အခန်း ၄၅၄-၄၅၆
Vol. 31 Ch. 454-456
အခန်း ၄၅၄ - မိသားစုလက်နက်တိုက် အဆင့်နှစ်ဆယ်
ရီရှောက်ဖန် သည် ယခုအခါ သူတော်စင်အစည်းအရုံးထဲတွင် အတော်အတန်နာမည်ကျော်ကြားနေသည်။ ၎င်းတို့ဘက်မှ စစ်စွမ်းအားသူတော်စင်သည် နှောင်းပိုင်းသူတော်စင်များထဲတွင် စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်အဖြစ် လူသိများသည်။ သို့သော်လည်း ယခုရီရှောက်ဖန်သည် စစ်စွမ်းအားသူတော်စင်ကို အနိုင်ယူလိုက်လေပြီ။
ဝမ်ဟိုင်းသူတော်စင်ဂိုဏ်းဘက်တွင် နှောင်းပိုင်းသူတော်စင်များဖြစ်ကြသည့် ထိပ်တန်းအကြီးအကဲငါးဦးမှလွဲ၍ ကျန်သူများသည် အလယ်အလတ်အဆင့်ရှိ သူတော်စင်အဆင့်များရှိသည်။ ၎င်းတို့အထဲ အသန်မာဆုံးအကြီးအကဲ ခြောက်ယောက်အတွင်းရှိ ကျစ်ဟန်အကြီးအကဲပင်လျှင် တဦးချင်းအခြေအနေ၌ စစ်စွမ်းအားသူတော်စင်နှင့် မယှဉ်နိုင်ပေ။
ပင်လယ်နဂါးသူတော်စင်က ၎င်းတို့ထက် ပိုအစွမ်းထက်သလား။ ဝမ်ဟိုင်းသူတော်စင်ဂိုဏ်းမှ ကျင့်ကြံသူအနေဖြင့် ဤကဲ့သို့စွမ်းအားရှင်တစ်ဦး ၎င်းတို့၏ဂိုဏ်းမှ ထွက်ပေါ်လာခြင်းသည် ဂုဏ်ယူစရာကိစ္စတစ်ခုဖြစ်သည်မှာ ထင်ရှား၏။ သိူ့သော် အကြီးအကဲတချို့၏ ခံစားချက်က သိပ်အဆင်မပြေတော့ပေ။
ထိပ်တန်းအကြီးအကဲငါးယောက်အတွက် ကောင်းပါသေးသည်။ ရီရှောက်ဖန်က ၎င်းတို့ကို ကျော်တက်ရန် အချိန်တစ်ခုလိုဦးမည်။ သို့သော် ၎င်းအဆင့်နောက်မှ အကြီးအကဲများတွင် ကျစ်ဟန်အကြီးအကဲမှလွဲ၍ အားလုံးရုပ်ဆိုးနေသည်။ မကြာသေးမီက ရာထူးတိုးခံရသော အငယ်တန်းတစ်ဦး၎င်းတို့ထက်သာလွန်သွားခြင်းက ၎င်းတို့အသက်များကို ဖြုန်းတီးသလိုခံစားရစေသည်။
အခြားတစ်ဖက်တွင်ဝမ်ဟိုင်းသူတော်စင်သည် စစ်စွမ်းအားသူတော်စင်ကို ချေမှုန်းလိုက်သည့်ရီရှောက်ဖန်၏သတင်းကို လျင်မြန်စွာရရှိခဲ့သည်။ ထိုသတင်းကိုရချိန်တွင် ပထမဆုံးတုံ့ပြန်မှုမှာ မယုံကြည်နိုင်ခြင်းဖြစ်သည်။ ရီရှောက်ဖန်၏အရည်အချင်းသည် သန်မာကြောင်း သူကောင်းစွာသိသော်လည်း ၎င်းကခိုင်မာသော ကျင့်ကြံမှုအဆင့်ကို မဆိုလိုချေ။
ရီရှောက်ဖန်သည် ယခု စစ်စွမ်းအားသူတော်စင်ကိုပင် အနိုင်ယူလိုက်ရာ ဤတိုးတက်မှုနှုန်းက အမှန်တကယ် မြန်ဆန်လွန်းလှသည်။ ၎င်းတို့ဘက်မှ ရီရှောက်ဖန်ကို ယခင်ကဲ့သို့ ဆက်ဆံ၍မရတော့ပေ။ လက်ရှိရီရှောက်ဖန်သည် သိသိသာသာကြီး ရင့်ကျက်လာပြီဖြစ်သည်။
"အကြီးအကဲတစ်ဆယ်က သူ့နယ်မြေကို မထိန်းနိုင်တော့တဲ့အတွက် အကြီးအကဲဆယ့်သုံးကိုပေးပြီး နယ်မြေတစ်ဝက်ကျော်ကို သိမ်းခွင့်ပေးလိုက်ပါ။ ပင်လယ်နဂါးသူတော်စင်ကို အကြီးအကဲတစ်ဆယ်အဖြစ် သတ်မှတ်ကြတာပေါ့"
"ပြီးရင် ပင်လယ်နဂါးသူတော်စင်ဦးဆောင်ပြီး ကင်းလှည့်အဖွဲ့တစ်ဖွဲ့ကို ထူထောင်လိုက်။ တစ်ယောက်ယောက်က သူ့ရဲ့ပံ့ပိုးကူညီမှုကိုလိုအပ်ရင် အရင်းအမြစ်အချို့ကိုပေးဆောင်ရမှာပဲ"
အကြီးအကဲရာထူးတိုးခြင်း၊ ကင်းလှည့်အဖွဲ့ဖွဲ့စည်းခြင်းက ကဏ္ဍတိုင်းတွင် ရီရှောက်ဖန်၏စွမ်းအားကို များစွာတိုးတက်စေသည်။ မကြာမီတွင် ဝမ်ဟိုင်းသူတော်စင်ဂိုဏ်း၏ ကျင့်ကြံသူများသည် ထိုသတင်းကိုကြားပြီး ရီရှောက်ဖန်၏စာရင်းထဲ ပါဝင်လာခဲ့ကြသည်။
ရီရှောက်ဖန်၏အနာဂတ်သည် ထူးထူးခြားခြားဖြစ်ကာ ယခုအခွင့်အရေးရှိနေချိန်တွင် ၎င်း၏လူစာရင်းထဲ ပါဝင်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။ ၎င်းတို့၏ အနာဂတ်သည် ပို၍အလားအလာကောင်းလာလိမ့်မည်။ ပါဝင်လိုသော တပည့်များအတွက် ရီရှောက်ဖန်သည် ၎င်းတို့ကိုစစ်ဆေးပြီး အဖွဲ့တစ်ခုကိုချက်ချင်းရွေးချယ်ခဲ့သည်။
သူနှင့်ပူးပေါင်းခဲ့သော ဤကျင့်ကြံရေးသမားများအတွက် ရီရှောက်ဖန်က အရင်းအမြစ်များကိုမတွန့်တိုဘဲ ကျင့်ကြံမှုအရင်းအမြစ်များကို တိုးမြှင့်ပေးသည်။ အကြောင်းအရင်းမှာရီရှောက်ဖန်နှင့် ရီမိသားစုမှ ကျင့်ကြံသူများသည် ဤအဆင့်နိမ့် ကျင့်ကြံမှုအရင်းအမြစ်များကို ဂရုမစိုက်သောကြောင့် ၎င်း၏လက်အောက်ငယ်သားများထံ ပေးဆောင်ခြင်းက ပိုမိုကောင်းမွန်ပါသည်။
