အခန်း ၄၇၅-၄၇၇
Vol. 32 Ch. 475-477
အခန်း ၄၇၅ - သူတော်စင်အစည်းအရုံးအတွက် အံ့အားသင့်စရာလက်ဆောင်
ရီဖန်သည် ဗောဓိဘိုးဘေး၏အသံအဆုံး အချိန်မီ ပေါ်လာကာ “ဆရာကိုယ်တိုင်ပဲ ဒါကိုစမ်းကြည့်ချင်နေတာ မဟုတ်ဘူးလားနော်” ဟု ရယ်မောတုံ့ပြန်ခဲ့သည်။
နေတစ်ပိုင်းသူတော်စင်ပြသသောအင်အားက ရီဖန်၏မျှော်လင့်ချက်များကို ကျော်လွန်သွားသည်ဟုဆိုရပေမည်။ ယခု နေတစ်ပိုင်းသူတော်စင်၏ကိုယ်ခန္ဓာကို ထိန်းချုပ်ထားသည့်သူသည် သူတော်စင်နယ်မြေအထက်တွင် ရှိနေသည်မှာထင်ရှားသည်။
သို့သော် ၎င်းသည် ထိုမျှအားကောင်းပုံမပေါ်ချေ။ အလွန်ဆုံးမှ မဟာသူတော်စင်တစ်ပိုင်းသာ ဖြစ်နိုင်သည်။ သူတော်စင်များထဲတွင် သူတော်စင်တစ်ပိုင်းရှိသကဲ့သို့ မဟာသူတော်စင်များထဲတွင်လည်း မဟာသူတော်စင်တစ်ပိုင်းရှိနေခြင်းက အံ့သြစရာမဟုတ်ပေ။
သာမာန်အထွတ်အထိပ် သူတော်စင်တစ်ဦးသည် လက်ရှိနေတစ်ပိုင်းသူတော်စင်အတွက် ပြိုင်ဘက်ဖြစ်လာမည်မဟုတ်ပေ။ သို့သော် ၎င်းက ရီဖန်အတွက်တော့ ဖိအားလုံးဝမရှိပါ။ ရီဖန်၏သည် ဗောဓိဘိုးဘေးရှေ့တွင် ချက်ချင်းပေါ်လာကာ နေရာလွတ်ကိုဖမ်းဆုပ်ရန် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။
အထွတ်အထိပ်သူတော်စင်များ အားကိုးရာမဲ့ဖြစ်စေခဲ့သော မဟာနေမီးတောက်ကို ရီဖန်က အသာလေးငြိမ်းသတ်လိုက်သည်။ ရီဖန်ကို အစောပိုင်းက သတိမထားမိခဲ့သော မဟာနေမင်းသူတော်စင်ပင်လျှင် ချက်ချင်းနိုးကြားလာသည်။ သူမသည် ရီဖန်ထံမှ ပြင်းထန်သောခြိမ်းခြောက်မှုကို ခံစားလိုက်ရ၏။
ထို့အပြင် ဤခြိမ်းခြောက်မှုသည် သူလက်ရှိထိန်းချုပ်ထားသည့် နေတစ်ပိုင်းသူတော်စင်၏ ခန္ဓာကိုယ်နှင့်ပြိုင်ဘက်မဟုတ်ဘဲ ၎င်း၏ ခန္ဓာကိုယ်အစစ်အမှန်အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။ သူတော်စင်တစ်ဦးက မဟာသူတော်စင်တစ်ဦးကို မည်သို့ခြိမ်းခြောက်နိုင်သနည်း။ ရီဖန်၏ရောင်ဝါက မထင်မရှားဖြစ်နေသော်လည်း ရီဖန်၏ကျင့်ကြံမှုအဆင့်သည် မဟာသူတော်စင်နယ်မြေ မရောက်သေးကြောင်း သူမ သေချာပေါက်သိသည်။
ရီဖန်သည်လည်း နေတစ်ပိုင်းသူတော်စင်ကို စောင့်ကြည့်နေသည်။ ပိုမိုတိကျစွာဆိုရလျှင် နေတစ်ပိုင်းသူတော်စင်အတွင်းရှိ တည်ရှိမှုကို စောင့်ကြည့်နေခြင်းဖြစ်သည်။ နေတစ်ပိုင်းသူတော်စင်သည် အမှန်တကယ်ပြန်လာရန် ကျောထောက်နောက်ခံရှိနေသည်မှာ မဆန်းတော့ပေ။
သို့သော် ယခုသူပြန်လာပြီးနောက် ထွက်သွားစရာ မလိုတော့ပါ။
ပျက်ဆီးခြင်းဖန်တီးမှုကျမ်း။ ရီဖန်၏နောက်တွင် က
ပုံတူဓမ္မရုပ်ပုံပေါ်လာသည်။ သူတော်စင်နယ်ပယ်ထက် သာလွန်သောကျင့်ကြံသူနှင့် ရင်ဆိုင်ရသည့်တိုင် ရီဖန်က ၎င်းကို သေချာစောင့်ကြည့်နေသည်။ ဤ “မဟာသူတော်စင်တစ်ပိုင်း” က မည်မျှ အစွမ်းထက်လေသနည်းဟုပင် သူတွေးမိ၏။
အလယ်အလတ်အဆင့် မဟာသူတော်စင်လက်နက်၊ အင်မော်တယ်သုတ်သင်ခြင်း ဓားလေးချောင်း။ ရီဖန်သည် ယခုအခါ အလယ်အလတ်အဆင့် မဟာသူတော်စင်လက်နက်လေးခုဖြင့် ဖွဲ့စည်းထားသည့် အင်မော်တယ်သုတ်သင်ခြင်းဓားအခင်းအကျင်းအစုံလိုက်ကို ထုတ်ဖော်လိုက်သည်။ လက်နက်များကို မိမိကိုယ်တိုင်သန့်စင်ပေးနိုင်ခြင်း၏ အကြီးမားဆုံးအားသာချက်မှာ ထိုလက်နက်များသည် အမြဲအကောင်းဆုံးဖြစ်နေခြင်းပင်။
