အခန်း ၄၆၉-၄၇၁
Vol. 32 Ch. 469-471
အခန်း ၄၆၉ - သူတော်စင်အစည်းအရုံး၏ တန်ပြန်တိုက်ခိုက်မှု
“ရှောက်ဖန်၊ ဒါ မင်းလိုအပ်တဲ့ပစ္စည်းတွေပဲ၊ မှန်သလား စစ်ဆေးကြည့်ဦး!"
ဝမ်ဟိုင်သူတော်စင်သည် ရီ ရှောက်ဖန်ထံသို့ ထိုင်းမှိုင်းစွာရောက်ရှိလာပြီး သိုလှောင်လက်စွပ်ကို ပေးလိုက်သည်။ သူ့အတွက် ရွေးချယ်စရာမရှိခဲ့ပေ။ သူသည် အထွတ်အထိပ်သူတော်စင်ဖြစ်သည့် သူတော်စင်အစည်းအရုံးအဖွဲ့ဝင်များနှင့် တိုက်ခိူက်ခဲ့ရ၏၊ ဤပစ္စည်းများအတွက်နှင့် ၎င်းတို့သည် သူတော်စင်အစည်းအရုံးကို ပြင်းပြင်းထန်ထန် ရန်စမိခဲ့သည်။
ရီရှောက်ဖန်သည် ဝမ်ဟိုင်သူတော်စင်၏အရှိန်ကြောင့် ထိတ်လန့်သွားသည်။ ဤအမြန်နှုန်းနှင့် ထိရောက်မှုက မြန်ဆန်လွန်းသည်။ သို့သော် သူသဘောတူပြီးသားဖြစ်သောကြောင့် ရီ ရှောက်ဖန်သည် သူ့ကတိကိုဖောက်ဖျက်မည်မဟုတ်ပေ။
"ဂိုဏ်းချုပ်၊ လိုအပ်တဲ့ပစ္စည်းတွေကို စုဆောင်းပြီးပြီမို့ စိတ်မပျက်စေရပါဘူး"
ဤပစ္စည်းများထဲတွင် ကိုးပွင့်သူတော်စင်ဆေးလုံးကို သန့်စင်ရန်အတွက် အများအပြားလိုအပ်သော်လည်း၊ ရီဖန်သည် နောက်ထပ်အဆင့်မြင့် သူတော်စင်အဆင့် နတ်ကောင်းကင်ဆေးလုံးကိုသန့်စင်ရာတွင် အသုံးပြုရန်ပါ စီစဉ်နေသည်။
ကိုးပွင့်သူတော်စင်ဆေးလုံးကို ပိတ်ဆို့မှုများဖြတ်ကျော်ရန် အသုံးပြုသည်။ ကျင့်ကြံမှုအဆင့်မြှင့်တင်ရန်အတွက် နတ်ကောင်းကင်ဆေးလုံးကိုအသုံးပြုနိုင်သည်။ ရီမိသားစု၏ကျင့်ကြံသူများအတွက် နတ်ကောင်းကင်ဆေးလုံး၏အကျိုးသက်ရောက်မှုသည် ကိုးပွင့်သူတော်စင်ဆေးလုံးထက်ပင် ပို၍အရေးကြီးသည်။
ရီရှောက်ဖန်သည် ကိုးပွင့်သူတော်စင်ဆေးလုံးကို ပြန်ယူလာရန် အချိန်အကြာကြီး မကြာလိုက်ပေ။
"ဂိုဏ်းချုပ်၊ ဒါက ကိုးပွင့်သူတော်စင်ဆေးလုံးပါ"
ဝမ်ဟိုင်သူတော်စင်၏မျက်လုံးများသည် ၎င်းဆေးလုံးများ၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရသည်။ ၎င်းက မဟာသူတော်စင်အဆင့်ဆေးလုံးဖြစ်ကြောင်း သံသယပင် ဝင်စရာမရှိချေ။ သို့သော် ဘေးကင်းစေရန်အတွက် ဆေးကိုအတည်ပြုရန် ဆေးပညာရှင်တစ်ဦးကို ရှာလိုက်သည်။
"ဂိုဏ်းချုပ်၊ ဒီ ကိုးပွင့်သူတော်စင်ဆေးလုံးရဲ့ အရည်အသွေးက အရမ်းကောင်းတာပဲ၊ သာမန်ဆေးတစ်လုံးကအောင်မြင်မှုနှုန်းကို ၁၀% တိုးပေးနိုင်ပြီးတော့ ဒီတစ်ခုက အောင်မြင်မှုနှုန်းကို အနည်းဆုံး ၂၀% တိုးပေးနိုင်ပါတယ်။ ထိပ်တန်းထုတ်ကုန်တစ်ခုပဲ!"
ဆေးပညာရှင်၏ စကားကိုကြားပြီးနောက် ဝမ်ဟိုင်သူတော်စင်၏အသက်ရှုသံသည် တဟုန်ထိုးမြန်လာသည်။ အောင်မြင်မှုနှုန်း ၂၀% ရရှိစေနိုင်သည့် ရီမိသားစု၏ဆေးပညာရှင်ကို ကောင်းကင်မှစေလွှတ်လိုက်ခြင်းဖြစ်ရမည်။
ရီမိသားစု၏ ဆေးလုံးများသည် အထူးကောင်းမွန်သည်ဟု သူခံစားထားပြီးဖြစ်သော်လည်း၊ မဟာသူတော်စင်အဆင့် ဆေးလုံးကို ပြီးပြည့်စုံစွာ သန့်စင်ပေးနိုင်မည်ဟု သူမမျှော်လင့်ထားပေ။ ရီမိသားစုမှ ဤဆေးပညာရှင်၏ ကျွမ်းကျင်မှုသည် သူထင်သည်ထက်ပင် ပို၍ကြီးမားသည်။
သို့သော် ဆေးလုံးတစ်လုံးတည်းက ၀မ်ဟိုင်သူတော််စင်ဂိုဏ်း၏ကျင့်ကြံသူ အများအပြားကိုကျေနပ်စေရန် မလုံလောက်သည်မှာ ထင်ရှားသည်။ အကြီးအကဲများကျေနပ်စေရန်အတွက် လူတစ်ဦးလျှင် အနည်းဆုံးတစ်လုံးတော့ ရရမည်။ သို့သော် ပစ္စည်းအလုံအလောက်ရရှိရန် သူတော်စင်အစည်းအရုံးကို ပစ်မှတ်ထားရန် လိုအပ်၏။
သူတော်စင်အစည်းအရုံးကို မည်မျှပင်စော်ကားမိစေကာမူ အကြီးအကဲများအတွက် လုံလောက်သည့် အကျိုးကျေးဇူးများ ပေးစွမ်းနိုင်သရွေ့တော့ သတ္တိရှိရှိလုပ်ဆောင်ရမည်ဖြစ်သည်။ ယခုတစ်ကြိမ်တွင် ကိုးပွင့်သူတော်စင်ဆေးလုံးအတွက် ပစ္စည်းများအပြင် ရီရှောက်ဖန်မှ အပိုပစ္စည်းများကိုလည်း ပေးအပ်ထားသည်။
နတ်သတ္တုရိုင်း၊ နတ်ဆေးပင်စသည့် အရာအားလုံးကို ကိုးပွင့်သူတော်စင်ဆေးလုံးနှင့် လဲလှယ်နိုင်သည်။ ၎င်းသည် ၀မ်ဟိုင်သူတော််စင်ဂိုဏ်းအတွက် ကိုးပွင့်သူတော်စင်ဆေးလုံးကိုရရှိနိုင်မည့် အခက်အခဲကို များစွာလျှော့ချခဲ့သည်။ သို့မဟုတ်ပါက သူတော်စင်အစည်းအရုံးတစ်ခုလုံးကို အလစ်သုတ်လျှင်ပင် ထိုပစ္စည်းများကို လုံလောက်အောင်စုဆောင်းနိုင်မည် မဟုတ်ချေ။
ဝမ်ဟိုင်သူတော်စင်၏အကြည့်သည် အဆုံးမဲ့နက်နဲသွားလျက် သူတော်စင်အစည်းအရုံး၏ ဦးတည်ရာသို့လှမ်းကြည့်ကာ
“အိုး၊ သူတော်စင်အစည်းအရုံးရေ ဒုက္ခရောက်ပြီ!"
