← Chapters

အခန်း ၄၈၄-၄၈၆

Vol. 33 Ch. 484-486

အခန်း ၄၈၄-၄၈၆

Vol. 33 Ch. 484-486

အခန်း ၄၈၄ - ခုခံရန် မဖြစ်နိုင်သော တိုက်ခိုက်မှု

ယခုအချိန်တွင် ထိုပြဿနာအား စဉ်းစားရန် အချိန်မကျန်တော့ပေ အင်မော်တယ်ဓားလေးချောင်းကိုကိုင်ဆောင်ထားသော ရီဖန်သည် သူတော်စင်အစည်းအရုံး၏ဂိုဏ်းချုပ်ဆီသို့ ချီတက်သွားသည်။ မဟာနေမင်းသူတော်စင်နှင့် တိုက်ပြီးချိန်မှစ၍ ရီဖန်သည် သူ့အစွမ်းသတ္တိကို ပိုမိုအသေးစိတ်နားလည်လာခဲ့သည်။

အစောပိုင်းသူတော်စင်နယ်မြေကျင့်ကြံသူများထဲတွင် သူသည် အညံ့ဆုံးမဟုတ်တော့ဟုထင်သည်။ သူ၏တိုက်ခိုက်ရေးစွမ်းရည်သည်ပင် ပို၍အဆင့်တက်သွားသည်။ သူသည် အင်မော်တယ်သတ်ဖြတ်ခြင်းအခင်းအကျင်းဖြင့် စတင်တိုက်လိုက်၏။

ထိုအခင်းအကျင်းသည် စစ်မြေပြင်တစ်ဝက်၏ ကောင်းကင်ယံကို ဖြန့်ကျက်လွှမ်းခြုံသွားသည်။ အခြားစစ်မြေပြင်တစ်ဝက်ကို သူတော်စင်အစည်းအရုံး ၏ဂိုဏ်းချုပ်မှ သိမ်းပိုက်ထားသည်။ အဖွဲ့နှစ်ဖွဲ့သည် ၄င်းတို့၏ စွမ်းအားကို အသီးသီးပြသကြသည်။ မကြာမီက ဂိုဏ်ချုပ်ကိုအားပေးနေသည့် သူတော်စင်အစည်းအရုံး၏ကျင့်ကြံသူများတွင် အပြုံးများ ရုတ်တရက်ပျောက်ဆုံးသွားခဲ့သည်။

ရီမိသားစုမှ ရုတ်တရက်ပေါ်ထွက်လာသော ဤကြောက်မက်ဖွယ်အသွင်အပြင်သည် မဟာမိတ်ဂိုဏ်းချုပ်ကဲ့သို့ စွမ်းအားကြီးသည်။ သို့သော်ဂိုဏ်းချုပ်သည် ပို၍စွမ်းသည်ဟုသာ ၄င်းတို့ ထင်ဆဲဖြစ်သည်။ ၎င်းတို့၏ ဂိုဏ်ချုပ်ထံတွင် ယုံကြည်မှုအပြည့်ရှိသည့် မဟာမိတ်အဖွဲ့ဝင်များသည် ချက်ခြင်းပင် ယုံကြည်မှု ပျောက်ဆုံးကုန်ကြသည်။

၄င်းတို့ အထင်သေးခဲ့သော စကြဝဠာအသေးစားတစ်ခုမှ သေးငယ်သောအင်အားစုတစ်ခုသည် သူတော်စင်အစည်းအရုံး၏ စွမ်းအားထက် ကျော်လွန်နေခဲ့သည်။ ထို့ကြောင့် ယခုအခါ ဂိုဏ်းချုပ် စွမ်းအားတူသော ကြောက်မက်ဖွယ်လူတစ်ဦး ရောက်ရှိလာခြင်းသည် အံ့သဩစရာမဟုတ်တော့ပေ။ ပင်လယ်ကမ်းစပ်သူတော်စင်၏အမူအရာမှာ တည်ငြိမ်နေသော်လည်း သူ့နှလုံးခုန်သံများသည် မြန်နေသည်။

အစည်းအရုံးဂိုဏ်းချုပ်တုန့်ပြန်သည့်အမူအရာကို ကြည့်ခြင်းအားဖြင့် ရီမိသားစုမှ ဤကြောက်မက်ဖွယ်ကောင်းသောလူသည် ဂိုဏ်းချုပ်နှင့် တန်းတူဖြစ်သည်မှာ ထင်ရှားသည်။ အစည်းအရုံးဂိုဏ်းချုပ်သာ ရှုံးနိမ့်ခဲ့ပါက၊ ၄င်းတို့၏ ကံကြမ္မာသည် ပိုဆိုးသွားနိုင်သည်။ ထိုအချက်ကို စိတ်ထဲမှာ ထားပြီး သူ့ကိုယ်ပိုင် ရွေးချယ်ခွင့်များကို စဉ်းစားရန် အချိန်တန်ပြီဖြစ်သည်။ အနည်းဆုံးတော့ သူသည် ဤပန်ကုစကြာဝဠာသေးသေးလေးထဲတွင် မသေချင်ကြချေ။

သူ၏ကျင့်ကြံမှုအဆင့်သည် အထွတ်အထိပ်သူတော်စင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး အနာဂတ်တွင် သူတော်စင်နယ်မြေမှ ချီတက်နိုင်မည့် အလားအလာရှိသောကြောင့် ဤကဲ့သို့ မသေဆုံးလိုပါ။ သို့သော် သူ၏နောက်ဆုံးရွေးချယ်မှုက မဟာမိတ်ဂိုဏ်းချုပ်မှ ရီမိသားစုမှကျင့်ကြံသူအား အနိုင်ယူနိုင်ခြင်း၊ မယူနိုင်ခြင်း အပေါ်တွင် မူတည်နေသေးသည်။

"မင်းတို့အားလုံး ပြန်ဆုတ်ကြ!"

ရီဖန်သည် ရီမိသားစုမှ အခြားသော ကျင့်ကြံသူများကို တိုက်ပွဲတွင် ဆက်လက်ပါဝင်ခွင့်မပြုခဲ့ချေ။ သူတော်စင်အဆင့် ကျင့်ကြံသူများကြား တိုက်ပွဲသည် ၎င်းတို့ဝင်ရောက်စွက်ဖက်နိုင်သော အဆင့်မဟုတ်တော့ပေ။ ကျန်နေသော စွမ်းအားများသည်ပင် သူတို့ကို ဖယ်ရှားရန် လုံလောက်သည်။ ရီဖန်သည်လည်း သူ၏သူတော်စင်အဆင့်စွမ်းအားအကြောင်း သေချာမသိသေးသဖြင့် လူတိုင်းကို ကာကွယ်နိုင်မည်ဟု အာမမခံနိုင်။ စစ်မြေပြင်တစ်ခုလုံးသည် ချက်ချင်းရှင်းလင်းသွားကာ ကောင်းကင်တွင် ရီဖန်နှင့် သူတော်စင်အစည်းအရုံး၏ဂိုဏ်းချုပ်သာ ကျန်ခဲ့သည်။

သူတော်စင်အလင်းတန်းနည်းစနစ်။ အစည်းအရုံးဂိုဏ်းချုပ်သည် သူတော်စင်အလင်းတန်းဖြင့် မဟာနတ်တိုင်းပြည်ကို ဖန်တီးကာ မရေမတွက်နိုင်သောနတ် စစ်သည်တော်များအား ရီဖန်ဆီသို့ စေလွှတ်၍ အစပြုတိုက်ခိုက်လိုက်သည်။

