အခန်း ၄၈၁-၄၈၃
Vol. 33 Ch. 481-483
အခန်း ၄၈၁- ရီမိသားစု၏ အင်အား
၎င်းတို့သည် အနောက်ပိုင်းဒေသရှိ မိသားစုငယ်တစ်ခုသာဖြစ်သည်။ သူတော်စင်အစည်းအရုံးက ၎င်းတို့ထံ ကြီးမားသောအင်အားဖြင့် ချီတက်လာခြင်းကပင် ၎င်းတို့အတွက် ဂုဏ်ယူစရာဖြစ်သင့်သည်။ သို့သော် ၎င်းတို့၏ကံကြမ္မာက ဤနေရာ၌ အဆုံးသတ်ပြီဖြစ်၏။
နောက်အခိုက်အတန့်တွင် အထွတ်အထိပ်သူတော်စင်ကျင့်ကြံမှုအဆင့်ရှိသော စစ်စွမ်းအားသူတော်စင်သည် သူ၏လက်နက်ကို ကိုင်စွဲလျက် ရီမိသားစု၏အဖွဲ့ဝင်တိုင်းကို တစ်ချက်တည်းဖြင့် သုတ်သင်ပစ်ရန် ချိန်ရွယ်ထားသည်။
"ငါနဲ့ ဘယ်သူသွားမလဲ"
ဓားတစ်သောင်းဘိုးဘေးသည် သူ့ဘေးရှိ ဗောဓိဘိုးဘေးကို လှည့်၍မေးလိုက်သည်။
"ငါသွားမယ်"
နောက်ဆုံးတွင် အထွတ်အထိပ်သူတော်စင်နှင့် လက်ရည်တူ တိုက်ခိုက်ရမည့်လူပေါ်လာပြီဖြစ်သည်။ ဗောဓိဘိုးဘေး၏ပုံရိပ်သည် ချက်ခြင်းပင် စစ်စွမ်းအားသူတော်စင်ရှေ့တွင် ပေါ်လာသည်။
"ငါက မင်းရဲ့ရန်သူပဲ”
ဗောဓိဘိုးဘေးသည် နှောင်းပိုင်းသူတော်စင်တစ်ယောက်၏ အရှိန်အဟုန်ဖြင့် စစ်စွမ်းအားသူတော်စင်၏ရောင်ဝါကို ချက်ချင်းတွန်းလှန်လိုက်သည်။ နှောင်းပိုင်းသူတော်စင်အဆင့်ကို မြင်သောအခါ စစ်စွမ်းအားသူတော်စင်၏အမြင် ပြောင်းလဲသွားသည်။ သူသည် ရီမိသားစုတွင် နှောင်းပိုင်းသူတော်စင် ရှိနေခြင်းကို အံ့ဩနေ၏။
စစ်စွမ်းအားသူတော်စင်သည် ရီမိသားစုက်ို ဖွံ့ဖြိုးတိုးတက်ရန် အချိန်လုံလောက်စွာမပေးခဲ့မိကြောင်း သတိရလိုက်မှသာ စိတ်သက်သာရာရသွားသည်။ မဟုတ်လျှင် ၄င်းတို့ ဒုက္ခအကြီးအကျယ် ရင်ဆိုင်ရလိမ့်မည်။ နှောင်းပိုင်းသူတော်စင်တစ်ဦးကတော့ သူတော်စင်အစည်းအရုံးအတွက် စိုးရိမ်စရာမဟုတ်ပေ။ သူ့ကိုအနိုင်ယူပြီး ရီမိသားစု၏မျှော်လင့်ချက်ကို ဖျက်ဆီးပစ်မည်။
စစ်စွမ်းအားသူတော်စင်ဆင့်ခေါ်လိုက်သည့် ဆင့်ခေါ်လိုက်သဖြင့် မရေမတွက်နိုင်သော စစ်သည်များသည် ဗောဓိဘိုးဘေးများကို သတ်ဖြတ်ရန် ၄င်း၏နောက်ကွယ်မှ ထွက်ပေါ်လာသည်။ ဤစစ်သားများသည် သာမန်သက်ရှိများမှ စစ်သားအဖြစ်သို့ ပြောင်းလဲခြင်းခံလိုက်ရသူများဖြစ်ကာ ၎င်းတို့ထဲတွင် သူတော်စင်အနည်းငယ်လည်း ပါရှိသည်။ ဤမျှအင်အားသည် နှောင်းပိုင်းသူတော်စင်များနှင့် ရင်ဆိုင်ရန် လုံလောက်သည်။
ထိုအုပ်စုကြီးကို မြင်လိုက်ရဖြင့် ဗောဓိဘိုးဘေးသည် ရုတ်တရက် စိတ်ဝင်စားသွားသည်။ သူသည် အဖွဲ့လိုက် တိုက်ခိုက်ခြင်းတွင် အလွန်ကျွမ်းကျင်သည်။
"မျိုးစေ့တွေ စစ်သားအဖြစ် အသွင်ပြောင်းစမ်း"
ဗောဓိဘိုးဘေး၏လက်ဝှေ့ယမ်းခြင်းအောက်တွင် ပြန့်ကျဲသွားသောပဲစေ့များသည် မြေပြင်ပေါ်သို့ကျလာပြီး အညှောက်ပေါက်ကာ စစ်သည်များအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲလာသည်။ ၎င်းတို့သည် လက်နက်များကိကိုင်စွဲလျက် စစ်စွမ်းအားသူတော်စင် ဆင့်ခေါ်ထားသော စစ်သားများထံ ချီတက်လာကာ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။
အချိန်အတော်အကြာထိ အရှုံးအနိုင် မသဲကွဲပေ။ ဗောဓိဘိုးဘေး၏တုံ့ပြန်မှုက စစ်စွမ်းအားသူတော်စင်ကို တုန်လှုပ်သွားစေသည်။
"ဒါဆိုရင် ငါကိုယ်တိုင် တိုက်ခိုက်ရတော့မှာဘဲ!"
