← Chapters

အခန်း ၃၉၃-၄၉၅

Vol. 33 Ch. 493-495

အခန်း ၃၉၃-၄၉၅

Vol. 33 Ch. 493-495

အခန်း ၄၉၃ - သနားစရာဝိညာဉ်တွေ

၎င်းတို့သည် ဤမျှတိုတောင်းသောကာလအတွင်း မဟာသူတော်စင်လက်နက်ကို ကာကွယ်သည့်အခင်းအကျင်းအား မချိုးဖျက်နိုင်ခဲ့ကြချေ။ အခြားနည်းလမ်းလဲမရှိတော့ရာ အမြန်ထွက်ခွါရန်သာ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် နောက်ပြန်လှည့်ပြီး အရွက်တစ်ထောင်ဆေးခန်း တံခါးဝဆီသို့ ပြေးသွားကြသည်။

ဘမ်း!

ပြင်းထန်သောစွမ်းအားကို ခံစားလိုက်ရသည့် ရှေ့မှဦးဆောင်လာသော မဟာသူတော်စင်သည် အလွန်အံ့ဩသွားကာ တွန့်ဆုတ်သွားသည်။ အရွက်တစ်ထောင်ဆေးခန်း၏အခင်းအကျင်းတွင်လည်း ၎င်းတို့ထွက်ခွာခြင်းမှ တားဆီးထားသည့် အကာအကွယ်တစ်ခုရှိနေသည်။

“သေစမ်းကွာ!"

၎င်းတို့သုံးဦးသည် အစပိုင်းက လွယ်ကူစွာအနိုင်ရလိမ့်မည် ထင်ခဲ့ကြသော်လည်း ယခုအခါ မဟာသူတော်စင်များ၏ အခင်းအကျင်းကို မချိုးဖျက်နိုင်ခဲ့သည့်အပြင်၊ ၎င်းတို့သည် အရွက်တစ်ထောင်ဆေးခန်းထဲတွင် ပိတ်မိနေခဲ့ကြသည်။

၎င်းတို့ နောက်တစ်ကြိမ် လှည့်ကြည့်လိုက်သည့်အချ်ိန်တွင် တစ်စုံတစ်ခု လွဲမှားနေသည်ကို အမြန်သတိပြုမိလိုက်ကြ၏။ မူလက အရွက်တစ်ထောင်ဆေးခန်းထဲရှိသည့် ကျင့်ကြံသူများသည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ယခုအခါ အရွက်တစ်ထောင်ဆေးခန်းတွင် ၎င်းတို့သုံးဦးသာ ကျန်ရှိတော့သည်။

၎င်းတို့က သူခိုးဖြစ်သည်အထိ အလွန်နိမ့်ကျနေခဲ့သောကြောင့် ၎င်းတို့၏ကျင့်ကြံမှုအဆင့်သည် သူတော်စင်နယ်မြေတွင် အနိမ့်ဆုံးဖြစ်သည်။ ၎င်းတို့သည် အရွက်တစ်ထောင်ဆေးခန်း၏ ပြင်းထန်သောအခင်းအကျင်းကို ခံစားလိုက်ရသဖြင့် ချက်ချင်းထိတ်လန့်သွားကြသည်။

ရီကျင်းထျန်သည် အခင်းအကျင်းထဲပိတ်မိနေသော သုံးယောက်ကိုကြည့်ရင်း လက်ခုပ်ထတီးလိုက်၏။

"ငါဝန်ခံပါတယ်။ အရွက်တစ်ထောင်ဆေးခန်းမှာ ပြဿနာရှာရဲတဲ့ မင်းတို့သတ္တိကိုတော့ တကယ်ချီးကျူးတယ်"

အရွက်တစ်ထောင်ဆေးခန်းတွင် ရတနာများစွာရှိသည်။ သို့သော် ၎င်းတို့သည် အကာအကွယ်မဲ့ဖြစ်မည် မဟုတ်ပေ။ ဤနေရာမှ အခင်းအကျင်းကို ရီဖန်ကိုယ်တိုင် သေချာစီစဉ်ထားခြင်းဖြစ်ကာ၊ ဤအခြေအနေမျိုးမဖြစ်အောင် တားဆီးရန် ရည်ရွယ်ချက်နှင့်ဖြစ်သည်။ သေချာပေါက်ပင် သူခိုးလေးသုံးယောက်ကတော့ ထိုအထဲ ပိတ်မိသွားလေပြီ။

ရက်စက်သော အလင်းတန်းတစ်ခုက မီးတောင်တန်း မဟာသူတော်စင်၏မျက်လုံးထဲတွင် ဖြတ်သန်းသွားပြီးနောက် သူသည် ရီကျင်းထျန်ဆီသို့ လှစ်ခနဲပြေးဝင်သွားသည်။ ယနေ့ သူတို့ အလွယ်တကူပြန်မထွက်နိုင်တော့ကြောင်းကို သိထားပြီးဖြစ်သည်။ ထိုသို့အင်အားကြီးမားသော အခင်းအကျင်းရှိသည့် ရီမိသားစုသည် အားမနည်းမည်မှာ သေချာပေါက်ပင်။

ယခု ရီမိသားစုကို ခြိမ်းခြောက်နိုင်မည့်သူတစ်ဦးအား ဓားစာခံအဖြစ် ဖမ်းထားမှရမည်။ ၎င်းတို့ရှေ့တွင်ရှိနေသည့် အရွက်တစ်ထောင်ဆေးခန်း၏ပိုင်ရှင်က ထိုအတွက် ပြီးပြည့်စုံသော ပစ်မှတ်ဖြစ်၏။ ရတနာများစွာကို စီမံခန့်ခွဲနိုင်ခြင်းကို ကြည့်ခြင်းအားဖြင့် ရီမိသားစုအတွင်း ဆေးခန်းပိုင်ရှင်၏ရာထူးသည် မြင့်မားသည်ဟု ယူဆနိုင်သည်။

"မဟာသူတော်စင်သုံးယောက်ရေ ဒါက မင်းတို့အတွက် ဆုပဲ"

ရီဖန်သည် ရုတ်တရက် ရီကျင်းထျန်အနား ပေါ်လာသည်။

နောက်အခိုက်အတန့်တွင် သူသည် မဟာသူတော်စင်သုံးယောက်ကို ဖမ်းဆီးလိုက်၏။ ၎င်းတို့သည် ခုခံနိုင်စွမ်းမရှိသောစွမ်းအား၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသည်။

"မင်း ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်ရတာလဲ!"