ရီရှောက်ဖန်၏ ကျင့်ကြံသူများသည် ဝမ်ဟိုင်းသူတော်စင်ဂိုဏ်း၏ကျင့်ကြံသူများကို မနာလိုစိတ်ဖြင့် စိမ်းပုပ်သွားစေ၏။ အခြားအကြီးအကဲများလက်အောက်မှ တပည့်များပင်လျှင် ရီရှောက်ဖန်၏လက်အောက်သို့ ဝင်သင့်သလားဟူ၍ လျှို့ဝှက်ကြံစည်လာသည်။ ၀မ်ဟိုင်သူတော်စင်ဂိုဏ်းအတွင်းရှိ ရီရှောက်ဖန်၏ဂုဏ်သိက္ခာသည်လည်း အချိန်အတိုင်းအတာတစ်ခုအထိ အထွတ်အထိပ်သို့ရောက်ရှိခဲ့သည်။
တစ်ဖက်တွင် ရီဖန်သည် ပေထုန်သူတော်စင်နှစ်ဦးနှင့် တွေ့ဆုံနေသည်။ ကျုံးဖနမြို့၌ စုစုပေါင်းသူတော်စင် ခြောက်ဦးရှိကု ယခုအခါရီရှောက်ဖန်နှင့် အခြား နှစ်ယောက်သည် မြို့ထဲတွင် ရှိနေသည်။ ယနေ့ ရီဖန်နှင့်တွေ့ဆုံရန် ရောက်လာသည့် နှစ်ယောက်က ရီမိသားစု၏ လက်အောက်ခံများအဖြစ် ပါဝင်ချင်ကြသည်။ ဤကာလအတွင်း ၎င်းတို့၏ လေ့လာတွေ့ရှိချက်များအရ ရီမိသားစုသည် အလွန်ထူးကဲလွန်းကြောင်း သူတို့သိရှိလာခဲ့သည်။
၎င်းတို့နှစ်ဦးသည် အရင်းအနှီးများရယူရန် လုံလုံလောက်လောက်ကံကောင်းခဲ့ကြသောကြောင့် ၎င်းတို့၏ကျင့်ကြံမှုကို သူတော်စင်နယ်မြေသို့ရောက်ရှိအောင် တွန်းအားပေးခဲ့သည်။ သို့သော် ၎င်းတို့၏ အနာဂတ်လမ်းကြောင်းအတွက် လုံးဝယုံကြည်မှုကင်းမဲ့နေခဲ့၏။ နှစ်ပေါင်းများစွာ ကျင့်ကြံပြီး လက်ရှိအဆင့်တွင် နစ်မြုပ်နေရန် ၎င်းတို့ ဆန္ဒရှိပါ့မလား။
"မျိုးနွယ်စုခေါင်းဆောင်၊ ငါတကယ်တိုးတက်ချင်တာမို့ ငါ့ကိုပါဝင်ခွင့်ပြုပါ"
ပေထုန်သူတော်စင်က ရိုးသားစွာ တောင်းဆိုသည်။ ရီဖန်သည် အချိန်အတော်ကြာ တွေးတောဆင်ခြင်ပြီးနောက် မိသားစု လက်အောက်ခံအမှတ်အသားကိုထုတ်ယူလိုက်ရာ ၎င်းတို့နှစ်ဦးစလုံးသည် ကိုးဆယ်ကျော်အထိ သစ္စာစောင့်သိကြသည်ကို တွေ့ရှိခဲ့သည်။ ထို့ကြောင့် သူမငြင်းနိုင်တော့ပေ။
"မင်းတို့နှစ်ယောက်က အရမ်းစိတ်အားထက်သန်တဲ့အတွက် ငါငြင်းလို့မရဘူး"
"စနစ် မိသားစု လက်အောက်ခံတိုကင်ကို သုံးလိုက်"
"ရီမိသားစုနဲ့ပူးပေါင်းတာက မင်းတို့လုပ်ဖူးသမျှထဲမှာ အကောင်းဆုံးရွေးချယ်မှုပဲ"
ရီဖန်က ထိုသို့ပြောပြီး သူ့လက်ကိုဆန့်တန်းကာ တယောက်ချင်းစီ၏ မျက်ခုံးကြားကို ထိလိုက်သည်။ နောက်အခိုက်အတန့်တွင် ၎င်းတို့၏ စွမ်းရည်နှင့် ဉာဏ်အလင်းသည် လျင်မြန်စွာတိုးလာကြောင်း ခံစားရသည်။ သူတော်စင်နယ်မြေကိုရောက်ရှိနိုင်ခဲ့သည့် ၎င်းတို့၏ပင်ကိုယ်စွမ်းရည်နှင့် ဉာဏ်အလင်းကမဆိုးလှသော်လည်း၊ ယခုတွင် ၎င်းတို့၏ ဉာဏ်အလင်းနှင့် စွမ်းရည်တို့ အဆများစွာတိုးလာသည်ဟု ခံစားနေကြဆဲဖြစ်သည်။
မဟာသူတော်စင်နယ်မြေ၏ စွမ်းရည်နှင့် ဉာဏ်အလင်းသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှ၏။ ခဏအကြာတွင် အဆင့်မြှင့်တင်မှု ပြီးသွားသည်။ ၎င်းတို့ နှစ်ယောက်စလုံးကမှာ မျက်ရည်ကျလုနီးနီးဖြစ်ခဲ့သည်။ ၎င်းက ကျောထောက်နောက်ခံရှိရသည့် ခံစားချက်ဖြစ်မည်။
ရီမိသားစုတွင်ပါဝင်ရုံဖြင့် ၎င်းတို့သည် ဤမျှကြီးမားသောအကျိုးကျေးဇူးများကို ရရှိခဲ့သည်။ အကယ်၍ ၎င်းတို့တွင် အစောတည်းက ဤအရည်အချင်းမျိုးရှိခဲ့လျှင် မဟာသူတော်စင်အဆင့် စွမ်းအားကြီးပုဂ္ဂိုလ်များ ဖြစ်နေပြီးဖြစ်သည်။
၎င်းတို့သည် နှစ်ရာနှင့်ချီ၍ ဖြုန်းတီးခဲ့မိကြသောကြောင့် အမှန်တကယ်သေရန်သာ ထိုက်တန်သည်။ ယခုအချိန်တွင် ရီမိသားစုထဲသို့ ဝင်ရောက်ခြင်းက ၎င်းတို့ဘဝတွင် အမှန်ကန်ဆုံးအရာဖြစ်ကြောင်း သေချာပေါက် သိလာခဲ့သည်။
"မျိုးနွယ်စုခေါင်းဆောင် ကျုံးဖန်မြို့က တခြားသူတော်စင်သုံးယောက် ပြန်လာတဲ့အခါ မင်းကို ဒုက္ခပေးလိမ့်မယ် ထင်တယ်"
ပေထုန်သူတော်စင်က ၎င်းတို့၏ အတိတ်အတွေ့အကြုံများကို မျှဝေခဲ့သည်။
၎င်းတို့ဖြတ်ကျော်ပြီးချိန်တွင် ကျုံးဖန်မြို့တွင် တစ်ချိန်ကအသန်မာဆုံးလူဖြစ်သည့် အရှေ့ပင်လယ်သူတော်စင်က ၎င်းတို့ကိုပစ်မှတ်ထားခဲ့သည်။ အကယ်၍ ၎င်းတို့ကသာ မပူးပေါင်းခဲ့လျှင် အလွန်ဒုက္ခရောက်ခဲ့ရလိမ့်မည်။
သို့တိုင် ၎င်းတို့သည် ထိုသူတော်စင်၏လက်တွင် အနည်းငယ် ဒုက္ခရောက်ခဲ့ကြသေးသည်။
အရှေ့ပင်လယ်သူတော်စင်သည် ကျုံးဖန်မြို့ကို ထိန်းချုပ်လိုသော အစွဲအလမ်းလဲရှိ၏။ ထို့အပြင် ၎င်းက နေတစ်ပိုင်းသူတော်စင်နှင့် ဆက်ဆံရေးကောင်းမွန်သောကြောင့် ရီဖန်က နေတစ်ပိုင်းသူတော်စင်ကို နှင်ထုတ်လိုက်ကြောင်း သူသိခဲ့လျှင် ၎င်းကိုလွှတ်ထားမည်မဟုတ်သည်မှာ သေချာသည်။