ရီဖန်သည် တည်ငြိမ်စွာဖြင့် အင်မောတယ်သတ်ဖြတ်ခြင်းဓားလေးချောင်းအားအမိန့်ပေးကာ ၎င်းကို ချက်ခြင်းရှင်းလင်းရန် ကြိုးစားလိုက်သည်။ ထိုနတ်စစ်သည်များသည် မဟာသူတော်စင်လက်နက်ဖြစ်သောဓားလေးချောင်းကို ခုခံနိုင်စွမ်းမရှိသဖြင့် အတုံးအရုံး သေဆုံးကြတော့သည်။ ဤအချီတွင် ရီဖန်သည် အသာစီးရခဲ့သည်။

သို့သော် ရီဖန်သည် မည်သည့်ပျော်ရွှင်မှုကိုမျှ မဖော်ပြခဲ့ပါ။ ထိုတိုက်ခိုက်မှုကို ကြည့်ခြင်းအားဖြင့် သူတော်စင်အစည်းအရုံး၏ဂိုဏ်းချုပ်သည် နေမင်းမဟာသူတော်စင်ထက် သိသိသာသာ အားကောင်းသည်။ ၄င်းတို့နှစ်ဦးစလုံးသည် သူတော်စင်နယ်မြေ ၏အစောပိုင်းအဆင့်တွင်ရှိသော်လည်း ကွာဟချက်သည်ကြီးမားသည်။ ရီဖန်ယခင်ကခန့်မှန်းခဲ့သည့် အစောပိုင်း မဟာသူတော်စင်များထဲတွင် မဟာနေမင်းသည် အားအနည်းဆုံးဖြစ်မည် ဆိုသောအချက်သည် မှန်ကန်သည်။

၄င်းသည် မဟာသူတော်စင်နယ်မြေအား ဖြတ်ကျော်နိုင်ခြင်းသည် ကံကောင်းခြင်းသက်သက်သာဖြစ်သည်။ ယခင်ကသာ ရန်သူဖြစ်သူက အနည်းငယ် ပိုအားကောင်းနေလျှင် ရီဖန် ရှုံးသွားနိုင်သည်။ သို့သော်ကံကြမ္မာသည် ရီဖန်ဘက်တွင် အမြဲရှိသည်။

အင်မော်တယ်ဓားလေးစင်းနှင့် သူတော်စင်အစည်းအရုံးကြား ထိပ်တိုက်ရင်ဆိုင်မှုသည် သူတော်စင်အစည်းအရုံး ကျင့်ကြံသူများများအား ရင်လေးစေသည်။ အထွတ်အထိပ်အဆင့်ရှိ သူတော်စင်များပင်လျှင် ထိုတိုက်ခိုက်မှုများသည် အလွန်ပြင်းထန်လွန်းသည်ဟု ခံစားရသည်။

သူတော်စင်နှင့် မဟာသူတော်စင်ကြားတွင် ကွာဟချက်ကြီးမားလွန်းသည်။

သို့သော် ရီမိသားစုမှ သူတော်စင်သည် ဤမျှအစွမ်းထက်ပြီး အားနည်းချက်မရှိသည့်မဟာသူတော်စင်နှင့် ယှဉ်နိုင်နေခြင်းကို နားမလည်နိုင်ဖြစ်နေသည်။ မဟာသူတော်စင်လက်နက်ကြောင့် ထိုသို့ တိုက်ခိုက်ရေးစွမ်းရည်ကို ရရှိနေခြင်းဖြစ်နိုင်သလား။

မဟာသူတော်စင်လက်နက်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသည်မှန်သော်လည်း ဤမျှလောက်ကြောက်မက်ဖွယ်ကောင်းမနေသင့်ပေ။ မဟုတ်လျှင် သူတော်စင်နယ်မြေမှ ကျင့်ကြံသူများအား သူမတူအောင်အစွမ်းထက်သည်ဟုပင် ယူဆနိုင်တော့မည်မဟုတ်။

ကနဦးတိုက်ခိုက်မှုအပြီးတွင် သူတော်စင်အစည်းအရုံးဂိုဏ်းချုပ်သည် ရီဖန်၏အင်အားကို အနည်းငယ်နားလည်သွားသည်။ အကြိမ်ကြိမ်တိုက်ခိုက်ပြီးနောက်တွင် ရီဖန်၏စွမ်းအားသည် အမှန်တကယ်ပင် မဟာသူတော်စင်နယ်မြေအဆင့်တွင် ရှိနေပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ သို့သော် မဟာသူတော်စင်နယ်မြေအဆင့်ရှိသူတိုင်း သန်မာသည်ဟု ယူဆ၍မရချေ။

ရီဖန်သည် သူနှင့်ထိုက်တန်သည့် ရန်သူမဟုတ်ဟုသာ ထင်နေဆဲဖြစ်သည်။ သူသည် အင်မော်တယ်ဓားလေးချောင်းအား ခံနိုင်ရည်ရှိသဖြင့် ရီဖန်အား အလျင်အမြန်အနိုင်ယူမည်ဟုသာ ယုံကြည်နေသည်။

နတ်အလင်း၊ နတ်ခန္ဓာကိုယ်။ သူတော်စင်အစည်းအရုံးဂိုဏ်းချုပ်၏နောက်ကွယ်ရှိ နတ်အလင်းနိုင်ငံတော်သည် တဖြည်းဖြည်းနည်းပါးလာပြီး နောက်ဆုံးတွင် သူတော်စင်အစည်းအရုံးဂိုဏ်းချုပ်၏ ခန္ဓာကိုယ်ကိုဖုံးအုပ်ထားသည့် နတ်အလင်းချပ်ဝတ်အဖြစ်သို့ ပြောင်းလဲသွားသည်။

၄င်းက ထိုချပ်ဝတ်တန်ဆာကို ၀တ်ဆင်လိုက်သည်နှင့် အရှိန်အဝါသည် ပို၍ပြင်းထန်လာသည်။ နောက်အခိုက်အတန့်တွင် ၄င်းသည် ရီဖန်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်တိုက်ခိုက်သည်။

ရီဖန်၏မျက်နှာတွင် အံ့သြသောအကြည့်တစ်ခု ထွက်ပေါ်လာ၏။ ၄င်းက စစ်သည်တော်တစ်ဦး ဖြစ်ပုံရသည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် အနီးကပ်တိုက်ပွဲတစ်ခုဖြစ်လာတော့မည်။

လက်ရှိအချိန်တွင် ရီဖန့်ခန္ဓာကိုယ်၏ ကျင့်ကြံမှုအဆင့်သည် ချီကျင့်ကြံမှုကို ကျော်လွန်နေပြီဖြစ်သည်။ အကယ်၍ ဤသူတော်စင်အစည်းအရုံးဂိုဏ်းချုပ်သည် သူ၏ အင်အားကို စိန်ခေါ်လိုလျှင် ရီဖန်သည် အဆင်သင့်ပင်ဖြစ်သည်။

သို့သော် သူတော်စင်အစည်းအရုံးဂိုဏ်းချုပ်သည် သူ့အနီးသို့ကပ်လိုပါက အင်မော်တယ်ဓားလေးချောင်း၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိရန် လိုအပ်ပါသည်။ အင်မော်တယ်ထောင်ချောက်၊ အင်မော်တယ်နှိမ်နင်းခြင်း၊ အင်မော်တယ်သတ်ဖြတ်ခြင်း စသည်ဖြင့် အင်မော်တယ်သတ်ဖြတ်ခြင်းအခင်းအကျင်းကို ဆက်တိုက်ပြောင်းလဲကာ သူတော်စင်အစည်းအရုံး ဂိုဏ်းချုပ်ကို ဆက်တိုက်တိုက်ခိုက်လိုက်သည်။