မီးတောင်တန်းမဟာသူတော်စင်၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားသည်။ ရီမိသားစုခေါင်းဆောင်၏ စွမ်းအားသည် အလယ်အလတ်အဆင့်ရှိ မဟာသူတော်စင်တစ်ဦးနှင့် တန်းတူဖြစ်ပုံရသည်။ ရီမိသားစုတွင် ထိုကဲ့သို့စွမ်းအားရှင်ရှိကြောင်း သူတို့သိခဲ့လျှင် သေကြောင်းကြံစည်မိခဲ့လိမ့်မည် မဟုတ်ချေ။

"မဟာသူတော်စင်ရီ၊ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါဦး၊ ငါတို့ ရီမိသားစုအတွက် အမှုထမ်းပါ့မယ်”

၎င်းတို့၏အသက်အန္တရာယ်ကို ခြိမ်းခြောက်သည့် စွမ်းအားတစ်ခုနှင့် ရင်ဆိုင်ရသောအခါ မဟာသူတော်စင်၏ ဂုဏ်သိက္ခာကိုလည်း ဂရုမစိုက်နိုင်တော့ပါ။ ရီမိသားစုအတွက် အမှုထမ်းခြင်းက ဤနေရာတွင်သေရခြင်းထက် ပိုကောင်းပါသေးသည်။

ကံမကောင်းစွာဖြင့် ၎င်းတို့ကဲ့သို့ အားနည်းသည့် မဟာသူတော်စင်များကို ရီဖန်က မလိုချင်ခဲ့ပေ။ ရီမိသားစုသည် ၎င်း၏ကိုယ်ပိုင်မဟာသူတော်စင်အဆင့် ကျင့်ကြံသူအား မွေးထုတ်ရန် အချိန်ကြာတော့မည်မဟုတ်ချေ။ ၎င်းတို့ထဲမှ တစ်ယောက်ချင်းစီတိုင်းက ထိုမဟာသူတော်စင်သုံးယောက်ကို အနိုင်ယူတိုက်နိုင်သည်။ ဤအားနည်းသော မဟာသူတော်စင်များကို အဘယ်ကြောင့်လက်ခံရမည်နည်း။

မဟာသူတော်စင်တစ်ယောက်က သည်းမခံနိုင်တော့ဘဲ သူ့ခန္ဓာကိုယ် ပေါက်ကွဲသွားကာ စိတ်ဝိညာဉ်သည်လည်း ရီဖန်၏ တိုက်ရိုက်ချေမှုန်းခြင်းကို ခံလိုက်ရသည်။ ကျုံးဖန်မြို့တော်အထက်တွင် ပျက်ဆီးသွားသော မူလအခြေခံနိယာမတာအို ရုတ်တရက်ပေါ်လာပြီး ကောင်းကင်မှသွေးမိုးများ ရွာကျလာသည်။

"မဟာသူတော်စင် ကျဆုံးသွားပြီ”

ကျုံးဖန်မြို့မှကျင့်ကြံသူများသည် အလွန်ဝမ်းသာသွားကြပြီး မူလအခြေခံနိယာမတာအိုကို နားလည်သဘောပေါက်ရန် လျင်မြန်စွာတရားထိုင်လိုက်ကာ ၎င်းတို့၏ကျင့်ကြံမှုအဆင့်သည်လည်း လျင်မြန်စွာ တိုးတက်လာသည်။

ယခုလေးတင် အရွက်တစ်ထောင်ဆေးခန်းထဲသို့ စွမ်းအားရှင်သုံးယောက်ဝင်လာသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောကြောင့် ကျဆုံးသွားတဲ့မဟာသူတော်စင်သည် ၎င်းတို့ထဲမှ တစ်ယောက်ဖြစ်ရမည်။

နောက်တစ်ခဏတွင် နောက်ထပ် ပျက်ဆီးနေသည့် မူလအခြေခံနိယာမတာအိုပေါ်ထွက်လာသည်ကို မြင်လိုက်ရပြီး နောက်ထပ်မဟာသူတော်စင်အဆင့် ကျင့်ကြံသူတစ်ဦး ကျဆုံးသွားပြန်သည်။ တတိယတစ်ယောက်ရော ရှိနိုင်ဦးမည်လား။ အရွက်တစ်ထောင်ဆေးခန်းထဲဝင်သွားသည့် မဟာသူတော်စင်သုံးယောက်ရှိခဲ့ပြီး အခုအချိန်တွင် နှစ်ယောက်သေဆုံးသွားပြီဖြစ်သည်။

"မဟာသူတော်စင်ရီ ငါ့မှာ လျှို့ဝှက်ချက်တစ်ခုရှိတယ်။ ငါ့အသက်ကိုချမ်းသာပေးဖို့ ဒီလျှို့ဝှက်ချက်နဲ့ လဲချင်လို့ပါ”

မူလက ရီဖန်သည် မီးတောင်တန်းမဟာသူတော်စင်ကိုသတ်ရန် ကြံစည်ခဲ့သော်လည်း ထိုစကားကိုကြားပြီးနောက် သူ့လက်ကိုရပ်တန့်လိုက်သည်။

"ဘာလျှို့ဝှက်ချက်လဲ”

