အခန်း ၄၆၀-၄၆၂
Vol. 31 Ch. 460-462
အခန်း ၄၆၀ - ငါတော့ လျန်ကျင်းယုရှိမယ်လို့ မထင်ပါဘူး
မကြာမီတွင် စကြဝဠာနှလုံးသားကို ရှာဖွေနေသည့် ထိပ်တန်းအင်အားစုလေးခု၏ သတင်းသည် ရီရှောင်းရှောင်းထံ ရောက်လာသည်။ ရီရှောင်းရှောင်းက ၎င်းကို ဘာမှန်းသေချာမသိသော်လည်း စကြဝဠာ၏နှလုံးသားက ထိပ်တန်းအင်အားစုလေးခုကို ဤကဲ့သို့ ရုတ်ရုတ်သဲသဲရှာဖွေရန် တွန်းအားပေးခဲ့သည်အထိဖြစ်ရာ အရေးမပါသည့်အရာ မဖြစ်နိုင်ပေ။
သူမ မသိသော်လည်း ရီဖန်က သေချာပေါက်သိလိမ့်မည်။ မကြာမီတွင် ရီရှောင်းရှောင်းသည် ရီဖန်ကိုတွေ့ရှိပြီး သတင်းကိုအကြောင်းကြားခဲ့သည်။ ရီဖန်က ၎င်းကိုဘာမှန်း ယောင်ဝါးဝါးခန့်မှန်းမိသော်လည်း တိကျသည့်အချက်အလက်များနှင့်ပက်သက်၍ မရှင်းလင်းတဲ့အတွက် ပန်ကုက်ိုလှည့်ကြည့်လိုက်သည်။
ရီဖန်သည် ရန်ဟွမ်၏မျက်လုံးများထဲမှ နာကြည်းမှုကို လျစ်လျူရှုလိုက်ပြီး စကြဝဠာ၏နှလုံးသားကိုရှာဖွေနေသည့် သူတော်စင်အစည်းအရုံး၏သတင်းကိုဝေမျှခဲ့သည်။
"သခင် မင်းလည်း ဒီစကြဝဠာနှလုံးသားကို လိုချင်တာလား"
အကယ်၍ အခြားတစ်စုံတစ်ယောက်က စကြဝဠာ၏နှလုံးသားကို လိုချင်ပါက ပန်ကုသည် သူမ၏ဘဝကိုထိန်းချုပ်နိုင်မည့်အရာအား အရှုံးပေးလက်ခံမည်မဟုတ်ချေ။ သိူ့သော် ရီဖန်ကို ပေးလိုက်ရခြင်းက မတူတော့ပေ။ စကြဝဠာ၏နှလုံးသား ၎င်းသည် ရန်ဟွမ်လေးနှင့် လက်ထပ်ရန်အတွက် ခန်းဝင်ပစ္စည်းအဖြစ် လုံလောက်နိုင်သည်မဟုတ်လား။ ဤကာလအတွင်း လူ့ဓလေ့ထုံးစံများအကြောင်း သူမလေ့လာခဲ့ရာ အိမ်ထောင်ပြုသည့်အခါ ခန်းဝင်ပစ္စည်းပေးသင့်ကြောင့် သိထားသည်။
ကံကောင်းစွာဖြင့် ရီဖန်သည် သူမ၏အတွေးများကို မသိခဲ့ပေ။ သို့မဟုတ်ပါက သူမ၏ ခေတ်နောက်ကျနေသော အတွေးအမြင်များကို ပြစ်တင်ဝေဖန်နေလိမ့်မည်။ ရီဖန်လိုချင်ကြောင်း အတည်ပြုပြီးနောက် ပန်ကုသည် လုံးဝမတွန့်ဆုတ်ဘဲ စကြဝဠာ၏နှလုံးသားကို ချက်ချင်းခေါ်ဆိုခဲ့သည်။
သူမမွေးဖွားလာချိန်တွင် သူမ၏မွေးရာပါအမှတ်တရများမှတစ်ဆင့် စကြဝဠာ၏နှလုံးသား၏အရေးပါပုံကို သင်ယူခဲ့ပြီး ၎င်းကိုစည်းတံဆိပ်ခတ်ရန် နည်းလမ်းအမျိုးမျိုးကိုအသုံးပြုခဲ့သည်။ သက်တံအလင်းရောင်ပေါ်လာသောအခါ ပန်ကုစကြဝဠာရှိ သတ္တဝါအားလုံးသည် အနည်းငယ်တုန်လှုပ်သွားသည်ကို ခံစားနိုင်သည်။
ကျင့်ကြံသူအများစုက အထူးရတနာတစ်ခုဟု မွေးဖွားလာခြင်းဖြစ်သည်ဟု ယူဆကြသည်။ ၎င်းက ပန်ကုစကြဝဠာ၏နှလုံးသားဖြစ်သည်ကို ပင်လယ်ခါးသူတော်စင်သာ သိသည်။ သို့သော် ၎င်းက အဘယ်ကြောင့် စိတ်လိုလက်ရ ပေါ်လာရသနည်း။
စကြာဝဠာတစ်ခုမွေးဖွားလာချိန်တွင် ၎င်း၏အသိစိတ်သည် အများအားဖြင့် ဖရိုဖရဲဖြစ်ပြီး မရှင်းမလင်းဖြစ်နေသည်။ သို့တိုင်အောင် သူ၏စကြဝဠာနှလုံးသားကို အလိုလို ဖုံးကွယ်ထားလိမ့်မည်။ ယခုတွင် စကြဝဠာ၏နှလုံးသားသည် ပင်လယ်ခါးသူတော်စင် မမျှော်လင့်ထားသောအရာကို ထုတ်ဖော်ပြသလိုက်သည်။
၎င်းက အံ့သြနေသော်လည်း တက်ကြွစွာရှာဖွေရသည့်အချိန်ကို သက်သာစေသည်။
သူအောင်မြင်ပြီးပြီးချင်း၌ စကြဝဠာ၏နှလုံးသားထွက်ပေါ်လာရာ၊ သူ၏အမြင်တွင် ဤစကြဝဠာ၏နှလုံးသားသည် သူ့ကို စောင့်မျှော်နေသည်မှာ ထင်ရှား၏။
"တကယ်ပဲ ငါကရွေးချယ်ခံရသူပဲ!"