ထို့နောက်တွင် လေဟာနယ်သည်တုန်ခါသွားပြီး မြေကြီးသည်အက်ကွဲသွားသည်။ သို့တိုင် နတ်အလင်း၏ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသော သူတော်စင်အစည်းအရုံးဂိုဏ်းချုပ်သည် ရီဖန် ၏တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သည်။

"အသုံးမဝင်ဘူး။ ငါ့ရဲ့ချပ်ဝတ်က အလယ်အလတ်အဆင့်မဟာသူတော်စင် တိုက်ခိုက်ရေးစွမ်းအားနဲ့မဟုတ်ရင် လုံးဝမပျက်ဆီးဘူး”

သူတော်စင်အစည်းအရုံးဂိုဏ်းချုပ်သည် ရီဖန်၏ တိုက်ခိုက်မှုများပိုမိုပြင်းထန်လာသည်ကို မြင်သောအခါ ရီဖန်၏ အားနည်းချက်ကိုတွေ့ရှိပြီဟုထင်၍ စိတ်ဓာတ် မြင့်တက်လာသည်။ သူတို့နှစ်ယောက်ကြား အကွာအဝေးသည် မဟာသူတော်တစ်ယောက်အတွက် ပြောပလောက်အောင် မရှိပေ။ ထို့ကြောင့်တခဏချင်းတွင် သူတော်စင်အစည်းအရုံးဂိုဏ်းချုပ်သည် ရီဖန်ရှေ့သို့ ရောက်သွားသည်။

၄င်းသည် မဟာသူတော်စင်အဆင့်ကျွမ်းကျင်သူတစ်ယောက်၏ စွမ်းအားအပြည့်ဖြင့်ရွေ့လျားကာ အလွန်အားပြင်းသောလက်သီးချက်ဖြင့် ရီဖန်အားတိုက်ရိုက်ထိုးလိုက်သည်။ ရီဖန်၏ခန္ဓာကိုယ်ပေါ်ရှိ အလယ်အလတ်အဆင့်မဟာသူတော်စင်ကာကွယ်ရေးလက်နက်က ထိုတိုက်ခိုက်မှုကို ချက်ချင်းတန်ပြန်လိုက်ရာ ကွဲအက်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။

ရီဖန်၏ ကျင့်ကြံမှုအဆင့်သည် အနည်းငယ် မလုံလောက်နေသည်။ သူသည် အလယ်အလတ်အဆင့်မဟာသူတော်စင် ကာကွယ်ရေးပစ္စည်းတစ်ခုနှင့်ပင် ဤတိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့ဘဲ နောက်ဆုံးအက်ကွဲသံနှင့်အတူ သူတော်စင်အစည်းအရုံးဂိုဏ်းချုပ်၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။

အလယ်အလတ်အဆင့်မဟာသူတော်စင်၏ လက်နက်သာ အကာအကွယ်မပေးနိုင်ခဲ့လျှင် အထွတ်အထိပ်သူတော်စင်ရီဖန်သည် မဟာသူတော်စင်အဆင့် တိုက်ခိုက်မှုကို ခုခံနိုင်လိုက်မည်မဟုတ်။ ၄င်း၏လက်သီးက ရီဖန်အား ပြင်းပြင်းထန်ထန် ထိမှန်သွားသည်။ ထိုလက်သီးချက်သည် အသားကိုတိုက်ရိုက်ထိပြီး ကြေမွသွားမည်ဟု ၄င်းထင်သော်လည်း ဖျက်ဆီး၍မရသောနတ်ဘုရားရွှေကိုသာ ထိမိသွားသည်။

သူက အလွန်ခံနိုင်ရည်ရှိသဖြင့် ၄င်းအံ့ဩသွားသည်။ ခန္ဓာကိုယ်သည် ရီဖန်၏ အားနည်းချက်မဟုတ်နေချေ။ ၄င်း၏အဆင့်မြှင့်တင်ထားသော တိုက်ခိုက်မှုဖြင့် ရီဖန်အားကောင်းမွန်စွာတိုက်ခိုက်နိုင်သဖြင့် ယုံကြည်မှုလွန်ကဲလာသည်။

"မဆိုးပါဘူး၊ ဒါပေမယ့် မှန်တော့မမှန်သေးဘူး"

ရီဖန်သည် နတ်ခန္ဓာကိုယ်အားအသုံးပြုလိုက်သဖြင့် ခန္ဓာကိုယ်အနှံ့တွင် နတ်ဘုရားလိုင်းများ ရုတ်ချည်းပျံ့နှံ့သွားကာ သူတော်စင်အစည်းအရုံးဂိုဏ်းချုပ်ကို ကြောက်လန့်စေသော စွမ်းအားတစ်ခုသည် ရီဖန်၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

"ခန္ဓာကိုယ်သန့်စင်ခြင်းသူတော်စင်၊ မင်းက ခန္ဓာကိုယ်သန့်စင်ခြင်းသူတော်စင်ဘဲ"

သာမာန်မဟာသူတော်စင်များနှင့်ယှဉ်လျှင် ခန္ဓာကိုယ်သန့်စင်ခြင်းလမ်းကို လျှောက်လှမ်းခဲ့သော သူတော်စင်တစ်ဦး၏တည်ရှိမှုသည် ပို၍ကြောက်စရာကောင်းသည်။ရီဖန်အပေါ် ၄င်းယခင်ကခန့်မှန်းခဲ့သည်များသည် တခဏချင်းတွင် ပြောင်းလဲသွားသည်။ ရီဖန်သည် ၄င်းရန်သွားမစသင့်သူဖြစ်သည်။

သူတော်စင်အစည်းအရုံးဂိုဏ်းချုပ်သည် ဆုတ်ခွာချင်သော်လည်း အချိန်လွန်သွားပြီဖြစ်သည်။ ရီဖန်သည် သူ့လက်ကို ဆန့်တန်းကာ သူတော်စင်အစည်းအရုံးဂိုဏ်းချုပ်၏လက်ကို ဆုပ်ကိုင်ပြီးနောက်တွင် ဆက်တိုက်တိုက်ခိုက်လိုက်သည်။ သူသည် ချန်ဟဲမြို့၌ ကိုယ်ခံပညာ လေ့ကျင့်စဉ်ကကဲ့သို့ အရိုးရှင်းဆုံးဖြစ်သော လက်ချည်းသက်သက်တိုက်ခိုက်သည့် နည်းဗျူဟာကို အသုံးချ၍ တိုက်ခိုက်ခဲ့သည်။

သို့သော် ထိုတိုက်ခိုက်မှုမှထုတ်လွှတ်လိုက်သော စွမ်းအားသည် မဟာသူတော်စင်များကိုပင် ကြောက်လန့်သွားစေသည်။ လေဟာနယ်သည် ဆက်လက်ပြိုကျလာပြီး သူတော်စင်အစည်းအရုံးဂိုဏ်းချုပ်၏ ဒဏ်ရာများသည် ပိုမိုပြင်းထန်လာသည်။ လက်ရှိတွင် သူတော်စင်အစည်းအရုံးဂိုဏ်းချုပ်သည် ရီဖန်အား မည်သို့အနိုင်ယူရမည်ကို မတွေးတော့ဘဲ လွတ်မြောက်ရန် မည်သို့လုပ်ဆောင်ရမည်ကိုသာ တွေးနေသည်။ ခန္ဓာကိုယ်သန့်စင်ခြင်းသူတော်စင်သည် ၄င်းကိုင်တွယ်နိုင်သော အရာမဟုတ်ချေ။