မဟာသူတော်စင်နယ်မြေ၏လျှို့ဝှက်ချက်သည် အဖိုးတန်လိမ့်မည်။

"စစ်မှန်တဲ့နတ်ဘုရားရဲ့လျှို့ဝှက်နယ်မြေကို ငါသိတယ်။ ဒီနယ်ပယ်ကို မစူးစမ်းရသေးဘူး၊ ကောင်းတဲ့အရာတွေ အများကြီးရှိလောက်တယ်”

၎င်းတို့ကြားသည့်အခါ ရီဖန်ချက်ချင်းစိတ်ပျက်သွားသည်။

စစ်မှန်သောနတ်ဘုရား၏လျှို့ဝှက်နယ်မြေသည် အမှန်တကယ်ပင် အဖိုးတန်သော်လည်း အန္တရာယ်များသည်။ ရီဖန်၏လက်ရှိအင်အားဖြင့် စစ်မှန်သောနတ်ဘုရား၏လျှို့ဝှက်နယ်မြေတွင် သူ၏ဘေးကင်းမှုအတွက် အာမခံချက်မရှိသေးပေ။

ရီမိသားစုမှကျင့်ကြံသူများ၏အရှိန်ဖြင့် တိုးတက်နေသော အရည်အချင်းများကြောင့် ရီဖန်သည် စွန့်စားရန်မလိုအပ်သေးချေ။ စစ်မှန်သောနတ်ဘုရားလျှို့ဝှက်နယ်မြေကို အခြားကျင့်ကြံသူများအတွက် ချန်ထားခဲ့ခြင်းက ပိုကောင်းလိမ့်မည်။ သို့သော် စစ်မှန်သောနတ်ဘုရားလျှို့ဝှက်နယ်မြေကို ရီဖန်ကိုယ်တိုင် မစူးစမ်းနိုင်သည့်တိုင် ငွေအမြောက်အမြားရနိုင်သည်။

သတင်းအချက်အလက်များကို ရောင်းချခြင်းက ကောင်းမွန်သော လုပ်ငန်းတစ်ခုဖြစ်ပုံရ၏။ ရီမိသားစုထံမှ အချက်အလက်များကို ဝယ်ယူသွားသော ကျင့်ကြံသူများသည် လျှို့ဝှက်နယ်မြေတွင် အကျိုးအမြတ်များရလာပါက ရီမိသားစုတွင် သေချာပေါက်ငွေထပ်သုံးကြလိမ့်မည်။ ၎င်းတို့ အရင်းအနှီးများများရလေ ရီမိသားစုက ပိုက်ဆံများများရလေလေပင်။

ရီဖန်သည် သူ့လက်ကိုမြှောက်လိုက်ပြီး မီးတောင်တန်းမဟာသူတော်စင်ကို ဖမ်းယူလိုက်သည်။

"ရီဖန် ငါသေရင်တောင် မင်းကိုခွင့်မလွှတ်ဘူး!"

ရီဖန်၏အစီအစဉ်ကို သိလိုက်သော မီးတောင်တန်းမဟာသူတော်စင်သည် အသက်ရှင်နိုင်မည့် မျှော်လင့်ချက်ကို လုံးဝစွန့်လွှတ်ခဲ့သည်။

သူ၏စိတ်ဝိညာဉ်ပင်လယ်က တုန်လှုပ်သွားပြီး စိတ်ဝိညာဉ်ပေါက်ကွဲရန် အသင့်ဖြစ်နေပြီဖြစ်သည်။

သို့သော် နောက်အခိုက်အတန့်တွင် မီးတောင်တန်းမဟာသူတော်စင်၏ ဝိညာဉ်ပင်လယ်ထဲ၌ တစ်စုံတစ်ခုပေါ်လာသည်။ ဤဝိညာဉ်သည် သူ့ထက်အနည်းငယ်သာ ပိုအားကောင်းနေသော်လည်း စစ်မှန်သောနတ်ဘုရား၏ရောင်ဝါအနည်းငယ်ကပင် မီးတောင်တန်းမဟာသူတော်စင်ကို ထိတ်လန့်တုန်လှုပ်သွားစေသည်။

“စစ်မှန်တဲ့နတ်ဘုရားပဲ ဒါက ပြန်လည်မွေးဖွားလာတဲ့ စစ်မှန်တဲ့နတ်ဘုရား!”

မကျေမနပ်ဖြစ်နေသော မီးတောင်တန်းမဟာသူတော်စင်သည် ရီဖန်၏နှိပ်စက်ခြင်းကိုခံရပြီးနောက် သူ၏စိတ်ဝိညာဉ်အပေါ်ထိန်းချုပ်မှု ဆုံးရှုံးသွားသည်။

ရီဖန်၏မျက်လုံးထဲတွင် အထင်အမြင်သေးသော အရိပ်အယောင်များထွက်ပေါ်လာ၏။

……..

အခန်း ၄၉၄ - သနားစရာဝိညာဉ်တွေ

"ပြန်လည်မွေးဖွားလာတဲ့နတ်ဘုရားဟုတ်လား၊ မဖြစ်နိုင်တာ။ ငါကလှည့်စားတတ်တဲ့သူလေ"

သူက ပြန်လည်မွေးဖွားလာသည့်နတ်ဘုရားထက် ပို၍ထူးခြားသည်။ ရီမိသားစု၏ဆက်ခံသူသည် ပြန်လည်မွေးဖွားလာသည့်နတ်ဘုရားထက် အားနည်းမည်မဟုတ်ချေ။

အချိန်ကြာလာသည်နှင့်အမျှ ကျင့်ကြံသူအားလုံးသည် အဆင့်မြင့်တက်လာသော်လည်း ကျင့်ကြံမှုအမြန်နှုန်းမှာ ကွာခြားဆဲဖြစ်သည်။ ကျင့်ကြံခြင်းကို မကြိုက်သည့်လူများကို ရီဖန်က တွန်းအားမပေးဘဲ သူတို့ကြိုက်တာကို လုပ်ခွင့်ပေးထားသည်။ ထို့အတူ အောင်မြင်လိုသူများအတွက်လည်း ရီဖန်သည် လုံလောက်သောအရင်းအမြစ်များကို ပံ့ပိုးထားသည်။

