← Chapters

အခန်း ၄၉၀-၄၉၂

Vol. 33 Ch. 490-492

အခန်း ၄၉၀-၄၉၂

Vol. 33 Ch. 490-492

အခန်း ၄၉၀ - မဟာသူတော်စင်၏ ငွေအိတ်ကို အပြောင်ရှင်းခြင်း

မသိစိတ်ထဲတွင် ကောင်းကင်နဂါးမဟာသူတော်စင်၏ နှလုံးခုန်နှုန်း ပိုမြန်လာသည်။ သူ့အဆင့်တွင် ဤကဲ့သို့စိတ်လှုပ်ရှားစေသည့် အရာများစွာမရှိတော့ပေ။ ကောင်းကင်နဂါးမဟာသူတော်စင်သည် အခင်းအကျင်းကို ကျော်ဖြတ်ပြီးနောက် အရွက်တစ်ထောင်ဆေးခန်း၏တတိယထပ်သို့ ဝင်ရောက်သွားသည်။ နောက်အခိုက်အတန့်တွင် ကောင်းကင်နဂါးမဟာသူတော်စင်သည် လုယက်လိုစိတ်ဖြစ်ပင် ဖြစ်ပေါ်လာသည်။

ထိုနေရာတွင် အဆင့်နိမ့်မဟာသူတော်စင်လက်နက် ဆယ်ခုကျော်ရှိ၏။ တစ်ခုချင်းစီ၏အရည်အသွေးသည် လက်ရှိအသုံးပြုနေသော မဟာသူတော်စင်လက်နက်များထက် အဆများစွာ သာလွန်ကောင်းမွန်သည်။ အဆင့်နိမ့်မဟာသူတော်စင် လက်နက်များအပြင် ဆေးလုံးအများအပြားလည်း ရှိကြကာ တစ်ခုစီတိုင်းက အလွန်တန်ဖိုးကြီးသည်။

အဆိုပါ ဆေးလုံးများသည် သူ၏လက်ရှိကျင့်ကြံမှုအဆင့်အတွက် များစွာအကူအညီမပေးသော်လည်း အခြားကျင့်ကြံသူများအတွက် မက်မောဖွယ်ဖြစ်သည်။ နောက်ဆုံးတွင် သူ အခြားအရာများကို မြင်လိုက်ရ၏။

အလယ်အလတ်အဆင့် မဟာသူတော်စင်လက်နက်သုံးခုနှင့် အလယ်အလတ် မဟာသူတော်စင်အဆင့် ဆေးလုံးဆယ်ခုကျော်ရှိသည်။

ထိုအရင်းအမြစ်ချည်းကပင် သူ၏အသားတင်ပိုင်ဆိုင်မှုထပ် အဆပေါင်းများစွာ ပိုများသည်။ ထို့အပြင် ၎င်းတို့သည် အပြင်၌ပြသထားသည့်အရာများသာဖြစ်သည်။ အရွက်တစ်ထောင်ဆေးခန်းအနေဖြင့် မည်မျှဝှက်ထားမည်ကို မည်သူသိမည်နည်း။

ပထမဦးဆုံးအကြိမ်အနေဖြင့် ကောင်းကင်နဂါးမဟာသူတော်စင်သည် ဆင်းရဲသားတစ်ဦးကဲ့သို့ ခံစားခဲ့ရသည်။ သို့သော် သူသည် သန်မာသောတာအိုနှလုံးသားရှိသည့် မဟာသူတော်စင်တစ်ဦးဖြစ်သဖြင့် သူ၏စိတ်ထဲမှလုယက်လိုမှုကို နှိမ်နင်းနိုင်ခဲ့သည်။ အရွက်တစ်ထောင်ဆေးခန်းက ထိုပစ္စည်းများကို ပြသရန် သတ္တိရှိလျှင် လုယက်ခံရမည်ကိုလည်း ကြောက်ရွံ့မည်မဟုတ်ပေ။

ဤအရွက်တစ်ထောင်ဆေးခန်းသည် ထင်သလောက်ရိုးရှင်းပုံမရချေ။ နေရာတိုင်းတွင် ထူးခြားသောစွမ်းအားရှင်ရောင်ဝါများ ဖြာထွက်နေသည်။

"ဧည့်သည်ရေ ခင်ဗျားမျက်စိကိုဖမ်းစားထားတဲ့အရာ ရှိလားဗျာ"

ကောင်းကင်နဂါးမဟာသူတော်စင်ကို စောင့်ကြည့်နေသော ရီကျင်းထျန်သည် ၎င်းကိုမေးရန်အခွင့်အရေးကို ယူလိုက်သည်။ ကောင်းကင်နဂါးမဟာသူတော်စင်၏ အမူအရာက ထိုအရာအားလုံးကို သူလိုချင်သည်ဟု ဖော်ပြနေသည်။ သို့သော် ငွေရေးကြေးရေးကြောင့် သူသည် ယခုအချိန်တွင် အလိုအပ်ဆုံးအရာကိုသာ ရွေးချယ်နိုင်သည်။

"ဒီအလယ်အလတ်အဆင့် မဟာသူတော်စင်လက်နက်သုံးခု တန်ဖိုးက ဘယ်လောက်လဲ"

ဤအဆင့်တွင် ငွေကြေး၏အသုံးဝင်မှုက မများပေ။ အရောင်းအ၀ယ်အများစုကို အလဲအလှယ်လုပ်ခြင်းဖြင့်သာ ပြုလုပ်နိုင်သည်။

ကောင်းကင်နဂါးမဟာသူတော်စင်သည် ခဏလောက်စဉ်းစားပြီးနောက် ကျောက်စိမ်းပုလင်းကို ထုတ်လိုက်သည်။

"ဒီပုလင်းထဲ စစ်မှန်တဲ့နတ်ဘုရားအရင်းမြစ်အရည် အစက်တစ်ရာ ရှိတယ်။ အဲဒါကို အလယ်အလတ် မဟာသူတော်စင်လက်နက်တစ်ခုနဲ့ လဲနိုင်မလား"

စစ်မှန်သောနတ်ဘုရား၏ အရင်းမြစ်အရည်။ ရီကျင်းထျန်သည် ရှေးကျမ်းစာများမှ ဖော်ပြချက်များကို ချက်ချင်းပြန်သတိရသည်။ ၎င်းသည် စစ်မှန်သောနတ်ဘုရားများ၏ အစွမ်းထက်ဆုံးသော အစွမ်းသတ္တိဖြင့် သန့်စင်ထားသည့် ကျင့်ကြံရေးအရင်းအမြစ်တစ်ခုဖြစ်သည်။

စစ်မှန်သောနတ်ဘုရားနယ်မြေစွမ်းအားရှင်များပင်လျှင် ၎င်းကို သန့်စင်ရာ၌ အခက်အခဲရှိသည်။ ၎င်းသည် ကျင့်ကြံခြင်းတွင် အထောက်အကူပြုနိုင်ပြီး ဆေးလုံးများနှင့် လက်နက်သန့်စင်ခြင်းအတွက် အဖိုးတန်အရန်ပစ္စည်းတစ်ခုဖြစ်သည်။ မဟာသူတော်စင်နယ်မြေ စွမ်းအားရှင်များကြားတွင် ၎င်းကိုရှားပါးသော ငွေကြေးအဖြစ် သတ်မှတ်ထားသည်။ သာမာန် မဟာသူတော်စင်သည် ၎င်းအတွက် မတတ်နိုင်ချေ။