ဝမ်ဟိုင်သူတော်စင်သည် အကြီးအကဲများကို ပျော်ရွှင်စေနိုင်မည့် ကိုးပွင့်သူတော်စင်ဆေးလုံး၏ အကျိုးသက်ရောက်မှုကို ချက်ချင်းကြေငြာခဲ့သည်။
ရီရှောက်ဖန် ကြွားလုံးထုတ်နေသည်ဟု ယခင်ကစိုးရိမ်နေခဲ့လျှင်ပင် ယခုအခါ လုံးဝတုံ့ဆိုင်းနေစရာမလိုတော့ချေ။
၎င်းတို့အားလုံး သူတော်စင်အစည်းအရုံးကို ဆန့်ကျင်တိုက်ခိူက်ခြင်းအား ပြန်လည်စတင်လိုက်ကြသည်။
…
"သူတို့ ရူးသွားပြီ၊ ၀မ်ဟိုင်သူတော််စင်ဂိုဏ်းက ရူးသွားပြီ!"
သူတော်စင်အစည်းအရုံး၏ ပင်လယ်ကမ်းစပ်သူတော်စင်ထံမှ လူသတ်ရန်ရည်ရွယ်ချက်ကို ဖုံးကွယ်၍မရချေ။
သူတော်စင်အစည်းအရုံးသည် ၀မ်ဟိုင်သူတော််စင်ဂိုဏ်းထက် အမှန်တကယ်ပင် အင်အားကောင်းသော်လည်း ၎င်းတို့က ၀မ်ဟိုင်သူတော််စင်ဂိုဏ်းမှ တပ်ဖွဲ့အများအပြားနှင့် ရင်ဆိုင်ခဲ့ရချိန်တွင် ၎င်းတို့ကိုကိုင်တွယ်ရန် နည်းလမ်းမရှိပေ။
အခြေအနေကိုပြောင်းလဲလိုက်သည်နှင့် အခြားသောဂိုဏ်းများသည် သူတော်စင်အစည်းအရုံးကို တိုက်ခိုက်မည့်အခွင့်အရေးကို သေချာပေါက် လက်လွတ်ခံမည်မဟုတ်ချေ။
၀မ်ဟိုင်သူတော််စင်ဂိုဏ်းမှလူများသည် ကြွက်များနှင့်တူသည်၊ ပစ္စည်းများကိုသာ ခိုးပြေးကြသည်။ သူတော်စင်အစည်းအရုံးမှ စွမ်းအားရှင်များရောက်ရှိလာချိန်တွင် ၎င်းတို့က လွတ်မြောက်နေပြီဖြစ်သည်။
၀မ်ဟိုင်သူတော််စင်ဂိုဏ်း၏ အင်အားအကြီးဆုံးသူများမှာ ဂိုဏ်းချုပ်နှင့် ဒု အကြီးအကဲနှစ်ယောက်ဖြစ်ကြသည်။
ယခုတွင် သူတော်စင်အစည်းအရုံး၏ ဂိုဏ်းချုပ်က အစည်းအရုံးတွင် မရှိနေဘဲ ပင်လယ်ကမ်းစပ်သူတော်စင်နှင့် ရန်လော်သူတော်စင်တို့သာ ကျန်ရစ်ခဲ့သည်။
အချိန်အတော်ကြာစဉ်းစားပြီးနောက် ပင်လယ်ကမ်းစပ်သူတော်စင်သည် ထိုင်စောင့်မနေနိုင်မှန်း သိလိုက်သည်။ ၎င်းတို့ဘက်မှအစပြု၍ ၀မ်ဟိုင်သူတော််စင်ဂိုဏ်းကို တိုက်ခိုက်ပြီး ခြောက်လှန့်မှရမည်။ သို့မဟုတ်ပါက ၀မ်ဟိုင်သူတော််စင်ဂိုဏ်းသည် လွယ်လွယ်နှင့် လက်လျှော့မည်မဟုတ်ချေ။
သို့သော် သူတစ်ယောက်တည်းတော့ မသွားနိုင်။ ၀မ်ဟိုင်သူတော််စင်ဂိုဏ်းတွင် အထွတ်အထိပ်သူတော်စင်တစ်ဦးသာရှိသော်လည်း အခြားသော အင်အားကြီးသူတော်စင်အချို့လည်း ရှိသေးသည်။ ယခု သူတော်စင်အစည်းအရုံးရှိ အထွတ်အထိပ်သူတော်စင်များအားလုံးတွင် ၎င်းတို့၏တာဝန်များရှိသောကြောင့် ရန်လော်သူတော်စင်ကိုသာ စည်းရုံးနိုင်လိမ့်မည်။
အထွတ်အထိပ် သူတော်စင်အဆင့်ရှိ လက်ထောက်အကြီးအကဲနှစ်ဦးနှစ်ဦးသာဆိုလျှင် ၀မ်ဟိုင်သူတော််စင်ဂိုဏ်းက မည်သို့တွန်းလှန်နိုင်မည်နည်း။ ထိုသို့တွေးပြီးနောက် ပင်လယ်ကမ်းစပ်သူတော်စင်သည် တစ်ကိုယ်တည်းကျင့်ကြံနေသည့် ရန်လော်သူတော်စင်ကို ချက်ချင်းရှာကာ တံခါးပိတ်ကျင့်ကြံရာမှ ထွက်ခွါရန် တွန်းအားပေးခဲ့သည်။
အိပ်ပျော်နေသည့်အချိန်တွင် နိုးခံရလျှင် စိတ်တိုလိမ့််မဟုတ်လား။ ရန်လော်သူတော်စင်သည် အသက်မဲ့မျက်လုံးများဖြင့် ပင်လယ်ကမ်းစပ်သူတော်စင်ကို တင်းမာစွာ စိုက်ကြည့်နေခဲ့ကာ သူ၏ရည်ရွယ်ချက်မှာ အလွန်ရှင်းလင်းနေသည်။ ပင်လယ်ကမ်းစပ်သူတော်စင်အနေဖြင့် သူ့ကိူ ကျိုးကြောင်းဆီလျော်သော ရှင်းပြချက်မပေးနိုင်ပါက သေချာပေါက် တိုက်ခိုက်လိမ့်မည်။
ပင်လယ်ကမ်းစပ်သူတော်စင်သည် နှောင့်နှေးမနေဝံ့ဘဲ ဤအချိန်အတောအတွင်း ၀မ်ဟိုင်သူတော််စင်ဂိုဏ်း၏လုပ်ရပ်များကို ချက်ချင်းထုတ်ပြောခဲ့သည်။
"ဒီလိုဆိုမှတော့ ၀မ်ဟိုင်သူတော််စင်ဂိုဏ်းကို သေချာသင်ခန်းစာပေးဖို့လိုတယ်"
သို့မဟုတ်လျှင် နောက်ပိုင်းတွင် အခြားအင်အားစုများ ၎င်းတို့ကို အတုယူသွားပါက ဒုက္ခဖြစ်လိမ့်မည်။
……..