ရီမိသားစု၏မျိုးဆက်တိုင်းတွင် ၎င်းတို့ဘာသာရပ်တည်နိုင်သော အဖွဲ့ဝင်များစွာရှိသည်။ ဤအဖွဲ့ဝင်များသည်လည်း ပြန်လည်မွေးဖွားလာသည့်နတ်ဘုရားထက် အားမနည်းကြပေ။

ထိုအချိန်တွင် ကွဲအက်နေသောလမ်းကြောင်းသုံးခုက ကျုံးဖန်မြို့အထက်ကောင်းကင်တွင်ပေါ်လာသည်။ ထိုလမ်းကြောင်းသုံးခုသည် အရွက်တစ်ထောင်ခန်းဆောင်မှ ကျင့်ကြံသူများအား ဝမ်းသာမျက်ရည်ကျစေခဲ့သည်။ ထိုသို့ရွှင်မြူးနေချိန်တွင်ပင် ကျင့်ကြံသူများသည် အကြံအိုက်နေကြသည်။ ထိုလမ်းကြောင်းသုံးခုမှ တစ်ခုအားရွေးချယ်ရာတွင် အခက်အခဲရှိနေသည်။ ရွေးချယ်စရာ များပြားလွန်းနေသည်။

ထိုလမ်းကြောင်းများမှ ရရှိမည့်စွမ်းအားများသည် ပင်ကိုပျက်ဆီးခြင်းပင်လယ်၏အဓိကနယ်မြေထက်ပင် ပို၍အကျိုးရှိသည်။ ကျုံးဖန်မြို့တွင် နေထိုင်ရခြင်းသည် အလွန်ကောင်းမွန်၏။ နောက်တစ်နေ့တွင် ကျုံးဖန် မြို့သို့ ရွေ့ပြောင်းလာသူများဖြင့် ပြည့်သွားလိမ့်မည်ဟုပင်ထင်ရသည်။ ကျုံးဖန်မြို့ရှိအိမ်များ၏ဈေးနှုန်းများသည် တဟုန်ထိုး တက်လာကာ ၎င်းက မူလမြို့သူမြို့သားများအတွက် ကံကောင်းမှုပင်ဖြစ်သည်။

ရီဖန်၏ကျင့်ကြံမှုအဆင့်သည် ဤကွဲအက်နေသော ပင်ကိုလမ်းကြောင်းသုံးခုကို ဆင့်ခေါ်ကာ ရီဖန်မိသားစုထံသို့ ပြန်ပို့နိုင်သည်။ သို့သော်ရီဖန်သည် ထိုသို့လုပ်ရန် ရည်ရွယ်ချက်မရှိချေ။ ကွဲအက်နေသော ပင်ကိုလမ်းကြောင်းအနည်းငယ်ကိုသာယူလျက် ကျန်ရှိသည်များကို ကျုံးဖန်မြို့ရှိအခြားလူများထံ မျှဝေခဲ့သည်။

ထိုလမ်းကြောင်းသုံးခု တည်ရှိနေသည်မှာ နှစ်ထောင်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။ နှစ်ထောင်ပေါင်းများစွာကြာပြီးနောက်တွင် ရီမိသားစုသည် အစောပိုင်းအဆင့် မဟာသူတော်စင်များ၏ပင်ကိုလမ်းကြောင်းများအား စိတ်ဝင်စားမှု ပျောက်ဆုံးသွားလိမ့်မည်။ ဤသည်မှာ ရီဖန်၏ ကိုယ့်ကိုကိုယ်ယုံကြည်မှု၊ ရီမိသားစု၏ ကိုယ့်ကိုကိုယ် ယုံကြည်မှုဖြစ်သည်။

မဟာသူတော်စင်သည် ရီမိသားစုကို မတားဆီးနိုင်ချေ။ ကျုံးဖန်မြို့အပြင်ဘက်တွင် တိုက်ပွဲလှိုင်းဂယက်များကို ခံစားခဲ့ရသော မဟာသူတော်စင်များစွာသည် ရုတ်တရက် ရပ်လိုက်ကြကာ ကျုံးဖန်မြို့၏ အထက်ကောင်းကင်ကို မော့ကြည့်လိုက်သည်။ အစောပိုင်းက ၎င်းတို့သည် အကူအညီပေးရန် ကျုံးဖန်မြို့သို့ အပြေးအလွှားသွားရန် စီစဉ်ခဲ့သည်။

အရွက်တစ်ထောင်ဆေးခန်းသည် ယခုအချိန်တွင် ၎င်းတို့ ကုန်သွယ်ရာနေရာဖြစ်သောကြောင့် အခြားသူများကို ဖျက်ဆီးခွင့်မပေးနိုင်ပေ။ အရွက်တစ်ထောင်ဆေးခန်းသာမရှိပါက ၎င်းတို့အရင်းအမြစ်များ မရနိုင်ကြချေ။ ၎င်းတို့က အရွက်တစ်ထောင်ဆေးခန်း ကူညီခြင်းအပြင် ရီမိသားစုများထံမှ မျက်နှာသာပေးခြင်းကို ရရှိလိုကြသည်။