သို့သော် ရီဖန်က စိတ်မပူချေ။ ကျုံးဖန်မြို့၏ ခေါင်းဆောင်ပိုင်းပြောင်းလဲရန် အချိန်ရောက်ပြီဖြစ်သည်။ ပျက်ဆီးခြင်းအရင်းမြစ်ပုလဲသည် ရီဖန် အလွန်လိုအပ်သော ရတနာတစ်ခုဖြစ်သည်။ ထို့ကြောင့် ရီဖန်သည် ကျုံးဖန်မြို့ကို စွန့်လွှတ်မည်မဟုတ်ပေ။
နှောင်းပိုင်း သူတော်စင်အဆင့်ကျင့်ကြံမှု၏ တိုက်ပွဲစွမ်းအားသည် သူ့အတွက် မလုံလောက်ဟု ထင်ရသည်။ သူ၏ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ရန် လိုအပ်သေး၏။ အဆင့်မြှင့်တင်ရန် အကောင်းဆုံးနည်းလမ်းမှာ ရီမိသားစုအတွက် သူတော်စင်အဆင့်နည်းစနစ်များ ပိုမိုကျင့်ကြံရန်ဖြစ်သည်။
"အခုနောက်ပိုင်းမှာ ပျက်ဆီးခြင်းနတ်မွန်းစတားတွေရဲ့ အချက်အလက်တွေကို ရှာဖွေဖို့ အကောင်းဆုံးကြိုးစားပါ။ ပျက်ဆီးခြင်းအရင်းမြစ် ပုတီးစေ့တွေ အများကြီးလိုတယ်"
ပျက်ဆီးခြင်းအရင်းမြစ်ပုတီးစေ့များ အလုံအလောက်ရှိနေသ၍ သူတော်စင်အဆင့် ကျင့်ကြံသူအများအပြားကို ကျင့်ကြံရန် လွယ်ကူမည်ဖြစ်သည်။ ယခုအခါတွင် ရီကျင်းထျန်၊ ရီကျင်းဟိုင်၊ ရီရှောင်းရှောင်းနှင့် အခြားသူများ သည် သူတော်စင်တစ်ပိုင်းအဆင့်ထိ ကျင့်ကြံမှု အောင်မြင်ပြီးဖြစ်သည်။ အကယ်၍ ၎င်းတို့တွင် ပျက်ဆီးခြင်းအရင်းမြစ် ပုတီးစေ့များ အလုံအလောက်ရှိပါက၊ ၎င်းတို့သည် သူတော်စင်အဆင့်သို့ လျင်မြန်စွာဖြတ်ကျော်နိုင်မည်ဖြစ်သည်။
ဤအချိန်တွင် ရီဖန်၏ကျင့်ကြံမှုအဆင့်သည်လည်း လျင်မြန်စွာ တိုးလာနိုင်သည်။ တစ်ဆို့နေသော နယ်ပယ်တစ်ခုကို ဖြတ်ကျော်ရန်နှေးကွေးသော်လည်း သေးငယ်သောနယ်ပယ်များကို ဖြတ်ကျော်ရသည်မှာ လျင်မြန်သည်။ ပေထုန်သူတော်စင်တို့သည် ရီဖန်အတွက် ပျက်ဆီးခြင်းနတ်မွန်းစတား၏ခြေရာများကို ရှာဖွေရန် ထပ်မံထွက်ခွာခဲ့ကြသည်။
ဤအတောအတွင်း ရီဖန်သည် ရီမိသားစု၏ ဆေးပညာရှင်များကိုကျင့်ကြံရန် ကြိုးပမ်းအားထုတ်မှု စတင်ခဲ့သည်။ သူသည် မဟာသူတော်စင်အဆင့်သို့ရောက်သည်နှင့်၊ သူတော်စင်၏ကျင့်ကြံမှုအဆင့်ကို လျင်မြန်စွာမြှင့်တင်ပေးနိုင်သည့် ဆေးလုံးကိုဖန်တီးနိုင်မည်ဖြစ်သည်။ ထိုအချိန်တွင် ရီမိသားစု၏ကျင့်ကြံသူများသည် ၎င်းတို့၏ကျင့်ကြံမှုတွင် အရှိန်တဟုန်ထိုး တိုးတက်လာလိမ့်မည်။ ရီမိသားစုတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုမှာ လမ်းကြောင်းမှန်ပေါ် ရောက်နေသည်။
အနှစ်တစ်ရာကြာသောအခါ ရီမိသားစု၏ ဆေးပညာသည် မကျော်ဖြတ်ရသေးပေ။ ၎င်းအစား ရီဖန်သည် ပျက်ဆီးခြင်းအထွတ်အထိပ်ကျမ်း၏ သူတော်စင်အဆင့်အပိုင်းကို ပထမဆုံးရရှိသူဖြစ်သည်။
"ရေရှည်တာဝန်ကို အောင်မြင်စွာ ပြီးမြောက်စေခဲတဲ့ သခင့်ကို ဂုဏ်ယူပါတယ်။ မိသားစုလက်နက်တိုက် အဆင့်နှစ်ဆယ်ကို ပြီးဆုံးသွားလို့ ဆုထုတ်ယူရန်အသင့်ဖြစ်ပါပြီ"
ရီဖန်သည် ဤဆုလာဘ်ကို စောင့်မျှော်နေ၏။ သူ၏ အရည်အချင်းကိုလည်း အဆင့်မြှင့်တင်ရန် လိုပါသေးသည်။
"စနစ်၊ ဆုထုတ်လိုက်တော့"
“မိသားစုကဒ်မှ စစ်မှန်သောနတ်ဘုရားနယ်မြေစွမ်းရည်ဆုကို ရရှိသည့်အတွက် သခင့်ကိုဂုဏ်ယူပါတယ်”
ဆိုတော့ မဟာသူတော်စင်အဆင့်နောက်တွင် စစ်မှန်သောနတ်ဘုရားရှိနေသလား။
"စနစ်၊ ကဒ်ကိုတင်လိုက်တော့"
နောက်အခိုက်အတန့်တွင် ရီမိသားစုကျင့်ကြံသူအားလုံး ဉာဏ်အလင်းရသွားကြသည်။ အထူးသဖြင့် ရီရှောင်းရှောင်းကဲ့သို့သော သူတော်စင်တစ်ပိုင်းကျင့်ကြံသူများသည် ၎င်းတို့၏ ကျင့်ကြံမှုအမြန်နှုန်း ဆယ်ဆကျော်တိုးလာသည်ဟု ချက်ချင်းခံစားခဲ့ရသည်။
လက်ရှိကျင့်ကြံမှုအရှိန်အရ အထူးအရင်းအမြစ်များမရှိလျှင်ပင် ထောင်စုနှစ်တစ်ခုအတွင်း သူတော်စင်အဆင့်သို့ ဖြတ်ကျော်နိုင်မည်ဖြစ်သည်။ စစ်မှန်သောနတ်ဘုရား၏ စွမ်းရည်က အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသည်။
စစ်မှန်သောနတ်ဘုရားနယ်ပယ်တွင် ကျင့်ကြံခြင်းစွမ်းရည်ကပင် ကြောက်စရာကောင်းနေပြီဆိုလျှင် စစ်မှန်သောနတ်ဘုရားနယ်မြေရှိ ဉာဏ်အလင်းနှင့်သွေးမျိုးဆက်က မည်မျှထိတ်လန့်စရာဖြစ်မည်နည်း။ ရီဖန်က ၎င်းတို့ကို စောင့်မျှော်နေသည်။ မိသားစုစွမ်းအားရှင် တာဝန်အတွက်လည်း မကြာခင် ပြီးမြောက်နိုင်စေတော့မည် မဟုတ်လား။
ဤသို့ဖြင့် ရီမိသားစု၏အရှိန်အဟုန်သည် တဖန်တိုးလာခဲ့ပြန်သည်။
……..