အခန်း ၄၇၀ - သူတော်စင်အစည်းအရုံး၏ တန်ပြန်တိုက်ခိုက်မှု
နောက်အခိုက်အတန့်တွင် ရန်လော်သူတော်စင်သည် ပင်လယ်ကမ်းစပ်သူတော်စင် လှုပ်ရှားမည်ကိုမစောင့်ဘဲ ဝမ်ဟိုင်သူတော်စင်ဂိုဏ်းဆီသို့ ဦးတည်ထွက်ခွါသွားပြီဖြစ်သည်။ သူလှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်နှင့် တစ်ခဏမျှပင် မစောင့်နိုင်တော့ချေ။
ဝမ်ဟိုင်သူတော်စင်ဂိုဏ်းအတွင်းတွင် ကိုးပွင့်သူတော်စင်ဆေးလုံးကို အောင်မြင်စွာလဲလှယ်ပြီးနောက် သိမ်းဆည်းတော့မည့် ဝမ်ဟိုင်သူတော်စင်သည် အထွတ်အထိပ် သူတော်စင်နှစ်ဦး၏ရောင်ဝါကို ရုတ်တရက်ခံစားလိုက်ရသည်။ သူ့အမူအရာက ချက်ချင်းပြောင်းလဲသွား၏။ သူသည် ယခင်က သူရင်ဆိုင်ခဲ့ဖူးသော သူတော်စင်အစည်းအရုံး၏ လက်ထောက်အကြီးအကဲနှစ်ဦး၏ တည်ရှိမှုနှင့် အလွန်ရင်းနှီးသူဖြစ်သည်။
ထို့ကြောင့် ၎င်းတို့၏တိုက်စစ်အတွက် အမြဲသတိထားပြီး ပြင်ဆင်ထားသော်လည်း သူတော်စင်အစည်းအရုံး၏ လက်တုံ့ပြန်မှုက ဤမျှလျင်မြန်ပြီး ပြင်းထန်လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ ဤလက်ထောက်အကြီးအကဲနှစ်ဦး တပြိုင်နက်ချီတက်လာသည်အထိများ သူ့ကို အလေးအနက်ထားလွန်းနေသလား။
သူ၏ မူလက စိတ်လှုပ်ရှားခြင်းမှာလည်း ချက်ချင်းသေသွားသည်။ မကြာသေးမီကာလက သူ့လုပ်ရပ်များကို ပြန်တွေးကြည့်ပြီးနောက် သူ၏တာအိုနှလုံးသားက မခိုင်မာသေးဟု ခံစားလိုက်ရသည်။ သူ၏တာအိုနှလုံးသားသည် မခိုင်မာသေးသဖြင့် လောဘကြောင့်မျက်စိကန်းသွားကာ ရယ်စရာကောင်းသော ဆုံးဖြတ်ချက်အချို့ကို ပြုလုပ်ခဲ့မိသည်။
သူတင်မကဘဲ တခြားအကြီးအကဲများလည်း အတူတူပင်။ ကိုးပွင့်သူတော်စင်ဆေးလုံးသည် အလွန်ဆွဲဆောင်မှုရှိပြီး ၎င်း၏သက်ရောက်မှုမှာလည်း ပြင်းထန်လွန်းသည်။ သူသည် အရင်းအမြစ်များကို တဖြည်ဖြည်းစုဆောင်းခဲ့လျှင် ယနေ့ဒုက္ခမရောက်နိုင်ပေ။
"ဒီတစ်ခါ ဝမ်ဟိုင်သူတော်စင်ဂိုဏ်းတော့ ဒုက္ခရောက်ပြီ"
ဝမ်ဟိုင်သူတော်စင်က ညည်းညူလိုက်သော်လည်း သူ့စိတ်ကို ပြန်လည်တည်ငြိမ်စေကာ ဝမ်ဟိုင်သူတော်စင်ဂိုဏ်းအနီး ပျံသန်းသွားခဲ့သည်။ သူသည် အဖြစ်အပျက်ကို ကျူးလွန်ခဲ့သောကြောင့် အကျိုးဆက်ကိုလည်း ခံနိုင်ရည်ရှိရမည်ဖြစ်သည်။
"ပင်လယ်နဂါးသူတော်စင်၊ ဒီလိုဖြစ်လာတာတော့ မင်းကြောင့်ပဲ”
ဝမ်ဟိုင်သူတော်စင်သည် သူ့မျက်နှာပေါ်တွင် ခါးသီးသောအပြုံးတစ်ခု ရှိနေသော်လည်း ရီရှောက်ဖန်ကို အမှန်တကယ် အပြစ်မတင်ပေ။ အဓိက အကြောင်းအရင်းမှာ ၎င်းတို့၏အလွန်အမင်း လောဘကြောင့်သာဖြစ်သည်။
"အခြားဂိုဏ်းတွေရဲ့ အကူအညီအတွက် သူတော်စင်တွေကို အကြောင်းကြားရမလား"
သူသည် အကြံအစည်များစွာကို တွေးတောခဲ့သော်လည်း မည်သူကမျှ ပြေလည်အောင် ဆောင်ရွက်ပေးနိုင်မည်မဟုတ်ချေ။ သူတော်စင်အစည်းအရုံးက အရေးယူရန် ကြိုပြင်ထားပြီးဖြစ်သောကြောင့် အခြားဂိုဏ်းများ၏ အထွတ်အထိပ်သူတော်စင်များကိုလည်း ခေါ်ယူထားပြီးဖြစ်နိုင်သည်။ ဤတစ်ကြိမ်တွင် ဝမ်ဟိုင်သူတော်စင်ဂိုဏ်း၏ ကိုယ်ပိုင်စွမ်းအားကိုသာ အားကိုးရမည်။
"အကြီးအကဲတို့၊ ဝမ်ဟိုင်သူတော်စင်ဂိုဏ်းကိုပဲ ကာကွယ်ပါ၊ မစွန့်စားပါနဲ့!"
