← Chapters

အခန်း ၄၅၇-၄၅၉

Vol. 31 Ch. 457-459

အခန်း ၄၅၇-၄၅၉

Vol. 31 Ch. 457-459

အခန်း ၄၅၇ - မိသားစုစွမ်းအားရှင် အဆင့်နှစ်ဆယ်၊ သူတော်စင်နယ်မြေ

ရီဖန်သည် သူလိုက်မမီနိုင်မှန်း သိသောကြောင့် ဆက်မလိုက်ခဲ့ပေ။ သူသည် မဟာသူတော်စင်လက်နက်များ၏ဖိအားကြောင့် အရှေ့ပင်လယ်သူတော်စင်ကို ဖိနှိပ်နိုင်ခဲ့သည်။ သို့သော် ၎င်းကိုလိုက်ဖမ်းရန်အတွက် သူသည် နှောင်းပိုင်း သူတော်စင်အဆင့်၏စွမ်းအားကို လျှော့တွက်ရာကျနေလိမ့်မည်။

ကောင်းပြီ။ နောက်တစ်ခေါက်ပြန်လာချိန်မှ ၎င်းတို့အတွက် အံ့ဩစရာကြီးတစ်ခုခုပေးရမည်။

လက်စားချေရန်အတွက် နောက်ထပ်သူတော်စင်တစ်ပိုင်းများ ခေါ်လာလျှင် ပိုကောင်းဦးမည်။ ဤနည်းဖြင့် သူ့ကို တစ်ကြိမ်တည်းနှင့် ချမ်းသာကြွယ်ဝစေနိုင်မည်ဖြစ်၏။

ကျန်လက်ပါးစေနှစ်ယောက်နှင့်ပက်သက်၍ ရီမိသားစုသည် လက်ရှိတွင် လက်အောက်ခံရှားပါးခြင်းမျိုးမရှိပေ။ ထို့အပြင် ရီဖန်သည် လှည့်စားနိုင်သည့်သူများကို စိတ်မဝင်စားချေ။ ရီဖန်မိသားစု၏ လက်အောက်ခံများကို ရီဖန်ရှာဖွေနိုင်သော်လည်း ရန်သူ့ဘက်သို့ဘက်ပြောင်းမည့်သူများက်ိုတော့ လက်မခံနိုင်ပါ။

ယနေ့ ရီမိသားစုသို့ ဘက်ကူးပြောင်းနိုင်သူများသည် နောက်နေ့တွင် အခြားသူများနှင့်လည်း ပူးပေါင်းနိုင်သည်။ ထို့ကြောင့် အလယ်အလတ်အဆင့် စွမ်းအားရှင်နှစ်ဦးကို သုတ်သင်ရှင်းလင်းခဲ့သည်။ အရှေ့ပင်လယ်သူတော်စင်ထွက်ပြေးလာပြီး၊ လက်ပါးစေနှစ်ဦး ကျဆုံးသွားသည့်သတင်းကို ကြေငြာလိုက်သည့်အခါ ကျုံးဖန်မြို့တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်ခဲ့ရသည်။

ဤအခိုက်အတန့်၌ ရီမိသားစုသည် အနာဂတ်တွင် ကျုံးဖန်မြို့ကိုစိန်ခေါ်လာနိုင်ကြောင်း လူတိုင်းသိလိူက်သည်။ သို့သော် ကျုံးဖန်မြို့ကိုထိန်းချုပ်ထားသည့်သူ ပြောင်းလဲခြင်းက လူအများစုအတွက် အကျိုးသက်ရောက်မှုများစွာမရှိပါ။ ၎င်းတို့ဘဝများသည် ပုံမှန်အတိုင်းဆက်သွားနေဦးမည်သာဖြစ်သည်။

သို့သော် ၎င်းတို့သည် အခွင့်အရေးများလွှဲပြောင်းရန် ရီမိသားစုထံသွားချိန်၌ ရီမိသားစုဘက်မှ အမြတ်၏ ၃၀% သာယူမည်ကို သိလိုက်ရသောအခါ အလွန်ဝမ်းသာခဲ့ကြသည်။ ယခင်ကလည်း အမြတ် ၃၀-၇၀ဖြစ်သော်လည်း

၇၀%ကို အရှေ့ပင်လယ်သူတော်စင်တို့ဘက်မှယူပြီး ၎င်းတို့က ၃၀ % သာရသည်။

ယခုတွင် သူတော်စင်က ၃၀% ယူပြီး ၇၀% ကို ၎င်းတို့ရရှိမည်ဖြစ်ရာ ချက်ချင်ရပင် ငွေရှာလိုစိတ် ပြင်းထန်လာသည်။ ယခင်က သူတော်စင်အဆင့်၏ဖိအားကြောင့် ရပ်ဆိုင်းခဲ့ရသော စီးပွားရေးလုပ်ငန်းများသည် ယခုအခါ ရုတ်တရက်ပြန်လည်ထက်သန်လာခဲ့သည်။

ရရှိသောဝင်ငွေအများစုသည် ၎င်းတို့နှင့်သက်ဆိုင်တော့မည်ဖြစ်ရာ မည်သို့စိတ်အားထက်သန်မှုမရှိဘဲနေနိုင်မည်နည်း။

ဤသည်မှာ ရီဖန်၏နိယာမဖြစ်သည်၊ နှစ်ဦးနှစ်ဖက်လုံးအတွက် အနိုင်ချည်းသာ။ ဝင်ငွေရှာချင်စိတ်များတိုးလာပါက တဖြည်းဖြည်းနှင့် ပိုပိုပြီးများများ ရှာလာလိမ့်မည်။ ၎င်းတို့ဘက်မှ များများရလေ ရီမိသားစုအကျိုးကျေးဇူးများ ပိုများလေဖြစ်၏။

ရီမိသားစု၏အကျိုးခံစားခွင့်များသည် နှေးကွေးစွာတက်သွားပုံရသော်လည်း ရေရှည်အားသာချက်များက ပိုအရေးကြီးပါသည်။

ရီဖန်သည် ချက်ခြင်းရရှိမည့်အကျိုးအမြတ်များကို ဂရုမစိုက်ဘဲ ရေရှည်တည်ငြိမ်မှုကိုသာ အဓိကထားသည်။

အလယ်အလတ် သူတော်စင်နှစ်ယောက်နှင့် နောက်ထပ် အထွတ်အထိပ်သူတော်စင်၏ အရင်းအမြစ်များသည် မနည်းလှချေ။ ပျက်ဆီးခြင်းမူလပုလဲများကိုပင် တစ်ရာကျော်တွေ့ရှိခဲ့သည်။ အကယ်၍

အရှေ့ပင်လယ်သူတော်စင်သာ မလွတ်မြောက်သွားလျှင် ယခုအကြိမ်တွင် ရီဖန်အတွက် ပို၍အမြတ်ထွက်နိုင်သည်။