ပင်လယ်ခါးသူတော်စင်သည် မိမိကံကြမ္မာကို အလွန်ယုံကြည်မှုရှိသည်။ မကြာမီတွင် ပင်လယ်ခါးသူတော်စင်သည် ဤထူးခြားသောအခိုက်အတန့်ကိုတွေ့မြင်ရန် ထိပ်တန်းအင်အားစုလေးခုမှ စွမ်းအားကြီးပုဂ္ဂိုလ်အားလုံးကို ဆင့်ခေါ်ခဲ့သည်။ ကံမကောင်းစွာဖြင့် အထက်ကမ္ဘာမှမိတ်ဆွေများသည် သူ၏ကျက်သရေရှိသော အခိုက်အတန့်ကို မတက်ရောက်နိုင်တော့ချေ။
ထိပ်တန်းအင်အားစုလေးခုမှ ကျင့်ကြံသူများသာမက ကျင့်ကြံသူငယ်အများအပြားသည်လည်း အခြေအနေကို အခွင့်ကောင်းယူရန်မျှော်လင့်ကာ အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာခဲ့ကြသည်။ ထိုသို့သော ရုန်းရင်းဆန်ခတ်ဖြစ်မှုက တစ်ခုခုထူးထူးခြားခြားဖြစ်နေသည်ကို ညွှန်ပြသည်။
၎င်းတို့တစ်ဉီးစီတွင် အံ့ဖွယ်ကောင်းသော ရှာဖွေတွေ့ရှိမှုများအတွက် မျှော်လင့်ချက်အပြည့်ရှိကြသည်။ မကြာမီတွင် တစ်စုံတစ်ယောက်သည် ဗဟိုကောင်းကင်နယ်မြေကို ရတနာ၏တည်နေရာအဖြစ် သတ်မှတ်ခဲ့သည်။
ဗဟိုကောင်းကင်နယ်မြေတစ်ခုလုံးသည် ယခုအခါတွင် လူများနှင့်အတူ ပြည့်နှက်သွား၏။
နယ်ပယ်များကို ဖြတ်ကျော်နိုင်သော ကျင့်ကြံသူအားလုံးနီးပါး ထိုနေရာတွင် ရောက်ရှိနေသည်။ မကြာမီ လူတိုင်း၏မျက်စိရှေ့တွင် ကျောက်တုံးနှင့်တူသော ရတနာတစ်ခုပေါ်လာသည်။ ဤကျောက်တုံးနှလုံးသားသည် သာမာန်ပုံပေါက်ကာ ၎င်းပေါ်ပေါက်လာခြင်း၏ ကြီးကျယ်ခမ်းနားမှုနှင့် လုံးဝကိုက်ညီမှုမရှိပေ။ သူတို့ မှားသွားပြီလား။
ပင်လယ်ခါးသူတော်စင်သည် ကျောက်တုံးနှလုံးကိုမြင်သောအခါ၊ သူ၏မျက်လုံးများသည် စိတ်ဓာတ်တက်ကြွမှုအပြည့်ဖြစ်လာသည်။ ၎င်းက ပန်ကုစကြဝဠာ၏ နှလုံးသားဖြစ်သည်။ ၎င်းကို သန့်စင်နိုင်သူသည် ပန်ကုစကြဝဠာတစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီး စကြဝဠာအသိစိတ်၏ ကောင်းချီးများကိုခံယူကာ သူတော်စင်အဆင့်သို့ရောက်ရှိရန် အခွင့်အလမ်းများ တိုးလာမည်ဖြစ်သည်။ ဤအရာသည် သူတော်စင်တိုင်းလိူချင်သော ရတနာတစ်ခုဖြစ်သည်မှာ သံသယရှိစရာပင်မလိုပေ။
သူတော်စင်အစည်းအရုံးက ၎င်းကို ကောင်းကောင်းဖုံးကွယ်မထားလျှင် သူတော်စင်အဆင့်ရှိ စွမ်းအားရှင်များက ၎င်းကိုသိမ်းပိုက်ရန် ရောက်လာလိမ့်မည်။ သို့သော် သူသည် စကြဝဠာနှလုံးသားကို အောင်မြင်စွာ သန့်စင်နိုင်သရွေ့ သူတော်စင်အဆင့်ရှိ စွမ်းအားရှင်များကိုကြောက်စရာမလိုပေ။ ထို့အပြင် သူသည် သူတော်စင်အစည်းအရုံးရှိ ထိပ်တန်းစွမ်းအားရှင်များထဲမှ တစ်ဦးဖြစ်လာမည်ဖြစ်သည်။
ထိုအချိန်တွင် ရီမိသားစုမှ ကျင့်ကြံသူများ ရောက်လာကြသည်။ ရီဖန်သည် ကျင့်ကြံသူအများအပြားကို ဦးဆောင်ကာ အခင်းဖြစ်ပွားရာသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့သည်။ ပင်လယ်ခါးသူတော်စင်ကဲ့သို့ပင်၊ သူသည် ဤထင်ရှားသောအခိုက်အတန့်အတွက် သက်သေများရှိချင်ခဲ့သည်။
၎င်းသာမက နောက်ပိုင်းတွင် လုပ်စရာများစွာရှိသောကြောင့် ရီဖန်တစ်ယောက်တည်း အားလုံးကို ကိုင်တွယ်နိုင်မည် မဟုတ်ချေ။ ထိပ်တန်းအင်အားစုလေးခုမှ စွမ်းအားကြီးပုဂ္ဂိုလ်များ အားလုံးရောက်ရှိလာသည်ကို ရီဖန်သတိပြုမိကာ ၎င်းမှာ အမှန်ပင် ကောင်းသောလက္ခဏာဖြစ်သည်။ ဤပင်လယ်ခါးသူတော်စင်သည် လူကောင်းတစ်ဦးဖြစ်၏။ ရီဖန် ဟိုသွားသည်သွားနေရမည်ကို စိတ်ပူနေခဲ့ခြင်းကြောင့် အားလုံးကို ချက်ချင်းခေါ်လာပေးခဲ့၏။
ပင်လယ်ခါးသူတော်စင်သည် ရီဖန်ကိုမြင်သည်နှင့် မနာလိုစိတ်၏ အေးစက်သောအငွေ့အသက်များ ထွက်ပေါ်လာသည်။ ရီမိသားစုသည် ပန်ကုစကြာဝဠာတွင် အကြီးမားဆုံး မသေချာမှုဖြစ်သည်။ ယနေ့တွင် ကြီးကျယ်သော ကံကြမ္မာတစ်ခုကို ပုံဖော်နေရာ အခြားသော စွမ်းအားရှင်များသည်လည်း ၎င်းတို့၏လက်သီးများနှင့် လက်ဖဝါးများကို စိတ်အားထက်သန်စွာ ပွတ်တိုက်ကာ ရီမိသားစုကို ပင်လယ်ခါးသူတော်စင်၏ အမိန့်အရ တိုက်ခိုက်ရန် ပြင်ဆင်နေကြသည်။
မသိနိုင်သော အကြောင်းရင်းများကြောင့် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသာလျှင် စိတ်မသက်သာမှုကို ခံစားခဲ့ရသည်။ တခါတရံတွင် ပြင်းပြလွန်းသည့် ထိုးထွင်းသိမြင်မှုတိုင်းက အမြဲတမ်း အကျိုးရှိမည်မဟုတ်ပေ။ မငြိမ်မသက်သေဆုံးခြင်းကို ဖြစ်စေနိုင်သည်။ မသေခင်အချိန်များက အနာကျင်ဆုံးဖြစ်သည်။
ကောင်းကင်နှလုံးသား သူတော်စင်တစ်ပိုင်းသည် ပင်လယ်ခါးသူတော်စင်နှင့်အတူ ယခုထွက်ပြေးချင်နေသော်လည်း သူ မတတ်နိုင်ပေ။ နောက်ဆုံးတွင် အရောင်များ ရလွင့်စင်သွားသည်နှင့်အမျှ စကြဝဠာ၏နှလုံးသားကို အားလုံးမြင်နိုင်လာသည်။
"ဒါဆို ငါကပန်ကုစကြဝဠာကို ထိန်းချုပ်ထားတဲ့သူပဲ"
ပင်လယ်ခါးသူတော်စင်သည် စကြဝဠာ၏ နှလုံးသားဆီသို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် သူ၏ ရှက်ကိုးရှက်ကန်း မျက်လုံးများရှေ့တွင် စကြဝဠာ၏နှလုံးသားသည် လှုပ်ရမ်းသွားပြီး ပင်လယ်ခါး သူတော်စင်၏ ဆုပ်ကိုင်မှုကို ရှောင်တိမ်းသွားခဲ့သည်။
မြင်သာသောမေးခွန်းအမှတ်အသားသည် လူတိုင်း၏ခေါင်းပေါ်တွင် ပျံဝဲနေ၏။ ပင်လယ်ခါးသူတော်စင်သည် အစပိုင်းတွင် ယုံကြည်မှုရှိသော်လည်း ရုတ်တရက် ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိတော့ပေ။ ၎င်းက ဘာကို ဆိုလိုသနည်း။ စကြဝဠာ၏ နှလုံးသားသည် အသိစိတ်မဲ့နေသင့်သည်မဟုတ်လော။ သူ့ကို အဘယ်ကြောင့် ရှောင်နိုင်ခဲ့သနည်း။
ပင်လယ်ခါး သူတော်စင်သည် ဤအဓိပ္ပာယ်မဲ့သောအမှန်တရားကို မယုံဘဲ စကြဝဠာ၏နှလုံးသားကို နောက်ထပ်ဖမ်းယူနိုင်ခဲ့သော်လည်း စကြဝဠာ၏ နှလုံးသားသည် သူ့ကိုဆက်တိုက်ရှောင်တိမ်းနေခဲ့သည်။ လှောင်ပြောင်သောအကြည့်များကြောင့် စိတ်ပျက်နေသော ပင်လယ်ခါး သူတော်စင်သည် စိတ်တည်ငြိမ်မှုဆုံးရှုံးသွားကာ လုံးဝအရှက်ရသွားသည်။
"နေစမ်း!"
