← Chapters

အခန်း ၄၇၂-၄၇၄

Vol. 32 Ch. 472-474

အခန်း ၄၇၂-၄၇၄

Vol. 32 Ch. 472-474

အခန်း ၄၇၂ - မဟာသူတော်စင်လက်နက်က အနှိုင်းမဲ့လွန်းတယ်

မဟာသူတော်စင်မိသားစုပင်လျှင် ဤမျှလောက် ခမ်းနားကြီးကျယ်နေမည်မဟုတ်ပေ။

အဆုံးစွန်သောစွမ်းအားရှင် ရီဖန်သာလျှင် ဤအစောပိုင်းနှင့် အလယ်အလတ်အဆင့် သူတော်စင်များ အသုံးပြုနိုင်ရန် ဆေးလုံးများထောက်ပံ့ပေးနိုင်သည်။

ဒါဇင်ပေါင်းများစွာသော ဆေးလုံးများကို အပြည့်အဝချေဖျက်ရန်အတွက် အချိန်အတော်အတန်လိုအပ်သည်။ ထို့ကြောင့် ရီမိသားစုသည် ၎င်းတို့၏လှုပ်ရှားမှုများ ရှားရှားပါးပါး ရပ်တန့်သွားကာ တိတ်ဆိတ်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် နှစ်ပေါင်း ၃၀၀၀ ကုန်ဆုံးသွားခဲ့၏။

"ဘိုးဘေးကြီး အခုစပြီး ကျင့်ကြံလို့ရမလား"

ရီဖန်၏လက်မောင်းထဲမှ ကလေးမလေးသည် ပျော်ရွှင်သောမျက်နှာဖြင့် မေးလိုက်သည်။

“ဆယ်နှစ်ပြည့်တာနဲ့ ကျင့်ကြံနိုင်မှာပါ”

ရီဖန်သည် သားသမီးများအပေါ် စိတ်ရှည်သည်းခံခဲ့သည်။ ဤကလေးမလေးသည် ရီမိသားစုမှ ဆယ်ခုမြောက်မျိုးဆက်၏ ပထမဆုံးသောကလေးဖြစ်သည်။ ရီမိသားစု၏ အရည်အချင်းများ ပို၍သာလွန်လာသောကြောင့် အနာဂတ်မျိုးဆက်သစ်များ ကြီးပြင်းလာစေရန် ခက်ခဲလာသည်။

ထို့အပြင် အဖွဲ့ဝင်အများအပြားသည် မျိုးပွားရန် အဖော်မရှာလိုဘဲ ကျင့်ကြံခြင်းကိုသာ အလွန်အမင်း စွဲလမ်းခဲ့ကြသည်။ ၎င်းက အရင်းအမြစ်အကန့်အသတ်ကြောင့် အင်မော််တယ်တာအိုတွင် ဖြစ်ရိုးဖြစ်စဉ်ပြဿနာတစ်ခုဖြစ်သည်။ ပိုမိုအားကောင်းသောမိသားစုများတွင် ကျင့်ကြံသူအရေအတွက် အမှန်တကယ်လျော့နည်းသွားသည်။

ရီဖန်သာလျှင် ရီမိသားစုကို ထူထောင်ရာ၌ ပြတ်ပြတ်သားသား ရပ်တည်ခဲ့သည်။ သူသည် ရီမိသားစုဝင်များ ဆယ်သန်းအထိ ကြီးထွားလာမည့်အချိန်ကို တွေးတောနေခဲ့သည်။ ထိုအတောအတွင်းပင် နှောင်းပိုင်းအဆင့် သူတော်စင်တစ်ဦး၏ဟောင်ဝါ ထွက်ပေါ်လာ၏။

ကျင်းထျန်သည် နှောင်းပိုင်း သူတော်စင်အဆင့်သို့ ဖြတ်သွားခဲ့လေပြီ။

ရီမိသားစု၏ဒုတိယမျိုးဆက်များသည် သူတော်စင်အဆင့်တွင် ရှိနေကြသည်။

၎င်းတို့လည်း မတတ်နိုင်ပါ။ ရီဖန်၏အရင်းမြစ်များဖြင့် ၎င်းတို့သည် ကျင့်ကြံရေးနှေးကွေးချင်လျှင်ပင် မတတ်နိုင်ကြပေ။ ရီကျင်းထျန်သည်သာ ရီမိသားစု၏လုပ်ငန်းနှင့် အလုပ်ရှုပ်နေသောကြောင့် သူ၏အောင်မြင်မှုသည် အနည်းငယ်ကြာနေခဲ့သည်။

"စနစ်၊ ပေါင်းစည်းလိုက်!"

ရီဖန်၏ခန္ဓာကိုယ်ထဲသို့ စွမ်းအားများ တဟုန်ထိုးစီးဆင်းလာပြီး သူ၏ကျင့်ကြံမှုအဆင့်သည် တစ်ဖန်မြင့်တက်လာသည်။ ဤနေရာတွင် သူတော်စင်အဆင့်စွမ်းအားရှင်တစ်ဦးသာရှိနေလျှင် ရီဖန်၏စကြဝဠာတွင်းမှ အက်ကြောင်းရှစ်ခုပွင့်သွားကာ သူ၏စကြဝဠာပန်းပွင့်ပွင့်ရန် အဆင်သင့်ဖြစ်နေကြောင်းကို တွေ့ရှိလိမ့်မည်။

စကြဝဠာပန်းများပွင့်သည့်အခိုက်အတန့်သည် ရီဖန်၏ သူတော်စင်နယ်မြေမှ တက်လှမ်းခြင်း၏ အမှတ်အသားဖြစ်လာလိမ့်မည်ပင်။ ကိုးပွင့်သူတော်စင်ဆေးလုံးသုံးခုနှင့်အတူ ချီကျင့်ကြံခြင်းမှလွဲ၍ ရီဖန်၏အထွတ်အထိပ် နတ်ဘုရားကိုယ်ထည်ကို စကြဝဠာ၏စွမ်းအားဖြင့် ဆက်လက်သန့်စင်ခဲ့ကာ ၉၀% ပြီးစီးခဲ့ပြီဖြစ်သည်။

၎င်းကို အလုံးစုံသန့်စင်ပြီးသည်နှင့် မဟာသူတော်စင်ကိုယ်ထည်အဖြစ် အောင်မြင်စွာ ဖြတ်ကျော်နိုင်တော့မည်။

"ငါ မဖြတ်ကျော်နိုင်သေးဘူးပဲ!"

ရီဖန်အနည်းငယ် စိတ်ဆိုးသွားသည်။ မဟာသူတော်စင်အဆင့်မှ တက်လှမ်းခြင်းသည် ရီဖန်မျှော်မှန်းထားသည်ထက် ပိုမိုခက်ခဲနေ၏။ သို့သော် ဤနှစ်များအတွင်း သူမဖြတ်ကျော်ခဲ့သည့်တိုင် သူ၏အင်အား အဆများစွာတိုးလာသည်။ ထိုကဲ့သို့သော တိုက်ပွဲစွမ်းအားသည် မဟာသူတော်စင်အဆင့်စွမ်းအားရှင်ကို ဆန့်ကျင်နိုင်လောက်မည်လား။

ရီဖန်သည် ထိုသို့တွေးမိပြီးနောက် အလယ်အလတ်အဆင့် သူတော်စင်လက်နက်များပေါ်လာကာ သူ့ပတ်ဝန်းကျင်တွင် လှည့်ပတ်နေသည်။

"ငါ မသေချာသေးဘူး။"