နှောင်းပိုင်း သူတော်စင်များနှင့် အထွတ်အထိပ် သူတော်စင်များ၏ကွာဟချက်မှာ သိသာလွန်းလှသည်။ ဝမ်ဟိုင်သူတော်စင်ဂိုဏ်းတွင် နောက်ပိုင်းအဆင့် သူတော်စင်အနည်းငယ်သာရှိခဲ့သည်။ ၎င်းတို့အားလုံးကို ဆုံးရှုံးသွားခဲ့လျှင် ၎င်းက ကြီးမားသည့် ဆုံးရှုံးမှုကြီးတစ်ခုဖြစ်သည်။
ထိုအချိန်တွင် အခြားသောသူတော်စင်များလည်း ချက်ချင်းတုံ့ပြန်ကြသည်။ ခိုင်မာအားကောင်းသော တည်ရှိမှုများကို လျင်မြန်စွာသတိပြုမိကြပြီးနောက် ၎င်းတို့၏အမူအရာများသည် ချက်ချင်းပင် မကြည်မလင်ဖြစ်လာသည်။ ၎င်းတို့၏လောဘကြောင့် ဘေးဆိုးကြီးဖြစ်လာမှန်းကိုလည်း သိလိုက်ရ၏။
အကြီးအကဲအချို့ပင်လျှင် ရီရှောက်ဖန်ကို စိတ်နှလုံးထဲတွင် တိတ်တဆိတ်အပြစ်တင်ခဲ့သည်။ ရီရှောက်ဖန်သာ မရှိလျှင် ဤကဲ့သို့ဖြစ်လိမ့်မည်မဟုတ်ဟု ၎င်းတို့ထင်ထားကြ၏။
ရီရှောက်ဖန်သည် အကြီးအကဲတစ်ဦးအနေနှင့် မပျောက်ကွယ်သွားနိုင်သောကြောင့် ဝမ်ဟိုင်သူတော်စင်ဂိုဏ်း၏အစွန်းတွင် ပေါ်လာသည်။ သူ၏မလှမ်းမကမ်းတွင် ဝမ်ဟိုင်သူတော်စင်နှင့် သူတော်စင်အစည်းအရုံးမှ လက်ထောက်အကြီးအကဲနှစ်ဦးရှိသည်။
"ပင်လယ်နဂါးသူတော်စင် ဒီကိစ္စအတွက် မင်းအပြစ်တင်ခံစရာမလိုဘူး!"
ခရမ်းရောင်အကြီးအကဲဟွမ်က ရီရှောက်ဖန် အပြစ်ရှိသည်ဟု ခံစားရမည်ကိုစိုးသောကြောင့် ချက်ချင်းပြောလိုက်သည်။ ရီရှောက်ဖန်က ခေါင်းခါလိုက်၏။ တကယ်တမ်းတွင် သူတခြားဘာကိုမှ အများကြီးမတွေးထားဘဲ အကွက်ရွှေ့ရန်သာ စဉ်းစားနေသည်။
ဝမ်ဟိုင်သူတော်စင်ဂိုဏ်းတွင် အချိန်အကြာကြီး နေခဲ့ရပြီး ၎င်းတို့လိုအပ်သည့် အရာအသီးသီးကို ယူခဲ့ကြသော်လည်း သူကတော့ ၎င်းတို့အတွက် ခံစားချက်အနည်းငယ် ရှိနေဆဲပင်။ ဝမ်ဟိုင်သူတော်စင်ဂိုဏ်းကို အခက်အခဲမဖြစ်စေချင်ချေ။
ဝမ်ဟိုင်သူတော်စင်အနေဖြင့် ပြဿနာကို ကိုယ်တိုင်ဖြေရှင်းသည်အား စောင့်ရမည်။ သူမတတ်နိုင်မှ ဝင်ရောက်စွက်ဖက်ရန် အချိန်ရှိပါသေးသည်။ ရီရှောက်ဖန်သည် ယခု အလယ်အလတ် သူတော်စင်အဆင့်တွင်ရှိနေသော်လည်း တစ်ခါတစ်ရံတွင် တိုက်ပွဲအင်အားကို ကျင့်ကြံမှုအဆင့်ဖြင့် မသတ်မှတ်ထားပေ။
ဝမ်ဟိုင်ဂိုဏ်းအပြင်ဘက်တွင် တိုက်ပွဲစနေလေပြီ။
”ရန်လော်သူတော်စင်!"
ရန်လော်သူတော်စင်သည် တံခါးပိတ်ကျင့်ကြံနေစဉ်အတွင်း စိတ်အနှောင့်အယှက်ဖြစ်ရသည့် ဒေါသအားလုံးကို ဝမ်ဟိုင်သူတော်စင်အပေါ် ဖြေဖျောက်မည့်ပုံပင်။ သူ၏တိုက်ခိုက်မှုတိုင်းက အရှိန်အပြည့်ဖြင့် နတ်ဘုရားနှင့် ငရဲနတ်ဆိုးတို့နှင့်အတူ လိုက်ပါသွားခဲ့သည်။
ဒုတိယအကြီးအကဲတစ်ဦးနှင့် ရင်ဆိုင်ရလျှင်ပင် ဝမ်ဟိုင်သူတော်စင်သည် အတော်လေးရုန်းကန်နေရသည်။ ယခုဆိုလျှင် ၎င်းတို့နှစ်ဦး၏ဝိုင်းရံခြင်းကို ရင်ဆိုင်ရချိန်၌ ပြန်လည်တိုက်ခိုက်နိုင်စွမ်းပင်မရှိခဲ့ပေ။
"၀မ်ဟိုင်သူတော်စင်ဂိုဏ်းရဲ့ နောက်ဆုံးဝှက်ဖဲကို သုံးရမလား"
ဝမ်ဟိုင်သူတော်စင်၏စိတ်ထဲတွင် ထပ်ခါထပ်ခါ တွေးမိနေသည်။ ဝမ်ဟိုင်သူတော်စင်ဂိုဏ်းအနေဖြင့် သူတော်စင်အစည်းအရုံးကြားတွင် ရှင်သန်ကြီးထွားလာနိုင်ခြင်းမှာ သူ၏ အဆင့်အတန်းတစ်ခုကြောင့်သာမဟုတ်ပေ။
သူတော်စင်အစည်းအရုံးကို မဆင်မခြင်မလှုပ်ရှားစေသည့် ဝှက်ဖဲမရှိပါက ၎င်းတို့သည် အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ပျက်ဆီးသွားပြီးဖြစ်သည်။
ထိုအခိုက်အတန့်တွင် လူတစ်ဦးသည် ဝမ်ဟိုင်သူတော်စင်ဂိုဏ်း၏ ကာကွယ်ရေးအခင်းအကျင်းထဲသို့ ဖြတ်ကျော်ဝင်ရောက်ကာ ၎င်းတို့သုံးဦးရှိနေသည့် တိုက်ပွဲတွင်း ဝင်ရောက်လာခဲ့သည်။
၎င်းကိုမြင်သောအခါ ဝမ်ဟိုင်သူတော်စင်ဂိုဏ်းရှိ အကြီးအကဲများနှင့် ဝမ်ဟိုင်သူတော်စင်တို့၏မျက်နှာများ ပြောင်းလဲသွားသည်။
"ပင်လယ်နဂါးသူတော်စင် မင်းဘာလုပ်နေတာလဲ၊ ပြန်သွား၊ ဒါက မင်းဝင်ပါရမယ့် တိုက်ပွဲမဟုတ်ဘူး!"
