အခန်း ၄၆၆-၄၆၈
Vol. 32 Ch. 466-468
အခန်း ၄၆၆ - တာ့ယွီနတ်မင်းဆက်
အရှေ့ဧကရာဇ်ကိုယ်တိုင်ပင်လျှင် တစ်နေ့နေ့တွင် သူ၏လက်ရှိအခြေအနေသို့ ရောက်ရှိလာမည်ဟု မထင်ထားခဲ့ပေ။ သူ၏ကျင့်ကြံမှုအဆင့်သည် သူတော်စင်နယ်မြေသို့ ဖြတ်ကျော်ဝင်ရောက်လုနီးနေပြီဖြစ်ကာ တာ့ယွီ့နတ်မင်းဆက်ရှိ အားလုံးထက်သာလွန်လျက် ဒုတိယနေရာတွင်ရှိနေသည်။
ရီရှောင်းရှောင်းကလည်း သူ့အတွက် သားတစ်ယောက်နှင့် သမီးတစ်ယောက်မွေးဖွားပေးကာ သူ့ဆန္ဒအတိုင်း ဖြည့်ဆည်းပေးခဲ့ပြီးဖြစ်သည်။ သို့သော် ထိုကလေးနှစ်ယောက်သည် ရီရှောင်းရှောင်း၏ မျိုးရိုးအမည်ကို ယူထား၏။ ၎င်းက ရီရှောင်းရှောင်း၏ တောင်းဆိုမှုမဟုတ်ဘဲ အရှေ့ဧကရာဇ်ဘက်မှ အဆိုပြုခြင်းဖြစ်သည်။
သူလည်းမတတ်နိုင်၊ မျိုးရိုးအမည် ‘ရီ’သည် ယခုအခါ အဖိုးတန်နေသည်မဟုတ်လား။ ရီမိသားစု၏အဖွဲ့ဝင်တစ်ဦးဖြစ်လာခြင်းက အကန့်အသတ်မဲ့ အလားအလာရှိသော အနာဂတ်ကို ကိုယ်စားပြုသည်။ ရီမိသားစု၏အဖွဲ့ဝင်တစ်ဦးဖြစ်လာသော အရှေ့ဧကရာဇ်သည် ဤအချက်ကို သေချာပေါက်နားလည်သည်။ မျိုးရိုးအမည်တစ်ခုက ကိစ္စကြီးမဟုတ်ချေ။
သို့သော်လည်း အရှေ့ဧကရာဇ်ကို အနှောက်အယှက်အဖြစ်စေဆုံးမှာ တာ့ယွီနတ်မင်းဆက်ကို ဆက်ခံမည့်သူမရှိနေခြင်းဖြစ်သည်။ ရီကျင်းလုံနှင့် ရီကျင်းဖန်တို့ မောင်နှမသည် ယခုအခါ ၎င်းတို့၏ပညာကိုယ်စီဖြင့် အဆင်ပြေနေကြသောကြောင့် တာ့ယွီ၏ဘုရင်နေရာကို စိတ်မဝင်စားကြပေ။အရှေ့ဧကရာဇ်၏ သားသမီးများသည်လည်း ကျင့်ကြံမှုတွင်သာ မြှုပ်နှံထားကြ၏။
ရီရှောင်းရှောင်းက ၎င်းတို့ကို နိုင်ငံ့အရေးတွင်ပါဝင်ရန် အကြံပြုချိန်တွင် ၎င်းတို့က အသေအကြေငြင်းဆန်ခဲ့ကြသည်။ အဆုံးတွင် အရှေ့ဧကရာဇ်သည်သာ ရှုပ်ထွေးပွေလီသောနိုင်ငံရေးကိစ္စများကို ဖြေရှင်းရန်အတွက် ရီရှောင်းရှောင်းကို ကူညီပေးရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ချေ။
သူသည် ဓားတစ်သောင်းဘိုးဘေးက ဝိညာဉ်ဝိုင်ကြိုချက်ပေးချိန်၌ပင် ၎င်းကိုသုံးဆောင်ရန်အချိန်မရှိသည့်အတွက် ကူကယ်ရာမဲ့ဖြစ်ခဲ့သည်။
နိုင်ငံတော်၏ဖခင်ဖြစ်လိုသူ မည်သူမဆို ရှေ့သာထွက်ခဲ့ကြပါတော့။ သူ့အနေဖြင့် ရီဖန်နှင့်အတူ လက်ဖက်ရည်နှင့် ဝိုင်သောက်ကာ တနေကုန်စကားစမြည်ပြောဆိုနေသည့် အရှေ့ဧကရာဇ်မြို့တော်တွင် နေခဲ့ရသောအချိန်များကိုသာ အလွမ်းဆွတ်ဆုံးဖြစ်သည်။ ထိုခေတ်အခါက သူမည်မျှပေါ့ပေါ့ပါးပါးရှိခဲ့သနည်း။ ယခု သူ၏လက်ရှိဘဝကိုသာ ကြည့်ကြပါ။ သနားစရာကောင်းလွန်းလှ၏။
"အရှေ့ဧကရာဇ် ငါတို့နောက်ဆုံးတွေ့တာတောင်ကြာပေါ့။ မင်းကိုသတိရနေကြတာ"
ရင်းနှီးသော သူတော်စင်တစ်ပိုင်းစွမ်းအားရှင်တစ်ဦး ရောက်ရှိလာကာ အရှေ့ဧကရာဇ်က သူ့ကိုပြုံးပြီးကြိုဆိုရုံသာ တတ်နိုင်သည်။
…
"နတ်မင်းဆက်ကို အဆင့်မြှင့်တင်ဖို့အတွက် လေ့လာရအောင် အရင်အတွေ့အကြုံမရှိဘူး”
ရီရှောင်းရှောင်းသည် တည်ဆောက်ထားပြီးဖြစ်သည့် မိုးမျှော်စင်မြင့်ပေါ်တွင် မတ်တပ်ရပ်ကာ မျက်လုံးများကိုမှိတ်ထားသည်။ တာ့ယွီနတ်မင်းဆက်တစ်ခုလုံးသည် ရီရှောင်းရှောင်း၏စိတ်ထဲတွင် ပေါ်လာသည်။ ထိုအချိန်တွင် အခွင့်အရေးတစ်ခုကို ရေးရေးလေး ဖမ်းမိလိုက်သည်။ ထို့နောက် တာ့ယွီ့နတ်မင်းဆက်တစ်ခုလုံး စတင်ပြောင်းလဲလာ၏။
တာ့ယွီနတ်မင်းဆက်၏ မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် နိုင်ငံသားအားလုံးသည် မြို့တော်ဆီသို့မျှော်ကြည့်လိုက်ကာ ဆုတောင်းရန် မျက်လုံးမှိတ်ထားကြသည်။ အဆုံးမဲ့မျှော်လင့်ချက် စီးကြောင်းတစ်ခုက တောင်တန်းနှင့်မြစ်များကို ဖြတ်ကျော်ကာ မိုးမျှော်စင်မြင့်ပေါ်တွင် စုစည်းသွားကြသည်။