အခန်း ၄၅၅ - လူသတ်ရန်ရည်ရွယ်သည့် စားပွဲ၊ ဒီစားပွဲက မင်းအတွက်ပဲ
ရီမိသားစု၏ကျင့်ကြံသူများသည် ၎င်းတို့၏ ကျင့်ကြံမှုအရှိန်ကို မြှင့်တင်နေကြချိန်တွင် အထက်နယ်မြေရှိ ရီရှောက်ဖန်သည်လည်း ချွင်းချက်မရှိပေ။ထို့ကြောင့် အောင်မြင်မှုရရှိရန် အချိန်တန်လေပြီ။ ၎င်းတို့သည် အောင်မြင်မှုရရှိရန်အတွက် ရီဖန်ထံမှ ဆေးလုံးများကို စောင့်ဆိုင်းနေကြသည်။
မဟာသူတော်စင်အဆင့် ဆေးပညာသည် ဆေးလုံးအမျိုးမျိုးကို ဖန်တီးနိုင်စွမ်းရှိသည်။
၎င်းတို့တစ်ခုချင်းစီတိုင်းကလည်း အလွန်အသုံးဝင်၏၊။ ၎င်းတို့ထဲမှ နတ်နယ်မြေအဆင့် စစ်သည်များအတွက် အသင့်တော်ဆုံးဆေးလုံးကို တက်လှမ်းခြင်းဆာဂျီဆေးလုံးဟုခေါ်သည်။
တက်လှမ်းခြင်းဆာဂျီဆေးလုံးသည် နတ်နယ်မြေစစ်သည်တော်အတွက် အနှစ်တစ်ရာကျင့်ကြံမှုနှင့် ညီမျှသည်။ နတ်နယ်မြေ၏ အလယ်အလတ်နှင့် နှောင်းပိုင်းအဆင့် စစ်သည်များအတွက်ပင် ၎င်းက သိသာထင်ရှားသော အကျိုးသက်ရောက်မှုများရှိသည်။
ဆေးလုံး ၏အာနိသင်ကြောင့် လိုအပ်သောပစ္စည်းများသည်လည်းအလွန်အဖိုးတန်သည်။ ၎င်းတို့အနက် အရှားပါးဆုံး အဓိကပါဝင်ပစ္စည်းမှာ အင်မော်တယ်မြက်ပင်ဖြစ်သည်။ ရီဖန်သည် ၎င်းအတွက် ပေထုန်နှင့် ကာရံညီတိမ်တိုက်သူတော်စင်တို့ကိုသာ အကူအညီတောင်းနိုင်သည်။
အကယ်၍ ၎င်းတို့သာ ပန်ကုစကြဝဠာတွင်ရှိနေပါက၊ ရီဖန်သည် တက်လှမ်းခြင်းဆာဂျီဆေးလုံးအတွက် လိုအပ်သော ပစ္စည်းများအားလုံးကို ရရှိနိုင်မည်လား မသေချာသော်လည်း၊ ကျုံးဖန်မြို့တွင် မရှိလျှင်ပင် ပျက်ဆီးခြင်းပင်လယ်၏ တခြားတစ်နေရာတွင် သေချာပေါက်ရှိသည်။ ကျုံးဖန်မြို့ပတ်ဝန်းကျင်တွင် မြို့ကိုးမြို့ရှိကာ ၎င်းတို့အားလုံးတွင် အင်မော်တယ်မြက်ပင်မရှိဟု ရီဖန်မယုံခဲ့ပေ။ အင်မော်တယ်မြက်ကို မဟာသူတော်စင်အဆင့် ဆေးလုံးအများအပြားတွင် အသုံးပြုလေ့ရှိသည်။
"မျိုးနွယ်စုခေါင်းဆောင် ငါတို့ကျုံးဖန်မြို့မှာ တကယ်ပဲ အင်မော်တယ်မြက်တွေရှိတယ်။"
ကျုံးဖန်မြို့တွင် အင်မော်တယ်မြက်များရှိသော်လည်း ကျုံးဖန်မြို့၏ထိပ်တန်းစစ်သည်ဟောင်းဖြစ်သည့် အရှေ့ပင်လယ်သူတော်စင်က ချုပ်ကိုင်ထားသည်။ အရှေ့ပင်လယ်သူတော်စင်ထံတွင် အဖိုးတန်ဆေးဖက်ဝင်အပင်များစွာပါဝင်သော ဆေးဖက်ဝင်အပင်ဥယျာဉ်တစ်ခုရှိသည်။ ပေထုန်ကဲ့သို့သောသူများနှင့် နှိုင်းယှဉ်ပါက အရှေ့ပင်လယ်သူတော်စင်သည် အရင်းအမြစ်များပိုမိုရရှိသည်မှာ သိသာထင်ရှား၏။
ဤသူတော်စင်အဆင့် အင်မော်တယ်မြက်များကို ဆေးပညာရှင်များထံမှ ဆေးလုံးအရင်းအမြစ်များနှင့် လဲလှယ်နိုင်သည်။ သန့်စင်ထားသော ဆေးလုံးများ၏ အာနိသင်များသည် ကျင့်ကြံရန်အတွက် မူလပျက်ဆီးခြင်းပုတီးစေ့များကို အသုံးပြုခြင်းထက် ပိုမိုကောင်းမွန်သည်။ ပေထုန်ကဲ့သို့သော သူတော်စင်များသည် သင့်လျော်သောဆေးလုံးများကို မရရှိနိုင်သောကြောင့် ကျင့်ကြံရန်အတွက် ပျက်ဆီးခြင်းပုတီးစေ့များကိုသာ အသုံးပြုနိုင်သည်။
“အဖေ၊ အရှေ့ပင်လယ်သူတော်စင်က သူ့ပွဲလာတက်ဖို့ ဖိတ်စာပို့လိုက်တယ်”
ထိုအချိန်တွင် ပေထုန်သူတော်စင်တို့နှစ်ဦးစလုံးသည်လည်း အရှေ့ပင်လယ်သူတော်စင်၏ ဖိတ်ကြားချက်ကို လက်ခံရရှိကြောင်း ၎င်းတို့၏နောက်လိုက်များထံမှ ကြားရသည့်အခါ အံ့အားသင့်ခဲ့ကြသည်။ အရှေ့ပင်လယ်သူတော်စင်၏ ဖိတ်ကြားချက်တွင် ၎င်းတို့ ပါဝင်ကြောင်း ထင်ရှား၏။
၎င်းက လူသတ်ရန်ရည်ရွယ်သည့် စားပွဲတစ်ခု မဟုတ်လား။ သို့သော်လည်း ရီဖန်သည် ဤအရှေ့ပင်လယ်သူတော်စင်ကို တွေ့ဆုံရန် စိတ်ဝင်စားခဲ့သည်။ ၎င်းထံတွင် ယုတ်ညံ့သော ရည်ရွယ်ချက်များရှိပါက ရီဖန်သည် တိုက်ရိုက်အရေးယူရန် အသင့်ဖြစ်နေပြီဖြစ်သည်။
အင်မော်တယ်မြက်ကို အခမဲ့ရယူနိုင်မည့်အခွင့်အရေးက ရီဖန်အတွက် အတော်လေးဆွဲဆောင်မှုဖြစ်နေသည်။
"အဲဒါဆို အတူတူသွားရအောင်!"