စစ်မှန်သောနတ်ဘုရားအရင်းမြစ်အရည် အစက်အနည်းငယ်ကို အဆင့်နိမ့်မဟာသူတော်စင်လက်နက်ဖြင့် လဲလှယ်နိုင်သည်။ သူ့တွင်ရှိသောအစက်တစ်ရာဖြင့် အလယ်အလတ် မဟာသူတော်စင်လက်နက်နှင့် လဲလှယ်ခြင်းသည် ရီမိသားစုအတွက် အမြတ်အစွန်းပေးရုံသာမက အပိုအမြတ်ရရှိမည်ဖြစ်သည်။

ရီကျင်းထျန်သည် ပုလင်းကိုဖွင့်လိုက်ပြီး ၎င်း၏စစ်မှန်မှုကို စစ်ဆေးခဲ့သည်။ ပြီးသည်နှင့် ချက်ချင်းပင် တောက်ပစွာပြုံးလိုက်ကာ ပြန်ဖြေလိုက်သည်။

“သေချာပေါက် ရတာပေါ့"

"အဲဒီ အလယ်အလတ်အဆင့် သူတော်စင်ဓားကို ယူလိုက်မယ်”

ရီကျင်းထျန်က အလယ်အလတ်အဆင့် သူတော်စင်ဓားကိုယူလာပြီး ဆက်ရှင်းပြသည်။

"ဒီပစ္စည်းကို အရိပ်ပြာလို့ ခေါ်ပါတယ်။ ဒါက မင်းရဲ့ ကျင့်ကြံရေးအတွက် လမ်းညွှန်နိုင်ပြီး မြန်မြန်ဖြတ်ကျော်နိုင်စေလိမ့်မယ်”

စျေးကြီးကြီးပေးထားသော ဖောက်သည်ကြီးအား ကြင်နာသောစကားအနည်းငယ်ပြောခြင်းက သင့်လျော်ပါသည်။ ရီကျင်းထျန်၏စကားထဲမှ စစ်မှန်သောဆန္ဒကြောင့်ဖြစ်မည် ကောင်းကင်နဂါးမဟာသူတော်စင်က သူ၏မျက်နှာပေါ်တွင် ရှားပါးသောအပြုံးကို ဖော်ပြလာသည်။ ဤအရွက်တစ်ထောင်ဆေးခန်း၏ ဝန်ဆောင်မှုက အတော်လေးကောင်းမွန်၏။

“လေးစားရတဲ့ ဧည့်သည်ခင်ဗျား၊ လက်နက်ရွေးပြီးတော့ ဆေးလုံးများ လိုသေးသလား။ ဒီမှာ ကျင့်ကြံမှုအဆင့်မြှင့်တင်ဖို့အတွက် စစ်မှန်တဲ့နဂါးသူတော်စင်ဆေးလုံးနဲ့ ၀မ်ဟိုင်သူတော််စင်ရိုးတွင်းချဉ်စီနဲ့ ပြုလုပ်ထားတဲ့ သူတော်စင်ဆေးလုံးက မဟာသူတော်စင် စိတ်ဝိညာဉ်ကို မြှင့်တင်ပေးနိုင်တယ်။ အဲတာက ပိတ်ဆို့တွေ ဖြတ်ကျော်ရာမှာလဲ အကျိုးရှိတယ်"

ရီကျင်းထျန်သည် ကောင်းကင်နဂါးမဟာသူတော်စင်၏အမူအရာကို လျှို့ဝှက်စွာစောင့်ကြည့်နေပြီး ပစ္စည်းတစ်ခုစီကို မိတ်ဆက်ပေးခဲ့သည်။ အရွက်တစ်ထောင်ဆေးခန်းသည် ဘယ်သူ့ကိုမှ ၎င်းတို့၏ပိုက်ဆံအပြည့်ဖြင့် ပြန်မလွှတ်ပေးနိုင်ပါ။

နောက်ဆုံးတွင် ရီကျင်းထျန်၏ စိတ်အားထက်သန်သော မိတ်ဆက်မှုအောက်တွင် ကောင်းကင်နဂါးမဟာသူတော်စင်သည် စစ်မှန်သောနတ်ဘုရားအရင်းမြစ်အရည် နောက်ထပ်ဒါဇင်များစွာကို အသုံးပြုခဲ့ရပြီး အလယ်အလတ်အဆင့် မဟာသူတော်စင်ဆေးလုံး အများအပြား ဝယ်ယူသွားသည်။

"ညီအစ်ကိုရေ ငါ့မှာ တစ်စက်မှမရှိတော့ဘူး”

ကောင်းကင်နဂါးမဟာသူတော်စင်သည် နောင်တရခြင်းများဖြင့် ညှိုးငယ်သွား၏။ သူ့အနေဖြင့် သူ၏စည်းစိမ်ဥစ္စာချို့တဲ့မှုကိုသာ ကျိန်ဆဲမိသည်။ သို့မဟုတ်ပါက အရွက်တစ်ထောင်ဆေးခန်းတစ်ခုလုံးကို သူဝယ်ချင်နေလိမ့်မည်။ သူကျုံးဖန်မြို့မှ ထွက်ခွာသွားသောအခါမှသာလျှင် နှစ်များအတွင်း သူစုဆောင်းထားသော အရင်းအမြစ်များ ကုန်ဆုံးသွားပြီဖြစ်ကြောင်း သိရှိလိုက်ရသည်။

ဤအရွက်တစ်ထောင်ဆေးခန်းက အဆိပ်ကဲ့သို့ပင် လူများကို အကန့်အသတ်မရှိ စားသုံးချင်စေချင်မည့် အရာမျိုးဖြစ်သည်။ သို့သော် ကောင်းကင်နဂါးမဟာသူတော်စင်သည် မည်သည့်နောင်တမှ မရခဲ့ချေ။ ဤအရင်းအမြစ်များဖြင့် သူသည် မဟာသူတော်စင်၏ အလယ်အလတ်အဆင့်သို့ ဖြတ်ကျော်နိုင်မည်ဖြစ်သည်။ ထိုအချိန်တွင် သူသည် ဤအရင်းအမြစ်များကို သေချာပေါက် ပြန်ရနိုင်သည်။ အနာဂတ်မှာ ပိုက်ဆံပိုရှာရန်သာ မှတ်ထားရမည်။

ထိုအချိန်မှစ၍ ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင် စကားစုတစ်ခု စတင်ပျံ့နှံ့လာခဲ့သည်။ ပျက်ဆီးခြင်းပင်လယ်တွင်ငွေရှာပြီး ကျုံးဖန်မြို့၌ သုံးစွဲလျှင် တစ်ပြားတစ်ချပ်မှ ကျန်လိမ့်မည်မဟုတ်။

ကောင်းကင်နဂါးမဟာသူတော်စင်သည် ကောင်းကင်နဂါးမြို့သို့ ပြန်သွားပြီးနောက် တံခါးပိတ်ကျင့်ကြံခြင်းကို စတင်ခဲ့သည်။ ဆယ်စုနှစ်များစွာကြာပြီးနောက် ကောင်းကင်နဂါးမြို့တော်အတွင်း ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။ သူဝယ်ခဲ့သော ဟန်ဟိုင်သူတော်စင်ဆေးလုံး အနည်းငယ်ကို အသုံးပြုပြီးနောက် ကောင်းကင်နဂါးမဟာသူတော်စင်သည် မဟာသူတော်စင်၏အလယ်အလတ်အဆင့်ကို ဖြတ်ကျော်သွားခဲ့သည်။

