွေအနှစ်တွေမှာ အာရုံစိုက်ထားပါဦး၊ တစ်ခုခုတွေ့ရင် ငါ့ကိုလာပြောနော်"
ရီဖန်အတွက် အမွေအနှစ်များကို ကိုယ်တိုင်ရှာဖွေရန် အချိန်မည်မျှကြာမည်ကိုမသိနိုင်ချေ။ ထို့ကြောင့် ပန်ကုကို ခိုင်းထားခြင်းက ပိုသင့်လျော်လိမ့်မည်။ ကျောက်စိမ်းနန်းတော်ရှိ အဖိုးတန်ပစ္စည်းများအားလုံးကို ရီဖန်ယူဆောင်သွားခဲ့ကာ ၎င်းတို့ကို ရီမိသားစုထံပြန်ခွဲပေးလိုက်သည်။
အိမ်ပြန်ရောက်ပြီးနောက် ရီဖန်သည် မဟာသူတော်စင်နိယာမသုံးခုကို ချက်ချင်း စတင်လေ့လာခဲ့သည်။ သို့သော် ရီဖန်၏ လက်ရှိဉာဏ်အလင်းအဆင့်ဖြင့်ပင်လျှင် မဟာသူတော်စင်နယ်မြေသို့ကျင့်ကြံနိုင်သည့် မဟာသူတော်စင်ကျမ်းက
နားလည်ရန်အလွန်ခက်ခဲနေသည်။
ကြည့်ရသည်မှာ သူ၏ဉာဏ်အလင်း အနည်းငယ်မလုံလောက်ပုံရကာ၊ ၎င်းကို မြှင့်တင်ရန် လိုအပ်သည်။ မဟာသူတော်စင်နယ်မြေ၏ ဉာဏ်အလင်းက ပိုအားကောင်းလာသည့် ရီဖန်အတွက် အနည်းငယ်ချို့တဲ့နေသည်။ သို့သော်လည်း မဟာသူတော်စင်နယ်မြေကို ကျော်လွန်လျှင် မည်သည့်အရာရှိသည်ကို မသိရပေ။ ရီဖန်သည် မဟာသူတော်စင်နယ်မြေစွမ်းအားရှင်ကိုပင် မတွေ့ဖူးသေးသောကြောင့် ၎င်း၏အထက်တွင် မည်သည့်အရာရှိသည်ကို သူသေချာပေါက်မသိ။
ကံကောင်းထောက်မစွာဖြင့် ပျက်ဆီးခြင်းဖန်တီးမှုနတ်ကျမ်းကို သူတော်စင်နယ်မြေအဆင့်သို့ ထုတ်နုတ်ရန်အတွက် ကျင့်ကြံနည်းစနစ်သုံးမျိုးကို အပြည့်အဝနားလည်ရန်မလိုအပ်သောကြောင့် အချိန်အများကြီးမယူရချေ။ ၎င်းအတွက် အနှစ်တစ်ရာအတွင်း ပြီးအောင်ကြိုးစားနိုင်သည်။
တစ်ဖက်တွင် ရီရှောက်ဖန်၏ ဆယ့်သုံးယောက်မြောက် အကြီးအကဲမျိုးဆက်ကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့သည်။ ၎င်းတို့ထဲမှ အများစုသည် ရီမိသားစုမှ တပည့်များ ဖြစ်ကြ၏။ ရီမိသားစု၏ တပည့်တစ်ဦး ဝမ်ဟိုင်းသူတော်စင်ဂိုဏ်း၏ရှေ့သို့ ရောက်လာသောအခါ ၎င်းတို့၏ ကြီးမားသောစွမ်းရည်များက ဂိုဏ်းသားများကို အံ့အားသင့်စေခဲ့သည်။