ထိုသို့ဖြင့် စစ်စွမ်းအားသူတော်စင်သည် ဗောဓိဘိုးဘေးအားသတ်ရန် ၄င်း၏သူတော်စင်လက်နက်ကို ထိန်းချုပ်၍ ပစ်လွှတ်လိုက်သည်။ လက်ရှိအခြေအနေသည် စစ်ကြိုတိုက်ပွဲကဲ့သို့ ရှိနေသည်။ စစ်စွမ်းအားသူတော်စင်သည် ပန်ကုစကြဝဠာရှိ ကျင့်ကြံသူများကို သတ်ဖြတ်၍ ၄င်းတို့၏ တိုက်ပွဲဝင်လိုသော ဆန္ဒကိုချေမှုန်းလိုသည်။
စစ်စွမ်းအားသူတော်စင်၏ တိုက်ခိုက်မှုကိုခံလိုက်ရသော ဗောဓိဘိုးဘေးသည် ဒေါသထွက်သွားသည်။ သူသည်လည်း မဟာသူတော်စင်လက်နက်ဖြင့် ပြန်လည်တိုက်ခိုက်သည်။ အလယ်အလတ်အဆင့်ရှိ မဟာသူတော်စင်လက်နက်သည် ဗောဓိဘိုးဘေး၏လက်ထဲမှ ထွက်ပေါ်လာသည်။
စစ်စွမ်းအားသူတော်စင်၏ စိတ်ထဲတွင် မေးခွန်းတစ်ခုပေါ်လာသည်။ ဤသေးငယ်သောပန်ကုစကြာဝဠာတွင် အလယ်အလတ်အဆင့်ရှိ မဟာသူတော်စင်လက်နက် မည်သို့ရှိနေသနည်း။ စစ်စွမ်းအားသူတော်စင်သည် မူလက ထိုလက်နက်သည် အလယ်အလတ်အဆင့်မဟာသူတော်စင်လက်နက်ဟု မထင်သော်လည်း အကြိမ်ကြိမ် အတည်ပြုပြီးနောက်တွင် ၄င်းရှေ့ရှိ ရီမိသားစုမှ နှောင်းပိုင်းအဆင့်သူတော်စင်တွင် အလယ်အလတ်အဆင့်ရှိ သူတော်စင်လက်နက် အမှန်တကယ်ရှိနေသည်ကို အတည်ပြုလိုက်နိုင်သည်။
သူမနာလိုဖြစ်သွားသည်။ သူတော်စင်နယ်မြေသို့ ဖြတ်သန်းပြီးသော ၎င်းတို့၏မဟာမိတ်ဂိုဏ်းချုပ် သည်ပင်လျှင် အဆင့်နိမ့်မဟာသူတော်စင်လက်နက်ကိုသာ အသုံးပြုသည်။ စကြဝဠာငယ်တစ်ခုရှိ မိသားစုငယ်လေးတစ်ခု၏ ကျင့်ကြံသူတွင် အလယ်အလတ်အဆင့်ရှိမဟာသူတော်စင်လက်နက်ရှိနေခြင်းကို မယုံကြည်နိုင်ဖြစ်နေသည်။
အရေးကြီးဆုံးအချက်မှာ သူသည် မည်သည့်ရည်ရွယ်ချက်ဖြင့် ထိုလက်နက်ကို ထုတ်ဖော်ပြသသနည်း။ အကယ်၍ သူသာမပြသပါက စစ်စွမ်းအားသူတော်စင်သည် ထိုလက်နက်ကို ရယူရန် အခွင့်အရေးရှိမည်။ သို့သော် ယခုအခါ လူတိုင်းမြင်ဖူးပြီဖြစ်သဖြင့် ဂိုဏ်းချုပ်သည်လည်း ၎င်းကို ရယူချင်လိမ့်မည်။
“သူတို့အားလုံး သေသင့်တယ်”
စစ်စွမ်းအားသူတော်စင်သည် ဒေါသများ ပြင်းထန်လာကာ သတ်ဖြတ်လိုစိတ်ဖြင့် ဗောဓိဘိုးဘေးထံ ပြေးလာခဲ့သည်။ အထက်တွင်ရှိသော သူတော်စင်အစည်းအရုံးမှ အခြားသော သူတော်စင်များသည်လည်း ဗောဓိဘိုးဘေး၏လက်နက်ကို မြင်သဖြင့် ကိုယ်စီအတွေးများ ဝင်လာကြသည်။ သို့ရာတွင် ထိုလက်နက်သည် ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ကောင်းစွာသိသောကြောင့် ၄င်းတို့သည် ဒေါသမထွက်ကြပါ။
စိတ်မသက်မသာခံစားရသူများမှာ ဒုဂိုဏ်းချုပ်နှစ်ဦးသာဖြစ်သည်။ ၄င်းတို့သည် အခွင့်အရေးရလျှင် ထိုလက်နက်ကို လိုချင်ကြသည်။ ကံမကောင်းစွာပင် ယခုအခါ ဂိုဏ်းချုပ်သည် ထိုလက်နက်ကို သတိပြုမိသဖြင့် ၄င်းတို့အတွက် သိမ်းထားရန် မဖြစ်နိုင်တော့ပေ။ တိုက်ပွဲမပြီးသေးသော်လည်း ဤအလယ်အလတ်အဆင့်မဟာသူတော်စင် လက်နက်ကို ၎င်းတို့၏ သူတော်စင်အစည်းအရုံး ပိုင်အဖြစ် သတ်မှတ်ပြီးဖြစ်သည်။
သို့သော် နောက်ဆက်တွဲတိုက်ပွဲသည် ၎င်းတို့၏မျှော်လင့်သလို ဖြစ်မလာခဲ့ချေ။ မူလက အလယ်အလတ်အဆင့်မဟာသူတော်စင် လက်နက်ဖြင့်ပင်ဖြစ်စေ အချိန်အနည်းငယ်ကြာလျှင် ဗောဓိဘိုးဘေးသည်သာ ရှုံးနိမ့်မည်ဟု ထင်ခဲ့ကြသည်။ တစ်ယောက်သည် နှောင်းပိုင်းသူတော်စင်ဖြစ်ပြီး နောက်တစ်ယောက်သည် အထွတ်အထိပ်သူတော်စင်ဖြစ်သည်။ ထို့အပြင် သေးငယ်သောနေရာမှ နှောင်းပိုင်းသူတော်စင်၏တိုက်ခိုက်ရေးစွမ်းရည်သည် သူတော်စင်အစည်းအရုံး၏ကျင့်ကြံသူလောက် ကောင်းမွန်မည်မဟုတ်ဟုသာ ထင်ကြသည်။
တဖြည်းဖြည်းနှင့် ၄င်းတို့သည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိလာသည်။ ဗောဓိဘိုးဘေးသည် စစ်စွမ်းအားသူတော်စင်အား ဦးဆောင် တိုက်ခိုက်နိုင်နေသည်။ စစ်စွမ်းအားသူတော်စင်သည် ပို၍ပင်ပန်းနေပြီး ၄င်းမည်သို့ တိုက်ခိုက်သည်ဖြစ်စေ ဗောဓိဘိုးဘေးအား ခြိမ်းခြောက်မှု မပြုနိုင်ဖြစ်နေသည်။ ဆန့်ကျင်ဘက်အနေနှင့် ဗောဓိဘိုးဘေးသည် အလယ်အလတ်အဆင့်ရှိသူတော်စင်လက်နက်၏ အကူအညီဖြင့် ၄င်းကို အသာစီးဖြင့် အဆက်မပြတ်တိုက်ခိုက်နေသည်။
ထိုသို့ ဆက်ဖြစ်နေမည်ဆိုလျှင် စစ်စွမ်းအားသူတော်စင် ရှုံးနိမ့်နိုင်သည်။ စစ်စွမ်းအားသူတော်စင်သည် ရှုံးနိမ့်နေခြင်းကို မယုံကြည်နိုင်ဖြစ်နေသော်လည်း တိုးလာနေသော ဖိအားများသည် အမှန်ဖြစ်ကြောင်း ၄င်းအား သက်သေပြနေသည်။ မဟာမိတ်ဂိုဏ်းချုပ်သည် ဤတိုက်ပွဲကို လျှို့ဝှက်စွာ စောင့်ကြည့်နေမည်ဖြစ်ကြောင်း ၄င်းသိသဖြင့် အရှုံးမပေးနိုင်ဖြစ်နေသည်။
အကယ်၍ ၄င်းရှုံးသွားခဲ့ပါက ဂိုဏ်းချုပ်သည် သေချာပေါက် အထင်သေးမည်ဖြစ်သည်။ သူတော်စင်အစည်းအရုံးသည် စကြဝဠာနှစ်ခုကိုသိမ်းပိုက်ပြီးချိန်တွင် ၄င်းသာ ဂိုဏ်းချုပ်၏ တန်ဖိုးထားခြင်းမခံရပါက မဟာသူတော်စင်နယ်ပယ်ကို နောက်တစ်ကြိမ် ဖောက်ထွင်းဝင်ရောက်ရန် အခွင့်အရေးရှိနိုင်မည်မဟုတ်ပါ။
……..
