← Chapters

အခန်း ၄၆၃-၄၆၅

Vol. 31 Ch. 463-465

အခန်း ၄၆၃-၄၆၅

Vol. 31 Ch. 463-465

အခန်း ၄၆၃ - မိသားစုတိုးတက်လာခြင်း အဆင့်ဆယ့်ရှစ်

သို့သော် အရှေ့ဘက်ပင်လယ်သူတော်စင်သည် ရီဖန်ထံတွင် လျှို့ဝှက်ချက်ရှိမရှိကို သေချာမသိချေ။ အဓိကအားဖြင့် ရီဖန်သည် လျင်မြန်လွန်းသောကြောင့် ရီဖန်ထံတွင် လျှို့ဝှက်ချက်တစ်ခု အမှန်တကယ်ရှိနိုင်သည်ဟု ခံစားရသည်။

အရှေ့ပင်လယ်သူတော်စင် ဖိတ်ကြားထားသော သူတော်စင်များသည် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ ၎င်းက ထူးဆန်းနေသည်ဟု ခံစားမိသော်လည်း ငြင်းဆန်ရန်အကြောင်းပြချက် မရှိကြချေ။ မဟာသူတော်စင်များလက်နက်အချို့နှင့်ပင် ၎င်းတို့လုပ်ဆောင်ရန် လုံလောက်ပါသည်။

အဆုံးတွင် ၎င်းသည် အရှေ့ဘက်ပင်လယ်သူတော်စင်၏ လက်စားချေလိုသောဆန္ဒကြောင့်သာဖြစ်သည်။ သူက လက်စားချေခြင်းအတွက် အကျိုးအမြတ်ကိုဂရုမစိုက်ချေ။ ရီဖန်၏ အင်အားနှင့် ပတ်သက်၍ အရှေ့ပင်လယ်သူတော်စင်၏ ဖော်ပြချက်အပေါ်အခြေခံ၍ နတ်နယ်မြေရှိ ကိုယ်ခန္ဓာကျင့်ကြံသူဖြစ်ကာ နှောင်းပိုင်းအဆင့်တွင်ရှိကြောင်းသိထားသည်။

သူသည် အစွမ်းထက်သော်လည်း သူ၏စွမ်းအားက အကန့်အသတ်ရှိသည်။ သို့မဟုတ်ပါက အရှေ့ပင်လယ်သူတော်စင်သည် ၎င်းတို့ထံတွင် အသက်ရှင်လျက် အကူအညီတောင်းနိုင်မည်မဟုတ်ချေ။ နှောင်းပိုင်း သူတော်စင်အဆင့်စွမ်းအားရှင် အုပ်စုတစ်စုက ထိုသူတစ်ယောက်တည်းကို ကြောက်နေရမည်လား။

ထို့အပြင် အရှေ့ပင်လယ်သူတော်စင်၏ ဖိတ်ကြားချက်အတွက် ရရှိမည့် အဖိုးအခများလည်းရှိသေးသည်။ သို့မဟုတ်ပါက ၎င်းတို့စျေးပေါရာ ကျသွားလိမ့်မည်။ သို့သော် ရီဖန်ထံမှရရှိနိုင်သည့်အရာများကို တွက်ဆပြီးနောက် ၎င်းတို့သည် အရှေ့ပင်လယ်သူတော်စင်အတွက် အခကြေးငွေများကို လျှော့ချပေးခဲ့သည်။ သူ၏စွမ်းအားရှင်အုပ်စုကိုကြည့်လိုက်ပြီးနောက် အရှေ့ပင်လယ်သူတော်စင်သည် ယုံကြည်မှုအပြည့်ရှိသည်။

ဤတစ်ကြိမ်တွင် ရီဖန်ကို ဖြုတ်မချနိုင်လျှင် နောက်ထပ် သူတော်စင်အထွတ်အထိပ်စွမ်းအားရှင်များဖြင့် အရေးယူရလိမ့်မည်။ တကယ်တမ်းတွင် အရှေ့ပင်လယ်သူတော်စင်သည် ဤတစ်ကြိမ်တွင်လည်း သူတော်စင်အထွတ်အထိပ်အဆင့်စွမ်းအားရှင်များကို ဖိတ်ခေါ်ရန် စိတ်ကူးရှိခဲ့သည်။ သို့သော် သူတော်စင်အထွတ်အထိပ်အဆင့် စွမ်းအားရှင်များအတွက် အခကြေးငွေများလွန်းသောကြောင့် အဆုံးတွင် သူတုံ့ဆိုင်းသွားသည်။

အရှေ့ပင်လယ်သူတော်စင်၏အမြင်တွင် လက်ရှိလူစာရင်းသည် ရီဖန်ကိုကိုင်တွယ်ရန် လုံလောက်သည်ထက် ပိုနေသည်။ စွမ်းအားရှင်အုပ်စုတစ်စုက ကျုံးဖန် မြို့ဆီသို့ တိုက်ရိုက်ရောက်ရှိလာသည်။ ၎င်းတို့ ကျုံးဖန်မြို့၏အကွာအဝေးသို့ဝင်ရောက်လာချိန်တွင် ရီဖန်က အာရုံခံစားလိုက်ရသည်။

"ဒီမှာခဏစောင့်၊ ကျွန်တော် မကြာခင် ပြန်လာခဲ့မယ်၊ ဝိုင်ကို ပြန်နွှေးထားနော်!"

ဓားတစ်သောင်းဘိုးဘေးသည် ယခုလေးတင်မှ ဝိညာဉ်ဝိုင်တစ်သုတ်ကို ကြိုချက်ပြီးဖြစ်သည်။ လူတိုင်းသည် ယနေ့ဝိုင်သောက်ရန် ရည်ရွယ်ထားသော်လည်း တစ်စုံတစ်ဦးက လာရောက်ဒုက္ခပေးမည်ဟု မမျှော်လင့်ထားပေ။

သိူ့သော် ပြဿနာကြီးကြီးမားမားမဟုတ်သောကြောင့် ရီဖန်က ထိုပြဿနာကို အမြန်ဖြေရှင်းနိုင်မည်ဟု အာမခံခဲ့သည်။

သူချက်ခြင်းပျောက်ကွယ်သွားပြီးနောက် ကျုံးဖန် မြို့အပြင်ဘက်တွင် ပေါ်လာသည်။ ယခင်က ကျုံးဖန်မြို့သည် လူတိုင်းနှင့်သက်ဆိုင်သောကြောင့် ရီဖန်သည် ကျုံးဖန်မြို့အတွင်းတိုက်ခိုက်ခြင်းကို ဂရုမစိုက်ပေ။ သို့သော် ယခုကျုံးဖန်မြို့သည် ရီမိသားစုပိုင်ဖြစ်သောကြာင့် ရီဖန်သည် ကျုံးဖန်မြို့ကို မည်သူမျှ ဖျက်ဆီးခွင့်မပြုပေ။

မကြာမီ ရီဖန်သည် ကျုံးဖန်မြို့နှင့်မဝေးသောနေရာ၌ အရှေ့ပင်လယ်သူတော်စင်နှင့် အခြားစွမ်းအားရှင်များနှင့်ရင်ဆိုင်ရန် ရောက်ရှိလာသည်။

"အဲဒါ သူပဲ၊ သူက အရွက်တစ်ထောင်သူတော်စင်!"