ဤအချိန်တွင် ရီရှောက်ဖန်၏ဝင်ရောက်စွက်ဖက်မှုက ဝမ်ဟိုင်သူတော်စင်ကို စိတ်ထဲထိသွားစေသည့်တိုင် သူပို၍စိုးရိမ်နေသည်။ သူတစ်ခုခုဖြစ်သွားပြီး ရီမိသားစုက ဝမ်ဟိုင်သူတော်စင်ဂိုဏ်းကို တာဝန်ယူခိုင်းမည်ဆိုပါက အခုအခြေအနေထက် အများကြီးပိုဆိုးသွားလိမ့်မည်။ နှစ်အတော်ကြာပြီးနောက် ရီရှောက်ဖန်သည် အခွင့်ထူးခံဒုတိယမျိုးဆက်တစ်ခုကို ပြီးပြည့်စုံစွာ ထူထောင်နိုင်ခဲ့ရာ၊ ရီရှောက်ဖန်က ထိုသို့မဟုတ်ပါဟု ရှင်းပြလျှင်ပင် မည်သူမျှယုံကြမည်မဟုတ်ချေ။
၀မ်ဟိုင်သူတော်စင်ဂိုဏ်းမှလူများသည် ရီရှောက်ဖန်၏ အထောက်အထားကိုသိသော််လည်း သူတော်စင်အစည်းအရုံးမှ ဒုတိယအကြီးအကဲနှစ်ဦးက မသိကြချေ။ ထိုတိုက်ပွဲတွင် အလယ်အလတ် သူတော်စင်ကျင့်ကြံသူတစ်ဦး ကြားဝင်စွက်ဖက်ဝံ့သည်ကို မြင်လိုက်ရသောအခါတွင် ဒေါသဖြေစရာမရှိသော ရန်လော်သူတော်စင်သည် ထွက်ပေါက်တစ်ခုကို ရှာတွေ့သွားကာ ရီရှောက်ဖန်ကို တိုက်ခိုက်ရန်ကြံရွယ်လျက် သူ၏ရှေ့သို့ ချက်ချင်း ရောက်ရှိလာခဲ့သည်။
ငရဲတံခါးများသည် ကောင်းကင်တွင်ချိတ်ဆွဲထားကာ အဆုံးမဲ့သေခြင်း ချီသည် ရီရှောက်ဖန်ကို အဆုံးမဲ့ငရဲထဲသို့ ဆွဲငင်လိုပုံရသော ဧရာမလက်များအဖြစ် ပြောင်းလဲသွားသည်။ ရီရှောက်ဖန်သည် သူတော်စင်ဖိတ်ခေါ်နိယာမကို အသုံးပြု၍ မျက်လုံးမှိတ်ထားသည်။
ထိုအချိန်တွင် ရီဖန်၏စွမ်းအားက နေရာလွတ်ကို ချက်ချင်းဖြတ်သွားပြီး ရီရှောက်ဖန်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်။ မိမိထံမှချေးယူသော ပမာဏက အခြားသူများထံမှ ချေးခြင်းထက် ပိုများမည်မှာ သေချာသည်။ သူတော်စင်နယ်မြေ၏အထွတ်အထိပ်သို့ ဖြတ်ကျော်ပြီးနောက် ရီဖန်၏ကျင့်ကြံမှုအဆင့်သည် ဆက်လက်တိုးမြင့်လာသည်။ သူသည် သူတော်စင်နယ်ပယ်မှမတက်လှမ်းနိုင်သေးသော်လည်း ယခင်ကထက် များစွာသန်မာလာသည်။
ရီရှောက်ဖန်၏ ခန္ဓာကိုယ်ထဲသို့ စွမ်းအားများ စိမ့်ဝင်သွားသောအခါ မူလက ထိုသုံးယောက်နှင့်ယှဉ်လျှင် အားနည်းသောရောင်ဝါက ရုတ်တရက် ပြင်းထန်စွာထွက်ပေါ်လာသည်။
ရီရှောက်ဖန်၏နောက်ကွယ်တွင် ရီဖန်၏ရုပ်ပုံတစ်ခု ထွက်ပေါ်လာကာ သူတော်စင်နယ်မြေ အထွတ်အထိပ်အဆင့်မှ ကျင့်ကြံသူသုံးဦးကို အေးစက်စွာကြည့်လိုက်သည်။ ထို့နောက် သူ၏မျက်လုံးကို ဖြည်းညှင်းစွာမှိတ်လိုက်သည်။
ရီရှောက်ဖန်ထံမှ အကြည့်ခံလိုက်ရသော လူသုံးဦးသည် ရုတ်တရက် ၎င်းတို့၏အရေပြားများအေးစက်လာသလို ခံစားလိုက်ရသည်၊၊ မကြုံစဖူးသော အကျပ်အတည်းတစ်ခုက ၎င်းတို့၏နှလုံးသားထဲတွင် ပေါ်လာ၏။ ရီရှောက်ဖန်က သူ့ဘက်တွင်ရှိနေသည်ကို သိသောကြောင့်သာ ဝမ်ဟိုင်သူတော်စင်အတွက် နေသာထိုင်သာရှိသည်။
သို့သော် သူတော်စင်အစည်းအရုံး၏ ဒုတိယအကြီးအကဲနှစ်ယောက်မှာ အခြေအနေ တူညီမည်မဟုတ်ပေ။ ရီရှောက်ဖန်ကိုကြည့်နေသော သူတို့၏မျက်လုံးများက ကြောက်ရွံ့မှုကိုပြသနေသည်။ ရီရှောက်ဖန်အတွင်းရှိ စွမ်းအားသည် သူ့ကိုယ်ပိုင်မဟုတ်မှန်း ၎င်းတို့သိ၏။
သို့သော်ထိုသို့သောစွမ်းအားကို ချေးငှားနိုင်ခြင်းကြောင့် ရီရှောက်ဖန်၏ အထောက်အထားမှာ ထူးခြားကြောင်းပြသနေသည်။ ယခုမှသာ သေခြင်းတရား၏အနံ့ကို ရလိုက်တော့သည်။ ရီရှောက်ဖန်ကို ဖမ်းဆုပ်ထားသော လက်များကလည်း ရုတ်တရက်ရပ်တန့်သွား၏။
ထို့နောက် ကောင်းကင်ယံရှိ ငရဲတံခါးသည် မိုးခြိမ်းသံနှင့်အတူ ပြိုကျသွားသည်။ ရီဖန်၏အင်အားကို ဤငရဲတံခါးဟုခေါ်သောအရာက ခံနိုင်ရည်မရှိပေ။
တကယ်တမ်းတွင် ၎င်းတို့ အတော်ကံကောင်းသည်ဟု ဆိုရမည်။ သူတော်စင်ဖိတ်ကြားချက်ဥပဒေသည် ရီဖန်၏ ချီကျင့်ကြံမှုအဆင့်ကိုသာ ချေးငှားနိုင်သည်။
အကယ်၍ ၎င်းက ခန္ဓာကိုယ်သန့်စင်မှုအဆင့်ကိုပါ ချေးယူနိုင်လျှင် ၎င်းတို့နှစ်ဦး တစ်ခါတည်း လျှောသွားလိမ့်မည်။
"လာစမ်းပါ!"