ထိုအလယ်အလတ်အဆင့် မဟာသူတော်စင်လက်နက်လေးခုပေါ်လာသောအခါ၊ မူလက ရီဖန်ကိုစမ်းသပ်ရန် စီစဉ်ထားခဲ့သော နေမင်းမဟာသူတော်စင်သည် ချက်ချင်းပင် အံ့ဩသွားသည်။ ၎င်းက ဂေါ်ဖီထုပ်မဟုတ်ဘဲ အလယ်အလတ်အဆင့် မဟာသူတော်စင် လက်နက်ဖြစ်သည်။
မဟာသူတော်စင်နယ်မြေ၏ အစောပိုင်းအဆင့်တွင်ရှိခဲ့သော ၎င်းတို့အတွက် လက်နက်တစ်ခုရှိခြင်းကပင် ထူးခြားသောအောင်မြင်မှုဖြစ်နေပြီးဖြစ်သည်။ ယခုတွင် လက်နက်လေးခုလုံးကို တစ်ပြိုင်နက်တည်းထုတ်လိုက်ရာ နှောင်းပိုင်းမဟာသူတော်စင်များပင်လျှင် ထိုမျှများပြားစွာမရနိုင်တော့ပေ။
ဤသူတော်စင်က မည်သူဖြစ်သနည်း။ နေတစ်ပိုင်းသူတော်စင်၏ ဖော်ပြချက်အပေါ်အခြေခံ၍ ရီမိသားစု၏လက်ရှိခေါင်းဆောင်သည် နောက်ခံမရှိသောကြောင့် နေမင်းမဟာသူတော်စင်သည် နေတစ်ပိုင်းသူတော်စင်၏လက်စားချေခြင်းကို ကန့်ကွက်ခြင်းမရှိခဲ့ချေ။
သို့သော် သူ့မျက်စိရှေ့ရှိ ဤလူကို နောက်ခံမရှိဘူးဟုများ ပြောလိုက်လေသလား။ အခုချက်ချင်းသာ ထွက်သွားလိုက်ကြပါတော့။ နေမင်းမဟာသူတော်စင်သည် နေတစ်ပိုင်းသူတော်စင်၏ လှည့်စားခြင်းကိုခံခဲ့ရသည်ဟု ခံစားခဲ့ရသည်။
ဤအရည်အချင်းနှင့် လက်နက်များဖြင့် ရီဖန်ထံတွင် နောက်ခံမရှိသည်ကို မည်သူယုံနိုင်မည်နည်း။
ရီဖန်ကိုယ်တိုင်က သူ့အတိတ်ကိုသိနေတာကြောင့်သာ မဟုတ်လျှင် သူကိုယ်တိုင်လည်း နောက်ခံမရှိဟု ယုံမည်မဟုတ်ပါ။
နောက်အခိုက်အတန့်တွင် ရီဖန်၏ အင်မော်တယ်သုတ်သင်ခြင်းဓားလေးစင်းက သူ့ရှေ့တွင် တိုက်ခိုက်နေပြီဖြစ်သည်။ မတူညီသောအရောင်ရှိသော ဓားချီလေးခုသည် ကောင်းကင်ဖုံးလွှမ်းခြင်းဓားအခင်းအကျင်းကို ဖန်တီးခဲ့သည်။ နေတစ်ပိုင်းသူတော်စင်သည် လှောင်အိမ်ထဲတွင် ပိတ်မိနေသော ငှက်တစ်ကောင်လိုဖြစ်လာကာ မလွတ်မြောက်နိုင်တော့ချေ။
နေမင်းမဟာသူတော်စင်အနေဖြင့် အစွမ်းကုန် လက်တုံ့ပြန်ရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ချေ။ သူမသည် ရီဖန်၏တိုက်ခိုက်မှုကိုတားဆီးရန်အတွက် နဂါးကြီးနှင့် ဖီးနစ်သားရဲအဖြစ်သို့ ပြောင်းလဲသွားသည်။
ရီဖန်သည် အနည်းငယ် စိတ်ပျက်သွားမိ၏။ ဤမဟာသူတော်စင်တစ်ပိုင်းက သူမျှော်လင့်ထားသလို သန်မာပုံမပေါ်ပေ။ သူမက နှောင်းပိုင်း သူတော်စင်နယ်ပယ် ကျင့်ကြံသူတစ်ဦးကို ထိန်းချုပ်ထားသော်လည်း ဤစွမ်းအားက ရီဖန်ကို စိတ်ပျက်စေဆဲဖြစ်သည်။ ၎င်းက အနည်းငယ် ပိုပြင်းထန်သော သူတော်စင်တစ်ဦးမျှသာဖြစ်ကာ မဟာသူတော်စင်တစ်ပိုင်းဟုပင် မဆိုနိုင်သေးချေ။
လျင်မြန်စွာတိုးတက်လာခြင်းက ဤအားနည်းချက်မျိုးရှိသည်။ သူ့ကိုယ်ပိုင်အင်အားကို အပြည့်အဝအသုံးချရန် မစွမ်းဆောင်နိုင်သေးပေ။
ရီဖန်သည်လည်း ကစားရန်စိတ်မဝင်စားတော့ဘဲ နေတစ်ပိုင်းသူတော်စင်၏ စိတ်ဝိညာဉ်ပင်လယ်အတွင်းမှ ဝိညာဉ်ကို တိုက်ရိုက်ချေဖျက်ပစ်ရန် ကြံစည်လိုက်သည်။
နေမင်းမဟာသူတော်စင်သည် ရီဖန်၏ လူသတ်လိုသော ရည်ရွယ်ချက်ကို ချက်ချင်းခံစားလိုက်ရကာ သူ့သူငယ်အိမ်များ ချက်ချင်းကျုံ့သွားကြသည်။ ထိုသို့သော စွမ်းအားနှင့် ထိုကဲ့သို့သော လက်နက်များဖြင့် ရီဖန်သည် နောက်ခံမရှိသူ မဟုတ်သည်မှာ သေချာသည်။ ဖြစ်နိုင်ခြေအရှိဆုံးမှာ သူသည် ပင်မနယ်မြေအတွင်းမှ အထွတ်အထိပ်တစ်ဦး၏ တပည့်သာဖြစ်ရမည်။ အစွန်အဖျားနယ်မြေသို့ ရောက်လာခြင်းက ရိုးရိုးရှင်းရှင်း ကျင့်ကြံရန်သာဖြစ်မည်။