ထိုမှစ၍ ကောင်းကင်နဂါးမဟာသူတော်စင်သည် အရွက်တစ်ထောင်ဆေးခန်း၏ သစ္စာရှိဖောက်သည်တစ်ဦးဖြစ်လာခဲ့ကာ သူ၏အောင်မြင်မှုသည် ဆေးခန်းမှ ဆေးလုံးများ၏အရည်အသွေးမြင့်မားမှုကြောင့်ဟု ယုံကြည်ခဲ့သည်။ သို့မဟုတ်ပါက သူ့အောင်မြင်မှုသည် အဘယ်ကြောင့် ဤမျှအဆင်ချောနေလိမ့်မည်နည်း။

သူ အောင်မြင်စွာဖြတ်ကျော်ပြီးနောက် ကောင်းကင်နဂါးမဟာသူတော်စင်သည် သူ၏ပျော်ရွှင်မှုကိုဝေမျှရန် မိတ်ဆွေကောင်းများကို ချက်ချင်း ဖိတ်ခေါ်ခဲ့သည်။ အစောပိုင်းမဟာသူတော်စင် အထွတ်အထိပ်ရှိိ ကောင်းကင်နဂါးမဟာသူတော်စင်၏အခြေအနေသည် အခြားသူတော်စင်များအတွက် လျှို့ဝှက်ချက်မဟုတ်ပေ။ ဤအောင်မြင်မှုက မဟာသူတော်စင်များကြားတွင် စူးစမ်းလိုစိတ်များ ရုတ်တရက် ဖြစ်ပေါ်လာစေသည်။

"ကောင်းကင်နဂါး ဒီတစ်ခါ ချောချောမွေ့မွေ့အောင်မြင်သွားတာ ပစ္စည်းကောင်းကောင်း တစ်ခုခုရသွားပုံပဲ"

မဟာသူတော်စင်တစ်ဦးက သတင်းအချက်အလတ်အချို့ကိုရရှိရန် မျှော်လင့်ကာ သွယ်ဝိုက်၍မေးခဲ့သည်။ ကောင်းကင်နဂါးမဟာသူတော်စင်က သူ့ရည်ရွယ်ချက်တွေကိုမြင်သော်လည်း ဘာကိုမှ ဖုံးကွယ်ရန် အစီအစဉ်မရှိပေ။

“တကယ်တော့ ငါ ဒီတစ်ကြိမ်မှာ အခွင့်အရေးတစ်ခု ရလိုက်တယ်။ ဒါပေမယ့် လူတိုင်းမှာလဲ ဒီအခွင့်အရေးကိုရဖို့ အခွင့်အရေးရှိပါတယ်”

မကြာမီ ကောင်းကင်နဂါးမဟာသူတော်စင်က အရွက်တစ်ထောင်ဆေးခန်းအကြောင်းကို မဟာသူတော်စင်များအားလုံးအား ပြောပြခဲ့သည်။

"ဘာလဲ ကောင်းကင်နဂါး၊ မင်း ငါတို့ကိုမလိမ်ဘူးဆိုတာ သေချာရဲ့လား၊ ဒီလိုနေရာကောင်းတွေ ရှိတယ်လား"

မဟာသူတော်စင်များစွာတို့သည် ကောင်းကင်နဂါးမဟာသူတော်စင်က သူတို့အား နောက်ပြောင်သည်ဟု ထင်သွားသောကြောင့် ချက်ခြင်း ဒေါသထွက်သွားကြသည်။

"ကျိန်ဆိုကျိန်ရဲတယ်ကွာ၊ အဲဒါ လုံးဝအမှန်ပဲ။ အရွက်တစ်ထောင်ဆေးခန်း တတိယထပ်မှာ အလယ်အလတ်အဆင့် မဟာသူတော်စင်လက်နက်နှစ်ခု ကျန်သေးတယ်။ ကျန်တာက မင်းတို့အတွက်ပဲ”

တချို့က ကောင်းကင်နဂါးမဟာသူတော်စင်၏ စကားကိုတွေးတောနေကြစဉ် တချို့က တိတ်တဆိတ် ထွက်ခွါသွားပြီဖြစ်သည်။ အလယ်အလတ် မဟာသူတော်စင်လက်နက်နှစ်ခုသာရှိသောကြောင့် ၎င်းကိုဦးစွာသွားယူရမည်။ အခြားမဟာသူတော်စင်များမရောက်မီ ထိုနေရာသို့ ရောက်ရန်နှင့် ဤမဟာသူတော်စင်လက်နက်နှစ်ခုကို လုံခြုံအောင်ထားရန် လိုအပ်သည်။

အလယ်အလတ် မဟာသူတော်စင်လက်နက်နှင့်ဆိုလျှင် မိတ်ဆွေတိုင်းကလဲ ရန်သူဖြစ်သည်။ ကျန်သူတော်စင်များသည်လည်း မထိုင်နိုင်တော့ဘဲ ချက်ခြင်းထွက်သွားကြသည်။ ကောင်းကင်နဂါးမဟာသူတော်စင်သည် ၎င်းတို့ကို ရယ်မောလျက်ကြည့်နေ၏။

ဤတစ်ကြိမ်တွင် အရွက်တစ်ထောင်ဆေးခန်းအတွက် ဖောက်သည်များစွာကို ဆွဲဆောင်နိုင်ခဲ့ရာ ညီအစ်ကိုရီသည် ၎င်း၏နောက်တစ်ကြိမ်လည်ပတ်မှုအတွက် အထူးလျှော့စျေးပေးမည်မှာ သေချာပါသည်။ သူမည်မျှလျှော့စျေးရမည်မှန်း သိချင်မိပါ၏။

ကောင်းကင်နဂါးမဟာသူတော်စင်သည် သူမထွက်သွားခင် ရီကျင်းထျန်ပြောထားသည့် စကားများကို ပြန်သတိရလိုက်သည်။

"ညီအစ်ကို ကောင်းကင်နဂါး မင်းဖောက်သည်တွေကို ငါ့ဆီမိတ်ဆက်ပေးရင် နောက်ထပ်လာရင် လျှော့စျေးအဖြစ် တစ်ယောက်ကို တစ်ရာခိုင်နှုန်းပြန်အမ်းပေးနိုင်တယ်"

လျှော့စျေးဖြင့်ပင် ရီကျင်းထျန်အတွက် အမြတ်ထွက်နေသေးသည်။ ထို့အပြင် ၎င်းကို နောက်လာမည့်ခရီးစဉ်အတွက်သာ အသုံးပြုရမည်ဖြစ်ရာ ရီမိသားစုက မည်သို့ဆုံးရှုံးမည်နည်း။

ကောင်းကင်နဂါးမဟာသူတော်စင်သည်လည်း ထိုပြန်အမ်းငွေလေးကို သိပ်ဂရုမစိုက်နေပါ။ သူက သူ့မိတ်ဆွေများကို ပိုက်ဆံအိတ်အပြောင်ရှင်းရသည့် ခံစားချက်ကို နားလည်စေချင်သည်။

ကျုံးဖန်မြို့မှ ကျင့်ကြံသူအများအပြားသည် ရုတ်တရက် ခေါင်းထောင်လာကြ၏။ ကျုံးဖန်မြို့အနီးသို့ ရောင်ဝါများ အရှိန်အဟုန်ပြင်းစွာ ရောက်ရှိလာသည်ကို သူတို့ခံစားနိုင်သည်။

……….