မဟာသူတော်စင်သည် အလယ်အလတ်အဆင့် မဟာသူတော်စင်လက်နက်များကို ပိုင်ဆိုင်သင့်သည်။

ကျင့်ကြံသူတစ်ဦးအနေဖြင့် ၎င်းထက် ပိုမိုမြင့်မားသော ကျင့်ကြံမှုအဆင့်ရှိသည့် ပြိုင်ဘက်များကို ချေမှုန်းခြင်းက ပိုကျေနပ်စရာကောင်းသည် မဟုတ်လား။

ထိုအချိန်တွင် အလွန်ဝေးကွာသော ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင် နေမင်းမဟာနန်းတော်အတွင်းမှ နေမင်းမဟာသူတော်စင်သည် သူမ၏ရင်ခွင်မှ အဆင့်နိမ့် မဟာသူတော်စင်လက်နက်ကိုထုတ်ကာ သူ့ရှေ့တွင်ရပ်နေသော နေတစ်ပိုင်းသူတော်စင်ကိုပေးလိုက်သည်။

သူမသည် အဆင့်နိမ့် မဟာသူတော်စင်လက်နက် သုံးခုသာပိုင်ဆိုင်သည်။ နေတစ်ပိုင်းသူတော်စင်၏ ပြီးပြည့်စုံသော အမွေဆက်ခံမှုကြောင့်သာ မဟုတ်ပါက၊ သူမသည် ၎င်းတို့ကိုစွန့်လွှတ်ရန် ဆန္ဒရှိမည်မဟုတ်ပေ။ မဟာသူတော်စင်အဆင့် စွမ်းအားရှင်များသည် အဆင့်နိမ့်မဟာသူတော်စင်လက်နက်များကို တန်ဖိုးမထားဟု မထင်လိုက်ပါနှင့်။

သူမ၏အစောပိုင်းအဆင့် မဟာသူတော်စင်စွမ်းအားဖြင့် မဟာသူတော်စင်လက်နက်သုံးခုကို ရယူနိုင်ခဲ့ခြင်းမှာ အောင်မြင်မှုတစ်ခုဖြစ်နေပြီဖြစ်သည်။

မဟာသူတော်စင်၏လက်နက်ကို လွှဲပြောင်းပေးအပ်ပြီးနောက် နေမင်းမဟာသူတော်စင်သည် သွေးအနှစ်သုံးစက်ကို ထုတ်လိုက်သည်။

"မင်းလက်စားချေချင်တဲ့စိတ်ကြောင့် ငါမင်းကိုမတားဘူး။ မင်းရဲ့ဒေါသတွေကို ဖြေဖျောက်ဖို့အတွက် ဒီအရာတွေက လုံလောက်မှပါ"

နေတစ်ပိုင်းသူတော်စင်သည် မဟာသူတော်စင်လက်နက်နှင့် သွေးအနှစ်သုံးစက်ကို ကျေနပ်သောအမူအရာဖြင့် ကြည့်နေသည်။

“ကျေးဇူးပါ အမေ”

နေတစ်ပိုင်းသူတော်စင်သည် ကျုံးဖန် မြို့သို့ပြန်လာရန် စိတ်အားထက်သန်နေလျက် ရန်သူဟောင်းများနှင့် မိတ်ဆွေများကို သူမည်မျှအစွမ်းထက်လာကြောင်း ပြသရန် စိတ်အားထက်သန်နေသည်။ နေတစ်ပိုင်းသူတော်စင်သည် သူ၏သွေးမျိုးဆက်ကို အသိအမှတ်မပြုမိခဲ့ခြင်းက မည်မျှမိုက်မဲခဲ့ကြောင်း သဘောပေါက်သွားခဲ့သည်။ ယခု မဟာသူတော်စင်ဖြစ်သော သူ၏မိခင်နှင့်တွေ့လိုက်ရချိန်တွင် တခဏချင်း တိုးတက်လာသည်။

သူသည် ကျင့်ကြံမှုအဆင့်ကို နှောင်းပိုင်းသူတော်စင်အဆင့်အထိ ထိုးဖောက်ခဲ့ရုံသာမကဘဲ မဟာသူတော်စင်သွေးမျိုးဆက်ကိုလည်း အမွေဆက်ခံနိုင်ခဲ့သည်။ ထိုသို့သော အင်အားမျိုးကို ကျုံးဖန်မြို့မှ ကျင့်ကြံသူများ မည်သို့ခုခံနိုင်မည်နည်း။ ပင်လယ်နဂါးသူတော်စင်ပင်လျှင် သူ့စွမ်းအားကို ခုခံနိုင်မည်မဟုတ်ပေ။

"ကျုံးဖန်မြို့ရေ မင်းရဲ့နေတစ်ပိုင်းသူတော်စင် ပြန်လာပြီ"

မဝေးလှသောအနာဂတ်မှ ကျုံးဖန်မြို့ကိုမြင်ယောင်ကြည့်ပြီးနောက် နေတစ်ပိုင်းသူတော်စင်၏စိတ်ခံစားမှုများ တိုးလာသည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက သူဆုံးရှုံးခဲ့သည့် အရာများအတွက် ယနေ့ပြန်ယူရမည်။

"မင်းကဘယ်သူလဲ၊ မင်းဘာလို့ ကျုံးဖန်မြို့ကိုရောက်နေတာလဲ"

နေတစ်ပိုင်းသူတော်စင်၏လမ်းတွင် တစ်စုံတစ်ယောက် ရပ်နေသည်။ ရောက်ရှိလာသူမှာ အခြားမဟုတ်၊ ရီမိသားစု၏ကာကွယ်ရေးကို တာဝန်ယူထားသည့် ဝမ်ကျန်းသူတော်စင်ဖြစ်သည်။ ကျုံးဖန်မြို့တစ်ခုလုံးသည် ရီမိသားစုလက်အောက်မှဖြစ်သောကြောင့် ၎င်းတို့သည် နှောင်းပိုင်းသူတော်စင်တစ်ဦးကို ၎င်းတို့၏မြို့ထဲသို့ ဝင်ခွင့်မပြုပေ။

နေတစ်ပိုင်းသူတော်စင်၏ စိတ်ကူးယဉ်မှုများ ရုတ်တရက်ရပ်တန့်သွားပြီး သူ့ကိုနှောက်ယှက်ခဲ့သော ဤလူကိုကိုင်တွယ်ရန် အဆင်သင့်ဖြစ်နေသည်။ အစောပိုင်း သူတော်စင်အဆင့်ရှိ ဤလူက သူ့ကိုတားနိူင်မည်ဟု ထင်နေသတဲ့လား။ သို့သော် ကျုံးဖန်မြို့တွငိ မရင်းနှီးသည့်သူတော်စင်တစ်ယောက် မည်သို့ရသွားသနည်း။

ကျုံးဖန်မြို့ရှိ မဟာသူတော်စင်ခြောက်ဦးသည် နှစ်ပေါင်းထောင်သောင်းမက ဆက်လက်တည်ရှိနေခဲ့သော်လည်း ယခု ပြောင်းလဲသွားလေပြီ။ သို့သော် အစောပိုင်း သူတော်စင်တစ်ဦးကိုတော့ဖြင့် သူထည့်သွင်းစဉ်းစားရန်လိုမည်မဟုတ်ပါ။

မဟာနေမင်းသည် နေတစ်ပိုင်းသူတော်စင်၏ဦးခေါင်းထက်တွင်ပေါ်လာကာ နေမီးတောက်များက ဝမ်ကျန်းသူတော်စင်ခံ ချိန်ရွယ်ထားသည်။ သာမန်အစောပိုင်းအဆင့် သူတော်စင်တိုင်းသည် ဤမီးတောက်ကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ သို့သော် ဓားတစ်သောင်းဘိုးဘေးများက အစောပိုင်းသူတော်စင်ဟုတ်ရဲ့လား။