ပင်လယ်ခါးသူတော်စင်၏ခန္ဓာကိုယ်မှ သူတော်စင်တစ်ဦး၏ရောင်ဝါ ထွက်ပေါ်လာသည်။ သူ၏ကြီးမားလှသော စွမ်းအားသည် စကြဝဠာ၏နှလုံးသားကို ပစ်မှတ်ထားကာ တားဆီးထားသည်။ ပင်လယ်ခါးသူတော်စင်ကို လှောင်ပြောင် လှောင်ပြောင်နေကြသော ကျင့်ကြံသူများသည် ယခု မရယ်နိုင်တော့ပေ။ ပန်ကုစကြာဝဠာတွင် သူတော်စင်တစ်ယောက် ပေါ်လာသလား။
သူတော်စင်ကို လှောင်ရယ်ခြင်းက သေကြောင်းကြံနေခြင်းမဟုတ်ဘူးလား။ လေထုသည် ချက်ခြင်းတင်းမာသွားသည်။ ရတနာကိုရယူရန် ကြိုးစားနေသူသည် သူတော်စင်တစ်ယောက် ဖြစ်နေသည့်အတွက် မထင်မှတ်ထားသည့် အဖြစ်အပျက်များ ထပ်မဖြစ်နိုင်သင့်ပေ။ သို့သော် နောက်တစ်ခုက ပို၍အံ့အားသင့်စရာ ဖြစ်သွားသည်။
စကြဝဠာ၏နှလုံးသားသည် ပင်လယ်ခါးသူတော်စင်၏ကန့်သတ်ချုပ်ချယ်မှုများမှ လွတ်မြောက်သွားခဲ့သည်။ ထို့နောက် ရီဖန်၏လက်ထဲသို့ ပျံသွား၏။ ၎င်းက ပင်လယ်ခါးသူတော်စင်ကို လှောင်ပြောင်နေသကဲ့သို့ နှစ်ခါမျှခုန်လိုက်သေးသည်။
ပင်လယ်ခါးသူတော်စင်သည် ဒေါသစိတ်ဖြင့် အနည်းငယ် တုန်လှုပ်သွားသည်။ သူ ယနေ့ မျက်နှာ အတော်ပျက်သွားရ၏။ စကြာဝဠာ၏နှလုံးသားသည် လုံးဝသတိမရှိနေခြင်းမဟုတ်ဘဲ သူလှည့်စားခံလိုက်ရခြင်းဖြစ်သည်။
အကယ်၍ ၎င်းကအသိမရှိလျှင် သူ့ကို မည်သို့လှည့်စားနိုင်မည်နည်း။ ၎င်းက ရီဖန်နှင့် မည်သို့ လက်တွဲသွားမည်နည်း။ သူတော်စင်မဟုတ်သော ရီဖန်သည် အသိစိတ်မရှိသောစကြာဝဠာကို ၎င်းအားလှောင်ပြောင်ရန် မည်သို့ စည်းရုံးနိုင်မည်နည်း။ ရှက်စရာကောင်းလိုက်လေခြင်း။ !
ကြိမ်ဖန်များစွာ အရှက်ခွဲခံရခြင်းသည် ခါးသီးနေပြီဖြစ်သော ပင်လယ်ခါးသူတော်စင်ကို ခံနိုင်ရည်မဲ့စေသည်။
"ဒီနေ့ မင်းကို ငါသတ်မယ်၊ စကြဝဠာရဲ့ နှလုံးသားက ငါ့အတွက်ပဲဖြစ်ရမယ်"
"ရီမိသားစု၊ မင်းတို့ကိုယ်တိုင်ထွက်လာမှတော့ ငါရှာရ သက်သာတာပေါ့"
"အားလူံးပဲ ငါ့အမိန့်ကိုနာခံပြီး အဲကောင်တွေကိုသတ်ပစ်!"
သူ့ဓားရှည်ဖြင့် ရီမိသားစုကျင့်ကြံသူများဆီသို့ ညွှန်ပြကာ စစ်အမိန့်ထုတ်လိုက်သည်။ ထိပ်တန်းအင်အားစုလေးခု၏ ကျင့်ကြံသူများသည် ရီမိသားစုကိုတိုက်ခိုက်ရန် ကြံရွယ်နေကြသည်။ သူတို့သည် ယနေ့ သူတော်စင်တစ်ဦး၏ ကျောထောက်နောက်ခံရှိခဲ့ကာ ရီမိသားစုနှင့်ပက်သက်၍ ၎င်းတို့၏စိတ်ပျက်မှုများကို ဤတစ်ကြိမ်တွင် ဖြေရှင်းနိုင်ခဲ့သည်။
ရီမိသားစုသည် သူတော်စင်တစ်ဦး၏ ချုပ်ကိုင်မှုအောက်တွင် ရှင်သန်နိုင်မည်လား။ ရီမိသားစုမှ ကျင့်ကြံသူများသည် ထိပ်တန်းအင်အားစုလေးခုမှ စိတ်အားထက်သန်နေသော ကျင့်ကြံသူများကိုကြည့်ပြီး ရယ်မောလိုက်ကြသည်။ ရီမိသားစုကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု ၎င်းတို့က အဘယ်ကြောင့်များ ထင်နေသနည်း။
လျန်ကျင်းယုကြောင့်လား။ ကျင့်ကြံရေးကမ္ဘာတွင် သူမရှိပါ။ သို့ဆိုလျှင် ရီမိသားစုသည် ၎င်းတို့ကိုင်တွယ်နိုင်သည့်အရာ ဟုတ်မဟုတ် ဤလူများကို ပြရမည်။
ရီမိသားစုကျင့်ကြံသူများထံမှ အင်အားကြီးရောင်ဝါများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ သူတော်စင်ခြောက်ယောက်၊ မရေမတွက်နိုင်သော သူတော်စင်တစ်ပိုင်းနှင့် အခြားသောစွမ်းအားကြီးရောင်ဝါများက ကောင်းကင်ဘုံဘုံတစ်ခုလုံးကို ပြည့်လျှံသွားစေသည်။
………..