သူတို့သည် မဟာသူတော်စင်သုံးယောက်အား တွန်းလှန်ရာတွင် ရီမိသားစုအားကူညီနိုင်ခဲ့ပါက ရီမိသားစုက သူတို့ကို ကျေးဇူးတင်နေမည်။ ထိုသို့သာဖြစ်လျှင် သူတို့သည် အကောင်းဆုံး ပစ္စည်းများကိုပင် ရရှိနိုင်မည်။ ယခုတွင် အရွက်တစ်ထောင်ဆေးခန်း၏အထက်မှ လမ်းကြောင်းသုံးခုကိုမြင်လျှင် ရီမိသားစု၏အင်အားသည် သူတို့ထင်ထားသည်ထက် များစွာကြီးမားသည်ကို သူတို့သဘောပေါက်လိုက်သည်။ ရီမိသားစုသည် သူတို့အကူအညီပင် မလိုအပ်ပေ။

ထိုအချိန်တွင်မဟာသူတော်စင်နှစ်ဦးသည် စိတ်သက်သာရာ ရသွားသည်။ ယခင်က ၄င်းတို့သည် မီးတောင်တန်းမဟာသူတော်စင်အဖွဲ့နှင့် အတွေးတူသည်။ သို့တိုင် ၄င်းတို့သည် ရီမိသားစုအား ကောင်းကင်ဘုံနဂါးမဟာသူတော်စင်၏ တိုက်ခိုက်မှုကို အလွန်ကြောက်လန့်ခဲ့ကြသဖြင့် မလှုပ်ရှားခဲ့ကြချေ။ ၄င်းတို့၏ ကျင့်ကြံမှုအဆင့်သည် မီးတောင်တန်းမဟာသူတော်စင်သုံးယောက်ထက် အနည်းငယ် ပိုအားကောင်းသော်လည်း အားသာချက်သည် အကန့်အသတ်ရှိသည်။

ရီမိသားစုသည် မီးတောင်တန်းမဟာသူတော်စင်တို့ သုံးယောက်ကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်သည်။ ထို့အတူ ၎င်းတို့နှင့် ယှဉ်ပြိုင်ရာတွင်လည်း ပြဿနာများစွာရှိမည်မဟုတ်ပေ။

"အားလုံးပဲ၊ ပြန်ကြရအောင်"

"အခုတော့ပြန်ရအောင်၊ အလုပ်ကြိုးစား ပိုက်ဆံရှာပြီးရင်တော့ အရွက်တစ်ထောင်ခန်းဆောင်ကို ပြန်လာကြမယ်"

"အရွက်တစ်ထောင်ခန်းဆောင်မှာ ပိုအစွမ်းထက်တဲ့ ဆေးလုံးတွေ ရှိဖို့မျှော်လင့်ပါတယ်"

"ငါ့ရဲ့နောက်လိုက်ဟောင်းတွေ၊ မင်းတို့က ကောင်းမွန်တဲ့ နေ့ရက်အနည်းငယ်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တာဘဲ"

" အနိမ့်ပိုင်းမဟာသူတော်စင်ဆေးလုံးကို မင်း တန်ဖိုးထားခဲ့တာကို ငါမှတ်မိသေးတယ်။ အခုတော့ အလယ်အလတ်အဆင့်မဟာသူတော်စင်ဆေးလုံး ကိုတောင် ရင်မခုန်တော့ဘူးဘဲ"

"ကောင်းပြီ၊ အခုပိုကောင်းတဲ့အရာတွေ ရှိနေပြီဆိုတော့ ငါလဲ အဲ့တာတွေကို အသုံးချမယ်"

…

စကားသံများ တဖြည်းဖြည်းတိတ်ဆိတ်သွားသည်။ တစ်ဖက်တွင်၊ ကြီးမားသော ရုပ်ပုံတစ်ခုသည် ရွေ့လျားနေရာမှ ရပ်တန့်သွားသည်။

"ထန်ထျန်း၊ ဒါက မင်းပြောခဲ့တဲ့ အရမ်းမသန်မာပေမဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုရှိနေတဲ့ရီမိသားစုဆိုတာလား "

မဟာသူတော်စင်ဟန်သည် သူ၏လက်ဖဝါးအတွင်းရှိ ရုပ်ပုံကိုစိုက်ကြည့်ရင်း သူတော်စင်ထန်ထျန်းက အခြားသူအားကိုးဖြင့် ၄င်းကိုသတ်ပစ်ရန် ရည်ရွယ်ထားသည်ဟုပင် တွေးမိသည်။

ထန်မင်းဆက်၏ဘုရင်သည်လည်း လုံးဝအံ့ဩနေ၏။ သူသည် ရှေးလက်နက်တစ်ခုမှတစ်ဆင့် ပင်ကိုပျက်ဆီးခြင်းပင်လယ်သို့သွားရာလမ်းကို ရှာတွေ့ခဲ့ပြီး ရီမိသားစုအကြောင်းကိုလည်း မမျှော်လင့်ဘဲ သိရှိခဲ့သည်။ ရီမိသားစုသည်လည်း ထန်မင်းဆက်ဘုရင်က သူတို့ကို ဘယ်တော့မှ အရှုံးပေးမဟုတ်ကြောင်းသိသည်။

ရီမိသားစုသည် လေးနက်သောလျှို့ဝှက်ချက်ကို သိမ်းဆည်းထားကြောင်း ၄င်း သေချာပေါက်သိသည်။ သို့သော် ၄င်း၏ခွန်အားအကန့်အသတ်ကြောင့် ထိုလျှို့ဝှက်ချက်ကို အရမယူနိုင်သေးဘဲ လက်လျှော့ခဲ့ရသည်။ ၄င်းသည် ပင်ကိုပျက်ဆီးခြင်းပင်လယ်သို့ ရောက်ရှိပြီးနောက်တွင် နတ်ဆိုးနတ်ဘုရားများဂိုဏ်းသို့ ဝင်ခဲ့သည်။