အခန်း ၄၉၁ - ပျက်ဆီးခြင်းလမ်းကြောင်း အစ

၎င်းက ရန်သူဘက်မှတိုက်ခိုက်ခြင်းလား။ ကျုံးဖန်မြို့ရှိ မရေတွက်နိုင်သောကျင့်ကြံသူများ၏စိတ်ထဲတွင် ထိုအတွေးဝင်လာသည်။ သို့သော် ၎င်းတို့က မကြောက်ကြသည့်အပြင် အနည်းငယ်ပင် စိတ်လှုပ်ရှားသွားသည်။

"အရွက်တစ်ထောင်မဟာသူတော်စင်ရဲ့စွမ်းအားကို မြင်နိုင်မယ့် နောက်ထပ်အခွင့်အရေးတစ်ခုများလား"

"ပြီးခဲ့တဲ့တစ်ခေါက်က ငါပညာနည်းနည်းရလိုက်တယ်။ ဒီတစ်ခါတော့ ငါ အဆင့်များဖြတ်ကျော်နိုင်မလား မသိဘူး"

အင်အားကြီးသူ၏တိုက်ပွဲများသည် အင်အားနည်းသူများအတွက် ထိုးထွင်းသိမြင်မှုများ ပေးစွမ်းနိုင်သည်။ ၎င်းက ကျုံးဖန်မြို့၏ကျင့်ကြံသူများအတွက် များစွာအကျိုးရှိစေ၏။ ယခုတွင် ၎င်းတို့သည် တိုက်ပွဲအတွက် ရှားရှားပါးပါးအခွင့်အရေးရခဲ့သောကြောင့် စိတ်လှုပ်ရှားနေခဲ့ကြသည်။

နောက်အခိုက်အတန့်တွင် ကျုံးဖန်မြို့ကို ကာကွယ်ထားသော အခင်းအကျင်း၏ နေရာလွတ်ငယ်လေးတစ်ခု ရုတ်တရက်ပွင့်သွားပြီး ရီကျင်းထျန်ထွက်ပေါ်လာသည်။ ဤကျင့်ကြံသူများမရောက်မီ ကောင်းကင်နဂါးသူတော်စင်က ကြိုတင်အကြောင်းကြားထားပြီးဖြစ်သည်။

ထို့ကြောင့် ရီကျင်းထျန်သည် ဤအရေးကြီးဧည့်သည်များကို ကြိုဆိုရန် ချက်ချင်းထွက်လာခဲ့သည်။ ဤတစ်ကြိမ်တွင် အမြတ်ကြီးကြီးရတန်ကောင်းပါရဲ့။

ပုံရိပ်ယောင်မဟာသူတော်စင်သည် ကျုံးဖန်မြို့သို့ ပထမဆုံးအပြေးအလွှား ရောက်ရှိသူဖြစ်သည်။

"ညီအစ်ကိုရီလား”

ပုံရိပ်ယောင်မဟာသူတော်စင်သည် ရုတ်တရက်ရပ်လိုက်ပြီး ရီကျင်းထျန်ကို ယဉ်ကျေးစွာနှုတ်ဆက်သည်။ ရီကျင်းထျန်၏ ကျင့်ကြံမှုအဆင့်သည် သူတော်စင်နယ်မြေတွင်သာရှိသော်လည်း မဟာသူတော်စင်က သူ့ကို လုံးဝမထီမဲ့မြင်မပြုဘဲ အလွန်လေးစားသည်။ မဟာသူတော်စင်လက်နက်ပေးနိုင်သည့် မည်သူမဆို သူ့အတွက် မိတ်ဆွေကောင်းများဖြစ်ကြ၏။

ထို့အပြင် အရွက်တစ်ထောင်ဆေးခန်းကို ကျောထောက်နောက်ခံထားသည့် စွမ်းအားရှင်ကြီးလဲ ရှိနိုင်သည်မဟုတ်လား။ သို့မဟုတ်ပါက မဟာသူတော်စင်လက်နက်နှင့် ဟာသူတော်စင်ဆေးလုံးများကို မည်သို့ပြောင်တင်းစွာထုတ်ယူနိုင်မည်နည်း။

"ညီအစ်ကို ကောင်းကင်နဂါး မိတ်ဆက်ပေးတဲ့တစ်ယောက်မလား။ နောက်ကလိုက်ခဲ့ဗျာ”

ရီကျင်းထျန်သည် ပုံရိပ်ယောင်မဟာသူတော်စင်ကို ပထမထပ်နှင့် ဒုတိယထပ်တို့ကို ပြသရန် အချိန်မဖြုန်းနေတော့ဘဲ တတိယထပ်သို့ တိုက်ရိုက်ခေါ်သွားလိုက်သည်။ သူကဲ့သို့ မဟာသူတော်စင်တစ်ဦးသည် မဟာသူတော်စင်အဆင့်လက်နက်များနှင့်သာ ထိုက်တန်သည်။

ပုံရိပ်ယောင်မဟာသူတော်စင်သည် အလယ်အလတ်အဆင့်ရှိ မဟာသူတော်စင်လက်နက်သုံးခုကို သတိပြုမိလိုက်၏။ ကောင်းကင်နဂါးက နှစ်ခုသာရှိသည်ဟု ပြောခဲ့သည်မလား။

"ညီအစ်ကိုရီရေ၊ ဒါက?”

ပုံရိပ်ယောင်မဟာသူတော်စင်၏ ရှုပ်ထွေးမှုကို မြင်လိုက်ရသော ရီကျင်းထျန်သည် ရယ်မောလိုက်ပြီး "

“ညီအစ်ကို ကောင်းကင်နဂါးကို တစ်ခုရောင်းလိုက်ပြီးတော့ ပစ္စည်းပြန်ဖြည့်ဖို့ စတိုးခန်းက ထပ်ယူထားတာပါ။ ဒီသုံးခုကို သဘောမကျရင် စိတ်ကြိုက်ပြုပြင်လို့လဲရပါတယ်။ နည်းနည်းတော့ပိုစျေးကြီးမှာပေါ့"

ရီကျင်းထျန်က သူ့လက်ကို ပွတ်သပ်လိုက်သည်။

ပုံရိပ်ယောင်မဟာသူတော်စင်သည် ထိတ်လန့်တုန်လှုပ်လျက်ရှိ၏။ ရီမိသားစု၏ လက်နက်သန့်စင်ရေးစွမ်းရည်သည် သူထင်ထားသည်ထက် များစွာပို၍အစွမ်းထက်သည်။

အစောပိုင်းက ပုံရိပ်ယောင်မဟာသူတော်စင်သည် ထိုတစ်ခုတည်းကိုသာ ရည်ရွယ်ခဲ့သော်လည်း ၎င်းကိုစိတ်ကြိုက်ပြုလုပ်ခြင်းက သူ့အတွက် ပိုကောင်းလိမ့်မည်။

"ပုံရိပ်ယောင်၊ မင်းဒီကိုရောက်တာ အရမ်းမြန်တာပဲ”

နောက်ထပ် မဟာသူတော်စင်တစ်ယောက် အလျင်အမြန်ရောက်လာသည်။

"ပထမဦးစားပေးတယ်ကွာ၊ မင်းအရင်ရွေး။ ငါနောက်မှဆုံးဖြတ်မယ်”

ပုံရိပ်ယောင်မဟာသူတော်စင်သည် တက်ကြွစွာပြုံးလိုက်ပြီး ပင်ကိုမဟာသူတော်စင်ကိုပြောလိုက်သည်။

