အခန်း ၄၈၇-၄၈၉
Vol. 33 Ch. 487-489
အခန်း ၄၈၇ - အရွက်တစ်ထောင်ဆေးခန်း
နောက်ဆုံးတွင် ရီမိသားစုသည် သူတော်စင်ကမ္ဘာတွင် ခြေကုပ်ယူနိုင်လိုက်၏။
ဤသူတော်စင်ကမ္ဘာသည် ကောင်းကင်ဘုံချိတ်ဆက်နယ်မြေ ၏အစိတ်အပိုင်းတစ်ခုမျှဖြစ်သလား။
သူတော်စင်အစည်းအရုံးမှရရှိသော အချက်အလက်များကိုဖတ်ပြီးနောက် ရီဖန် မျက်မှောင်ကြုတ်လိုက်သည်။ ထင်ရှားစွာပင် သူတော်စင်ကမ္ဘာသည် ကောင်းကင်ဘုံချိတ်ဆက်နယ်မြေ ၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။
၎င်းက စကြာဝဠာ၏သဘောတရားထက်ပင် ပိုမိုသာလွန်သည်။ ထိုသို့သောကမ္ဘာမျိုးကသာလျှင် မဟာသူတော်စင်အဆင့်အထက် စွမ်းအားရှင်များကို မွေးထုတ်ပေးနိုင်သည်။ ရီဖန်သည် နောက်ဆုံးတွင် မဟာသူတော်စင်အဆင့်၏ ပြီးပြည့်စုံသော အယူအဆတစ်ခုဖမ်းဆုပ်မိလိုက်ပြီဖြစ်၏။
အထက်ကမ္ဘာရှိ သူတော်စင်များသည် မူလအခြေခံနိယာမတစ်ခုကို နားလည်သဘောပေါက်ပြီးနောက် ကမ္ဘာ၏မျိုးစေ့များနှင့် အပြည့်အ၀ပေါင်းစပ်ကာ ကမ္ဘာ၏ပန်းပွင့်များပွင့်စေခြင်းဖြင့် မဟာသူတော်စင်နယ်မြေသို့ အမှန်တကယ်ဖြတ်ကျော်နိုင်မည်ဖြစ်သည်။
အခြေတည်စကြာဝဠာတွင် ပုံမှန်အားဖြင့် ပြည့်စုံသောမူလနိယာမတစ်ခုရှိမည်ဖြစ်သောကြောင့် သူတော်စင်အစည်းအရုံး၏ဂိုဏ်းချုပ်သည် ပန်ကုစကြဝဠာကို သိမ်းပိုက်ရန် အဘယ်ကြောင့် အလွန်အမင်းစိတ်အားထက်သန်နေရကြောင်း ရှင်းပြနိုင်သည်။
အထွတ်အထိပ်အဆင့်ရှိ သူတော်စင်တစ်ဦးသည် ပန်ကုစကြဝဠာကိုသိမ်းပိုက်နိုင်သရွေ့ ၎င်းတို့သည် ဤမူလအခြေခံနိယာမကိုရရှိပြီး ၎င်းကိုနားလည်နိုင်မည်ဖြစ်သည်။ ပုံမှန်ကျင့်ကြံရသည်နှင့်ယှဉ်လျှင် ထိုအရှိန်က ပြောပြမရလောက်အောင် ပိုမြန်သည်။
အခြားမူလအခြေခံနိယာမကို နားလည်ထားပြီးဖြစ်သည့် မဟာသူတော်စင်အဆင့် စွမ်းအားရှင်တစ်ဦးပင်လျှင် ၎င်းကိုလုံးဝနားလည်နိုင်ပြီး ထိုကျင့်ကြံမှုလမ်းကြောင်းအတိုင်း ပြောင်းလဲနိုင်သည်။ လမ်းညွှန်တစ်ခုရှိခြင်းနှင့် မရှိခြင်းတို့က လုံးဝမတူပေ။
မဟာသူတော်စင်တစ်ဦးသည် မူလအခြေခံနိယာမ တစ်ခုတည်းမကဘဲ နားလည်သဘောပေါက်နိုင်လျှင် အကျိုးကျေးဇူးများပိုမိုရရှိနိုင်မည်ဖြစ်ကာ ၎င်း၏တိုက်ခိုက်ရေးစွမ်းအားသည်လည်း ပိုမိုအားကောင်းလာမည်ဖြစ်သည်။ သို့သော် သာမာန်သူတော်စင်တစ်ဦးအတွက် တစ်ခုတည်းကိုနားလည်သဘောပေါက်ပြီး မူလအခြေခံနိယာမပန်းကို ပွင့်လန်းစေနိုင်လျှင်ပင် အတော်လေးကောင်းမွန်နေပြီဖြစ်သည်။
ဤသူတော်စင်အစည်းအရုံးသည် ထင်ထားသည်ထက် ပိုမိုရှုပ်ထွေးပုံပေါ်သည်။ သူတော်စင်အစည်းအရုံး၏ဂိုဏ်းချုပ်သည် ကောင်းကင်ဘုံချိတ်ဆက်နယ်မြေရှိ မယုံနိုင်လောက်အောင် အားကောင်းသည့် အင်အားစုအစစ်အမှန်ဖြစ်သည့် ဘုရားကျောင်းမှ ဆင်းသက်လာပုံရသည်။ ဤဘုရားကျောင်းတွင် စစ်မှန်သောနတ်ဘုရားနယ်မြေ စွမ်းအားရှင်များရှိနေကြောင်း ကောလဟာလများလည်း ရှိထားဖူး၏။
သို့သော် ၎င်းတို့က ကောလဟာလများသာဖြစ်ကာ မည်သူကမှ မစစ်ဆေးရသေးချေ။ သို့သော် စစ်မှန်သောနတ်ဘုရားမရှိဘဲ ဘုရားကျောင်းတော်တစ်ခုတည်း၏အင်အားဖြင့်ပင် စကြဝဠာရာပေါင်းများစွာကို ချိတ်ဆက်ပေးထားသည့် ကောင်းကင်ဘုံချိတ်ဆက်နယ်မြေကို လွတ်လပ်စွာဖြတ်သန်းနိုင်သည်။
သူတော်စင်အစည်းအရုံး၏ဂိုဏ်းချုပ်သည် မဟာသူတော်စင်အဆင့်ကို ဖြတ်ကျော်နိုင်ခြင်းမရှိသေးသောကြောင့် ထင်ရှားသောပုဂ္ဂိုလ်မဟုတ်သေးချေ။ ထို့ကြောင့် သူသည် ဘုရားကျောင်းမှ စိတ်ပျက်စွာထွက်ခွာပြီး ဘုရားကျောင်းကိုတုပကာ ဝေးလံသောအရှေ့နယ်မြေတွင် သူတော်စင်အစည်းအရုံးကိုတည်ထောင်ခဲ့သည်။