အခန်း ၄၆၁ - မိသားစုနယ်မြေ အဆင့်ဆယ့်ငါး၊ စကြဝဠာ၏ဗဟို
တိုက်ခိုက်ရန်စီစဉ်နေသော ထိပ်တန်းအင်အားစုလေးခု၏ ကျင့်ကြံရေးသမားများသည် ချက်ချင်းပင် နေရာ၌အေးခဲသွားသည်။ ၎င်းတို့တိုက်ကြမည်လား။ ဘယ်လိုတိုက်ကြမည်နည်း။ ခေါင်းနဲ့ပဲ ပြေးတိုက်လိုက်ရမည်လား။
ထိုသူတော်စင်နယ်မြေစွမ်းအားရှင်များကို ခဏဖယ်ထားလိုက်လျှင်ပင် ရီမိသားစုမှ သူတော်စင်တစ်ပိုင်းနှင့် သူတော်စင်အကူများက ၎င်းတို့ကို အကြွင်းအကျန်မရှိ အမှုန့်ကြိတ်နိုင်သည်။
ရီဖန်တို့လူစာရင်းကိုကြည့်ပြီးနောက် သာမန်ကျင့်ကြံသူများသာမက ပင်လယ်ခါးသူတော်စင်ပင်လျှင် အရှက်ရသွားသည်။ ရီမိသားစုတွင် သူတော်စင်များ မည်သို့ရှိနေသနည်း။ ထို့အပြင် ၎င်းတို့က ခြောက်ယောက်တောင်ရှိနေသလား။
မဟုတ်သေးပေ။ ရီမိသားစု၏ မိသားစုခေါင်းဆောင် ရီဖန်သည် ယခုအချိန်အထိ မထွက်လာသေးချေ။
ရီမိသားစုတွင် သူတော်စင်ခြောက်ယောက်ရှိနေပြီဖြစ်သောကြောင့် မိသားစုခေါင်းဆောင်ဖြစ်သူ ရီဖန်သည် ပို၍ပင်အားကောင်းနေနိုင်သည်။ ရီမိသားစု၏ နောက်ခံက အဘယ်နည်း။ ၎င်းတို့က မည်မျှအထိ အစွမ်းထက်နိုင်မည်နည်း။
ပင်လယ်ခါးသူတော်စင်သည် သူ့ခေါင်းပေါက်ကွဲတော့မည်ကို ခံစားလိုက်ရသည်၊ ဤအချိန်တွင် ၎င်းတို့အားလုံး လမ်းဆုံးတော့မည်။ တစ်ဦးတည်းသော အနည်းငယ်ငြိမ်သက်နေသူသည် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသာ ဖြစ်လိမ့်မည်။
"ငါသိနေတယ်။ ရီမိသားစုက ဒီလောက်မရိုးရှင်းဘူးဆိုတာ ငါသိနေတယ်"
သူ၏ဆဋ္ဌမအာရုံက အလွန်ထင်ရှားသော်လည်း ၎င်းကို မှားယွင်းစေရန်သာ ပိုနှစ်သက်ခဲ့သည်။ ဤတစ်ကြိမ်တွင် ၎င်းတို့ထွက်ပြေးလိုလျှင်ပင် မရတော့ကြောင်း ခန့်မှန်းနိုင်၏။
“စကြ!”
တိုက်ပွဲမဖြစ်မီက စကားစမြည်ပြောခြင်းက လူမိုက်များ၏လမ်းစဉ်ဖြစ်သောကြောင့် ရီဖန်က မလိုက်နာလိုပေ။ တစ်ယောက်ပြီးတစ်ယောက်ကျဆုံးနေသော သူတော်စင်တစ်ပိုင်းများကိုကြည့်ရင်း ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း ခါးသီးစွာခံစားခဲ့ရကာ အနည်းငယ် ပဟေဋ္ဌိဖြစ်သွားသည်။
ရီမိသားစု၏အင်အားသည် အင်အားစုကြီးလေးခုထက် များစွာသာလွန်သည်၊ ၎င်းတို့ကို အရေးယူရန် အဘယ်ကြောင့် ယခုအချိန်အထိ စောင့်နေကြသနည်း။ ၎င်းတို့ကို ကစားနေကြသလား။ သူမသိသောအရာမှာ ရီဖန်သည် ယခင်က မသေချာသောကြောင့် အင်အားစုကြီးလေးခုကို ဆန့်ကျင်ခြင်းမပြုခဲ့ခြင်းဖြစ်သည်။ သူတော်စင်အစည်းအရုံးဘက်တွင် အင်အားအများအပြားရှိနေသည်မှာ သေချာသည်။
ယခုတွင်ရီဖန်သည် သူတော်စင်အစည်းအရုံး၏အင်အားကို အကြမ်းဖျင်းနားလည်လာခဲ့သည်။ သူတော်စင်အစည်းအရုံး၏အင်အားသည် ဝမ်ဟိုင်အင်မော်တယ်ဂိုဏ်းထက် အားကောင်းလျှင်ပင် သူတော်စင်အစည်းအရုံးနှင့် အပြန်အလှန်တိုက်ခိုက်နိုင်သည်။
အများဆုံးရှိမှ ၎င်းတို့ထံတွင် သူတော်စင်နယ်မြေအထွတ်အထိပ် စွမ်းအားရှင်အနည်းငယ်သာရှိမည်။
သူတော်စင်အဆင့်နယ်ပယ်ရှိ စွမ်းအားရှင်များသည်လည်း လွယ်ကူစွာပေါ်တော့မည်မဟုတ်ချေ။
ရီဖန်က ဘာကို စိုးရိမ်နေသေးသနည်း။
ရီမိသားစုမှပြသထားသော အင်အားနှင့် ရင်ဆိုင်ရသောအခါတွင် အဓိကအင်အားစုလေးခုသည် ခုခံနိုင်စွမ်းမရှိသလောက်ဖြစ်ကာ တိုက်ရိုက်ပျက်သုဉ်းသွားခဲ့သည်။ ရီဖန်သည် သူ့လက်ထဲတွင် ကြယ်တာရာနှလုံးကို ကစားလျက် ပင်လယ်ခါးသူတော်စင်၏ခန္ဓာကိုယ်ပေါ်သို့ နင်းသွားခဲ့သည်။
"စိတ်မပူပါနဲ့၊ ငါမင်းနဲ့လိုက်ဖို့ သူတော်စင်အစည်းအရုံးကို မကြာခင်စေလွှတ်လိုက်မယ်"
ပင်လယ်ခါးသူတော်စင်သည် ရုတ်တရက် မျက်လုံးပြူးသွားသည်- "သူတော်စင်အစည်းအရုံး အကြောင်း ဘယ်လိုသိတာလဲ"
" သူတော်စင်အစည်းအရုံးက လျှို့ဝှက်ဆန်းကြယ်လို့လား။ ပင်လယ်နဂါးသူတော်စင်ဆိုတဲ့ နာမည်ရော သိပ်မရင်းနှီးဘူးလား၊ သူက ငါ့ရဲ့ ရီမိသားစုကပဲလေ”
ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် အောက်ခြေနယ်ပယ်တွင်ရှိသော်လည်း သူတော်စင်ကမ္ဘာ၏ဖြစ်ပျက်မှုများအကြောင်းကို သူသိသည်။ ဤအချိန်အတောအတွင်း၊ ဝမ်ဟိုင်ဂိုဏ်းမှ မြင့်တက်လာသော သူတော်စင်များကြားတွင် ပင်လယ်နဂါးသူတော်စင်သည် သူတော်စင်အစည်းအရုံးအပေါ် သိသာထင်ရှားသော အကျိုးသက်ရောက်မှုကို ဖြစ်စေခဲ့သည်။