နေတစ်ပိုင်းသူတော်စင် အသက်ရှင်သည်ဖြစ်စေ သေဆုံးသည်ဖြစ်စေ နေမင်းမဟာသူတော်စင်က ဂရုမစိုက်ပါ။ သူကြောက်သည်မှာ ရီဖန်အနေဖြင့် နေတစ်ပိုင်းသူတော်စင်၏ နောက်ကွယ်ရှိ သူ့အား ပစ်မှတ်ထားလာမည်ကို ဖြစ်သည်။
သူသည် ကံကောင်းသောအခွင့်အရေးအချို့ကြောင့် အောင်မြင်မှုများရရှိခဲ့သော သာမန်သူတော်စင်တစ်ဦးမျှသာဖြစ်သောကြောင့် မဟာသူတော်စင်များနှင့် နှိုင်းယှဉ်၍မရပေ။
သူသည် မည်သည့်ခြေရာကိုမျှ မချန်ထားခဲ့ဘဲ မဟာသူတော်စင်ဂိုဏ်း၏ ဆက်ခံသူကို သူ့အားပစ်မှတ်ထားခွင့်မပေးနိုင်ပေ။ သူသည် နေတစ်ပိုင်းသူတော်စင်နှင့် လုံးဝအဆက်အသွယ်ဖြတ်ခဲ့ရသည်။
တခဏအတွင်း နေမင်းမဟာသူတော်စင်၏စိတ်ထဲတွင် အတွေးပေါင်းများစွာ ပေါ်လာသော်လည်း သူမသည် စိတ်ကို လျင်မြန်စွာထိန်းလိုက်သည်။ နေတစ်ပိုင်းသူတော်စင်ကို စွန့်လွှတ်ပြီး မိမိကိုယ်ကိုသာ ကာကွယ်ရမည်။ ချက်ခြင်းပင် နေတစ်ပိုင်းသူတော်စင်အတွင်းမှ နေမင်းမဟာသူတော်စင်၏စွမ်းအားများ မှေးမှိန်သွားတော့သည်။ သူမ ထားခဲ့သော ဝိညာဉ်ကြိုးမျှင်သည်လည်း ချက်ခြင်းပင်ဖယ်ရှားခံလိုက်ရသည်။
ရီဖန်သည် သူမကို ဤဝိဥာဉ်ကြိုးမျှင်ဖြင့် ခြေရာခံချင်နေသော်လည်း၊ ထိုသို့ပြုနိုင်မည်မဟုတ်ပေ။ နေမင်းမဟာသူတော်စင်၏ထိန်းချုပ်မှု မရှိတော့သဖြင့် နေတစ်ပိုင်းသူတော်စင်၏ အသိစိတ် ပြန်လည်ထွက်ပေါ်လာခဲ့သည်။
"အမေရဲ့ အသိစိတ်က ထွက်သွားပြီဆိုတော့ တိုက်ပွဲက ပြေလည်သွားပုံပဲ!"
…….
အခန်း ၄၇၆ - သူတော်စင်အစည်းအရုံးအတွက် အံ့အားသင့်စရာလက်ဆောင်
နေတစ်ပိုင်းသူတော်စင်သည် ရီမိသားစု၏ကျင့်ကြံသူများက သူ့အား ရန်လိုစွာကြည့်နေသည်ကို မြင်သောအခါ သူ့စိတ်ထဲတွင် ဝမ်းသာသွားသည်။
သို့သော် သူ့အမေက ရီမိသားစုဝင်အားလုံးကို ရှင်းပစ်ရမည်မဟုတ်လား။ ၄င်းတို့က ကောင်းမွန်စွာရှိနေကြသေးသည်။ ရီဖန်ကို ဖယ်ရှားလိုက်နိုင်လျှင် သူ့ရည်မှန်းချက်သည် ပြီးမြောက်သွားမည်ဖြစ်၏။ တဖက်သို့လှည့်လိုက်သည့်အခါ ရီဖန်က သူ့ကို စိတ်ဝင်တစားစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
နေတစ်ပိုင်းသူတော်စင်နောက်ကွယ်မှ ပုဂ္ဂိုလ်သည် ဆုံးဖြတ်ချက်ပြတ်သားလွန်းသဖြင့် ရီဖန်လည်း အနည်းငယ် အံ့သြသွားသည်။ ရီဖန် လှုပ်ရှားဖို့ကြိုးစားသည်နှင့် သူမသည် အဆက်အသွယ်တွေအားလုံးကို ဖြတ်ပစ်သည်။ သို့သော် နေတစ်ပိုင်းသူတော်စင်ရှိနေခြင်းကြောင့် ဆုံးရှုံးမှုတစ်ခုမဟုတ်ပေ။
နေတစ်ပိုင်းသူတော်စင်သည် အင်မော်တယ်သုတ်သင်ခြင်းဓားလေးချောင်း၏ ကြောက်မက်ဖွယ်စွမ်းအားကို ခံစားလိုက်ရသောကြောင့် ထိတ်လန့်သွားသည်။ ထိုကဲ့သို့သော စွမ်းအားကို သူ မခုခံနိုင်ပါ။ သူ့မိခင်၏သွေးအနှစ်တွင်ပါရှိသော စွမ်းအားများ ကုန်ဆုံးသွားသောကြောင့် ရီမိသားစုဝင်အားလုံးကို မချေမှုန်းနိုင်ခဲ့ခြင်းဖြစ်ရမည်။