စွမ်းအားကြီးသတ္တဝါများစွားနှင့် ရင်ဆိုင်ပြီးနောက်တွင် ပို၍စွမ်းအားကြီးလာသဖြင့် သူ၏ ယခင်ရည်မှန်းချက်ကို ပြန်လည်မျှော်လင့်နိုင်ခဲ့သည်။ ၄င်းသည် ရီမိသားစုကို မတိုက်ခိုက်နိုင်သေးသော်လည်း အခြားစွမ်းအားကြီးသူများကို တိုက်ခိုက်နိုင်ပြီဖြစ်သည်။ ရီမိသားစု၏ လျှို့ဝှက်ကို ဖော်ထုတ်နိုင်လျှင် ၄င်းအတွက် အလွန်အကျိုးများမည်။ ပိုပိုသိလာသည်နှင့်အမျှ ၄င်း၏ရည်းမှန်းချက်နှင့်လည်း နီးလာမည်။

သူတော်စင်နယ်မြေကျင့်ကြံသူသည် ပန်ကုစကြာဝဠာတွင် အများလေးစားခံရသူဖြစ်သည်။ သို့သော် ပင်ကိုပျက်ဆီးခြင်းပင်လယ်သို့ရောက်လျှင် ထိုအချက်သည် အသုံးမဝင်တော့ပေ။ ဤပင်လယ်တွင် သာမန်ကျင့်ကြံမှုကိုသာ ဆက်လက်ကျင့်ကြံနေပြီး မစွန့်စားလျှင် မဟာသူတော်စင်နယ်မြေကို မကျော်ဖြတ်နိုင်ချေ။

၄င်းသိထားသည့် အကောင်းဆုံးစွန့်စားမှုသည် ရီမိသားစု၏လျှို့ဝှက်ချက်ကို အရယူခြင်းဖြစ်သည်။ ထို့ကြောင့် အဖွဲ့ဝင်အချို့ကို ရွေးချယ်ပြီး ရီမိသားစုကို ပြဿနာရှာရန် စီစဉ်ထားသည်။ သို့သော် ရီမိသားစုထံ မရောက်ခင်တွင်ပင် သေဆုံးသွားသော မဟာသူတော်စင်သုံးယောက်ကို ကိုယ်စားပြုသည့် အက်ကွဲကြောင်းသုံးခုကို မြင်ရလိမ့်မည်ဟု မထင်မှတ်ထားပေ။

ထန်မင်းဆက်ဘုရင်သည် သူ ရင်ဆိုင်ရမည့်အခက်အခဲကို နားလည်သွားသည်။ ၄င်းသည် နတ်ဆိုးနတ်ဘုရားများဂိုဏ်းသို့ ပူးပေါင်းခဲ့သည်မှာ နှစ်ထောင်ပေါင်းများစွာမျှသာ ရှိသေးသည်။ ဤအနှစ်တစ်ထောင်အတွင်း၌ ရီမိသားစုမှ မဟာသူတော်စင်တစ်ယောက် ပေါ်ထွန်းလာကြောင်း မဟာသူတော်စင်ဟန်ကိုပြန်လည်ရှင်းပြလျှင်လည်း ယုံကြည်လောက်မည်မဟုတ်။

မဟာသူတော်စင်ဟန်ပင်မဟုတ်ဘဲ ၄င်းသည်လည်း မယုံကြည်နိုင်ဖြစ်နေသည်။ ရီမိသားစုတွင် ဖြစ်ပျက်နေသည်များကိုမြင်သောအခါ ၄င်း၏ စိတ်ထဲတွင် ပလောင်ဆူနေသည်။ ရီမိသားစု၏ တိုးတက်မှုက အလွန်မြန်ဆန်သောကြောင့် အံ့ဩနေ၏။ ထိုမဟာသူတော်စင်သုံးဦးပင် သေဆုံးသွားခဲ့လျှင် ယခုအထွတ်အထိပ်သူတော်စင်အဆင့်ရှိသော သူတော်စင်သည်လည်း ယှဉ်နိုင်မည်မဟုတ်ပေ။

သူသည် နတ်ဆိုးနတ်ဘုရားများဂိုဏ်းရှိ ပိုအစွမ်းထက်သည့် မဟာသူတော်စင်တစ်ဦးအား ဆင့်ခေါ်ရမည်လောဟု တွေးနေမိသည်။ သို့သော် ၄င်းမဆင့်ခေါ်တတ်ပါ။ အကယ်၍ ဆင့်ခေါ်နိုင်လျှင်ပင် ရီမိသားစုအား အနိုင်တိုက်မည်မှာ မသေချာဘဲရှိသည်။ ထန်မင်းဆက်ဘုရင် တိတ်ဆိတ်နေသည်ကိုမြင်သောအခါ ၄င်းထင်ထားသည်မှာ မှန်ပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် မဟာသူတော်စင်သည် ပို၍စိတ်တိုသွားသည်။

၄င်းသည် ပြင်းထန်သောဖိအားများ ခံစားနေရကာ လက်ခုပ်တစ်ချက်တီးလိုက်သည်။ ထို့နောက် ကျုံးဖန်မြို့အား တစ်ချက်ကြည့်လိုက်ပြီး နောက်သို့ပင် လှည့်မကြည့်တော့ဘဲ ပြေးလေသည်။ ၄င်းသည် ရီမိသားစုနှင့် ပြဿနာမတက်လိုချေ။

နတ်ဆိုးနတ်ဘုရားများဂိုဏ်းအပြင်ဖက်တွင် အခြားထန်မင်းဆက်ဘုရင်တစ်ဦး ပေါ်ထွက်လာသည်။ ရီမိသားစုကြောင့် ၄င်းသည် ပြန်လည်မွေးဖွားခြင်းများစွာ ပြုလုပ်ခဲ့ရသည်။ ၄င်း၏ ဆုံးရှုံးမှုသည် ပြင်းထန်လွန်းသည်။ မဟာသူတော်စင်ဟန်၏ အထင်သေးခံရပြီးနောက်တွင် နတ်ဆိုးနတ်ဘုရားများဂိုဏ်းသို့ ပြန်သွားရန်မှာ မဖြစ်နိုင်တော့ပါ။