သို့ဖြစ်လျှင် ဘုရားကျောင်းတော်သည် သူတော်စင်အစည်းအရုံးအတွက် လက်စားချေလာနိုင်သလား။ ရီဖန်အနေဖြင့် ၎င်းကိုရိုးသားစွာစောင့်မျှော်နေပါ၏။ အဆုံးတွင် ဇာတ်ဆောင်၏တိုးတက်မှုလမ်းကြောင်းတွင် ရန်သူနှင့်အတွေ့အကြုံများ ပါဝင်သင့်မဟုတ်လား။
ပြန်ခြုံကြည့်ရလျှင် ရီဖန်၏ရန်သူအားလုံးနီးပါးကို သုတ်သင်ခဲ့ပြီးဖြစ်သောကြောင့် ထပ်ရစရာအတွေ့အကြုံလဲ မရှိတော့ပေ။
သို့သော်လည်း ရီဖန်၏ခန့်မှန်းချက်များအပေါ် အခြေခံ၍ ဤဘုရားကျောင်းသည် အရေးမပါသော သူတော်စင်အစည်းအရုံး၏ဂိုဏ်းချုပ်ကို သိပ်ဂရုစိုက်မည်မဟုတ်ချေ။ ရီဖန်သည် သူ့စာအုပ်ကို ချလိုက်ပြီး ပုခုံးကြောများကို နှိပ်နယ်လိုက်သည်။
သူတော်စင်ကမ္ဘာက သူထင်သည်ထက် ပိုနက်နဲပုံပေါ်၏။
သို့သော်မဟာသူတော်စင်အဆင့် အကြောင်းကို လေ့လာပြီးနောက် ရီဖန်သည် သူ၏အနာဂတ်အတွက် အနည်းငယ်ပိုပြီး ယုံကြည်မှုရှိလာသည်။
အခြားသော ကျင့်ကြံသူများအတွက်မူ မူလအခြေခံနိယာမတစ်ခုကို နားလည်ရန်မှာ အလွန်ခက်ခဲနေပြီဖြစ်သော်လည်း စစ်မှန်သောနတ်ဘုရား၏ဉာဏ်အလင်းကို ပိုင်ဆိုင်ထားသူ ရီဖန်အတွက် ၎င်းကပြဿနာမရှိပေ။ မူရင်းအခြေခံနိယာမများစွာ၏ ပံ့ပိုးကူညီမှုဖြင့် စစ်မှန်သောနတ်ဘုရားဖြစ်လာရန်မှာ ရီဖန်၏ရေတိုရည်မှန်းချက်ဖြစ်သည်။
ဘဝတွင် ပန်းတိုင်အမြဲထားသင့်၏။ အခွင့်အရေးမရှိလျှင် ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်နေခြင်းကအဆင်ပြေသော်လည်း ယခုအချိန်ကတော့ လုံ့လစိုက်ထုတ်မှရမည်။ သူ့ထံတွင် အိပ်မက်များ ရှိနေသေးသည်မဟုတ်လား။
ရီဖန်ကို အနည်းငယ်စိတ်ရှုပ်စေသည့်အရာမှာ သူ၏အောင်မြင်မှုအတွက် ပထမဆုံးနားလည်သင့်သည့် မူလအခြေခံနိယာမနှင့်ပက်သက်၍ ဖြစ်သည်။
ပန်ကုစကြဝဠာ၏မူလအခြေခံနိယာမက အဘယ်နည်း။
ရီဖန်သည် လူမိုက်မဟုတ်သောကြောင့် ဖြတ်လမ်းတစ်ခုရှိနေချိန်တွင် အခက်ခဲဆုံးလမ်းကြောင်းကို ရွေးချယ်မည်မဟုတ်ပါ။
"ဖေဖေ၊ ဦးလေးရှောက်ဖန်က ၀မ်ဟိုင်သူတော််စင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့အတူ ရောက်နေတယ်”
ရီကျင်းထျန်၏ အသံက ရီဖန်နားသို့ ရောက်လာသည်။ ရီဖန်သည် ၀မ်ဟိုင်သူတော်စင်ဂိုဏ်းနှင့်ပက်သက်၍ သေချာပေါက်ရင်းနှီးခဲ့ပြီးဖြစ်ကာ မူလကသူတော်စင်အစည်းအရုံးကို တိုက်ခိုက်ရန်အတွက် ၀မ်ဟိုင်သူတော်စင်ဂိုဏ်းကို အသုံးပြုရန်ပင် စီစဉ်ခဲ့သည်။ အံ့သဩစရာကောင်းစွာဖြင့် ယခုတော့၎င်းကို မလိုအပ်တော့ချေ။
"သူတို့ကို ဝင်ခိုင်းလိုက်”
ရီဖန်ထံတွင် သူတို့ကို လှည့်ပြန်ခိုင်းမည့် ရည်ရွယ်ချက်မရှိပေ။ ၀မ်ဟိုင်သူတော်စင်ဂိုဏ်းက ဘာမှမကူညီခဲ့သော်လည်း ၎င်းတို့သည် နှစ်များတစ်လျှောက် ရီရှောက်ဖန်ကို အတော်လေး ကြင်နာခဲ့သည်။ ၎င်းတို့နှင့် ပြဿနာမဖြစ်သင့်ပေ။ သေချာပါတယ်။
၀မ်ဟိုင်သူတော်စင်ဝင်လာချိန်တွင် အနည်းငယ် လန့်နေသည်။
ရီမိသားစု၏မိသားစုအကြီးအကဲသည် မဟာသူတော်စင်အဆင့် စွမ်းအားရှင်ဖြစ်သည် မဟုတ်လား။ သို့သော်လည်း သူတဖြည်းဖြည်း စိတ်အေးသွားရှာသည်။
ရီရှောက်ဖန်၏ ရီဖန်အပေါ်သဘောထားကို ကြည့်ခြင်းအားဖြင့် ၎င်းတို့သည် မျိုးဆက်တူညီပုံရသည်။ ရီရှောက်ဖန်နှင့် သူ၏ဆက်ဆံရေးအကြောင်းတွေးပြီးနောက် ၀မ်ဟိုင်သူတော််စင်သည် ဤတွေ့ဆုံမှုကို လုံးဝစိတ်ချထားလိုက်သည်။
သူသည် ရီမိသားစုနှင့် ပိုမိုလေးနက်သော ပူးပေါင်းဆောင်ရွက်မှုအတွက် အဆိုပြုခဲ့၏။ ၀မ်ဟိုင်သူတော််စင်ဂိုဏ်းသည် ရီမိသားစုကို လိုအပ်သောပစ္စည်းများအားလုံး ပေးမည်ဖြစ်ကာ ၎င်းတို့အနေနှင့်လည်း ရီမိသားစုထံမှ အထောက်အပံ့ရရန် မျှော်လင့်ထားကြသည်။