ထိုအချိန်တွင် ရီဖန်သည် မျက်ခုံးကိုတစ်ချက်ပင့်လိုက်သည်။ ကွဲအက်နေသောလေဟာနယ်သည် အချိန်အတော်ကြာအောင် မကောင်းမွန်လာသေးပေ။ ထိုကွဲအက်မှုသည် ရီဖန်အပေါ်သက်ရောက်မှု အနည်းငယ်သာရှိသော်လည်း ပန်ကုစကြာဝဠာအပေါ် သိသိသာသာ သက်ရောက်မှုရှိခဲ့သည်။ ၄င်း၏အခြေခံအုတ်မြစ်သည် အလွန်တိမ်နေသောကြောင့် အပေါက်တစ်ခုဖြစ်သွားသည်။

တိုက်ပွဲသည် မဟာသူတော်စင်အဆင့်သို့ ယခုမှစတင်ရောက်ရှိခြင်းသာဖြစ်သော်လည်း ပန်ကုစကြဝဠာအတွက် ပြင်းထန်လွန်းသည်။

……….

အခန်း-၄၈၅: ရန်သူမဟုတ်ဘဲ မိတ်ဆွေဖြစ်နေခြင်း

ဤအခြေအနေသည် ရီဖန်လုံးဝမမျှော်လင့်ထားသည့်အရာဖြစ်သည်။ မွေးကင်းစ စကြာဝဠာက ဤမျှအထိ အထိခိုက်လွယ်နေခြင်းကို နားမလည်နိုင်ဖြစ်နေသည်။ တိုက်ပွဲသာဆက်ဖြစ်လျှင် ပန်ကုစကြဝဠာ အမှန်တကယ်ပြိုကွဲသွားမည်ကို ရီဖန် စိုးရိမ်နေသည်။ မကြာခင်တွင် ပန်ကုပေါ်လာပြီး ရီဖန်၏သံသယကို အတည်ပြုလိုက်သည်။

"ရပ်လိုက်ပါ သခင်၊ ဆက်မလုပ်ပါနဲ့၊ ဆက်လုပ်ရင် ဒုက္ခရောက်လိမ့်မယ်"

ပန်ကု၏အသွင်အပြင်သည် ရီဖန်၏တိုက်ခိုက်မှုကို ရပ်တန့်စေခဲ့သည်။ ထိုအချိန်တွင် သူတော်စင်အစည်းအရုံး၏ဂိုဏ်းချုပ်သည် ရီဖန်၏ ပုံမှန်မဟုတ်သော အမူအကျင့်ကို သတိပြုမိကာ ချက်ချင်းပင်အင်အားများ ရရှိလာသည်။ ၄င်းသည် လွတ်မြောက်ခြင်းမှလွဲ၍ တခြားဘာကိုမှ ဂရုစိုက်တော့ပါ။

၎င်းက အရှိန်အဟုန်ဖြင့် နေရာလွတ်၏လမ်းကြောင်းရှေ့သို့ ရောက်လာသည်။ ၄င်းတို့ရောက်ရှိလာမှုသည် နှေးကွေးသော်လည်း ထွက်ခွါမှုက အလျင်စလိုဖြစ်နေသည်။ တခဏအတွင်း ၄င်းသည် နောက်သို့ပင်ပြန်မလှည့်ဘဲ လေဟာနယ်လမ်းကြောင်းကို ဖြတ်ကျော်သွားသည်။ သို့သော် လမ်းကြောင်းအ၀င်ဝတွင် အခြားပုံသဏ္ဍာန်တစ်ခု ပေါ်လာသည်ကို မည်သူမျှ သတိမထားမိလိုက်ကြပေ။

"ပင်လယ်ကမ်းစပ်သူတော်စင်၊ မင်း တကယ်ပဲ သေဖို့ထိုက်တန်တယ်"

ရန်လော်သူတော်စင်သည် ပင်လယ်ကမ်းစပ်သူတော်စင် လွတ်မြောက်လာသည်ကို ကြည့်ရင်း အံ့အားသင့်သွားသည်။ သူအစအဆုံးတိုက်နေချိန်တွင် ၄င်းတို့အားလုံးသည် အမြန်ထွက်ပြေးနေကြသည်။ သူတစ်ယောက်တည်းသာ ရူးကြောင်ကြောင်ဖြင့် ကျန်နေသည်။ ဒုမဟာမိတ်ဂိုဏ်းချုပ်နှင့် မဟာမိတ်ဂိုဏ်းချုပ်တို့ ထွက်ပြေးခြင်းသည် ကျန်သူတော်စင်အစည်းအရုံး၏ ကျင့်ကြံသူများကို လုံးဝပြိုလဲစေသည်။ ၄င်းတို့သည်လည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ပြေးကြ၏။ ခေါင်းဆောင်များပင် ထွက်ပြေးနေသဖြင့် မည်သူမှ ၄င်းတို့အား အပြစ်မမြင်တော့ပေ။

သူတော်စင်အစည်းအရုံးမှ ကျင့်ကြံသူများထွက်ပြေးကြသဖြင့် ရီမိသားစုကျင့်ကြံသူများသည် ၎င်းတို့နောက်သို့ လိုက်ကြသည်။ မကြာမီတွင် အလောင်းများ ကောင်းကင်မှ ပြုတ်ကျလာသည်။

"ငါတို့အနိုင်ရပြီ”

"ရီမိသားစုက တကယ်ကို စွမ်းအားကြီးတာ"

"ရီမျိုးနွယ်စုခေါင်းဆောင်က မယုံနိုင်စရာပဲ!"

…

ပန်ကုစကြဝဠာ၏ ကျင့်ကြံသူများသည် ပါးစပ်ကို မပိတ်နိုင်ကြတော့ပေ။ ရီမိသားစုမှ သူတို့အားအလွန်အံ့အားသင့်စေသည်။ သူတော်စင်အဆင့်ကျင့်ကြံသူများ ပေါ်လာစဉ်က သူတို့အားလုံး စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရသည်။ သို့သော် နတ်ဘုရားတစ်ပါးကဲ့သို့သောရီဖန် ဆင်းသက်လာသောအခါ အိပ်မက်ပင်မမက်ဝံ့သော ၄င်းတို့၏ကြောက်မက်ဖွယ်ပြိုင်ဘက်များကို အလွယ်တကူ ဖြတ်ကျော်နိုင်ခဲ့သည်။

သူ၏အင်အားက တကယ့်ကို မယုံနိုင်စရာဖြစ်သည်။ ရီမိသားစုတွင် စွမ်းအားကြီး မိသားစုခေါင်းဆောင်ရှိသဖြင့် အနာဂတ်တွင် ပန်ကုစကြဝဠာကို မည်သူမျှ ရန်စဝံ့တော့မည် မဟုတ်ပေ။ ထို့အပြင် ၄င်းတို့နားလည်ထားသည့်အချက်အရ အကယ်၍ ရီမိသားစုသည် ပန်ကုစကြဝဠာကိုချုပ်ကိုင်ရလျှင်ပင် ကျင့်ကြံသူများ ထိုနေရာမှ ထွက်ခွာသွားခြင်းကို တားမြစ်မည်မဟုတ်ချေ။