နေတစ်ပိုင်းသူတော်စင်သည် ချက်ချင်းပင် နောက်ထပ် သွေးအနှစ်ကိုထုတ်ကာ နေမင်းမဟာသူတော်စင်ကို ထပ်မံခေါ်ရန်ကြိုးစားခဲ့သည်။ သို့သော် သွေးထဲတွင်ပါရှိသော အကန့်အသတ်မရှိစွမ်းအားက ရုတ်တရက်ပျောက်ကွယ်သွားသည်။ နေတစ်ပိုင်းသူတော်စင်သည် သူ၏နောက်ဆုံးသွေးအနှစ်ကို ထုတ်ယူလိုက်သော်လည်း မထူးခြားခဲ့ချေ။ သူသည် နေမင်းမဟာသူတော်စင်ကို ခေါ်ရန် စွမ်းအားမလုံလောက်တော့ပေ။
နေတစ်ပိုင်းသူတော်စင် အနည်းငယ်တွေဝေသွားသည်။ သွေးအနှစ်တွင်းရှိစွမ်းအားကို ချေဖျက်နိုင်သူမှာ ၎င်း၏ပိုင်ရှင်ဖြစ်သည်။ သူသည်စွန့်ပစ်ခံခဲ့ရပြီလား။ သူသည် ထိုအချက်ကိုလက်ခံရန် တွန့်ဆုတ်နေသော်လည်း အမှန်တရားကိုငြင်း၍မရပါ။
သူ့အမေ သူ့ကိုစွန့်ပစ်ခဲ့သည့် အကြောင်းကိုသာ စဉ်းစားနေမိသည်။ သူ့အရှေ့တွင်ရှိသော ရီဖန်ကြောင့်များလား။ ဤအချိန်တွင် ယုတ္တိမတန်သော ဖြစ်နိုင်ခြေအရှိဆုံးတစ်ချက်သာ ကျန်တော့သည်။ သူ့အမေသည် ရီဖန်ကိုကြောက်သောကြောင့် သူ့ကို စွန့်ပစ်ခဲ့ခြင်းဖြစ်မည်။
ရီဖန်ကိုလက်စားချေလိုသော အတွေးမှာ ရယ်စရာကောင်းသည်ဟု နေတစ်ပိုင်းသူတော်စင် တွေးနေမိသည်။ ရီဖန်သည် နေတစ်ပိုင်းသူတော်စင်ဆီသို့ တိုးလာကာ သူ့ရှေ့တွင်ရပ်လိုက်သည်။ ထို့နောက် သူ့လက်ကို ညင်သာစွာဆန့်ထုတ်လိုက်ကာ ခေါင်းပေါ်တင်လိုက်သည်။ ရီဖန်၏ဝိညာဉ်စွမ်းအားသည် သူ၏မှတ်ဉာဏ်ကိုရှာဖွေရန် နေတစ်ပိုင်းသူတော်စင် ၏ဝိဉာဉ်ပင်လယ်ထဲသို့ ကျူးကျော်ဝင်ရောက်ခဲ့သည်။
ရီဖန်သည် နေတစ်ပိုင်းသူတော်စင်၏နောက်ကွယ်ရှိအရာအား အလွန်သိချင်နေသည်။ ၄င်းက်ို၄င်း ထုတ်ဖော်မပြလျှင် ရီဖန်သည် ကိုယ်တိုင်စုံစမ်းရမည်။ ထိုအချိန်တွင် နေတစ်ပိုင်းသူတော်စင်၏စိတ်ဝိညာဉ်သည် စတင်ကျယ်ပြန့်လာပြီးနောက် ရုတ်တရက် ကွဲအက်သွားသည်။ ရီဖန်သည် ၎င်းကို ဟန့်တားခြင်းမပြုဘဲ ၄င်းစိတ်ဝိညာဉ်ကွဲသွားသည်ကို ငြိမ်သက်စွာ ကြည့်နေခဲ့သည်။
နေတစ်ပိုင်းသူတော်စင်၏နောက်ကွယ်ရှိအရာသည် ရီဖန်စုံစမ်းမည်ကို ကြောက်ရွံ့နေ၏။ သို့သော် အရေးမကြီးပါ။ မကြာမီတွင် သိလာရလိမ့်မည်။ ၄င်းမည်သူဆိုသည်ကို သေချာမသိသော်လည်း သူ့မှတ်ဥာဏ်ထဲတွင် စွဲမှတ်ထားလိုက်သည်။ နောက်တစ်ကြိမ် ထိုစွမ်းအားအသုံးချနိုင်သည့် သူတစ်ယောက်နှင့်တွေ့လျှင် ရီဖန်သည် သူ့ကို ချက်ချင်းမှတ်မိလိမ့်မည်။
ထိုစဉ် နေမင်းမဟာသူတော်စင်ဂိုဏ်း၏အတွင်းနယ်နိမိတ်တွင်:ကပ်သီလေးလွတ်မြောက်လာသော နေမင်းမဟာသူတော်စင်သည် နေတစ်ပိုင်းသူတော်စင်ကို အဆက်မပြတ် ကျိန်ဆဲလိုက်သည်။ ရီဖန်သည်သူမကို ရှာမတွေ့သေးကြောင်းကို ထပ်ခါတလဲလဲ အတည်ပြုပြီးနောက်တွင်သာ နေမင်းမဟာသူတော်စင် သက်ပြင်းတစ်ချက်ချနိုင်တော့သည်။
ပြဿနာကြီးကြီးမားမားမဟုတ်သော်လည်း ရီမိသားစု၏အရွက်တစ်ထောင်သူတော်စင်သည် သူ့နောက်ကွယ်တွင် ရှိနေ့သည့်အရာများကို စုံစမ်းဖော်ထုတ်ရန်လိုအပ်နေသည်။ နေမင်းမဟာသူတော်စင်သည်လည်း ထိုအလယ်အလတ် မဟာသူတော်စင်လက်နက်လေးခုကို လိုချင်နေ၏။
ဤအရွက်တစ်ထောင်သူတော်စင်၏နောက်တွင် သိသာထင်ရှားသော အင်အားမရှိလျှင် အခြားသူတော်စင်များသတိမထားမိစဉ် ထိုလက်နက်လေးခုကို သိမ်းဆည်းနိုင်မည်ဖြစ်သည်။ ရီဖန်ထံမှခြိမ်းခြောက်မှုများကို ရိပ်မိသော်လည်း သူမမကြောက်ပါ။ ကျင့်ကြံခြင်းသည် သဘာဝကို ဆန့်ကျင်ခြင်းဖြစ်သည်။