ကံကြမ္မာစွမ်းအားဖြင့် ဖွဲ့စည်းထားသော ရွှေနဂါးသည် ရီရှောင်းရှောင်း၏ ဦးခေါင်းထက်တွင် တိတ်တဆိတ်ပေါ်လာပြီး ၎င်း၏ခန္ဓာကိုယ်သည် အရွယ်အစားလျင်မြန်စွာကြီးထွားလာပြီး ကြောက်မက်ဖွယ်ဖြစ်လာသည်။ ၎င်းက ဟိန်းဟောက်သံထွက်လာပြီး အသွင်ပြောင်းမှုအောက်တွင် ရောက်ရှိနေသည်။
နတ်ဧကရာဇ်လက်နက်သုံးခုက ရီရှောင်းရှောင်း၏နောက်ကွယ်တွင်ပေါ်လာကာ လူတိုင်း၏ဆန္ဒကို အဆက်မပြတ်စုပ်ယူလျက် ရွှေနဂါးနှင့်ပေါင်းစည်းသွားသည်။ ပြောင်းလဲမှုများက တုံ့ပြန်ရန် မြန်ဆန်လွန်း၏။ ရီရှောင်းရှောင်းသည် ရွှေနဂါးကြီးကို စူးစိုက်ကြည့်ရင်း သော့ချက်ကို ရှာတွေ့သွားသည်။ ရွှေနဂါးကြီး၏အသွင်ပြောင်းမှု အောင်မြင်လျှင် နတ်မင်းဆက်ထွန်းကားမည်။
မအောင်မြင်ပါက ၎င်းတို့ရှေ့မတိုးနိုင်ရုံသာမကဘဲ ရွှေနဂါးသည်လည်း ပျက်စီးမှုများမည်ဖြစ်ကာ ပြန်လည်ကောင်းမွန်ရန် အချိန်များစွာလိုအပ်သည်။ သို့သော်လည်း ရီရှောင်းရှောင်းသည် ၎င်းအတွက် စိတ်မပူဘဲ သူမ၏နှလုံးသားသည် ယုံကြည်မှုအပြည့်ဖြစ်နေသည်။ တာ့ယွီနတ်မင်းဆက်ကသာ မအောင်မြင်လျှင် မည်သူကများအောင်မြင်နိုင်ဦးမည်နည်း။
အချိန်ကြာလာသည်နှင့်အမျှ ရွှေနဂါးသည် ချန်မင်ကမ္ဘာမှထွက်ခွါကာ နေရာလွတ်ထဲတွင်ပေါ်လာသည်။ ၎င်း၏ကြီးမားသောအရွယ်အစားဖြင့် ချန်မင်ကမ္ဘာတွင် ဆက်လက်နေထိုင်၍ မရတော့ပေ။ နောက်ဆုံးတွင် ရွှေနဂါးသည် ၎င်း၏အမြင့်ဆုံးအရွယ်အစားသို့ ရောက်ရှိသွား၏။
သို့သော်လည်း ကြီးမားသောမျှော်လင့်ချက်များနှင့် ကံကြမ္မာစွမ်အားက အရှိန်အဟုန်ပြင်းစွာတိုးဝင်နေရာ ရွှေနဂါး၏ကိုယ်ခန္ဓာအတွင်းသို့ ဆက်လက်ပေါင်းစပ်နေပြီး ရွှေနဂါးသည်လည်း ဆက်လက်အသွင်ပြောင်းနေသည်။ နောက်ဆုံးတွင် ရွှေနဂါး၏ကိုယ်ပေါ်၌ အက်ကြောင်းများ ပေါ်လာသည်။
ရွှေရောင်သွေးကဲ့သို့သော ကံကြမ္မာစွမ်းအားသည် ၎င်း၏မျက်နှာပြင်ပေါ်ရှိ အက်ကွဲကြောင်းများမှ အဆက်မပြတ် စီးထွက်လာသည်။ ပကတိမျက်စိဖြင့်ပင် ရွှေနဂါး၏မျက်နှာသည် မည်မျှနာကျင်နေကြောင်းတွေ့နိုင်၏။ ၎င်းက ကျရှုံးမှုတစ်ခုဖြစ်နိုင်ပါသလား။
တာ့ယွီနတ်မင်းဆက်မှ ကျင့်ကြံသူအများအပြား၏ နှလုံးသားများသည် နစ်မြှုပ်နေလျက် အသက်မရှုဝံ့ကြပေ။ သို့သော် ထိုအခိုက်အတန့်တွင် မိုးခြိမ်းသံကဲ့သို့သော နဂါးဟိန်းဟောက်သံနှင့်အတူ ၎င်း၏ခန္ဓာကိုယ်ကိုခွေထားသည့် ရွှေနဂါးကြီးသည် ရုတ်တရက်ဆန့်တန်းလိုက်ကာ ကောင်းကင်သို့ တဟုန်ထိုးပြေးသွားသည်။ သူတော်စင်များပင် ကြောက်လန့်သည့် ဝရဇိန်လက်နက်က ရွှေနဂါးခေါင်းထက်တွင် ပေါ်လာ၏။
၎င်းက နတ်မင်းဆက်တစ်ခုမှ သူတော်စင်မင်းဆက်အဖြစ် အဆင့်တက်လှမ်းရာတွင် တွေ့ကြုံရမည့် ဘေးဆိုးကြီးတစ်ခုဖြစ်သည်။
ဘမ်း! ပန်ကုစကြာဝဠာတစ်ခုလုံးကို ပထမဆုံးသော ဝရဇိန်လက်နက်က ဖြိုခွင်းလိုက်သည်။ မရေမတွက်နိုင်သောသတ္တဝါများသည် ၎င်းတို့၏ စိတ်ဝိညာဉ်အတွင်းမှ ကြောက်ရွံ့မှုကိုခံစားခဲ့ရကာ မြေပြင်ပေါ်တွင် ဝပ်တွားလိုက်ကြရသည်။
“သခင်၊ ဒါ ကျွန်မနယ်မြေရဲ့ တာဝန်ပဲ၊ အဲတာကို နည်းနည်းလောက်လျှော့ချလိုက်ရမလား"
အချိန်အတော်ကြာပြီးနောက် ပန်ကုသည် ရန်ဟွမ်နှင့်အတူ ရီဖန်၏ဘေးတွင် ရုတ်တရက်ပေါ်လာသည်။
“အိုး၊ ဒီဝရဇိန်လက်နက်ဘေးကိုရော နိုင်တယ်လား”
ရီဖန်က ထိုကဲ့သို့ဆက်နွှယ်နေမှုကို အံ့အားသင့်ဆွံ့အသွားသည်။ တကယ်တမ်းတွင် ကျင့်ကြံခြင်းသည် တိုက်ပွဲနှင့်သတ်ဖြတ်ခြင်းမျှသာမဟုတ်ဘဲ လူ့သဘောသဘာဝနှင့် လူ့အဖွဲ့အစည်းဆိုင်ရာ စံနှုန်းများကို နားလည်ခြင်းလည်းပါဝင်သည်။
"ကျွန်မ လုံးဝတော့ ရှောင်လို့မရပေမယ့် သူ့ရဲ့သက်ရောက်မှုကို လျှော့ချနိုင်ပါတယ်" ဟု ပန်ကုက ဝန်ခံခဲ့သည်။
၎င်းကိုရှောင်လွှဲ၍မရသော်လည်း တစ်စုံတစ်ယောက်က ၎င်းကိုအနည်းငယ်ခြယ်လှယ်နိုင်သည့်အခါ ထိန်းချုပ်နိုင်သောအခြေအနေအောက်တွင် ရှိနိုင်သေးသည်။
"ကောင်းပြီ ဒါဆိုစလိုက်!"