ပင်လယ်နဂါးသူတော်စင်သည် သူတော်စင်အစည်းအရုံးကို အလွန်မုန်းတီးခြင်းကို အားလုံးအံ့ဩနေကြ၏။သို့သော် ယခုတော့ မအရာအားလုံးကို ရှင်းပြနိုင်သည်၊ ပင်လယ်နဂါးသူတော်စင်သည် ရီမိသားစုမှဖြစ်သည်၊ ထို့ကြောင့် သူသည် သူတော်စင်အစည်းအရုံးတွင် ယဉ်ကျေးမည်မဟုတ်ပေ။
"မင်းတို့ ရီမိသားစုက ပန်ကုစကြဝဠာ မဟုတ်ဘူး၊ သူတော်စင်အစည်းအရုံး တစ်ခုလုံးကသာဖြစ်တာ"
ရီဖန်၏ချည်နှောင်မှုမှ လွတ်မြောက်ရန် ကြိုးစားရင်း ပင်လယ်ခါးသူတော်စင်သည် အနည်းဆုံး စာပေးပို့ရန်ကြိုးစားနေသည်။ ယခု ရီမိသားစုသည် မှောင်ရိပ်ထဲတွင်ရှိနေကာ သူတော်စင်အစည်းအရုံးသည် အလွတ်ပိုင်းတွင် ရှိနေသည်။
ရီမိသားစုမှပြသထားသည့် စွမ်းအားနှင့် ရွှမ်ယွမ်စကြာဝဠာဘက်ခြမ်းမှ စွမ်းအားများဖြင့်၊ ၎င်းတို့သည် သူတော်စင်အစည်းအရုံးကို ချေမှုန်းရန် အမှန်တကယ် အခွင့်အရေးရှိပေမည်။ ဤအရာမျိုးသည် ပင်လယ်ခါးသူတော်စဉ်အတွက် စိတ်ကူးမယဉ်နိုင်ပေ။
ရီဖန်၏အငိအားဖြင့် ပင်လယ်ခါးသူတော်စင်၏ စိတ်ဝိညာဉ်ပျက်သုဉ်းသွားသည်။ လူကို ညှဉ်းပန်းနှိပ်စက်တဲ့အခါမျိးတွင် ရီဖန်က အရမ်းအတွေ့အကြုံရှိသည်။
ပင်လယ်ခါးသူတော်စင် ကျုဆုံးသောအခါ သူတော်စင်အစည်းအရုံးတွင် ပင်လယ်ခါးသူတော်စင်ကိုကိုယ်စားပြုသော ဝိညာဉ် မီးအိမ်သည် တပြိုင်နက်တည်း ငြိမ်းသွားသည်။ ပင်လယ်ခါးသူတော်စင်သည် နှောင်းပိုင်းအဆင့် သူတော်စင်နယ်မြေစွမ်းအားရှင်ဖြစ်ကာ သူတော်စင်အစည်းအရုံး ၏အဆင့်မြင့်ပုဂ္ဂိုလ်လည်းဖြစ်သည်။
ပန်ကုစကြဝဠာအတွက် ပင်လယ်ခါးသူတော်စင်၏ တာဝန်အကြောင်းအချက်အလက်သည် သူတော်စင်အစည်းအရုံးဝင်အများစုအတွက် လျှို့ဝှက်ချက်တစ်ခုဖြစ်သည်။ ယခုတွင် ပင်လယ်ခါးမှ သူတော်စင်၏ ဝိညာဉ်မီးအိမ်ငြိမ်းသွားောအခါမှ ၎င်းကို ကြည့်ရှုရန်တာဝန်ရှိသော ကျင့်ကြံသူများသည် ပျာယာခတ်သွားကာ သူတော်စင်အစည်းအရုံး၏ အဆင့်မြင့်အဖွဲ့ဝင်များကို ချက်ချင်းအကြောင်းကြားခဲ့သည်။
“ဘာလဲ၊ ပင်လယ်ခါးရဲ့ ဝိညာဉ်မီးအိမ် သေသွားတာလား”
သူတော်စင်အစည်းအရုံး၏ ဂိုဏ်းချုပ်မျက်နှာသည် ချက်ချင်းပြောင်းလဲသွားသည်။ ပင်လယ်ခါးသူတော်စင်၏ တာဝန်အအကြောင်းကို သူသိ၏။ အခု ဝိညာဉ်မီးအိမ် ငြိမ်းသွားခြင်းက ပင်လယ်ခါးသူတော်စင်၏ မစ်ရှင်ကျရှုံးသွားသည်ဟု ဆိုလိုခြင်းမဟုတ်လား။ သူတော်စင်အစည်းအရုံးအတွက် ထိုကိစ္စက အလွန်အရေးကြီးသည်။
“အောက်ကမ္ဘာကို ချက်ခြင်းပြန်ဆက်သွယ်ပါ၊ ဘယ်လိုအခြေအနေရှိလဲ ကြည့်ကြ။ မတော်တဆဖြစ်ရင် အောက်ကမ္ဘာကို နောက်ထပ်အကြီးအကဲ ပို့ပေးလိုက်”
လူများကို အောက်ကမ္ဘာသို့ပို့ဆောင်ရန်အတွက် ကုန်ကျစရိတ်များစွာရှိလျှင်ပင် ၎င်းတို့တွန့်ဆုတ်နေမည်မဟုတ်ပေ။
ဤကုန်ကျစရိတ်များနှင့် နှိုင်းယှဉ်ပါက စကြဝဠာတစ်ခု၏တန်ဖိုးက ပိုမြင့်မားသည်။ ခဏအကြာတွင် သတင်းစကားရောက်လာ၏။
"ပြီးသွားပြီ၊ အခွင့်အလမ်း လုံးဝမရှိဘူး"
"အောက်ပိုင်းနယ်မြေမှာ ထိပ်တန်းအင်အားစုလေးခုလုံး ပျက်သုဉ်းသွားခဲ့ပြီး ပင်လယ်ခါးလဲ ရီမိသားစုလက်ထဲ သေဆုံးသွားပြီ"
၎င်းက ရီမိသားစုကြောင့်ဖြစ်ပြန်သည်။ သူတော်စင်အစည်းအရုံးအတွင်း နာမည်ဆိုးနဲ့ကျော်ကြားနေပြီဖြစ်သည့် ရီမိသားစု၏စွမ်းအားကို သူတော်စင်အများအပြားက မစိမ်းနေတော့ချေ။
ယခုလည်း ရီမိသားစုကြောင့် သူတော်စင်အစည်းအရုံးသည် ပန်ကုစကြာဝဠာကို ဆုံးရှုံးခဲ့ရရုံသာမက သူတော်စင်နယ်မြေ နောက်ပိုင်းအဆင့်မှ စွမ်းအားရှင်ပုဂ္ဂိုလ်တစ်ဦးကိုပါ ဆုံးရှုံးခဲ့ရသည်။ ရီမိသားစုအပေါ် သူတော်စင်မဟာမိတ်အစည်းအရုံး သတ်ဖြတ်ရန်ရည်ရွယ်ချက်သည် ကန့်သတ်ချက်သို့ ရောက်ရှိသွားခဲ့သည်။
“ကောင်းပြီ၊ ဒီ ရီမိသားစု”
“နေရာပြောင်းရွေ့ရေးလမ်းကြောင်းကို ပိတ်ထား။ ရီမိသားစုက ဘယ်သူမှ ဒီလမ်းကြောင်းကနေ အသက်ရှင်ရက်ထွက်လာတာ မလိုချင်ဘူး"
ယခု ၎င်းတို့ ပန်ကုစကြဝဠာထဲသို့ မဝင်နိုင်ကြသေးသောကြောင့် ရီမိသားစုအနေဖြင့် သူတော်စင်ကမ္ဘာထဲသို့ ဝင်လာရန်သာ စောင့်ဆိုင်းနေခဲ့ကြသည်။ ထိုအချိန်တွင် သူတို့သည် ရီမိသားစုကို ရက်စက်မှုအကြောင်း ကောင်းကောင်းသိစေမည်ဖြစ်သည်။
ရီမိသားစုဘက်တွင် ၎င်းတို့သည် အဓိကအင်အားစုလေးခု၏နယ်မြေများကို စောင့်ရှောက်ထားပြီးဖြစ်သည်။
………