“ရီဖန် ငါပြန်လာခဲ့မယ်”

ထန်မင်းဆက်ဘုရင်၏ ပုံရိပ်သည် တဖြည်းဖြည်းနှင့် အဝေးသို့ ပျောက်ကွယ်သွားသည်။

ထိုစဉ်တွင် ရီဖန်သည် မဟာသူတော်စင်သုံးဦး၏လက်စွပ်များမှ ရတနာများကို ထုတ်ဖော်ရင်း အလုပ်ရှုပ်နေသည်။ ရီဖန်းသည် ထိုသို့ ထုတ်ဖော်ရင်း မဟာသူတော်စင်သုံးယောက်သည် အလွန်ဆင်းရဲသည်ဟု ထင်နေသည်။ သူ့စိတ်ဝင်စားမှုကို အနည်းငယ်စွဲဆောင်နေသည့်အရာမှာ မဟာသူတော်စင်သုံးဦး၏ ကျင့်ကြံမှုနည်းစနစ် အချို့ဖြစ်သည်။ မဟာသူတော်စင်အဆင့်အထိ ကျင့်ကြံနိုင်ခဲ့သဖြင့် ၎င်းတို့တွင် ကိုယ်ပိုင်နည်းစနစ်ကို သေချာပေါက်ပိုင်ဆိုင်ထားသည်။

အခြားကျင့်ကြံသူများသည် ၎င်းတို့နှင့် လိုက်ဖက်မည့်အရာကိုသာ ရွေးချယ်ကြသော်လည်း ရီဖန်သည် အားလုံးကိုလိုချင်သည်။ အနာဂတ်တွင် ကိုယ်ပိုင်နည်းစနစ်များကို ဖန်တီးလာနိုင်လျှင်ပင် ယခုနည်စနစ်အားလုံးကို ပင်ကိုလမ်းကြောင်းသို့ ပေါင်းစည်းမည်။ ယခုအချိန်တွင် ရီဖန်၏ ပင်ကိုလမ်းကြောင်းတွင် ရာနှင့်ချီသော ကိုယ်ပိုင်နည်းစနစ်များကို ထည့်သွင်းပြီးဖြစ်သည်။ ၎င်းတို့၏ စွမ်းအားသည်ကွဲပြားသော်လည်း ယေဘုယျအားဖြင့် သာမန်ကျင့်ကြံသူများထက် ဆယ်ဆပိုမိုအားကောင်းသည်။

လမ်းကြောင်းက ပိုအားကောင်းလေ တိုက်ခိုက်ရေးစွမ်းအားက ပိုအားကောင်းလေဖြစ်သည်။ ရီဖန်သည် သူ့ ပင်ကိုလမ်းကြောင်းကို ပိုသန်မာလာစေချင်သည်။ ရီဖန်သည် ပျက်စီးခြင်းဖန်တီးမှုသူတော်စင်ကျမ်းကို စူးစမ်းနေချိန်တွင် ရီမိသားစုအတွင်းမှ အောင်မြင်မှုရောင်ဝါတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ရီရှောင်းရှောင်း၏ကျင့်ကြံမှုအဆင့်သည် နောက်ဆုံးတွင် အထွတ်အထိပ်သူတော်စင်နယ်မြေသို့ ဖြတ်ကျော်သွားခဲ့သည်။ နောက်တစ်ဆင့်တွင် သူမသည် မဟာသူတော်စင်အဆင့်ကို ဖြတ်ကျော်နိုင်တော့မည်။ ရီဖန်သည် ထိုအဖြစ်အပျက်ကိုခံစားမိသဖြင့် သူမ မဟာသူတော်စင်အဆင့်ကို မဖြတ်ကျော်မီတွင် သူသည် ကျမ်းကို မဟာသူတော်စင်အဆင့်သို့ အချိန်မှီ မြှင့်တင်ရမည်။

သူမ မဟာသူတော်စင်အဆင့်ဖြတ်ကျော်ပြီးချိန်တွင် သူမကျင့်ကြံရန်နည်းစနစ်မရှိပါက မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်၏။

………….

အခန်း ၄၉၅ - အလယ်အလတ် မဟာသူတော်စင်အဆင့် ရုပ်သေးထိန်းချုပ်ခြင်း နည်းလမ်း

မဟာသူတော်စင်များသည် မူလနတ်နိယာမကို ကျင့်ကြံကြပြီး စစ်မှန်သောနတ်ဘုရားများက နတ်ဘုရားနည်းစနစ်ကို ကျင့်ကြံကြသည်။ နတ်ဘုရားနည်းစနစ် တစ်ခုစီတွင် မူလအခြေခံနိယာမ အနည်းဆုံးတစ်ခုပါရှိသည်။ မည်မျှပါရှိသည်ဆိုသည်မှာ ထိုစနစ်အားဖန်တီးခဲ့သော မဟာသူတော်စင်၏ စွမ်းအားအပေါ်တွင် မူတည်သည်။

ကံမကောင်းစွာဖြင့် ရီဖန်ချေမှုန်းခဲ့သော မဟာသူတော်အဆင့် စွမ်းအားရှင်များသည် ကျင့်ကြံမှုအဆင့်မမြင့်ကြဘဲ မူလအခြေခံနိယာမကို ကောင်းစွာ နားမလည်ကြသေးသူများဖြစ်သည်။ ထို့ကြောင့် ရီဖန်သည် ၄င်းတို့၏စွမ်းအားကိုစုပ်ယူ၍ ကိုယ်ပိုင်အဖြစ်ပြောင်းလဲရာတွင် အနည်းငယ်ခက်ခဲနေသည်။