ရီရှောက်ဖန်ကို ပံ့ပိုးပေးထားသည့် ဤရီမိသားစုက ၎င်းတို့ထင်ထားတာထက်ပင် ပိုခိုင်မာသည်။ ဤတပည့်များ၏ စွမ်းရည်နှင့် ဝမ်ဟိုင်ဂိုဏ်းသားများကို နှိုင်းယှဉ်ကြည့်ရုံနှင့်ပင် ၎င်းကိုသိနိုင်သည်။ ကံကောင်းစွာဖြင့် ရီရှောက်ဖန်သည် ဝမ်ဟိုင်ဂိုဏ်း၏အကြီးအကဲဖြစ်လာသောကြောင့် ထိုတပည့်များသည်လည်း ဝမ်ဟိုင်ဂိုဏ်း၏တပည့်များဖြစ်လာကြသည်။
အကယ်၍ ဝမ်ဟိုင်ဂိုဏ်းသာ တိုက်ခိုက်လာလျှင် သူတော်စင်အစည်းအရုံးသည်လည်း ကံကောင်းလိမ့်မည်မဟုတ်ပေ။ ရီမိသားစုမှ တပည့်များက အစည်းအရုံးကို ကူကယ်ရာမဲ့ဖြစ်စေလိမ့်မည်။ တစ်ဦးချင်းယှဉ်တိုက်လျှင်ပင် မနိုင်သော ဤတပည့်များက အုပ်စုလိုက်တိုက်ခိုုက်သောအခါ အခြားမည်သူထက်မဆို ပိုမြန်လိမ့်မည်။
ဝမ်ဟိုင်ဂိုဏ်းသည် ယခုအချိန်အထိ ရီမိသားစုမှ မည်သည့်တပည့်တစ်ဦးတစ်ယောက်ကိုမှ မထုတ်ပယ်ရသေးဘဲ ထိူအစား ၎င်းတို့၏အရင်းအမြစ်များကိုသာ ဆုံးရှုံးခဲ့ရသည်။ သို့သော် ထိုဆုံးရှုံးသွားသည်များမှာလည်း ရီရှောက်ဖန်၏လက်အောက်မှ ဖြစ်ကြသည်။
ရရှိလာသောအရင်းအမြစ်များမှ ဝမ်ဟိုင်ဂိုဏ်းချုပ်အတွက် တစ်ပုံပေးပြီးလျှင် ကျန်ရှိနေသည်များက ဆယ့်သုံးယောက်မြောက်အကြီးအကဲ၏ တပည့်များအတွက်ဖြစ်သည်။ ယခင်က အကြီးအကဲမျိုးဆက်အသစ်နှင့်ပက်သက်၍ ကန့်ကွက်ခဲ့ကြသော အကြီးအကဲများသည်လည်း ရီရှောက်ဖန်ကြောင့် အရင်းအမြစ်များပိုမိုရရှိလာရာ သူ့အပေါ်ပိုနွေးထွေးလာသည်။
ရီရှောက်ဖန်၏ ပံ့ပိုးမှာကများပြားလွန်းသောကြောင့် ၎င်းတို့သည် ဆယ့်သုံးယောက်မြောက်အကြီးအကဲအကြောင်း ချီးကျူးရုံမှလွဲ၍ မတတ်နိုင်တော့ပေ။ သူ့ထံမှရရှိသည့် အရင်းအမြစ်များက အကြီးအကဲအားလုံးအတွက် အလွန်အကျိုးရှိနေသည်မဟုတ်လား။
“ဆယ့်သုံးယောက်မြောက်အကြီးအကဲက အဲလောက်အင်အားကြီးမှတော့ ငါတို့တာဝန်နည်းနည်းပိုပေးရမယ်ထင်တယ်”
ရီရှောက်ဖန်၏တန်ဖိုးကို အားလုံးမြင်လာသောအခါ ယခင်တည်းက ရီရှောက်ဖန်ကို ထောက်ခံခဲ့သော ခရမ်းရောင်အကြီးအကဲဟွမ်က ရုတ်တရက်ပြောလာသည်။ အကြီးအကဲများကြားတွင် အဆင့်က အကြီးအကဲဖြစ်လာသည့် ကြာချိန်ကိုသာမကဘဲ ၎င်းတို့၏စွမ်းအားကိုပါ ရည်ညွှန်းသည်။