အခန်း ၄၆၂ - မိသားစုနယ်မြေ အဆင့်ဆယ့်ငါး၊ စကြဝဠာ၏ဗဟို
ပန်ကုစကြာဝဠာကို နှစ်ပေါင်းများစွာ ချုပ်ကိုင်ထားခဲ့သော ထိပ်တန်းအင်အားစုလေးခုတွင် အမှန်တကယ်ပင် ပစ္စည်းတချို့ရှိသည်။ ရီဖန်ပင်လျှင် အတွင်း၌ရှိသော အရင်းအမြစ်များကြောင့် အနည်းငယ် အံ့သြသွားမိသည်။ ဤမျှလောက်သော အရင်းအမြစ်များသည် ရီမိသားစု၏ကျင့်ကြံသူများကို အချိန်အကြာကြီး ကျင့်ကြံရန်လုံလောက်သည်။
အရင်းအမြစ်အများစုကို သူတော်စင်တစ်ပိုင်းများနှင့် အဆင့်နိမ့်ကျင့်ကြံသူမျာက အသုံးပြုခဲ့ကြသည်။ တကယ်တမ်းတွင် သူတော်စင်တစ်ဦး အသုံးပြုနိုင်သော အရင်းအမြစ်များစွာမရှိချေ။ သို့သော် ၎င်းက လုံလောက်၏။ ရီမိသားစုဝင်အများစုသည် အဆင့်နိမ့် ကျင့်ကြံသူများသာရှိသေးသည်။ ၎င်းတို့၏ ကျင့်ကြံမှုအဆင့်မြင့်တက်လာသောအခါ ရီမိသားစုတွင် ကျင့်ကြံမှုအရင်းအမြစ်များ မရှားပါးသင့်ချေ။
ထို့အပြင် ရီဖန်သည် ဝမ်ရှန်းဂိုဏ်းအတွင်းမှ အထက်နယ်မြေသို့ လမ်းကြောင်းတစ်ခုကို ရှာတွေ့ခဲ့သည်။ ရီဖန်သည် ယခုအချိန်တွင် သူတော်စင်အစည်းအရုံးမှ သတင်းရရှိပြီးဖြစ်မည်ဟု မျှော်မှန်းထားပြီးဖြစ်သည်။ ယခုဆိုလျှင် ရီမိသားစု၏ကျင့်ကြံသူများသည် ဤလမ်းကြောင်းမှတဆင့် အထက်နယ်မြေ မရောက်နိုင်တော့ပေ။
အနှစ်ငါးထောင်အတွင်း ပန်ကုစကြာဝဠာကြီးသည် ပြီးပြည့်စုံသောကမ္ဘာတစ်ခုအဖြစ် ကြီးထွားလာမည်ဖြစ်သည်။ ထိုအချိန်တွင် ပဋိပက္ခသည် ရှောင်လွှဲ၍မရတော့ချေ။ နောင်နှစ်ပေါင်းငါးထောင်ကြာပြီးနောက်တွင် အဆုံးအဖြတ်တိုက်ပွဲကို ဆင်နွှဲရလိမ့်မည်။
ရီဖန်သည် ဝမ်ရှန်းဂိုဏ်း၏နယ်မြေကို ဖြတ်လျှောက်လာရင်း သက်ပြင်းမချဘဲမနေနိုင်တော့ပေ။ ၀မ်ရှန်းဂိုဏ်းနှင့် တစ်ချိန်လုံးတိုက်ပွဲဝင်ပြီးနောက်၊ ၎င်းတို့၏ ဂိုဏ်းအတွင်းသို့ ပထမဆုံးအကြိမ်ခြေချခြင်း ဖြစ်သည်။ နှမြောစရာကောင်းစွာဖြင့် သူတော်စင်တစ်ပိုင်းများ မရှိတော့ပေ။ သို့မဟုတ်ပါက ၎င်းသည် လမ်းညွှန်မှုတစ်ခုခုပေးနိုင်လိမ့်မည်။ ကွယ်လွန်သွားသော သူတော်စင်တစ်ပိုင်းများ ခရီးလမ်း ချောမွေ့ကြပါစေ။
ယခုအခါတွင် ထိပ်တန်းအင်အားစုလေးခု၏ ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ပန်ကုစကြဝဠာကို ရီမိသားစုက ထိန်းချုပ်ထားခဲ့သည်။ ထိုအတွက် အပျော်ဆုံးမှာ ရီရှောင်းရှောင်းဖြစ်မည်ကို သံသယ၀င်စရာရှိချေ။ တာ့ယွီနတ်မင်းဆက် ဖွံ့ဖြိုးတိုးတက်မှုအတွက် အတားအဆီးများမရှိတော့ပါ။ ယခင်လူသားဧကရာဇ်ပင်လျှင် ပန်ကုစကြဝဠာတစ်ခုလုံးတွင် သူ၏နတ်မင်းဆက်၏သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်နိုင်သည့် ရီရှောင်းရှောင်း၏ကဲ့သို့အနေအထားမျိုး မရှိခဲ့ချေ။
နောက်ဆုံးတွင် လူသားဧကရာဇ်၏အခိုင်မာဆုံးသော ပံ့ပိုးမှုမှာ သူကိုယ်တိုင်ဖြစ်သော်လည်း ရီရှောင်းရှောင်းသည် ပန်ကုစကြဝဠာ၏ အလိုဆန္ဒပံ့ပိုးမှုအားလုံးကို ရရှိခဲ့သည်။ တာ့ယွီနတ်မင်းဆက်ကို ပန်ကုစကြာဝဠာတစ်ခုလုံးတွင် စတင်ဖြန့်ကျက်ခဲ့သည်။ မည်သူတစ်ဦးတစ်ယောက်ကမှ ၎င်းတို့၏ချဲ့ထွင်မှုကို တွန်းလှန်ရန် သတ္တိမရှိကြပေ။
ရီမိသားစုသည် ထိပ်တန်းအင်အားစုကြီးလေးခုကို ချေမှုန်းနိုင်ခဲ့ပြီး သူတော်စင်တစ်ပိုင်းကျင့်ကြံသူ အများအပြားကို ပြသခဲ့ရာ တာ့ယွီနတ်မင်းဆက်ကို မည်သူကဆက်လက်ဟန့်တားနိုင်မည်နည်း။ ဂိုဏ်းခွဲအားလုံးပူးပေါင်းလျက် တာ့ယွီနတ်မင်းဆက်ကို ယခင်ထိပ်တန်းအင်အားစုလေးခုကဲ့သို့ ကြမ်းတမ်းမှုမရှိစေရန် တောင်းဆိုရုံသာတတ်နိုင်သည်။
သို့သော် တာ့ယွီနတ်မင်းဆက်က ၎င်းတို့၏နယ်မြေများဆီသို့ ရောက်သောအခါ ၎င်းတို့ကို သိမ်းပိုက်ရန် ရည်ရွယ်ချက်မရှိကြောင်း သိရှိလိုက်ကြသည်။ ၎င်းအစား ဂိုဏ်းခွဲများအားလုံးကို စာရင်းသွင်းထားလိုက်၏။ နှစ်များတစ်လျှောက် ရီဖန်နှင့်သူမ၏အပြန်အလှန်ဆက်ဆံရေးမှတစ်ဆင့် ရီရှောင်းရှောင်းသည် နတ်မင်းဆက်၏ဖွံ့ဖြိုးတိုးတက်မှုအပေါ် ချဉ်းကပ်ပုံသည် အခြားသောလူသားဧကရာဇ်များနှင့်မတူပေ။