အရှေ့ပင်လယ်သူတော်စင်က ရီဖန်ကို ညွှန်ပြပြီး ပြောလိုက်သည်။အခြားသော သူတော်စင်များသည်လည်း စိတ်ဝင်စားဟန်ပြသည်။ ၎င်းတို့က ရန်သူကိုချေမှုန်းရန် ငွေလက်ခံထားသောကြောင့် ၎င်းတို့အားလုံး၏အလုပ်အပေါ်တွင် သမာဓိရှိကြသည်။

နောက်အခိုက်အတန့်တွင် ရီဖန်၏သံလက်သီးဖြင့် နှုတ်ဆက်ခြင်းခံလိုက်ရ၏။ သူ၏ ကျင့်ကြံမှုအဆင့်သည် သူတော်စင်အထွတ်အထိပ်အဆင့်သို့ ဖြတ်သွားပြီးနောက် သူ၏တိုက်ခိုက်ရေးစွမ်းရည်ကို စမ်းသပ်ရတော့မည်ဖြစ်သည်။ အဆင့်မြင့် ကာကွယ်ရေးနတ်လက်နက်သည်ပင် သူ၏လက်သီးချက်များကိုတားဆီးနိုင်ခြင်းမရှိပေ။

၎င်းက လုံးဝမရပ်သွားဘဲ ပစ်မှတ်ဆီသို့ တန်းတန်းမတ်မတ်ကျရောက်သွားသည်။

"သူ့ကိုသတ်ကြ!"

အခြားသူတော်စင်များသည်လည်း ရီဖန်ကို ဝိုင်းရံထားပြီး သတ်ဖြတ်ရန် ကြံစည်ကြသည်။ လက်သီးတစ်ချက်မျှဖြင့် ရီဖန်၏အင်အားကို သူတို့မြင်နိုင်ပါ၏။ ၎င်းက ကိုယ်ခန္ဓာကျင့်ကြံသူများ၏ အားနည်းချက်ဖြစ်သည်၊ ၎င်းတို့၏ စွမ်းအားကို အပြည့်အဝမထုတ်မချင်း ကန့်သတ်ချက်အထိရောက်ရှိရန် မဖြစ်နိုင်ပေ။ သို့မဟုတ်ပါက ဤသူတော်စင်များသည် ဆက်လက်တိုက်ခိုက်ရန် သတ္တိရှိမည်မဟုတ်ချေ။

သူတော်စင်များအားလုံး လှုပ်ရှားနေကြသော်လည်း အရှေ့ပင်လယ်သူတော်စင်တစ်ဦးတည်းသာ အဝေးတစ်နေရာတွင် တွန့်ဆုတ်နေသည်။ တစ်ခုခုမှားနေပြီဖြစ်ကြောင်း သူခံစားမိ၏။ သူနောက်ဆုံးအကြိမ်တိုက်ခိုက်ခဲ့သော ရီဖန်သည် သေချာပေါက် အားကောင်းသော်လည်း အရှေ့ပင်လယ်သူတော်စင်မှတ်မိသည့်အရာနှင့် လုံးဝကွဲပြားပုံရသည်။

ယခင်က ရီဖန်သည် သူ၏အင်အားအပြည့်အ၀ ပေါက်ကွဲခဲ့ရပြီး လက်ရှိအခြေအနေသို့ရောက်ရှိရန် သူ၏သွေးမျိုးဆက်စွမ်းအားအသုံးပြုခဲ့သည်။ ရီဖန်သည် ဤမျှအချိန်တိုလေးအတွင်း တိုးတက်လာခြင်း ဖြစ်နိုင်ပါသလား။

အရှေ့ပင်လယ်သူတော်စင်သည် တွေးတောပြီးနောက် သူ၏ဦးရေပြားများပင် ထုံကျင်လာသည်။ ရီဖန်သာ နောက်တစ်ကြိမ် တိုးတက်လာပါက ဤသူတော်စင်များဖြင့် သူ့ကိုတိုက်ခိုက်ရန် မလုံလောက်တော့ချေ။

အရှေ့ပင်လယ်သူတော်စင်သည် သူတော်စင်အထွတ်အထိပ်အဆင့်မှ စွမ်းအားရှင်များ၏အကူအညီကို မတောင်းမိသောကြောင့် နောင်တရနေသည်။ သို့သော် လက်ရှိအခြေအနေအရ နောင်တရရန်ပင် အခွင့်အရေးမရှိတော့ချေ။ နောက်ဆုံးတွင် သူတော်စင်အထွတ်အထိပ်အဆင့်၏ ရောင်ဝါက နောက်ဆုံးတွင် သတိပေးခြင်းမရှိဘဲ ပေါက်ကွဲသွားသည်။

"ဟင့်အင်း၊ အရှေ့ပင်လယ်၊ ဒါက မင်းပြောသလိုမျိုး လုံးဝမဟုတ်ဘူး၊ သူက နှောင်းပိုင်းသူတော်စင်တစ်ယောက်လို့ မင်းပြောတာမဟုတ်ဘူးလား။ ဒါက သူတော်စင်အထွတ်အထိပ်လေ"

“ချီးပဲ အရှေ့ပင်လယ်၊ ငါ ဒီက လွတ်မြောက်တာနဲ့ မင်းကို ချမ်းသာမပေးဘူး”

သူတော်စင်အထွတ်အထိပ်အဆင့်နှင့် နှောင်းပိုင်းအဆင့် သူတော်စင်တို့သည် လုံးဝတူညီသော အခြေအနေမဟုတ်။ ရီဖန်သည် သူတော်စင်အထွတ်အထိပ်အဆင့်မှန်း ၎င်းတို့သိပါက အရှေ့ပင်လယ်သူတော်စင်ဘက်မှ

မည်မျှပင်ကမ်းလှမ်းပါစေ ရီဖန်ကိုတိုက်ခိုက်ရာတွင် ပူးပေါင်းရန် သဘောတူမည်မဟုတ်ချေ။

ယခု အရှေ့ပင်လယ်သူတော်စင် ဘယ်ရောက်သွားသနည်း။ သူတော်စင်များသည် တိုက်ပွဲအစကတည်းက အရှေ့ပင်လယ်သူတော်စင် ထွက်မလာကြောင်းကို ရုတ်တရက် သဘောပေါက်သွားသည်။ ၎င်းတို့လှည့်ကြည့်လိုက်ချိန်တွင် အရှေ့ပင်လယ်သူတော်စင် ပျောက်ကွယ်သွားသည်မှာ ကြာလေပြီ။

အရှေ့ပင်လယ်သူတော်စင် ထွက်ပြေးသွားပြီလား။ လူတိုင်း လုံးဝပဟေဋ္ဌိဖြစ်သွားသည်။ အရှေ့ပင်လယ်သူတော်စင်က ၎င်းတို့ကို အမှန်တတကယ် ရောင်းစားသွားလေပြီ။

၎င်းတို့က အရှေ့ပင်လယ်သူတော်စင်၏ပိုက်ဆံကို လိုချင်နေချိန်တွင် အရှေ့ပင်လယ်သူတော်စင်က ၎င်းတို့၏အသက်ကိုလိုချင်နေကြောင်း သိလိုက်ရ၏။

"ငါတို့ အချိန်မရှိတော့ဘူး!"