ဤအရှေ့ပင်လယ်သူတော်စင်သည် ပေထုန်တို့နှစ်ဦး ရီိမိသားစုနှင့်လက်တွဲခဲ့ကြောင်း သိပုံမရသေးပေ။ သို့မဟုတ်ပါက ၎င်းတို့အတွက်ဖိတ်စာသုံးစောင်ပို့နေမည်မဟုတ်။
အရှေ့ပင်လယ်သူတော်စင်၏ နေအိမ်အတွင်း၌ အခြားသောသူတော်စင်နှစ်ဦးလည်း သူ့ဘေးတွင် ရှိနေသည်။
"အရှေ့ပင်လယ်သူတော်စင်၊ နေတစ်ပိုင်းသူတော်စင်ကို မောင်းထုတ်လိုက်တဲ့ ရီမိသားစုရဲ့ သူတော်စင်ရောက်လာပါပြီ”
နေတစ်ပိုင်းသူတော်စင်သည် ၎င်းနှင့်ဆက်စပ်မှုရှိသည်ကို လူတိုင်းသိကြသည်။ သို့သော် အားကြီးသော အရှေ့ပင်လယ်သူတော်စင်သည် အစောပိုင်းအဆင့်မှ နေတစ်ပိုင်းသူတော်စင်ကိုအဘယ်ကြောင့် အလွန်တန်ဖိုးထားမှန်း ၎င်းတို့မသိခဲ့ကြပေ။
"အဲဒီ အစုတ်အပြတ်နေတစ်ပိုင်းသူတော်စင်က အမေကောင်းတစ်ယောက်တော့ရှိတယ်လေ။ ရီဖန်က နေမင်းမဟာသူတော်စင်မိသားစုကို စော်ကားတဲ့အတွက် ငါဝင်ရမှာပေါ့"
နေမင်းမဟာသူတော်စင်သည် ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင် ကျော်ကြားသော စွမ်းအားရှင်ဖြစ်သည်။ ၎င်းက သူတော်စင်တစ်ဦးဖြစ်သည့် သားဖြစ်သူ နေတစ်ပိုင်းသူတော်စင်ကိုပင် ဂရုမစိုက်ပေ။ သိူ့သော် သူ၏လုပ်ရပ်က နေမင်းမဟာသူတော်စင်ကို အထင်ကြီးစေနိုင်လျှင် ၎င်းကလုံးဝကို ထိုက်တန်သည်။
"အဲ့ဒီ ရီမိသားစုရဲ့ သူတော်စင်က သူ့နေရာသူသိရင် ငါ သူ့ကိုအခွင့်အရေးပေးနိုင်ပေမယ့်၊ မသိရင်တော့ သူနဲ့ အဲဒီပေထုန်တို့နှစ်ယောက် ရှိနေဖို့မလိုအပ်တော့ဘူး"
"ကျုံးဖန်မြို့က သူတို့ယူဆောင်လာတဲ့ မတည်မငြိမ်အဖြစ်တွေ မဟုတ်ဘဲ တည်ငြိမ်မှုပဲလိုတယ်"
သူက ပေထုန်သူတော်စင်ကိုဆန့်ကျင်ရန် စီစဉ်နေသလား။ အရှေ့ပင်လယ်သူတော်စင်သည် လုံးဝသေချာမှုမရှိဘဲ ထိုသို့ပြောမည်မဟုတ်ချေ။ ၎င်းတို့မျက်နှာပေါ်မှ သံသယကိုမြင်လိုက်ရချိန်တွင် အရှေ့ပင်လယ်သူတော်စင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
“မှန်တယ်။ ငါ သေးငယ်တဲ့အောင်မြင်မှုတစ်ခုကို ပြုလုပ်ခဲ့ပြီး အခု သူတော်စင်အထွတ်အထိပ်အဆင့်ကို ရောက်နေပြီ"
အထွတ်အထိပ်အဆင့်ရှိ နှောင်းပိုင်းသူတော်စင်တစ်ဦးအနေဖြင့် သူသည် ပတ်ဝန်းကျင်မြို့ကိုးမြို့တို့တွင်ပင် စွမ်းအားအပြင်းထန်ဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
သူတော်စင်နှစ်ပါးသည်လည်း အလွန်ဝမ်းမြောက် ဝမ်းသာဖြစ်ခဲ့ကြသည်။ အရှေ့ပင်လယ်သူတော်စင် အောင်မြင်ပြီးနောက် ကျုံးဖန်မြို့တော်ကို သိမ်းပိုက်နိုင်ခဲ့လျှက် ၎င်းအတွက်လည်း များစွာအကျိုးရှိမည်မှာ သေချာပါသည်။ ၎င်းတို့ကိုယ်တိုင် နှောင်းပိုင်း သူတော်စင်အဆင့်သို့ရောက်ရန်ပင် အခွင့်အရေးရှိကောင်းရှိနိုင်သည်။
"ရီမိသားစုသူတော်စင် ရောက်လာပါပြီ!"
“ပေထုံသူတော်စင်ရောက်ပါပြီ!"
"ကာရံညီတိမ်တိုက်သူတော်စင် ရောက်ပါပြီ!"
သူတော်စင်သုံးယောက် တစ်ပြိုင်နက်ရောက်သည်။ ၎င်းတို့ကိုကြိုဆိုရန် အဆင့်နိမ့်သူတော်စင်တစ်ပိုင်းသာ စေလွှတ်ခြင်းဖြင့် အရှေ့ပင်လယ်သူတော်စင်သည် ရီဖန်နှင့်အခြားသူများကို အာဏာပြရန်ကြိုးစားနေသည်မှာ ထင်ရှား၏။
"ဒီနေရာပဲ၊ ဝင်သွား!"
သူတော်စင်တစ်ပိုင်းသည် ရီဖန်နှင့် အခြားသူများကို ခမ်းနားကြီးကျယ်သော ခန်းမရှေ့သို့ ပို့ဆောင်ခဲ့သည်။ ၎င်းက သူတို့သုံးယောက်ကို စိတ်မရှည်စွာပြောလိုက်သည်။
ပေထုန်သူတော်စင်နှင့် ကာရံညီတိမ်တိုက်သူတော်စင်တို့မှာ ချက်ချင်းပင် ဒေါသထွက်သွားကြသည်။ သူတော်စင်တစ်ပိုင်းတစ်ဦးက ၎င်းတို့ကို ထိုကဲ့သို့ ပြောဆိုဝံ့သည်။ တစ်ဖက်တွင် ရီဖန်သည် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိသေး၏။
"သေမှာမကြောက်ဘူးလား"
ရီဖန်က တိုးညှင်းစွာမေးလိုက်သည်။
"ဘာကိုဆိုလိုတာလဲ"
သူတော်စင်တစ်ပိုင်းသည် အံ့အားသင့်သွားသည်။ ဤသည်မှာ အရှေ့ပင်လယ်သူတော်စင်၏ နယ်မြေဖြစ်သည်၊ သို့သော် သူ့ကို သေခြင်းတရားကို ကြောက်ရွံ့သလားဟုပင် မေးဝံ့သေး၏။
"အိုး၊ မင်းသေရမှာ မကြောက်ဘူးထင်တယ်၊ အေးပေါ့ မကြာခင်ပြီးသွားလိမ့်မယ်!"