၀မ်ကျန်းသူတော်စင်၏လက်ထဲမှ ဓားတစ်ချောင်း ချက်ခြင်းထွက်ပေါ်လာသည်။ နေရာလွတ်ကိုပင် အရည်ပျော်အောင် စွမ်းဆောင်နိုင်သော နေမီးတောက်မှာ ချက်ချင်းငြိမ်းသွားခဲ့၏။ အခြေအနေကို အလွယ်တကူ ဖြေရှင်းနိုင်မည်ဟု မူလကယူဆခဲ့သော နေတစ်ပိုင်းသူတော်စင်သည် ရုတ်တရက် စိတ်တက်ကြွလာသည်။ ယနေ့ခေတ် သူတော်စင်များက ဤမျှလောက် အစွမ်းထက်နေပါသလား။ သူ့ရှေ့ရှိလူသည် အစောပိုင်းအဆင့် သူတော်စင်မဟုတ်သည်မှာ သေချာ၏။

နောက်အခိုက်အတန့်တွင် ကောင်းကင်ဖုံးလွှမ်းနည်းစနစ်ကို ရုတ်သိမ်းလိုက်ပြီးနောက် ဓားတစ်သောင်းဘိုးဘေး၏ အမှန်တကယ်ကျင့်ကြံမှုအဆင့်ကို ဖော်ထုတ်နိုင်ခဲ့သည်။ သူသည် နှောင်းပိုင်းသူတော်စင်အဆင့်တွင်ရှိနေသည်။

နေတစ်ပိုင်းသူတော်စင်က အစောပိုင်းသူတော်စင်တစ်ဦးကို ဂရုမစိုက်သော်လည်း၊

နှောင်းပိုင်းသူတော်စင်တစ်ဦးကတော့ မတူပေ။ ကျုံးဖန်မြို့တွင် တစ်ခုခုမှားနေပြီလား။

"မင်းဘယ်သူလဲ"

နေတစ်ပိုင်းသူတော်စင်သည် တောက်ပနေသော ဓားရှည်တစ်လက်ဖြစ်သည့် သူ၏မဟာသူတော်စင်လက်နက်ကို ချက်ချင်းထုတ်ထုတ်ခဲ့သည်။ အနှီဓားရှည်မှ မဟာသူတော်စင်ရောင်ဝါဖြာထွက်လာ၏။ အနီရောင်ဓားချီကြိုးမျှင်သည် ပျက်စီးသွားသော နေရာကို ပြန်လည်ပြုပြင်ခဲ့သည်။

မဟာသူတော်စင်ဓားမှ ထွက်လာသော အားကောင်းသည့်ရောင်ဝါကို ခံစားလိုက်ရသဖြင့် နေတစ်ပိုင်းသူတော်စင်သည် လုံခြုံမှုကို ပြန်လည်ရရှိလာသည်။

နှောင်းပိုင်းသူတော်စင်တစ်ဦးအနေဖြင့် မဟာသူတော်စင် လက်နက်ကိုပိုင်ဆိုင်ထားသူဖြစ်သောသူ့က်ို ပင်ကိုပျက်ဆီးခြင်းပင်လယ်၏အပြင်ဘက်တွင် မည်သူမျှယှဉ်နိုင်မည်မဟုတ်ချေ။

"မင်းဘယ်သူလဲ"

နေတစ်ပိုင်းသူတော်စင်သည် မဟာသူတော်စင်လက်နက်တစ်ခု ယူဆောင်လာသည်ကိုမြင်ရသောအခါ ၀မ်ကျန်းသူတော်စင်က အလျင်စလိုမလှုပ်ရှားချေ။

အချိန်ကြာလာသည်နှင့်အမျှ နေတစ်ပိုင်းသူတော်စင်သည် သူ့မိခင်၏စောင့်ရှောက်မှုအောက်တွင် အနည်းငယ်ပြောင်းလဲသွားသည်။ သူ၏အသွင်အပြင် ပြောင်းလဲမှုကြောင့် ဓားတစ်သောင်းဘိုးဘေးက သူ့ကိုတစ်ခဏတာ မမှတ်မိလိုက်ပေ။

"ငါကဘယ်သူလဲ။ ကျုံးဖန် မြို့ကလာတဲ့ မင်းက နေတစ်ပိုင်းသူတော်စင်ရဲ့ နာမည်ကို မကြားဖူးဘူးလား"

၎င်းက နေတစ်ပိုင်းသူတော်စင်လား။ ယခင်က စိတ်မဝင်စားသော ဓားတစ်သောင်းဘိုးဘေးမှာ ချက်ခြင်းတက်ကြွလာသည်။ နေတစ်ပိုင်းသူတော်စင်နှင့် ရီမိသားစုအကြား ထိုနှစ်များမှစာရင်း မပြီးပြတ်သေးချေ။ သူ့ကိုရှာမတွေ့တော့ဟု ထင်မှတ်ထားချိန်တွင် နေတစ်ပိုင်းသူတော်စင်က သူ့သဘောအတိုင်း ပြန်လာသည်။ နေတစ်ပိုင်းသူတော်စင်ကို ပြန်ဖမ်းနိုင်လျှင် မျိုးနွယ်စုခေါင်းဆောင်က အတော်လေးကျေနပ်လိမ့်မည်။

ဓားတစ်သောင်းကျမ်း။ ဓားတစ်သောာင်းဘိူးဘေး၏ လက်ကိုမြှောက်လိုက်ခြင်းဖြင့် မရေမတွက်နိုင်သော ချီဓားများသည် ကောင်းကင်ကိုဖြတ်ကာ နေတစ်ပိုင်းသူတော်စင်ဆီသို့ ပျံသန်းသွားကြသည်။ နေတစ်ပိုင်းသူတော်စင်သည် သူ့မျက်နှာတွင် အထင်အမြင်သေးပုံပေါ်ကာ မဟာသူတော်စင်လက်နက်စွမ်းအားကို သူမသိသေးဟုထင်လိုက်သည်။

သူ၏လက်ဝှေ့ရမ်းခြင်းဖြင့် သူ၏လက်ထဲတွင်ရှိသော မဟာသူတော်စင်ဓားသည် ချက်ချင်းပြေးထွက်သွားလျက် ချီဓားအားလုံးကို ချက်ချင်းချေဖျက်ပစ်လိုက်သည်။

"ဒါက မဟာသူတော်စင်လက်နက်ရဲ့ စွမ်းအားပဲ၊ မင်းငါ့ကို ဘယ်လိုတိုက်ခိုက်ရမှာလဲ"

ဓားတစ်သောင်းဘိုးဘေးက ခေါင်းခါလိုက်သည်။ အမှန်ပင် လက်ဗလာနှင့်ကိုင်တွယ်ရန် အနည်းငယ်ခက်ခဲနေ၏။

……….

အခန်း ၄၇၃ - တစ်ယောက်ယောက်က လူအိုကြီးကို အနိုင်ကျင့်နေပါတယ်!