ပင်ကိုမဟာသူတော်စင်သည် ချက်ချင်းသတိထားလိုက်၏။ ပုံရိပ်ယောင်က မည်သည့်အချိန်ကစ၍ ဤမျှရက်ရောလာသနည်း။

သူလှည့်ကြည့်လိုက်သည့်အခါ အလယ်အလတ်အဆင့်ရှိ ဟာသူတော်စင်လက်နက်သုံးခု ပြသထားသည်ကို တွေ့လိုက်ရပြီး ဆွံ့အကျန်နေခဲ့သည်။ ရီကျင်းထျန်သည်လည်း ထပ်ရှင်းပြရပြန်၏။ ပုံရိပ်ယောင်မဟာသူတော်စင်ကဲ့သို့ပင် ပင်ကိုမဟာသူတော်စင်သည်လည်း သူ့လက်နက်ကို စိတ်ကြိုက်ပြုလုပ်ရန် ရွေးချယ်ခဲ့သည်။

အချိန်တိုအတွင်း အခြားမဟာသူတော်စင်အချို့ ရောက်လာသည်။ ၎င်းတို့သည် အလယ်အလတ်အဆင့် မဟာသူတော်စင်လက်နက်များကို လုယူရန် အခွင့်အလမ်းမရှိဟုထင်လိုက်ကာ အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်နေပြီဖြစ်သည်။ သို့သော် အံ့သြစရာများနှင့် ကြုံခဲ့ရသည်။

မဟာသူတော်စင်အချို့သည် ၎င်းတို့၏လက်နက်များကို စိတ်ကြိုက်ပြုလုပ်ရန် ရွေးချယ်ခဲ့ကြပြီး အချို့က ပြသထားသည့်လက်နက်များကို တိုက်ရိုက်ဝယ်ယူရန် ရွေးချယ်ခဲ့ကြသည်။ စိတ်ကြိုက်လုပ်နိုင်သော လက်နက်များက အနည်းငယ်ပို၍စျေးကြီးသည်မဟုတ်လား။ တတ်နိုင်သမျှ ချွေတာရမည်လေ။ သို့သော် နောက်ထပ်မဟာသူတော်စင်အဆင့် ဆေးလုံး များကိုတွေ့သောအခါ ယနေ့ငွေစုနိုင်တော့မည်မဟုတ်ကြောင်း ၎င်းတို့သဘောပေါက်လိုက်ကြသည်။

စိတ်ကြိုက်လုပ်ထားသောမဟာသူတော်စင် လက်နက်များကို ၎င်းတို့၏လိုအပ်ချက်များအတိုင်း အပြီးသတ်ပြီးနောက် ဤမဟာသူတော်စင်များသည် ဆေးလုံးများကို စတင်ကြည့်ရှူလာသည်။

၎င်းတို့ကို ရီကျင်းထျန်က ဘာမှမိတ်ဆက်ပေးရန် မလိုတော့ပေ။ ဤမဟာသူတော်စင်အဆင့် ကျင့်ကြံသူများအတွက် စည်းမျဉ်းက ရိုးရှင်းသည်- ‘ဝယ်ကြ ဝယ်ကြ ဝယ်ကြ၊ ဝယ်နိုင်သမျှဝယ်”။

ထိုအချိန်တွင် ရီကျင်းထျန်သည် ကောင်းကင်နဂါးမဟာသူတော်စင်၏ မကျေနပ်ချက်များကို နားထောင်နေရ၏။

"ညီအစ်ကိုရီ လက်နက်ကို စိတ်ကြိုက်လုပ်လို့ရတယ်လို့ ငါ့ကို မပြောခဲ့ဘူးလေ။ အဲတာ မမျှတဘူး”

"ညီအစ်ကို ကောင်းကင်နဂါးကမှ မမေးတာလေဗျာ။ ဒါပေမယ့် မင်းရဲ့ အလယ်အလတ်အဆင့်ရှိ မဟာသူတော်စင်လက်နက်ကို စိတ်ကြိုက်ဖန်တီးနိုင်ဖို့ အခမဲ့လဲလှယ်ခွင့်ပေးပါမယ်လေ"

"အဲဒါကတော့ မလိုပါဘူး၊ ငါရလိုက်တဲ့ ဓားကို ကျေနပ်ပါတယ်။ ဒီအခွင့်အရေးကို နောက်မှသုံးဖို့ သိမ်းထားပေး”

"သေချာတာပေါ့ ညီအစ်ကို ကောင်းကင်နဂါးရေ။ မကန့်ကွက်ပါဘူးဗျာ”

စကားစမြည်ပြောဆိုပြီးနောက် အရွက်တစ်ထောင်ဆေးခန်းအတွက် အနာဂတ်စီးပွားရေးဆိုင်ရာ သဘောတူညီချက်တစ်ခုကို ချမှတ်နိုင်လိုက်သည်။ မဆိုးလှပေ။

ယခုအချိန်တွင် အခြားသောမဟာသူတော်စင်များသည် ၎င်းတို့၏ဝယ်ယူမှုများ ပြီးစီးလုနီးပါးဖြစ်နေပြီဖြစ်သည်။ ၎င်းတို့ချမ်းသာမျှ ကုန်ခန်းပြီးမှသာ လူတိုင်းနီးပါး ထွက်ခွါသွားကြသည်။ ၎င်းတို့ သိမ်းဆည်းထားသည့် အရင်းအမြစ်များအားလုံးအထိ ထုတ်ယူပြီးနောက် အတော်ကြာသည်အထိ ၎င်းတို့အတွက်ကျင့်ကြံရေးနည်းပညာများ လျော့နည်းသွားလိမ့်ဦးမည်။

၎င်းတို့သည် အရွက်တစ်ထောင်ဆေးခန်း၏ ဆွဲဆောင်မှုကို သတိထားမိလိုက်ပြီး နောက်တစ်ကြိမ်လာသည့်အခါ သတိထားရန် ကိုယ့်ကိုယ်ကိုသတိပေးလိုက်သည်။ ၎င်းတို့၏သုံးစွဲမှုဆန္ဒကို ထိန်းချုပ်ရန်အတွက် မဖြစ်နိုင်ပေ။ သံသယမရှိ၊ ဤမဟာသူတော်စင်အဆင့်ကျင့်ကြံသူများသည် ၎င်းတို့ပြန်လာချိန်တွင် အရွက်တစ်ထောင်ဆေးခန်းအတွက် နောက်ထပ်ဖောက်သည်အချို့ကို ခေါ်ဆောင်လာမည်ဖြစ်သည်။

သို့သော် အနီးအနားမှ မဟာသူတော်စင်အဆင့်ကျင့်ကြံသူ အများအပြားသည် ဤနေရာတွင် ရောက်ရှိနှင့်ပြီးဖြစ်သည်။ အချို့သော မဟာသူတော်စင်အဆင့်ကျင့်ကြံသူများသည် နှစ်ထောင်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေဦးမည်ဖြစ်သောကြောင့် ၎င်းတို့ထွက်လာလျှင် ပိုက်ဆံသုံးမည်မသုံးမည်ကို မည်သူသိနိုင်မည်နည်း။

လက်နက်များကို လျှင်မြန်စွာမရောင်းနိုင်သော်လည်း စားသုံးနိုင်သောပစ္စည်းဖြစ်သည့် ဆေးလုံးကိုတော့ ဤမဟာသူတော်စင်ကျင့်ကြံသူများထံ ဆက်တိုက်ရောင်းချနိုင်ဆဲဖြစ်သည်။

…………..