သူက လက်ကိုဆန့်ထုတ်ပြီး ပေါ့ပေါ့ပါးပါး နှိပ်လိုက်ရာ သူတော်စင်တစ်ပိုင်း၏ စိတ်ဝိညာဉ်သည် ကိုယ်ခန္ဓာမှ ချက်ချင်းဖယ်ရှားခံခဲ့ရသည်။ ရီဖန်၏ပေါ့ပေါ့ပါးပါးလုပ်ရပ်က အရှေ့ပင်လယ်သူတော်စင်၏မျက်နှာကို ဖြတ်ရိုက်လိုက်သလိုဖြစ်သောကြောင့် ပေထုံသူတော်စင်တို့ကို အံ့သြသွားစေသည်။
မျိုးနွယ်စုခေါင်းဆောင်ကတော့ မျိုးနွယ်စုခေါင်းဆောင်ဖြစ်၏။ ကြမ်းတမ်းသောစကားများကို သူစိတ်မ၀င်စားဘဲ ချက်ချင်းလက်ငင်း လှုပ်ရှားလိုက်သည်။
………
အခန်း ၄၅၆ - လူသတ်ရန်ရည်ရွယ်သည့် စားပွဲ၊ ဒီစားပွဲက မင်းအတွက်ပဲ
အကယ်၍ ၎င်းတို့သာဆိုလျှင် အရှေ့ ပင်လယ်သူတော်စင်ကို စဉ်းစားရလိမ့်မည်ဖြစ်သော်လည်း ရီဖန်က မည်သူ့မျက်နှာကိုမှ ဂရုမစိုက်ချေ။ ရီဖန်သည် သူတော်စင်တစ်ပိုင်းကို သတ်လိုက်ခြင်းက အတွင်းဘက်ရှိ သူတော်စင်သုံးဦးထံမှ မလွတ်မြောက်နိုင်ပေ။
ပွဲကောင်းတစ်ခုကို မျှော်လင့်စောင့်စားနေသော သူတော်စင်သုံးဦးသည် ရုတ်တရက်မျက်နှာကို ထိန်းထားနိုင်ခြင်းမရှိပေ။ ၎င်းတို့က သူတော်စင်တစ်ပိုင်းကို သတ်လိုက်ခြင်းဖြစ်သော်လည်း သူတို့၏မျက်နှာကို ဖြတ်ရိုက်ရာကျသည်။ ရီဖန်သည် တံခါးကိုတွန်းဖွင့်လိုက်ပြီး ဝင်လာခဲ့၏။
၎င်းက စားပွဲဝိုင်းဆိုသော်လည်း တည််ခင်းထားသော ဟင်းများက အလွန်ကောင်းသည်။ ရီဖန်သည် ထိုင်ခုံတစ်ခုတွင် ကောက်ထိုင်လိုက်ကာ မက်မွန်သီးနှင့်တူသော နတ်သစ်သီးတစ်လုံးကို ကောက်ကိုင်ပြီး ကိုက်လိုက်သည်။ ၎င်းကအရသာ အလွန်ကောင်း၏။ သိသာထင်ရှားသော အကျိုးသက်ရောက်မှုမရှိသော်လည်း၊ အရသာအားဖြင့် ရီဖန် ကိုအထင်ကြီးစေလောက်အောင်ဖြစ်သည်။
ရီဖန်၏ကျင့်ကြံမှုအဆင့် လျင်မြန်စွာမြင့်တက်လာသော်လည်း ရီမိသားစု၏ ဖွံ့ဖြိုးတိုးတက်မှုကလည်း မြန်ဆန်သည်။ သို့သော် နောက်ဆုံးတွင် ၎င်း၏နေ့စဉ်ဘဝက နက်နဲမှုကင်းမဲ့နေကာ နက်နဲသော နောက်ခံသမိုင်းကြောင်းရှိသည့် ဤရှေးဟောင်း သူတော်စင်များနှင့်မတူချေ။
ပြန်သွားပြီးနောက်တွင် သူသည် အရာအားလုံး ပိုမိုကြီးကျယ်ခမ်းနားစေရန်အတွက် စုယန်ကိုတောင်းဆိုထားရမည်။ တစ်သက်လုံး အလုပ်ကြိုးစားရင်း၊ အရှေ့အနောက်ကို တိုက်ခိုက်ရင်း၊ မျိုးနွယ်စုအတွက် နှစ်ပေါင်းများစွာ အလုပ်ရှုပ်နေခဲ့ရပြီးနောက် သူ့ကိုယ်သူ အနည်းငယ်ပျော်ရွှင်စေခြင်းက မှားပုံမပေါ်ချေ။
ရီဖန်၏မောက်မာသောသဘောထားကိုမြင်ပြီးနောက် မူလကချက်ချင်းစတင်ရန်စီစဉ်ခဲ့သော အရှေ့ပင်လယ်သူတော်စင်သည် မလှုပ်နိုင်ပေ။ အရွက်တစ်ထောင်သူတော်စင်က သူ့ကိုမကြောက်မှန်း သိသာသည်။ သူ့ကိုပင် အထင်သေးနေပုံရ၏။ ဤကဲ့သို့ မာနထောင်လွှားသော သူတော်စင်သည် နှောင်းပိုင်းသူတော်စင်အဆင့်ဖြစ်သည့် သူ့ကို လျစ်လျူရှုထားနိုင်သည့် အထင်ကြီးစရာကောင်းသော နောက်ခံများရှိနေနိုင်သလား။
ဒုတိယမျိုးဆက်များသည် နေရာတိုင်းတွင် ပေါများသည်။ ဥပမာအားဖြင့် သူတော်စင်အဆင့် စွမ်းအားရှင်များတွင် မရေမတွက်နိုင်သော သား၊ မြေးများရှိသည်။ ၎င်းတို့ကိုတန်ဖိုးမထားလျှင်ပင် အထောက်အထားများ ရှိနေဆဲဖြစ်သည်။ ၎င်းတို့က ကိုယ့်လူမျိုးကိုယ် လျစ်လျူရှုနိုင်သော်လည်း တခြားသူများကို အနိုင်ကျင့်ခွင့်မပေးပေ။
သို့သော် ပျက်ဆီးခြင်းပင်လယ်တွင် ရီမျိုးနွယ်စုဟု အမည်ပေးထားသော မဟာသူတော်စင်မရှိချေ။ သူနောက်ထပ်စောင့်ကြည့်ရန် လိုသေးသည်။ အရှေ့ပင်လယ်သူတော်စင်၏မျက်နှာကို မြင်လိုက်ရသည့်အခါ ရီဖန်သည် သူ့အတွေးကို ချက်ချင်းနားလည်သွားသည်။ ၎င်းက ချီတုံချတုံနှင့် သတိကြီးကြီးထားနေရာ၊ ကြီးမြတ်သောအရာများကို မည်သို့ပြီးမြောက်နိုင်မည်နည်း။
ရီဖန်ဆိုလျှင် မဟာသူတော်စင်၏သားစဉ်မြေးဆက်များကိုမဆိုထားနှင့် စစ်မှန်သောနတ်ဘုရား၏သားမြေးများပင်ဖြစ်လျှင်ပင် ရပ်တန့်မည်မဟုတ်။ စစ်မှန်သောနတ်ဘုရား၏သားမြေးများဖြစ်ခဲ့လျှင်တော့ ၎င်းကိုစဉ်းစားရဦးမည်ဖြစ်သော်လည်း မဟာသူတော်စင်ကြီး၏သားမြေးများကို ကျိန်းသေတိုက်ခိုက်မည်ဖြစ်သည်။
"စဉ်းစားမနေနဲ့၊ ငါ့မှာ နောက်ခံမရှိဘူး၊ ဒီအတိုင်းကို မာနကြီးနေတာလေ"
ရီဖန်က ပြုံးပြုံးကြီးပြောလိုက်သည်။ အရှေ့ပင်လယ်သူတော်စင်က ၎င်းကိုကြောက်နေလျှင် ပျော်စရာကောင်းမည် မဟုတ်ပေ။
အရှေ့ပင်လယ်သူတော်စင်၏မျက်လုံးထဲတွင် ရီဖန်၏အပြုံးက သူ့ကိုလှောင်ပြောင်နေ၏။ သူ့မျက်နှာက ချက်ချင်းမည်းသွားသည်။
ဤအခြေအနေတွင်မှ မလှုပ်ရှားလျှင် သူသည် အနာဂတ်တွင် ယုံကြည်ကိုးစားမှုအားလုံးကို ဆုံးရှုံးရမည်ဖြစ်ကာ ကျိန်းသေဟာသဖြစ်သွားလိမ့်မည်။
"အရွက်တစ်ထောင်၊ မင်းငါ့ကို နှိုးဆော်ရဲတဲ့ သတ္တိ ဘယ်မှာရခဲ့လဲ ငါမသိဘူး၊ ဒါပေမယ့် ဒီနေ့ မင်း ဒီလောကထဲကို ရောက်လာတဲ့အတွက် နောင်တရစေရမယ်!"