သို့သော်လည်း အရှေ့ပင်လယ်သူတော်စင်ကို အချိန်နည်းနည်းပေးလိုက်ပါက ၎င်းသည် အရင်းအမြစ်များ ပိုစုဆောင်းနိုင်မည်မှာ သေချာသည်။ ထို့ကြောင့် နောက်ပိုင်းမှရိတ်သိမ်းသည်က ပိုကောင်းလိမ့်မည်။ နောက်ဆုံးတွင် ရီဖန်သည် အရှေ့ပင်လယ်သူတော်စင်၏ ဆေးဖက်ဝင်ဥယျာဉ်ကိုသာ အဂရုစိုက်ဆုံးဖြစ်သည်။

ဆေးဘက်ဆိုင်ရာဥယျာဉ်ထဲသို့ သူဝင်သွားသောအခါ ခိုင်ခံ့သောအခြေခံအုတ်မြစ်ကို မအံ့ဩဘဲမနေနိုင်တော့ချေ။ အချိန်အခင်းအကျင်းဖြင့် အဆင့်မြှင့်တင်ထားသော ဆေးဖက်ဝင်ဥယျာဉ်သည် အဖိုးတန်သောဆေးဖက်ဝင်အပင်များစွာဖြင့် ပြည့်နှက်နေသည်။ နှစ်သန်းပေါင်းများစွာတည်ရှိခဲ့သော ဤရှေးကျသောသတ္တဝါများသာလျှင် ဤဆေးဖက်ဝင်ဥယျာဉ်များကို လည်ပတ်ရန်အတွက် အချိန်နှင့် စွမ်းအားရှိလိမ့်မည်။

ရီဖန်သည် အချိန်အခင်းအကျင်းအကြောင်းကို ၎င်းး၏ အခင်းအကျင်းစွမ်းရည် သူတော်စင်အဆင့်သို့ ရောက်ရှိပြီးနောက် နားလည်ခဲ့သည်။

သို့သော် အဆတစ်ရာ၏အရှိန်သည် ရီဖန်အတွက် အနည်းငယ်နှေးကွေးသောကြောင့် ၎င်းကို မည်သည့်အခါမျှ အသုံးမပြုခဲ့ပေ။

အဆတစ်ထောင်ကျော်ဖြင့် အချိန်စီးဆင်းမှုတိုးလာစေသည့် ဤအခင်းအကျင်းကို မဟာသူတော်စင်အဆင့် အခင်းအကျင်းပညာရှင်မှ ဖန်တီးထားခြင်းဖြစ်သည်ဟု ယူဆနိုင်သည်။ ထိုအခင်းအကျင်းကို အဖိုးမဖြတ်နိုင်ချေ။

ရီဖန်သည် သူအလိုအပ်ဆုံးအရာဖြစ်သည့် အဆင့်မြှင့်တင်ခြင်းအင်မော်တယ်မြက်ကို ရှာဖွေတွေ့ရှိခဲ့သည်။ မဟာသူတော်စင်အဆင့်၏ တက်လှမ်းခြင်းအင်မော်တယ်ဆေးလုံးကို သန့်စင်ရန်အတွက် နှစ်တစ်သန်းသက်တမ်းရှိသော အင်မော်တယ်မြက်ပင်ကို လိုအပ်သည်။

အချိန်အတော်ကြာရှာဖွေပြီးနောက် ရီဖန်သည် သက်တမ်းပြည့်ဝသည့် အင်မော်တယ်မြက် သုံးဆယ့်နှစ်ပင်ကို တွေ့ရှိခဲ့သည်။

၎င်းက တက်လှမ်းခြင်းအင်မော်တယ်ဆေးလုံး သုံးဆယ့်နှစ်သုတ်ကို သန့်စင်ရန်လုံလောက်သည်။ သူသည် ပါဝင်ပစ္စည်းများကို ရှာဖွေတွေ့ရှိပြီးနောက် ဆေးလုံးကို သန့်စင်ရန် တိုက်ရိုက်လုပ်ဆောင်ခဲ့သည်။ ဆေးဖက်ဝင်အပင်များကို သန့်စင်ခြင်း၊ ဆေးဖက်ဝင်ဂုဏ်သတ္တိများ ပေါင်းစပ်ခြင်း စသည့်အရာအားလုံးကို စည်းစနစ်တကျလုပ်ဆောင်ခဲ့သည်။

တက်လှမ်းခြင်းအင်မော်တယ်ဆေးလုံးသည် အဖိုးတန်ဆေးဖက်ဝင်အပင်များကို အဓိကအသုံးပြုထားသောကြောင့် သန့်စင်ခြင်းလုပ်ငန်းစဉ်က မခက်ခဲချေ။

ရီဖန်၏ပြီးပြည့်စုံသော အစောပိုင်းအဆင့် မဟာသူတော်စင်ဆေးပညာ ကျွမ်းကျင်မှုဖြင့်၊ တက်လှမ်းခြင်းအင်မော်တယ်ဆေးလုံး သုံးဆယ့်နှစ်သုတ်ကို အောင်မြင်စွာသန့်စင်ရန် အနှစ်ငါးဆယ်သာ အချိန်ယူရပြီး တစ်ကြိမ်မျှ ကျရှုံးခြင်းမရှိပေ။ ၎င်း၏ စွမ်းဆောင်ရည်နှင့် အောင်မြင်မှုနှုန်းက အခြာမဟာသူတော်စင်‌ေဆးပညာရှင်များ စိတ်ပျက်အားလျော့သွားစေရန် လုံလောက်ပါသည်။

မဟာသူတော်စင်အဆင့်အောက်ရှိ သူများက တက်လှမ်းခြင်းအင်မော်တယ်ဆေးလုံးကို အသုံးမပြုနိုင်ကြချေ။ သို့သော် ရီဖန်တွင် ပျက်ဆီးခြင်းမူလပုလဲများစွာ ကျန်နေသေးသည်။ ၎င်းက ရီမိသားစုရှိ သူတော်စင်တစ်ပိုင်းတို့၏ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ရန်အတွက် လုံလောက်သည်။ ပျက်ဆီးခြင်းမူလပုလဲများကို ဖြန့်ဝေပြီးနောက် ရီဖန်သည် ပေထုန်နှင့် အခြားသော သူတော်စင်များထံ လှမ်းပြောသည်။

"ဒီတက်လှမ်းခြင်းအင်မော်တယ်ဆေးလုံးတွေကို စမ်းကြည့်ပြီး သူတို့ဘယ်လိုအလုပ်လုပ်လဲ ကြည့်ကြည့်!"