အခန်း ၄၈၂ - ရီမိသားစု၏ အင်အား
သူတော်စင်အစည်းအရုံးသည် အလွန်လက်တွေ့ကျသော နေရာတစ်ခုဖြစ်သည်။ ၄င်းတို့အတွက် အကျိုးမရှိသူအား အခွင့်အရေးမပေးပါ။ ၎င်းကို တွေးမိသဖြင့် စစ်စွမ်းအားသူတော်စင်သည် အံကိုကြိတ်ကာ အဆုံးထိ တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်သည်။
၄င်းဆင့်ခေါ်ထားသော ကျင့်ကြံသူများသည် စစ်စွမ်းအားသူတော်စင်ရှိရာသို့ တဖြည်းဖြည်း ဆုတ်ခွါလာခဲ့ကြသည်။ ထို့နောက်တွင် ၄င်းတို့သည် စစ်စွမ်းအားသူတော်စင်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းသွားကြသည်။ ၄င်း၏ ခန္ဓာကိုယ်ပေါ်တွင် ရှုံ့မဲ့နေသော မျက်နှာများ တစ်ခုပြီး တစ်ခုပေါ်လာသဖြင့် ၄င်းအားကြည့်ရှုနေသူများကိုပင် နှလုံးတုန်စေသည်။
ဤလျှို့ဝှက်နည်းပညာသည် ကောင်းမွန်သောအရာမဟုတ်ပေ။ သို့သော် စစ်သားများနှင့် ပေါင်းစည်းလိုက်သောအခါတွင် စစ်စွမ်းအားသူတော်စင်၏ အရှိန်အဟုန်သည် အဆက်မပြတ် တိုးလာသည်။ ၎င်းက အချိန်တိုအတွင်း အင်အားနှစ်ဆနီးပါး တိုးလာခဲ့သည်။
"အခု မင်းငါ့ကိုဘာနဲ့တိုက်မှာလဲ"
တိုးမြှင့်ထားသော စွမ်းအားသည် ၄င်းအား ယုံကြည်မှု တိုးလာစေသည်။ ၄င်း၏စွမ်းအားကို မြှင့်တင်နိုင်သရွေ့ လျှို့ဝှက်နည်းပညာကြောင့် စက်ဆုပ်ရွံရှာဖွယ်ဖြစ်နေသည်ကိုပင် ၄င်းဂရုမစိုက်တော့ပါ။
ဗောဓိဘိုးဘေးသည်လည်း ထိုရွံရှာဖွယ်ကောင်းသောရောင်ဝါစွန်းထင်းမည်ကို စိုးရိမ်၍ အလျင်အမြန် ဆုတ်ခွာလေသည်။ စစ်စွမ်းအားသူတော်စင်သည် သူတော်စင်ပင်ဖြစ်သော်လည်း ဂုဏ်သိက္ခာကို မငဲ့တော့ချေ။ ထိုသို့ စက်ဆုပ်ဖွယ်လျှို့ဝှက်နည်းပညာကို အသုံးမပြုသင့်။
ဗောဓိဘိုးဘေးသည် စွမ်းအားမြှင့်တင်ရန် သူတော်စင်ဖိတ်ခေါ်ခြင်းဥပဒေအား လက်တစ်ဖက်ဖြင့်ပုံဖော်၍ ရီဖန်၏စွမ်းအားကို တောင်းဆိုလိုက်သည်။
စစ်စွမ်းအားသူတော်စင်ထက် အားနည်းနေသောသူ၏ရောင်ဝါသည် ချက်ချင်း ကြီးထွားလာပြီး ၄င်းထက်ပင် လျင်မြန်စွာကျော်လွန်သွားသည်။
ဗောဓိဘိုးဘေးတစ်ယောက်အနေဖြင့် မိမိကိုယ်ကို အရှက်ရစေမည့် လျှို့ဝှက်နည်းလမ်းကို အသုံးပြုခြင်းသည် ဂုဏ်သိက္ခာမဲ့ခြင်းဖြစ်သည်။ လျှို့ဝှက်နည်းပညာကို အသုံးပြုသည်ပင်ဖြစ်စေ ခန့်ညားနေသင့်သည်။ အမှန်တော့ သူသည် သူ၏တပည့်၏ စွမ်းအားကိုသာ ငှါး၍အသုံးပြုနေခြင်း ဖြစ်သဖြင့် လှည့်စားခြင်းမဟုတ်ပေ။
လျှို့ဝှက်နည်းစနစ်ကို အသုံးမပြုစဉ်က ဗောဓိဘိုးဘေး၏ စွမ်းအားသည် မဟာသူတော်စင်ထက် အားနည်းသည်။ ယခုနှစ်ဦးစလုံးအသုံးပြုပြီးချိန်တွင် ဗောဓိဘိုးဘေးသည် စစ်စွမ်းအားသူတော်စင်ထက် ကျော်လွန်သွားသည်။ ၄င်း၏ တိုက်ခိုက်ချက်များသည် ဗောဓိဘိုးဘေးအား မထိခိုက်သည်ကို မြင်သောအခါတွင် မဟာသူတော်စင်သည် အံကြိတ်မိလျက် ဘိုးဘေးဗောဓိအား သတ်ချင်စိတ်များ ပြင်းထန်လျက်ရှိကာ ထိုသို့အနိုင်ကျင့်ခံရခြင်းကို မခံရပ်နိုင်လျက်ရှိသည်။
ဤသို့ဖြစ်မည်ကိုသာ သိခဲ့လျှင် ၄င်းသည် လျှို့ဝှက်နည်းပညာကို အသုံးချမည်မဟုတ်။ ထိုသို့အဆင့်မြှင့်ခြင်းသည်ပင် ၄င်း၏ ရှုံးနိမ့်မှုအား အနည်းငယ်သာ ထိန်းထားနိုင်သလိုဖြစ်နေ၍ အရှက်ရဖွယ် ဖြစ်နေသည်။
သူတော်စင်အစည်းအရုံး၏ ကျင့်ကြံသူများသည် တစ်ခုခုလွဲချော်နေသည်ကို သတိပြုမိသည်။ ၄င်းတို့၏ မဟာသူတော်စင်ဗိုလ်ချုပ်ကြီးက ကျရှုံးတော့မည်။ ထိုအချက်သည် လက်ခံနိုင်ဖွယ်မရှိသည့်အပြင် သူတော်စင်အစည်းအရုံး၏ အစီအစဉ်နှင့် မကိုက်ညီနေချေ။