မကြာမီတွင် ၎င်းတို့သည် ပန်ကုစကြဝဠာမှ ထွက်ခွာပြီး ပိုမိုကျယ်ပြန့်သည့် နေရာများကို တွေ့ကြုံခံစားနိုင်လိမ့်မည်ဟု သူတို့ယုံကြည်သည်။ ရီမိသားစု၏တိုက်ခိုက်မှုသည် ပန်ကုစကြာဝဠာအတွင်းရှိ သူတော်စင်အစည်းအရုံး ကျင့်ကြံသူများကို ရည်မှန်းထားခြင်းမဟုတ်ပေ။ အရေးအကြီးဆုံးအချက်မှာ အထက်ကမ္ဘာကို တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးရသွားခြင်းဖြစ်သည်။ မကြာမီတွင် ရီဖန်သည် ရီမိသားစုကျင့်ကြံသူများကို နေရာလွတ်လမ်းကြောင်းမှတဆင့် ဦးဆောင်ခေါ်သွားခဲ့သည်။

ရီဖန်သည် ယခင်က အထက်ပိုင်းနယ်မြေသို့ မရောက်ဖူးသေးချေ။ ပိုမိုကျယ်ပြောသောကမ္ဘာတစ်ခု ပိုမိုအားကောင်းသောကမ္ဘာတစ်ခုက ကျင့်ကြံသူများအား ပိုမိုအားကောင်းစေသည်။ သူသည် မဟာတာအို၏နိယာမများကို ဤအချိန်တွင်ရှင်းရှင်းလင်းလင်း နားလည်လိုက်ရသည်။ ထိုသို့သောနေရာ၌ ကျင့်ကြံခြင်းက ပန်ကုစကြာဝဠာတွင်ထက် ပိုမိုအားကောင်းလာရန် လွယ်ကူသည်။

ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင် အရင်းအမြစ်များစွာရှိသော်လည်း ထိုကျင့်ကြံမှုပတ်ဝန်းကျင်သည် အထက်ကမ္ဘာနှင့် နှိုင်းယှဉ်ပါက များစွာအားနည်းသည်။ ရီမိသားစုသည် အထက်ကမ္ဘာသို့ ရောက်ရှိပြီးနောက်တွင် ပိုမိုမြန်ဆန်စွာ လေ့ကျင့်နိုင်မည်ဖြစ်သည်။

ရီဖန်ပေါ်လာသောအခါတွင် သူတော်စင်အစည်းအရုံး၏ အကြွင်းအကျန်များသည် မည်သူမှမသိသည့်နေရာသို့ ထွက်ပြေးသွားကြသည်။ ရီဖန်သည် သူတော်စင်အစည်းအရုံးကျင့်ကြံသူများကို အလျင်စလို လိုက်မဖမ်းခဲ့သော်လည်း နေရာလွတ်လမ်းကြောင်းတစ်ဝိုက်တွင် မြို့တစ်မြို့ကို စတင်တည်ဆောက်ရန် တာ့ယွီနတ်မင်းဆက်ကို အမိန့်ပေးခဲ့သည်။ လူသားမျိုးနွယ်စုအတွက် နေရာတစ်ခုကိုသိမ်းပိုက်ခြင်း၏ ပထမဆုံးသော အမှတ်အသားမှာ ကိုယ်ပိုင်မြို့ရှိခြင်းဖြစ်သည်။ မဟုတ်လျှင် သိမ်းပိုက်သည်ဟု သတ်မှတ်၍မရပေ။

သူတော်စင်ဂိုဏ်းပေါင်းစုံမှ ကျင့်ကြံသူများသည် ရီမိသားစု၏လုပ်ရပ်များကို မလှမ်းမကမ်းမှစောင့်ကြည့်ကာ စိတ်တိုနေသည်။

သူတော်စင်အစည်းအရုံးကိုအနိုင်ယူ၍ ၄င်းတို့၏ နယ်မြေကို သိမ်းပိုက်နိုင်ခဲ့လူများသည် ထိုသူများ ဖြစ်သည်။ သူတို့ကို စောင့်ကြည့်လေ့လာသူများသည် ရွှမ်ယွမ်စကြာဝဠာမှတပ်ဖွဲ့များဖြစ်သည်။ ၄င်းတို့သည် သူတော်စင်အစည်းအရုံးနှင့် နှစ်ပေါင်းများစွာ ပဋိပက္ခဖြစ်ခဲ့သဖြင့် သူတော်စင်အစည်းအရုံး၏အင်အားကို ၎င်းတို့ထက် မည်သူမျှ နားမလည်နိုင်ပေ။

၄င်းတို့သည် မကြာသေးမီက ပြုလုပ်ခဲ့သော သူတော်စင်အစည်းအရုံး၏ လှုပ်ရှားမှုအားလုံးကိုတော့ စောင့်ကြည့်မထားခဲ့ကြချေ။ သူတော်စင်အစည်းအရုံးသည် စကြာဝဠာအသစ်တစ်ခုလုံးကို ရှာဖွေတွေ့ရှိကြောင်း သိရှိခဲ့စဉ်က ၄င်းတို့ ထိတ်လန့်သွားခဲ့သည်။ သူတော်စင်အစည်းအရုံးသည် အလွန်အားကောင်းနေပြီဖြစ်ပြီး ဆက်လက်အားကောင်းနေပါက မည်သူမျှအနိုင်ယူနိုင်တော့မည်မဟုတ်။

သို့သော် ယခုအခြေအနေမှာ မသဲမကွဲဖြစ်နေသည်။ သူတော်စင်အစည်းအရုံးအား အနိုင်ယူနိုင်သော အားကြီးသောအင်အားတစ်ခု ထွက်ပေါ်လာပုံရသည်။ အကယ်၍ သူတော်စင်အစည်းအရုံးသည် ဤအမည်မသိတပ်ကို မခံနိုင်ပါက ၄င်းတို့သည်လည်း ခုခံနိုင်ရန် မသေချာပေ။ ယခင်ကရှိခဲ့သော ငြိမ်းချမ်းရေး ပြိုပျက်တော့မည်ကိုသာ စိုးရိမ်နေသည်။

လူစုလူဝေးအတွင်းရှိ ၀မ်ဟိုင်သူတော််စင်သည် ရီမိသားစု၏အင်အားကို ခံစားမိသဖြင့် ဆုတ်ခွာရန် စတင်စဉ်းစားခဲ့သည်။ ၄င်းသည် ရွှမ်ယွမ်စကြာဝဠာမှ ဆုတ်ခွာရန် သင့်မသင့်ကို ဂိုဏ်းနှင့်ဆွေးနွေးလိုသည်။ အကယ်၍ ၄င်းတို့သည် အထက်နယ်မြေကို ထိုအမည်မသိတပ်ဖွဲ့ထံသို့ စွန့်လွှတ်လိုက်ပါက သူရဲဘောကြောင်ရာ ရောက်သွားမည်ကိုလည်း စိုးရိမ်နေသည်။ ဖြစ်နိုင်လျှင် ထိုအဖွဲ့ကို ဤနယ်မြေသို့ မလာစေလိုချေ။

ထိုတပ်ဖွဲ့မှ စတင်လှုပ်ရှားလာမည်ဆိုလျှင် ပြဿနာများ စတင်တော့မည်။ ယခု ၄င်းတို့ဆုတ်ခွါလိုက်လျှင်