လက်ရှိပန်ကုသည် အပြည့်အဝနီးပါး ရင့်ကျက်နေပြီဖြစ်သည်။ သူမ၏ထိန်းချုပ်မှုဖြင့် ပန်ကုစကြဝဠာအတွင်းရှိ အရာအားလုံးကို ပေါ့ပါးစွာထိန်းချုပ်ထားနိုင်သည်။ နောက်အခိုက်အတန့်တွင် မူလက လူသတ်သည်ဟုထင်ရသည့် ဝရဇိန်လက်နက်က ချက်ချင်း အင်အားနည်းသွားသည်။ အစွမ်းရှိသမျှတွန်းလှန်ရန် ရည်ရွယ်ထားသည့် ကံကောင်းခြင်းရွှေနဂါးသည်လည်း ၎င်းအပြောင်းအလဲကို ချက်ချင်းခံစားလိုက်ရသည်။
ရီဖန်က ပန်ကုစကြဝဠာ၏နှလုံးသားကို ပေါင်းစည်းလိုက်သည်မှာ လျှို့ဝှက်ချက်မဟုတ်ပေ။
ဝရဇိန်ဘေးဒုက္ခ လျော့နည်းလာရခြင်း အကြောင်းရင်းကိုလည်း လူတိုင်း ချက်ချင်းနားလည်လိုက်သည်။ ၎င်းက လွန်လွန်းသည်မဟုတ်လား။
လိမ်လည်လှည့်စားခြင်းဆိုလျှင်ပင် ဤအရာက နည်းလမ်းမမှန်သေးပေ။
၎င်းတို့သည် ရီဖန်၏အရည်အချင်းများကို ထပ်မံနားလည်သွားပြန်သည်။ ကံကောင်းစွာဖြင့် ရီဖန်က အာဏာရှင်မဟုတ်ပေ။ အကယ်၍ သူသာအာဏာရှင်ဖြစ်နေလျှင် ပန်ကုကြာဝဠာကြီးတစ်ခုလုံး ကပ်ဆိုးနှင့်ကြုံတွေ့ရမည်မှာ သေချာသည်။
ဖိအားများလျော့ပါးသွားသည်နှင့်အမျှ ကံကြမ္မာရွှေနဂါးသည် ပြန်လည်တိုက်ခိုက်ရန် ပိုမိုလွယ်ကူလာသည်ကို တွေ့ရှိခဲ့သည်။ နောက်ဆုံး ဝရဇိန်လက်နက်ကျရောက်ပြီးနောက် ၎င်းသည် အဆင့်တက်လှမ်းခြင်းပြီးမြောက်ကာ ပြီးပြည့်စုံသော အောင်မြင်မှုတစ်ခုဖြစ်လာသည်။
တာ့ယွီနတ်မင်းဆက်။ ၎င်းက သူတော်စင်အမည်သို့ ပြောင်းလဲသွားခြင်းက ၎င်းတို့မည်မျှ စွမ်းအားကြီးကြောင်းကို ပြသနေသည်။ တာ့ယွီနတ်မင်းဆက်၏ကျင့်ကြံသူအားလုံးသည် ၎င်းတို့၏နှလုံးသားထဲတွင် ပျော်ရွှင်ခြင်းများဖြင် ပြည့်နှက်နေသည်။ အကျိူးကျေးဇူးများရောက်ရှိလာတော့မည်ဖြစ်သောကြောင့် ၎င်းတို့အားလုံး စတင်တရားထိုင်လိုက်သည်။
အခမ်းအနားသို့ တက်ရောက်လာသော ကျင့်ကြံသူများပင်လျှင် ၎င်းတို့၏ စိတ်စွမ်းအားအပြောင်းအလဲကို ခံစားမိကြကာ နေရာတွင် သီးသန့်ကျင့်ကြံလိုက်ကြသည်။ ဤအကျိုးကျေးဇူး လက်လွတ်လိုက်လျှင် ၎င်းတို့ ထာဝရပျောက်ကွယ်သွားလိမ့်မည်။
၎င်းတို့အတွက် အကျိုးသက်ရောက်မှု နည်းပါးနေသော်လည်း ၎င်းတို့သည် နှစ်ထောင်ချီ၍ကျင့်ကြံခြင်းနှင့် ညီမျှစွာ တန်ဖိုးရှိသည်။ ထို့ကြောင့် တာ့ယွီနိုင်ငံတစ်ခုလုံးသည် အသံတစ်သံမျှမထွက်ဘဲ ထူးဆန်းသောလေထုထဲ ဖုံးလွှမ်းနေခဲ့သည်။ လူတိုင်းသည် ၎င်းတို့၏ကျင့်ကြံမှုကို စတင်ခဲ့ကြ၏။
တာ့ယွီနတ်မင်းဆက်၏ခေါင်းဆောင်ဖြစ်သော ရီရှောင်းရှောင်းသည် အကျိုးကျေးဇူးအများဆုံးရရှိခဲ့သည်။ အဆုံးမဲ့စွမ်းအားများသည် ရီရှောင်းရှောင်း၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာကာ သူမ၏ကျင့်ကြံမှုအဆင့်ကိုမြှင့်တင်ရန် အတင်းအကျပ်ကြိုးစားသော်လည်း သူမက ၎င်းကို အတင်းအကျပ်ထိန်းချုပ်ထားခဲ့သည်။
သူမ၏ ကျင့်ကြံမှုအဆင့်သည် မကြာသေးမီက လျင်မြန်စွာ မြင့်တက်လာခဲ့သည်။ သူမသာ ဤအရှိန်နှင့် ဆက်သွားနေလျှင် သူမ၏အခြေခံအုတ်မြစ် မတည်မငြိမ်ဖြစ်သွားနိုင်သည်။ ရီရှောင်းရှောင်းသည် သူမ၏အနာဂတ်နှင့်ပတ်သက်၍ အလွန်ရှင်းလင်းစွာ နားလည်သည်။ တစ်ခဏမျှ အရှိန်အဟုန်ကြောင့်နှင့် သူ့အစီအစဉ်များကို မနှောင့်ယှက်ချင်ပေ။
မရေမတွက်နိုင်သော လူများ၏ အိပ်မက်ဖြစ်သော ဤအခွင့်အရေးများကို သူမ၏အခြေခံအုတ်မြစ် ခိုင်မာစေရန်အတွက် အတင်းအကျပ်ဖိနှိပ်ခဲ့သည်။ ရီဖန်ကလည်း ၎င်းကို ကန့်ကွက်ခြင်းမရှိချေ။ ရီမိသားစုမှကျင့်ကြံသူတိုင်း၏ဆုံးဖြတ်ချက် မည်သို့ပင်ဖြစ်စေ ရီဖန်သည် ခြွင်းချက်မရှိနားလည်ပံ့ပိုးပေးထားသည်။
သို့သော်လည်း လက်ရှိအရှိန်ကို ကြည့်လျှင် သူတော်စင်အဆင့်သို့ ဖြတ်ကျော်ရန် လိုတော့မည်မဟုတ်ပေ။ ၎င်းက ရီဖန်ကို အနည်းငယ်လန့်သွားစေသည်။ ထိုသို့လှည့်စားရန်အတွက် သူမကို သူခွင့်ပြုခဲ့ခြင်းဖြစ်သော်လည်း သူမက မြန်လွန်းနေသည်။ ရီဖန်ပင်လျှင် ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။
အရာအားလုံးကို တည်ငြိမ်စေရန်အတွက် အချိန်ယူခြင်းက ပိုကောင်းပါသည်။ မူလကစီစဉ်ထားသည့် ရာထူးတိုးအသီအစဉ်ကိုလည်း အနှစ်တစ်ရာကြာသည်အထိ ရွှေ့ဆိုင်းထားလိုက်သည်။ ရောက်ရှိလာသူအားလုံး၏ ကျင့်ကြံမှုပြီးဆုံးမှသာ ၎င်းကိုပြန်လည်စတင်ခဲ့သည်။
"ရှီထျန်းသူတော်စင်တစ်ပိုင်းကို တာ့ယွီနတ်မင်းဆက် နိုင်ငံတော်ကာကွယ်သူအဖြစ် ရာထူးတိုးပြီး နတ်ဘုရားဘုရင်ရာထူးနဲ့အတူ မဟာသူတော်စင်လက်နက်တစ်ခု၊ အထွတ်အထိပ်သူတော်စင်လက်နက်အစုံနဲ့ အထွတ်အထိပ် နတ်ဆေးလုံးဆယ်ခုကို ဆုချီးမြှင့်ပါတယ်"
"ဖီးနစ်အမျိုးသမီးသူတော်စင်တစ်ပိုင်းကို ထိပ်တန်းဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ပြီး နတ်ဘုရားဘုရင်ရာထူးနဲ့ ဆုချီးမြှင့်…..”
…
ရီရှောင်းရှောင်းသည် ဆုလာဘ်များကို စီးဆင်းနေသောရေကဲ့သို့ တစ်ခုပြီးတစ်ခု လောင်းချနေသည်။
စောင့်ကြည့်သူများမှာတော့ မနာလိုစိတ်ဖြင့် စိမ်းပုပ်သွားကြ၏။ ထိုရာထူးများက ဘာမှန်း သူတို့မသိသော်လည်း နောက်ဆက်တွဲဆုလာဘ်များက ၎င်းတို့ကို မနာလိုစိတ်နှင့် အူတိုစေရန် လုံလောက်သည်။ ထို့အပြင် နတ်ဘုရားဘုရင်ရာထူးကို အခြားသောဆုများ မတိုင်မီ ပေးအပ်ခဲ့သောကြောင့် ၎င်းကပိုတန်ဖိုးကြီးမည်မှာ ထင်ရှားသည်။
ကောင်းပြီ၊ ၎င်းတို့လည်း တာ့ယွီနတ်မင်းဆက်နှင့် ပူးပေါင်းသင့်ပုံရသည်။ ယခင်က ဤကျင့်ကြံသူများသည် လွတ်လပ်မှုကို တောင့်တခဲ့ကြသောကြောင့် ပိုမိုကြီးမားသော တာ့ယွီနတ်မင်းဆက်နှင့် မပူးပေါင်းချင်ကြချေ။ သို့သော် ယခုအခါ တာ့ယွီနတ်မင်းဆက်၏ဆုလာဘ်များကို မြင်ပြီးနောက် လွတ်လပ်ရေးက အလွန်အရေးကြီးသည်မဟုတ်ကြောင်း သဘောပေါက်လိုက်ကြသည်။
တစ်ဖက်တွင် တာ့ယွီနတ်မင်းဆက်၏ကျင့်ကြံသူများသည် အလွန်စိတ်လှုပ်ရှားနေကြ၏။ အထူးသဖြင့် ရာထူးရရှိပြီးသော ကျင့်ကြံသူများအားလုံး ကျယ်လောင်စွာရယ်မောလိုက်ကြသည်။
ဤတစ်ကြိမ်တွင် ၎င်းတို့ထီပေါက်သွားပြီဖြစ်သည်။
………..