သူတော်စင်အစည်းအရုံးသည် ပန်ကုစကြဝဠာ၏ ယုံကြည်မှုကို တိုက်ရိုက်ချေမှုန်း၍ အညံ့ခံလာစေရန် ရည်ရွယ်ထားသည်။ အစတွင်ပင် ၄င်းတို့၏ အထွတ်အထိပ်သူတော်စင်သည် နှောင်းပိုင်းသူတော်စင်တစ်ဦးအား ရှုံးနိမ့်ခဲ့ပါက အညံ့ခံလာစေရန် လုပ်နိုင်မည်မဟုတ်တော့ပေ။ ပန်ကုစကြဝဠာကို သိမ်းပိုက်နိုင်ခဲ့လျှင်ပင် ၄င်းတို့နဂိုထင်ထားသလို လွယ်ကူမည်မဟုတ်ဘဲရှိသည်။
"ခရမ်းရောင်မိုးကြိုး၊ မင်းအလှည့်ပဲ"
သူတော်စင်အစည်းအရုံးသည် အထွတ်အထိပ်သူတော်စင်အဆင့် အနည်းငယ်သာရှိသောကြောင့် ၎င်းတို့၏ဒုဂိုဏ်းချုပ်နှစ်ဦးသည် အစတွင် ဝင်ရောက် မတိုက်ခိုက်ကြသေးကြောင့် အနည်းငယ်အားနည်းသော ခရမ်းရောင်မိုးကြိုးသူတော်စင်ကိုသာ စစ်တိုက်ရန် စေလွှတ်ခဲ့သည်။
ရီမိသားစုတွင် ဗောဓိဘိုးဘေးတစ်ဦးသာ ရှိသည်ဟု ၄င်းတို့ထင်သည်။ ထို့ကြောင့် ၄င်းတို့ဖက်မှအထွတ်အထိပ်သူတော်စင် နောက်တစ်ယောက်ရောက်လာလျှင် ရီမိသားစုသည် သေချာပေါက် ရှုံးနိမ့်မည်ဟု ထင်ထားသည်။ ၄င်းတို့သည် ထိုသို့ယုံကြည်မှုမလွန်ကဲသင့်ချေ။ ထိုစဉ်ရီမိသားစုဘက်မှ ဓားတစ်သောင်းဘိုးဘေးက မထီမဲ့မြင်ဖြင့် အော်ဟစ်လိုက်သည်။
"ဗောဓိ၊ ဒီကောင့်ကိုလည်း မင်းမထိန်းနိုင်ဘူးလား၊ အထွတ်အထိပ်သူတော်စင် တစ်ယောက်ထဲကို တိုက်တာ အချိန်အတော်ကြာတာဘဲ"
သူတော်စင်အစည်းအရုံးဘက်မှ အခြားအထွတ်အထိပ်သူတော်စင်တစ်ယောက် ထွက်လာသည်ကိုမြင်သောအခါ ဓားတစ်သောင်းဘိုးဘေးသည် စိတ်မရှည်ဖြစ်လာသည်။
"အခုငါ့အလှည့်ဘဲ"
အခြားမည်သူမျှ ကန့်ကွက်ခြင်းမရှိခဲ့ပါ။ ၎င်းတို့အားလုံးသည် အကြီးအကဲလူအိုကြီးများ ဖြစ်သည့်အတွက် ထိုလူကြီးများ စိတ်အားထက်သန်နေသဖြင့် မျိုးဆက်သစ်လူငယ်များသည် သူတို့၏စိတ်ဓာတ်ကို မတားဆီးကြချေ။
ခရမ်းရောင်မိုးကြိုးသူတော်စင်သည် စစ်စွမ်းအားသူတော်စင်ဘက်မှ ဝင်ရောက်တိုက်ခိုက်သည့်အချိန်တွင် ဓားတစ်သောင်းဘိုးဘေးသည်လည်း ဗောဓိဘိုးဘေးဘက်မှ ဝင်ရောက်တိုက်ခိုက်သည်။
"လေးဆယ့်ကိုးချောင်းမြောက်ဓား"
ဓားတစ်သောင်းနည်းလမ်းသည် နှစ်အတော်ကြာ တိုးတက်မှုမရှိခဲ့သော်လည်း ဓားတစ်သောင်းဘိုးဘေးက သူ၏သတ်ဖြတ်ခြင်းနည်းပညာကို ဦးစွာဖော်ထုတ်လိုက်သည်။ ၄င်း၏ကျင့်ကြံမှုအဆင့်ကို သူတော်စင်အစည်းအရုံး၏ဘက်မှလူများ အာရုံခံမိသောအခါ ထုံကျင်လာသည်။ သူသည်လည်း ရီမိသားစုမှ အလယ်အလတ်အဆင့်မဟာသူတော်စင်လက်နက်ကို ကိုင်ဆောင်ထားသော အခြားနှောင်ပိုင်းအဆင့်သူတော်စင်တစ်ဦးဖြစ်သည်ကို သိကြသောအခါ ၄င်းတို့မယုံကြည်နိုင်ဖြစ်နေကြသည်။
ဓားတစ်သောင်းဘိုးဘေးသည် ဗောဓိဘိုးဘေးထက်ပင် ပို၍ရက်စက်သဖြင့် ခရမ်းရောင်မိုးကြိုးသူတော်စင်သည် ခေါင်းမထောင်နိုင်လောက်အောင်ပင် တိုက်ခိုက်ခံနေရသည်။ ၄င်းသည် စစ်စွမ်းအားသူတော်စင်ထက်ပင် လျင်မြန်စွာရှုံးနိမ့်တော့မည်။ နောက်ဆုံးတွင် ရီမိသားစုသည် ၄င်းတို့ထင်သလို မရိုးရှင်းကြောင်း ပင်လယ်ကမ်းစပ်သူတော်စင် သဘောပေါက်သွားသည်။
ရီမိသားစုတွင် လျှို့ဝှက်ချက်ကြီးတစ်ခုရှိနေသည်။ ယခုကဲ့သို့ ဆက်လုပ်နေ၍မရတော့ပေ။ ၄င်းတို့သည် ရီမိသားစုကို အောင်နိုင်ရေးအတွက် အင်အားရှိသမျှ အားထုတ်ရမည်။ထိုသို့မဟုတ်လျှင် အာဏာရရှိမည့်အဖွဲ့သည် သူတော်စင်အစည်းအရုံးမဟုတ်တော့ဘဲ ၄င်းတို့အထင်သေးမိသည့် ရီမိသားစုဖြစ်သွားလိမ့်မည်။
တပ်ဖွဲ့နှစ်ရပ်ကြားတိုက်ပွဲတွင် စိတ်ဓာတ်သည် အရေးကြီးဆုံးဖြစ်သည်။
"အားလုံး၊ တိုက်ခိုက်ပြီး ရီမိသားစုကို ဖြိုခွင်းကြ"
ပင်လယ်ကမ်းစပ်သူတော်စင် အမိန့်ပေးလိုက်သည်နှင့် စစ်တပ်တစ်ခုလုံးသည် စတင်တိုက်ခိုက်ကြသည်။ ဘုရင်မှစ၍ စစ်သည်အဆုံး အားလုံးတို့သည် ရီမိသားစု၏ကျင့်ကြံသူများထံ အားအင်များစုပေါင်း၍ ဦးတည်တိုက်ခိုက်ကြသည်။
"ကောင်းပြီ၊ ကောင်းပြီ၊ တိုက်ပွဲကို အခုဘဲစလိုက်ရအောင်”
“တာ့ယွီနတ်မင်းဆက်ရဲ့တပ်က ဘယ်မှာလဲ!"