ရီရှောက်ဖန်နှင့် ဆက်ဆံရေးကို အားကိုး၍ နယ်မြေအား ထိန်းထားကောင်းထိန်းထားနိုင်လိမ့်မည်။

အထက်ပိုင်းနယ်မြေမှ အခြားတပ်ဖွဲ့များအား ၄င်းတို့နယ်မြေအတွင်းသို့ ဖိတ်ခေါ်ရန်လည်း တစ်ခါမှ မစဉ်းစားခဲ့ဖူးပါ။ အထက်ပိုင်းနယ်မြေ သိမ်းပိုက်ခံခဲ့ရလျှင်ပင် ၄င်းတို့သည် ရွှမ်ယွမ်စကြဝဠာကို ပြန်လည်သိမ်းပိုက်ရန် မျှော်လင့်ချက်ရှိသေးသည်။

သို့သော် တခြားအင်အားစုများကို ဖိတ်ခေါ်လိုက်လျှင် ထိုသို့ မျှော်လင့်၍ ရတော့မည်မဟုတ်။ ထို့နောက်တွင် ၎င်းတို့၏အခြေစိုက်စခန်းဖြစ်သော ရွှမ်ယွမ်စကြဝဠာသည်ပင် ဒုက္ခရောက်နိုင်သည်။ သူတော်စင်များစွာတို့သည် မည်သို့တုံ့ပြန်ရမည်ကို ဆွေးနွေးရန် ၎င်းတို့၏ ဂိုဏ်းများဆီသို့ ပြန်သွားကြသည်။

……….

အခန်း ၄၈၆ - ရန်သူမဟုတ်ဘဲ မိတ်ဆွေဖြစ်နေခြင်း

၀မ်ဟိုင်သူတော်စင်သည်လည်း ၀မ်ဟိုင်သူတော်စင်ဂိုဏ်းဆီသို့ အပြေးအလွှား ပြန်သွားကာ မဟာအကြီးအကဲများကို စုဝေးလိုက်ပြီးနောက် မည်သို့တုံ့ပြန်ရမည်ကို ဆွေးနွေးခဲ့သည်။

"အားလုံးပဲ ဒီထူးဆန်းတဲ့ အင်အားစုကို ငါတို့မသိနိုင်ဘူး။ ငါတို့နောက်ထပ်လုပ်မယ့်အရာက ၀မ်ဟိုင်သူတော််စင်ဂိုဏ်းရဲ့ကံကြမ္မာအပေါ် တိုက်ရိုက်သက်ရောက်နိုင်တယ်"

မဟာအကြီးအကဲများ ငြိမ်သက်သွားကြသည်။ ၎င်းက ၀မ်ဟိုင်သူတော််စင်ဂိုဏ်း၏ကံကြမ္မာသာမက ၎င်းတို့၏ ကိုယ်ရေးကိုယ်တာကံကြမ္မာနှင့်ပါ သက်ဆိုင်၏။

ဤအခြေအနေမျိုးတွင် အမှန်တကယ် ဆုံးဖြတ်ချက်ချရခက်ပါသည်။

ထိုအချိန်တွင် နောက်ကျမှရောက်လာသော ရီရှောက်ဖန်က တံခါးကိုတွန်းဖွင့်လိုက်သည်။ သူ့ကိုမြင်လိုက်ရသော အကြီးအကဲများမှာ စိတ်သက်သာရာရသွားကြ၏။ ရီရှောက်ဖန်၏ နောက်ခံသည် မည်သို့မျှမရိုးရှင်းချေ။ ထို့အပြင် ၎င်းတို့၏ဆက်ဆံရေးမှ သိရှိရသလောက် ရီရှောက်ဖန်၏ ပံ့ပိုးသူများမှာ အလွန်လောဘကြီးပုံမပေါ်ပေ။

သူ၏နောက်ကွယ်မှ အင်အားစုဖြင့် ပူးပေါင်းဆောင်ရွက်နိုင်လျှင် ၎င်းတို့၏အခြေအနေသည် လက်ရှိအခြေအနေကဲ့သို့ ကြောက်စရာကောင်းမည်မဟုတ်ပေ။

"လက်ထောက်ဂိုဏ်းချုပ်၊ မကြာခင်က သူတော်စင်အစည်းအရုံးမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေရှိခဲ့တယ်။ ၀မ်ဟိုင်သူတော်စင်ဂိုဏ်းအတွက်လဲ ခက်ခဲလာနိုင်သလားလို့"

၀မ်ဟိုင်သူတော််စင်သည် အခြေအနေနှင့်ပတ်သက်၍ ရီရှောက်ဖန်ကို အလျင်အမြန် ရှင်းလင်းပြောပြပြီးနောက် သူ့ကို မျှော်လင့်တကြီးကြည့်နေသည်။ ရီရှောက်ဖန်ကသာ သူ့နောက်ကွယ်မှသူများကို ခေါ်နိုင်လျှင် ၎င်းတို့သည်လည်း ၀မ်ဟိုင်သူတော်စင်ဂိုဏ်းကို ကာကွယ်လိမ့်မည်မှာ သေချာသည်။ အားလုံး၏မျှော်လင့်ချက်များကို ရီရှောက်ဖန်အပေါ် ပုံအောထားခဲ့ကြ၏။

၀မ်ဟိုင်သူတော််စင်ပြောသည်ကိုကြားပြီးနောက် ရီရှောက်ဖန်၏မျက်နှာသည် အနည်းငယ်ထူးဆန်းလာသည်။ အထက်ကမ္ဘာနှင့် ရီမိသားစု၏ပဋိပက္ခသတင်းကို သူ သေချာပေါက်ကြားခဲ့သည်။ သို့သော် ဤသတင်းက သူတော်စင်ဂိုဏ်းများကြားတွင် ဤကဲ့သို့ သိသာထင်ရှားသောတုံ့ပြန်မှုကို ဖြစ်စေလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။

ရီရှောက်ဖန်၏မျက်နှာပေါ်မှ ပြောင်းလဲသွားသောအမူအရာကို မြင်လိုက်ရပြီးနောက် ၀မ်ဟိုင်သူတော်စင်၏နှလုံးသား နစ်မြုပ်သွားခဲ့သည်။ ဤအခြေအနေကို ရီရှောက်ဖန်ပင် မတတ်နိုင်တော့သလား။ ၀မ်ဟိုင်သူတော်စင်ဂိုဏ်း အမှန်တကယ် ကျဆုံးရတော့မည်လား။

"ဂိုဏ်းချုပ်တို့ ဒီလောက်စိတ်ရှုပ်နေစရာမလိုပါဘူး"

ရီရှောက်ဖန်သည် ၀မ်ဟိုင်သူတော််စင်၏မျက်နှာကို မြင်လိုက်ရပြီးနောက် သူအထင်လွဲသွားသည်ကိုသိကာ ပြောလိုက်သည်။

ထိုအခါ ၎င်းတို့၏မျက်နှာများမှာလည်း ပြန်လည်ကြည်လင်လာသည်။ အခြားအကြီးအကဲများသည်လည်း ရီရှောက်ဖန်ကို အားကိုးနေကြလျက် သူ့အစီအစဉ်ကိုသိလိုကြသည်။

"အကြီးအကဲနဲ့ ဂိုဏ်းချုပ်တို့အားလုံး ပြောနေတဲ့ အဲအင်အားစုက ကျွန်တော်တို့ ရီမိသားစုဖြစ်ရမယ်”