ဓားတစ်သောင်းဘိုးဘေးထံမှ မဟာသူတော်စင်ဓားနှင့် မဟသူတော်စင်ဝတ်ရုံတို့၏ ရောင်ဝါက ပြင်းထန်စွာထွက်ပေါ်နေသည်။ ၎င်းတို့သည် အဆင့်နိမ့် မဟာသူတော်စင်လက်နက်များဖြစ်ကြသော်လည်း ၎င်းတို့၏ပုံစံများနှင့် ရောင်ဝါက နေတစ်ပိုင်းသူတော်စင်၏ လက်နက်ထက်သာလွန်သည်။

တူညီသော အဆင့်နိမ့် မဟာသူတော်စင်လက်နက် သန့်စင်သူများကြားတွင်ပင် ကျွမ်းကျင်မှုဆိုင်ရာ ကွဲလွဲမှုများ ရှိသည်။ ထို့အပြင် နေမင်းမဟာသူတော်စင်သည် သူ၏အကောင်းဆုံး သူတော်စင်လက်နက်များကို နေတစ်ပိုင်းသူတော်စင်အားမပေးဘဲ အရည်အသွေး အညံ့ဆုံးများကိုသာ ပေးထားသည်။

နေတစ်ပိုင်းသူတော်စင်၏စိတ်ထဲတွင် မေးခွန်းအမှတ်အသားတစ်ခုပေါ်လာသည်။ ဤအချိန်တွင် သူသည် မျက်လုံးများကို မနေနိုင်ဘဲပွတ်လိုက်ကာ သူမြင်ရသည်မှာ မှန်ကန်ပါသလားဟု သံသယဖြစ်မိသည်။

သူ၏ပြိုင်ဘက်သည် မဟာသူတောိစင်လက်နက်များကို မည်သို့ ပိုင်ဆိုင်နိုင်သနည်း၊ ၎င်းက နှစ်ခုတောင်။ လုံးဝမဖြစ်နိုင်ချေ။ သူ့ကိုယ်သူ အထင်ကြီးသော နေတစ်ပိုင်းသူတော်စင်သည် မဟာသူတော်စင်ကြီး၏ အနှစ်သက်ဆုံး ဆက်ခံသူဖြစ်သည့် သူ့ထံ၌ မဟာသူတော်စင်လက်နက် တစ်ခုသာရှိသည်ကို မယုံကြည်နိုင်တော့ပေ။

သူ့ဘေးတွင်ရပ်နေသည့် အမည်မသိ သူတော်စင်တစ်ယောက်က မဟာသူတော်စင်လက်နက်နှစ်ခုကို တစ်ပြိုင်နက် ထုတ်ပြခဲ့ပြီး ၎င်းတစ်ခုစီတိုင်းက သူ့ကိုယ်ပိုင်လက်နက်ထက် သာလွန်သည်။ နေတစ်ပိုင်းသူတော်စင်သည် မဟာသူတော်စင်လက်နက်ကို ရရှိပြီးသည့်အချိန်မှစ၍ အခြားသူတော်စင်များနှင့် နှိုင်းယှဉ်ပါက သူ့ကိုယ်သူ လုံးဝခြားနားသော လူတန်းစားဖြစ်သည်ဟု ယုံကြည်ကာ အားလုံးကို လုံး၀လျစ်လျူရှုခဲ့သည်။

ဤရုတ်တရက် ထိုးနှက်ချက်က နေတစ်ပိုင်းသူတော်စင်အတွက် ကိုင်တွယ်ရန် များလွန်းနေ၏။

"မဖြစ်နိုင်ဘူး၊ ဒါတွေအားလုံးက အတုတွေချည်းပဲ!"

နေတစ်ပိုင်းသူတော်စင်သည် နောက်ထပ် သူ၏သူတော်စင်လက်နက်ကို အသက်သွင်းလိုက်ပြီး ဓားတစ်သောင်းသူတော်စင်ကို စတင်တိုက်ခိုက်ခဲ့သည်။ သူ့ရှေ့ရှိ ထင်ယောင်ထင်မှား ပုံရိပ်ယောင်များကို ဖြိုခွဲပစ်ချင်ခဲ့၏။ သူ၏ မဟာသူတော်စင်လက်နက်သာလျှင် အစစ်အမှန် ဖြစ်နိုင်သည်။

ထိုကဲ့သို့ တုန်လှုပ်ချောက်ချားနေသော အခြေအနေတွင် ဓားတစ်သောင်းသူတော်စင်သည် အမှန်တကယ် တုံ့ပြန်ရန် စိတ်မ၀င်စားတော့ချေ။ သို့သော်လည်း ၎င်းက အတွေးသက်သက်သာဖြစ်၏။ သူက မဟာသူတော်စင်ဝတ်ရုံကို ချက်ချင်းအသက်သွင်းခဲ့သည်။ မဟာသူတော်စင်ဓားနှင့် ထိုးခံရသည့်တိုင် လွဲချော်သွားပြီး ၎င်း၏စွမ်းအားက တဖြည်းဖြည်း နစ်မြုပ်သွားသလိုပင်။

နောက်ဆုံးတွင် ဓားတစ်သောင်းဘိုးဘေး လက်ဝေ့ယမ်းဆင့်ခေါ်မှုဖြင့် မဟာသူတော်စင်ဓားသည် သူ၏လက်ထဲ တိုက်ရိုက်ရောက်ရှိလာသည်။ မဟာသူတော်စင်ဓားက ဓားတစ်သောင်းသူတော်စင်ထံတွင် ၎င်းထိန်းချုပ်ခံထားကြောင်း ခံစားခဲ့ရသောကြောင့် လွတ်မြောက်ရန် အစွမ်းကုန်ကြိုးစားခဲ့သည်။

ဓားတစ်သောင်းဘိုးဘေးသည် မဟာသူတော်စင်ဓားကို သူ့လက်တစ်ဖက်တည်းနှင့် ကိုင်ထားသည်။ အကယ်၍ တစ်ဖက်မှလှုပ်ရှားလာလျှင် ၎င်းကိုသတ်ပစ်ရန် အသင့်ရှိနေသည့် ခြိမ်းခြောက်မှုမျိုးကို ပေးစွမ်းနေ၏။

မဟာသူတော်စင်ဓားသည်လည်း အကျပ်အတည်းကို ခံစားလိုက်ရကာ ချက်ချင်းငြိမ်သက်သွားသည်။ ဤသူကို ရန်စရန် မဖြစ်နိုင်ချေ။

"ပစ္စည်းတွေက မဆိုးပါဘူး၊ ဒါပေမယ့် သန့်စင်တဲ့နည်းစနစ်က တကယ်ကို မဟုတ်သေးဘူး။ ဖြုန်းတီးရာကျတယ်"

ရီမိသားစု၏ လက်နက်သန့်စင်သူမှ ပြန်လည်သန့်စင်ပါက ၎င်းသည်များစွာပိုကောင်းမည်မှာ သေချာပါသည်။ သန့်စင်ခြင်းနည်းကို သူကောင်းစွာမသိသော်လည်း ဤနှစ်များအတွင်း မဟာသူတော်စင်လက်နက် အများအပြားကို ကိုင်စွဲဖူးသောကြောင့် ၎င်းတို့၏အရည်အသွေးကို ပိုင်းခြားနိုင်သည်။

ဓားတစ်သောင်းသူတော်စင်၏အမြင်တွင် ရီမိသားစုမှ သန့်စင်သော ထိပ်တန်းလက်နက်နှင့် အခြားသူများ သန့်စင်သောအမှိုက်များ ဟူ၍ မဟာသူတော်စင်လက်နက်နှစ်မျိုးသာရှိသည်။

သူ့တွင်လည်း ရွေးချယ်စရာမရှိချေ။ သူ့အဆင့်သတ်မှန်ချက်က အလွန်မြင့်နေသည် မဟုတ်လား။

အခြားတစ်ဖက်တွင် နေတစ်ပိုင်းသူတော်စင်သည် ၎င်း၏မဟာသူတော်စင်လက်နက်တွင် ကျန်ထားသော နတ်ဝိညာဉ်ကို ပြန်လည်ရယူရန် ကြိုးစားခဲ့သော်လည်း ပင်လယ်ထဲသို့ဝင်ရောက်လာသည့် ရွှံ့နွားတစ်ကောင်ကဲ့သို့ တုံ့ပြန်မှုမရှိခဲ့ပေ။ သူ၏ လက်နက်မှာ ပျောက်ကွယ်သွားသလိုပင်။