"သတ်ကြ"
ရီရှောင်းရှောင်းမှ အမိန့်ပေးလိုက်သည်နှင့် တာ့ယွီနတ်မင်းဆက်၏ စစ်တပ်တစ်ခုလုံး အသက်ဝင်လာခဲ့သည်။ ကြယ်စင်စစ်တပ်၊ ဖီးနစ်မိန်းကလေးစစ်တပ်၊ စသည်ဖြင့် စစ်တပ်တစ်ခုလုံး၏စိတ်ဝိညာဉ်သည် တခဏချင်း ပေါင်းစည်းသွားသည်။ ကြောက်စရာကောင်းသော နတ်ဆိုးချီသည် သူတော်စင်နယ်မြေ တွင်နေထိုင်သူများအား အသက်ရှူကြပ်စေ၏။
ရီမိသားစု၏ကျင့်ကြံသူများသည် ယခုအချိန်တွင် ၎င်းတို့၏ ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားခြင်းမရှိတော့ဘဲ ပေါက်ကွဲထွက် လာကြသည်။အစောပိုင်း၊ အလယ်ပိုင်း၊ နှောင်းပိုင်း သူတော်စင်နယ်မြေ တစ်ခုစီတို့သည် ယခင်ကထက် ပိုမိုအားကောင်းကြပြီး အားလုံးသည် သူတော်စင်အစည်းအရုံးစစ်တပ်ထံသို့ ဦးတည်လာကြသည်။
သူတော်စင်အစည်းအရုံးမှကျင့်ကြံသူများသည် ပေါက်ကွဲနေသောရီမိသားစုကျင့်ကြံသူများကို ကြည့်ကာ တုန်လှုပ်သွားကြသည်။ ၄င်းတို့သည် ရီမိသားစု၏ သူတော်စင်များနှင့် သူတော်စင်တစ်ပိုင်းတို့၏ အရေအတွက်ကို လျင်မြန်စွာ ခန့်မှန်းကာ ၎င်းတို့ထက် များစွာပိုများသည်ကို သဘောပေါက်လိုက်သည်။
ကျင့်ကြံသူအားလုံးသည် ပဟေဠိမျက်လုံးများဖြင့် ဒုမဟာမိတ်ဂိုဏ်းချုပ်နှစ်ဦးအား ခေါင်းကိုလှည့်ကာကြည့်လိုက်သည်။ ရီမိသားစုသည် ဖြစ်တည်ခါစ စကြာဝဠာထဲမှ မိသားစုတစ်ခုသာဖြစ်ကြောင်း ၄င်းတို့ မယုံကြည်နိုင်လျက်ရှိသည်။
ဒုမဟာမိတ်ဂိုဏ်းချုပ်နှစ်ဦးသည်လည်း ရီမိသားစု၏အင်အားသည် ၄င်းတို့မျှော်လင့်သည်ထက် ကျော်လွန်နေသဖြင့် ခေါင်းကြီးသွားကြသည်။ လက်ရှိအင်အားဖြင့်ဆိုလျှင် ခုခံနိုင်မည်မဟုတ်ချေ။ ဤရီမိသားစုသည် ပန်ကုကြာဝဠာတွင်သာ နေထိုင်၍ ဖွံ့ဖြိုးတိုးတက်လာခြင်းမဖြစ်နိုင်ပေ။ ဤမျှလောက်သန်မာသော ကျင့်ကြံသူများကျင့်ကြံရန် ပန်ကုစကြဝဠာတွင် အရင်းအမြစ်မလုံလောက်ပါ။
ရီမိသားစုသည် အားနည်းသူများအဖြစ်ဟန်ဆောင်ကာ သူတော်စင်မဟာမိတ်အဖွဲ့ကို အမှားလုပ်မိစေရန် ထောင်ချောက်ဆင်ထားခြင်းဖြစ်ကြောင်း ဒုမဟာမိတ်ဂိုဏ်းချုပ်နှစ်ဦးတို့ ရုတ်တရက် သဘောပေါက်သွားသည်။ ၄င်းတို့ပင် မသိလိုက်ဘဲ ရီမိသားစု တွက်ချက်ထားသည့် ထောင်ချောက်အတွင်းသို့ ကျရောက်သွားခြင်းဖြစ်သည်။
ရီမိသားစုသည်သာ ဤကြောက်မက်ဖွယ်အစွမ်းကို အစောပိုင်းကသာ ပြသခဲ့လျှင် သူတော်စင်အစည်းအရုံးသည် အထင်သေးမိမည်မဟုတ်သော်လည်း ယခုမူ ၎င်းတို့ ကြိုတင်ကြံစည်ထားခြင်းသာဖြစ်သည်ကို သိသည့်တိုင် ထွက်ပြေးရန် နောက်ကျနေပြီဖြစ်သည်။
ရီမိသားစု၏တပ်များက ၎င်းတို့ကို ဝိုင်းရံထားသည်။ ကြယ်တွေ စုံနေသည့် ကောင်းကင်ကြီးတစ်ခုလုံးသည် တခဏချင်းတွင် ကြီးမားသည့်စစ်မြေပြင်ကြီး ဖြစ်သွားသည်။
အောက်ဘက်တွင် ပန်ကုစကြာဝဠာမှကျင့်ကြံသူများသည် ရီမိသားစု၏ ရုတ်တရက် ထွက်ပေါ်လာခြင်းကို အံ့ဩမဆုံးရှိနေကြသည်။ နောက်ဆုံးတွင် သူတို့ ခံစားသိရှိလာရသည်မှာ အံ့ဩမှုနှင့် ကြည်နူးစရာများဖြစ်သည်။
"ငါသိပါတယ်၊ ရီမိသားစုက လွယ်လွယ်နဲ့ ရှုံးမှာမဟုတ်ဘူး!"