ရီမိသားစုရှိ မဟာသူတော်စင်အဆင့် လက်နက်သန့်စင်သူများနှင့် ဆေးပညာရှင်အရေအတွက် တိုးများလာပြီးနောက် ၎င်းတို့သည် ပစ္စည်းအမြောက်အမြား ထုတ်လုပ်နိုင်ခဲ့သည်။ ရီမိသားစု၏ပိုလျှံနေသော ဆေးလုံးများနှင့် နတ်လက်နက်များကို အရင်းအမြစ်များကိုလဲလှယ်ရန် အသုံးပြုခြင်းက ပြဿနာမရှိမည်မှာသေချာသည်။
၀မ်ဟိုင်သူတော်စင်သည်တော့ ရီဖန်ကို ရီရှောက်ဖန်ကြောင့်နှင့် အလွယ်တကူသဘောတူလိုက်သည်ဟု ထင်လိုက်ကာ၊ သူပြန်သွားသည်နှင့်၊ ရီရှောက်ဖန်အပေါ်ဆက်ဆံမှု သေချာပေါက် တိုးတက်စေရမည်ဟု ဆုံးဖြတ်လိုက်သည်။ ၀မ်ဟိုင်သူတော််စင်ဂိုဏ်း၏အနာဂတ်သည် ယခုအခါ ရီရှောက်ဖန်ပေါ်တွင် မူတည်နေ၏။
အကယ်၍ ရီရှောက်ဖန်သာ ၀မ်ဟိုင်သူတော်စင်ဂိုဏ်းကို ပိုမိုမြင့်မားလာစေရန် ဆောင်ရွက်နိုင်ပါက ဂိုဏ်းချုပ်ရာထူးကို ရီရှောက်ဖန်ထံ လွှဲပြောင်းပေးအပ်ခြင်းသည်လည်း ပြဿနာမရှိပါချေ။
………
အခန်း ၄၈၈ - အရွက်တစ်ထောင်ဆေးခန်း
ပင်လယ်နဂါးသူတော်စင်သည် ၀မ်ဟိုင်သူတော်စင်ဂိုဏ်းကို တည်ထောင်သူမဟုတ်ပေ။ ပင်လယ်နဂါးသူတော်စင်ဟူသောခေါင်းစဉ်သည် မျိုးရိုးလိုက် အမည်ဆက်ခံခြင်းဖြစ်သည်။ ၀မ်ဟိုင်သူတော််စင်ဂိုဏ်းကို ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့ လမ်းညွှန်ပေးနိုင်သူများသာ ထိုနာမည်ကိုဆက်ခံနိုင်မည်ဖြစ်သည်။
၀မ်ဟိုင်သူတော််စင်ဂိုဏ်းကို လက်ရှိအခြေအနေသို့ရောက်ရှိရန် သူအစွမ်းကုန်ကြိုးစားထားပြီးဖြစ်သည်။ အနှစ်တစ်သောင်းအတွင်း သူသည် သူတော်စင်အဆင့်နယ်ပယ်ကို ဖြတ်ကျော်ရန် ကြိုးပမ်းရတော့မည်။ ထိုအချိန်တွင် သူသည် ရီရှောက်ဖန်ကို ပင်လယ်နဂါးသူတော်စင်ဘွဲ့အား ပေးအပ်ခဲ့လိုသည်။ ၎င်းသည် ၀မ်ဟိုင်သူတော်စင်ဂိုဏ်းအတွက် အကာအကွယ်ပေးသည့် အဆောင်ဖြစ်လာမည်ဟု သူယုံကြည်သည်။
၀မ်ဟိုင်သူတော််စင်ဂိုဏ်းနှင့် ရီမိသားစုကြား ဆက်ဆံရေးအကြောင်း သတင်းသည် လျင်မြန်စွာပျံ့နှံ့သွားသည်။ ၀မ်ဟိုင်သူတော််စင်ဂိုဏ်း၏ လက်ထောက်ဂိုဏ်းချုပ်က ရီမိသားစုမှဖြစ်ကြောင်း သိလိုက်ရသောအခါ အခြားဂိုဏ်းများမှသူများသည် ရင်ဘတ်စည်တီးမိကြ၏။ စောစောသိခဲ့လျှင် ရီရှောက်ဖန်ကို ပိုမိုကောင်းမွန်သော ကမ်းလှမ်းချက်များနှင့် ၎င်းတို့ကိုယ်ပိုင်ဂိုဏ်းများထံ ဖိတ်ခေါ်လိမ့်မည်။
ပင်လယ်နဂါးသူတော်စင်ထံတွင် ဤကဲ့သို့ အဆက်အသွယ်မျိုးရရှိမည်ဟု မည်သူစိတ်ကူးထားမည်နည်း။ ၀မ်ဟိုင်သူတော််စင်ဂိုဏ်းသည် ၎င်းတို့နှင့်ယှဉ်လျှင် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကျော်လွန်နေပြီဖြစ်သည်။ ထိူအခါ ၀မ်ဟိုင်သူတော််စင်ဂိုဏ်းနှင့် လိုက်မီနိုင်ရန်အတွက် ဤအခြားဂိုဏ်းများသည်လည်း ရီမိသားစုထံ ဆက်သွယ်လာကြသည်။
၀မ်ဟိုင်သူတော််စင်ဂိုဏ်း၏အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာမှုသည် ရီမိသားစု၏ဆေးလုံးနှင့် မဟာသူတော်စင်လက်နက်များ ထောက်ပံ့မှုကြောင့်ဖြစ်ကြောင်း ၎င်းတို့ ကောင်းစွာသိသည်။ ၎င်းတို့သည်လည်း ထိုအရာများကိုလိုချင်ကြပါ၏။
ရီမိသားစုသည် ၎င်းတို့လက်လှမ်းမမီနိုင်သောကြောင့် ၎င်းတို့ကြားကွာခြားမှုကို စိတ်မဝင်စားပါ။ သို့သော် မူလက ၎င်းတို့သည် ၀မ်ဟိုင်သူတော််စင်ဂိုဏ်းနှင့် တူညီသောအဆင့်တွင် ရှိနေသော်လည်း ယခုတွင် ၎င်းတို့က သာလွန်သွားသည်ကို လက်မခံနိုင်ကြချေ။
ညီအစ်ကိုတစ်ယောက်၏ ရှုံးနိမ့်မှုကြောင့် နာကျင်ရသော်လည်း ၎င်း၏အောင်မြင်မှုက ပို၍ပင်လက်ခံနိုင်ရန်် ခက်ပါသေးသည်။