အခန်း ၄၆၇ - ရူးသွပ်နေသော ဝမ်ဟိုင်သူတော်စင်ဂိုဏ်း
တာ့ယွီနတ်မင်းဆက်တစ်ခုလုံးသည် သွေးရူးသွေးတန်းဖြစ်လုနီးပါး ဖြစ်နေကြသည်။
သူတော်စင်အစည်းအရုံးမှ လူတစ်စုကလည်း ပန်ကုစကြဝဠာမှ ပြောင်းလဲမှုများကို ခံစားခဲ့ရသည်။
"ချီးပဲကွာ၊ ပန်ကုစကြဝဠာအတွင်းမှာ နတ်မင်းဆက်တစ်ခု တကယ်ပေါ်လာပြီ!"
စစ်စွမ်းအားသူတော်စင်၏အသံသည် သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့သည် ပန်ကုစကြဝဠာကို ထိန်းချုပ်မှုဆုံးရှုံးသွားသော်လည်း ၎င်းအတွင်းဖြစ်ပျက်နေသည့် အပြောင်းအလဲများကို ခံစားနိုင်သေးသည်။
"ပန်ကုစကြဝဠာကို လုံးဝဖွင့်လိုက်တဲ့အထိဆို ဘယ်လောက်ကြာဦးမလဲ"
သူတော်စင်အစည်းအရုံးသည် ပန်ကုစကြဝဠာကို လုံးဝရင့်ကျက်သည်အထိ စောင့်ဆိုင်းနေသည်။ ထိုအချိန်တွင် ၎င်းတို့သည် လေဟာနယ်အတားအဆီးကိုဖြတ်ကျော်လျက် ပန်ကုစကြာဝဠာထဲသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။
လက်ရှိအချိန်တွင် ပန်ကုစကြဝဠာသည် အပြည့်အဝပြန်လည်ကောင်းမွန်ခြင်းမရှိသေးဘဲ အတားအဆီးအတက်အကျများ အားကောင်းနေသေးသည်။ ဤအခြေအနေတွင် ၎င်းတို့ဝင်သွားလျှင်ပင် အဖိုးအခကြီးကြီး ပေးဆပ်ရမည်ဖြစ်သောကြောင့် မဖြစ်သေးချေ။
"ကျွန်တော်တို့ ခန့်မှန်းထားသလောက် အစီရင်ခံရရင် နှစ်သုံးထောင်ကျော် ကျန်ဦးမယ်”
"အနှစ်သုံးထောင်က ရီမိသားစုအတွက် ဘယ်လောက်များရှိမှာမို့လဲ။ အဲဒီအချိန်ရောက်ရင် ငါ့အိပ်ခန်းထဲမှာ ရီမိသားစုရဲ့ဦးခေါင်းခွံတွေကို ချိတ်ထားဦးမယ်"
စစ်စွမ်းအားသူတော်စင်သည် ရီဖန်အနေဖြင့် အနှစ်သုံးထောင်အတွင်း သူတော်စင်အစည်းအရုံးကို တွန်းလှန်နိုင်သည့်အထိ ရီမိသားစုကို ဖွံ့ဖြိုးတိုးတက်နိုင်မည်ဟု မယုံကြည်ခဲ့ပေ။ ထိုအနှစ်သုံးထောင်ကိုသာ သူစောင့်နေနိုင်သည်။
ယခုဆိုလျှင် ရီ မျိုးရိုးအမည်ကို မြင်လိုက်ရုံနှင့်ပင် ခေါင်းကိုက်လာရ၏။ ပင်လယ်နဂါးသူတော်စင်သည်လည်း ရီ ဟု အမည်ပေးထားသည် မဟုတ်လား။ ရီမျိုးရိုးရှိသူအားလုံး သေသာသွားသင့်သည်။ အစမှအဆုံးအထိ စစ်စွမ်းအားသူတော်စင်သည် ရီရှောက်ဖန်က ရီမိသားစုနှင့် သက်ဆိုင်သည်ဟု မတွေးမိဖူးချေ။
တစ်ဦးက တစ်ဆင့်နိမ့်နယ်မြေတွင်သာ ရှိသေးသော်လည်း ကျန်တစ်ယောက်က ၎င်းတို့အတွက် သိသာထင်ရှားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေပြီဖြစ်သည်။ ထိုသို့သောတည်ရှိမှုကို မည်သည့်နည်းနှင့်မျှ ချိတ်ဆက်၍မရနိုင်ပေ။ တာ့ယွီနတ်မင်းဆက် ထွန်းကားလာခြင်း အရေးကိစ္စသည် ဤနေရာတွင်သာ ပြီးဆုံးသွား၏။
ရီဖန်သည် ရီမိသားစုထံ အမြန်ပြန်လာကာ အောင်မြင်မှုများအတွက် ရီမိသားစု၏ ဆေးပညာရှင်များနှင့် လက်နက်သန့်စင်သူများကို ဆင့်ခေါ်ခဲ့သည်။ ၎င်းတို့အားလုံး ကောင်းစွာပြင်ဆင်ထားပြီးဖြစ်ကာ ဉာဏ်အလင်းပွင့်မည့်အချိန်ကို စောင့်မျှော်နေကြသည်။ အကြိမ်ပေါင်းများစွာ ဖြတ်သန်းပြီးနောက် ၎င်းတို့သည် အတော်လေး ကျွမ်းကျင်လာပြီဖြစ်သည်။
ရီဖန်၏အံ့ဖွယ်သဘာဝနှင့်ပက်သက်၍ ၎င်းတို့အာလုံး အတော်လေး ကျင့်သားရလာပြီးဖြစ်သည်။ ၎င်းတို့၏ မျိုးနွယ်စုခေါင်းဆောင်လုပ်သမျှသည် သာမန်မျှသာဖြစ်သည်ဟု ယူဆလာနိုင်ကြ၏။
မိသားစုစနစ်ဖြင့် ချည်နှောင်ထားသော ရီဖန်သည် ၎င်းတို့ပုန်ကန်မည်ကို စိတ်ပူစရာမလိုဘဲ ပြဿနာများစွာကို ဖြေရှင်းနိုင်ပြီးဖြစ်သည်။
"စနစ် ဆုတွေသုံးလိုက်တော့"
ရီဖန်၏အမိန့်ပေးသံနောက်တွင် ရီမိသားစုတစ်ခုလုံး ကျင့်ကြံမှုအောက်သို့ ချက်ချင်းရောက်သွားကြသည်။ ပထမဆုံး ထိုးဖောက်မှုမှာ အခင်းအကျင်းဖြစ်၏။ သူတော်စင်အဆင့်အခင်းအကျင်းနှင့် မဟာသူတော်စင်အဆင့်မှာ နှိုင်းယှဉ်၍ပင်မရချေ။
ရီဖန်၏စိတ်ထဲတွင် မရေမတွက်နိုင်သော ရှေးခေတ်အခင်းအကျင်းများ ပေါ်လာသည်။ ၎င်းတို့ထဲမှတစ်ခုသည် သာမန်သူတော်စင်ဂိုဏ်းတစ်ခု၏ အကာအကွယ်အခင်းအကျင်းနှင့်ပင် တူနိုင်သည်။ အချို့သော အဆင့်နိမ့် မဟာသူတော်စင်အခင်းအကျင်းများသည် ထိပ်တန်းသူတော်စင်များကိုပင် ခုခံနိုင်၏။
သို့သော် ရီဖန်အတွက် အရေးကြီးဆုံးသော အောင်မြင်မှုများမှာ ဆေးပညာနှင့် လက်နက်သန့်စင်ခြင်းတွင်ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သူအကြာကြီးစောင့်စရာမလိုလိုက်ချေ။ မကြာမီတွင် ရီကျင်းလုံသည် မဟာသူတော်စင်အဆင့် လက်နက်သန့်စင်ခြင်း၏ အစောပိုင်းအဆင့်အထိ ပထမဆုံးပြီးမြောက်နိုင်ခဲ့သည်။