ရီရှောက်ဖန်၏ခန္ဓာကိုယ်သည် ချက်ချင်း ရန်လော်ရှေ့သို့ရောက်လာသည်။
ဝမ်ဟိုင်သူတော်စင်လည်း သူ့အာရုံပြန်ရလာသည်။ ရီရှောက်ဖန်၏ ပေါက်ကွဲသံနဲ့အတူ ထိုအခွင့်အရေးကို သေချာပေါက် လက်လွတ်မခံဘဲ ပင်လယ်ကမ်းစပ်သူတော်စင်ကို အလျင်အမြန် တိုက်ခိုက်လိုက်သည်။
အခြေအနေက တခဏချင်း ပြောင်းပြန်ဖြစ်သွားကာ ဝမ်ဟိုင်သူတော်စင်သည် ရီရှောက်ဖန်၏အကူအညီဖြင့် သူ့နောက်ကွယ်မှပံ့ပိုးမှုရရှိခြင်း၏ စိတ်လှုပ်ရှားဖွယ်ရာအရသာကို ရရှိခဲ့သည်။
ရီရှောက်ဖန်သည် ရန်လော်သူတော်စင်နှင့်၊ ပင်လယ်ကမ်းစပ်သူတော်စင်က ဝမ်ဟိုင်သူတော်စင်တို့နှင့် တိုက်ခိုက်နေသော်လည်း ၎င်းတို့သည် အနည်းငယ်ထိန်းထားနိုင်ဆဲဖြစ်သည်။ ရီရှောက်ဖန်က အမည်မသိအဖွဲ့အစည်းတစ်ခုအား ရုတ်တရက်ခေါ်လာမည်က်ို အလွန်ကြောက်ရွံ့ကြပါ၏။
စိတ်ဓာတ်ကျဆုံးသူမှာ ရန်လော်သူတော်စင်ဖြစ်သည်။ သူက ရိုးရိုးရှင်းရှင်း လက်စားချေချင်သော်လည်း အဘယ်ကြောင့် မကောင်းဆိုးဝါးနှင့်လာတွေ့နေသနည်း။
ရီရှောက်ဖန်၏နောက်ခံက မရိုးရှင်းသည်မှာ ထင်ရှားပါသည်။ အကယ်၍ ၎င်းတို့သာ သတ်ဖြတ်မိလျှင် ရီရှောက်ဖန်၏နောက်ကွယ်မှ တည်ရှိမှုသည် သူကိုယ်တိုင်များ ကြွလာမည်လား။
………..
အခန်း ၄၇၁ - မဟာသူတော်စင်လက်နက်က အနှိုင်းမဲ့လွန်းတယ်
ရန်လော်သူတော်စင်သည် ပင်လယ်ကမ်းစပ်သူတော်စင်နှင့် အကြည့်ချင်းဖလှယ်လိုက်ကြကာ နှစ်ယောက်စလုံး၏ မျက်လုံးများတွင် မျှော်လင့်ချက်ကင်းမဲ့မှုကို မြင်နေရသည်။ ဤခရီးသည် သူတော်စင်အစည်းအရုံး ကိုယ်စား ၎င်းတို့၏ကြီးစိုးမှုကို တည်ထောင်ရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ ၎င်းတို့၏ပန်းတိုင်ကို မအောင်မြင်ရုံသာမက ဝမ်ဟိုင်သူတော်စင်ဂိုဏ်းအား ၎င်းတို့၏အာဏာကိုရယူရန် မရည်ရွယ်ဘဲ ခွင့်ပြုပေးလိုက်မိသည်။
အခြေအနေကို ထိန်းချုပ်နိုင်စွမ်း ကျော်လွန်နေမှန်းသိသဖြင့် နှစ်ယောက်သား အငြင်းအခုံများကို ရပ်တန့်ကာ အလျင်အမြန် ဆုံးဖြတ်ခဲ့ကြသည်။ ၎င်းတို့နှစ်ဦး အဝေးသို့ ပျောက်ကွယ်သွားမှသာ ဝမ်ဟိုင်သူတော်စင်ဂိုဏ်းမှ ကျင့်ကြံသူများ သက်ပြင်းချနိုင်သည်။
"ဒီတစ်ခါ မင်းရဲ့အောင်မြင်မှုတွေအတွက် ငါတို့မမေ့ပါဘူး"
ဤအချိန်တွင် အကြီးမားဆုံးသူရဲကောင်းမှာ ရီရှောက်ဖန်ဖြစ်သည်။ ဝမ်ဟိုင်းသူတော်စင်ပင်လျှင် ရီရှောက်ဖန်ထံ၌ ဝှက်ဖဲရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အထွတ်အထိပ်သူတော်စင်အဆင့် တိုက်ခိုက်ရေးစွမ်းအားကို ထုတ်လွှတ်နိုင်သရွေ့ ရီရှောက်ဖန်သည် သူတော်စင်တိုင်း၏ လေးစားမှုကို ရရှိမည်ဖြစ်သည်။
ဝမ်ဟိုင်သူတော်စင်ဂိုဏ်းတွင် ရီရှောက်ဖန်သည် ဝမ်ဟိုင်သူတော်စင်လက်အောက်၌ အင်အားအကြီးဆုံးအဖြစ် သတ်မှတ်ခံရပြီးဖြစ်သည်။ သူ့အနေဖြင့် အကြီးအကဲတစ်ဆယ်အဖြစ် ဆက်အမှုထမ်းရန် မသင့်တော်ဘူးမဟုတ်လား။
ဝမ်ဟိုင်းသူတော်စင်ဂိုဏ်း၏ အခြားတပည့်များသည် ရီရှောင်ဖန်ကို ကြည်ညိုလေးစားမှုအပြည့်ဖြင့် ကြည့်နေကြသည်။ အလယ်အလတ် သူတော်စင်အဆင့် ကျင့်ကြံမှုဖြင့် အထွတ်အထိပ်သူတော်စင်နှင့် ယှဉ်တိုက်နိုင်သော အကြီးအကဲဟိုင်လုံသည် အမှန်တကယ်ပင် အနှိုင်းမဲ့စွမ်းအားကြီးသူတစ်ဦးဖြစ်သည်။
၎င်းတို့သည် အကြီးအကဲဟိုင်လုံ သူတော်စင်တစ်ပိုင်းမျှသာဖြစ်စဉ်က အချိန်များကို ပြန်အောက်မေ့လိုက်သည်။ ၎င်းတို့သည်လညး် အကြီးအကဲဟိုင်လုံကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် အလားအလာကို ဆုပ်ကိုင်ထားနိုင်မလားဟု သိချင်မိပါ၏။