အခန်း ၄၉၂ - ပျက်ဆီးခြင်းလမ်းကြောင်း အစ

သူတော်စင်အဆင့် ဆေးပညာရှင် ရီဖန်ရှိနေသော ရီမိသားစုအနေဖြင့် စစ်မှန်သောနတ်ဘုရား၏ အရင်းအမြစ်အရည်များကို မရယူလိုက်ပါက ဖြုန်းတီးရာကျလိမ့်မည်။ အထိရောက်ဆုံးနည်းလမ်းမှာ ကျင့်ကြံရေးအတွက် သင့်လျော်သောဆေးလုံးများကို သန့်စင်ရန် စစ်မှန်သောနတ်ဘုရားအရင်းမြစ်ရည်ဖြင့် ပေါင်းစပ်ခြင်းဖြစ်သည်။

ရီမိသားစု၏ဆေးခန်းတွင် ရီဖန်သည် အထူးပြုလုပ်ထားသောဆေးလုံးများကို လတ်လတ်ဆတ်ဆတ်ထုတ်ပိုးကာ ရီမိသားစု၏သူတော်စင်များထံပေးပို့ခဲ့သည်။

ဆေးလုံးများပြင်ဆင်ပြီးနောက် ရီဖန်သည် ကျင့်ကြံရန် စတင်ခဲ့သည်။ ဤတစ်ကြိမ်တွင် ရီဖန်သည် သူတော်စင်အဆင့်မှ ဖြတ်ကျော်ရန် ကြိုးပမ်းနေ၏။

သူတော်စင်အဆင့်မှ မဟာသူတော်စင်အဆင့်သို့ ဖြတ်ကျော်ရန်အတွက် မူလနိယာမကို နားလည်ရမည်။

ရီဖန်သည် အခြေခံနိယာမတာအိုများစွာကို နားလည်ပြီးဖြစ်သော်လည်း သူအသုံးပြုမည့် တာအိုကို မဆုံးဖြတ်ရသေးပေ။ သူတော်စင်အများစုသည် တာအိုအများအပြားကို နားလည်ကြသော်လည်း တစ်ခုတည်းကိုသာ ကျွမ်းကျင်ကြသည်။

ကံမကောင်းစွာဖြင့် ရီဖန်က သာမာန်မဟုတ်နေချေ။ သူသည် တာအိုအများအပြားကို နားလည်ရုံသာမကဘဲ တစ်ခုစီတိုင်းကို ကျွမ်းကျင်သောကြောင့် ရွေးချယ်ရာတွင် အခက်အခဲရှိနေသည်။ မည်သည့်တာအိုကို ဦးစွာမြှင့်တင်ရန် သူရွေးချယ်သင့်သနည်း။

ဒြပ်စင်ငါးခု၊ ပျက်ဆီးခြင်း၊ အမျိုးမျိုးသောဒြပ်စင်များ၊ နောက်ထပ်စည်းမျဉ်းများစွာက ရီဖန်၏စိတ်ထဲတွင် ပေါ်လာသည်။ ပျက်ဆီးခြင်းတာအိုသည် အစွမ်းအထက်ဆုံးဖြစ်ပါသလား။ ဤတာအိုများအားလုံးကို ပေါင်းစည်းနိုင်လျှင် မည်မျှကောင်းလိမ့်မည်နည်း။

အခြားသူများအတွက် အခြေခံနိယာမများကို ကျွမ်းကျင်လွန်းပါက ထိခိုက်နိုင်သော်လည်း ရီဖန်အတွက်မဟုတ်ချေ။ သူသည် စနစ်၏အကူအညီဖြင့် အဆိုးဆုံးဖြစ်လာလျှင်ပင် သူ၏ကျင့်ကြံမှုအရှိန်သည် အနည်းငယ်နှေးကွေးသွားရုံသာရှိလိမ့်မည်။ ရီမိသားစုမှ ကျင့်ကြံသူများက လျင်မြန်စွာကျင့်ကြံနေသရွေ့ ဤအခက်အခဲအနည်းငယ်သည်လည်း အရေးမကြီးပေ။ ထို့ကြောင့် ထိုအတွက်စိုးရိမ်စရာမလိုပါ။

"စနစ် ပေါင်းစည်းလိုက်တော့"

ရီဖန်နားလည်ထားသည့် မဟာတာအိုတစ်ခုပြီးတစ်ခု ကောင်းကင်ယံ၌ပျောက်ကွယ်သွားကြသည်။ ပျောက်ကွယ်သွားသာ တာအိုများအားလုံးသည် ရီဖန်အတွက် အာဟာရအဖြစ်သို့ ပြောင်းလဲသွား၏။ ထို့နောက် ရီဖန်၏ စကြဝဠာမျိုးစေ့သည် ကန့်သတ်ချက်အထိကြီးထွားလာကာ နောက်ဆုံးတွင် တဖြည်းဖြည်း ပန်းပွင့်လာသည်။

ကျုံးဖန်မြို့အထက်တွင် အရောင်စုံလင်စွာဖြင့် လှပနေသော ပန်းတစ်ပွင့် တဖြည်းဖြည်း ပွင့်အံလာသည်။ ၎င်းက လူတိုင်း၏မျက်လုံးများကို စွဲဆောင်နိုင်ခဲ့သည်။ ဤပန်းပွင့်အတွင်းတွင် ၎င်းတို့ သိရှိနားလည်ဖူးသမျှ မဟာတာအိုအားလုံးကို မြင်နိုင်ကာ ၎င်းက ပို၍ပင် နက်နဲကြောင်းတွေ့လိုက်ရသည်။

အချိန်တိုလေးအတွင်း၌ ကျင့်ကြံသူအများအပြားသည် လှုံ့ဆော်ခံလိုက်ရကာ မျက်လုံးမှိတ်လိုက်ကြသည်နှင့် ဉာဏ်အလင်းပွင့်လာပြီး ၎င်းတို့၏ရောင်ဝါသည်လည်း အဆက်မပြတ် အားကောင်းလာသည်။ ထိုကဲ့သို့ ကြီးမားသောလှုပ်ရှားမှုသည် အနီးနားရှိလူများစွာ၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

ဤစကြဝဠာပန်းပွင့်တွင်ပါရှိသော မူလနိယာမများသည် ၎င်းတို့သိထားသမျှနှင့် မတူသောကြောင့် ကျင့်ကြံသူအများအပြားက အနည်းငယ်ရှုပ်ထွေးသွားကြသည်။ သို့သော် ဤစကြဝဠာ၏ပန်းပွင့်တွင်ပါရှိသော မူလနိယာမသည် အစွမ်းထက်သည်က်ို သူတို့ခံစားသိရှိနိုင်၏။ ၎င်းတို့အနေဖြင့် နောက်ထပ်စွမ်းအားရှင်များ မွေးဖွားတော့မည်ကို ခံစားနေရသည်။ သို့သော် အထွတ်အထိပ်သူတော်စင်အများအပြားက ၎င်းကို အလေးအနက်မထားခဲ့ကြချေ။