ဤအုပ်စုများကိုသိမ်းပိုက်ခြင်းက တာ့ယွီနတ်မင်းဆက်၏အင်အားကို ရေတိုအတွက်သာ တိုးမြင့်လာစေပုံရသည်။ သို့သော် ရေရှည်တွင် ရောနှောဂိုဏ်းကွဲများရှိနေခြင်းက တာ့ယွီနတ်မင်းဆက်ကို နောက်ပြန်ဆွဲထားနိုင်သည်။ ထို့အပြင် ရီမိသားစု၏ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်သည် မြန်ဆန်လွန်းသောကြောင့် ထိုအဖွဲ့ငယ်လေးများ လိုက်မီနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့ရှိနေလျှင်ပင် အလွန်အသုံးဝင်မည်မဟုတ်။
ထိုအစား ဂိုဏ်းခွဲငယ်များကို သူတို့ဘာသာထူထောင်ခွင့်ပေးထားခြင်းက ပိုကောင်းလိမ့်မည်။ တာ့ယွီနတ်မင်းဆက်က ၎င်းတို့၏အရိုအသေကိုသာ လက်ခံရန်လိုအပ်သည်။ ပန်ကုစကြဝဠာတစ်ခုလုံးရှိ အဖွဲ့ခွဲများကို စာရင်းသွင်းပြီးနောက် နှစ်စဉ်ရရှိသော အရင်းအမြစ်များသည် တာ့ယွီနတ်မင်းဆက်အတွက် အချိန်အတော်ကြာကျင့်ကြံရန် လုံလောက်မည်ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ ပန်ကုစကြာဝဠာရှိ ကျင့်ကြံသူများနှင့် သာမန်လူများသည် တာ့ယွီနတ်မင်းဆက်၏ တည်ရှိမှုကို တဖြည်းဖြည်း ကျင့်သားရလာကြသည်။ တာ့ယွီနတ်မင်းဆက်၏ ထိန်းချုပ်မှုအောက်တွင်ရှိနေခြင်းက လုံးဝဆိုးရွားသည့်ပုံမပေါ်ကြောင်းကိုလည်း ၎င်းတို့တွေ့ရှိခဲ့သည်။ ၎င်းတို့သည် အရင်းအမြစ်များအတွက် ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် ယှဉ်ပြိုင်နိုင်သေးသည်။
၎င်းတို့လွန်လွန်ကျူးကျူးမပြုမူသရွေ့ တာ့ယွီ နတ်မင်းဆက်သည် များစွာဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။ ၎င်းတို့သည် ထိပ်တန်းအင်အားစုလေးခုကဲ့သို့ အမြဲတစေဖိနှိပ်မှုကို ကြုံတွေ့ရမည်မဟုတ်ချေ။ တာ့ယွီနတ်မင်းဆက်သည် သာမာန်အုပ်စုများအပေါ် အလွန်ထောက်ထားစာနာသောကြောင့် အနည်းဆုံး ၎င်းတို့၏ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်သည်။
ပန်ကုစကြဝဠာသည် တဖြည်းဖြည်း သက်သာလာသည်နှင့်အမျှ ကျင့်ကြံသူများအပေါ် မူလကန့်သတ်ချက်များကိုလည်း ရုတ်သိမ်းခဲ့သည်။ များမကြာမီတွင် ကျင့်ကြံသူများသည် ၎င်းတို့၏ကျင့်ကြံမှုအရှိန် သိသိသာသာ တိုးတက်လာသည်ကို တွေ့ရှိခဲ့သည်။
သူတော်စင်တစ်ပိုင်းများသည် အလွန်အံ့သြဖွယ်ကောင်းသည်။ ဟုန်မိန်ခရမ်းရောင်ချီ၏အကူအညီမပါဘဲ ၎င်းတို့သည် စဉ်ဆက်မပြတ်တိုးတက်လာကာ သူတော်စင်နယ်မြေသို့ ရောက်ရှိနိုင်မည့် အခွင့်အရေးများပင်ရှိကြောင်းတွေ့ရှိခဲ့သည်။
တာ့ယွီနတ်မင်းဆက်နှင့် ရီမိသားစုတို့အပေါ် သိရှိလာရသမျှကိုအခြေခံ၍ ၎င်းတို့၌အဆင့်တက်လှမ်းနိုင်စွမ်းရှိိလျှင် သူတို့ကလည်း တားဆီးမည်မဟုတ်ကြောင်းသိနိုင်သည်။
ယခုပန်ကုစကြဝဠာသည် ကောင်းမွန်သော အခြေအနေတွင်ရှိနေသဖြင့်၊ ၎င်းကိုကာကွယ်ရန် လူတိုင်တွင်တာဝန်ရှိသည်။ အကယ်၍ မည်သူမဆို ပန်ကုစကြဝဠာကို စွက်ဖက်ဝံ့ပါက၊ ၎င်းတို့၏ဆက်ခံသူများနှင့် အင်အားစုများကြောင့် ၎င်းတို့၏အသက်အန္တရာယ်ကို စွန့်စားလိမ့်မည်။ ဤမျှကောင်းမွန်သော ကျင့်ကြံမြေပတ်ဝန်းကျင်ကို ဖျက်ဆီးလာပါက သတ္တိရှိစွာ ရင်ဆိုင်ကြမည်ဖြစ်သည်။
ထို့ကြောင့်ပန်ကုစကြဝဠာတစ်ခုလုံးသည် မယုံနိုင်လောက်အောင် သဟဇာတဖြစ်ခဲ့သည်။
ပန်ကုစကြဝဠာသည် တဖြည်းဖြည်းသက်သာလာပြီး ရန်ဟွမ်စကြဝဠာသည်လည်း အဆက်မပြတ် အားကောင်းလာသည်။ နှစ်တစ်ထောင်အကြာတွင် ပန်ကုစကြဝဠာသည် အခြေအနေအသစ်ဖြင့် မူလစကြဝဠာတစ်ခုဖြစ်လာသည်။
မူလစကြဝဠာသည် ပန်ကုစကြာဝဠာကို လုံးဝပြုပြင်ပြီးသည့်အခြေအနေနှင့် ဆင်တူ၏။ အဆင့်ဖြတ်ကျော်ပြီးနောက် အကျယ်အဝန်းဆယ်ဆကျော် တိုးလာရုံသာမက၊ ရန်ဟွမ်စကြဝဠာအတွင်းရှိကျင့်ကြံသူများ၏ ကျင့်ကြံမှုအရှိန်မှာလည်း အလွန်တိုးမြင့်လာသည်။ ရန်ဟွမ်စကြဝဠာ၏နှလုံးဖြစ်သည့် ရီမိသားစု၏ တည်နေရာသည်လည်း အဆင့်တစ်ခုတိုးမြှင့်လာသည်။
"ရေရှည်တာဝန်ကို ပြီးမြောက်သွားလို့ သခင့်ကို ဂုဏ်ယူပါတယ်။ မိသားစုပိုင်မြေ အဆင့်ဆယ့်ငါး စကြဝဠာဗဟိုကို ပြီးဆုံးသွားလို့ ဆုရယူနိုင်ပါပြီ"
“စနစ်၊ ဆုထုတ်လိုက်တော့”
"ဆုရရှိတဲ့အတွက် သခင့်ကို ဂုဏ်ပြုပါတယ်။ မိသားစုသွေးမျိုးဆက် စစ်မှန်သောနတ်ဘုရားနယ်မြေကို ရရှိသွားပါပြီ”
မိသားစုသွေးမျိုးဆက်ကို တင်လိုက်ပြီးနောက် ရီဖန်၏ လက်ရှိအင်အားနှင့်ပင် ပူလောင်သောခံစားမှုကိုရရှိခဲ့သည်။ သွေးမျိုးဆက်များအတွင်း ထူးဆန်းသော စွမ်းအားများသည် ရီဖန်၏ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ်ပေါင်းစည်းသွား၏။ စစ်မှန်သောနတ်ဘုရားနယ်မြေသည် အမှန်တကယ်ပင် စွမ်းအားကြီးလွန်းသည်။