ရီဖန်သည် ၎င်းတို့ကို တက်လှမ်းခြင်းအင်မော်တယ်ဆေးလုံးသုံးခုစီ ပေးခဲ့သည်။ ထိုအချိန်တွင် ၎င်းတို့နှစ်ဦးသည် ပျက်ဆီးခြင်းမူလပုလဲအများအပြားကို စားသုံးခဲ့ပြီး ၎င်းတို့၏စွမ်းရည်များ လျင်မြန်စွာတိုးပွားလာသဖြင့် အလယ်အလတ်သူတော်စင်အဆင့်သို့ လျင်မြန်စွာရောက်ရှိသွားခဲ့သည်။ ဤတက်လှမ်းခြင်းအင်မော်တယ် ဆေးလုံးများသည် ၎င်းတို့၏ကျင့်ကြံမှုကို နှောင်းပိုင်း သူတော်စင်အဆင့်သို့ မြှင့်တင်ရန် လုံလောက်သည်။

ပေထုန်နှင့် အခြားသူတော်စင်တို့သည် လက်ထဲရှိ ဆေးလုံးများကို စိတ်လှုပ်ရှားစွာကြည့်ရင်း အတွင်းမှ လွှမ်းခြုံထားသော ဆေးဘက်ဆိုင်ရာစွမ်းအားကို ခံစားမိလိုက်ရသည်။ ရီဖန်၏သဘောထားက ၎င်းတို့ကိုပင် မျက်လုံးနီသွားစေသည်။

တခြားမည်သည့်အင်အားစုတွင် ပါဝင်ခဲ့လျှင်ပင် ရီမိသားစုကဲ့သို့သော ဆက်ဆံမှုမျိုး မည်သို့ရနိုင်မည်နည်း။ ရီဖန်က ၎င်းတို့ကို သူ့အင်အားစု၏တစ်စိတ်တစ်ပိုင်းအဖြစ် ယူဆပုံရသည်။

၎င်းတို့နှစ်ဦးသည် ယနေ့မှစ၍ ရီမိသားစု၏ အဖွဲ့ဝင်များသာဖြစ်ရမည်။

"ဂုဏ်ယူပါတယ် သခင်။ လက်အောက်ခံနှစ်ဦးရဲ့ သစ္စာစောင့်သိမှုက ၁၀၀% ပြည့်သွားပါပြီ"

စနစ်သတိပေးချက်ကြောင့် ရီဖန်အံ့ဩခြင်းမရှိချေ။ ရီဖန်၏အသိအမှတ်ပြုခံရသူများက ကျေးဇူးကန်းမည်မဟုတ်သည်မှာ သေချာသည်။

………

အခန်း ၄၅၈ - မိသားစုစွမ်းအားရှင် အဆင့်နှစ်ဆယ်၊ သူတော်စင်နယ်မြေ

လက်အောက်ခံများကို ကောင်းစွာဆက်ဆံသရွေ့ ၎င်းတို့ဘက်မှလည်း အပြန်အလှန်ကောင်းမွန်ကြလိမ့်မည်။

"ကျေးဇူးတင်ပါတယ် မိသားစုအကြီးအကဲ!"

"မင်းတို့ ယဉ်ကျေးနေဖို့ မလိုပါဘူး၊ မြန်မြန် စမ်းကြည့်စမ်းပါ၊ မင်းတို့ သူတော်စင် နောက်ပိုင်းအဆင့်ကို မကြာခင် ကျော်ဖြတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်"

နှစ်ယောက်သားသည် စကားများများမပြောကြတော့ဘဲ တံခါးပိတ်ကျင့်ကြံမှုကို စတင်ခဲ့သည်။ ရီမိသားစုတစ်ခုလုံးရှိ သန်မာသောပုဂ္ဂိုလ်အများစုသည်လည်း ၎င်းတို့၏ တံခါးပိတ်ကျင့်ကြံမှုကို စတင်ခဲ့ကြသည်။

တစ်ချိန်တည်းတွင် ရီဖန်သည်ရီရှောက်ဖန်ကို တက်လှမ်းခြင်းအင်မော်တယ်ဆေးလုံးဆယ်ခု ပေးအပ်ရန် ရွှမ်ယွမ်စကြဝဠာသို့ ကိုယ်တိုင်ကိုယ်ကျ ခရီးထွက်ခဲ့သည်။ ၄င်း၏တစ်စိတ်တစ်ပိုင်းသည် ရှောက်ဖန်၏ကိုယ်ရေးကိုယ်တာအသုံးပြုမှုအတွက် ရည်ရွယ်ကာ ကျန်တစ်စိတ်တစ်ပိုင်းမှာ ၀မ်ဟိုင်သူတော်စင်ဂိုဏ်းကို မျှားခေါ်ရန်ဖြစ်သည်။

အင်မော်တယ်မြက်သည် အလွန်ရှားပါးသောကြောင့် ၎င်းတို့ကိုယ်တိုင်စုဆောင်းရန်မှာ စိန်ခေါ်မှုဖြစ်သည်။ ရွှမ်ယွမ်စကြဝဠာရှိအင်အားစုများဖြင့် အင်မော်တယ်မြက်များ ရှာဖွေခြင်းက ပြဿနာမရှိနိုင်ပေ။

နောက်ပိုင်းတွင် ရီဖန်သည် ရီမိသားစုမှ ပထမဆုံးသော သူတော်စင်နယ်မြေစွမ်းအားရှင်ကို စောင့်ဆိုင်းရင်း မဟာသူတော်စင်နည်းစနစ်သုံးခုကို ဆက်လက်လေ့လာနေခဲ့သည်။ အချိန်သည် တရွေ့ရွေ့ကုန်သွားပြီး ရီမိသားစုမှလူတိုင်း၏ကျင့်ကြံမှုအဆင့်သည်လည်း တဖြည်းဖြည်းတိုးလာခဲ့သည်။ သို့သော်လည်း အောင်မြင်မှုအချိန်က ရီဖန်မျှော်မှန်းထားသည်ထက် အနည်းငယ်နောက်ကျခဲ့သည်။

အဓိကအကြောင်းရင်းမှာ ရီမိသားစု၏အခြေခံအုတ်မြစ်သည် အလွန်နက်ရှိုင်းသောကြောင့် ၎င်းတို့သည် အခြားသော ကျင့်ကြံသူများထက် အောင်မြင်မှုရရှိရန် အရင်းအမြစ်များ ပိုမိုလိုအပ်သောကြောင့်ဖြစ်သည်။

နောက်ဆုံးတွင် ရီမိသားစုသည် ၎င်းတို့၏ ပထမဆုံး သူတော်စင်နယ်မြေစွမ်းအားရှင်ကို မွေးဖွားပေးခဲ့သည်။

၎င်းမှာ လူသားဧကရာဇ် နတ်ကိုယ်ထည်ပိုင်ရှင် ရီရှောင်းရှောင်းဖြစ်သည်။ လူသားဧကရာဇ်၏ အဆုံးမရှိသော နတ်ရောင်ဝါသည် ရီရှောင်းရှောင်းထံမှ ပေါက်ကွဲထွက်လာသည်။

"ဒီနေ့ ငါ လူသားဧကရာဇ်ဖြစ်လာပြီ!"