မည်သို့ပင်ဆိုစေကာမူ ရီမိသားစုသည် စီးပွါးရေးလုပ်ရန်အတွက် အမြဲပွင့်လင်းစွာ ကြိုဆိုတတ်ကြပါ၏။ သို့သော်လည်း လျှော့စျေးနှင့် အရင်းအမြစ်ပမာဏအရဆိုလျှင် ၎င်းတို့သည် ၀မ်ဟိုင်သူတော်စင်ဂိုဏ်းနှင့် မနှိုင်းယှဉ်ပါ။
ဤအင်အားစုများကလည်း ၀မ်ဟိုင်သူတော််စင်ဂိုဏ်းအပေါ် ပြုမူဆက်ဆံပုံကို မသိကြသောကြောင့် ၎င်းတို့၏ လက်ရှိအခြေအနေအပေါ် အလွန်ကျေနပ်နေကြသည်။
အရှေ့နယ်မြေရှိ အင်အားစုများအပြားအတွက် အရင်းအမြစ်များစုဆောင်းခြင်းသည် ပြဿနာမဟုတ်ပေ။ တကယ့်ပြဿနာမှာ လုံလောက်သောဆေးလုံးများလဲလှယ်ရန် နည်းလမ်းမရှိခြင်းဖြစ်သည်။ ၎င်းတို့၏ ကျင့်ကြံမှုအားကောင်းလေ အရင်းအမြစ်လိုအပ်ချက် ပိုမိုမြင့်မားလေဖြစ်သည်။
ထို့ကြောင့် ကျင့်ကြံမှုနှေးကွေးလာကာ ကျင့်ကြံသူအများအပြားသည် ၎င်းတို့၏အရင်းအမြစ်များဖြင့်သာ အသက်ဆက်နေရသည်။ အဆင့်မြင့်အရင်းအမြစ်များကို လဲလှယ်ခွင့်ရှိခြင်းသည် ၎င်းတို့အတွက် အကောင်ဆုံးလက်ဆောင်ဖြစ်၏။
၎င်းတို့သာ စောစောသိခဲ့လျှင် သူတော်စင်အစည်းအရုံးကို ပိုမိုစောလျင်စွာတိုက်ခိုက်ခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ပါက ရီမိသားစုသည် ပိုမိုစောစီးစွာရောက်လာပြီး ၎င်းတို့သည်လည်း ဤအရင်းအမြစ်များကို ပိုမိုလျင်မြန်စွာ ခံစားနိုင်မည်ဖြစ်သည်။ ၎င်းတို့ကို အချိန်အကြာကြီးနှောင့်နှေးစေခဲ့သည့် သူတော်စင်အစည်းအရုံးသည် မိုက်ကန်းလှပါဘိ။
"အမိန့်ထုတ်လိုက်ကြ၊ သူတော်စင်အစည်းအရုံးရဲ့ အကြွင်းအကျန်တွေ အကုန်ရှင်းခိုင်းလိုက်"
အကြီးအကဲများစွာက အစောပိုင်းတွင် စိတ်ရှုပ်ထွေးခဲ့ကြသော်လည်း ရီမိသားစု၏တည်ရှိမှုနှင့် အကျိုးကျေးဇူးများကို နားလည်လာသောအခါတွင် သူတော်စင်အစည်းအရုံးကျင့်ကြံသူအချို့ကို ချက်ချင်းသုတ်သင်ပစ်လိုလာကြသည်။ ရီမိသားစုရောက်ရှိမှုကို နှောင့်နှေးစေသောသူများသည် သေရန်ထိုက်တန်သည်။
ရီမိသားစုသည် အရှေ့နယ်မြေတစ်ခုလုံးထံ ရှားရှားပါးပါးအေးချမ်းမှုကို ယူဆောင်လာပေးသော တည်ရှိမှုတစ်ခု ဖြစ်ပါ၏။
၎င်းတို့သည် ရီမိသားစု၏အကူအညီဖြင့် ပြီးပြည့်စုံသောဂေဟစနစ်တစ်ခုကို တည်ထောင်နိုင်လိုက်သည်။
"ရေရှည်တာဝန်ကို ပြီးမြောက်သွားလို့ သခင့်ကို ဂုဏ်ပြုပါတယ်။ မျိုးနွယ်စုတိုးပွါးလာခြင်း အဆင့်ဆယ့်ကိုးဖြစ်တဲ့ ကောင်းကင်ယံသူတော်စင်နယ်မြေကို ဝင်ရောက်သွားပါပြီ"
ရီဖန်ခန့်မှန်းထားသည့်အတိုင်း စနစ်တာဝန်ပြီးဆုံးခြင်းသည် ရီမိသားစု၏ အဆင့်မြင့်သောကမ္ဘာများဆီသို့ တက်လှမ်းခြင်းနှင့် သက်ဆိုင်နေသည်။
“စနစ်၊ ဆုထုတ်လိုက်တော့”
ရီဖန်သည် ဤဆုလာဘ်အတွက် မျှော်လင့်ချက်အပြည့်ရှိသည်။ ဤတစ်ကြိမ်တွင် စစ်မှန်သောနတ်ဘုရားနယ်မြေထက်ကျော်လွန်သော ဆုလာဘ်ကို ရရှိသင့်သည်မဟုတ်လား။
"မိသားစုခေါင်းဆောင်ကတ် ဥာဏ်အလင်းသခင်ကို ရရှိတဲ့အတွက် သခင့်ကိုဂုဏ်ယူပါတယ်"
မိသားစုခေါင်းဆောင်ကတ်လား။ ၎င်းက မျိုးနွယ်စုခေါင်းဆောင်ကတ် ဖြစ်သင့်သည်မဟုတ်လား။ စနစ်က မှားယွင်းဖော်ပြခဲ့ခြင်းများ ဖြစ်နိုင်ပါသလား။
သို့သော် အခါခါစစ်ဆေးပြီးနောက် ၎င်းသည် အမှန်တကယ်ပင် မိသားစုခေါင်းဆောင်ကတ်ဖြစ်ပြီး မျိုးနွယ်စုခေါင်းဆောင်ကတ်မဟုတ်ပေ။ မိသားစုခေါင်းဆောင်ကတ်ကိုမူ ရီဖန်ကိုယ်တိုင်သာ အသုံးပြုနိုင်သည်။
စနစ်ဆုလာဘ်ကို ပြောင်းလဲရန် နည်းလမ်းမရှိသော်လည်း၊ ရီဖန်သည် ၎င်းကိုလက်ခံပြီး မိသားစုခေါင်းဆောင်ကတ်၏ အကျိုးသက်ရောက်မှုကို စစ်ဆေးရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။ နောက်အခိုက်အတန့်တွင် ရီဖန်၏စိတ်ထဲတွင် တုန်လှုပ်သွား၏။