သို့သော် သူ၏မဟာသူတော်စင်ဓားက ဓားတစ်သောင်းသူတော်စင်၏လက်ထဲတွင် ရှိနေသည်ကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည်။ ထို့အပြင် ၎င်းက သူ၏ဓားကို အတင်းချုပ်ကိုင်ထားပုံ မရချေ။ ဤအခြေအနေသည် တစ်ချက်တည်းသာ ဖြစ်နိုင်သည်- မဟာသူတော်စင်ဓားက တုံ့ပြန်ရန် ဆန္ဒမရှိ။

သူကိုယ်တိုင်က မဟာသူတော်စင်ဓား၏ စွန့်ပစ်ခြင်းကို ခံလိုက်ရသလား။ ၎င်းမှာ သူလက်ခံရန် ခဲယဉ်းသော ထိုးနှက်ချက်ဖြစ်ကာ နေတစ်ပိုင်းသူတော်စင်ကို ရူးသွပ်သွားစေသည်။ မဟာသူတော်စင်လက်နက်များ မရှိရုံနှင့် သူခိုကိုးရာမဲ့ ဖြစ်လိမ့်မည်ဟု မထင်လိုက်ပါနှင့်။

ထိူအချိန်တွင် နေတစ်ပိုင်းသူတော်စင်ထံမှ ထူးခြားသော သွေးမျိုးဆက်စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

၎င်းမှာ မဟာသူတော်စင်သွေးမျိုးဆက်၏ ရောင်ဝါဖြစ်ကာ နေတစ်ပိုင်းသူတော်စင်ကို နေမင်းမဟာသူတော်စင်က အလွန်အလေးအမြတ်ထားရသည့် အကြောင်းရင်းဖြစ်သည်။ နေတစ်ပိုင်းသူတော်စင်နောက်ကွယ်တွင် အားကြီးသောရောင်ဝါကို ထုတ်လွှတ်ထားသည့် ပုံရိပ်တစ်ခုပေါ်လာသည်။

“မဟာနေမင်း၏ နတ်ဥပဒေ”

မဟာသူတော်စင်သွေးမျိုးဆက်၏ ကောင်းချီးများကြောင့် အားကောင်းနေပြီဖြစ်သော မဟာနေမီးတောက်သည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာသည်။ သာမန်အဆင့်ရှိ သူတော်စင်များသည် ဤမီးတောက်အဆင့်ကို မခံနိုင်ကြချေ။

ဤတစ်ကြိမ်တွင် နေတစ်ပိုင်းသူတော်စင်၏လုပ်ဆောင်ချက်က ဓားတစ်သောင်းသူတော်စင်ကို ပို၍အလေးအနက်ထားစေခဲ့သည်။

အနည်းငယ် အားနည်းနေသေးသော်လည်း ယခင်နှင့်ယှဉ်လျှင် အများကြီး ပိုကောင်းလာပါပြီ။ သို့သော် နေတစ်ပိုင်းသူတော်စင်၏ တိုက်ခိုက်ရေးစွမ်းအားကို ဓားတစ်သောင်းသူတော်စင်က အမှန်တကယ်နှစ်သက်ခြင်း မရှိခဲ့ပေ။

ဓားတစ်သောင်းသူတော်စင်ထံမှ ဓားတစ်ချောင်းပြီး တစ်ချောင်းထွက်လာကာ နေတစ်ပိုင်းသူတော်စင်၏တိုက်ခိုက်မှုကို ကာကွယ်လိုက်ကြသည်။

"မဟာနေမင်းကိုယ်ထည်!"

နောက်ဆုံးတွင် နေတစ်ပိုင်းသူတော်စင်သည် သူတော်စင်တစ်ဦးပိုင်ဆိုင်သင့်သည့် တိုက်ခိုက်ရေးစွမ်းရည်များကို ပြသခဲ့သည်။ သူ၏ သွေးမျိုးဆက်စွမ်းအားက တဟုန်ထိုးတိုးတက်လာပြီး ရွှေရောင်နေနတ်ဘုရားစဉ်းကြောင်းများက သူ့ခန္ဓာကိုယ်ပေါ်တွင် ထွက်ပေါ်လာသည်။

ထို့နောက်တွင် နှစ်ဘက်စလုံး၌ တိုက်ပွဲစတင်ခဲ့ကြ၏။ နေတစ်ပိုင်းသူတော်စင်ထံမှ ထပ်ခါတလဲလဲ ပေါက်ကွဲထွက်လာသောစွမ်းအားကြောင့် နောက်ဆုံးတွင် ဓားတစ်သောင်းသူတော်စင် စိတ်ဝင်စားလာခဲ့သည်။

တိုက်ပွဲကို တစ်ကြိမ်တည်းနှင့် ဖြေရှင်းနိုင်သော်လည်း၊.

ထိန်းမနိုင်သိမ်းမရသည့် ပြိုင်ဘက်ကို ရှားရှားပါးပါး ကြုံဖူးခြင်းဖြစ်သောကြောင့် ဓားတစ်သောင်းသူတော်စင်သည် ၎င်းအား ချက်ချင်းသတ်ပစ်မည်ကို စိုးရိမ်နေသည်။

ထို့ကြောင့် လှုပ်ရှားမှုတစ်ခုပြုလုပ်သောအခါတိုင်း သူအနည်းငယ်နောက်ဆုတ်သွားခဲ့သည်။

ထိုအစား နေတစ်ပိုင်းသူတော်စင်၏စွမ်းအားကို အသုံးချပြီး ၎င်း၏ဓားသိုင်းကို အဆက်မပြတ် မြှင့်တင်ခဲ့သည်။ နေတစ်ပိုင်းသူတော်စင်သည် သူ့ကိုယ်သူ ဓားတစ်သောင်းသူတော်စင်နှင့်တန်းတူဟု ယူဆလာကာ သူ၏တိုက်ခိုက်ရေးစွမ်းအား သိသိသာသာ တိုးတက်လာသည်။

ဤကဲ့သို့ ရုန်းရင်းဆန်ခတ်ဖြစ်မှုက မြို့တွင်းရှိ ရီမိသားစုမှအခြားကျင့်ကြံသူများ၏ အာရုံမှမလွတ်နိုင်ပေ။ ဗောဓိသူတော်စင်၊ ရီကျင်းဟိုင်နှင့် အခြားသူများသည် မြို့ရိုးပေါ်တွင် ရပ်ကာ ဓားတစ်သောင်းသူတော်စင်နှင့် နေတစ်ပိုင်းသူတော်စင်တို့ကြား တိုက်ပွဲကိုကြည့်ရှုရန် ထွက်လာကြ၏။

…………

အခန်း ၄၇၄ - တစ်ယောက်ယောက်က လူအိုကြီးကို အနိုင်ကျင့်နေပါတယ်!