ရီဖန်က စိတ်မရှည်တော့ပေ။ ၎င်းတို့က သူဝိုင်သောက်မည့်အရေးကို လာနှောင့်ယှက်သောကြောင့် သေရန်သာထိုက်တန်သည်။ ရီဖန်သည် နတ်လက်နက်မသုံးဘဲ သူတော်စင်များ၏ အကာအကွယ်ကို တိုက်ရိုက်ချိုးဖျက်လိုက်သည်။ တခြားသူများ၏အမြင်တွင် အလွန်အစွမ်းထက်ပုံပေါက်သည့် နှောင်းပိုင်းသူတော်စင်များ တစ်ယောက်ပြီး တစ်ယောက် ရီဖန်ရှေ့တွင် တိုက်ရိုက်ဆုတ်ဖြဲခံလိုက်ရ၏။

တိုက်ပွဲသည် လျင်မြန်စွာဖြေရှင်းပြီးဖြစ်သွားသော်လည်း

ရီဖန်အတွက် အခြေအနေက မပြေလည်သေးချေ။

………

အခန်း ၄၆၄ - မိသားစုတိုးတက်လာခြင်း အဆင့်ဆယ့်ရှစ်

ဤကိစ္စ၏ လက်သည်ဖြစ်သည့် အရှေ့ ပင်လယ် သူတော်စင်ကို ယခုအချိန်ထိ မဖြေရှင်းရသေးချေ။ရီဖန်သည် ကောင်းကင်နှလုံးသူတော်စင်၏ မြောက်မြားစွာသော လွတ်မြောက်ခြင်းများမှ သင်ခန်းစာရရှိထားပြီးဖြစ်သည်။ တိုက်ပွဲတစ်ခုတွင် ထွက်ပြေးရာတွင်ကျွမ်းကျင်သူများကို အထူးဂရုပြုရန် လိုအပ်သည်။

သူ့ကို နောက်ဆုံးအကြိမ်လွတ်မြောက်ရန် ခွင့်ပြုခဲ့သော်လည်း ဤတစ်ကြိမ်တွင် လွှတ်မပေးနိုင်တော့သည်မှာ သေချာသည်။ ခဏအကြာတွင် အရှေ့ပင်လယ်သူတော်စင်သည် ရီဖန်နှင့်မနီးမဝေးတွင် ပေါ်လာသည်။

သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်သော အရှေ့ပင်လယ်သူတော်စင်သည် ရုတ်တရက် သူ့နောက်ဘက်မှတည်ရှိမှုကို ခံစားလိုက်ရသောကြောင့် ချွေးအေးများစိုရွှဲလာကာ လျှို့ဝှက်နည်းစနစ်ကို အသုံးပြုပြီး ချက်ချင်းထွက်ပြေးရန် ကြိုးစားခဲ့သည်။ သို့သော် နောက်အခိုက်အတန့်တွင် လက်တစ်ဖက်က သူ့ခေါင်းပေါ်ကျရောက်လာသည်။

"ကျေးဇူးပြုပြီး မလှုပ်လိုက်နဲ့နော်။ မဟုတ်ရင် မင်းရဲ့ ဦးနှောက်တွေကို ငါဆွဲထုတ်ပစ်မှာ"

အညင်သာဆုံးလေသံဖြင့်ထွက်လာသော အရက်စက်ဆုံးစကားလုံးများသည် အရှေ့ပင်လယ်သူတော်စင်ကို လုံးဝအကြောက်အလန့်ဖြစ်စေကာ သူလုံးဝမလှုပ်ရှားဝံ့ပေ။

ဤကဲ့သို့ အလွန်နာခံတတ်ခြင်းမျိုးကို ရီဖန် အလွန်သဘောကျပါ၏။

အရှေ့ပင်လယ်သူတော်စင်နှင့် ရီဖန်ကြားပဋိပက္ခများကို ခဏထား၊ ဤတစ်ကြိမ်တွင် အရှေ့ပင်လယ်သူတော်စင်သည် နှောင်းပိုင်းသူတော်စင်စွမ်းအားရှင်များကို ခေါ်ဆောင်လာပေးသည့်အတွက် ရီဖန်ဘက်မှ ကျေးဇူးတင်ရန်လုံလောက်သည်။

ဤမျှများပြားသော နှောင်းပိုင်းအဆင့်သူတော်စင်များသည် အလွန်ချမ်းသာကြွယ်ဝကြသည်။ ၎င်းတို့ ယူဆောင်လာသော ပစ္စည်းများကို အကဲဖြတ်ခြင်းအားဖြင့် အရည်အသွေးနိမ့် ဆေးလုံးများနှင့်မဟာသူတော်စင်လက်နက်အများအပြားသန့်စင်ပေးနိုင်ကြောင်း အကြမ်းဖျင်းခန့်မှန်းခဲ့သည်။

ထို့အပြင် ရီဖန်သည် ဤသူတော်စင်များ၏နေအိမ်များမှ အရင်းအမြစ်များကိုလည်း ဖြုန်းတီးမည်မဟုတ်ပေ။ သို့သော် ထိုအရာများအတွက် အရှေ့ပင်လယ်သူတော်စင်ကို လမ်းပြရန်ဒုက္ခပေးရလိမ့်မည်။ သို့မဟုတ်ပါက ၎င်းတို့ကို ရှာရခက်၏။

ကျင့်ကြံမှုအဆင့်ကို လုံးဝအပိတ်ခံထားရသည့် အရှေ့ပင်လယ်သူတော်စင်နှင့် ရီမိသားစုထံ ပြန်ရောက်ပြီးနောက် ဝိုင်သည် ပူနွေးနေပြီးဖြစ်သည်။ ဓားတစ်သောင်းဘိုးဘေးသည် စပျစ်ရည်ကို ကြိုချက်ရာတွင် ကျွမ်းကျင်သူတစ်ယောက်ဖြစ်မှန်း ဝန်ခံရလိမ့်မည်။ ဝိုင်တစ်ငုံတည်းက သူ့တစ်ကိုယ်လုံးကို နွေးထွေးသွားစေသည်။

“အရှေ့ပင်လယ်သူတော်စင်ဆီက ခုနသူတော်စင်တွေရဲ့လိပ်စာကို ယူထား”