အချိန်တိုင်းတွင် မရေမတွက်နိုင်သည့် စိတ်ကူးများပေါ်လာသည်။ ဤအတွေးများသည် ရီဖန်၏စိတ်ထဲတွင် ဆက်တိုက်ပေါက်ကွဲထွက်လာကြ၏။ ၎င်း၏အရှိန်က ရီဖန်ကို လွှမ်းမိုးထားသောကြောင့် ရီဖန်၏ လက်ရှိခန္ဓာကိုယ်သည် ၎င်းကို မနည်းကိုင်တွယ်နေရသည်။
သို့သော် သူဆက်သည်းမခံနိုင်တော့ချေ။ ရီဖန်သည် သူ၏စိတ်ဝိညာဉ်ထဲ အက်ကွဲကြောင်းများပေါ်လာသည်ကို ခံစားရသောကြောင့် သူ၏ဉာဏ်အလင်းကို ချက်ချင်းရပ်လိုက်သည်။ ဤဆုသည် စစ်မှန်သောနတ်ဘုရားထက် သာလွန်သောနယ်မြေတွင် ရှိနိုင်၏။ မျှော်လင့်ထားသည့်အတိုင်း အလွန်အားကောင်းလှပါသည်။
သို့သော် အတိအကျပြောရလျှင် ၎င်းသည် အစွမ်းထက်လွန်းသောကြောင့် ရီဖန်သည် ထိုဉာဏ်အလင်းပေးသည့်ဖိအားကို မခံနိုင်သေးပေ။ ရီဖန်သည် အနည်းငယ်ကြိုးစားပြီးနောက် သူ၏ ရေရှည်ဉာဏ်အလင်းရရှိရန်အတွက် ဉာဏ်အလင်းသခင်၏ ဆယ်ပုံတစ်ပုံကိုသာ ဆင့်ခေါ်နိုင်ကြောင်း သိရှိလိုက်ရသည်။ သို့သော် ၎င်းထိုးထွင်းသိမြင်မှု၏ ဆယ်ပုံတစ်ပုံသည်ပင် စစ်မှန်သောနတ်ဘုရားဉာဏ်အလင်းထက် ဆယ်ဆပိုမိုအားကောင်းနေသေးသည်။
ယခင်က ရီဖန် အပျက်အစီးများမှရရှိခဲ့သော မဟာသူတော်စင်နည်းစနစ်ကိုလည်း လျင်မြန်သောအရှိန်ဖြင့် နားလည်နိုင်ခဲ့သည်။
၎င်းကို လုံးဝနားလည်သဘောပေါက်ပြီး ပျက်ဆီးခြင်းဖန်တီးမှုနတ်ကျမ်းတွင် ပေါင်းစည်းခြင်းမပြုရန် ကြာတော့မည်မဟုတ်ဟု အခိုင်အမာယုံကြည်သည်။
သို့သော် သူတော်စင်အစည်းအရုံး၏အချက်အလက်များအရ ဤမဟာသူတော်စင်နည်းစနစ်ကို မူလနိယာမနည်းစနစ်ပါရှိသော ကျင့်ကြံနည်းစနစ်ဟု ခေါ်ဆိုရမည်။ ရီမိသားစု၏ ပျက်ဆီးခြင်းဖန်တီးမှုနတ်ကျမ်းသည် သူတော်စင်နယ်မြေအဆင့်တွင်ရှိနေဆဲဖြစ်သော်လည်း သူ၏လက်ရှိဉာဏ်အလင်းရရှိမှုကြောင့် နောက်အဆင့်ကို မကြာမီသိရှိနိုင်လိမ့်မည်။
ရီဖန်သည် သူရနိုင်မည့် နောက်ထပ်ဆုလာဘ်မှာ မိသားစုခေါင်းဆောင်များ ဖြစ်နိုင်ဦးမလား စဉ်းစားမိ၏။ သူ့ မျိုးနွယ်စုအဖွဲ့ဝင်များကို အင်အားကောင်းအောင် လုပ်ဆောင်ပြီးနောက် မျိုးနွယ်စုခေါင်းဆောင်အနေဖြင့် သူ့ကိုယ်သူ အင်အားကောင်းအောင်လုပ်ဆောင်ရန် အချိန်တန်ပြီမလား။ ခန့်မှန်းချက်တစ်ခုစီတိုင်းက ရီဖန်၏နှလုံးသားထဲတွင် ပေါ်လာပြီးနောက် ပြန်ပျောက်ကွယ်သွားသည်။
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးလာနေပြီး အခြားတစ်ဖက်တွင် ပင်ကိုပျက်ဆီးခြင်းပင်လယ်၌ အင်အားကြီးမားသောတည်ရှိမှုတစ်ခုကို ကျုံးဖန်မြို့တွင် တွေ့ရှိခဲ့ရသည်။ ကျုံးဖန်မြို့ထဲသို့ ဝင်လိုက်သည်နှင့် ကောင်းကင်နဂါးမဟာသူတော်စင်သည် ဤမြို့တွင် ထူးခြားမှုတစ်ခုခုရှိနေသည်ကို ချက်ချင်းသတိထားမိသည်။ ဤနေရာမှ ကျင့်ကြံသူများသည် ပုံမှန်မဟုတ်သောစွမ်းအား ခံနိုင်ရည်ရှိပုံရသည်။
စကားလုံးဖြင့်ဆိုရလျှင် အသက်ဝင်လှုပ်ရှားနေပြီး အနာဂတ်အလားအလာအပြည့်အဝရှိသော စွမ်းအားဖြစ်ပုံရသည်။ ဤအင်အားစုများသည် ရီမိသားစု၏ အုပ်ချုပ်မှုအောက်တွင် ပိုမိုအားကောင်းလာပြီး ပစ်မှတ်ထားခံရမည်ကို အနည်းငယ်မျှ ကြောက်စရာမလိုသောကြောင့် ဤနေရာမှကျင့်ကြံသူများနှင့် မိသားစုတပ်ဖွဲ့များသည် ၎င်းတို့၏အနာဂတ်တောက်ပလာပုံရ၏။
ကောင်းကင်နဂါးမဟာသူတော်စင်သည် ရီမိသားစုဆီိသို့သွားရောက်ကာ မဟာနေမင်းမဟာသူတော်စင်ကို ချေမှုန်းပစ်သည့်သူ့ကို ရှာဖွေရန်ရည်ရွယ်ထားခြင်းဖြစ်သည်။ ယခုအခါ ဤမြို့ကို သူပိုစိတ်ဝင်စားလာသည်။ ဤကျုံးဖန်မြို့ကို ဤအခြေအနေအောက်တွင် နေနိုင်အောင် မည်သူအုပ်ချုပ်နေသနည်း။ သူလမ်းလျှောက်လာရင်း ကျုံးဖန်မြို့လယ်ရှိ ဧရာမဆေးခန်းတစ်ခုရှေ့သို့ ရောက်ရှိလာသည်။