အောင်မြင်မှုကို ပြီးမြောက်သွားသည့် ဒုတိယလူမှာ မဟာသူတော်စင်နယ်မြေဆေးပညာ၏ အစောပိုင်းအဆင့်သို့ ရောက်ရှိခဲ့သော ရီကျင်းဖန် ဖြစ်သည်။ ရီမိသားစု၏ ဆေးပညာရှင်နှင့် လက်နက် သန့်စင်သူဖြစ်ကြသည့် မောင်နှမနှစ်ဦးစလုံးသည် ၎င်းတို့၏သက်ဆိုင်ရာလမ်းကြောင်းများတွင် ကျယ်ပြန့်သောခြေလှမ်းများ လှမ်းနိုင်ခဲ့သည်။
အဆုံးတွင် ရီကျင်းလုံနှင့် ရီကျင်းဖန်တို့သည် မဟာသူတော်စင်နယ်ပယ်၏ အစောပိုင်းအဆင့်သို့ လမ်းတစ်ဝက်နီးပါးခရီးနှင်နိုင်ခဲ့၏။ ထို့အပြင် ၎င်းတို့၏အခြေခံအုတ်မြစ်ကြောင့် အစောပိုင်းအဆင့် မဟာသူတော်စင်နယ်မြေ ဆေးပညာရှင်များနှင့် လက်နက်သန့်စင်သူအသစ်များစွာကို မွေးထုတ်နိုင်ခဲ့သည်။ ၎င်းက ရီဖန်ကိုယ်တိုင်ပင် မထင်မှတ်ထားသည့် အံ့ဩဖွယ်ရာတစ်ခုဖြစ်သည်။
နောက်ဆုံးတွင် စနစ်၏ အကျိုးသက်ရောက်မှုမှေးမှိန်သွားပြီဖြစ်၏။ နောင်ထပ် ရီဖန်ဖြတ်ကျော်ရမည့် အလှည့်ကျရောက်လာပြီဖြစ်သည်။
"စနစ် ပေါင်းစည်းလိုက်တော့!"
ရီဖန်၏အတွေးထဲတွင် သူ၏ဆေးပညာနှင့် လက်နက်သန့်စင်ခြင်းစွမ်းရည်သည် လျင်မြန်စွာ တိုးတက်လာ၏။ ရီဖန်၏ အဆုံးမဲ့ ထိုးထွင်းသိမြင်မှုသည် သူ၏ဗီဇဖြစ်လာပြီး လျင်မြန်စွာပေါင်းစည်းသွားသည်။
တစ်ရက်တာ “ကြိုးစားအားထုတ်မှု” ဖြင့် ရီဖန်၏ ဆေးပညာနှင့် လက်နက်သန့်စင်ခြင်း စွမ်းရည်နှစ်ခုစလုံးသည် မဟာသူတော်စင်နယ်ပယ်၏ အလယ်အလတ်အဆင့်သို့ ရောက်သွားသည်။
ဤအဆင့်ရှိ ဆေးပညာနှင့် လက်နက် သန့်စင်မှုစွမ်းအားက အထက်နယ်မြေကိုပင် အထင်ကြီးစေနိုင်သည်။
အနည်းဆုံး ပင်ကိုပျက်ဆီးခြင်းပင်လယ်၏ အစွန်အဖျားတွင် ရီဖန်မှလွဲ၍ အခြား အလယ်အလတ်အဆင့် မဟာသူတော်စင်နယ်မြေ ဆေးပညာရှင် သို့မဟုတ် လက်နက်သန့်စင်သူ မရှိချေ။ သို့သော် ရီဖန်အတွက် အဆင့်မြှင့်တင်ခြင်း၏ အထင်ရှားဆုံးအကျိုးကျေးဇူးမှာ သူ၏ကျင့်ကြံမှု လျင်မြန်စွာတိုးတက်နိုင်ခြင်းကြောင့် ဖြစ်သည်။
ဥပမာအားဖြင့် ယခု သူ၏ဆေးပညာသည် အဆင့်တက်လှမ်းသွားသောကြောင့် နောက်ဆုံးတွင် အလယ်အလတ်အဆင့်ရှိ မဟာသူတော်စင်ကိုးပွင့်ဆေးလုံးကို သန့်စင်နိုင်ပြီဖြစ်သည်။ ဝမ်ဟိုင်ဂိုဏ်းချုပ်သည် ရီဖန်အား ကိုးပွင့်သူတော်စင်ဆေးလုံးပြုလုပ်ရန်အတွက် လုံလောက်သောပစ္စည်းများကို ပေးကမ်းရက်ရောသည်ဟု ဆိုရမည်။
နှမျောစရာကောင်းသည်က ကိုးပွင့်သူတော်စင်ဆေးလုံးသည် ကျင့်ကြံမှုအဆင့်ကို တိုက်ရိုက်မတိုးနိုင်ပေ။ ရီမိသားစုအတွက် စစ်မှန်သောနတ်ဘုရားနယ်မြေကိုရောက်ရန် အရည်အချင်းရှိသောကြောင့် သူတော်စင်နယ်မြေသည် ၎င်းတို့အတွက် ကြီးမားသောစိန်ခေါ်မှုတစ်ခု မဟုတ်ခဲ့ချေ။ ထို့ကြောင့် ကိုးပွင့်သူတော်စင်ဆေးလုံးသည် ၎င်းတို့အတွက် အချည်းနှီးဖြစ်သည်။
သို့သော် အခြားသူတော်စင်များအတွက် ကိုးပွင့်သူတော်စင်ဆေးလုံးသည် အသက်စွန့်ရကျိုးနပ်သော အဖိုးတန်ဝိညာဉ်ရေးဆေးဖြစ်သည်။ ကျင့်ကြံခြင်းမြှင့်တင်ရန် ထိုဆေးလုံးများကို လိုအပ်သောပစ္စည်းများနှင့် ရီဖန်ထံတွင် လဲလှယ်နိုင်သည်။
မဟာသူတော်စင်နယ်မြေဆေးပညာ၏ အလယ်အလတ်အဆင့်သို့ ဝင်ရောက်ပြီးနောက် ရီဖန်သည် ဆေးလုံးဖော်မြူလာများစွာကို ရရှိခဲ့သည်။ မဟာသူတော်စင်အဆင့် ဆေးလုံးဖော်မြူလာများသည် သန့်စင်ရန်ခက်ခဲသည့်အပြင် လိုအပ်သောပစ္စည်းများကို စုဆောင်းရာတွင်လည်း မလွယ်ကူချေ။
သူတော်စင်များစွာကို ဖျက်ဆီးပြီးနောက် ရီဖန်သည် များစွာချမ်းသာကြွယ်ဝလာသော်လည်း၊ အလယ်အလတ်အဆင့်ရှိ မဟာသူတော်စင်နယ်မြေ ဆေးလုံးဖော်မြူလာအတွက် လိုအပ်သော ပစ္စည်းအားလုံးကို မစုဆောင်းနိုင်သေးပေ။ သူသည် အခြားသူများနှင့် လဲလှယ်ရန်သာ ကြိုးစားနိုင်သည်။
မည်သူနှင့် လဲလှယ်ရမည်နှင့်ပက်သက်၍ ရီဖန်စိတ်ထဲတွင် အကြံတစ်ခုရှိနေပြီးဖြစ်သည်။ ၀မ်ဟိုင်သူတော််စင်ဂိုဏ်းက သူ့ကို စိတ်ပျက်စေမည်မဟုတ်ကြောင်း သူယုံကြည်ပါ၏။
အကယ်၍ ကိုးပွင့်သူတော်စင်ဆေးလုံးကို လိုချင်ပါက လုံလောက်သောရိုးသားမှုကို ပြသရမည်။ အထက်နယ်မြေရှိ ဝမ်ဟိုင်သူတော်စင်ဂိုဏ်းအတွင်း ရီရှောက်ဖန်၏ရာထူးသည်လည်း ဆက်တိုက်တိုးမြှင့်လာနေသည်။
……….