နေတစ်ပိုင်းသူတော်စင်ကို အနိုင်ယူခြင်းက ရီမိသားစု၏ကျင့်ကြံသူများကို မထိခိုက်စေခဲ့ပေ။ ရီမိသားစုသည် ပျက်စီးခြင်းပင်လယ်သို့ စတင်ရောက်သောအခါကဲ့သို့ ထိတ်လန့်ခြင်းမရှိတော့ပေ။ ထိုစဉ်က သူတော်စင်တစ်ဦးကပင် သူတို့ကို ကြောက်လန့်စေခဲ့သည်။ ယခုအခါ ၎င်းတို့တွင် နှောင်းပိုင်းသူတော်စင်အဆင့်ကျင့်ကြံသူ အမြောက်အများပင် ရှိနေပြီဖြစ်ရာ နှောင်းပိုင်းသူတော်စင် ရန်သူတစ်ဦးတည်းသည် ၎င်းတို့အတွက် ကြောက်စရာမဟုတ်တော့ပေ။
သူတော်စင်အစည်းအရုံးသာလျှင် ရီမိသားစုကို အလေးအနက်ထားဆောင်ရွက်စေနိုင်သည်။ မဟာမိတ်အဖွဲ့အစည်း၏ ဒုတိယအကြီးအကဲနှစ်ဦးလုံးသည် သူတော်စင်အဆင့်၏အထွတ်အထိပ်တွင်ရှိကြသည်။ ၄င်းတို့ဂိုဏ်းချုပ်က မဟာသူတော်စင်အစစ် ဖြစ်နိုင်သည်။ ၎င်းက မဟာသူတော်စင်အဆင့်တွင် ရှိသည်ဟု တရားဝင်ဖော်ပြချက်များ မရှိသော်လည်း ရီဖန်၏လေ့လာမှုအရ ပုန်းကွယ်နေသူများသည် ရင်ဆိုင်ရန် ခက်ခဲသူများသာ ဖြစ်ကြသည်။
ထို့ကြောင့် ရီမိသားစုသည် ယခုအချိန်ထိ သူတို့၏ အကာအကွယ်ကို ဆက်လက်ထားရှိနေခြင်းဖြစ်သည်။ ရီဖန်၏ကျင့်ကြံမှုအဆင့် မဟာသူတော်စင်အဆင့်မှ ကျော်လွန်သည့်အချိန်အထိ မတိုက်ခိုက်ဘဲစောင့်ခြင်းကသာ အကောင်းဆုံးဖြစ်မည်။ ထိုသို့ပြုလုပ်ခြင်းသည်သာ ပို၍လုံခြုံ၏။
ပန်ကုစကြာဝဠာ၊ ပျက်ဆီးခြင်းပင်လယ်နှင့် အထက်ပိုင်းနယ်မြေရှိ ရီမိသားစုဝင်များသည် ကျင့်ကြံခြင်းဖြင့် အလုပ်များနေကြသည်။ နောက်ဆုံးသတ်မှတ်ရက်ရောက်ရန် အနှစ်တစ်ထောင်သာ ကျန်တော့သည်။ သူတော်စင်အစည်းအရုံးကို စောင့်ဆိုင်းနေသော ပန်ကုစကြာဝဠာ၏ကျင့်ကြံသူများလည်းထိုနည်းတူပင်ဖြစ်သည်။ ၎င်းတို့သည် လွန်ခဲ့သောနှစ်တစ်ထောင်ခန့်က ပန်ကုစကြာဝဠာသို့ ဝင်ရောက်နိုင်ခဲ့သည်။
လက်ရှိ အင်အားကြီးနိုင်ငံအားလုံးနီးပါးသည် သူတော်စင်အစည်းအရုံးထဲ အဖွဲ့ဝင်ကိုယ်စီရှိကြသောကြောင့် ၄င်းတို့အတွက် ထိုသတင်းသည် လျှို့ဝှက်ချက်မဟုတ်တော့ပေ။ အချိန်ကျလာသောအခါ၊ ရီမိသားစုသည် သူတော်စင်အစည်းအရုံးထဲမှ အထွတ်အထိပ်အဆင့်ပုဂ္ဂိုလ်များကို မည်သို့ ခံနိုင်ရည်ရှိမည်နည်း။
ရီမိသားစုသည် ဤနှစ်များအတွင်း အံ့ဖွယ်အမှုများစွာကို ပြီးမြောက်အောင်မြင်ခဲ့သော်လည်း ဤအခြေအနေနှင့်ရင်ဆိုင်နိုင်မည်ဟု ယုံကြည်မှုမရှိကြပေ။ လက်ရှိပန်ကုစကြာဝဠာတွင် ရီမိသားစုမှလွဲ၍ သူတော်စင် တစ်ဒါဇင်ကျော်ပေါ်ထွန်းခဲ့သည်။ ၎င်းတို့သည် သူတော်စင်နယ်မြေသို့ရောက်သည်နှင့် ထိုအဆင့်တွင် ကျင့်ကြံရန် ပိုမိုခက်ခဲကြောင်းကို သဘောပေါက်လာကြသည်။
သူတော်စင်အဆင့်ကျင့်ကြံသူများသည် အချိန်နှစ်ရာထောင်ချီ သို့မဟုတ် သန်းပေါင်းများစွာဖြင့် တိုင်းတာသည်။ ရီမိသားစုခေါင်းဆောင်၏ အရည်အချင်းများနှင့်ပင်လျှင် နှစ်ထောင်အနည်းငယ်အတွင်း သူတော်စင်အစည်းအရုံးနှင့် ပြိုင်ဆိုင်နိုင်သည်အထိ ကျင့်ကြံနိုင်မည်မဟုတ်ပေ။ ရီမိသားစုသည် သူတော်စင်အစည်းအရုံးနှင့် ယှဉ်ပြိုင်နိုင်စွမ်းမရှိလျှင် ၎င်းတို့မည်သို့အဆုံးသတ်ကြမည်နည်း။
သူတော်စင်အစည်းအရုံးတွင်ပါဝင်ခဲ့သော ၎င်းတို့၏ဘိုးဘေးများထံတွင် ခိုလှုံရမည်လား။ သို့သော် သူတော်စင်အစည်းအရုံးက ၎င်းတို့ကို အမှန်တကယ်သက်ညှာပေးမည်လား။ ၎င်းတို့သည် ထိပ်တန်းအင်အားစုလေးခုကို သုတ်သင်စဉ်က ရီမိသားစုနှင့်အတူပါဝင်ခဲ့သည်။ ထိုလေးခုက သူတော်စင်အစည်းအရုံး၏အဖွဲ့ဝင်များဖြစ်သောကြောက့် ၄င်းတို့က ခွင့်လွှတ်နိုင်မည်လား။ ထိုမေးခွန်းများသည် မည်သူမျှမဖြေရဲသော မေးခွန်းများဖြစ်သည်။