ရီရှောင်းရှောင်း ဖြတ်ကျော်သွားချိန်တွင် ချက်ချင်းဆိုသလိုပင် ပန်ကုစကြဝဠာ၏ တာ့ယွီနတ်မင်းဆက်အတွင်း မရေမတွက်နိုင်သော စွမ်းအားကြီးပုဂ္ဂိုလ်များထံမှ ကြီးမားသောရောင်ဝါများ ထွက်ပေါ်လာသည်။ ထို့နောက် ချက်ချင်းဆိုသလို အောင်မြင်မှုများရရှိခဲ့သည်။

အရာရှိကြီးများမှ စစ်သည်များအထိ လူတိုင်းနီးပါး သိသိသာသာ အောင်မြင်မှုကြုံခဲ့ရသည်။ ဧကရာဇ်မင်းလက်အောက်တွင် အားလုံးအတူတကွ အားလုံးအတူတကွ ခံစား၊ စံစားကြရသည်။ ရီရှောင်းရှောင်း သူတော်စင်နယ်မြေသို့ ရောက်သွားသည့်အတွက် ၎င်းတို့ရရှိသည့် အကျိုးကျေးဇူးများမှာလည်း မနည်းလှချေ။

တခဏချင်း သူတော်စင်တစ်ပိုင်းစွမ်းအားရှင် အများအပြား မွေးဖွားလာသည်။ ၎င်းတို့အားလုံးသည် ရှီးထျန်း တာအိုဘိုးဘေးကဲ့သို့သော တာ့ယွီနတ်မင်းဆက်၏ အရာရှိဟောင်းများဖြစ်ကြ၏။ ရှီးထျန်းတာအိုဘိုးဘေးသည် ကြယ်တစ်သောင်းပင်လယ်အတွင်း တိမ်မြှုပ်နေချိန်မှစ၍ တာ့ယွီနတ်မင်းဆက်နောက်သို့ လိုက်နေခြင်းဖြစ်သည်။

ထိုအချိန်ကသူသည် သူတော်စင်အဆင့် စွမ်းအားရှင်ဖြစ်လာရန် အိပ်မက်မမက်ဝံ့ပေ။ ယခု သူသည် အနာဂတ်တွင် ပို၍ပင်သန်မာလာနိုင်သည်။

လူတစ်ယောက်၏ ကံကြမ္မာက မှန်းဆရခက်ခဲ၏။

"ရေရှည်တာဝန်ကို ပြီးမြောက်စေခြင်းအတွက် သခင့်ကို ဂုဏ်ပြုပါတယ်။ မိသားစုစွမ်းအားရှင်အဆင့်နှစ်ဆယ်အတွက် ဆုထုတ်ယူနိုင်ပါပြီ"

ရီရှောင်းရှောင်း၏အောင်မြင်မှုနှင့် ရေရှည်တာဝန်ကို ပြီးမြောက်ခြင်းက နှစ်ဆဝမ်းသာစရာဖြစ်သည်။

"စနစ်၊ ဆုထုတ်လိုက်"

"ဆုလက်ခံရရှိသည့်အတွက် သခင့်က်ို ဂုဏ်ပြုပါတယ်၊ မိသားစုခေါင်းစီးဖြစ်တဲ့ စစ်မှန်သောနတ်ဘုရားနယ်မြေဉာဏ်အလင်းကို ရရှိပါတယ်”

"စနစ်၊ မိသားစုခေါင်းစီးကို တင်လိုက်တော့"

နောက်အခိုက်အတန့်တွင် မရေတွက်နိုင်သော ရီမိသားစု၏ကျင့်ကြံသူများသည် ၎င်းတို့၏စိတ်ထဲတွင် ကြည်လင်ပြတ်သားသည့်အခိုက်အတန့်ကို ခံစားလိုက်ရသည်။ ကျင့်ကြံသူအများအပြားသည် ရုတ်တရက် ဉာဏ်အလင်းရရှိသည့် အခြေအနေသို့ ချက်ချင်းရောက်သွားကြ၏။

အောင်မြင်မှုအဆင့်သို့ရောက်နေပြီဖြစ်သော ရီကျင်းထျန်ကဲ့သို့သောလူများသည် ၎င်းတို့၏အောင်မြင်မှုများကို ချက်ခြင်းပြီးမြောက်အောင်မြင်ခဲ့သည်။ လုံလောက်သည့် စွမ်းရည်များနှင့် အရင်းအမြစ်များ လုံလောက်နေသရွေ့ အဆင့်တက်လှမ်းရန် ဘာမှမခက်ပေ။

သို့သော် ၎င်းက ထင်သလောက်မလွယ်ကူပဲ

မာယာများသည့် ရီမိသားစုကသာ စိတ်ပူစရာမလိုဘဲ အောင်ပွဲခံနိုင်သည်။ သူတော်စင်နယ်မြေသို့ ဖြတ်ကျော်လိုသောအခြားသူများသည် သေခြင်းနှင့် ပရောပရည်လုပ်ကာ နှစ်ပေါင်းရာနှင့်ချီ၍ ရုန်းကန်ရသည်။

ရီမိသားစုသည် အချိန်တိုအတွင်း စွမ်းအားရှင်များစွာကို ကျင့်ကြံနိုင်ခဲ့သည်။ ၎င်းတို့မှာ နှောင်းပိုင်း သူတော်စင်

နှစ်ဦးနှင့် သူတော်စင်ခုနစ်ဦးဖြစ်၏။

ကျုံးဖန်မြို့တော်တွင် မကြာမဏ သူတော်စင်ရောင်ဝါများထွက်ပေါ်လာရာ ကျင့်ကြံသူများသည် အံ့ဩနေကြ၏။

ယခု ကျုံးဖန်မြို့တော်တွင် ရီမိသားစုကသာ သူတော်စင်များကို မွေးထုတ်ပေးနိုင်သည့် တစ်ခုတည်းသော အင်အားစုဖြစ်ရာ ၎င်းတို့က အလွန်သန်မာသည်။ အမျိုးမျိုးသော အင်အားစုများက ချက်ချင်းပင် လုံခြုံမှုကိုခံစားလိုက်ရသည်။

ထိုသို့သော အင်အားကြီးအဖွဲ့အစည်းတစ်ခုဖြင့် ၎င်းတို့၏အနာဂတ်သည် အလားအလာကောင်းနေပုံရသည်။

ရီဖန်သည်လည်း နောက်ဆုံးတွင် စတင်ပေါင်းစည်းခဲ့သည်။ သူတော်စင်တိုင်း၏စွမ်းအားကို ပေါင်းစည်းလိုက်သောအခါ မယုံနိုင်လောက်အောင် အင်အားကြီးမားလှသည်။ ထို့ကြောင့် အစောပိုင်း သူတော်စင်အဆင့်ရှိ ရီဖန်၏ကျင့်ကြံမှုသည်လည်း အလယ်အလတ်သူတော်စင်၊ နှောင်းပိုင်းသူတော်စင်၊ နှောင်းပိုင်းသူတော်စင်အဆင့်၏ အထွတ်အထိပ်စသည်ဖြင့် လျင်မြန်စွာတိုးလာသည်။

နောက်ဆုံးတွင် ရီဖန်၏ကျင့်ကြံမှုသည် သူတော်စင်အဆင့်၏ အထွတ်အထိပ်သို့ ဖြတ်သွားခဲ့သည်။ သူ၏ ချီစွမ်းအားကျင့်ကြံမှုအဆင့်သည်လည်း ကိုယ်ခန္ဓာကျင့်ကြံမှုအဆင့်ကို ကျော်လွန်သွားပြန်သည်။ သို့သော် ဤအဆင့်မှ မဟာသူတော်စင်အဆင့်သို့ ဖြတ်ကျော်ရန် မလွယ်ကူတော့ချေ။