"ဒီ စျေးပေါတဲ့ ၀မ်ကျန်းကတော့ မဖြစ်သေးပါဘူး။ အချိန်တော်တော်ကြာကြာတောင်မှ ကျင့်ကြံမှုအဆင့်တူတဲ့ လူတစ်ယောက်ကို မဖြုတ်ချနိုင်သေးဘူး"

ထိုသို့ညည်းတွားနေသူမှာ ဝမ်ကျန်း၏ အချစ်တော်မိတ်ဆွေကြီး ဗောဓိဘိုးဘေးမှလွဲ၍ အခြားမရှိပေ။

ရီကျင်းဟိုင်ကလည်း သူ့မေးစေ့ကိုပွတ်လိုက်ပြီးပြောလိုက်သည်။

"ဓားတစ်သောင်းဘိုးဘေးရဲ့ ဓားရေးစွမ်းရည်က အားနည်းနေသေးတာပဲ၊ ငါသာဆိုရင် အခုချက်ချင်း ထိုးလိုက်ရင်တောင် သူ့ခန္ဓာကိုယ်ထဲဝင်သွားပြီးတော့ သူတော်စင်တောင်မှ အသက်တစ်ဝက်လောက် ဆုံးရှုံးသွားလိမ့်မယ်"

ရီကျင်းဟိုင်၏ပုံစံသည် သူစတင်ကျင့်ကြံစဉ်ကကဲ့သို့ပင် ကောက်ကျစ်စဉ်းလဲသော အရိပ်ယောက် ပျောက်ကွယ်မသွားခဲ့ချေ။ သူ့ကို ဓားတစ်သောင်းသူတော်စင်ကဲ့သို့ လူသိများခြင်းမဟုတ်ဘဲ ဥာဏ်နီဥာဏ်နက်များသောသူတော်စင်ခြောက် အဖြစ် လူသိများသည်။ ဤလူဆိုး ရီကျင်းဟိုင်ကဲ့သို့ အခြားသူတော်စင်တစ်ယောက်ကမျှ လက်လွတ်စပယ်မတိုက်ခိုက်တတ်ကြချေ။

အစောပိုင်းက သူ၏ဓားရှည်ကို လေ့ကျင့်ရန် စီစဉ်ထားသော ၀မ်ကျန်းသူတော်စင်သည် မြို့ရိုးထက်ရှိ လူစုလူဝေး၏ သူ့ကိုအရည်အချင်းမရှိပုံပေါ်စေလျက် ရီမိသားစုမှ ကန်ထုတ်တော့မတတ်ပြောနေသော မှတ်ချက်စကားများကြောင့် ဒီတိုင်းထိုင်မနေနိုင်တော့ပေ။

‘အရှင်ဘုရားတို့ရေ ငါက ရှုံးနေတာမဟုတ်ဘူး၊ လေ့ကျင့်နေတာကွ။’

ထိုအချိန်တွင် သူ၏တိုက်ခိုက်ရေးစွမ်းအားအဆင့်မြှင့်တင်မှုကို နားလည်သဘောပေါက်ခြင်း၌ နစ်မြုပ်ခဲ့သော နေတစ်ပိုင်းသူတော်စင်သည် နောက်ဆုံးတွင် မြို့ရိုးထက်မှ အခြားအရာများကို သိရှိလာခဲ့သည်။

၎င်းတို့၏ကျင့်ကြံမှုအဆင့်ကို သတိပြုမိသောအခါ သူချက်ချင်းပင် ထိတ်လန့်သွားသည်။ အလယ်အလတ်အဆင့် သူတော်စင်ခြောက်ယောက်၊ နှောင်းပိုင်းသူတော်စင်ငါးယောက်နှင့် မရေမတွက်နိုင်သော အစောပိုင်း သူတော်စင်များစွာရှိနေကြသည်။

သူအိပ်ရာမှ အပြည့်အဝ မနိုးသေးတာဖြစ်နိုင်၏။

သို့မဟုတ်ပါက ဤကဲ့သို့သော ကျုံးဖန်မြို့ငယ်လေးတွင် အစွမ်းထက်သည့် ကျင့်ကြံသူများစွာ မည်သို့ရှိနိုင်မည်နည်း။ ယနေ့ သူရရှိခဲ့သည့် ထိတ်လန့်တုန်လှုပ်မှုများက သူ့ဘဝတစ်လျှောက်လုံး ကြုံဖူးသမျှထဲတွင် အထူးခြားဆုံးဖြစ်လိမ့်မည်။ သို့သော် သူမည်မျှပင် စုံစမ်းသည်ဖြစ်စေ ဘာမှမပြောင်းလဲသွားချေ။ ထိုသူများက ထိုနေရာတွင် အမှန်တကယ် ရှိနေကြသည်။

သူ့သံသယကြောင့်နှင့် ထိုအချက်က ပြောင်းလဲမည်မဟုတ်ပေ။ သူ့စိတ်ထဲတွင် ထိတ်လန့်စရာ အတွေးတစ်ခု ဖြတ်သွားသည်မှာ - သူသည် ဝှက်ထားသော မျိုးနွယ်စုကြီး၏အသိုက်ကို ထိုးဖောက်ခဲ့မိပြီး သူ့ထက် အင်အားကြီးကျင့်ကြံသူများ၏ ဝန်းရံခြင်းကိုခံနေရသည်။

တစ်ချိန်တည်းတွင် နေတစ်ပိုင်းသူတော်စင်သည် တိုက်ခိုက်လိုသောဆန္ဒအားလုံးကို ဆုံးရှုံးသွားခဲ့ရ၏။ သူသည် ၀မ်ကျန်းသူတော်စင်တစ်ဦးတည်းကိုပင် ထိန်းထားနိုင်ခြင်းမရှိခဲ့ပေ။ ဤအစွမ်းထက်သော ကျင့်ကြံသူများသည် အတူတကွတိုက်ခိုက်ပါက သူ့မိခင် ကယ်တင်ရန် စောင့်မျှော်နိုင်မည့် အခွင့်အရေးပင် ရှိတော့မည်မဟုတ်ပေ။ သူသည် ဤနေရာတွင် တစ္ဆေဖြစ်ရန်သာ စောင့်ဆိုင်းနေရမည်လား။

မဟုတ်သေးချေ။ သူချက်ချင်း ထွက်ပြေးရန်လိုသည်။

နေတစ်ပိုင်းသူတော်စင်သည် တစ်ဖန်မျှော်လင့်ချက် ထွက်ပေါ်လာသော်လည်း ယခုတစ်ကြိမ်တွင် သူ၏ရည်ရွယ်ချက်မှာ တိုက်ပွဲကိုဆက်ရန်မဟုတ်ဘဲ ထွက်ပြေးရန်ဖြစ်သည်။ နေတစ်ပိုင်းသူတော်စင်အတွက် မျက်နှာပျက်စရာ ဘာမှမရှိပေ။ အသက်ဆုံးရှုံးရခြင်းကသာ အမှန်တကယ် စိတ်ထိခိုက်စရာဖြစ်သည်။

သူ၏သွေးမျိုးဆက်ကို ကန့်သတ်ချက်သို့တွန်းပို့လိုက်ပြီးနောက် နေတစ်ပိုင်းသူတော်စင်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ အဝေးသို့အရူးအမူးပြေးသွားခဲ့သည်။

သို့သော် ၀မ်ကျန်းသူတော်စင်က ၎င်းကိုလွှတ်ပေးရန် ဆန္ဒမရှိခဲ့ပေ။ ၎င်းက သူ့ကို လှောင်ရယ်စရာဖြစ်အောင်လုပ်ပြီး ထွက်ပြေးဝံ့သလား။ ယနေ့ ၎င်းကိုမသတ်လျှင် သူဟာသအဖြစ်သာကျန်နေတော့မည်ကို စိုးရိမ်မိပါ၏။ ဓားတစ်သောင်းဘိုးဘေးသည် ဓားအလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ နေတစ်ပိုင်းသူတော်စင်ရှေ့သို့ ချက်ချင်းဆင်းသက်လာခဲ့သည်။