သူတို့သည် တစ်ခဏအတွင်း သူတော်စင်အစည်းအရုံး၏ စစ်စွမ်းအားသူတော်စင်ထံမှ ဖမ်းဆီးခံလိုက်ရသည်။ အထွတ်အထိပ်သူတော်စင်အဆင့်၏ရောင်ဝါသည် စစ်စွမ်းအားသူတော်စင်ထံမှ ထွက်ပေါ်လာ၏။
"ရီမိသားစုရဲ့ ရီဖန်၊ မင်းရဲ့နောက်ဆုံးနှစ်ရာပိုင်းအတွက် ပြင်ဆင်ပြီးပြီလား" စစ်စွမ်းအားသူတော်စင်က ရေရွတ်လိုက်သည်။
"အစီရင်ခံပါတယ် သူတော်စင်၊ သူတို့ဘက်က တိုက်ခိုက်နေပါပြီ" အစောပိုင်းအဆင့်သူတော်စင်တစ်ဦးက ကမန်းကတန်း သတင်းပို့လာသည်။
၎င်းကိုကြားသောအခါ စစ်စွမ်းအားသူတော်စင်သည် မျက်ခုံးများကိုပွတ်သပ်နေမိသည်။ အကယ်၍ ၄င်းတို့သာ ပန်ကုစကြာဝဠာကို အာရုံမစိုက်ခဲ့လျှင် ပြဿနာများကြီးထွားလာခြင်းကို ရှောင်ကြဉ်ရန် ပင်လယ်နဂါးသူတော်စင်ကို တစ်ခါတည်းအပြီးသတ် တိုက်ခိုက်လိုက်ချင်သည်။
မဟာမိတ်အစည်းအရုံးအတွက် စကြဝဠာတစ်ခုလုံး၏သွေးဆောင်မှုသည် ကြီးမားလွန်းသည်။ ကျန်အရာများသည် ဒုတိယသာဖြစ်သည်။ ပင်လယ်နဂါးသူတော်စင်သည် ပြဿနာများ ဆက်တိုက်ပြုလုပ်လျက်ရှိသော်လည်း ၄င်းတို့က ပြန်လည်မတိုက်ခိုက်သေးချေ။
"ဘာတွေ ပျက်ဆီးသွားလဲ” စစ်စွမ်အားသူတော်စင်က မေးလိုက်သည်။
"အပျက်အဆီးမများပါဘူး။ ပင်လယ်နဂါးသူတော်စင်က ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး၊ သူက မဟာသူတော်စင်အဆင့်အရင်းအမြစ်တချို့ကိုဘဲ သိမ်းသွားတာ"
“ဒါဆိုလည်း ရှိပါစေ၊ ပန်ကုစကြဝဠာရဲ့ပြဿနာကို ဖြေရှင်းပြီးတာနဲ့ သူ့အလှည့်ပေါ့”
"သူတော်စင်အစည်းအရုံး ဂိုဏ်းချုပ် မကြာခင်ပြန်လာမယ်၊ တိုက်ပွဲအတွက်ပြင်ဆင်ပါ"
စကြာဝဠာကဲ့သို့ကျယ်ပြောသော နယ်မြေတစ်ခုကို သူတော်စင်အနည်းငယ်နှင့် ထိန်းချုပ်ရန်မဖြစ်နိုင်ပါ။ ထို့ကြောင့် ကြီးမားသောတပ်ဖွဲ့၏ ပံ့ပိုးကူညီမှုကို လိုအပ်သည်။ ရီရှောက်ဖန်သည် အရင်းအမြစ်များစွာကို အောင်မြင်စွာရရှိခဲ့သည်။ မြောက်မြားစွာသောဆေးလုံးများ သန့်စင်ရာတွင် ဤအရင်းအမြစ်များကို အသုံးပြုနိုင်သည်။
ရီမိသားစုမှ သူတော်စင်အဆင့်ကျင့်ကြံသူ အရေအတွက်သည် အမြဲတိုးများလာနေသောကြောင့် မဟာသူတော်စင်အဆင့်၏ ဆေးလုံးစားသုံးမှုမှာလည်း မြင့်တက်လာသည်။ ရီမိသားစုဝင်များသည် အရင်းအမြစ်များကိုစုဆောင်းရန် အပြည့်အဝကြိုးပမ်းနေကြသည်။
ရီရှောင်ဖန်ဘက်မှ သူတော်စင်အစည်းအရုံး၏ အရင်းအမြစ်များကို သိမ်းပိုက်ခြင်းက ၎င်းတို့၏စွမ်းအားကို အားနည်းသွားစေသည်။ သူတော်စင်အစည်းအရုံးမှကျင့်ကြံသူများ ပန်ကုစကြဝဠာသို့ ဝင်ရောက်လာသောအခါ ၎င်းတို့ကို အံ့အားသင့်စေမည်မှာ အသေအချာပင်ဖြစ်သည်။
ရီရှောင်ဖန်သည် စစ်စွမ်းအားသူတော်စင်၏စိန်ခေါ်ခြင်းကို ခံခဲ့ရသော်လည်း သူ့တွင်လျှို့ဝှက်အစီအစဉ် တစ်ခုရှိသည်။ ထို့ကြောင့် မဝေးတော့သည့်အနာဂတ်တွင် ၄င်းကို အနိုင်ယူရန် အခွင့်အရေးရလိမ့်မည်ဟု ယုံကြည်လျက်ရှိသည်။ ၄င်း၏မျက်နှာပေါ်မှ အံ့အားသင့်ဖွယ်ရှုံးနိမ့်သွားသည့်အချိန် တုံ့ပြန်မှုကို မြင်တွေ့ရန် စိတ်လှုပ်ရှားလျက်ရှိ၏။
…..