အရင်းအမြစ်အများစုသည် ဝမ်ဟိုင်ဂိုဏ်းအကြီးအကဲများလက်ထဲသို့ ရောက်သွားလေ့ရှိသည်။ အဆင့်မြင့်လေ အရင်းအမြစ်ရရှိိမှု ပိုမိုများပြားလေဖြစ်၏။ ရီရှောက်ဖန်သည် ယခုမှအကြီးအကဲဖြစ်လာသောကြောင့် ၎င်းရရှိသော အရင်းအမြစ်များမှာလည်း အလွန်နည်းသေးသည်။ ယခုတွင် ခရမ်းရောင်အကြီးအကဲဟွမ်က အခွင့်အရေးရသည်နှင့် ရီရှောက်ဖန်အတွက် ပိုမိုအမြတ်ရစေရန် ပြောလာသည်။
“အကြီးအကဲတစ်ဆယ်၊ မင်းမကြာသေးခင်က သူတော်စင်အစည်းအရုံးလက်ထဲ ရှုံးထားတယ်နော်၊ ဒီလိုသာဆက်သွားရင် မင်းရဲ့ အရင်းအမြစ်အမှတ်တွေ လျော့သွားလိမ့်မယ်။ အဲဒီအစား တစ်ခြားတစ်ယောက်ကို ပေးထားတာက မကောင်းဘူးလား”
အကြီးအကဲတစ်ဆယ်၏မျက်နှာက ချက်ချင်းပြောင်းသွားသည်။ သူ ရီရှောက်ဖန်ကို ချီးကျူးသော်လည်း သူ့အကျိုးအမြတ်ကိုတော့ ထိပါးမခံနိုင်ပေ။
“အကြီးအကဲခြောက် စိတ်မပူပါနဲ့၊ ငါ့အရင်းမြစ်အမှတ်တွေကို ငါထိန်းနိုင်ပါတယ်”
“မင်း ထိန်းနိုင်မထိန်းနိုင်ဆိုတာက မင့်အပြောနဲ့ပဲမရဘူးလေ”
ခရမ်းရောင်အကြီးအကဲဟွမ်က ဆက်ပြောသည်။ သူဤအခွင့်အရေးတွင် ရီရှောက်ဖန်၏အဆင့်ကို အနည်းဆုံးထိပ်တန်းတစ်ဆယ်ထဲဝင်အောင် ဆွဲထည့်လို၏။ သို့မှသာ အနာဂတ်တွင် တစ်စုံတစ်ရာအကြောင်းဖန်လာပါက ရီရှောက်ဖန်ကို အားကိုးနိုင်လိမ့်မည်။ ရန်ပွဲဖြစ်လာလုဆဲဆဲတွင် ဝမ်ဟိုင်ဂိုဏ်း၏သူတော်စင်က ဝင်ပြောလိုက်သည်။
“အကြီးအကဲတစ်ဆယ်၊ ငါမင်းကို အချိန်ဆယ်နှစ်ပေးမယ်။ မင်းဆုံးရှံုးထားတဲ့ အရင်းအမြစ်တွေ ပြန်မယူနိုင်ရင် အကြီးအကဲဆယ့်သုံးကိူ နေရာလွှဲပေးရမယ်”
ဆုံးဖြတ်ချက်က ပြတ်သားသည်။ ဝမ်ဟိုင်ဂိုဏ်းချုပ်အနေဖြင့် အရင်းအမြစ်များအား မည်သူပေးသည်က်ို သူစိတ်မဝင်စားချေ။ ဝမ်ဟိုင်ဂိုဏ်းအတွက် လိုအပ်သောအရင်းအမြစ်များ ထောက်ပံ့ပေးနိုင်သရွေ့ လုံလောက်သည်။
သူသည်လည်း ရီရှောက်ဖန်၏အရည်အချင်းများကို မြင်ထားပြီးဖြစ်သည်။ အကယ်၍ ရီရှောက်ဖန်၏ စွမ်းအားလုံလောက်ပါက အကြီးအကဲနေရာပေးရန် မေးခွန်းထုတ်နေစရာပင် မလိုချေ။ အစည်းအဝေးအပြီးတွင် ခရမ်းရောင်အကြီးအကဲဟွမ်က ရီရှောက်ဖန်ကို အကြီးအကဲတစ်ဆယ်အကြောင်းပြောပြပြီး ပြင်ဆင်ထားရန်ပြောသည်။