ထိုစကားကိုကြားသည့်အခါ လူတိုင်းကထိတ်လန့်သွားသည်။

"လက်ထောက်ဂိုဏ်းချုပ်။ မင်းနောက်နေတာဖြစ်မယ်”

၀မ်ဟိုင်သူတော်စင်သည် ခက်ခဲစွာမျိုချလိုက်ပြီး အဆင်မပြေသောအပြုံးကို အတင်းအကြပ်လုပ်ယူလိုက်ရသည်။

"ဂိုဏ်းချုပ်ကိုဘာလို့ နောက်ရမှာလဲဗျာ။ သူတော်စင်အစည်းအရုံးက ရီမိသားစုရဲ့ စကြဝဠာထဲကတစ်ခုကို ကျူးကျော်ဖို့ ပစ်မှတ်ထားခဲ့လို့ ဒီတစ်ခါ အချခံလိုက်ရတာပါ"

ပြင်းထန်သောပျော်ရွှင်မှုတစ်ခု စီးဆင်းသွားပြီး ၀မ်ဟိုင်သူတော််စင်ကို အရူးတစ်ယောက်လို ကျယ်လောင်စွာ ရယ်မောစေခဲ့သည်။ ဤလျှို့ဝှက်ဆန်းကြယ်သောအင်အားစုသည် အမှန်တကယ်ပင် ရီရှောက်ဖန်၏နောက်ကွယ်မှ အင်အားစုဖြစ်ရမည်။ ထို့ကြောင့် ၀မ်ဟိုင်သူတော််စင်ဂိုဏ်းနှင့် ရီမိသားစုကို မဟာမိတ်အဖြစ်ယူဆနိုင်သည်မလား။

အနည်းဆုံးတော့ အခြားအင်အားစုများနှင့်ယှဉ်လျှင် ၎င်းတို့ထံတွင် အားသာချက်များရှိသည်။ ၎င်းတို့သာ ရီမိသားစုနှင့်ချိတ်ဆက်နိုင်ပါက ၀မ်ဟိုင်သူတော််စင်ဂိုဏ်းသည်လည်း ပိုမိုတိုးတက်ရန် အခွင့်အလမ်းရှိလာလိမ့်မည်။ ထိုအချိန်တွင် သူသည် ၀မ်ဟိုင်သူတော််စင်အဖြစ် ဘိုးဘေးများကို ဂုဏ်ယူစေရမည်။

“ရှောက်ဖန် မင်းဘာလို့ ဒီလိုအရေးကြီးတဲ့သတင်းကို စောစောက မပြောခဲ့တာလဲ"

၀မ်ဟိုင်သူတော််စင်သည် သူ့ရင်ဘတ်ကိုပုတ်လိုက်ပြီးနောက် လုံးဝတည်ငြိမ်သွားသည်။

“မေးမှမမေးတာဗျာ!"

ရီရှောက်ဖန်က အပြစ်ကင်းစွာဖြေလိုက်၏။ သူကိုယ်တိုင်သည်လည်း ကူကယ်ရာမဲ့ဖြစ်နေခဲ့သည်။ သူ၏မူလအစီအစဉ်မှာ သူတော်စင်မဟာမိတ်အစည်းအရုံးကို လက်တွဲဖြေရှင်းရန်အတွက် ၀မ်ဟိုင်သူတော်စင်ဂိုဏ်းအပါအဝင် အဓိကအင်အားစုများကို စုစည်းရန်ဖြစ်သည်။

သို့သော် သူတော်စင်အစည်းအရုံးသည် ဤမျှအားနည်းလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူတို့ဘက်မှ အင်အားအပြည့်အ၀မစိုက်ရသေးသည့်တိုင် သူတော်စင်အစည်းအရုံးကတော့ လှုပ်စိစိဖြစ်နေပြီဖြစ်သည်။

"ဂိုဏ်းချုပ် စိတ်မပူပါနဲ့။ ရီမိသားစုရဲ့ တခြားအင်အားစုတွေအပေါ် သဘောထားက မင်းငါ့ကိုမရှုပ်ရင် ငါမင်းနဲ့မရှုပ်ဘူးလို့ ဆုံးဖြတ်ထားပြီးသားပါ"

"သူတော်စင်အစည်းအရုံးကတော့ ပြဿနာသွားရှာတာမို့၊ ရီမိသားစုကို အပြစ်တင်လို့မရဘူးလေနော်”

အတိတ်က သူတော်စင်အစည်းအရုံး၏ လှုပ်ရှားမှုများကို ပြန်တွေးမိပြီးနောက် ၀မ်ဟိုင်သူတော်စင်သည် ရီရှောက်ဖန်က သူ့ကိုလှည့်စားရန်မကြိုးစားနေကြောင်း သိလိုက်သည်။ ဤအရာအားလုံးသည် သူတော်စင်အစည်းအရုံး၏ ကိုယ့်စားရိတ်ကိုယ်ခံရခြင်းသာဖြစ်၏။

"မိသားစုအကြီးအကဲက အခုသူတော်စင်အစည်းအရုံးရဲ့ အကြွင်းအကျန်တပ်တွေနဲ့ အလုပ်ရှုပ်နေလောက်ပါပြီ။ အဲဒါပြီးတာနဲ့ ရီမိသားစုဆီ သွားကြတာပေါ့"

…

သူတော်စင်အစည်းအရုံးထံမှ သိမ်းပိုက်ထားသောနယ်မြေများသည် ၀မ်ဟိုင်သူတော်စင်ဂိုဏ်းထက် အဆများစွာ ကျယ်ဝန်းသည်။ ယခုအခါ ထိုနယ်မြေအားလုံးကို ရီမိသားစုထဲသို့ ပေါင်းထည့်လိုက်ပြီဖြစ်သည်။

နေရာတစ်ခုစီရှိအရင်းအမြစ်များကို ကြည့်ရင်း ရီမိသားစု၏ကျင့်ကြံသူများ စိတ်လှုပ်ရှားနေသည်။

ဤအဆင့်မြင့်အရင်းအမြစ်များသည် ပန်ကုစကြဝဠာနှင့် နှိုင်းယှဉ်၍မရနိုင်သည်မှာ သေချာသည်။ ပန်ကုစကြဝဠာသည်လည်း ပြန်လည်ကောင်းမွန်လာနေပြီဖြစ်သောကြောင့် ၎င်းသည် သူတော်စင်များအတွက် များစွာအကျိုးမရှိတော့ပေ။

သူတော်စင်အစည်းအရုံးမှ ဤအင်အားစုများအနေဖြင့် ပန်ကုစကြဝဠာကို အာရုံစိုက်ရခြင်းအကြောင်းရင်းမှာ စကြာဝဠာကိုသိမ်းပိုက်ခြင်းနှင့် မဟာတာအိုကိုထိန်းချုပ်ခြင်းမှရရှိသော အကျိုးကျေးဇူးများဖြင့် မဟာသူတော်စင်နယ်မြေသို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်းကြောင့်ဖြစ်သည်။

စကြဝဠာတစ်ခု၏ဖွံ့ဖြိုးတိုးတက်မှုသည် အလွန်လျင်မြန်ပြီး ၎င်းဖွံ့ဖြိုးလာသည်နှင့်အမျှ ၎င်းသည် ကျင့်ကြံရန်အတွက် ပိုမိုလုံလောက်သောအရင်းအမြစ်များကို ထောက်ပံ့ပေးနိုင်သည်။