သူတော်စင်အဆင့်၏ အထွတ်အထိပ်ကျင့်ကြံခြင်းက ရီဖန်၏ယုံကြည်မှုကို ခိုင်မာစေခဲ့သည်။ ယခု သူသည် သူ၏လက်ရှိကျင့်ကြံမှုအဆင့်ဖြင့် သူတော်စင်အစည်းအရုံးကို တိုက်ခိုက်နိုင်လောက်ပြီမလား။ သို့ဖြစ်လျှင် ရီရှောက်ဖန်နှင့် စလိုက်ကြရအောင်။

ရီရှောက်ဖန်ဘက်တွင် ရီဖန်ပေးပို့သော တက်လှမ်းခြင်းဆာဂျီဆေးလုံးကို စားသုံးပြီးနောက် သူ၏အောင်မြင်မှုကို ပြီးမြောက်ခဲ့သည်။ အလယ်အလတ်သူတော်စင်အဆင့်၏ရောင်ဝါ ထွက်ပေါ်လာပြီး စွမ်းအားရှင်များစွာ၏အာရုံကို ချက်ခြင်းဆွဲဆောင်နိုင်ခဲ့သည်။

အကြီးအကဲ အများအပြားသည် ရောင်ဝါလာရာလမ်းကြောင်းကို လှမ်းကြည့်ကြ၏။ အကြီးအကဲတစ်ဆယ်ဖြစ်သည့် ပင်လယ်နဂါးသူတော်စင်က အဆင့်ကျော်ဖြတ်သွားသလား။ လူတိုင်းက ၎င်းကို အမှန်ဟု မယုံချင်ကြချေ။ ရီရှောက်ဖန် သူတော်စင်နယ်မြေထဲသို့ ဝင်သွားသည်မှာ မည်မျှကြာသေးသနည်း။ သူသည် အနှစ်တစ်ရာအတွင်း အလယ်အလတ်သူတော်စင်အဆင့်သို့ ဝင်ရောက်ခဲ့သလား။

၎င်းတို့ထဲမှ မည်သူကများ ကျင့်ကြံမှုအဆင့်ငယ်လေးတစ်ခု တက်လှမ်းရန် နှစ်သောင်းနဲ့ချီပြီး မကြာခဲ့သူရှိသနည်း။ သို့သော်ရီရှောက်ဖန်အတွက် အဆင့်ဖြတ်ကျော်ခြင်းက ထမင်းစားရေသောက်ကဲ့သို့ ရိုးရှင်းပုံပေါက်သည်။ မူလက ကြားနေခဲ့သော အကြီးအကဲတချို့ပင်လျှင် ချက်ချင်း စိတ်မငြိမ်မသက်ဖြစ်လာသည်။ ရီရှောက်ဖန်၏ အောင်မြင်မှုအရှိန်ကြောင့် ၎င်းတို့ကို မနာလိုစိတ်ဖြင့် စိမ်းပုတ်သွားစေသည်။

ရီရှောက်ဖန်ထံတွင် သေချာပေါက် လျှို့ဝှက်ချက်ကြီးတစ်ခုရှိနေ၏။ အကယ်၍ ၎င်းတို့ ရှာဖွေတွေ့ရှိပါက ထိုသို့သောကျင့်ကြံမှုအရှိန်အဟုန်ကို ရရှိနိုင်မည်လား။ အကြီးအကဲများသည် ပင်လယ်နဂါးသူတော်စင်ထံသို့ အစုလိုက်အပြုံလိုက် လိုက်သွားကြသည်။

အထူးသဖြင့် အလယ်အလတ်သူတော်စင်အဆင့်တွင် အချိန်အကြာကြီး နစ်မြုပ်နေသူများသည် သည်းမခံနိုင်တော့ပေ။ မျိုးဆက်သစ်ရီရှောက်ဖန်သည် ယခုအခါ ၎င်းတို့နှင့် တန်းတူရည်တူရှိနေပြီဖြစ်သည်။ မဟုတ်သေး။ ရီရှောက်ဖန်က ၎င်းတို့အထက်၌ပင် ရှိနေပြီးဖြစ်၏။

သူတော်စင်အဆင့်တွင်ရှိစဉ်က ရီရှောက်ဖန်သည် အလယ်အလတ်သူတော်စင်အဆင့်ရှိသူများကို အနိုင်ယူနိုင်သည်။ ယခုရီရှောက်ဖန်သည် အလယ်အလတ်သူတော်စင်အဆင့်သို့ ဖြတ်ကျော်သွားသောကြောင့် အကြီးအကဲများကြားတွင် ၎င်း၏ကျင့်ကြံမှုသည် ထိပ်တန်းဖြစ်သည်။

ဝမ်ဟိုင်ဂိုဏ်းချုပ်က ခေါင်းနည်းနည်းကိုက်သွားသည်။ ရီရှောက်ဖန်ကို အရေးယူရန်မှာ သိပ်မလွယ်လှချေ။ ရီရှောက်ဖန်က တစ်ယောက်တည်း မဟုတ်ဘဲ လျှို့ဝှက်ဆန်းကြယ်သော မိသားစုတစ်ခု၏ အထောက်အပံ့ကို ရရှိိထားသည်။ သူတော်စင်အဆင့်ရှိ သူ၏ကျင့်ကြံမှုဖြင့် ရီရှောက်ဖန်၏ မိသားစုကို နှိမ်နှင်းနိုင်သည်ဟု သူလောင်းကြေးမချဝံ့ပါ။ မကြာမီတွင် ရီရှောက်ဖန်သည် သူ၏ကျင့်ကြံမှုအဆင့်ကို စုစည်းပြီး အဓိကခန်းမသို့ ရောက်လာသည်။

"ပင်လယ်နဂါးသူတော်စင်၊ ငါတို့ရဲ့အရင်းအမြစ်တွေက အကန့်အသတ်ရှိလို့ အဖိုးတန်ပစ္စည်းတွေ အများကြီးမရနိုင်ဘူးဆိုတာ မင်းသိပါတယ်။ မင့်အကူအညီ ယူလို့ရမလား" ပင်လယ်နဂါးသူတော်စင်သည် လိမ္မာပါးနပ်စွာ ပြောလိုက်သည်။

ရီရှောက်ဖန်က ပြုံးလိုက်ရင်း

"ဂိုဏ်းချုပ်က ဘယ်လိုပြောလိုက်တာပါလိမ့်။ ပင်လယ်နဂါးသူတော်စင်ဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့၊ အကြီးအကဲတွေအတွက် ကောင်းတဲ့အရာတွေကြုံလာတဲ့အခါ သေချာပေါက်မမေ့ပါဘူး"

သူ့လက်ကိုလှန်လိုက်ခြင်းဖြင့် တက်လှမ်းခြင်းဆာဂျီဆေးလုံးပေါ်လာသည်။

"ကျွန်တော့မိသားစုထဲက ဆေးပညာရှင်က မဟာသူတော်စင်အဆင့်ဆေးလုံးကို ကံကောင်းစွာနဲ့ လုပ်နိုင်ခဲ့တယ်။ အဲဒီဆေးလုံးတွေနဲ့ အလယ်အလတ်သူတော်စင်အဆင့်ကို မြန်မြန်ဖြတ်နိုင်ခဲ့တာပဲ"