အခန်း ၄၆၈ - ရူးသွပ်နေသော ဝမ်ဟိုင်သူတော်စင်ဂိုဏ်း
“ရှောက်ဖန်၊ မင်းတို့ ရီမိသားစုက တကယ်ကို အစွမ်းထက်တာပဲ။ ဂိုဏ်းတော်တော်များများက ငါတို့ရဲ့ တက်လှမ်းခြင်းဆာဂျီဆေးလုံးအကြောင်း ကြားပြီးတော့ တော်တော်ကို မနာလိုဖြစ်နေကြတာ"
ရီရှောက်ဖန်သည် တက်လှမ်းခြင်းဆာဂျီဆေးလုံးကို ပေးအပ်ပြီးနောက် ဝမ်ဟိုင်သူတော်စင်က သူနှင့်စကားပြောရန်အတွက် တားထားသည်။
အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့၏စကားပြောဆိုမှုနှင့် ရီရှောက်ဖန်အမှတ်မထင်ဖော်ပြခဲ့သော အရိပ်အမြွက်များကြောင့် ဝမ်ဟိုင်သူတော်စင်သည် ရီရှောက်ဖန်ကို ကျောထောက်နောက်ခံပြုသော လျှို့ဝှက်ဆန်းကြယ်သည့် မိသားစုတစ်ခုရှိနေကြောင်း ပိုမိုသေချာလာခဲ့သည်။
သို့သော် ဤမိသားစုသည် ရွှမ်ယွမ်စကြာဝဠာအတွင်း ရှိပုံမရပေ။ ရီရှောက်ဖန်သည် အတွေ့အကြုံအတွက် သူ့မိသားစုမှစေလွှတ်ခံခဲ့ရသော တပည့်တစ်ဦးအဖြစ် သတ်မှတ်နိုင်သည်။ ရီရှောက်ဖန်က ၎င်းတို့နှင့်ပူးပေါင်းခဲ့သောကြောင့် ဝမ်ဟိုင်သူတော်စင်ဂိုဏ်းအတွက် ကံကောင်းသည်ဆိုရမည်။ သို့မဟုတ်ပါက ထိုကဲ့သို့သော ကောင်းချီသည် ဝမ်ဟိုင်သူတော်စင်ဂိုဏ်းအပေါ်သို့ ကျရောက်လာမည်မဟုတ်ချေ။
ဆေးလုံး၏အသွင်အပြင်တွင်သာမက အခြားသောနေရာများတွင်လည်း ရီရှောက်ဖန်၏ စွမ်းဆောင်မှုများက ဝမ်ဟိုင်သူတော်စင်ကို အလွန်ကျေနပ်စေသည်။ ဤကာလအတွင်း ရီရှောက်ဖန်ပြသခဲ့သော အင်အားသည် ပိုမိုအားကောင်းလာပြီး သူတော်စင်အစည်းအရုံးသည်လည်း ဆုတ်ယုတ်မှုများစွာ ခံစားခဲ့ရသည်။
သူတော်စင်အစည်းအရုံးအနေဖြင့် လက်စားချေလိုသော်လည်း ရီရှောက်ဖန်ကြောင့် ကူကယ်ရာမဲ့ဖြစ်နေသည်။ နောက်ဆုံးတွင် ၎င်းတို့သည် ရွှမ်ယွမ်စကြာဝဠာအတွင်းရှိ အခြားသောဂိုဏ်းများအပေါ်တွင်သာ ၎င်းတို့၏ဒေါသကို ထုတ်ဖော်နိုင်ခဲ့သည်။ ဝမ်ဟိုင်သူတော်စင်ဂိုဏ်းသည် ယခင်က သူတော်စင်မဟာမိတ်အစည်းအရုံးထက် အသာစီးမရခဲ့ပေ။ ယခု အရာအားလုံးက ရီရှောက်ဖန်ကြောင့် ရရှိလာခြင်းဖြစ်သည်။
ယခုဆိုလျှင် ဝမ်ဟိုင်သူတော်စင်ဂိုဏ်းတွင် ကျင့်ကြံမှုအရင်းအမြစ်များ ပိုများလာသည်။ ထို့ကြောင့် ဂိုဏ်း၏တပည့်များသည်လည်း ကျင့်ကြံမှုဆိုင်ရာ အရင်းအမြစ်များကို ပိုမိုရရှိလာကြသည်။ ထိုအချိန်တွင် အဆင့်နိမ့်တပည့်များသာမက အကြီးအကဲအများအပြားပင် ရီရှောက်ဖန်ကို လုံးလုံးလျားလျား အသိအမှတ်ပြုခဲ့ကြသည်။
ဝမ်ဟိုင်သူတော်စင်ဂိုဏ်းသည် ရီရှောက်ဖန်ကဲ့သို့သော အကြီးအကဲတစ်ဦးနှင့်အတူ ရှင်သန်ကြီးထွားရန် ချည်နှောင်ထားသင့်သည်။ ယဉ်ကျေးမှုအရ စကားဖလှယ်ပြီးနောက် ရီရှောက်ဖန်သည် စကားအနည်းငယ်ပြောရန် အချိန်ယူခဲ့သည်။
"ဂိုဏ်းချုပ်၊ ကျွန်တော်တို့မိသားစုရဲ့ ဆေးပညာရှင်တွေက မကြာခင်ကမှ အောင်မြင်မှုအချို့ရခဲ့လို့ ပစ္စည်းတချို့ရှာနေကြတာ။ ဒါက ကျွန်တော့တာဝန်ဖြစ်လာတယ်လေ"
"ဒါကိုသာ ပြီးအောင်လုပ်နိုင်ရင် မိသားစုထဲမှာ ကျွန်တော့်ရဲ့ပြောစကားက သိသိသာသာအရာရောက်လာမယ်။ အဲတာဆို အကျိုးဆက်အနေနဲ့ ဆေးလုံးထောက်ပံ့မှုလည်း သိသိသာသာ တိုးလာမယ်"
ရီရှောက်ဖန်သည် အလွန်စိတ်ပူပန်နေသကဲ့သို့ ပြုမူသော်လည်း စိတ်ထဲတွင်တော့ ရွှင်မြူးနေ၏။ ယခုတွင် ရီမိသားစု၌ တက်လှမ်းခြင်းဆာဂျီဆေးလုံးကို အပြည့်အဝသန့်စင်ပေးနိုင်သော မဟာသူတော်စင်အဆင့် ဆေးပညာရှင် အများအပြားရှိနေသည်။
ရီမိသားစု၏ တက်လှမ်းခြင်းဆာဂျီဆေးလုံး သုံးစွဲမှုမှာလည်း မမြင့်မားသောကြောင့် ၎င်းတို့ကို ပိုမိုထောက်ပံ့နိုင်မည်ဖြစ်သည်။ ထောက်ပံ့မှုပမာဏက နှစ်ဆတိုးသွားသည့်တိုင် လက်ရှိအခြေအနေရှိ ရီမိသားစုအတွက် ပြဿနာဖြစ်မည်မဟုတ်ပေ။
"အကြီးအကဲဟိုင်လုံ၊ အရမ်းယဉ်ကျေးမနေပါနဲ့။ ငါတို့က ဝမ်ဟိုင်သူတော်စင်ဂိုဏ်းက ကူညီနိုင်မယ်ဆိုရင် ဘယ်လိုနည်းနဲ့မဆိုရအောင်ကြိုးစားမှာပါ"
စကားပြောဆိုဖလှယ်ပြီးနောက် ရီရှောက်ဖန်သည် သူလိုအပ်သော အချက်အလက်အချို့ကို ချန်ထားခဲ့သည်။ ဝမ်ဟိုင်သူတော်စင်က ၎င်းကိုရှာဖွေရန်အတွက် ဝမ်ဟိုင်သူတော်စင်ဂိုဏ်းက အကူအညီပေးမည်ဟု သူ့ရင်ဘတ်ကိုပုတ်ပြရင်း အာမခံလိုက်သည်။
ရီရှောက်ဖန် ထွက်သွားပြီးနောက် ဝမ်ဟိုင်သူတော်စင်သည် ရီမိသားစုမှ မည်သည့်ဆေးလုံးကို သန့်စင်ရန်စီစဉ်ထားသည်ကို သိလိုသောကြောင့် ဆေးပညာရှင်တစ်ဦးကို ချက်ချင်းရှာဖွေခဲ့သည်။ ၎င်းတို့ကိုယ်တိုင် မသန့်စင်နိုင်လျှင်ပင် အနည်းဆုံး ပါဝင်ပစ္စည်းများကို အတိုင်းအတာတစ်ခုအထိ ခွဲခြမ်းစိတ်ဖြာနိုင်သေးသည်။