ရီဖန်သည် အရင်းအမြစ်နယ်မြေတိုင်းကို သိမ်းပိုက်ရန်အတွက် ရီမိသားစုမှကျင့်ကြံသူများကို စေလွှတ်ထားခဲ့သည်။ ၎င်းတို့ကိုစောင့်ရှောက်ရန် တာဝန်ရှိသူများအား အရင်းအမြစ်များကို ခွဲဝေယူနိုင်ကြောင်းလည်း ပြောကြားခဲ့၏။ သို့သော် ရီမိသားစု၏ကျင့်ကြံသူများသည် ဤအရင်းအမြစ်များကို စိတ်ဝင်စားမှုသိပ်မပြဘဲ မိသားစုအတွက် အပ်နှံရန်သာလိုလားကြသည်။

ရီမိသားစု၏ ဆေးပညာကြောင့် ဤအရင်းအမြစ်များက ၎င်းတို့၏စိတ်ဝင်စားမှုကို လွန်စွာမသက်ရောက်နိုင်ချေ။ ရီမိသားစု၏ကျင့်ကြံသူများသည် ၎င်းတို့၏ကျင့်ကြံရန် အရင်းအမြစ်များစွာရှိသည်။ သို့သော် ရီမိသားစု၏ ဆေးပညာရှင်များက မသန့်စင်ပေးလျှင် ထိုအရင်းအမြစ်ရိုင်းများကို မည်သို့အသုံးပြုရမည်နည်း။

တစ်ဖက်တွင် သူတော်စင်အစည်းအရုံး၏ ကျင့်ကြံသူအများစုသည် သူတော်စင်အစည်းအရုံးမှအရင်းအမြစ်အများစုကို ယူဆောင်ကာ ထွက်ပြေးသွားကြပြီဖြစ်သည်။ ကံကောင်းစွာဖြင့် ရီမိသားစု၏အမြန်နှုန်းကို ကြောက်ရွံ့သောကြောင့်သာ ရင်းမြစ်အချက်အများစုကို မထိရဲဘဲ ချန်ထားခဲ့ကြခြင်းဖြစ်၏။

ရီဖန်သည် သူတော်စင်အစည်းအရုံး၏ ကျင့်ကြံရေးသမားများကို ယခုအချိန်တွင်လိုက်ဖမ်းရန် အစီအစဉ်မရှိပေ။ ၎င်းတို့သည် အကြွင်းအကျန်တပ်ဖွဲ့တစ်ခုဖြစ်သောကြောင့် တွေ့သည်နှင့် ရှင်းလင်းပစ်ရမည်။ ၎င်းတို့၏လက်တုံ့ပြန်မှုနှင့်ပတ်သက်ပြီး ရီဖန်က လုံးဝစိတ်မပူချေ။

ရီဖန် သတိထားရန်လိုအပ်သော တစ်ဦးတည်းသောသူမှာ သူတော်စင်အစည်းအရုံး၏ဂိုဏ်းချုပ် ဖြစ်သည်။ သို့သော် ပုန်းအောင်းနေသည့် မဟာသူတော်စင်ကို ရီဖန်ပင်လျှင် ရှာတွေ့ရန် လွယ်ကူမည်မဟုတ်ပေ။

ယခုအရေးကြီးဆုံးမှာ သူတော်စင်အစည်းအရုံး၏ အာဏာကိုသိမ်းပိုက်ပြီး ရီမိသားစု၏ဂုဏ်သိက္ခာကို ထူထောင်ရန်ဖြစ်သည်။ ရီဖန်သည် အနီးအနားဒေသများတွင် ရီမိသားစု၏ဂုဏ်သတင်းပြန့်နှံ့လာသောအခါ ရီမိသားစု၏ရေရှည်တာဝန်ကို ပြီးမြောက်တော့မည့် ကြိုတင်သတိပေးချက်တစ်ခု ရရှိခဲ့သည်။

အရင်းအမြစ်များနှင့်နှိုင်းယှဉ်ပါက ရီဖန်သည် စနစ်ဆုလာဘ်များကို ပိုအာရုံစိုက်ထားသည်။

စနစ်မှဆုလာဘ်များသည် သာမန်အရင်းအမြစ်များနှင့် နှိုင်းယှဉ်၍မရပေ။

ရီရှောင်းရှောင်းက တာဝန်ယူထားသာ ရီမိသားစုသည် သူတော်စင်အစည်းအရုံး၏ နယ်မြေများကို စနစ်တကျ သိမ်းပိုက်နေသောကြောင့် သူတော်စင်အစည်းအရုံးနယ်မြေအတွင်းရှိ အခြားအင်အားစုငယ်များသည် ရီဖန်အတွက် အခက်အခဲမရှိခဲ့ပေ။ တကယ်တမ်းတွင် ၎င်းတို့ကိုအသုံးချခြင်းကလည်း ရီမိသားစုအတွက် အသုံးမဝင်ချေ။

သူတော်စင်အစည်းအရုံးမှ အဆက်မပြတ်လုယက်ခြင်းခံခဲ့ရသော အင်အားစုငယ်များသည် ရီမိသားစုထံမှ အလားတူဆက်ဆံမှုကို မျှော်လင့်ထားကြသော်လည်း၊

၎င်းတို့အတွက်နေ့ရက်ကောင်းများ ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

၎င်းတို့အရင်းအမြစ်များ၏တစ်စိတ်တစ်ပိုင်းကို ရီမိသားစုထံအပ်နှင်းရန်မှလွဲ၍ ထိုအင်အားစုငယ်လေးများအတွက် အခြားလိုအပ်ချက်များမရှိ။ သူတော်စင်အစည်းအရုံး၏ တောင်းဆိုချက်များနှင့် နှိုင်းယှဉ်လျှင်ပင် ၎င်းတို့ ပေးဆောင်ရမည့်အရာမှာ နည်းနည်းလေးသာရှိသည်။

ထို့အပြင် ရီမိသားစုမှခွဲထွက်လိုလျှင်လည်း ရီမိသားစုက သူတို့ကို တားမည်မဟုတ်ကြောင်း ကတိပေးခဲ့သည်။ သို့သော် ဝင်ရောက်ခိုလှုံလာသူများကိုတော့ ရီမိသားစုက အကာအကွယ်ပေးလိမ့်မည်။ ထို့ကြောင့် ဤအင်အားစုငယ်များသည် လုံးဝခွဲထွက်ရန်စိတ်ကူးကို စွန့်လွှတ်လိုက်ကြသည်။ ယခင်က ၎င်းတို့ထွက်ပြေးရန် စိတ်အားထက်သန်ကြသော်လည်း ယခုအခါ ၎င်းတို့နေထိုင်နိုင်ရန်သာ စိတ်အားထက်သန်နေကြသည်။

ရီမိသားစုမှကမ်းလှမ်းသော စည်းကမ်းများသည် ကောင်းမွန်လွန်းသောကြောင့် ၎င်းတို့တွင် ရွေးချယ်စရာမရှိပေ။ ရီမိသားစု၏သဘောထားသည် ၀မ်ဟိုင်သူတော််စင်ဂိုဏ်းကဲ့သို့သော အင်အားစုများထံသို့ပါ ပျံ့နှံ့သွားခဲ့သည်။ ၎င်းတို့အနေဖြင့်လည်း ရီမိသားစုက သူတော်စင်အစည်းအရုံးကဲ့သို့မဟုတ်ပဲ ၎င်းတို့စိတ်ကူးထားသလောက် ကြောက်စရာမကောင်းကြောင်း တဖြည်းဖြည်း နားလည်လာသည်။

……..

All Chapters