အခန်း ၄၇၇ - ထင်သလောက် မသန်မာသော မဟာသူတော်စင်
နေမင်းမဟာသူတော်စင်သည် အဖြစ်အပျက်များကို နားလည်ပြီးနောက်တွင် တစ်ခုခုလွဲနေသည်ဟု ခံစားလိုက်ရသည်။ သူတကယ်ပင် အတွေးလွန်နေသည်။ ကျုံးဖန်မြို့သည် မျိုးနွယ်စုတစ်ခုတည်း၏ အိမ်မဟုတ်ဘဲ ကြီးမားသောမိသားစုတစ်ခုဖြစ်သည်။ အင်အားကြီးမားသောအမွေခံတစ်ဦးသည် ကျုံးဖန်မြို့၌ အမှန်တကယ်လေ့ကျင့်နေပါက သူနှင့်အတူ တစ်မိသားစုလုံးကို မည်သို့ခေါ်ဆောင်နိုင်မည်နည်း။
မကြာခင်တွင် စုံစမ်းရန်စေလွှတ်ထားသည့်သူသည် တုန်လှုပ်ချောက်ချားစရာသတင်းတစ်ခုကို ယူလာခဲ့သည်။ ဤရီမိသားစုသည် အင်အားကြီးသော နောက်ခံမရှိပေ။ သူတို့ မဟာသူတော်စင်လက်နက်ကို ပိုင်ဆိုင်ရခြင်းသည် သူတို့ကိုယ်တိုင် သန့်စင်ထားတာကြောင့်ဖြစ်သည်။ ရီမိသားစုအတွင်း မဟာသူတော်စင်အဆင့် လက်နက်သန့်စင်ရေးသမားတစ်ဦး ရှိသည်။
ထိုသတင်းက နေမင်းမဟာသူတော်စင်ကို အလွန်အံ့အားသင့်စေသည်။ မဟာသူတော်စင်အဆင့် လက်နက်သန့်စင်ရေးသမားတစ်ဦးသည် မဟာသူတော်စင်လက်နက်များထက် များစွာ အဖိုးတန်သည်။ ထိုသို့သော လူတစ်ဦးသည် မဟာသူတော်စင်လက်နက်များ၏ အရင်းအမြစ်ပင်ဖြစ်သည်။ ဤလျှို့ဝှက်ချက်ကို ၄င်းသာလျှင် ယခုအချိန်အထိ သိနေပုံရသည်။
ထိုသတင်းကြောင့် နေမင်းမဟာသူတော်စင်သည် ဆောက်တည်ရာမဲ့လျက် ကျုံးဖန်မြို့သို့ ချက်ချင်းပင်ပြေးသွားခဲ့သည်။ သို့သော် နောက်ဆုံးတွင် သူ၏ဆင်ခြင်တုံတရားက လောဘကို ကျော်လွှားနိုင်ခဲ့၏။ ထိုသတင်းသည် မှန်ကန်ကြောင်း ထပ်ခါတလဲလဲ စုံစမ်းစစ်ဆေးပြီးနောက်အတည်ပြုနိုင်ခဲ့သည်။
ရီမိသားစု၏ အသန်မာဆုံးကျင့်ကြံသူမှာ မဟာသူတော်စင်အဆင့်လက်နက်သန့်စင်သူကိုပိုင်ဆိုင်သည့် အထွတ်အထိပ်သူတော်စင်ဖြစ်ဖွယ်ရှိသည်။
ယခုတွင် သူသည် ဤလျှို့ဝှက်ချက်ကိုသိသည့် တစ်ဦးတည်းသော မဟာသူတော်စင်ဖြစ်ပုံရသည်။ ထိုအချက်သည် ၄င်းအတွက် မဟာအခွင့်အရေးကြီးပင်ဖြစ်သည်။ ထိုသန့်စင်သူကို ထိန်းချုပ်နိုင်လျှင် ၄င်း၏ကျင့်ကြံမှုအဆင့်သည် အလွယ်တကူပင် မြင့်တက်လာနိုင်မည်ဖြစ်သည်။
နေမင်းမဟာသူတော်စင်သည် နေတစ်ပိုင်းသူတော်စင်ကို ပို၍ အမြင်ကြည်လာသည်။ ၄င်းကြောင့်သာမဟုတ်လျှင် ဤသတင်းထူးကို သူရရှိနိုင်မည်မဟုတ်ပါ။
“ကျုံးဖန်မြို့ကို ပိတ်ချလိုက်။ ဒီသတင်းကို အပြင်ကို မပျံ့စေချင်ဘူး”
သူမသည် ခေါင်းဆောင်တစ်ဦးဖြစ်သဖြင့် ၄င်းနောက်တွင် အထွတ်အထိပ်သူတော်စင်များစွာ ရှိသည်။ ယခုအချိန်တွင် ၄င်းသည် ရီမိသားစုတစ်ခုလုံးကို ထိန်းချုပ်ရန် စီစဉ်တော့မည်ဖြစ်သည်။ ထိုသတင်းကို ပေါက်ကြား၍ မဖြစ်ပါ။ ၄င်းသည် အစောပိုင်းမဟာသူတော်စင်အဆင့်သာ ရှိသေးသဖြင့် သတင်းပေါက်ကြားသွားလျှင် လက်နက်သန့်စင်သူကို ကာကွယ်နိုင်မည်မဟုတ်တော့ချေ။ ထို့ကြောင့် သူမ၏တပ်ဖွဲ့များဖြင့် ကျုံးဖန်မြို့သို့ တိတ်တဆိတ် ချီတက်လာကြသည်။
ကျုံးဖန်မြို့ရှိ ရီဖန်သည်ကျင့်ကြံနေရာမှ ရီမိသားစုသည် ပစ်မှတ်ထားခံနေရပြီဖြစ်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ မဟာသူတော်စင်အဆင့်သို့ရောက်ရှိခဲ့ခြင်းကြောင့် မကြာမီကတတ်မြောက်ခဲ့သောစွမ်းရည်များ သူ့ခေါင်းထဲတွင် ပေါ်လာလျက်ရှိသည်။ သူအံ့ဩသည်မှာ ထိုသို့ပစ်မှတ်ထားသူသည် မကြာမီက သူအနိုင်ယူခဲ့သော နေတစ်ပိုင်းသူတော်စင်၏ မိခင်ဖြစ်နေခြင်းဖြစ်သည်။
ထို နေမင်းမဟာသူတော်စင်သည် မဟာသူတော်စင်နယ်မြေရှိ အစွမ်းထက်သော ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သို့သော် သူမ၏စွမ်းအားသည် အထွတ်အထိပ်သူတော်စင်အဆင့်တွင်သာ ရှိသေးကြောင်း ရီဖန်သိရှိလိုက်သည်။ သူမသည် မဟာသူတော်စင်နယ်မြေမှ စွမ်းအားကြီးသူဖြစ်ကြောင်း မထင်ထားသည့်တိုင် ရီဖန်သည် နောက်ဆုတ်ရန် စိတ်ကူးမရှိပါ။