တက်လှမ်းခြင်းဆာဂျီဆေးလုံးမှ ထုတ်လွှတ်သော စွမ်းအားများကိုကြည့်ခြင်းဖြင့် ၎င်း၏ထူးခြားသောအရည်အသွေးကို မြင်တွေ့နိုင်သည်။ ဤရှင်းပြချက်ကို မည်သူမျှ သံသယမ၀င်ပေ။ ထို့အပြင် ၎င်းတို့သည်ရီရှောက်ဖန်၏စကားကိုလည်း နားလည်သည်။ ဤဆေးလုံးများကို သူ့မိသားစု၏ ဆေးပညာရှင်က ပြုလုပ်ထားသည်။

၎င်းက သူမဟုတ်သောကြောင့် တိုက်ရိုက်တောင်းဆိုရန် နည်းလမ်းမရှိချေ။ သူက ၎င်းတို့ကို ချိတ်ဆက်ရန်သာ ကူညီပေးနိုင်သည်။ ထို့ကြောင့် အလကားရရန်အတွက် မဖြစ်နိုင်ပေ။ ဈေးနှုန်းအနည်းငယ်မြင့်နေသော်လည်း မဟာသူတော်စင်အဆင့်ဆေးလုံးကိုဝယ်နိုင်သရွေ့ ဂရုမစိုက်ပေ။

အရင်းအမြစ်အချက်များစွာကို ထိန်းချုပ်ထားခြင်းကြောင့် ဤအကြီးအကဲများထံတွင် အရင်းအမြစ်များစွာရှိသည်။ ၎င်းတို့သည် ဤအရင်းအမြစ်များကို ဆေးလုံးအဖြစ်သို့ ပြောင်းလဲလိုခြင်းဖြစ်သည်။

ဝမ်ဟိုင်သူတော်စင်ဂိုဏ်းသည် မဟာသူတော်စင်အဆင့် ဆေးလုံးများကို ၀ယ်နိုင်သော်လည်း ၎င်းတို့ဝယ်ယူနိုင်သည့်ပမာဏမှာ အကန့်အသတ်ရှိသည်။ သူတော်စင်များနှင့်နှိုင်းယှဉ်လျှင် မဟာသူတော်စင်အဆင့်ရှိ ဆေးပညာရှင်ကနည်းပါးသည်။

ပင်လယ်နဂါးသူတော်စင်ဂိုဏ်းသည် ရွှမ်ယွမ်စကြာဝဠာတွင် စွမ်းအားကြီးမားသော်လည်း အရာအားလုံးကို လွှမ်းမိုးထားခြင်းမရှိပေ။ ၎င်းတို့ကမဟာသူတော်စင်အဆင့် ဆေးလုံးကိုလိုချင်ပါက စောင့်ဆိုင်းရန်သာတတ်နိုင်သည်။ အကယ်၍ ဆေးလုံးများကိုဝယ်ယူရန် လမ်းကြောင်းသစ်တစ်ခုရှိခဲ့ပါက ၎င်းသည် ဝမ်ဟိုင်သူတော်စင်ဂိုဏ်းအတွက် လုံးဝအကျိုးရှိသည်။

"ပင်လယ်နဂါးသူတော်စင်၊ ဒီ ဆေးလုံးတွေကို ဘယ်လိုဝယ်ရမလဲ။"

ရီရှောက်ဖန်သည် ချက်ချင်းပင် အဖိုးအခကိုပြောလိုက်သည်။ တက်လှမ်းခြင်းဆာဂျီဆေးလုံးတစ်လုံးကို တက်လှမ်းခြင်းဆာဂျီဆေးလုံးဆယ်ခုအတွက် ပစ္စည်းကုန်ကြမ်းနှင့် လဲလှယ်နိုင်လိမ့်မည်။ ၎င်းကဈေးကြီးသည်ဟု မထင်ပါနှင့်။ တကယ်တမ်းတွင် ၎င်းက လျှော့စျေးဖြစ်နေပြီးဖြစ်သည်။

………..

အခန်း ၄၅၉ - ငါတော့ လျန်ကျင်းယုရှိမယ်လို့ မထင်ပါဘူး

မဟာသူတော်စင်အဆင့် ဆေးပညာရှင်များပင်လျှင် ဆေးလုံးများကို ပေါင်းစပ်သောအခါ မကျရှုံးဘဲ မနေကြချေ။ ပါဝင်ပစ္စည်းဆယ်ခုအနက် ဆေးလုံး သုံးလေးခုလောက် ထုတ်ပေးနိုင်လျှင် အတော်ကောင်းနေပြီဖြစ်သည်။

ဆေးလုံး၏တစ်စိတ်တစ်ပိုင်းကိုလည်း ဆေးပညာရှင်များက ယူသည်။ ယေဘူယျအားဖြင့် မဟာသူတော်စင်အဆင့်ဆေးလုံးများအတွက် ပါဝင်ပစ္စည်းများ ဆယ့်နှစ် သို့မဟုတ် ဆယ့်သုံးစုံမှ ဆေးလုံးတစ်လုံးကိုရရှိခြင်းက ပုံမှန်ဖြစ်သည်။

ပင်လယ်နဂါးသူတော်စင်ကဲ့သို့သောလူများသည် ထိုအချက်ကို ကောင်းစွာသိရှိခဲ့ကြသောကြောင့် သတင်းအတွက် အလွန်ဝမ်းမြောက်ခဲ့ကြသည်။

"ပင်လယ်နဂါးသူတော်စင် မင်းက ငါတို့ထဲက တစ်ယောက်ပဲလေနော်။ စျေးနှုန်းက အရမ်းတန်မှန်း ငါတို့သိပေမယ့်လေ ငါတို့အတွက် အရေအတွက်လေး ညှိနှိုင်းပေးနိုင်မလား"

၎င်းကိုကြားသည့်အခါ ရီရှောက်ဖန်က အနည်းငယ် စိတ်ရှုပ်သွားသည့်အမူအရာနှင့် ချက်ချင်းထလိုက်သည်။

"ဂိုဏ်းချုပ်၊ ခင်ဗျားသိထားရမှာက ဆေးလုံးတွေကို ပေါင်းစည်းရတာ တော်တော်ခက်ခဲပြီးတော့ ရီမိသားစုမှာ မဟာသူတော်စင်အဆင့်ဆေးပညာရှင် တစ်ယောက်တည်းရှိတာနော်။ အနှစ်တစ်ရာတိုင်းမှာ တက်လှမ်းခြင်းဆာဂျီဆေးလုံးတစ်လုံး အာမခံနိုင်အောင် ကျွန်တော် အစွမ်းကုန်ကြိုးစားပေးမယ်"

တကယ်တမ်းတွင် အနှစ်တစ်ရာတိုင်း တက်လှမ်းခြင်းဆာဂျီဆေးလုံးတစ်လုံး အာမခံနိုင်ခြင်းက သေးငယ်သောလုပ်ဆောင်မှုမဟုတ်ပေ။ သို့သော် ဝမ်ဟိုင်ဂိုဏ်းတွင် အကြီးအကဲ အများအပြားရှိသောကြောင့် ဤပမာဏသည် လုံလောက်သည်နှင့်ဝေး၏။