ရီကျင်းဟိုင်သည် ခြိမ်းခြောက်အကြပ်ကိုင်သည့်နေရာတွင် အလွန်ကျွမ်းကျင်သည်။ သူ ငယ်ငယ်ကတည်းက ခြိမ်းခြောက်အကြပ်ကိုင်ခြင်းကို အလွန်စိတ်ဝင်တစားရှိခဲ့သည်။ ယခုအချိန်ထိ ဤနယ်ပယ်တွင်လေ့လာခြင်းကို မရပ်တန့်သေးဘဲ၊ ၎င်းက သူ၏ကိုယ်ပိုင်ဝါသနာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

နှစ်ပေါင်းများစွာကြာအောင်ကျင့်ကြံခဲ့သော အရှေ့ဘက်ပင်လယ်သူတော်စင်ပင်လျှင် ရီကျင်းဟိုင်၏ အကျပ်ကိုင်မှုကို မခုခံနိုင်ခဲ့ပေ။ မကြာမီနေရာများကို ရှာတွေ့ပြီးနောက် ရီဖန်ကိုယ်တိုင် အရင်းအမြစ်များကို စုဆောင်းရန်သွားခဲ့သည်။ ထိုအချိန်တွင် ထိုသူတော်စင်များ၏မိတ်ဆွေများသည် ကျုံးဖန်မြို့အပြင်ဘက်မှ စွမ်းအားရှင်များစွာ ကျဆုံးသွားသည်ကို သိရှိလိုက်ရသည်။

နာမည်ကြီးမဟုတ်သော ကျုံးဖန်မြို့ရှိ စွမ်းအားရှင်များစွာ၏နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲမှတ်ထားသည့်အရာတစ်ခုရှိသည်။ ဖြစ်နိုင်လျှင် ကျုံးဖန်မြို့သည် မည်သည့်ပြဿနာတွင်မှ မပါဝင်ရန်လိုသည်။ ၎င်းတို့က လက်စားချေရသည်အထိ မရူးကြချေ။ အကယ်၍ ၎င်းတို့၏မိတ်ဆွေများပင် မအောင်နိုင်ခဲ့ပါက ၎င်းတို့လက်စားချေရန် သွားရှာခြင်းသည်လည်း သေကြောင်းကြံရာကျမည်မဟုတ်လား။

၎င်းတို့၏မိတ်ဆွေများကလည်း ၎င်းတို့၏အသက်ကို မစွန့်စေချင်ကြဟု ယုံကြည်ပါသည်။ သေချာပေါက်အဲလိုဖြစ်ရမည်။ သို့သော် ကံမကောင်းစွာဖြင့် ရီဖန်က အလွန်လျင်မြန်သည်။ သို့မဟုတ်ပါက ၎င်းတို့မိတ်ဆွေများ၏ အရင်းအမြစ်များကို “အမွေ” အဖြစ်ရယူနိုင်ခဲ့လိမ့်မည်။

ရီမိသားစုတွင် ရီဖန်နှင့် ရီကျင်းထျန်တို့သည် ယခုအကြိမ်ရရှိသော အရင်းအမြစ်များကို တွက်ချက်နေကြ၏။ သံသယမရှိပင် စွမ်းအားရှင်အဆင့် ပိုအားကောင်းလေ ၎င်းတို့ထံတွင်အရင်းအမြစ်များ ပိူများလေဖြစ်သည်။ ယခု ၎င်းတို့စုဆောင်းရရှိသော အရင်းအမြစ်များသည် အရှေ့ပင်လယ်သူတော်စင်၏နေအိမ်မှ ရရှိသောပမာဏထက် များစွာသာလွန်သည်။

ရီဖန်သည် ၎င်းတို့အထဲတွင် သူတော်စင် အလယ်အလတ်အဆင့် ဆေးလုံးများနှင့် နတ်လက်နက်များကို သန့်စင်နိုင်မည့် ပစ္စည်းအများအပြားကို ရှာတွေ့ခဲ့သည်။ ဤသူတော်စင်များသည် ထိုအလုပ်ကိုလုပ်ဆောင်ရန် သူတော်စင်အဆင့်လက်နက်သန့်စင်သူနှင့် မဟာသူတော်စင်အဆင့်‌ဆေးပညာရှင်များ မရှာနိုင်ခဲ့သောကြောင့် အကျိုးကျေးဇူးအားလုံး ရီဖန်ထံသို့ ရောက်ရှိသွားသည်။

သို့သော် ရီဖန်၏ လက်နက်သန့်စင်ခြင်းနှင့် ဆေးပညာသည် ယခုအခါမဟာသူတော်စင်အဆင့်၏ အစောပိုင်းတွင် ပိတ်မိနေသည်။ သူသည် ဤအရာများကို ချက်ချင်းမသန့်စင်နိုင်သေးသောကြောင့် ၎င်းတို့ကို နောက်ပိုင်းအသုံးပြုရန်အတွက်သာ သိမ်းထားနိုင်သည်။

၎င်းတို့ထဲမှ ရီဖန်အစိုးရိမ်ဆုံးမှာ ကိုးပေါက်သူတော်စင်ဆေးလုံးဟုခေါ်သော ဆေးတစ်လုံးအတွက် ပါဝင်ပစ္စည်းများဖြစ်သည်။

ကိုးပေါက်သူတော်စင်ဆေးလုံးသည် မဟာသူတော်စင်အဆင့် အလယ်အလတ်ရှိ ဆေးလုံးဖြစ်ကာ အလယ်အလတ်အဆင့် သူတော်စင်တစ်ဦးအား နှောင်းအဆင့်အထိ ချွင်းချက်မရှိ မြှင့်တင်နိုင်သည်။

ထို့အပြင် ၎င်းသည် အထွတ်အထိပ်သို့ဖြတ်ကျော်မည့် နှောင်းပိုင်းအဆင့် သူတော်စင်၏ အောင်မြင်မှုနှုန်းကို ၅၀%နှင့် မဟာသူတော်စင်အဆင့်အတွက်၁၀% အထိ တိုးမြင့်နိုင်မည်ဖြစ်သည်။ ၎င်းက မည်သည်သူတော်စင်ကိုမဆို သတ်ပစ်နိုင်၏။

သူရရှိထားသည်မှာ ဆေးလုံးဆယ်မျိုးအတွက် ပစ္စည်းများဖြစ်သည်။ အကယ်၍ သူသာ ၎င်းတို့ကို သန့်စင်နိုင်လျှင် ရီမိသားစုတွင် ကျွမ်းကျင်သူများ သိသိသာသာ တိုးလာမည်ဖြစ်သည်။ ရီမိသားစုသည် ၎င်းကိုကိုယ်တိုင်သုံးနိုင်သည်သာမက အရင်းအနှီးအတွက် ရောင်းဝယ်နိုင်ကာ ကျင့်ကြံသူအများအပြားကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။

ဥပမာ- ရီရှောက်ဖန်အနေဖြင့် ၀မ်ဟိုင်သူတော်စင်ဂိုဏ်း ဂိုဏ်းချုပ်၏ရာထူးကို ဆက်ခံရစေရန် သေချာစေနိုင်ခြင်းမျိုးဖြစ်သည်။

၀မ်ဟိုင်သူတော်စင်ဂိုဏ်းချုပ်သည် မဟာသူတော်စင်အဆင့်သို့ ဖြတ်ကျော်လိုသရွေ့ သူရီရှောက်ဖန်ကို အလေးထားရမည်။