"မှန်တယ်၊ ရီမိသားစုက အမြဲအံ့ဩစရာတွေကို လုပ်ဆောင်ခဲ့ပြီး၊ ဒီတစ်ကြိမ်လဲ သူတို့က အသစ်အသစ်တွေကို ဆက်လုပ်သွားဦးမှာ"
…
ပန်ကုစကြဝဠာရှိ ကျင့်ကြံသူအများစုသည် ရီမိသားစုကို မှီခိုကြသည်။ ရီမိသားစု အသာစီးရနေသည်ကို တွေ့ရသဖြင့် ပျော်ရွှင်ကြသည်။ အကယ်၍ ပန်ကုစကြာဝဠာသည် ရီမိသားစု၏ထိန်းချုပ်မှုအောက် ကျရောက်သွားလျှင်ပင် ရီမိသားစုသည် အနိုင်မကျင့်သည့်အတွက် သူတို့သည် ပို၍ပင် အကျိုးကျေးဇူးများလိမ့်မည်။ သူတော်စင်အစည်းအရုံးမှ အုပ်စိုးမည်ဆိုပါက ထိုသို့မဖြစ်နိုင်ပါ။
သူတို့သိရသလောက် သူတော်စင်အစည်းအရုံးသည် စေတနာကောင်းရှိသော အဖွဲ့အစည်းမဟုတ်။ ၄င်းတို့ကို၄င်းတို့ အသေအချာဖုံးကွယ်ထားသော မူလထိပ်ပိုင်းတပ်လေးခုမှကျင့်ကြံသူများသည် စိတ်ပျက်စွာ အမှောင်ထုထဲမှ ကြည့်ရှုနေကြသည်။ သူတော်စင်အစည်းအရုံး၏ စစ်မှန်သော စွမ်းအားများ ရောက်ရှိလာသောအခါတွင် ၎င်းတို့သည် ရီမိသားစုကို ဖြုတ်ချပြီး ထိပ်တန်းတပ်လေးခု၏ ဂုဏ်ကျက်သရေကို ပြန်လည်ရရှိစေမည်ဟု မူလက ယူဆခဲ့ကြသည်။
ယခုတွင် သူတော်စင်အစည်းအရုံးသည် ရီမိသားစုနှင့် လက်ရည်တူပင် မဟုတ်နေချေ။ ၄င်းတို့သည်လည်း အမှောင်ထဲတွင် ကြွက်များလည်း ဆက်လက်ပုန်းအောင်းမနေလိုတော့ပေ။
" ရီမိသားစုက ဘာလို့ ဒီလောက်အင်အားကြီးရတာလဲ”
၄င်းတို့ မယုံကြည်နိုင်ဖြစ်နေသည်။ အကန့်အသတ်ရှိသော ပန်ကုစကြာဝဠာ၏အရင်းအမြစ်များဖြင့် ရီမိသားစုသည် ဤမျှအတိုင်းအတာအထိ ကြီးထွားလာသည်ကို ၎င်းတို့နားမလည်နိုင်ခဲ့ကြပါ။ အထက်ပိုင်းတွင် စစ်ပွဲများပြင်းထန်စွာ ဖြစ်ပွါးနေပြီး မရေမတွက်နိုင်သော သူတော်စင်တို့၏သွေးများ မြေခလျက်ရှိသည်။
ဤသူတော်စင်သွေးအများစုသည် သူတော်စင်အစည်းအရုံး၏ ကျင့်ကြံသူများထံမှဖြစ်သည်။ ၄င်းတို့တွင်ရွေးချယ်စရာမရှိ၊ ၄င်းတို့သည် ရီမိသားစု ကျင့်ကြံသူများထက် သန်မာသော်လည်း ရီဖန်ပြင်ဆင်ထားသော အဆောင်လက်ဖွဲ့များကို ရီမိသားစု၏ကျင့်ကြံသူများ အသုံးပြုလိုက်သည်နှင့် ထိုသူတော်စင်မဟာမိတ်ကျင့်ကြံသူများသည် လုံးဝ အကူအညီမဲ့ ဖြစ်ခဲ့သည်။
ရီမိသားစုကျင့်ကြံသူများသည် ခန္ဓာကိုယ်အတွင်းနှင့်အပြင် ခေါင်းမှခြေဖျားအထိ ထိုအဆောင်များကို အသုံးပြုထားသဖြင့် ၎င်းတို့ကို အနိုင်မယူဘဲဖြစ်နေသည်။ ကြီးမားသေစက်ဝိုင်းကြီး၏ ဝန်းရံမှုထဲတွင် သူတော်စင်အစည်းအရုံးမှ ကျင့်ကြံသူများရှိသည်။ သူတော်စင်ရှီထျန်းသည် မဟာဗိုလ်ချုပ်ကြီးအဖြစ် ထိုဝန်းရံမှုကို ဦးဆောင်လျက်ရှိ၏။
…….
အခန်း ၄၈၃ - ခုခံရန် မဖြစ်နိုင်သော တိုက်ခိုက်မှ
များမကြာမီတွင် သူတော်စင်အစည်းအရုံးမှကျင့်ကြံသူများ ရှုံးနိမ့်လာသည်။ ၎င်းတို့သည် အရေအတွက်များပြီး စွမ်းအားပိုမိုကြီးသော ရီမိသားစုကျင့်ကြံသူများအား မရင်ဆိုင်နိုင်ကြသလို ယခုအခါ ပိတ်ဆို့ခံထားရသဖြင့် ထွက်ပေးရန်လည်း မတတ်နိုင်ကြပေ။
"ဒါက ဘယ်လိုဖြစ်ရတာလဲ!"