"အရွက်တစ်ထောင်ဆေးခန်း”
အမည်အရ အရွက်တစ်ထောင်ဆေးခန်းသည် ကျုံးဖန်မြို့ရှိ အသန်မာဆုံး အရွက်တစ်ထောင်မဟာသူတော်စင်၏ ပိုင်ဆိုင်မှုဖြစ်ရမည်။ သူအထဲသို့ ခြေတစ်လှမ်းဝင်ရောက်လိုက်သောအခါ နွေးထွေးစွာ ကြိုဆိုနေသည့် ဝန်ထမ်းကို အလျင်အမြန်သတိထားမိလိုက်သည်။
အရွက်တစ်ထောင်ဆေးခန်းတွင် ခြေချဝံ့သူတိုင်း၌ ပိုင်ဆိုင်မှုအချို့ရှိကိုရှိရမည်။ ဖောက်သည်သည်သာ နတ်ဘုရားဖြစ်သည်ဟု ရီကျင်းထျန်က အရွက်တစ်ထောင်ဆေးခန်းရှိလူတိုင်း၏ စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်းရိုက်သွင်းထားသည်။ ၎င်းတို့က ဤနေရာတွင် လှည့်ပတ်ကြည့်ရှုလိုလျှင်ပင် နွေးထွေးစွာဆက်ဆံရန် လိုအပ်နေသေးသည်။
တစ်နေ့တွင် ကံကြမ္မကိုမသိနိုင်သောကြောင့် ဆင်းရဲသောကျင့်ကြံသူများကိုလည်း ဘယ်သောအခါမှ မထီမဲ့မြင်မပြုလိုက်လေနှင့်။ ဆေးခန်း၏နွေးထွေးမှုကို ဖောက်သည်များအား မျှဝေပေးရာမှ တစ်နေ့နေ့တွင် ငါးကြီးတစ်ကောင်ကို ဖမ်းမိသွားစေနိုင်သည် မဟုတ်လား။
သာမန်နေ့များတွင်လည်း အခြားသောကျင့်ကြံသူများက မဟာသူတော်စင်တစ်ဦးဖြစ်သော သူ့ကိုအမြဲလေးစားကြသည်။ သို့သော် ကောင်းကင်နဂါးမဟာသူတော်စင်သည် ဤမျှနွေးထွေးမှုမျိုး တစ်ခါမျှမခံစားရသောကြောင့် အနည်းငယ် စိတ်မသက်မသာ ဖြစ်စေသော်လည်း
သူဝန်ခံရမည်မှာ ဤခံစားချက်က အတော်လေးကြည်နူးစရာကောင်းသည်။ ကျုံးဖန်မြို့၏အခြားရှုထောင့်များ မည်သို့ပင်ဖြစ်စေ ဤဆေးခန်းက ပို၍လေးနက်သည်။
"သခင်၊ ဒီပထမထပ်မှာ သူတော်စင်တစ်ပိုင်းလက်နက်တွေရှိတယ်။ အထူးစိတ်ဝင်စားတာ တစ်ခုခုများရှိပါသလားဗျာ"
အရောင်းဝန်ထမ်းက သူ့ကိုမိတ်ဆက်ပေးရင်း လမ်းပြရှာသည်။
……..
အခန်း ၄၈၉ - မဟာသူတော်စင်၏ ငွေအိတ်ကို အပြောင်ရှင်းခြင်း
ကောင်းကင်နဂါးမဟာသူတော်စင်၏ အဆင့်ဖြင့် သူသည် လက်နက်များကို ကိုယ်တိုင်မသန့်စင်နိုင်သော်လည်း ၎င်းတို့၏အရည်အသွေးများကို အလွယ်တကူ ပိုင်းခြားနိုင်ခဲ့သည်။ ၎င်းတို့အားလုံးသည် သူတော်စင်တစ်ပိုင်း လက်နက်များဖြစ်ကြသော်လည်း ၎င်းတို့အားလုံးက အထူးအရည်အသွေးမြင့်သည်ဟုထင်ရသည်။
သို့သော် သူတော်စင်တစ်ပိုင်းလက်နက်များသည် ကောင်းကင်နဂါးမဟာသူတော်စင်အတွက် အသုံးမဝင်ပေ။ ၎င်းက အရွက်တစ်ထောင်ဆေးခန်း၏ ပေးဆောင်နိုင်သည့်အတိုင်းအတာ ဖြစ်ပါသလား။ ကောင်းကင်နဂါးသူတော်စင်၏မျက်လုံးထဲတွင် စိတ်ပျက်နေသည့် အရိပ်အယောင်ပေါ်လာသည်။
ထိုအခိုက်အတန့်တွင် သူစိတ်ပျက်နေသည်ကို သတိထားမိသွားသော ဝန်ထမ်းက ချက်ချင်းဝမ်းသာသွားသည်။ ၎င်းတို့က သူ၏ အထင်အမြင်သေးခြင်းကို မကြောက်ဘဲ လက်နက်၏တန်ဖိုးပိုမြင့်မားလေလေ ကော်မရှင်ခ ပိုရလေလေဖြစ်သည်။ ပုံမှန်အားဖြင့် ဧည့်သည်များမှ ပိုမိုသုံးစွဲရန်သာ မျှော်လင့်ကြသည်။
"သခင် ပိုကောင်းတာတစ်ခုခုလိုချင်တာဆိုရင် ကျေးဇူးပြုပြီး အပေါ်ထပ်ကို လိုက်ခဲ့ပါ။ ဒုတိယထပ်မှာ မဟာသူတော်စင်လက်နက်တွေ ထားပေးတာမို့ အရွက်တစ်ထောင်ဆေးခန်းမှာ သခင်လိုအပ်တဲ့ လက်နက်ကို ရှာတွေ့နိုင်မယ်ဆိုတာ သေချာတယ်"
ရီမိသားစု၏ ဆေးပညာရှင်နှင့် လက်နက်သန့်စင်သူတို့သည် လုံးဝချွင်းချက်မရှိထူးချွန်သောကြောင့် ဝန်ထမ်းလေးကို ယုံကြည်မှုအပြည့်အဝ ပေးထားသည်။
"ပိုကောင်းတာတွေရှိရင် ပြပေးပါဦး"
ကောင်းကင်နဂါးမဟာသူတော်စင်၏ စိတ်ဝင်စားမှုက ပိုမိုပြင်းထန်လာသည်။ ဒုတိယထပ်တွင် အနိမ့်ဆုံးမှ အမြင့်ဆုံးအဆင့်အထိ သူတော်စင်လက်နက်အမျိုးမျိုး ခင်းကျင်းထား၏။ ထို့အပြင် အမျိုးမျိုးသောအဆင့်နှင့် အကျိုးသက်ရောက်မှုများပေးစွမ်းနိုင်သည့် ဆေးလုံးများကို ခင်းကျင်းထားပြီး အစောပိုင်းနှင့်အလယ်အလတ်အဆင့် သူတော်စင်များ၏လိုအပ်ချက်များကို ဖြည့်ဆည်းရန်လုံလောက်သည်။