ရီဖန်နှင့်တိုက်ခိုက်စဉ်က ရီဖန်သည် သူတော်စင်တစ်ယောက်နှင့်ယှဉ်နိုင်သည့် တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း ၎င်းက သူတော်စင်တစ်ယောက်မဟုတ်သေးသည့်အပြင် လျင်မြန်မှုလည်းမရှိတာကြောင့် နေတစ်ပိုင်းသူတော်စင်ကို လွတ်မြောက်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ယခုတွင် သူတို့နှစ်ဦးလုံးသည် နှောင်းပိုင်း သူတော်စင်အဆင့်တွင် ရှိကြသောကြောင့် ရီမိသားစုမှကျင့်ကြံသူများသည် မည်သည့်နေရာတွင်မှ နောက်ကျနေခြင်းမရှိပေ။ အရှိန်နှင့်ပတ်သက်လာလျှင် နေတစ်ပိုင်းသူတော်စင်သည်ပင် ၎င်းတို့၏ပြိုင်ဘက်မဖြစ်နိုင်တော့ပါ။

နေတစ်ပိုင်းသူတော်စင်သည် အကြိမ်ပေါင်းများစွာလွတ်မြောက်ရန် ကြိုးစားခဲ့သော်လည်း ဝမ်ကျန်းသူတော်စင်၏ တင်းတင်းကျပ်ကျပ် ပိတ်ဆို့ခြင်းကိုခံခဲ့ရသည်။ သူ၏ဒဏ်ရာများတိုးလာသဖြင့် နောက်ဆုံးတွင် သူကိုယ်တိုင်လွတ်မြောက်နိုင်မည်မဟုတ်ကြောင်း ဝန်ခံလိုက်ရသည်။ အခြားနည်းလမ်းမရှိတော့ချေ။

နေတစ်ပိုင်းသူတော်စင်သည် နာကျင်သောအမူအရာဖြင့် နေမင်းမဟာသူတော်စင်ပေးထားသော သွေးတစ်စက်ကို သူ၏သိုလှောင်လက်စွပ်ထဲမှဆွဲထုတ်ကာ မျိုချလိုက်သည်။ နောက်အခိုက်အတန့်တွင် နေတစ်ပိုင်းသူတော်စင်နှင့် မသက်ဆိုင်သည့် ရောင်ဝါတစ်ခုက သူ့ခန္ဓာကိုယ်ထဲမှထွက်လာသည်။ နေတစ်ပိုင်းသူတော်စင်က သူ့မျက်လုံးများကို ပြန်ဖွင့်လိုက်သည့်အခါ သူနှင့်မတူသည့် သူတစ်ယောက်ဖြစ်သွားသည်။

“ငါ နေမင်းမဟာသူတော်စင်ရဲ့ ဆက်ခံသူကို ဘယ်သူက ညှဉ်းဆဲရဲတာလဲ”

မဟာသူတော်စင်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော နေမင်းမဟာသူတော်စင်သည် ကိုယ်ပိုင်မျိုးနွယ်စုတစ်ခုကို တည်ထောင်ခဲ့သည်။ ယခု သူမ၏မျိုးနွယ်စုသည် အနိုင်ကျင့်ခံနေရသောကြောင့် ၎င်းကလည်း ထိုင်စောင့်ကြည့်နေမည်မဟုတ်သည်မှာ ထင်ရှားသည်။

နေတစ်ပိုင်းသူတော်စင်၏ခန္ဓာကို အသုံးပြု၍ ထုတ်လွှတ်နိုင်သည့် စွမ်းအားမှာ အကန့်အသတ်ရှိသော်လည်း ဤနေရာရှိ သူတော်စင်တိုင်းကိုကိုင်တွယ်ရန် လုံလောက်နိုင်သည်။ မကြာမီတွင် နေတစ်ပိုင်းသူတော်စင်၏ ကျင့်ကြံမှုအဆင့်သည် အထွတ်အထိပ်သူတော်စင်ဖြစ်လာခဲ့သည်။

၎င်းက မတည်မငြိမ်ဖြစ်ပုံရသော်လည်း အထွတ်အထိပ်သူတော်စင်၏ စွမ်းအားသည် အစွမ်းထင်လွန်း၏။ အထွတ်အထိပ် သူတော်စင်အဆင့်အောက်ရှိ မည်သည့်ကျင့်ကြံသူကမှ သူ့ကိုဆန့်ကျင်ဝံ့မည်မဟုတ်ချေ။

မကြာမီ နေမင်းမဟာသူတော်စင်သည် သူမရှေ့မှ ၀မ်ကျန်းသူတော်စင်ကို သတိပြုမိကာ သူမမျက်လုံးများထဲတွင် အံ့အားသင့်မှုအရိပ်အယောင်ပြနေသည်။

၀မ်ကျန်းသူတော်စင်၏လက်ထဲမှ မဟာသူတော်စင်လက်နက်နှစ်ခုထံမှ ဆွဲဆောင်ခံလိုက်ရသည်ဟုဆိုလျှင် ပိုမှန်လိမ့်မည်။

၀မ်ကျန်းသူတော်စင်ပိုင်ဆိုင်သော မဟာသူတော်စင်လက်နက်များ၏ အရည်အသွေးကို ကြည့်ပြီးနောက် နေမင်းမဟာသူတော်စင်၏မျက်လုံးများသည် လောဘနှင့်ပြည့်နေသည်။ ၎င်းတို့၏အရည်အသွေးသည် သူ့ကိုယ်ပိုင်ထက်ပင် ပိုသာလွန်၏။

နှောင်းပိုင်း သူတော်စင်ကျင့်ကြံသူသည် အရည်အသွေးမြင့် မဟာသူတော်စင်လက်နက်နှစ်ခုကို ပိုင်ဆိုင်ရန် မည်သို့အခွင့်အရေးရှိနိုင်မည်နည်း။ သူမကသာ ၎င်းတို့ကိုကိုင်တွယ်ရမည့်သူ ဖြစ်သင့်သည်။

မျက်လုံးတစ်မှိတ်အတွင်း၌ သူ့လက်ကို ဆန့်ထုတ်လိုက်ကာ မဟာနေမင်းစွမ်းအားဖြင့် ဓားတစ်သောင်းသူတော်စင်ကို တိုက်ခိုက်လိုက်သည်။ နှစ်ခုလုံးသည် နေမင်းမဟာသူတော်စင်၏ စွမ်းအားများ ဖြစ်ကြသော်လည်း နေမင်းမဟာသူတော်စင်ကိုယ်တိုင် အသုံးပြုသောအခါ နေတစ်ပိုင်းသူတော်စင်နှင့် အဆင့်မတူချေ။

ဓားတစ်သောင်းသူတော်စင်သည်လည်း ဓားတစ်ဖက်တစ်ချက်စီဖြင့် လက်ဖဝါးချက်ကို အပြင်းအထန်တိုက်ခိုက်ခဲ့သည်။ သို့သော် ၎င်းတို့က ဓားအစင်းကြောင်းများသာ ကျန်ရှိခဲ့သည်။ ဓားတစ်ချောင်းတည်းနှင့် မထိရောက်လျှင် ဓားဆယ်ချောင်း၊ ဓားတစ်ရာ၊ ဓားတစ်ထောင်၊ ဓားတစ်သောင်း။ ဓားတစ်သောင်းကျမ်း၊ ကောင်းကင်ဓားအခင်းအကျင်း စသည်ဖြင့် မရေမတွက်နိုင်သောဓားရှည်များသည် နေရာလွတ်မှ ထွက်ပေါ်လာပြီးနောက် နေမင်းမဟာသူတော်စင်ထံသို့ ပျံသန်းသွားခဲ့သည်။

ဓားတစ်ချောင်းစီက ၎င်း၏လက်တွင် အမှတ်အသားလေးများသာ ချန်ထားနိုင်သော်လည်း အဆုံးမဲ့ဓားရှည်များ၏ ထိုးနှက်တိုက်ခိုက်မှုကြောင့် အဆက်မပြတ်ထိုးဖောက်ဝင်ရောက်လာကာ ဒဏ်ရာသည် ပိုမိုကြီးမားလာခဲ့သည်။

"ငါ့မှာ ဓားတစ်ချောင်းရှိသရွေ့ အရာအားလုံးကို ဖြတ်တောက်နိုင်တယ်!"