မူလနိယာမတစ်ခုသည် မဟာသူတော်စင်အဆင့်သို့ မြှင့်တင်ပေးရုံသာတတ်နိုင်ရုံမှလွဲ၍ အခြားထူးခြားသည့်စွမ်းရည်မရှိပေ။ ၎င်းတို့အားလုံးသည် မူလနိယာမများကို မဟာသူတော်စင်အဆင့်သို့ တစ်ပြိုင်နက်တည်းမြှင့်တင်ရန်အနှင့် အနာဂတ်တွင် ပိုမိုမြင့်မားသောနယ်ပယ်များအတွက် ကြိုးစားနေကြခြင်းဖြစ်သည်။ သို့သော် ရီဖန်၏အောင်မြင်မှုက အချိန်များစွာမယူခဲ့ပေ။

နောက်ဆုံးတွင် စကြာဝဠာပန်းသည် အပြည့်အ၀ ပွင့်လန်လား၏။ ရီဖန်၏ကျင့်ကြံမှုအဆင့်သည်လည်း မဟာသူတော်စင်အဆင့်သို့ ရောက်သွားခဲ့သည်။ ရီဖန်သည် ယခုအချိန်တွင် သူ့ကိုယ်သူ မယုံနိုင်လောက်အောင် သန်မာနေပြီဟု ခံစားရသည်။

သူတော်စင်အဆင့် အထွတ်အထိပ်၌ရှိစဉ်နှင့် နှိုင်းယှဉ်ပါက ဆယ်ဆပိုသန်မာနေပြီဖြစ်သည်။

ရီဖန်စိတ်သက်သာရာရသည်မှာ သူသည် ယခင်က ကံကောင်းထောက်မစွာဖြင့် အားနည်းသော မဟာသူတော်စင်အဆင့်စွမ်းအားရှင်များကိုသာ ကြုံတွေ့ခဲ့ရသည်။ သူကိုယ်တိုင်ကဲ့သို့ အားကောင်းသည့် မဟာသူတော်စင်အဆင့်စွမ်းအားရှင်တစ်ဦးနှင့် တွေ့ပါက နိုင်လိမ့်မည်မဟုတ်ပေ။

သူနောက်ဆုံးတွင် အဆင့်ကျော်ဖြတ်နိုင်ပြီးနောက် သူတော်စင်အဆင့် နတ်ဥပဒေကို ထုတ်နုတ်ရန် အချိန်တန်ပြီဖြစ်သည်။ သို့မဟုတ်ပါက ရီမိသားစုမှကျင့်ကြံသူများအတွက် ကျင့်ကြံနည်းစနစ်များ ချို့တဲ့နေလိမ့်မည်။ သာမာန်ကျင့်ကြံနည်းများကို ကျင့်ကြံခြင်းထက် ရီမိသားစုပျက်ဆီးခြင်း ပျက်ဆီးခြင်းဖန်တီးမှုနတ်ကျမ်းကို ကျင့်ကြံခြင်းက အဆပေါင်းများစွာ ပိုသင့်လျော်သည်။

ကံကောင်းသည်မှာ ရောင်းဝယ်နေစဉ်က သူတော်စင်အဆင့် စွမ်းအားရှင်အများအပြားသည် ၎င်းတို့၏ရရှိထားသော သူတော်စင်နည်းစနနစ်များကို ဆေးလုံးများနှင့် လဲလှယ်ရန်အတွက် အသုံးပြုခဲ့ခြင်းဖြစ်သည်။

ယခုတွင် ရီဖန်ထံ၌ ကိုးကားရန် ကျင့်ကြံနည်းစနစ်များစွာရှိနေပြီဖြစ်ကာ လုပ်ငန်းစဉ်ကို ပိုမိုလွယ်ကူစေသည်။ သူရရှိထားသော ကျင့်ကြံနည်းစနစ်များကို မည်သည့်အခါမျှ သီးခြားခွဲမထားဘဲ အသင့်လျော်ဆုံးနည်းလမ်းကိုရှာဖွေပြီး အားသာချက်များကိုပေါင်းစည်းကာ အားနည်းချက်များကို ဖယ်ရှားလေ့ရှိသည်။

သူတော်စင်ဥပဒေတစ်ခုပြီးတစ်ခုကို ရီဖန်က နားလည်သဘောပေါက်ခဲ့ပြီး လျင်မြန်စွာ မြှင့်တင်နိုင်ခဲ့သည်။ နောက်ဆုံးတွင် ၎င်းတို့သည် ပျက်ဆီးခြင်းဖန်တီးမှုကျမ်း၏ဆင်းသက်လာမှုအတွက် အာဟာရဖြစ်လာခဲ့သည်။

ဉာဏ်အလင်းသခင်နယ်မြေက မယုံနိုင်လောက်အောင် အစွမ်းထက်သည်ဟု ဆိုရပေမည်။ ရီဖန်သည် မဟာသူတော်စင်အဆင့်သို့ ရောက်သွားသည့်တိုင် အများဆုံးတစ်ဝက်လောက်ကိုသာ သုံးနိုင်သေးသည်။

ကြာရှည်အသုံးပြုပြီးနောက်တွင်ပင် စုစုပေါင်းစွမ်းအား၏ ငါးပုံတစ်ပုံခန့်ကိုသာ အသုံးချနိုင်ခဲ့သည်။

သူလုံးဝကျင့်သားရသွားသည်နှင့် ကျင့်ကြံမှုအဆင့်သည် အနည်းဆုံး စစ်မှန်သောနတ်ဘုရားနယ်မြေသို့ ဖြတ်ကျော်သွားနိုင်လောက်မည်။ သို့သော်လည်း ရီဖန်သည် ကျင့်ကြံမှုနည်းပညာကို အောင်မြင်စွာရရှိပြီးသည်နှင့် သူရရှိမည့်ဆုလာဘ်ကို မျှော်လင့်ထားသည်။ ဤမျှအစွမ်းထက်သောနယ်ပယ်၏ စွမ်းအားကိုပြသပြီးနောက် ရီဖန်သည် ထိုဆုလာဘ်ကို မျှော်လင့်ထား၏။ အချိန်ကြာလာသည်နှင့်အမျှ ရီဖန်သည်လည်း ကျင့်ကြံနည်းစနစ်မျိုးစုံကို ကျွမ်းကျင်လာခဲ့သည်။

အခြားတစ်ဖက်တွင် သူတော်စင်အစည်းအရုံး၏ ဂိုဏ်းချုပ်သည်လည်း သူ၏ဒဏ်ရာမှ အပြည့်အဝပြန်လည်ကောင်းမွန်လာခဲ့သည်။ ရီမိသားစုက အမှန်တကယ်ကို စိတ်ပျက်စရာကောင်းသည်။ ရီဖန်ကို သတိရသောအခါ ဂိုဏ်းချုပ်၏မျက်နှာသည် ဆိုးရွားစွာရှုံ့မဲ့သွား၏။

ယခုဆိုလျှင် သူသည် ပြီးပြည့်စုံသောလမ်းကြောင်းကို လျှောက်လှမ်းနိုင်မည့် မျှော်လင့်ချက်ကို ဆုံးရှုံးခဲ့ရရုံသာမက သူတော်စင်အစည်းအရုံးကို ဆုံးရှုံးလိုက်ရသည့်အတွက် လေလွင့်ခွေးတစ်ကောင်ဖြစ်လာခဲ့သည်။

သူလက်စားချေရန် ကြိုးပမ်းခဲ့သော်လည်း သူ၏ကိုယ်ပိုင်ကျင့်ကြံမှုအဆင့်နှင့် အစွမ်းသတ္တိကို တစ်ယောက်တည်းလက်စားချေရန် မဖြစ်နိုင်ကြောင်း သိထားသောကြောင့် အကူအညီတောင်းခဲ့သည်။ သူကမ်းလှမ်းနိုင်မည့်အရာမှာလဲ စကြဝဠာတစ်ခု၏အချက်အလက်မျှသာကျန်တော့သည်။