နောက်ဆုံးလုပ်ရမည့်အရာမှာ ဆေးပညာအဆင့် နောက်တစ်ဆင့်ထိုးဖောက်ရန် စောင့်ဆိုင်းနေရန်ဖြစ်သည်။ သို့သော် ယခုတွင် နောက်ထပ်လုပ်စရာတစ်ခုရှိသေးသည်။ ဤတစ်ကြိမ်တွင် ရီဖန်သည် လူတိုင်း၏အကြည့်အောက်မှ သူတော်စင်များစွာ၏ ပိုင်ဆိုင်မှုများကိုရယူခဲ့သောကြောင့် ရီမိသားစု၏နာမည်ထွက်လာသည်။

ထို့ကြောင့် ဤသက်ရောက်မှု၏အကျိုးဆက်ကို အခွင့်အရေးယူရန်ဖြစ်သည်။ ရီဖန်သည် အရွက်တစ်ထောင်ဆေးခန်းကို ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင် စတင်ချဲ့ထွင်ရန် အချိန်တန်ပြီဟု ရီကျင်းထျန်ကို စေခိုင်းလိုက်သည်။ ကျုံးဖန်မြို့၏ပတ်ဝန်းကျင်တွင် စုစုပေါင်းမြို့ကြီး ကိုးမြို့ရှိကာ ၎င်းတို့အားလုံးတွင် အရွက်တစ်ထောင်ဆေးခန်းတိုးချဲ့ရန်အတွက် ပစ်မှတ်ထားသည်။

အရွက်တစ်ထောင်ဆေးခန်းသည် မြို့ကိုးမြို့လုံးတွင် အခွဲများ တည်ထောင်ပြီးသည်နှင့် ၎င်းတို့ကို ပင်ကိုပျက်ဆီးခြင်းပင်လယ်ဒေသအတွင်းရှိ အရေးပါသောအင်အားစုဟု ယူဆနိုင်သည်။

အရေးကြီးဆုံးပန်းတိုင်မှာ ငွေရှာရန်ဖြစ်၏။ ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင် သူတော်စင်များစွာရှိသောကြောင့် ၎င်းတို့၏ ငွေရှာမှုအရှိန်သည် ပန်ကုစကြဝဠာထက် များစွာပိုမြန်သည်။

ပန်ကုစကြဝဠာ၏ ကျင့်ကြံသူများသည် များပြားသော်လည်း ၎င်းတို့သည် ပင်ကိုပျက်ဆီးခြင်းပင်လယ်နှင့် မယှဉ်နိုင်လောက်အောင် အားနည်းသည်။

အရွက်တစ်ထောင်ဆေးခန်းကို ပင်ကိုပျက်ဆီးခြင်း ပင်လယ်၏တစ်ဖက်ခြမ်းတွင် ချဲ့ထွင်နေချိန်၌ တာ့ယွီနတ်မင်းဆက်သည် ပန်ကုစကြဝဠာတွင် ချဲ့ထွင်နေသည်။ ၎င်းတို့အတွက် မည်သည့်ပြိုင်ဆိုင်မှုမှ မရှိသော်လည်း ပန်ကုစကြဝဠာကိုပေါင်းစည်းရန် နှစ်ထောင်ပေါင်းများစွာ အချိန်ယူရဦးမည်။

ပန်ကုစကြဝဠာတစ်ခုလုံးကို ချုပ်ကိုင်ထားသော တာ့ယွီနတ်မင်းဆက်သည် နတ်အစိုးရ၏ကန့်သတ်ချက်ထက်ပင် များစွာကျော်လွန်သွားသည်။ ပန်ကုစကြဝဠာတစ်ခုလုံးရှိ မည်သည့်အုပ်ချုပ်မှုမှမရောက်ဖူးသော သူတော်စင်အင်ပါယာသို့ ရာထူးတိုးရန် အချိန်ကျရောက်နေပြီဖြစ်သည်။

စကြဝဠာမြောက်မြားစွာတွင်ပင် သူတော်စင်အင်ပါယာသည် အလွန်အစွမ်းထက်သော အင်အားစုတစ်ခုဖြစ်၏။ သူတော်စင်အင်ပါယာအဆင့်သို့ ဖြတ်ကျော်နိုင်လျှင် တာ့ယွီနတ်မင်းဆက်တစ်ခုလုံးအတွက် အကျိုးကျေးဇူးများစွာ ရောက်ရှိလာလိမ့်မည်။ သို့မဟုတ်ပါက တာ့ယွီနတ်မင်းဆက်သည် ၎င်း၏ ကန့်သတ်ချက်ကိုကျော်လွန်ပြီး နောက်ထပ်တိုးချဲ့မှုများစွာ ရရှိလိမ့်မည်မဟုတ်တော့ချေ။

ကံကြမ္မာစွမ်းအားက ရီရှောင်းရှောင်း၏ ခန္ဓာကိုယ်ထဲကို အဆက်မပြတ်စီးဆင်းနေသည်။ တက်လှမ်းခြင်းဆာဂျီဆေးလုံး၏အကူအညီဖြင့် အနှစ်တစ်ထောင်မပြည့်မီ ရီရှောင်းရှောင်း၏ကျင့်ကြံမှုအဆင့်သည် အစောပိုင်း သူတော်စင်အဆင့်မှ၊ အလယ်အလတ်အဆင့်အထိ ထိုးဖောက်သွားသည်။ ရီဖန်မှလွဲ၍ ၎င်းက ရီမိသားစုတွင်အမြန်ဆုံးအမြန်နှုန်းဖြစ်သည်။

ရီဖန်နှင့် တခြားသူများက မတူကြချေ။ ရီဖန်၏နယ်မြေသည် သင့်လျော်ပြီး ၎င်းတို့ထံ လုံလောက်သည့် အရင်းအမြစ်များရှိနေသရွေ့ လျင်မြန်စွာဖြတ်ကျော်သွားနိုင်လိမ့်မည်ပင်။

အလယ်အလတ် သူတော်စင်အဆင့်က ရီရှောင်းရှောင်းကို ကျေနပ်စေရန် မလုံလောက်သေးပေ။ နတ်မင်းဆက်သာ သူတော်စင်အင်ပါယာသို့ ဖြတ်ကျော်နိုင်လျှင် ရီရှောင်းရှောင်း၏ ကျင့်ကြံမှုအဆင့်သည်လည်း သိသိသာသာ မြင့်တက်လာနိုင်သည်။ သို့သော် ၎င်းမတိုင်မီ နောက်ထပ်လုပ်စရာတစ်ခုရှိသေးသည်။

ဤနှစ်များအတွင်း တာ့ယွီနတ်မင်းဆက်၏ အရာရှိများသည် ကြီးမားသောပံ့ပိုးမှုများပြုလုပ်ခဲ့ကြ၏။ ယခု တာ့ယွီနတ်မင်းဆက်သည် ပန်ကုစကြဝဠာတစ်ခုလုံးကို သိမ်းပိုက်လိုက်ပြီဖြစ်သောကြောင့် နောက်ထပ်အောင်ပွဲခံရန် အခွင့်အရေးမရှိသေးဘဲ ၎င်းတို့၏ကောင်းမှုများအတွက် ဆုချရမည့်အချိန်ဖြစ်သည်။