နောက်ပိုင်းတွင် ရီရှောက်ဖန်ရင်ဆိုင်ရမည်မှာ အကြီးအကဲတစ်ဆယ်တစ်ဦးသာမကဘဲ အခြားအကြီးအကဲများလည်း ရှိလာလိမ့်မည်။
……
အခန်း ၄၅၃ - မိသားစုလက်နက်တိုက် အဆင့်နှစ်ဆယ်
အကြီးအကဲဟွမ်၏စကားကို ရီရှောက်ဖန်မှတ်ထားလိုက်သည်။ နောက်ရက်များတွင်ရီရှောက်ဖန်သည် ၎င်း၏စွမ်းရည် စပြတော့၏။ နောက်ဆုံးတွင်သူတော်စင်အစည်းအရုံးကသာ ၎င်းတို့၏ ရန်သူဖြစ်သည်။
“စစ်စွမ်းအားသူတော်စင်၊ ဝမ်ဟိုင်သူတော်စင်ဂိုဏ်းက ပင်လယ်နဂါးသူတော်စင်ကို တားလို့မရပါဘူး။ ငါတို့ သူ့ကို လုံးဝဖမ်းမမိနိုင်နေဘူး” ဟု ညည်းညူနေသည်။
၎င်းတို့သည် ရီရှောက်ဖန်ယူသွားသော အရင်းအမြစ်အမှန်များကို ပြန်လည်ရယူလိုသော်လည်း အကွက်ရွှေ့လိုက်တိုင်း သူ့ကြောင့် နှောင့်ယှက်ခံရတတ်သည်။ အလယ်အလတ်အဆင့် သူတော်စင်များပင် ရီရှောက်ဖန်ကို မကိုင်တွယ်နိုင်ကြချေ။
နှောင်းပိုင်းအဆင့် သူတော်စင်များသည် သူတော်စင်အစည်းအရုံးတွင် မိမိတို့ကိုယ်ပိုင်တာဝန်များရှိသောကြောင့် လှုပ်ရှားရန်တွန့်ဆုတ်နေကြသည်။ အကယ်၍ ၎င်းတို့သည် အခြားနေရာများသို့ ပြောင်းလိုက်ပါက ရန်သူများအနေဖြင့် ၎င်းတို့၏ နှောင်းပိုင်းအဆင့် သူတော်စင်များ လစ်လပ်သွားကြောင့်သိရှိကာ လှုပ်ရှားလာနိုင်သည်။ နောက်ဆက်တွဲ ဆုံးရှုံးမှုများက ပို၍ပင်များပြားနိုင်၏။
“ငါတို့ ပင်လယ်နဂါးသူတော်စင်ကို မဖြေရှင်းနိုင်ရင် တခြားသူတွေကို ဒုက္ခပေးရတာပေါ့” ဟု ၎င်းတို့ဆုံးဖြတ်လိုက်ကြသည်။
စစ်စွမ်းအားသူတော်စင်၏ လူသတ်ရန် ရည်ရွယ်ချက်မှာ လယ်ပြင်မှာဆင်သွားသကဲ့သို့ ထင်ရှားနေသည်။ ဝမ်ဟိုင်သူတော်စင်ဂိုဏ်းတွင် သူတော်စင်တစ်ပါးသာရှိသည်မဟုတ်ပေ။ ဆယ့်သုံးကြိမ်မြောက် အကြီးအကဲရီရှောက်ဖန်နှင့် မရင်ဆိုင်နိုင်လျှင် အခြားအကြီးအကဲများထံမှ အတိုးရောအရင်းပါ ပြန်ရှာရမည်။