ဝမ်ဟိုင်သူတော်စင်သည် ဝမ်ဟိုင်သူတော်စင်ဂိုဏ်း၏ ဆေးပညာရှင်တစ်ဦးကို လျင်မြန်စွာတွေ့ရှိကာ စစ်ဆေးရန် တာဝန်ပေးအပ်ခဲ့သည်။ ဝမ်ဟိုင်သူတော်စင်ဂိုဏ်း၏ ဆေးပညာရှင်သည် အထွတ်အထိပ် သူတော်စင်အဆင့်တွင်ရှိသည်။
အစောပိုင်းတွင် ၎င်းက ဘာမှထူးထူးခြားခြား မတွေ့ခဲ့ရချေ။ သို့သော် တစ်ချိန်က သူဖတ်ဖူးသည့် ရှေးစာအုပ်တစ်အုပ်တွင် မှတ်တမ်းတင်ထားသော ဆေးစာတစ်ခုအကြောင်း ရုတ်တရက်သတိရသွားသည်။ ဆေးစာက မပြည့်စုံသော်လည်း ဆေးဝါးအများစုသည် ရီရှောက်ဖန်လိုအပ်သောပစ္စည်းများနှင့် အတူတူပင်။
ဆေးပညာရှင်၏ မျက်လုံးများသည် ထိတ်လန့်တုန်လှုပ်မှုဖြင့် ပြည့်နှက်နေလျက်
“ဂိုဏ်းချုပ်၊ ဒါက မဟာသူတော်စင်အဆင့်ရဲ့ အလယ်အလတ်အဆင့် ဒါမှမဟုတ် အဆင့်မြင့်ပိုင်းက ဆေးပညာရှင်အတွက် လိုအပ်ပစ္စည်းတွေ မဟုတ်ဘူးလား”
သူ့လေသံက အလောတကြီးဖြစ်နေသည်။ ၎င်းက ဝမ်ဟိုင်သူတော်စင်ကို အနည်းငယ် ပဟေဋ္ဌိဖြစ်သွားစေခဲ့သည်။ အနှီဆေးပညာရှင်က အဘယ်ကြောင့် ဤမျှစိတ်လှုပ်ရှားနေသနည်း။ ထူးခြားသော ဆေးလုံးများဖြစ်နိုင်ပါသလား။
"ဒါက ကိုးပွင့်သူတော်စင်ဆေးလုံးအတွက် ပစ္စည်းစာရင်းတွေပါ"
ကိုးပွင့်သူတော်စင်ဆေးလုံး၏ အကျိုးသက်ရောက်မှုများအကြောင်း ဆေးပညာရှင်ရှင်းပြသည်ကို ကြားပြီးနောက် ဝမ်ဟိုင်သူတော်စင်သည် အံ့အားသင့်သွားခဲ့သည်။ သို့သော် သူ၏ထိတ်လန့်မှုက ပျော်ရွှင်မှုအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။
ပျော်ရွှင်မှုအဖြစ်သို့ သူတော်စင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်ကာ သူ၏စိတ်ခံစားမှုကို နှိုးဆွနိုင်သည့်အရာ အနည်းငယ်သာရှိသည်။ သူသည် တက်လှမ်းခြင်းဆာဂျီဆေးလုံးကို ပထမဆုံးရရှိခဲ့စဉ်က ဝမ်ဟိုင်သူတော်စင်ဂိုဏ်း၏တိုးတက်မှုကို အရှိန်မြှင့်တင်နိုင်မည့်အတွက် ပျော်နေခဲ့သည်။
သို့သော် ကိုးပွင့်သူတော်စင်ဆေးလုံးက သာ၍ကွဲပြား၏။
ဝမ်ဟိုင်သူတော်စင်အတွက် ယခုအရေးကြီးဆုံးအချက်မှာ သူတော်စင်နယ်မြေမှ ဖြတ်ကျော်ရန်ဖြစ်သည်။ သို့သော် သူတော်စင်နယ်မြေကိုဖြတ်ကျော်ရန် အပြောနှင့်သာ လွယ်ကူလိမ့်မည်။ မရေမတွက်နိုင်သော အထွတ်အထိပ်အဆင့် သူတော်စင်များသည် ဤအဆင့်တွင် ပိတ်မိနေကြကာ မဖြတ်ကျော်နိုင်ပေ။
အထွတ်အထိပ် သူတော်စင်တစ်ရာတွင် တစ်ဦးတည်းက သူတော်စင်နယ်မြေမှ ဖြတ်ကျော်နိုင်ခဲ့လျှင်ပင် ကံကောင်းသည်ဟု ယူဆရမည်။ သူတော်စင်နယ်မြေမှ တက်လှမ်းခြင်း မအောင်မြင်လျှင် အကောင်းဆုံးရလဒ်မှာ ကျင့်ကြံမှုအဆင့် လျော့ကျသွားမည်ဖြစ်သည်။ အဆိုးဆုံးရလဒ်သည် လူတစ်ဦး၏ဘဝအဆုံးသတ်သွားသည်အထိ ဖြစ်နိုင်၏။
အသက်တစ်သန်းမျှသာရှိသေးသော ဝမ်ဟိုင်သူတော်စင်သည် အန္တရာယ်မည်မျှပင်ရှိပါစေ အဆင့်တက်လှမ်းလိုသေးသည်။ ကိုးပွင့်သူတော်စင်ဆေးလုံးသည် ၎င်း၏ အောင်မြင်မှုနှုန်းကို ဆယ်ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်သောကြောင့် ဝမ်ဟိုင်သူတော်စင်အတွက် အလွန်အရေးကြီး၏။ ၎င်းသည် သူ၏အောင်မြင်မှုနှုန်းကို အဆင့်မြှင့်တင်ရန် သူရှာဖွေနိုင်သည့် တစ်ခုတည်းသောဆေးလုံးဖြစ်သည်။
အကယ်၍ ရီမိသားစုက ကိုးပွင့်သူတော်စင်ဆေးလုံးကို ဖန်တီးနိုင်လျှင် အောင်မြင်မှုနှုန်းကို မြှင့်တင်နိုင်သည့် အခြားသောဆေးလုံးများကိုလည်း ထုတ်လုပ်နိုင်မည် မဟုတ်လား။ အမျိုးအစားတစ်ခုက ဆယ်ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်လျှင် အခြားမျိုးကွဲများစွာကလည်း အခွင့်အလမ်း ပိုမိုမြှင့်တင်ပေးနိုင်လိမ့်မည်။
၎င်းကိုတွေးမိသော ဝမ်ဟိုင်သူတော်စင်သည် စိတ်လှုပ်ရှားမှုကြောင့် ကူကယ်ရာမဲ့နေသည်။ ထိုအချိန်တွင် ဝမ်ဟိုင်သူတော်စင်က ရီမိသားစုကို လျှော့တွက်ထားမိကြောင်း သဘောပေါက်သွား၏၊ အလွန်ကြောက်စရာကောင်းသော ဆေးပညာရှင်တစ်ယောက်ရှိသော ရီမိသားစု၏အင်အားသည် မည်သို့အားနည်းလိမ့်မည်နည်း။
ဝမ်ဟိုင်သူတော်စင်ဂိုဏ်၏ ဂိုဏ်းချုပ်ဖြစ်သော သူ့ကို ၎င်းတို့ကလှည့်ပင်ကြည့်လိမ့်မည် မဟုတ်ချေ။
ရီရှောက်ဖန်တစ်ဦးတည်းကသာ ရီမိသားစုနှင့်ပေါင်းစည်းနိုင်စေမည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ ထို့ကြောင့် ရီရှောက်ဖန်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်းကို သေချာစေရမည်။