သို့သော်လည်း အရာရှိများကို ဆုချီးမြှင့်ခြင်းက ရီရှောင်းရှောင်းအတွက် အနည်းငယ် ခေါင်းခဲစရာဖြစ်ခဲ့သည်။ ပန်ကုစကြဝဠာ တွင် ကောင်းမွန်သောအရာများ အလွန်နည်းပါးသောကြောင့် သာမန်ပစ္စည်းများကိုပင်မပေးနိုင်ပေ။ ရီရှောင်းရှောင်းသည် သူမနှင့်အတူ ခရီးစတည်းက အတူတကွလိုက်ပါခဲ့သော သူမ၏လူများကို ကောင်းမွန်စွာချီးမြှောက်လိုသည်။ ဤတစ်ကြိမ် ဆုပေးရန်အတွက် ရီဖန်အပေါ်၌သာ မူတည်နေပုံရသည်။

ရီမိသားစုနယ်မြေတွင် ရီဖန်သည် သူ့ကိုအလွန်အမင်းအာရုံစိုက်နေကြောင်း ရုတ်တရက် ခံစားလိုက်ရကာ နှာမချေဘဲမနေနိုင်တော့ချေ။ လုယက်ခံရတော့မည်ဆိုသည့် ခံစားချက်ကိုလည်း သူခံစားလိုက်ရ၏။ စွမ်းအားရှင်တစ်ယောက်အနေဖြင့် ရီဖန်၏ဆဋ္ဌမအာရုံသည် အလွန်အားကောင်းသည်။

ရီရှောင်းရှောင်းက သူ့ကိုပစ်မှတ်ထားသည်နှင့် ရီဖန်က ၎င်းကို သတိထားမိလိုက်သည်။ သူခဏလောက် ပုန်းနေသင့်သလား။ နောက်ကွယ်ရှိ တရားခံမှာ သူ့ညီမဖြစ်သူ ရီရှောင်းရှောင်းမှန်းသိလိုက်ရသည့်အခါ ရီဖန်၏ စိတ်အားထက်သန်မှု ရုတ်တရက် ပျောက်ဆုံးသွားခဲ့သည်။ ဤတစ်ကြိမ်တွင် သူအတော်သေး သွေးအန်ရနိုင်၏။

ထိုအခိုက်အတန့်တွင် ရီဖန်၏စိတ်ထဲ၌ စနစ်အချက်တစ်ခု ထွက်ပေါ်လာသည်။

"ရေရှည်တာဝန်ကို ပြီးမြောက်စေခြင်းအတွက် သခင့်ကို ဂုဏ်ပြုပါတယ်။ မိသားစုတိုးတက်လာခြင်း အဆင့်ဆယ့်ရှစ်ကို ပြီးဆုံးသွားလို့ ဆုလက်ခံဖို့အဆင်သင့်ဖြစ်နေပါပြီ"

ရီဖန်သည် ခဏမျှတွေးလိုက်ပြီးနောက် ရီကျင်းထျန်၏ အရွက်တစ်ထောင်ဆေးခန်းချဲ့ထွင်ခြင်းကြောင့် ရီမိသားစု၏နာမည်ဂုဏ်သတင်းသည် ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင် ထူထောင်ခဲ့ခြင်းဖြစ်ကြောင်း ယူဆလိုုက်သည်။

“စနစ်၊ ဆုလာဘ်ရယူပါ”

ဆုထုတ်ယူပြီးလျှင် သူပြေးရန် အချိန်ရလိမ့်မည်။

"ဆုများလက်ခံရရှိသည့်အတွက် သခင့်ကို ဂုဏ်ပြုပါတယ်။ နဂါးနတ်ဘုရားရာထူးတစ်ခု၊ နတ်ဧကရာဇ်ရာထူးအစုံလိုက်တစ်ခု၊ ကျွမ်းကျင်မှုအလုပ်အကိုင်အဆင့် အနှစ်တစ်သောင်းစာ မြှင့်တင်ရေးကဒ်တစ်ခု ရရှိပါတယ်”

ဆုလာဘ်က မိသားစုသော့ချက်စာလုံးမဟုတ်သောကြောင့် ရီဖန်ကို အနည်းငယ် စိတ်ပျက်သွားစေသည်။

စစ်မှန်သောနတ်ဘုရားနယ်မြေ သော့ချက်စကားလုံးများ၏စွမ်းအားကို မြည်းစမ်းကြည့်ပြီးနောက်၊ ရီဖန်သည် နောက်ထပ်သော့ချက်စာလုံးအပိုဆုကြေးများကိုရယူရန် အမှန်တကယ် စိတ်အားထက်သန်နေခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် သူ၏စနစ်က ဆုလာဘ်များကို မြင်ပြီးနောက် ရီဖန်သည် ချက်ချင်းပင် စိတ်ပြောင်းသွားသည်။ ၎င်းတို့ကလည်း အမှန်ပင်ဆွဲဆောင်မှု ရှိခဲ့ကြ၏။

………

အခန်း ၄၆၅ - တာ့ယွီနတ်မင်းဆက်

နဂါးနတ်ဘုရားရာထူးသည် နတ်ဘုရားနယ်မြေ၏ နဂါးနတ်ဘုရားရာထူးဖြစ်ကာ၊ နဂါးသွေးမျိုးဆက်ရှိသူများသာ အသုံးပြုနိုင်သည်။ ၎င်းကို ရီမိသားစု၏ အစောင့်အရှောက်မွန်းစတားဖြစ်သော အဇူရာနဂါအတွက် အသုံးပြုနိုင်သည်။

အဇူရာနဂါး၏ ကျင့်ကြံမှုအဆင့်သည် သူတော်စင်တစ်ပိုင်းနယ်မြေသို့ ရောက်ရှိနေပြီဖြစ်ရာ နဂါးနတ်ဘုရားရာထူးကိုအသုံးပြုခြင်းဖြင့် သူတော်စင်နယ်မြေသို့ဖြတ်ကျော်ရန်လုံလောက်သည်။

ထိုပျင်းရိသောပိုင်ဇယ်နှင့်ပတ်သက်၍ တာ့ယွီနတ်မင်းဆက်မှ ကံကောင်းခြင်းများ တိုးလာခြင်းကြောင့် ၎င်းသည် သူတော်စင်နယ်မြေသို့ ဖြတ်ကျော်လုနီးပါးဖြစ်နေရာ ရီဖန် စိုးရိမ်စရာမလိုတော့ပေ။