ဥပမာအားဖြင့် အကြီးအကဲတစ်ဆယ်သည် အနိုင်ကျင့်ရန် လွယ်ကူသည်။ မကြာမီတွင် ၎င်း၏နယ်မြေကို ဆန့်ကျင်သည့် စစ်ဆင်ရေးကို ချက်ချင်းစတင်ခဲ့သည်။ စစ်စွမ်းအားသူတော်စင်သည် အကြီးအကဲတစ်ဆယ်ကဲ့သို့ပင် အလယ်အလတ် သူတော်စင်တစ်ဦးလည်းဖြစ်သော်လည်း ၎င်းကပို၍သန်မာသည်။
အကြီးအကဲတစ်ဆယ်သည် စစ်စွမ်းအားသူတော်စင်ကို မလွန်ဆန်နိုင်ဘဲ သူ၏နယ်မြေ တဖြည်းဖြည်းပဲ့ပါသွားသည်ကိုသာ ကြည့်နိုင်သည်။ ထိုအခက်အခဲကိုဖြေရှင်းရန် နည်းလမ်းတစ်ခုသာရှိသည်။ ၎င်းက အကူအညီတောင်းရန်ဖြစ်၏။
သို့သော် နှောင်းပိုင်းသူတော်စင်များက မလှုပ်ရှားနိုင်ဘဲ အခြားအလယ်အလတ် သူတော်စင်များကိုလည်း အကူအညီတောင်းရန် မလွယ်ကူပေ။ ထို့အပြင် သူသည် အကူအညီတောင်းရန် ရွေးချယ်လိုက်သည်နှင့် သူ့တွင်အားနည်းချက်ရှိနေပြီဖြစ်ကြောင်း ပြသပြီးဖြစ်သည်။ ထိုအချိန်တွင် အကြီးအကဲခြောက်ဖြစ်သည့် ခရမ်းရောင်သူတော်စင်ဟွမ်သည် သူ့ကိုရာထူးမှ နုတ်ထွက်စေရန် ပိုလွယ်ကူသွားမည်ဖြစ်သည်။
ထ်ိုအချိန်တွင် ရီရှောက်ဖန်က ပထမဆုံး စတင်လှုပ်ရှားခဲ့သည်။ စစ်စွမ်းအားသူတော်စင်က အကြီးအကဲတစ်ဆယ်၏နယ်မြေတွင် နောက်ထပ်လှုပ်ရှားလာသောအခါ စောင့်ဆိုင်းနေသောရီရှောက်ဖန်သည် စတင်လှုပ်ရှားလာ၏။
"ပင်လယ်နဂါးသူတော်စင်၊ ငါ မင်းကို မရှာခဲ့ပေမယ့် မင်းငါ့ကို လာရှာရဲတယ်။ မင်းသေချင်နေမှတော့ ငါက ဖြည့်ဆည်းပေးရတာပေါ့"
စစ်ကြောင်းတစ်ဖွဲ့သည် စစ်စွမ်းအားနယ်မြေမှနိုးထလာပြီး တိုက်ပွဲအခင်းအကျင်းတစ်ခုဖြစ်လာကာ ရီရှောက်ဖန်ကိုချိန်ရွယ်ထားသည်။ စစ်စွမ်းအားသူတော်စင်က ရီရှောက်ဖန်ကို အေးစက်စွာကြည့်နေ၏။ သူ့မျက်လုံးထဲတွင် ရီရှောင်ဖန်က ကြွက်တစ်ကောင်ထက်မပိုပေ။ ထိုသူ ပုန်းကွယ်နေခြင်းက ပိုကောင်းလိမ့်မည်ဖြစ်သော်လည်း ယခု သူ့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသေးသည်။
ရီရှောက်ဖန်၏ဖိုင်သည် သူ့စားပွဲပေါ်ရောက်နေခဲ့သည်မှာ ကြာပြီဖြစ်၏။ ၎င်းက အကြီးအကဲတစ်ဦးဖြစ်သော်လည်း အစောပိုင်းအဆင့် သူတော်စင်တစ်ဦးထက် မပိုပေ။ သူ၏အင်အားကလည်း မည်သို့ရှိနိုင်မည်နည်း။ သို့သော် နောက်အခိုက်အတန့်တွင် သူ့အတွေးများ ပြောင်းသွားသည်။