နောက်ဆုံးတွင် ဓားတစ်သောင်းသူတော်စင်ထံမှ မိုးမျှော်ဓားတစ်စင်းသည် ချက်ချင်းဖြတ်တောက်ပစ်လိုက်၏။ ထိုဓားဖြတ်သွားသောအခါ လက်သည် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်။ နောက်ဆုံးတွင် ဓားတစ်သောင်းသူတော်စင် သက်ပြင်းချနိုင်လိုက်ပြီ။ ဤနေတစ်ပိုင်းသူတော်စင်ကို စီးနင်းထားသည့် မည်သူမဆို အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလှသည်။

နောက်ဆုံးဓားကို ခုတ်လိုက်ပြီးနောက် ဓားတစ်သောင်းဘိုးဘေးပင်လျှင် အားနည်းသွားသလို ခံစားလိုက်ရသည်။ သူနောက်ထပ်ဓားကို ထုတ်လွှတ်နိုင်ဦးမည်လားဟုပင် သံသယဖြစ်မိသည်။

နေမင်းမဟာသူတော်စင်၏ မျက်လုံးများသည်လည်း ထိတ်လန့်နေ၏။

သူမ၏လက်ဖဝါးချက်ကို ပုံမှန် အထွတ်အထိပ်သူတော်စင်များပင် ခံနိုင်ရည်မရှိပေ။ သို့တိုင်အောင် နှောင်းပိုင်း သူတော်စင်ကျင့်ကြံမှုအဆင့်မှ ဓားတစ်သောင်းသူတော်စင်က ၎င်းကိုအမှန်တကယ် ဖြတ်တောက်နိုင်ခဲ့သည်။ ၎င်းက မဟာသူတော်စင်၏ စွမ်းအားကြောင့်တစ်စိတ်တစ်ပိုင်းဖြစ်သော်လည်း သူ၏ပါရမီကို နေမင်းမဟာသူတော်စင်ပင် မလေးစားဘဲမနေနိုင်ချေ။

အကယ်၍ မဟာသူတော်စင်လက်နက်နှစ်ခုကြောင့်မဟုတ်ပါက နေမင်းသူတော်စင်သည် ဤဓားသူတော်စင်ကို သူမဘက်သို့သိမ်းသွင်းရန်ပင် လိုလားလိမ့်မည်။ သို့သော် သူမ၏နှလုံးသားက သန်မာသောကြောင့် ၎င်းကိုခံနိုင်ရည်ရှိခဲ့သည်။ ဤအရည်အချင်းမျိုးရှိသူက ရန်သူဖြစ်နေခြင်းသည် ကောင်းမွန်သည့်အရာ မဟုတ်ပေ။

နေမင်းမဟာသူတော်စင်က ထပ်မံတိုက်ခိုက်တော့မည့်အချိန်တွင် ဓားတစ်သောင်းသူတော်စင်ဘေးတွင် နောက်တစ်ယောက်ပေါ်လာသည်။ ‘နယ်ပယ်သုံးထောင်အိပ်မက်’။ ယခုထွက်ပေါ်လာသူမှာ ဗောဓိဘိုးဘေးဖြစ်သည်။

ရီဖန်၏လက်ဦးဆရာဖြစ်သူသည် ရီဖန်မှလွဲ၍ ရီမိသားစုထဲတွင် အပြင်းထန်ဆုံးကျင့်ကြံသူ ဖြစ်နေဆဲပင်။ ဓားတစ်သောင်းသူတော်စင်က ခံနိုင်ရည်မရှိသလောက်ဖြစ်ခဲ့ရသည့် တိုက်ခိုက်မှုကို ဗောဓိဘိုးဘေးက အလွယ်တကူတားဆီးခဲ့သည်။

"ဓားတစ်သောင်း၊ ကျန်တာငါ့ကိုလွှဲထားလိုက်!"

သာမာန်အထွတ်အထိပ်သူတော်စင်များထက် အဆင့်မြင့်နေခြင်းက ဗောဓိဘိုးဘေး၏စိတ်ဝင်စားမှုကို အောင်မြင်စွာနှိုးဆော်ခဲ့သည်။ သူ့တာဝန်မှ သူ့ရှေ့ရှိ သူတော်စင်ကိုသတ်ရန်ဖြစ်သည်။

ထိုကဲ့သို့ ထူးခြားသောစွမ်းရည်များ အဆက်မပြတ်ပေါ်ထွက်နေခြင်းကြောင့် နေမင်းမဟာသူတော်စင်သည် ဂရုမစိုက်ဘဲမနေနိုင်တော့ချေ။ တစ်ခုခုမှားနေသကဲ့သို့ပင် ခံစားလာရသည်။

ကျုံးဖန်မြို့၌ ဘာတွေများဖြစ်ပျက်နေသနည်း။ ထိုကဲ့သို့ စွမ်းအားကြီးသူများ ၎င်းတို့၏အတွင်းမြို့ထဲ ထွက်ပေါ်လာခြင်းက ဖြစ်ရိုးဖြစ်စဉ်မဟုတ်ပေ။

ကျုံးဖန်မြို့တော်အတွင်း လျှို့ဝှက်ချက်တစ်ခုရှိရမည်။ နေမင်းမဟာသူတော်စင်သည် နောက်ဆုံးတွင် လှည့်ပတ်ကစားခြင်းကို ရပ်လိုက်သည်။ သူမ၏ လက်ရှိနည်းလမ်းများဖြင့် ဤသူတော်စင်များကို အနိုင်ယူနိုင်မည်မဟုတ်ပေ။ နောက်အခိုက်အတန့်တွင် နေတစ်ပိုင်းသူတော်စင်အတွင်းရှိ မူလစည်းမျဉ်းကို နှိုးဆော်လိုက်ပြီးနောက် သူမ လှုပ်ရှားနိုင်သည့်စွမ်းအားသည် အဆများစွာ ပိုအားကောင်းလာသည်။

၎င်းကိုအသုံးပြုခြင်းကြောင့် နေတစ်ပိုင်းသူတော်စင်ကိုသိသိသာသာပျက်စီးစေသော်လည်း နေမင်းမဟာသူတော်စင်က ဂရုမစိုက်ချေ။ သူ့အတွက် လုံလောက်သည့်အကျိုးကျေးဇူးများ ရရှိနိုင်သရွေ့ နေတစ်ပိုင်းသူတော်စင်ကို စွန့်ပစ်ရခြင်းက ကိစ္စကြီးမဟုတ်ပါ။ သူမ၏ မျက်နှာသာပေးခံရသည့် ဂျူနီယာတစ်ဦးက သူမလောက်တော့ အရေးမကြီးပေ။

မဟာသူတော်စင်၏ ပေါက်ကွဲစွမ်းအားကိုရင်ဆိုင်ရချိန်တွင် အစောပိုင်းက အညီအမျှရှိသော ဗောဓိဘိုးဘေးပင်လျှင် ခံနိုင်ရည်မရှိချေ။ ထိုစွမ်းအားဖြင့် တွန်းလှန်ခံရပြီးနောက် ဗောဓိဘိုးဘေးက နောက်ဆုံးတွင် သည်းမခံနိုင်တော့ပေ။

"ဟိုကလေး၊ မင်းရောက်လာပြီး မကူညီရင်တော့ ဒီလူအိုကြီးကို တစ်ယောက်ယောက်က အနိုင်ကျင့်နေပြီဟေ့!"

……..

All Chapters