မကြာသေးမီက မြို့ကြီးအများအပြားမှသူတော်စင်များသည် အရွက်တစ်ထောင်ဆေးခန်းကို ရှာတွေ့ခဲ့ကြ၏။ ၎င်းတို့သည် ဆေးခန်း၏၀င်ငွေများကို ပံ့ပိုးပေးပြီး ၎င်းတို့မထွက်ခွါမီ စုဆောင်းငွေကုန်လုနီးပါး အသုံးပြုခဲ့သည်။
ဆေးလုံးများမှ လက်နက်များအထိ အရွက်တစ်ထောင်ဆေးခန်းမှ သန့်စင်ထားသောလက်နက်များ၏ အရည်အသွေးသည် ခြွင်းချက်ဖြစ်ကာ တွေ့ရခဲယဉ်းသည်။ ဤကဲ့သို့သောလက်နက်များကို သန့်စင်ပေးနိုင်သည့် စွမ်းရည်ကို မြင်တွေ့လိုက်ရသော ကောင်းကင်နဂါးသူတော်စင်သည် မချီးကျူးဘဲမနေနိုင်ချေ။
အရွက်တစ်ထောင်ဆေးခန်းတွင် ပစ္စည်းအတော်လေးစုံသည်။ ဤလည်ပတ်မှုမတိုင်မီ အရွက်တစ်ထောင်ဆေးခန်းတွင် သူလိုအပ်သောအရာကိုရှာဖွေရန် မျှော်လင့်ချက်ကြီးကြီးမားမားမရှိခဲ့သော်လည်း ယခုအခါ ကောင်းကင်နဂါးမဟာသူတော်စင်၏အတွေး အနည်းငယ်ပြောင်းလဲသွားခဲ့သည်။
အကယ်၍ ဤကဲ့သို့စွမ်းရည်နှင့် နည်းပညာများသာရှိနေလျှင် ၎င်း၏လည်ပတ်မှုသည် ကောင်းမွန်သောရွေးချယ်မှုဖြစ်သည်။ ကောင်းကင်နဂါးမဟာသူတော်စင်၏ ကျင့်ကြံမှုအဆင့်သည် အလယ်အလတ်မှ ခြေတစ်လှမ်းသာဝေးကွာကာ မဟာသူတော်စင် အစောပိုင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။
သူ၏ဆေးလုံးများနှင့် လက်နက်လိုအပ်ချက်သည် သာမန် မဟာသူတော်စင်ထက်ပိုကြီးမားသည်။
သူလိုအပ်သည့် ဆေးလုံးနှင့် လက်နက်များကို ရယူနိုင်ပါက သူ့အတွက် အကောင်းဆုံးအခွင့်အရေးတစ်ခုဖြစ်မည်မှာ သေချာသည်။ သို့သော် ဒုတိယထပ်ရှိ အရင်းအမြစ်များက သူ့ကို ကျေနပ်မှုမရှိစေခဲ့သေးပေ။
ယခု အလှည့်အပြောင်းတွင် အရောင်းဝန်ထမ်းအတွက် အံ့အားသင့်စရာဖြစ်သွားသည်။ ဤအရင်းအမြစ်များက သူ့အတွက် ဆွဲဆောင်မှုမရှိဘူးဆိုလျှင် ဤဖောက်သည်ကို တတိယထပ်သို့ လမ်းညွှန်သင့်သလား။ ဤဖောက်သည်သည် ဝယ်ယူမှုအတွက် လိုအပ်သောပိုက်ဆံ အမှန်တကယ်ရှိသလား။
၎င်းက သူ ဖောက်သည်ကို အထင်သေးသောကြောင့်မဟုတ်ဘဲ သူ့အတွက် စီးပွားရေးအခွင့်အလမ်းများ ပျောက်ကွယ်သွားသည်ဟု ခံစားလိုက်ရသောကြောင့် စိတ်ပျက်သွားခြင်းဖြစ်သည်။ သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် နောက်ဆုံးကြိုးစားရန်ဆုံးဖြတ်လိုက်ကာ ဤဖောက်သည်အား တတိယထပ်သို့ လမ်းညွှန်ရန် ကြိုးစားခဲ့သည်။
“ရှောင်ဟိုင် ဒီဖောက်သည်ကို ငါတာဝန်ယူလိုက်မယ်”
ရီကျင်းထျန်သည် လှေကားသို့ရောက်ရှိလာ၏။
ကောင်းကင်နဂါးသူတော်စင် အရွက်တစ်ထောင်ဆေးခန်းသို့ ဝင်လိုက်စဉ်ကတည်းက ရီကျင်းထျန်က သူ့ကိုသတိထားမိသည်။ သို့သော် ရီကျင်းထျန်သည် ကောင်းကင်နဂါးမဟာသူတော်စင်ကို သေချာမမြင်နိုင်သောကြောင့် လျှော့မတွက်သင့်ကြောင်းသိထားသည်။
မမြင်နိုင်သောအရာများသည် မဟာသူတော်စင်များ ဖြစ်နိုင်ချေများသည်။ အကယ်၍ မရင်းနှီးသော ဤဖောက်သည်သည် အမှန်တကယ်ပင်မဟာသူတော်စင် ဖြစ်နေပါက အရွက်တစ်ထောင်ဆေးခန်းအတွက် စားတော်ပွဲကြီးဖြစ်သည်။
အထင်မလွဲလိုက်လေနှင့် ရီကျင်းထျန်က ၎င်းကိုကြောက်ရွံ့ခြင်းကြောင့်မဟုတ်ဘဲ ဤမဟာသူတော်စင်ကို ချမ်းသာသောသားကောင်အဖြစ် မြင်နေခြင်းဖြစ်သည်။ နှောင်းပိုင်းသူတော်စင်တစ်ယောက်ဖြစ်နေလျှင်ပင် ငွေရှာနိုင်ရာ ယခု ဤကဲ့သို့ချမ်းသာသော သားကောင်ကြီး နောက်ဆုံးရောက်ရှိလာချိန်တွင် သူ့ကို လက်လွှတ်လိုက်ရပါက ဆုံးရှုံးမှုကြီးဖြစ်လာလိမ့်မည်။
"ဟုတ်ကဲ့ ဆေးခန်းသခင်!"