ပျက်ဆီးခြင်းလမ်းကြောင်းအစသည် အလယ်အလတ်အဆင့်ရှိ မဟာသူတော်စင်တစ်ဦးကို ဆွဲဆောင်ရန် လုံလောက်နိုင်သည်မဟုတ်လား။ နှောင်းပိုင်း မဟာသူတော်စင်များအတွက်တော့ ထိုအရာကိုသိနားလည်မှုက နက်နဲသောအမြင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

ဂိုဏ်းချုပ်သည် ယခုအခါ ရီဖန်၏ဘဝပိုမိုခက်ခဲလာစေရန် မျှော်လင့်ထားပြီး သတ်ပစ်ရန်ပင် စိတ်ကူးယဉ်ထားသည်။ ဤနာကြည်းမှုများကိုသာ မဖြေရှင်းနိုင်ပါက တစ်နေ့တွင် နတ်ဆိုးများ၏သားကောင်ဖြစ်လာလိမ့်မည်။

ဂိုဏ်းချုပ်က ရီဖန်ကို အကွက်ချနေချိန်အတွင်း အခြားသူများက အရွက်တစ်ထောင်ဆေးခန်းကို ကြံစည်နေကြသည်။

သူတော်စင်အားလုံးသည် ကောင်းကင်နဂါးမဟာသူတော်စင်နှင့် သူ့အဖွဲ့ကဲ့သို့ ချမ်းသာကြသည်မဟုတ်။ ပိုက်ဆံမရှိသောကြောင့် တစ်ခုခုကိုလိုချင်နေသောအခါ လုယက်ရန်သာတတ်နိုင်သည်။

အရွက်တစ်ထောင်ဆေးခန်းကို မဟာသူတော်စင်အဆင့် စွမ်းအားရှင်သုံးဦးကို အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့သည်။ ကြည့်ရသလောက် ၎င်းတို့ထံ၌ လက်နက်သန့်စင်ရေးတွင်ထူးချွန်သော မဟာသူတော်စင်အဆင့်ကျင့်ကြံသူတစ်ဦး ရှိပုံရသည်။ ပုံမှန်အားဖြင့် လက်နက်သန့်စင်ခြင်းတွင် ထူးချွန်သောကျင့်ကြံသူများသည် တိုက်ခိုက်ရေးတွင်မကျွမ်းကျင်ကြချေ။

ထို့အပြင် ၎င်းတို့သည်မဟာသူတော်စင်ကိုထိရန်ပင်မရည်ရွယ်ဘဲ အရွက်တစ်ထောင်ဆေးခန်းမှ လက်နက်များနှင့် ဆေးလုံးအများအပြားကို လုယက်လိုရုံသာဖြစ်သည်။ အကယ်၍ ၎င်းတို့သာ ဤပစ္စည်းများကို အောင်မြင်စွာလုယက်နိုင်လျှင် ၎င်းတို့သည် ဤအရင်းအမြစ်များကို အသုံးပြု၍ အလယ်အလတ် မဟာသူတော်စင်အဆင့်သို့ ဖြတ်ကျော်သွားနိုင်မည်ဖြစ်သည်။

မဟာသူတော်စင်အဆင့်ကျင့်ကြံသူသည် ကြောက်ရွံ့မနေဘဲ ၎င်းတို့၏အရင်းအမြစ်များအတွက် စွန့်စားရမည်ဟု ယူဆထားကြသည်။ အဆုံးတွင် ၎င်းတို့အတွက်အကျိုးမရှိလျှင်ပင် ထိုမဟာသူတော်စင်သုံးပါး၏ စည်းလုံးညီညွတ်မှုဖြင့် ၎င်းတို့ထိခိုက်နိုင်မည်မဟုတ်ချေ။

မကြာမီတွင် သဘောထားတူဘီမှုရထားသော သုံးဦးသည် အရွက်တစ်ထောင်ဆေးခန်းကို လုယက်ရန်ပြင်ဆင်နေကြသည်။ မမျှော်လင့်ထားသည့် အခြေအနေများကို ရှောင်ရှားရန်အတွက် သူတို့အမြန်ပြေးရန် ဆုံးဖြတ်ထားသည်။ အရင်းအမြစ်များရှိနေကြောင်း သေချာပြီးနောက် ၎င်းတို့သည် ချက်ချင်းပင် စတင်လုပ်ဆောင်ခဲ့သည်။

မဟာသူတော်စင်အဆင့် ကျင့်ကြံသူသုံးဦး၏ရောင်ဝါသည် တစ်ပြိုင်နက်ပေါက်ကွဲထွက်လာပြီး ၎င်းတို့ထဲမှနှစ်ဦးက လက်နက်များကိုသွားယူကာ ကျန်တစ်ဦးက ဆေးလုံးများထံသွားသည်။

ထောင်ချောက်မိသွားပြီ!

အဆင့်နိမ့်လက်နက်များနှင့် ဆေးလုံးများကို ကာကွယ်သည့် အခင်းအကျင်းများနှင့် ထိမိသောအခါ ၎င်းတို့သည် ဝါဂွမ်းနှင့်ထိလိုက်ရသကဲ့သို့ ခံစားရသည်။ ၎င်းတို့ စွမ်းအားအားလုံးကို အခင်းအကျင်းက လုံးဝစုပ်ယူသွား၏။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

သူခိုးသုံးယောက်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အံ့ဩနေကြသည်။

"စွမ်းအားတွေ မြန်မြန်သုံး။ ရီမိသားစုရဲ့ စစ်ကူတွေရောက်လာရင် ငါတို့လွတ်နိုင်မှာမဟုတ်ဘူး"

မကြာသေးမီက အလယ်အလတ် မဟာသူတော်စင်အဆင့်ကျင့်ကြံသူများနှင့် ရီမိသားစုတို့ကြား ခိုင်မာသောဆက်ဆံရေးကို ၎င်းတို့အားလုံး ကောင်းစွာသိရှိခဲ့ကြသည်။

ကောင်းကင်နဂါးမဟာသူတော်စင်သည် သူ၏ကျင့်ကြံမှုအဆင့်ကို စုစည်းရန် တံခါးပိတ်ကျင့်ကြံနေခြင်းကြောင့်သာမဟုတ်ပါက ၎င်းတို့တွင် ဤကဲ့သို့လှုပ်ရှားရန် သတ္တိရှိမည်မဟုတ်ချေ။

၎င်းတို့သည် အခင်းအကျင်းခံစစ်များကို မထိုးဖောက်နိုင်သောကြောင့် နောက်တစ်ကြိမ်ပိတ်မိသွားကြပြီဖြစ်သည်။ ၎င်းတို့၏ စွမ်းအားအားလုံးသည် လေထုထဲတွင် ပျောက်ကွယ်သွားခဲ့၏။ ၎င်းတို့အညာမိသွားသည်မှာ ထင်ရှားသည်။

"သွားကြရအောင်”

အချိန်အနည်းငယ်ကြာအောင် အကျိုးမရှိသောတိုက်ခိုက်မှုများပြီးနောက် ယခုမပြေးပါက ၎င်းတို့ ဘယ်တော့မှလွတ်မြောက်နိုင်မည်မဟုတ်ကြောင်း နားလည်သွားပြီဖြစ်သည်။

………..

All Chapters