နတ်ဧကရာဇ်ရာထူးအစုံလိုက်တွင် စစ်မှန်သောနတ်ဘုရား နတ်ဧကရာဇ်ရာထူးတစ်ခု၊ သူတော်စင်အဆင့် နတ်ဘုရားဘုရင်ရာထူးဆယ်ခုနှင့်၊ သူတော်စင်နယ်မြေ နတ်ဘုရားဗိုလ်ချုပ်ရားထူး အခုတစ်ထောင်၊ သူတော်စင်တစ်ပိုင်းနယ်မြေ နတ်ဘုရားစစ်သည်ရာထူး တစ်သိန်းတို့ပါဝင်သည်။ ၎င်းကို တာ့ယွီနတ်မင်းဆက်အတွက် သီးသန့်ပြုလုပ်ထားပုံရ၏။ ဤဆုသည် ရီဖန်ရဖူးသမျှထဲမှာ အကောင်းဆုံးဖြစ်လိမ့်မည်။

ဤအရာသည် ချွင်းချက်မရှိ ရီရှောင်းရှောင်းအတွက်သာဖြစ်သင့်သည်။ နောက်ဆုံးဆုကြေးအနေဖြင့် ရီဖန်၏ ဆေးပညာနှင့် လက်နက်သန့်စင်ခြင်းများကို အခြားအဆင့်သို့တက်လှမ်းရန် လုံလောက်သည်။ ရီဖန်သည် ဤတစ်ကြိမ်ဆုများကို အလွန်ကျေနပ်၏။

"အစ်ကို၊ အိမ်ပြန်မလာတော့ဘူးလား"

ရီရှောင်းရှောင်းသည် ရီဖန်၏အခန်းထဲသို့ ပြေးဝင်လာကာ တံခါးကို မညှာမတာ တွန်းဖွင့်လိုက်သည်။ ရီဖန်၏မျက်ခွံများမှာ ချက်ချင်း တုန်လှုပ်လာ၏။ ရှောင်းရှောင်းရောက်လာတိုင်း မကောင်းတာတစ်ခုခု ပါလာမည်မှာ သေချာသည်။

၎င်းက "အစ်ကိုရေ၊ ရွှေင်္ဒဂါးပြားတွေ ပေးပါဦး" ကဲ့သို့ ရိုရှင်းသော အရာများမဟုတ်တတ်ချေ။ ကံကောင်းစွာဖြင့် ရီဖန်ယခုလေးတင်မှ ဆုရထားရာ သက်ပြင်းတစ်ချက်ချလိုက်သည်။

"ကောင်းပြီ၊ ပြောစရာမလိုဘူး။ ငါ့မှာ ကောင်းတာတစ်ခုရှိတယ်၊ အဲဒါက တာ့ယွီ နတ်မင်းဆက်အတွက် အသင့်တော်ဆုံးပဲ" ဟု ရီဖန်က ရီရှောင်းရှောင်းကို အသံပိတ်စေပြီး တိုက်ရိုက်ပြောလိုက်သည်။

ရီဖန်က အလွန်နားလည်သဘောပေါက်လွယ်သဖြင့် ရီရှောင်းရှောင်းသည် ပျော်စရာတစ်ချို့ ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။ သူမကသာ ရီဖန်ကို အတင်းအကြပ် ဆုပေးခိုင်းသင့်သည် မဟုတ်လား။ ယခုရီဖန်က လိုလိုလားလားပေးနေသည်။ သူ၍ ပြုမူပုံက အလွန်ထူးဆန်းနေသလို ခံစားရ၏။

ရီဖန်သည် နတ်ဧကရာဇ်ရာထူးအကြောင်း ရီရှောင်းရှောင်းအား ရှင်းပြပြီးနောက် သူမသည် အခြားဘာကမှအရေးမကြီးတော့သလို ခံစားခဲ့ရသည်။ ဤမျှကြီးမားသောဆုလာဘ်များရရှိပြီးနောက် အခြားအရာများကို မည်သူကဂရုစိုက်မည်နည်း။ ဤဆုများနှင့်အတူလာမည့် ရာထူးအဆင့်တက်လှမ်းမှုက လူတိုင်းကို ထိတ်လန့်စေနိုင်သည်။

မကြာမီတွင် ရီရှောင်းရှောင်းသည် ရာထူးတိုးခြင်းအခမ်းအနားအတွက် ပြင်ဆင်ရန် ထွက်ခွာသွားခဲ့သည်။ ရာထူးတိုးပွဲကျင်းပမည့်ရက်ကို အမြန်ဆုံးဖြတ်လိုက်သည်၊ ယခုမှဆယ်နှစ်အကြာတွင်ဖြစ်၏။

ရီမိသားစု၏ အကြီးအကဲတစ်ယောက်အနေဖြင့် ရီဖန်သည်လည်း ၎င်းကိုလွဲချော်လိမ့်မည်မဟုတ်။ သူ၏ ဒုတိယစွမ်းရည်မြှင့်တင်ရေးကိစ္စသည်သာ နှောင့်နှေးစွားလိမ့်မည်။ ရီရှောင်းရှောင်းသည် တာ့ယွီနတ်မင်းဆက်သို့ပြန်ရောက်သည်နှင့် ရာထူးတိုးစာရင်းကို ချက်ချင်းအပြီးသတ်ခဲ့သည်။

၎င်းတို့ကို ရာထူးများစွာဖြင့် တစ်ကြိမ်တည်း အသုံးမပြုနိုင်ပေ။

ရှီးထျန်းသူတော်စင်တစ်ပိုင်းနှင့် ဖီးနစ်အမျိုးသမီးတို့ကဲ့သို့ ရီရှောင်းရှောင်းနှင့် အရှည်ကြာဆုံး အတူရှိခဲ့သောသူများသည် နတ်ဘုရားဘုင်ရာထူးကို ပေးအပ်ခံရမည်မှာ သေချာသည်။ ၎င်းတို့ထဲမှ စုစုပေါင်း ခြောက်ယောက်လောက်ရှိ၏။

ဗိုလ်ချုပ်များအနေဖြင့် အယောက်တစ်ထောင်မျှရှိရာ ၎င်းတို့ထဲမှ တဝက်လောက်ကို ထုတ်ပေးနိုင်သည်။ နောက်ဆုံးတွင် နတ်ဘုရားစစ်သည်ရာထူးများဖြစ်ပြီး မကြာသေးမီက တိုက်ပွဲတွင် အင်အားပြသနိုင်ခဲ့သည် စစ်သည်များအတွက်ပေးအပ်မည်ဖြစ်သည်။ ၎င်းတို့၏ပံ့ပိုးမှု လုံလောက်သရွေ့ ၎င်းတို့သည်လည်း တောက်ပသည့်အနာဂတ်ကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

ရီရှောင်းရှောင်းသည် ယခုအခါတွင် နိုင်ငံရေးဗျူဟာသခင်တစ်ဦးဖြစ်၏။ တိုက်ပွဲတွင်မပါဝင်သည့် အရပ်ဘက်အရာရှိများအတွက် နတ်ဘုရားဗိုလ်ချုပ်ရာထူးတစ်ခုတည်းက လုံလောက်သည်ထက်ပိုသည်။ ပြင်ဆင်မှုများ အားလုံးပြီးသွားသည့်အခါ ရီရှောင်းရှောင်းသည် နတ်ဧကရာဇ်ရာထူးကိုထုတ်လိုက်ပြီး ပေါင်းစည်းလိုက်သည်။