နှောင်းပိုင်း သူတော်စင်အဆင့်၏ အထွတ်အထိပ်စွမ်းအားသည် ချက်ချင်းပေါက်ကွဲထွက်လာသည်။ ပြင်းထန်သော စွမ်းအင်များက လေဟာနယ်ကို အဆက်မပြတ် တုန်လှုပ်စေခဲ့သည်။ ပေထုတ်သူတော်စင်တို့နှစ်ယောက်ပင် အနည်းငယ် ထိတ်လန့်သွားသည်။
အရှေ့ပင်လယ်သူတော်စင်၏ ကျင့်ကြံမှုအဆင့်သည် နှောင်းပိုင်း သူတော်စင်အဆင့်အထွတ်အထိပ်သို့ အမှန်တကယ် ရောက်ရှိနေသည်။ အရှေ့ပင်လယ်သူတော်စင်က ၎င်းတို့သုံးယောက်ကို ယနေ့ပွဲတက်ရန် ဖိတ်ကြားခဲ့ခြင်းက အံ့သြစရာ မရှိပေ။ ၎င်းတို့အားလုံးကို တစ်ခါတည်း ဖမ်းချင်သောကြောင့်ဖြစ်သည်။
၎င်းတို့နှစ်ဦးသည် ယခင်အတိုင်း ငြိမ်သက်နေသော ရီဖန်ကိုကြည့်လိုက်ပြီးနောက် ချက်ချင်းတည်ငြိမ်သွားသည်။ အကယ်၍ ရီဖန်သာ ယနေ့ဒီမှာမရှိလျှင် တကယ်ပြဿနာကြီးဖြစ်နိုင်သည်။ သို့သော် ရီဖန်၏အမူအရာကို မြင်လိုက်သဖြင့် ချောမွေ့စွာပြီးသွားမည်ဖြစ်ကြောင်း ၎င်းတို့ နားလည်လိုက်ကြသည်။ ၎င်းတို့က ရီဖန်အပေါ် အကြွင်းမဲ့ယုံကြည်မှုရှိ၏။
တစ်ဖက်တွင် ရီဖန်သည် အလွန်ပျော်သွား၏။ နှောင်းပိုင်းသူတော်စင်အဆင့်၏အထွတ်အထိပ်သည် အမှန်တကယ်ပင် အလွန်အစွမ်းထက်သည်။ ရီဖန်ကြုံတွေ့ဖူးသမျှထဲတွင် အင်အားအကြီးဆုံးရန်သူဖြစ်၏။ သို့သော်လည်း ရန်သူက ပိုအားကောင်းလေ ရီဖန်ကပိုစိတ်လှုပ်ရှားလေလေပင်။
ပျက်ဆီးခြင်း နတ်ကိုယ်ထည်။ နတ်ခန္ဓာ ပေါက်ကွဲလာသည်နှင့်အမျှ ရီဖန်၏အသက်ရှုသံမှာ အဆမတန် တိုးလာသည်။ ၎င်းသည် အစောပိုင်း သူတော်စင်အဆင့်၊ အလယ်အလတ်အဆင့်မှသည် နှောင်းပိုင်းအဆင့်အထိ တိုက်ရိုက်ရောက်ရှိသွား၏။ ရောင်ဝါချင်းယှဉ်လျှင် ရီဖန်သည် အရှေ့ပင်လယ်သူတော်စင်ထက် အနည်းငယ် အားနည်းနေသေးသည်။
သို့သော် တစ်ခါတစ်ရံတွင် ကျင့်ကြံမှုအဆင့်သည် အရာအားလုံးကို ကိုယ်စားမပြုပေ။ ရီဖန်သည် သူ့ထက် ကျင့်ကြံမှုအဆင့်မြင့်သော ကျင့်ကြံသူများအား လက်သီးတစ်ချက်တည်းဖြင့်ထိုးသတ်ခြင်းက်ု နှစ်သက်သည်။ ရုတ်တရက် တိုက်ပွဲစတင်ခဲ့၏။
ရီဖန်သည် အရှေ့ပင်လယ်သူတော်စင်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ကာ ပေထုန်နှင့် အခြားသူတော်စင်တို့သည် အလယ်အလတ်အဆင့်သူတော်စင်နှစ်ဦးနှင့် ရင်ဆိုင်ခဲ့ရသည်။ အရှေ့ပင်လယ်သူတော်စင်၏ လက်ပါးစေများဖြစ်ခဲ့ကြသော ဤသူတော်စင်နှစ်ဦးကို ပေထုန်နှင့်အခြားသူတော်စင်တို့ စိတ်မကျေနပ်သည်မှာ ကြာပြီဖြစ်သည်။
ရီဖန်ကြောင့် ၎င်းတို့၏ကျင့်ကြံမှုအဆင့် သိသိသာသာ တိုးတက်လာခဲ့ရာ ယခင်က သူတို့၏အားနည်းချက်ကိုလည်း လျှော့ချပေးခဲ့သည်။ ယနေ့သည် အကြေွးဟောင်း အကြွေးအသစ်များကို ပြန်ချေရမည့် နေ့ဖြစ်၏။ ပြင်းထန်သောလှုပ်ရှားမှုများက ကျုံးဖန်မြို့တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများသည် မြို့လယ်ရှိတိုက်ပွဲကိုကြည့်ရန် ကြောက်ရွံ့စွာဖြင့် ချီတက်လာကြသည်။ ပြင်းထန်သော ရောင်ဝါခြောက်ခုက တိုက်ခိုက်ရန် အုပ်စုနှစ်စုကွဲသွားသည်။ ဤတိုက်ပွဲသည် ကျုံးဖန် မြို့တော်၏အနာဂတ်ကိုဆုံးဖြတ်နိုင်သည်။ မည်သည့်အဖွဲ့အနိုင်ရသည်ဖြစ်စေ ကျုံးဖန်မြို့၏အခြေအနေ ပြောင်းလဲသွားလိမ့်မည်။
"ဆက်တိုက်!"