ဝမ်ဟိုင်သူတော်စင်ဂိုဏ်းတစ်ခုလုံးကို ရီရှောက်ဖန်သို့ ပေးအပ်ရလျှင်ပင် ၎င်းက ထိုက်တန်လိမ့်မည်။
ဝမ်ဟိုင်သူတော်စင်၏စိတ်တွင် ဝမ်ဟိုင်သူတော်စင်ဂိုဏ်းသည် မဟာသူတော်စင်အဆင့်သို့ ဖြတ်ကျော်ခြင်းထက်စာလျှင် အရေးမပါပေ။
ရီရှောက်ဖန်သည် ထိုပစ္စည်းများလိုအပ်သောကြောင့် အစွမ်းကုန်စုဆောင်းထားရမည်ဖြစ်သော်လည်း ပစ္စည်းအများအပြားကို ဝမ်ဟိုင်သူတော်စင်ဂိုဏ်းတွင်မရရှိနိုင်ချေ။ ၎င်းတို့ထံမရှိလျှင် လဲလှယ်ရမည်။ မလဲလှယ်နိုင်လျှင် သိမ်းယူရမည်။
ရီရှောက်ဖန်လိုအပ်သော ပစ္စည်းအများအပြားကို သူတော်စင်အစည်းအရုံးတွင် ရနိုင်ကြောင်း ဝမ်ဟိုင်သူတော်စင် သတိရသွားသည်။
ထိုသို့ဖြစ်လျှင် သူတော်စင်အစည်းအရုံးကို ဦးစွာပစ်မှတ်ထားရမည်။ ဝမ်ဟိုင်သူတော်စင်ကိုယ်တိုင် အကြီးအကဲများကို ချက်ချင်းခေါ်ကာ အမိန့်ထုတ်ပြန်ခဲ့သည်။ သူတော်စင်အစည်းအရုံးကို တိုက်ခိုက်ပြီး သယံဇာတများ လုယက်ရမည်။
အစောပိုင်းတွင် အကြီးအကဲများထံမှ တုံ့ဆိုင်းမှုအချို့ရှိသည်။ ကြီးမားသောပဋိပက္ခများကို ရှောင်ရှားရန်အတွက် ၎င်းတို့က တိုက်ပွဲများဖြစ်ပွားနေသော်လည်း သူတော်စင်အစည်းအရုံးနှင့် ရင်ဆိုင်ရာတွင် အကန့်အသတ်ရှိသည်။ ရုတ်တရက် လှုပ်ရှားလိုက်ခြင်း ဝမ်ဟိုင်သူတော်စင်ဂိုဏ်းဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်သောအချက်မဟုတ်ပေ။
သို့သော် ဝမ်ဟိုင်သူတော်စင်ထံမှ ကိုးပွင့်သူတော်စင်ဆေးလုံးအကြောင်းရှင်းပြပြီးသောအခါ အကြီးအကဲများအားလုံး စိတ်လှုပ်ရှားခဲ့ကြသည်။ အဆင့်သတ်မှတ်ထားသော အကြီးအကဲများမှာ စိတ်အားထက်သန်ဆုံးဖြစ်ကြ၏။ ၎င်းတို့လည်း ကိုးပွင့်သူတော်စင်ဆေးလုံးကို လိုချင်ကြ၏။
နှောင်းပိုင်းသူတော်စင်အဆင့်ဖြစ်စေ အထွတ်အထိပ် သူတော်စင်အဆင့်ဖြစ်စေ ကိုးပွင့်သူတော်စင်ဆေးလုံးသည် အရေးအကြီးဆုံးဖြစ်၏။ ၎င်းတို့သည် ထူးကဲသော အရည်အချင်းများနှင့် အတားအဆီးမဲ့ ကျင့်ကြံမှုလမ်းကြောင်းကို ရရှိထားသော ရီမိသားစု၏အဖွဲ့ဝင်များမဟုတ်ပေ။ ၎င်းတို့အတွက် မည်သည့်ပိတ်ဆို့မှုမဆို သေဆုံးစေနိုင်သည်။
သို့သော် ကိုးပွင့်သူတော်စင်ဆေးလုံးဖြင့် ဤပြဿနာများအားလုံးကို ဖြေရှင်းနိုင်လိမ့်မည်။ စွမ်းအားရှင်တစ်ယောက်ဖြစ်လာရန် မည်သူကများ အိပ်မက်မမက်ဘဲနေမည်နည်း။ ၎င်းတို့အဘယ်ကြောင့် စောင့်နေရမည်နည်း။ ချက်ချင်းတိုက်ခိုက်ရမည်။
ထို့နောက် သူတော်စင်အစည်းအရုံး၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ဝမ်ဟိုင်သူတော်စင်ဂိုဏ်းသည် အရူးများကဲ့သို့ အထပ်ထပ်အခါခါ ရောက်လာသည်။ ၎င်းတို့က နတ်ဆေးလုံးများထုတ်လုပ်သည့် အရင်းအမြစ် အများအပြားကို တစ်ပြိုင်နက်သိမ်းယူသွားကြ၏။
"အရင်းမြစ်တွေ သိမ်းပြီးရင် နောက်ဆုတ်ကြ!"
ရီရှောက်ဖန် လိုအပ်သောပစ္စည်းများကို စုဆောင်းပြီးသည်နှင့် ၎င်းတို့သည် အနည်းငယ်မျှပင် မတွန့်ဆုတ်ဘဲ ဆုတ်ခွာသွားကြသည်။
သူတော်စင်အစည်းအရုံးမှလူများက ၎င်းတို့က်ို တွေ့ရှိသောအခါတွင် ၎င်းတို့သည် တိုက်ပွဲတွင် မပါဝင်ခဲ့ကြပေ။ ချက်ချင်းဆုတ်ခွါသွားကြကာ သူတော်စင်အစည်းအရုံးကို တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေး မပေးခဲ့ကြချေ။
အချိန်တိုအတွင်း သူတော်စင်အစည်းအရုံး၏ ဆုံးရှုံးမှုများမှာ ကြီးမားခဲ့သည်။ ၎င်းက သူတို့ကို အလွန်ဒေါသထွက်စေ၏။ ပန်ကုစကြာဝဠာတွင် သူတော်စင်မဟာမိတ်အစည်းအရုံးများစွာ ခံစားခဲ့ရခြင်းကပင် ဆိုးရွားနေပြီဖြစ်သည်။
ယခု ဝမ်ဟိုင်သူတော်စင်ဂိုဏ်းက ၎င်းတို့ကို စတင်နှောက်ယှက်လာသောအခါ သူတော်စင်အစည်းအရုံးသည် ပုန်ကန်မှုတစ်ခုဟုထင်ခဲ့သော်လည်း၊ သူတော်စင်အစည်းအရုံးမှ တန်ပြန်ထိုးစစ်ဆင်သောအခါ ဝမ်ဟိုင်သူတော်စင်ဂိုဏ်းက အစောပိုင်းက ရန်လိုသည့်လှုပ်ရှားမှုများက ၎င်းတို့နှင့်ဘာမှမဆိုင်သကဲ့သို့ ပြုမူနေသည်။
ဆုတ်ခွာသွားသော ဝမ်ဟိုင်သူတော်စင်ဂိုဏ်းကောင့် သူတော်စင်အစည်းအရုံးသည် နောက်ဘာလုပ်ရမည်ကို မသိတော့ချေ။ အကြီးအကဲအများအပြားသည် ၎င်းတို့၏ကျင့်ကြံမှုကို စွန့်လွှတ်ကာ ကင်းလှည့်ခဲ့ကြသည်။
ဤသို့ဖြင့် ဝမ်ဟိုင်သူတော်စင်ဂိုဏ်းသည် တစ်နှစ်အတွင်း ရီရှောက်ဖန်လိုအပ်သော ပစ္စည်းအားလုံးကို စုစည်းနိုင်ခဲ့သည်။
………..