ပင်လယ်ကမ်းစပ်သူတော်စင်က တိုက်ပွဲ ထိုသို့ဆိုးရွားလာသည်ကို နားမလည်နိုင်ဖြစ်နေသည်။ မူလက ၎င်းတို့သည် မုဆိုးများဟု ထင်ခဲ့ကြသော်လည်း ယခုအခါ ၎င်းတို့သည် သားကောင်ဖြစ်နေသည်။ သူတော်စင်အစည်းအရုံးမှကျင့်ကြံသူများ ဒဏ်ရာရသေဆုံးမှု ပိုများလာသည်နှင့်အမျှ ပင်လယ်ကမ်းစပ်သူတော်စင်သည် စိတ်ပူပန်လာ၏။
အောက်ခြေအဆင့်ကျင့်ကြံသူများသာမက ဒုဂိုဏ်းချုပ်အဆင့်များသည်လည်း ဖိအားများနေကြသည်။
"ရီမိသားစုက ဘယ်လိုကောင်တွေလဲ၊ သူတို့မှာမဟာသူတော်စင်လက်နက်တွေသာမက အလယ်အလတ်အဆင့်ခုခံရေးပစ္စည်းတွေလည်း ရှိတယ်"
ယခုတိုက်ပွဲသည် သူတော်စင်အစည်းအရုံး သို့ဝင်ရောက်ချိန်မှစ၍ ၄င်းပါဝင်ခဲ့သည့်တိုက်ပွဲများတွင် စိတ်ပျက်စရာအကောင်းဆုံးဖြစ်သည်။ ကျင့်ကြံမှုအဆင့်အရ အနိုင်ယူခံရခြင်းထက် ၄င်းတွင် ဖြစ်ပေါ်နေသော စိတ်ခံစားမှုကြောင့် ပို၍စိတ်မသက်သာဖြစ်နေရသည်။ ရန်သူများသာမဟုတ်ပါက ၄င်းသည် ရီမိသားစုဘက်တွင် ပါဝင်လိုမိသည်။
“မဖြစ်နိုင်ဘူး!”
ဗောဓိဘိုးဘေး၏ လက်တစ်ဖက်လှုပ်ရှားမှုအောက်တွင် အားမလိုအားမရအော်သံနှင့်အတူ သူတော်စင်တစ်ယောက်၏ ခန္ဓာကိုယ်သည် ပျက်ဆီးသွားတော့သည်။ သူတော်စင်အစည်းအရုံးသည် အထွတ်အထိပ်သူတော်စင်တစ်ဦးအား ပထမဆုံးအကြိမ် ဆုံးရှုံးခဲ့သည်။ အထွတ်အထိပ်သူတော်စင်တစ်ဦး ရှုံးသွားသည်ကို သတိပြုမိသောအခါ၊ သူတော်စင်အစည်းအရုံးရှိ ကျင့်ကြံသူများသည် တုန်လှုပ်သွားခဲ့သည်။
အထွတ်အထိပ်သူတော်စင်တစ်ဦးသည်ပင် ကျဆုံးလျှင် ၄င်းတို့ဆိုလျှင် သူတော်စင်အစည်းအရုံးသို့ပင် ပြန်မရောက်နိုုင်တော့ပေ။ ၄င်းတို့သည် အရှုံးပေးမလား၊ ထွက်ပြေးမလား ဟုပင်တွေးနေမိသည်။
"တိုက်ပွဲတ်ဓာတ် မရှိရင်တော့ မင်းတို့သေဒဏ်ဘဲ"
ပင်လယ်ကမ်းစပ်သူတော်စင်သည် ထွက်ပြေးရန် ကြံစည်နေသော သူတော်စင်အစည်းအရုံးမှ ကျင့်ကြံသူ နှစ်ဦးကို ချက်ချင်းပင် သွေးအေးစွာသတ်ပစ်လိုက်သည်။ အခြားသော ကျင့်ကြံသူများသည် ပင်လယ်ကမ်းစပ်သူတော်စင်ကိုမြင်လျှင် လှုပ်လှုပ်ရှားရှားပင် မလုပ်ရဲကြတော့ချေ။
အနည်းဆုံး လာမည့်နှစ်အနည်းငယ်တွင် ၄င်းတို့ထပ်မံလုပ်ရဲကြတော့မည်မဟုတ်ပေ။ သို့သော် ထိုသို့ပြုလုပ်ခြင်းသည် ယာယီဖြေရှင်းချက်မျှသာဖြစ်ကြောင်း ၄င်းသိသည်။ အားလုံးပျက်ဆီးခဲ့လျှင် ၄င်းလည်း အခြေအနေကို ထိန်းနိုင်တော့မည်မဟုတ်ပါ။
၎င်းတို့တွင်မဟာမိတ်ဂိုဏ်းချုပ်ရှိနေသေးသည်ကို ရုတ်တရက် သတိရသွားသည်။ ဂိုဏ်းချုပ်သည် မဟာသူတော်စင်ဖြစ်သဖြင့် ရီမိသားစုသည် ၄င်းကို မခုခံနိုင်ဟု ထင်သည်။ သို့သော် ရီမိသားစုအောင်မြင်ခဲ့သော အံ့ဖွယ်အမှုများကို တွေးမိသောအခါ ပင်လယ်ကမ်းစပ်သူတော်စင်သည် ရုတ်တရက်ပင် ယုံကြည်မှု ပျောက်ဆုံးသွားသည်။ ယခုအချိန်တွင်ဂိုဏ်းချုပ်မှ အရေးယူခြင်းမပြုပါက ၎င်းတို့ ရှုံးနိမ့်မည်မှာ သေချာသည်။
"အစည်းအရုံးဂိုဏ်းချုပ်၊ သူတို့ကို အရေးယူပေးပါ"
ပင်လယ်ကမ်းစပ်သူတော်စင်သည် ကောင်းကင်ကို ကြည့်၍ လှမ်းအော်လိုက်သည်။ ကောင်းကင်တွင်ပုန်းကွယ်နေသော သူတော်စင်အစည်းအရုံးဂိုဏ်းချုပ်သည် သက်ပြင်းတစ်ချက်ချလိုက်သည်။ နောက်ဆုံးတွင် ၄င်းသည် အကူအညီတောင်းခံရပြီဖြစ်သည်။ ထိုသို့အကူအညီတောင်းခံခြင်းကို အချိန်ကြာမြင့်စွာ စောင့်နေခဲ့ရ၏။
ပင်လယ်ကမ်းစပ်သူတော်စင်သည် ၄င်း၏စိတ်ကို လုံးဝနားမလည်ပေ။ ကယ်တင်ရှင်သည် အရေးကြီးသောအခိုက်အတန့်တွင်သာ အမြဲပေါ်လာသင့်သည်။ သူတော်စင်အစည်းအရုံး၏ဂိုဏ်းချုပ်သည် နတ်အလင်းရောင်ဖြင့် ဖုံးလွှမ်းထားသည့် နေရာလွတ်အက်ကွဲတစ်ခုမှ ပေါ်ထွက်လာသည်။