ဝန်ထမ်းလေးသည် မျှော်လင့်ချက်ကို စွန့်လွှတ်ထားပြီးဖြစ်သော်လည်း ရီကျင်းထျန်၏စကားကိုကြားသောအခါ ဝမ်းသာသွားပြန်သည်။ အထွတ်အထိပ် သူတော်စင်တစ်ဦးပင်လျှင် ရီကျင်းထျန်၏ကိုယ်တိုင်ဧည့်ခံခြင်းကို ခံရမည်မဟုတ်ပေ။
ရီကျင်းထျန်ကိုယ်တိုင်ကိုယ်ကျ ဧည့်ခံသူများသည် မဟာသူတော်စင်များဖြစ်သည်မှာ သေချာသည်။ တတိယထပ်ရှိ အရင်းအမြစ်များကို အသုံးပြုမည့် နည်းလမ်းရှိသူများသည် မဟာသူတော်စင်များဖြစ်သည်မှာ သေချာသည်။ ရီကျင်းထျန်က ဆက်လက်တာဝန်ယူခဲ့သည့်တိုင် အကျိုးဆောင်ခက သူ့အတွက် ဖြစ်နေဆဲပင်။
ဝန်ထမ်းလေးသည် အရွက်တစ်ထောင်ဆေးခန်း၏ ဂုဏ်သတင်းကို အကြွင်းမဲ့ယုံကြည်ထားသည်။ သူသည် အမြတ်အစွန်းကြီးကြီးရလိမ့်မည်။ အချိန်တန်လျှင် သူတော်စင်တစ်ပိုင်းအဆင့်သို့ အောင်မြင်မှုရရှိရန် လုံလောက်သော အရင်းအမြစ်များပင် ရရှိနိုင်၏။
“ကျေးဇူးပြုပြီး ငါ မင်းကို တတိယထပ်ကို ခေါ်သွားပါရစေ"
ရီကျင်းထျန်က ဖိတ်ခေါ်သည့် အမူအရာနှင့် ကောင်းကင်နဂါးမဟာသူတော်စင်ကို ရယ်ရယ်မောမောပြောလိုက်သည်။
"ကောင်းပြီ”
ကောင်းကင်နဂါးမဟာသူတော်စင်၏ မျက်လုံးများ ပိုမိုတောက်ပလာသည်။ ဤအရွက်တစ်ထောင်ဆေးခန်းသည် အမှန်ပင်တစ်ခုခုဖြစ်သည်။ ဤသူက နှောင်းပိုင်း သူတော်စင်အဆင့်မှကျင့်ကြံသူဖြစ်သော်လည်း သူ့ကိုပင်လွှမ်းမိုးနိုင်သည့်ရောင်ဝါကို ပိုင်ဆိုင်ထားသည်။
ဤရောင်ဝါက သွေးမျိုးဆက် စွမ်းအားဖြစ်ပုံရ၏။
ရီကျင်းထျန်သည် လှေကားရင်းသို့ရောက်သောအခါ သင်္ကေတတစ်ခုကိုထုတ်ကာ အခင်းအကျင်းပေါ် တင်လိုက်သည်။ အခင်းအကျင်းအတွင်းမှ ကောင်းကင်နဂါးမဟာသူတော်စင်ကိုပင် အံ့ဩစေသော ရောင်ဝါတစ်ခုထွက်ပေါ်လာသည်။ ဤအခင်းအကျင်းက သူ့အတွက် အမှန်တကယ် ခြိမ်းခြောက်မှုဖြစ်စေနိုင်သည်။
ရီကျင်းထျန်၏ မျက်လုံးများသည် အောင်ပွဲသည့်အမူအရာဖြင့် တောက်ပနေသည်။ ၎င်းက အရွက်တစ်ထောင်ဆေးခန်း၏ အင်အားဖြစ်ကာ မည်သည့်မဟာသူတော်စင်ကိုမဆို အံ့အားသင့်စေလိမ့်မည်။ မကြာသေးမီက ရီဖန် မဟာသူတော်စင် အခင်းအကျင်းနားလည်မှုအဆင့်သို့ တက်လှမ်းပြီးနောက် ဤအခင်းအကျင်းကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၎င်းက သိသာထင်ရှားစွာပင် အားကောင်း၏။
၎င်းက မဟာသူတော်စင်ကိုသတ်ပစ်ရန် အထိမဟုတ်သော်လည်း အချိန်အတိုင်းအတာတစ်ခုအထိ ထောင်ချောက်ဆင်နိုင်ရန် လုံလောက်သည်။ သို့သော် ကျင့်ကြံရေးအဆင့်အရ အခြားသူများကိုအထင်မသေးသင့်ချေ။ ထိုအချက်က မဟာသူတော်စင်တစ်ဦးနှင့်တွေ့ချိန်တွင် ရီကျင်းထျန်ငြိမ်နေသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။
"ကျေးဇူးပြုပြီး လမ်းပြပေးပါဦး”
အရွက်တစ်ထောင်ဆေးခန်းတွင် သူလိုအပ်သော အရင်းအမြစ်များရှာတွေ့နိုင်ရန် ကောင်းကင်နဂါးမဟာသူတော်စင် အလွန်ပင် မျှော်လင့်နေပြီဖြစ်သည်။ ပထမထပ်တွင် သူတော်စင်တစ်ပိုင်းလက်နက်များနှင့်၊ ဒုတိယထပ်တွင် သူတော်စင်လက်နက်များရှိသောကြောင့် တတိယထပ်တွင် မဟာသူတော်စင်အဆင့် လက်နက်များရှိနိုင်မည်လား။
……..