အခြားအကြီးအကဲများသာ ဤအတွေးများကိုသိလျှင် ၎င်းတို့ကို ပြင်းပြင်းထန်ထန်ပြစ်တင်ဆုံးမကြလိမ့်မည်။
ခိုင်ခံ့သောနောက်ခံမရှိလျှင် ရှင်သန်နိုင်မည်မဟုတ်ပါ။ အကြီးအကဲဟိုင်လုံ၏ အင်အားသည် သူ၏အရည်အချင်းတစ်ခုတည်းသာမဟုတ်ဘဲ သူ့နောက်ခံစွမ်းအားကြောင့်လည်း ပါဝင်သည်။ ၎င်းတို့နောက်တွင် နောက်ခံအင်အားစုမရှိပါက ထိုအိပ်မက်များမှ နိုးထကြပါလေ။
လူအုပ်ကြီးသည် ရီရှောက်ဖန်အကြောင်း တီးတိုးပြောနေကြ၏။ သို့သော်လည်း သူ၏ စွမ်းဆောင်ရည်နှင့်ပက်သက်၍ မည်သူမျှ သံသယမ၀င်တော့ပေ။ ရီရှောက်ဖန်သည် ၎င်း၏လက်ရှိကျင့်ကြံမှုအဆင့်ဖြင့် အကြီးအကဲတစ်ဆယ်နေရာကို ထမ်းဆောင်ရန် မသင့်လျော်သည်မှာ ထင်ရှားသည်။ ရီရှောက်ဖန်ကိုယ်တိုင်က ထိုအတွက် စိတ်မ၀င်စားလျှင်ပင် သူ၏မြင့်မားသည့် အဆင့်အတန်းကိုတော့ အသိအမှတ်ပြုရမည်။
"အကြီးအကဲဟိုင်လုံ မင်းရဲ့အင်အားနဲ့၊ အကြီးအကဲတစ်ဆယ်အဖြစ် ထမ်းဆောင်ဖို့ မသင့်တော်တော့ဘူး။ ငါတို့ ဝမ်ဟိုင်သူတော်စင်ဂိုဏ်းမှာ ဒုဂိုဏ်းချုပ်အတွက် နေရာလပ်နေတော့ မင်းအနေနဲ့ ဒီရာထူးအတွက်ထိုက်တန်တယ်လို့ ငါတို့ယုံကြည်တယ်"
၎င်းကိုကြားသည့်အခါ အကြီးအကဲအားလုံး အံ့ဩသွားကြသည်။ ဝမ်ဟိုင်သူတော်စင်ဂိုဏ်း၏ အကြီးအကဲဆယ့်နှစ်ယောက်အပြင် ဒုဂိုဏ်းချုပ်ရာထူးက မည်သည့်နေရာမှရောက်လာသနည်း။ ခေါင်းစဉ်တစ်ခုကို အစအဆုံး လန်ကြုတ်ဖန်တီးရာ၌ ဂိုဏ်းချုပ်ထက် ပိုလေးစားစရာကောင်းမည့်သူ ရှိတော့မည်မဟုတ်ပေ။
သို့သော်လည်း ဂိုဏ်းချုပ်၏ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မည်သည့်ကျင့်ကြံသူမျှ ကန့်ကွက်ခြင်းမရှိခဲ့ပေ။
ရီရှောက်ဖန် စုဆောင်းထားသော ပံ့ပိုးမှုများကြောင့် ဤရာထူးအသစ်ကို တာဝန်ယူစေရန် အကြောင်းပြချက်ခိုင်လုံပါသည်။ ရီရှောက်ဖန်သည် ဝမ်ဟိုင်သူတော်စင်ဂိုဏ်း၏ လက်ထောက်ဂိုဏ်းချုပ်ဖြစ်လာကြောင်း သတင်းကြားလာသောအခါ ကျင့်ကြံသူအားလုံး အတိုင်းအတာတစ်ခုအထိ စိတ်လှုပ်ရှားသွားကြသည်။
ထိုကဲ့သို့ စွမ်းအားကြီးသောဟိုင်လုံက ဒုဂိုဏ်းချုပ်တာဝန်ကို ယူထားချိန်တွင် ဝမ်ဟိုင်သူတော်စင်ဂိုဏ်းအတွက် ပိုမိုတောက်ပသောအနာဂတ်ကိုသာ မျှော်လင့်ထားနိုင်သည်။ ထို့အပြင် အကြီးအကဲဟိုင်လုံသည် ဂိုဏ်းချုပ်ရာထူးကို လက်ခံမည်ဆိုလျှင်လည်း ၎င်းတို့အနေဖြင့် မည်သည့်ကန့်ကွက်မှုမှ ရှိမည်မဟုတ်ပေ။
ဤနည်းဖြင့် ရီရှောက်ဖန်သည် ဝမ်ဟိုင်းသူတော်စင်ဂိုဏ်း၏ ဒုဂိုဏ်းချုပ်ဖြစ်လာခဲ့သည်။
တစ်ဖက်တွင် သူတော်စင်အစည်းအရုံး၏ လှုပ်ရှားမှုများသည်လည်း လျော့နည်းသွားခဲ့သည်။ ဤတစ်ကြိမ်တွင် ၎င်းတို့၏လောဘဇောကြောင့် သူတော်စင်အစည်းအရုံးထံမှ လက်တုံ့ပြန်မှုကို မရည်ရွယ်ဘဲနှိုးဆော်ခဲ့သော်လည်း ကံကောင်းစွာဖြင့် ရီရှောက်ဖန်က ၎င်းတို့ကိုကူညီရန် ရှိနေခဲ့သည်။
သို့သော် နောက်တစ်ကြိမ်ဆိုလျှင် မည်သို့ဖြစ်လာမည်နည်း။ သူတော်စင်အစည်းအရုံးတွင် လွှမ်းမိုးထားသောဂိုဏ်းချုပ်ရှိဆဲဖြစ်ကာ စွမ်းအား အာဏာမည်မျှရှိမည်ကို မသိရသေးပေ။ ဒုတိယအကြီးအကဲနှစ်ဦးကပင် ဝမ်ဟိုင်သူတော်စင်ဂိုဏ်းကို မျိုးသုဉ်းလုနီးပါးဖြစ်စေခဲ့သည်။