၎င်းက သွေးမျိုးဆက်တစ်ခုမျှသာဖြစ်သော်လည်း မယုံနိုင်လောက်အောင် အစွမ်းထက်သည်။ စွမ်းအင်ပေါင်းစပ်မှုနှင့်အတူ ရီဖန်၏ယခင်က တည်ငြိမ်နေသော ကျင့်ကြံမှုအဆင့်သည် တစ်ဖန်တိုးလာခဲ့သည်။ ရီဖန်သည် အချိန်မဆွဲဝံ့ဘဲ ကိုယ်ခန္ဓာကျင့်ကြံမှုအဆင့် တိုးမြင့်လာစေရန် ချက်ခြင်းစတင်ခဲ့သည်။
ရီမိသားစုမှ အခြားသောကျင့်ကြံသူများသည်လည်း သွေးမျိုးဆက်အတွင်းမှပြောင်းလဲမှုကို ခံစားရသည်။ ယခင်က အတွေ့အကြုံများအရ ရီမိသားစုမှကျင့်ကြံသူများသည် မိသားစုခေါင်းဆောင်ထံတွင် အောင်မြင်မှုများ ထပ်မံရရှိခဲ့ကြောင်း ချက်ခြင်းသဘောပေါက်လိုက်ပြီး တိုးမြှင့်ထားသော သွေးမျိုးဆက်စွမ်းအားနှင့် လိုက်လျောညီထွေဖြစ်အောင် တံခါးပိတ်ကျင့်ကြံခြင်းကို စတင်ခဲ့ကြသည်။
သို့သော် သွေးမျိုးဆက်အဆင့်မြှင့်တင်ခြင်းက မရိုးရှင်းသည်မှာ ထင်ရှား၏။ သွေးမျိုးဆက် အဆက်မပြတ်ပေါင်းစပ်လာသည်နှင့်အမျှ ရီမိသားစုရှိကျင့်ကြံသူအများအပြား၏ ကိုယ်ခန္ဓာတွင် နတ်စွမ်းရည်များ ရုတ်တရက်နိုးထလာသည်။ ဥပမာ- ကောင်းကင်မျက်လုံး၊ ချီစွမ်းအားနှလုံးသွေး။
…
ဤထူးခြားသောနတ်စွမ်းရည်များသည် တစ်ခုပြီးတစ်ခု သူ့အလိုလိုဖြစ်ပေါ်လာသည်။ စစ်မှန်သောစွမ်းအားရှင်များ၏ ဆက်ခံသူများကသာလျှင် ထိုကဲ့သို့ မွေးရာပါနတ်စွမ်းရည်များ ရှိနိုင်မည်ဖြစ်သည်။
နတ်စွမ်းရည်တိုင်းက အလွန်အစွမ်းထက်သည်။ ဒဏ္ဍာရီများတွင်ဖော်ပြထားသည့် ကွဲပြားသောစွမ်းရည်များဖြစ်သည့် နတ်ကိုယ်ထည်စွမ်းအားသည် သွေးမျိုးဆက် နတ်စွမ်းရည်များနိုးထလာမှု၏ ရလဒ်များဖြစ်သည်။ ယခုတွင် ရီမိသားစု၏ကျင့်ကြံသူများသည် ဤအသွင်ပြောင်းမှုကို ကြုံတွေ့နေရ၏။
အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် ရီဖန်၏ ကိုယ်ခန္ဓာကျင့်ကြံမှုအဆင့်တစ်ခု အောင်မြင်သွားသည်။ သူ၏ကိုယ်ခန္ဓာကျင့်ကြံမှုအဆင့်သည် မူလက လက်နက်သန့်စင်ခြင်းအဆင့်ထက် နိမ့်ကျခဲ့သော်လည်း ၎င်းကို ကျော်လွန်သွားကာ သူတော်စင်နယ်မြေ၏ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး မဟာသူတော်စင်နယ်မြေနှင့် ခြေတစ်လှမ်းသာ ကွာဝေးသည်။
စနစ်ဆုလာဘ်များမှ မျှော်လင့်ထားသည့်အတိုင်း ၎င်းသည် မယုံနိုင်လောက်အောင် အစွမ်းထက်သည်။ ယခုအချိန်သည် သူ၏ရန်သူများ လာရှာလောက်တော့မည့် အချိန်ဖြစ်သည်။ အကယ်၍ သူ သူတော်စင်အဆင့်အထွတ်အထိပ်သို့ ဖြတ်ကျော်သွားသော ယခုအချိန်တွင် လာမရှာပါက၊ မဟာသူတော်စင်နယ်မြေသို့ဖြတ်ကျော်ပြီးသည်နှင့် ၎င်းတို့အတွက် အခွင့်အရေးကျန်တော့မည်မဟုတ်ပေ။
အဝေးတစ်နေရာရှိ ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲတွင် အရှေ့ပင်လယ်သူတော်စင်သည် ရီဖန်၏ခေါ်ဆိုမှုကိုကြားသောကြောင့် သူ့သီးသန့်ခန်းထဲက ထွက်လာသည်။ နှစ်ထောင်ပေါင်းများစွာကြာပြီးနောက် အရှေ့ပင်လယ်သူတော်စင်သည် သူ၏ဒဏ်ရာများကို ကုသနိုင်ခဲ့သည်။ ယခု လက်စားချေရန် အချိန်တန်ပြီ။
အရှေ့ပင်လယ်သူတော်စင်သည် ရီဖန်နှင့်ပက်သက်၍ အနည်းငယ်မျှစိတ်ပူခြင်းမရှိကြောင်း၊ ရီဖန် မည်မျှပင် သန်မာသည်ဖြစ်စေ သူသည် တစ်ဦးတည်းသာဖြစ်ကြောင်း ရှင်းလင်းစွာပြောဆိုထားသည်။ တစ်ဖက်တွင် သူ့ထံ၌ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးနောက် မိတ်ဆွေအနည်းငယ် ရရှိခဲ့သည်။
၎င်းအတွက် အဖိုးအခပေးရသော်လည်း သူတော်စင်နယ်မြေ အထွတ်အထိပ်အဆင့် ကျင့်ကြံသူများကိုခေါ်ယူခြင်းက မဖြစ်နိုင်ခြင်းမရှိပေ။ မကြာမီတွင် နှောင်းပိုင်း သူတော်စင်နယ်မြေ အထွတ်အထိပ်အဆင့်ကျင့်ကြံသူအများအပြားကို အရှေ့ပင်လယ်သူတော်စင်က ဖိတ်ကြားခဲ့သည်။
“ဒီအရွက်တစ်ထောင်သူတော်စင် ရုတ်တရက်ပေါ်ထွက်လာတာက သိသာထင်ရှားတဲ့လျှို့ဝှက်ချက်တွေရှိနိုင်တဲ့အပြင်၊ သူ့မှာ မဟာသူတော်စင် လက်နက်တွေလဲအများကြီးရှိတယ်”
"ငါ့မှာ တခြားရည်ရွယ်ချက်မရှိပါဘူး၊ လက်စားချေချင်ရုံသက်သက်ပါ။ အချိန်ကျလာတဲ့အခါ ဒီမဟာသူတော်စင်လက်နက်တွေကို မင်းတို့ကိုယ်တိုင် ခွဲပေးနိုင်တယ်၊ ငါ မလိုချင်ဘူး”
"အရွက်တစ်ထောင်သူတော်စင်ရဲ့ လျှို့ဝှက်ချက်ဆိုတာလဲ မင်းတို့ပဲ ယူလို့ရတယ်"
………