ရီဖန်သည် အရှေ့ပင်လယ်သူတော်စင်၏ နတ်လက်နက်ကို လျစ်လျူရှုကာ နောက်ထပ် လက်သီးတစ်ချက်ထိုးလိုက်သည်။ ဤတိုက်ပွဲပုံစံမျိုးသည် သာမန်စစ်သည်တော်ကဲ့သို့ မဟုတ်ချေ။ သို့သော် ထိုကဲ့သို့သော နည်းဗျူဟာများကြောင့် အရှေ့ဘက်ပင်လယ်သူတော်စင်သည် အဆက်မပြတ်ဆုတ်ခွာခဲ့ရသည်။
ပြဿနာ၏အဓိကအချက်မှာ ရီဖန်၏ခုခံရေးက ကြံ့ခိုင်လွန်းသောကြောင့် ဖြစ်သည်။ အရှေ့ပင်လယ်သူတော်စင်၏ ပုံမှန်အားဖြင့် ရပ်တန့်၍မရသော နတ်လက်နက်သည် ရီဖန်အပေါ် သက်ရောက်မှုမရှိပေ။ နှောင်းပိုင်းသူတော်စင်တစ်ဦးဖြစ်ကာ ကျုံးဖန်မြို့ရှိ တစ်ခုတည်းသော မဟာသူတော်စင်လက်နက်ကို ပိုင်ဆိုင်ထားသော်လည်း ရီဖန်၏လက်နက်ကြီးများကို ပြင်းထန်စွာခုခံနေရသည်။
အရှေ့ပင်လယ်သူတော်စင်၏ တစ်ခုတည်းသော မဟာသူတော်စင်လက်နက်သည် တိုက်ခိုက်ရေးအတွက်သာဖြစ်သည်။ ရီဖန်၏တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် ခံစစ်မဟာသူတော်စင်လက်နက်များမပါဘဲ သူမတိုက်ဝံ့ချေ။ ရီဖန်သည် သူ၏ဓားချက်များစွာကို ခံနိုင်ရည်ရှိသော်လည်း ရီဖန်၏လက်သီးတစ်ချက်ကို သူ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
“သေမျိုးချည်နှောင်ကြိုး!"
၎င်းက မဟာသူတော်စင်လက်နက်တစ်ခုဖြစ်သည်။ ထိုလက်နက်၏ တစ်ခုတည်းသောရည်ရွယ်ချက်မှာ အရှေ့ပင်လယ်သူတော်စင်ကို ကန့်သတ်ရန်ဖြစ်၏။
နောက်ထပ် မဟာသူတော်စင်လက်နက်ကို မြင်သောအခါ
အရှေ့ပင်လယ်သူတော်စင်သည် ရှားရှားပါးပါး တုံ့ဆိုင်းနေသော အရိပ်အယောင်ကိုပြသခဲ့သည်။ သို့သော် ဤမျှတုံ့ဆိုင်းနေသည့် အခိုက်အတန့်က သူတော်စင်များကြားတိုက်ပွဲတွင် သေစေနိုင်သည်။
"မိပြီ!"
ပျက်ဆီးခြင်း လက်သီး။၎င်းက ရီဖန်၏ကိုယ်ထည်ကျင့်ကြံမှုကို အံဝင်ခွင်ကျဖြစ်စေရန် တမင်တကာသန့်စင်ထားသော တိုက်ခိုက်ရေးမဟာသူတော်စင်လက်နက်ဖြစ်သည်။ အရှေ့ပင်လယ်သူတော်စင်သည် ရီဖန်ကြုံတွေ့ဖူးသမျှ အပြင်းထန်ဆုံးပြိုင်ဘက်ဖြစ်သည်။ သူ၏ပြင်းထန်သော တိုက်ခိုက်ရေးအသိစိတ်ကြောင့် ရီဖန်သည် သူ၏အင်အားကိုထုတ်ပြရန် နေရာမရှိခဲ့ရာ အလွန်စိတ်ပျက်သွားသည်။
အကယ်၍ ရီဖန်သာ လုံလုံလောက်လောက် မပြင်ဆင်ထားခဲ့လျှင် ယနေ့ အမှန်တကယ် အားနည်းချက်ရှိနေနိုင်သည်။ သေမျိုးချည်နှောင်ကြိုး၏အကျိုးသက်ရောက်မှုအောက်တွင် ချုပ်နှောင်ထားခံရစော အရှေ့ပင်လယ်သူတော်စင်သည် ရီဖန်၏လက်ချက်မှပုန်းရန်နေရာမရှိပေ။
သူသည် သံကြိုးများမှလွတ်မြောက်လျှင် ရီဖန်၏ လက်သီးချက်ကိူ ခံရလိမ့်မည်။ ဤအခြေအနေက သူ့ဘဝတွင် သည်းမခံနိုင်သော အရာတစ်ခုဖြစ်သည်။ နောက်ဆုံးတွင် အခြားရွေးချယ်စရာမရှိသော အရှေ့ပင်လယ်သူတော်စင်သည် သူ၏ကာကွယ်ရေးပစ္စည်းအားလုံးကို ထုတ်ကာ အင်အားရှိသမျှ ပုံဖော်ပြီး သူ့ရှေ့တွင် အခင်းအကျင်းတစ်ခုပြုလုပ်ခဲ့သည်။
သို့သော် ရီဖန်၏လက်သီးများအောက်တွင် ဤကာကွယ်ရေးပစ္စည်းများသည် ချက်ခြင်းပြိုကျသွား၏။ ထို့နောက် ရီဖန်၏လက်သီးများသည် အရှေ့ပင်လယ်သူတော်စင်ပေါ်သို့ ကျရောက်သွားသည်။
ပြင်းထန်သော ပျက်ဆီးခြင်းစွမ်းအားများက အရှေ့ဘက်ပင်လယ်သူတော်စင်ကို ချက်ချင်းလွှမ်းခြုံသွားပြီး သူ၏ခန္ဓာကိုယ် ကြေမွသွားကာ သူ၏စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်သည်။
ယခုအချိန်မှစ၍ သူဆက်လက်တိုက်ပွဲဝင်လိုပါက သူ့ခန္ဓာကိုယ်အတွင်း ပျက်ဆီးခြင်းစွမ်းအားကို ကျော်လွှားနိုင်မှရမည်ဖြစ်သည်။ ထိုအခြေအနေအောက်တွင် အရှေ့ပင်လယ်သူတော်စင်သည် သူရှုံးသွားပြီဖြစ်ကြောင်း သိလိုက်၏။
သူယနေ့ကျရှုံးခဲ့ရသော်လည်း အမြဲတမ်းကျရှုံးနေမည်မဟုတ်။ ပျက်ဆီးခြင်းပင်လယ်၏အစွန်အဖျားရှိ သူ၏အဆက်အသွယ်ဖြင့် သင့်လျော်သောစျေးနှုန်းပေးသရွေ့ ရီဖန်ကိူတိုက်ခိုက်ရန် နှောင်းပိုင်းသူတော်စင်အချို့ကို အလွယ်တကူစုဆောင်းနိုင်သည်။ သို့သော် သူ၏မာနကြီးမှုနှင့် မကြာသေးမီက အောင်မြင်မှုများက ရီဖန်၏စွမ်းရည်များကို လစ်လျူရှူမိစေခဲ့သည်။
"ရီဖန် ငါပြန်လာမယ်"
ရီဖန်ကို နောက်ဆုံးတစ်ချက် နက်နက်ရှိုင်းရှိုင်းကြည့်ပြီးနောက် အရှေ့ဘက်ပင်လယ်သူတော်စင်သည် မဆိုင်းမတွပြေးသွားခဲ့သည်။ သူ့လက်ပါးစေနှစ်ယောက်မှာ စိတ်ပျက်လက်ပျက်နှင့် ကူကယ်ရာမဲ့စွာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေခဲ့သည်။
……….