ချင်းယွင်ဓား၏စွမ်းအားဖြင့် အဆင့်တိုးမြှင့်ထားသည့် ဓားချီသည် စစ်စွမ်းအားသူတော်စင်၏ စစ်စွမ်းအားနယ်မြေကို တိုက်ထုတ်ကာ သူ့ကို မဆုတ်မနစ် လိုက်လံတိုက်ခိုက်နေခဲ့သည်။
စစ်စွမ်းအားသူတော်စင်သည် သူ့ရှေ့တွင်ဒိုင်းတစ်ခုဖွဲ့ရန် စကြဝဠာ၏စွမ်းအားကို ချက်ချင်းထုတ်လွှတ်လိုက်သည်။
သို့သော် ဓားချီသည် ဒိုင်းလွှားကို ထိုးဖောက်ဝင်ရောက်ပြီး စစ်စွမ်းအားသူတော်စင်ကိုထိမိသွား၏။ ၎င်း၏ ပါးစပ်ထောင့်စွန်းမှ သွေးများစီးကျလာသည်။ သူ့ခန္ဓာကိုယ်ကို သန့်စင်ရာ၌ ကျွမ်းကျင်ခြင်းကြောင့်သာ မဟုတ်လျှင် ဤထိုးနှက်မှုက သူ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေလိမ့်မည်။
စစ်စွမ်းအား သူတော်စင်က ရီရှောက်ဖန်ကို ထိတ်လန့်စွာ ကြည့်နေသည်။ အသစ်တက်လာသော သူတော်စင်သည် မည်မျှစွမ်းအားကြီးသနည်း။ ဤတိုက်ခိုက်မှာက နှောင်းပိုင်းသူတော်စင်များနှင့် တန်းတူနီးပါးဖြစ်သည်။
ရီရှောက်ဖန်သည် စစ်စွမ်းအားသူတော်စင်အပေါ် မဆုတ်မနစ်တိုက်ခိုက်မှုများကို ရပ်တန့်မည့်အရိပ်အယောင် မပေါ်ချေ။ စစ်စွမ်းအားသူတော်စင်သည် တောက်လျှောက်ခုခံနိုင်ရုံသာရှိကာ ရီရှောက်ဖန်ကို ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးကိုရှာနေသည်။
တစ်ဖက်တွင် တိုက်ပွဲကိုကြည့်နေသော အကြီးအကဲတစ်ဆယ်က ရီရှောက်ဖန်ကို ထိတ်လန့်စွာကြည့်နေသည်။ ရီရှောက်ဖန်က လှုပ်ရှားသောအခါ စစ်စွမ်းအားသူတော်စင်က သူ့ကို ပြင်းထန်စွာဒဏ်ရာရစေနိုင်မည် သို့မဟုတ် သတ်ပစ်နိုင်မည်ဟု မျှော်လင့်ခဲ့သည်။ ၎င်းသာထိုနေရာတွင် နှိုင်းယှဉ်ရန်မရှိခဲ့လျှင် သူ၏အောင်မြင်မှုများကလည်း ဆိုးရွားပုံမပေါ်ချေ။
အကယ်၍ရီရှောက်ဖန်သည် စစ်စွမ်းအားသူတော်စင်၏လက်ထဲ သေဆုံးနိုင်လျှင် အကောင်းဆုံးရလဒ်ဖြစ်လိမ့်မည်။ သို့သော်လည်း ယခုအခါတွင်ရီရှောက်ဖန်သည် စစ်စွမ်းအားသူတော်စင်၏ သတ်ဖြတ်ခြင်းကို မခံရရုံသာမက တိုက်ပွဲတွင်အနိုင်ရရန် အလားအလာလည်း ရှိနေပုံပေါ်သည်။