ရီရှောင်းရှောင်း၏ စွမ်းအားအများစုသည် နတ်ဧကရာဇ်ထက် တစ်ဆင့်နိမ့်ကျသောရာထူးဖြစ်သည့် လူသားဧကရာဇ်ထံမှဆင်းသက်လာခြင်းဖြစ်သည်။ ပေါင်းစည်းခြင်းလုပ်ငန်းစဉ်သည် အတားအဆီးမရှိဘဲ သူတော်စင်နယ်မြေ ၏နောက်ဆုံးအဆင့်သို့ ချောမွေ့စွာဖြတ်ကျော်သွားသည်။ ကြီးမားသော စွမ်းအားများက တာ့ယွီမြို့တော်တစ်ခွင် ပျံ့နှံ့သွားသည်။

တာ့ယွီနတ်မင်းဆက်၏ကျင့်ကြံသူများသည် ဤအကျွမ်းတဝင်ရှိသောအရာကို သတိပြုမိသောအခါ ချက်ချင်းပင် မှင်တက်သွားသည်။ ၎င်းတို့၏ ဘုရင်မသည် အလွန်စွမ်းအားကြီးသောကြောင့် နောက်ထပ်ဖြတ်ကျော်သွားပြန်ပြီ၊ ရီရှောင်းရှောင်း၏အောင်မြင်မှုကို ခံစားလိုက်ရသည့် ကျင့်ကြံသူအများအပြားသည်လည်း မျှော်လင့်ချက်များ အပြည့်ဖြစ်လာကြသည်။

လာမည့်ရာထူးတိုးအခမ်းအနားတွင် မည်သည့်ကောင်းခြင်းများရရှိမည်ကို သိချင်နေကြ၏။ ရီရှောင်းရှောင်းသည် ၎င်းတို့အပေါ် မည်သည့်အခါကမှ မတွန့်တိုခဲ့ဖူးချေ။ ဒီတစ်ကြိမ်တွင်လည်း ဆုလာဘ်များက ထူးထူးခြားခြားဖြစ်မည်မှာ သေချာသည်။

နတ်ဧကရာဇ်ဝတ်ရုံ၊ နတ်ဧကရာဇ်ဓား၊ နတ်ဧကရာဇ်ဖီးနစ်သရဖူစသည့်

ရီရှောင်းရှောင်းအတွက် အသင့်တော်ဆုံးမဟာသူတော်စင်လက်နက်သုံးခုကို သူမ၏ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ပေါင်းစည်းလိုက်သည်။ ဤအဆင့်နိမ့်မဟာသူတော်စင် လက်နက်သုံးခုဖြင့် အထွတ်အထိပ်သူတော်စင်ကို ရင်ဆိုင်ရသည့်အချိန်၌ပင် ရီရှောင်းရှောင်းအတွက် ကြောက်စရာမရှိပေ။

ထို့အပြင် ရီရှောင်းရှောင်း၏ ကျင့်ကြံမှုအဆင့် တိုးလာသည်နှင့်အမျှ ဤမဟာသူတော်စင်လက်နက် သုံးခုသည်လည်း ပိုမိုအားကောင်းလာမည်ဖြစ်သည်။

၎င်းက ကျင့်ကြံရေးမှ လက်နက်အထိ အရာအားလုံးကို လွှမ်းခြုံထားသည့် ရာထူး၏စွမ်းအားဖြစ်သည်။ သာမန်လူတစ်ယောက်က ရာထူးတစ်ခုရခဲ့လျှင်ပင် အချိန်တိုအတွင်း၌ စွမ်းအားရှင်ဖြစ်လာနိုင်သည်။

ဆယ်နှစ်အကြာတွင် အားလုံးမျှော့်နေကြသော တာ့ယွီနတ်မင်းဆက်၏ ရာထူးတိုးခြင်းအခမ်းအနားအတွက် အချိန်ရောက်လာသည်။ ပန်ကုစကြဝဠာရှိ အဓိကအင်အားစုတိုင်းနီးပါးသည် တက်ရောက်ရန် ဖိတ်ကြားချက်ကိုလက်ခံရရှိခဲ့ကြသည်။

၎င်းတို့အနေဖြင့် တာ့ယွီနတ်မင်းဆက်၏ဖိတ်ခေါ်မှုကို ငြင်းဆိုရန်အင်အားမရှိပေ။ ရီမိသားစု၏ ပံ့ပိုးကူညီမှုမရှိလျှင်ပင် လက်ရှိတာ့ယွီနတ်မင်းဆက်ကို ၎င်းတို့အနက်ထဲက မည်သူမှ နှောက်ယှက်နိုင်မည်မဟုတ်ချေ။ ထို့အပြင် ရီမိသားစုသည် ဤအင်အားစုများအပေါ်တွင် ဆိုးရွားလှသည်မဟုတ်သောကြောင့် အခမ်းအနားသို့ တက်ရောက်ရန်လူတိုင်း ဆန္ဒရှိသည်။

ကံကောင်းစွာပင် လက်ရှိတာ့ယွီ သည် ချန်မင် ကမ္ဘာတစ်ခုလုံးကို ချဲ့ထွင်နိုင်ခဲ့သည်။ သို့မဟုတ်ပါက ၎င်းသည် ဤမျှလောက်များပြားသော စွမ်းအားရှင်များကို လက်ခံနိုင်မည်မဟုတ်ပေ။ ချန်မင်ကမ္ဘာမှ သာမာန်လူများပင် ဤစွမ်းအားရှင်များအားတွေ့ရမည်ကို မကြောက်ကြပေ။ တာ့ယွီနတ်မင်းဆက်၏ နိုင်ငံသားများအနေနှင့် ၎င်းတို့အပေါ် မည်သည့်အန္တရာယ်မှ ကျရောက်မည်မဟုတ်။

အန္တရာယ်ကျရောက်အောင် ပြုလုပ်ဝံ့သူတိုင်းကို တာ့ယွီနတ်မင်းဆက်က ကိုင်တွယ်ဖြေရှင်းလိမ့်မည်ပင်။ ဤခံစားချက်များသည် ရီရှောင်းရှောင်း၏ နှစ်ပေါင်းများစွာ အုပ်ချုပ်မှုရလဒ်ဖြစ်ကာ သူမသည် လူအများကို သတ္တိရှိလာစေသည်။ နတ်မိမယ်၊ တာ့ယွီဘုရင်မ၊ ဤဘွဲ့များကို စကားလုံးသက်သက်မဟုတ်ဘဲ သူမ၏ လုပ်ဆောင်ချက်များဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။

တာ့ယွီနတ်မင်းဆက်၏ တည်ထောင်သူဖခင်ဖြစ်သော အရှေ့ဧကရာဇ်သည်လည်း မရေမတွက်နိုင်သော အင်အားစုများ၏ ကြောက်ရွံ့လေးစားခြင်းကိုခံရသည်။

……….

All Chapters