“ပင်လယ်နဂါးသူတော်စင်၊ ဒီအကြောင်းကလေ …”

"ဂိုဏ်းချုပ်၊ ပင်လယ်နဂါးသူတော်စင်ရဲ့ စွမ်းဆောင်နိုင်ရည်နဲ့ သူက ပိုလေးတဲ့တာဝန်တွေကို အပြည့်အ၀ထမ်းနိုင်မယ်လို့ ငါယုံတယ်"

"မှန်တယ်။ ပင်လယ်နဂါးသူတော်စင် ပဥ္စမအကြီးအကဲဖြစ်လာဖို့ ပြဿနာမရှိဘူးလို့ ထင်တာပဲ"

တချို့လူများက အဆိုပြုလာသည်။ ဝမ်ဟိုင်ဂိုဏ်းတွင် ရီရှောက်ဖန်၏အဆင့်အတန်းမြင့်မားလေ၊ သူသည် ၎င်းတို့အတွက် ပို၍တန်ဖိုးရှိလာလေဖြစ်သည်။ ယခင်ရာထူးမှထုတ်ပယ်ခံခဲ့ရသော ပဉ္စမအကြီးအကဲပင်လျှင် သံသယမရှိချေ။ အရင်းအမြစ်အချို့ ဆုံးရှုံးရသည့်ကိစ္စလောက်က တက်လှမ်းခြင်းဆာဂျီဆေးလုံးနှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်ပေ။

ရီမိသားစုကျင့်ကြံသူများသည် ကျင့်ကြံချိန်နှစ်တစ်ရာကို ချွေတာနိုင်စေရန် တက်လှမ်းခြင်းဆာဂျီဆေးလုံးကို အသုံးပြုခြင်းသပ်သပ်ကိုသာ မကြည့်လိုက်လေနှင့်။ ရီမိသားစုကျင့်ကြံသူများ၏ကျင့်ကြံမှု အရှိန်အဟုန်ကိုလည်း ထည့်စဉ်းစားရန် လိုအပ်သည်။

ပင်လယ်နဂါးသူတော်စင်ဂိုဏ်းမှ အကြီးအကဲများအတွက် တက်လှမ်းခြင်းဆာဂျီဆေးလုံးသည် ကျင့်ကြံချိန်ကို နှစ်ထောင်ပေါင်းများစွာ သို့မဟုတ်သောင်းနှင့်ချီ၍ပင် သက်သာစေနိုင်သည်။ ၎င်းတို့ ဆေးငါးလုံးသို့မဟုတ် ခြောက်လုံး စားသုံးလိုက်သောအခါ အောင်မြင်မှုများ သေချာပေါက်ရရှိနိုင်သည်။ ရီရှောက်ဖန်ကို အကြီးအကဲနေရာပေးရလျှင်ပင် ဘာအရေးရှိဦးမည်နည်း။

စိတ်အားထက်သန်သော အကြီးအကဲများနှင့် ရင်ဆိုင်ရချိန်တွင် ရီရှောက်ဖန်သည် ဤရာထူးများကို တွန့်ဆုတ်ဆုတ်ဖြင့် လက်ခံခဲ့ရသည်။ ထို့နောက် သူသည် အနှစ်တစ်ရာတိုင်း တက်လှမ်းခြင်းဆာဂျီဆေးလုံးကို တစ်လုံးသာမကဘဲ နှစ်လုံးအထိတိုးပေးခဲ့သည်။

အကြီးအကဲများသည်လည်း ဤရလဒ်အတွက် အလွန်ကျေနပ်ခဲ့ကြသည်။ ရီရှောက်ဖန်၏ဂုဏ်သတင်းသည် ဝမ်ဟိုင်ဂိုဏ်းအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့၏။

ရီရှောက်ဖန်သည် မဟာသူတော်စင်လက်နက်များကို ပေးစွမ်းနိုင်ရုံသာမက မဟာသူတော်စင်အဆင့်ဆေးလုံးများကိုလည်း ပေးစွမ်းနိုင်ရာ၊ ပင်လယ်နဂါးသူတော်စင်သည် ဝမ်ဟိုင်ဂိုဏ်း၏ကျေးဇူးရှင်ဖြစ်သည်။

အနာဂတ်တွင် ရီရှောက်ဖန်ကို သတ္တိရှိရှိဆန့်ကျင်လာလျှင် သူကိုယ်တိုင်ဖြေရှင်းရန်ပင် မလိုအပ်တော့ချေ။ ဤအကြီးအကဲများက သူ့အတွက် ပြဿနာကို ဖြေရှင်းပေးလိမ့်မည်။ ရီရှောက်ဖန်သာ တစ်ခုခုဖြစ်သွားလျှင်၊ ဆေးလုံးနှင့်လက်နက်များမရတော့လျှင် မည်သူသည်းခံနိုင်မည်နည်း။

ကြွယ်ဝသောဘဝနှင့် နေသားကျလာသောအခါတွင် ချွေတာသောဘဝသို့ပြန်သွားရန် ခက်ခဲသည်။ နောက်ဆုံးတွင် ၎င်းတို့သည် ဤအခွင့်အရေးကို ရရှိထားပြီးဖြစ်သောကြောင့် ၎င်းတို့၏ယခင်နေထိုင်မှုပုံစံကို မပြန်ချင်ကြပေ။ ထို့ကြောင့် ၎င်းတို့အနေဖြင့် ရီရှောက်ဖန်ကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားရမည်။

နောက်ပိုင်းတွင် ရီရှောက်ဖန်ကို ဆန့်ကျင်သူသည် ဝမ်ဟိုင်သူတော်စင်ဂိုဏ်းတစ်ခုလုံးကို ဆန့်ကျင်ခြင်းဖြစ်သည်။ ထို့ကြောင့် ရီဖန်က ထိုရာထူးကို မယူလိုလျှင်ပင် ပဉ္စမအကြီးအကဲအဖြစ် တိုးမြှင့်ခံလိုက်ရ၏။

တကယ်တမ်းတွင် ရီရှောက်ဖန်ကလည်း ငြင်းရန် ရည်ရွယ်ချက်မရှိပေ။ ထို့အပြင် ပဉ္စမအကြီးအကဲဖြစ်လာခြင်းက ရီရှောက်ဖန်၏ နောက်ဆုံးပန်းတိုင်မဟုတ်သေးချေ။ ဝမ်ဟိုင်သူတော်စင်ဂိုဏ်းတစ်ခုလုံးကို ထိန်းချုပ်ခြင်းက ရီရှောက်ဖန်၏ရည်မှန်းချက်များထဲမှ တစ်ခုဖြစ်သည်။ အစည်းအဝေးပြီးဆုံးပြီးနောက် ရီရှောက်ဖန်သည် ခရမ်းရောင်အကြီးအကဲဟွမ်ကို သွားရှာခဲ့သည်။

"ပင်လယ်နဂါးအကြီးအကဲကို ဂုဏ်ပြုပါတယ်!"