သူတော်စင်နယ်မြေရှိကျင့်ကြံသူများ၏စွမ်းအားသည် သူထင်ခဲ့သလောက် မကြီးမားချေ။ ထို့ကြောင့် သူ့အနေဖြင့် စမ်းသပ်တိုက်ခိုက်ကြည့်လိုသည်။ အကယ်၍ မဟာသူတော်စင်နယ်မြေရှိကျင့်ကြံသူများသည် ထိုမျှသာအစွမ်းထက်လျှင် သူတော်စင်အစည်းအရုံးနှင့် ရင်ဆိုင်ရန် လွန်စွာခက်ခဲမည် မဟုတ်တော့ပေ။
ရီမိသားစု၏ကျင့်ကြံသူများ ချက်ချင်း စုစည်းလိုက်ကြသည်။ ရီဖန်၏အမိန့်သည် တစ်မြို့လုံးသို့ ပျံ့နှံ့သွားပြီး ကျင့်ကြံသူများလည်း နိုးကြားသွားကြသည်။ အရှေ့ပင်လယ်သူတော်စင်များကဲ့သို့ စွမ်းအားကြီးကျင့်ကြံသူများနှင့် ရင်ဆိုင်စဉ်ကလည်း ရီမိသားစုသည် များစွာအင်အား မစိုက်ထုတ်ခဲ့ရချေ။
မကြာမီတွင် ရီမိသားစု၏ကျင့်ကြံသူများသည် မြို့ရိုးအနှံ့တွင် နေရာယူလိုက်ကြကာ ရောက်ရှိလာမည့် ရန်သူကို စောင့်စိုင်းနေကြသည်။ ရီမိသားစုဝင်များသည် ရီဖန်၏အမိန့်ကို အလုံးစုံယုံကြည်ကြသည်။ အရှေ့တွင် ရန်သူရှိသည်ဟု ရီဖန်ပြောလျှင် သေချာပေါက်ရန်သူရှိမည်ဟု ယုံကြည်ကြသည်။ သူ၏စကားများသည် နှစ်များစွာကြာသည်အထိ ချွင်းချက်မရှိမှန်ကန်ဆဲဖြစ်သည်။
သူတို့ ကြာကြာစောင့်ရန်မလိုလိုက်ဘဲ နေမင်းမဟာသူတော်စင်၏တပ်ဖွဲ့များသည် ကျုံးဖန်မြို့အပြင်သို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။ တပ်ဖွဲ့နှစ်ခုလုံးသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ မြင်သွားကြသည်။
“ရီမိသားစုတွေက ငါတို့လာမှာကို ကြိုသိနေတာလား”
နေမင်းမဟာသူတော်စင်သည် ညည်းညူမိသည်။ ၄င်းတို့ရောက်ရှိလာမည်ကို ရီမိသားစုက ကြိုသိနေခြင်းလား သို့မဟုတ် အခြားအကြောင်းအရာတစ်ခုကြောင့် ထို့သို့ဖြစ်နေခြင်းလား ဟုတွေးနေမိသည်။ ရလဒ်သည် မည်သို့ပင်ဖြစ်စေ ကောင်းမွန်စွာအဆုံးသတ်မည်မဟုတ်ပေ။
သူတို့ထိုသို့ တည်ငြိမ်နေခြင်းသည် စစ်ကူရှိ၍များလားဟု နေမင်းမဟာသူတော်စင် တွေးမိသည်။ ၄င်းတို့စထွက်စဉ်က ပြင်းထန်ခဲ့သော ယုံကြည်မှုသည် တိုက်ပွဲသို့ရောက်သောအခါ အနည်းငယ် ကျဆင်းလာသည်။ ရီမိသားစုသည် ၄င်းထင်ထားသကဲ့သို့ ချေမှုန်းရန် လွယ်ကူမည် မဟုတ်ပါ။ သို့သော် ဒီအထိချီတက်ပြီးဖြစ်၍ လက်ဗလာဖြင့် ပြန်ဆုတ်ရန်လည်းမဖြစ်နိုင်တော့ချေ။
မဟာသူတော်စင်တစ်ဦးဖြစ်သည့်အတွက် ၄င်း၏ဆုံးဖြတ်ချက်သည် မယိမ်းမယိုင်ရှိနေသည်။ ဆုံးဖြတ်ချက်အမှားကိုပြုလုပ်ခဲ့မည်ဆိုလျှင်တောင် နောက်ဆုတ်မည်မဟုတ်ပါ။
“ မင်းတို့သာ မဟာသူတော်စင်အဆင့် လက်နက်သန့်စင်သူကို ငါတို့ဆီအပ်ရင် မင်းတို့အသက်ကို ချမ်းသာပေးမယ်”
နေမင်းမဟာသူတော်စင်သည် ရီဖန်အားစိုက်ကြည့်လျက် ပြောလိုက်သည်။
ရီဖန် သက်ပြင်းချလိုက်သည်။ သူထင်သလိုပင် မဟာသူတော်စင်အဆင့် လက်နက်သန့်စင်သူကို လျှို့ဝှက်ထားရန်မှာ မဖြစ်နိုင်ချေ။ သို့သော် ထိုအချက်သည် လျှို့ဝှက်ချက်မဟုတ်တော့သဖြင့် ဖုံးကွယ်ထားရန်အကြောင်းအရင်း မရှိတော့ပေ။ မည်သို့ပင်ဖြစ်စေ၊ ရီမိသားစု၏ မဟာသူတော်စင်အဆင့်လက်နက်များသည် ပိုလျှံနေပြီဖြစ်သဖြင့် ယခုအခါတွင် ထိုလက်နက်များကို အလဲအလှယ်လုပ်နိုင်တော့မည်ဖြစ်သည်။
“မင်းသာ ငါ့တို့ရဲ့ လက်နက်သန့်စင်သူကို လိုချင်တယ်ဆိုရင် သူ့ရဲ့အမြင်ကို တစ်ချက်ကြည့်ကြရအောင်”
ထို့သို့ကြားသည်နှင့် နေမင်းမဟာသူတော်စင်၏မျက်လုံးများသည် အရောင်တောက်လာသည်။ ရီမိသားစုတွင် ထိုလက်နက်သန့်စင်သူရှိသည် ဆိုသော အချက်ကို ရီဖန်သည် မငြင်းပါ။ သူမ၏နောက်မှ နေမင်းကြီးထွက်ပေါ်လာခြင်းနှင့်အတူ အပူချိန်သည်လည်း အနည်းငယ်မြင့်တက်လာသည်။
ထိုအပူချိန်အောက်တွင် အလယ်ကမ္ဘာတစ်ထောင်သည် တစ်ခဏအတွင်း ပျောက်ကွယ်သွားမည်ဟုထင်ရ၏။ မဟာသူတော်စင်အဆင့်ကျင့်ကြံသူသည် အမှန်တကယ် အစွမ်းထက်လှသည်။
…………