အကယ်၍ဂိုဏ်းချုပ်ပေါ်လာပါက ၀မ်ဟိုင်သူတော်စင်ဂိုဏ်းသည် အမှန်တကယ် မျိုးသုဉ်းသွားနိုင်ပါ၏။ ၎င်းတို့အနေဖြင့် ကုန်ကြမ်းပစ္စည်းများ လိုအပ်လျှင်ပင် နှေးကွေးသော အရှိန်အဟုန်ဖြင့်သာ ဆက်သွားနိုင်လိမ့်မည်။ ရေတိုအတွက်စဉ်းစားလျှင် သူတော်စင်အစည်းအရုံးကို မလှုံ့ဆော်သင့်ပေ။
ရီရှောက်ဖန် ဤတစ်ကြိမ်ရရှိသောပစ္စည်းများသည် ရီမိသားစုအတွက် များပြားလှသော နတ်ကောင်းကင်ဆေးလုံးပမာဏများစွာကို သန့်စင်ရန် လုံလောက်သောကြောင့် ရီရှောက်ဖန်ကလည်း မကန့်ကွက်ချေ။ ဤ နတ်ကောင်းကင် ဆေးလုံးများကို ချေဖျက်ရန် အချိန်အနည်းငယ်ယူရမည်ဖြစ်သောကြောင့် အလျင်စလိုလုပ်ရန် မလိုအပ်ပါ။
အချိန်တစ်ခုကြာအောင် ဖြေရှင်းပြီးနောက် ရီရှောက်ဖန်သည် နောက်ဆုံးတွင် နတ်ကောင်းကင်ဆေးလုံးကို သန့်စင်ရန်ပစ္စည်းများကို ရီမိသားစုသို့ ပြန်ပို့လိုက်ကာ ကိုးပွင့်သူတော်စင်ဆေးလုံးသုံးခုကို ပြန်လည်ရရှိခဲ့သည်။ အကြီးအကဲသုံးဦးသည် ရီရှောင်ဖန်ထံမှ ဆေးလုံးကို ကျေးဇူးတင်စွာ လက်ခံခဲ့ကြ၏။
ယခင် တက်လှမ်းခြင်းဆာဂျီဆေးလုံးများသည် ၎င်းတို့၏ကျင့်ကြံမှုအဆင့်ကို သိသိသာသာ မြှင့်တင်ပေးခဲ့သည်။ သို့သော် သူတော်စင်အဆင့်၏ အထွတ်အထိပ်သို့ တက်လှမ်းနိုင်ရန်အတွက် အခြားအဖိုးတန်ဆေးလုံး မရှိခဲ့ပေ။ ကိုးပွင့်သူတော်စင်ဆေးလုံးသည် သူတော်စင်အဆင့်၏ အထွတ်အထိပ်သို့ ၃၀% အထိ အောင်မြင်မှုနှုန်း တိုးမြင့်ပေးနိုင်သောကြောင့် ၎င်းတို့အတွက် အရေးကြီးသောအားသာချက်တစ်ခုဟု ယူဆနိုင်သည်။
" အကြီးအကဲဟိုင်လုံ၊ မင်းအနာဂတ်မှာ ဘာပဲလုပ်လုပ် ငါတို့ အပြည့်အဝပံ့ပိုးပေးမယ်လို့ ကတိပေးတယ်"
အကြီးအကဲများက ထိုသို့အာမခံပြီး သူ့ရင်ဘတ်ကိုပုတ်ပြလိုက်သည်။ ဒုတိယအကြီးအကဲနှင့် တတိယအကြီးအကဲတို့သည်လည်း ရီရှောက်ဖန်အပေါ် သစ္စာစောင့်သိကြောင်းကတိပြုခဲ့ကြ၏။ ယခုဆိုလျှင် ၎င်းတို့သည် ပိုမိုတောက်ပသောအနာဂတ်ကို ရရန်အတွက် ရီရှောက်ဖန်ဟူသည့် ပေါင်လုံးကြီးကို ဖက်တွယ်ထားရန် လုံးဝဆုံးဖြတ်လိုက်ကြပြီဖြစ်သည်။
ဝမ်ဟိုင်သူတော်စင်ဂိုဏ်းကို သစ္စာဖောက်သည်ဟု ဆိုလာလျှင်၊ ရီရှောက်ဖန်သည်လည်း ၀မ်ဟိုင်သူတော်စင်ဂိုဏ်း၏ တစ်စိတ်တစ်ပိုင်းမဟုတ်လား။ လက်ရှိ ဒုဂိုဏ်းချုပ်ဖြစ်သည်မဟုတ်လား။ ဒုဂိုဏ်းချုပ်ထံ သစ္စာခံကြောင်း ကတိပြုခြင်းကို သစ္စာဖောက်ဟု မစွပ်စွဲသင့်ပါလေ။
ကိုးပွင့်သူတော်စင်ဆေးလုံးကို မရရှိသေးသော အခြားအကြီးအကဲများအတွက်လည်း ရီရှောက်ဖန်က အာမခံထားသည်။ ရီရှောက်ဖန် လိုအပ်သောပစ္စည်းများကို စုဆောင်းနိုင်သရွေ့ ၎င်းတို့သည် ကိုးပွင့်သူတော်စင်ဆေးလုံး ကိုရရှိရန် အခွင့်အလမ်းရှိသည်။
သူတော်စင်များအနေနှင့် ယခင်ကထက် အချိန်ပိုယူရသော်လည်း အချိန်အတွက် စိတ်ပူစရာမလိုဘဲ အခွင့်အလမ်းကသာ ပိုအရေးကြီးသည်။ မသိလိုက်ဘဲနှင့် ၀မ်ဟိုင်သူတော်စင်ဂိုဏ်းတွင် ရီရှောက်ဖန်၏ ဂုဏ်သတင်းသည် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
တစ်ဖက်တွင် ရီမိသားစုမှ ရီဖန်သည် နတ်ကောင်းကင် ဆေးလုံးကို အောင်မြင်စွာ သန့်စင်ခဲ့သည်။ မဟာသူတော်စင်အဆင့်တွင် အသေးအဖွဲအဆင့်တစ်ခုစီသည် သိသိသာသာကွဲပြားသည်။ နတ်ကောင်းကင်ဆေးလုံးသည် တက်လှမ်းခြင်းဆာဂျီ ဆေးလုံးထက် အနည်းဆုံးဆယ်ဆ ပိုတန်ဖိုးကြီးသည်။
၎င်းက သူတော်စင်အဆင့်၏အထွတ်အထိပ်တွင်ရှိသော ကျင့်ကြံသူအပေါ် များစွာအကျိုးသက်ရောက်မှုရှိစေ၏။ ရီမိသားစုမှ ကျင့်ကြံသူအများစုအနေဖြင့် ၎င်းကိုသုံးစွဲရန်မှာ များလွန်းသည်။
………..