ခရမ်းရောင်အကြီးအကဲဟွမ်၏နှုတ်မှ ဂုဏ်ပြုစကားထွက်လာသော်လည်း သူ့နှလုံးသားက ခါးသီးနေမည်မှာ သေချာသည်။ မကြာသေးမီကပင် ရီရှောက်ဖန်သည် သူ၏ဂျူနီယာကလေးဖြစ်နေသေးသည်။ ယခုအချိန်တိုလေးအတွင်း ရီရှောက်ဖန်သည် သူ့အထက်တွင်ရှိနေကာ ၎င်းကသာမန်လူသားတို့၏ အားနည်းချက်တစ်ခုဖြစ်သည့် မနာလိုစိတ်ကိုမလွှဲမရှောင်သာ ဖြစ်စေခဲ့သည်။

ရီရှောက်ဖန်သည် ယခင်တည်းက ပြင်ဆင်ထားခဲ့သော တက်လှမ်းခြင်းဆာဂျီဆေးလုံးနှစ်ခုကို ထုတ်ပြလိုက်သည်။ တစ်ဖက်တွင် ၎င်းသည် နှစ်များတစ်လျှောက် ၎င်း၏ပံ့ပိုးမှုအတွက် ခရမ်းရောင်အကြီးအကဲဟွမ်ကို ကျေးဇူးတင်ပါ၏။ တစ်ဖက်တွင် ရီရှောက်ဖန်သည် ဝမ်ဟိုင်ဂိုဏ်းတွင် တိုက်ရိုက်တပည့်များရှိရန် လိုအပ်သည်။ ခရမ်းရောင်အကြီးအကဲဟွမ်သည် အလုပ်လုပ်ရာတွင် အလွန်သေချာပုံရ၏။

"အာ ရှောက်ဖန်ရေ၊ ဒါက မသင့်တော်ဘူးထင်တယ်"

ခရမ်းရောင်အကြီးအကဲဟွမ်သည် ရီရှောက်ဖန်၏လက်ထဲမှ ဆေးလုံးနှစ်လုံးကို အလွန်လိုချင်သော်လည်း ၎င်းတို့ကိုလက်ခံရန် ရှက်ရွံ့နေသည်။ တက်လှမ်းခြင်းဆာဂျီဆေးလုံးများသည် အဖိုးတန်လွန်းသောကြောင့် သူ၏ အသေးအမွှားလုပ်ရပ်များအတွက် ထိုက်တန်သည်ဟု မထင်ခဲ့ချေ။

"ခရမ်းရောင်အကြီးအကဲဟွမ်ကို ခင်ဗျားရဲ့အကူအညီနဲ့ ပံ့ပိုးမှုတွေကို ကျွန်တော် အမြဲသတိရပါတယ်"

"ကျေးဇူးပြုပြီး မငြင်းပါနဲ့။ အနာဂတ်မှာ အချင်းချင်း ကူညီပံ့ပိုးပြီး ဝမ်ဟိုင်သူတော်စင်ဂိုဏ်းကို ပံ့ပိုးနိုင်တယ်လေ"

နောက်ဆုံးတွင် ခရမ်းရောင်အကြီးအကဲဟွမ်သည် ရီရှောက်ဖန်၏ တက်လှမ်းခြင်းဆာဂျီဆေးလုံးများနှင့် သူ၏သွယ်ဝိုက်သော အဆိုပြုချက်ကိုရရှိကာ ရီရှောက်ဖန်နှင့်ရပ်တည်ရန် ရွေးချယ်ခဲ့သည်။

သူသည် နှောင်းပိုင်းသူတော်စင်အဆင့်နှင့် နီးစပ်လာပြီဖြစ်သောကြောင့် ဤဆေးလုံးနှစ်ခုဖြင့် သူတော်စင်နယ်မြေနောက်ဆုံးအဆင့်သို့ ဖြတ်ကျော်သွားမည်မှာ သေချာသည်။

သူ၏ကျင့်ကြံမှုအဆင့်ကျော်လွန်သွားပါက ဝမ်ဟိုင်သူတော်စင်ဂိုဏ်းရှိ သူ၏အဆင့်အတန်းသည်လည်း သိသိသာသာ တိုးတက်လာမည်ဖြစ်သည်။

ခရမ်းရောင်အကြီးအကဲဟွမ်ကိုသည် ရီရှောက်ဖန်အတွက် မလုံလောက်သေးချေ။

သူသည် အနာဂတ်တွင် ဝမ်ဟိုင်သူတော်စင်ဂိုဏ်းကို သိမ်းပိုက်ရန်အတွက် ကြိုတင်ပြင်ဆင်ရန် နောက်ထပ်တိုက်ရိုက်တပည့်များကိုလိုအပ်သည်။

တစ်ဖက်ရှိ ပန်ကုစကြဝဠာတွင်၊ တံခါးပိတ်ကျင့်ကြံနေသော ပင်လယ်ခါးသူတော်စင်သည် နောက်ဆုံးတွင် သူတော်စင်နယ်မြေသို့ ရောက်ရှိသွားသည်။

"ရီမိသားစုကို ဖြေရှင်းဖို့အချိန်တန်ပြီ"

ပင်လယ်ခါးသူတော်စင်ထံမှ ထွက်ပေါ်လာသော စွမ်းအားသည် ၀မ်ရှန်းဂိုဏ်း၏ ကျင့်ကြံသူအများအပြားကို ကြီးမားသောဖိအားဖြစ်စေခဲ့သည်။ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် ပင်လယ်ခါးသူတော်စင်၏ရောင်ဝါကို ခံစားရပြီးနောက် မနာလိုစိတ်ဖြင့် ပြည့်နှက်နေသည်။ သူတော်စင်နယ်မြေနှင့် သူတော်စင်တစ်ပိုင်းနယ်မြေကြား အဆင့်အနည်းငယ်သာကွာခြားသော်လည်း ကွာဟချက်က ကြီးမားသည်။

"စကြဝဠာရဲ့နှလုံးသားကို အခုရှာတော့။ ငါတို့ စကြဝဠာရဲ့နှလုံးသားကို ပိုင်ဆိုင်ပြီးတာနဲ့ ရီမိသားစုကို သွားတိုက်လို့ရပြီ"

ပင်လယ်ခါးသူတော်စင်သည် ယခင်က ပြင်ဆင်ထားသည့် အခင်းအကျင်းများစွာကို ထုတ်ယူခဲ့သည်။ ၎င်းတို့ထဲတွင် ရေးထွင်းထားသော တားမြစ်ချက်များဖြင့် စကြာဝဠာ၏နှလုံးသားကို ရှာဖွေနိုင်သည်။ ၎င်းသည် စကြဝဠာ၏နှလုံးသားတည်နေရာကို ရှာဖွေရန် ထိပ်တန်းအင်အားစုလေးခုလုံးကို စည်းရုံးခဲ့သည်။

ဤထိပ်တန်းအင်အားစုများ၏ ကြီးမားသောလှုပ်ရှားမှုများသည် တာ့ယွီနတ်မင်းဆက်၏ထောက်လှမ်းရေးဌာနကို ရှောင်လွှဲ၍မရပေ။

………

All Chapters