အကြီးအကဲတစ်ဆယ်၏နှလုံးသားထဲမှ စိတ်ပျက်အားငယ်မှုတစ်ခု တိုးလာသည်။ ရီရှောက်ဖန်က အဘယ်ကြောင့် ဤမျှအစွမ်းထက်သနည်း။ သူ၏လက်ရှိရာထူးကို ဆုပ်ကိုင်ထားနိင်ပါဦးမလား။ ရီရှောက်ဖန်၏ တိုက်ခိုက်ရေးစွမ်းအားနှင့် ပံ့ပိူးမှုများအရ
အကြီးအကဲတစ်ဆယ်၏နေရာ ကွယ်ပျောက်တော့မည်။
မဟာသူတော်စင်သွေးမျိုးဆက်။ ရီဖန်၏ ပုံရိပ်ယောင်သည် ရီရှောင်ဖန်၏နောက်တွင် ပေါ်လာသည်။ မဟာသူတော်စင်သွေးမျိုးဆက်နှင့်အတူ စစ်စွမ်းအားသူတော်စင်ကို တိုက်ခိုက်မှုက ပိုမိုပြင်းထန်လာသည်။
"ငါ သူ့ကို မထိန်းနိုင်တော့ဘူး!"
စစ်စွမ်းအားသူတော်စင်သည် ခါးသီးစွာခံစားခဲ့ရသည်။ မူလက အသာစီးရယူနေခြင်းမှ ခက်ခဲသောအလုပ်ဖြင့် အဆုံးသတ်ခဲ့သည်။ ဤသည်မှာ ကြီးမားသော ဘေးအန္တရာယ်တစ်ခုဖြစ်သည်။ ပိုအားကောင်းလာသည့် ရီရှောက်ဖန်ကိုရင်ဆိုင်ရသည့်အခါ သူ့ကိုယ်သူ ခုခံကာကွယ်ရန်ပင် ပိုခက်ခဲလာသည်။ သူ့အတွက် တစ်ခုတည်းသော နှစ်သိမ့်မှုမှာ ရီရှောက်ဖန်သည် အချိန်တိုအတွင်း သူ့ကိုမသတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ပိုမိုပြင်းထန်သော ဒဏ်ရာများကို ရရှိလာပြီးနောက် စစ်စွမ်းအားသူတော်စင်သည် တိုက်ခိုက်လိုစိတ် ပျောက်ဆုံးသွားခဲ့သည်။ နောက်ဆုံးတွင် ရီရှောက်ဖန်၏ နောက်တစ်ကြိမ်တိုက်ခိုက်ခြင်းခံခဲ့ရပြီးနောက် စစ်စွမ်းအားသူတော်စင်က ခေတ္တဆုတ်ခွာရန် ရွေးချယ်ခဲ့သည်။
နောက်တစ်ကြိမ်သူပြန်လာလျှင် ပင်လယ်နဂါးသူတော်စင်ကိုသတ်ရန် နှောင်းပိုင်းသူတော်စင်များကို တောင်းဆိုကာ အထက်လူကြီးများထံ သတင်းပို့ရမည်။ ရီရှောက်ဖန်၏ တိုးတက်မှုနှုန်းသည် မြန်ဆန်လွန်းသည်။ ဤနည်းအတိုင်းသာ ဆက်သွားပါက ၎င်းသည် သူတော်စင်အစည်းအရုံးအတွက် အမှန်တကယ် ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မည်။
စစ်စွမ်းအားသူတော်စင် ဆုတ်ခွာသွားပြီးနောက် ဝမ်ဟိုင်သူတော်စင်ဂိုဏ်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
………