မဟာသူတော်စင်၏ရောင်ဝါက စစ်မြေပြင်တစ်ခုလုံးကို လွှမ်းခြုံနေသည်။ သူတော်စင်အစည်းအရုံး၏ကျင့်ကြံသူများသည် ဤသည်ကို မြင်တွေ့ရသောအခါ အနည်းငယ် စိတ်သက်သာရာရသွားသည်။ ဂိုဏ်းချုပ်သည် အနှိုင်းမဲ့ မဟာသူတော်စင်ဖြစ်သည်။
သို့သော် ထိုအချိန်တွင် ရီမိသားစုကျင့်ကြံသူများ၏ ရုတ်တရက်တိုက်ခိုက်မှုကို ခံလိုက်ရသည်။ သူတော်စင်အစည်းအရုံး၏ကျင့်ကြံသူများ ဂိုဏ်းချုပ်ကြောင့် အံ့အားသင့်နေသည်ကို အခွင့်ကောင်းယူကာ ရီမိသားစုမှကျင့်ကြံသူများက ရန်သူအများအပြားကို သတ်ပစ်ခဲ့သည်။
ဂိုဏ်းချုပ်ရောက်လာခြင်းသည် ရီမိသားစုကို ကူညီပေးနေသကဲ့သို့ပင်ဖြစ်နေသည်။ အစည်းအရုံးဂိုဏ်းချုပ်ပင်လျှင် ဤအလှည့်အပြောင်းကြောင့် ထိတ်လန့်သွားသည်။ ၄င်း၏ မဟာသူတော်စင်ရောင်ဝါကို ရီမိသားစုမှ ကျင့်ကြံသူများ မမှုသည်ကို အံ့ဩနေသည်။
၄င်းမသိသည်မှာ ရီမိသားစုမှကျင့်ကြံသူများထံတွင် စစ်မှန်သောနတ်ဘုရားနယ်မြေ၏ သွေးမျိုးဆက်ရှိနေခြင်းဖြစ်သည်။ ထိုသွေးမျိုးဆက် မြင့်တက်လာချိန်တွင် စစ်မှန်သောနတ်ဘုရား၏ ရောင်ဝါကို သူတို့ တွေ့ကြုံခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ၄င်း၏မဟာသူတော်စင် ရောင်ဝါကို မမှုကြခြင်းဖြစ်သည်။ ရီမိသားစုမှနှောင်းပိုင်းသူတော်စင်အချို့သည် မဟာမိတ်ဂိုဏ်းချုပ်ကို တစ်ချက်ကြည့်လိုက်ကြသည်။ သူတော်စင်အစည်းအရုံး၏ဂိုဏ်းချုပ်သည် သိပ်မထက်မြက်ဟု သူတို့ထင်၏။
ရီမိသားစု ကျင့်ကြံသူများ၏အကြည့်က သူ့ကိုသရော်လှောင်ပြောင်နေသကဲ့သို့ ခံစားရသဖြင့် မဟာမိတ်ဂိုဏ်ချုပ် ပေါက်ကွဲသွားသည်။ မဟာသူတော်စင်ကိုစော်ကားခြင်း၏ အကျိုးဆက်များကို ရီမိသားစုမှကျင့်ကြံသူများကို ပြသတော့မည်။ ရီမိသားစုကျင့်ကြံသူများကို သတ်ဖြတ်၍ ၄င်း၏ဒေါသကို ဖြေလျှော့လိုသည်။ နှောင်းပိုင်းသူတော်စင်အချို့သည် အထွတ်အထိပ်သူတော်စင်ကို ယှဉ်ပြိုင်နိုင်စွမ်းရှိသည်ကိုပင် မမှုတော့ချေ။ ၄င်း၏အမြင်တွင် သူတို့သည် အနည်းငယ်ပိုသန်မာသောပုရွက်ဆိတ်လေးများသာဖြစ်သည်။ အခင်းအကျင်းက စစ်မြေပြင်တစ်ခုလုံးကို လွှမ်းခြုံထားသည်။ ၎င်းအတွင်းမှ အရာအားလုံးကို မဟာသူတော်စင်က ထိန်းချုပ်ထား၏။
ရီမိသားစုမှ နှောင်းပိုင်းသူတော်စင်အချို့သည်လည်း ကြီးမားသောခြိမ်းခြောက်မှုတစ်ခု နီးကပ်လာသည်ကို ခံစားရသည်။ သို့သော် ရီမိသားစုခေါင်းဆောင် ဝင်ရောက် တိုက်ခိုက်မည်ကိုသိသောကြောင့် မဟာသူတော်စင်သည် သူတို့အတွက် ခက်ခဲသောပြဿနာမဟုတ်ပေ။
ရီဖန်သည် ယခင်ကလည်း မဟာသူတော်စင်တစ်ဦးကိုသတ်ခဲ့ဖူးသည်။ အစည်းအရုံးဂိုဏ်းချုပ်တိုက်ခိုက်ရန်ပြင်နေချိန်တွင် ပုံရိပ်တစ်ခုပေါ်လာသည်။ ၄င်း၏အမြင်တွင် ထိုပုံရိပ်သည် သာမန်ပင်ဖြစ်ပြီး ထူခြားချက်ဟူ၍ ၄င်း၏ ပုံတူရုပ်ထုနှင့် ယှဉ်နိုင်သည့် ပုံရိပ်၏ ခန့်ညားနေမှုသာရှိသည်။ သို့သော် ပုံရိပ်သည်ထိုနေရာတွင် ရပ်နေရုံမျှဖြင့် နေရာတွင်ရှိသူတိုင်၏ အကြည့်များကို ဖမ်းစားနိုင်နေသည်။ အစည်းအရုံးဂိုဏ်းချုပ်ပင်လျှင် ထိုပုံရိပ်ကို မကြည့်ဘဲမနေနိုင်ဖြစ်နေသည်။
သူသည် ရီဖန်၏နတ်ဆိုးချီကို ရုတ်တရက်မြင်လိုက်ရ၏။ နတ်ဆိုးချီ၏ပိုင်ရှင်က မဟာသူတော်စင်ဖြစ်ရမည်။ ယခင်မဟာသူတော်စင်တစ်ဦး သေဆုံးစဉ်က ကောင်းကင်နှင့်မြေကြီးတို့သည် တညီတညွတ်တည်း ငိုကြွေးခဲ့ကြ၏။ ထိုအချိန်က ၄င်းအားသတ်လိုက်သော ရီဖန်တွင်လည်း နတ်ဆိုးချီတစ်ချို့စွန်းထင်းနေခဲ့သည်။ ထိုသို့စွန်းထင်းသည်ကို ရီဖန်စိတ်မ၀င်စားသည့်အတွက် နတ်ဆိုးချီသည် သူထံတွင် ဆက်လက်ကျန်ရှိနေခြင်းဖြစ်သည်။
ဂိုဏ်းချုပ်သည် မျက်နှာတစ်ချက်ပျက်သွားပြီး ပန်ကုစကြဝဠာသို့ သူလာရောက်ခဲ့မိခြင်းကို သံသယဝင်မိသည်။
………