အကယ်၍ရီဖန်တွင် နတ်ဘုရားနည်းလမ်းအနည်းငယ်သာရှိခဲ့ပါက သူသည် ပျက်ဆီးမှုဖန်တီးခြင်းနတ်ကျမ်းကို မဟာသူတော်စင်အဆင့်သို့ ခဏအတွင်း အဆင့်မြှင့်တင်နိုင်သည်။ ကံမကောင်းစွာဖြင့် စစ်မှန်သောနတ်ဘုရားနည်းလမ်းကိုမဆိုထားနှင့် မူလနတ်နိယာမကိုပင် မရနိုင်သေးချေ။ ရီဖန်သည် ၎င်းကို အတင်းအကျပ်ထုတ်နုတ်ရန်အတွက် သူ့ကိုယ်ပိုင်အစွမ်းအစကိုသာ ကြိုးစားအသုံးပြုရတော့မည်။

ထိုအချိန် ကောင်းကင်ဘုံချိတ်ဆက်နယ်မြေ၌

ရီမိသားစု၏ လက်ရှိနဝမမျိုးဆက်တွင် ကျင့်ကြံသူ အများအပြား ပေါ်ထွန်းလာကာ သူတို့၏ကျင့်ကြံမှု အဆင့်သည် သူတော်စင်တစ်ပိုင်းနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ကျင့်ကြံသူများအတွက် တစ်ကိုယ်တည်းသီခြားကျင့်ကြံခြင်းသည် တစ်ခါတစ်ရံတွင် မကောင်းချေ။

ကျယ်ပြောလှသည့် ကမ္ဘာကြီးကိုလေ့လာခြင်းသည် ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ရာတွင် များစွာအကျိုးပြု၏။ ရီထျန်းရှင်းသည် လက်ရှိနဝမမျိုးဆက်တွင် ထိပ်တန်းပုဂ္ဂိုလ်ဖြစ်ကာ ယခုအခါ ဓားတစ်လက်ဖြင့် ကောင်းကင်ဘုံတစ်ဝှမ်းသို့ ခရီးဆက်နေသည်။ ဤဓားသည် အင်မော်တယ်ဓား၏ပုံတူဖြစ်ပြီး အလယ်အလတ်အဆင့်ရှိ သူတော်စင်လက်နက်ဖြစ်သည်။

ရီဖန်ကိုအားကျအတုယူသော ရီထျန်းရှင်းသည် ဤဓားကို သိုလှောင်လက်စွပ်အတွင်း၌ ထည့်သိမ်းမထားလိုဘဲ သူသည် ရီဖန်၏ခြေရာနောက်သို့ လိုက်ချင်သည်။ သူသည် တစ်ဆင့်ပြီးတစ်ဆင့် သန်မာလာကာ အနာဂတ်တွင် ရီမိသားစု၏အစောင့်အရှောက်ဖြစ်လို၏။

"လူငယ်လေး၊ ငါတို့ရဲ့ကံကြမ္မာကို ငါခံစားမိတယ်။ မင်း ငါ့တပည့်လုပ်မလား"

ရီထျန်းရှင်းရှေ့တွင် ပုံရိပ်တစ်ခု ရုတ်တရက်ပေါ်လာသည်။ ရီထျန်းရှင်းသည် သတိကပ်လိုက်ပြီး အချိန်နေရာချပ်ပြားထုတ်ကာ ထွက်ပြေးရန် အဆင်သင့်ပြင်လိုက်သည်။ မကြာမီတွင် ရီထျန်းရှင်းသည် ၄င်း၏အသွင်အပြင်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။

၎င်းက ဦးခေါင်းပြောင်၊ သင်္ကန်းဝတ်နှင့် ဗုဒ္ဓကျင့်ကြံသူတစ်ဦးဖြစ်သည်။ ပန်ကုစကြဝဠာတွင် ဗုဒ္ဓဘာသာကျင့်ကြံသူများလည်းရှိကြပြီး ရီထျန်းရှင်းသည် ၎င်းတို့အကြောင်းကောင်းစွာမသိချေ။ သို့သော် ဗုဒ္ဓဘာသာကျင့်ကြံသူ၏ တပည့်အဖြစ်ခံယူ၍ ဘုန်းကြီးဝတ်ရန်ကို အိမ်ထောင်မပြုရသေးသော ရီထျန်းရှင်းအနေဖြင့် ရည်ရွယ်ချက်မရှိပါ။

လက်တွဲဖော်ရှာဖွေခြင်းနှင့် အမွေခံသားသမီးများထားရှိခြင်းသည် ရီဖန်ခေတ်တွင် အတွေ့များသော ဓလေ့တစ်ခုဖြစ်သည်။ ယခု သူသည် ရီမိသားစုအတွက် မျိုးဆက်မထားခဲ့ဘဲ ဘုန်းကြီးဝတ်သွားလျှင် သူ့အဖေက သူ့အား သတ်ပစ်လောက်သည်။

ရီဖန်၏ခံယူချက်အရ အတင်းအကြပ်ခိုင်းစေမည်မဟုတ်သော်လည်း မိသားစုအတွက် အမွေခံထားရှိခဲ့၍ အမျိုးအနွယ်များကို ဖြန့်ကျက်ရန်မှာ လုပ်သင့်သည့် တာဝန်ဖြစ်သည်။ သူ၏သတိရှိသည့်အကြည့်ကိုမြင်လိုက်လျှင် ဗုဒ္ဓဘာသာကျင့်ကြံသူသည် ခဏမျှထိတ်လန့်သွားပြီး လျင်မြန်စွာတုံ့ပြန်ခဲ့သည်။

“ငါက ဗုဒ္ဓဘာသာကျင့်ကြံသူ ဖြစ်ပေမယ့် ဒီလမ်းစဉ်ကိုကျင့်ကြံဖို့အတွက် ငါ့တပည့်က ဘုန်းကြီးဖြစ်ဖို့ မလိုအပ်ပါဘူး”

ထိုသို့ကြားမှ ရီထျန်းရှင်း သက်ပြင်းချနိုင်တော့သည်။ ရီထျန်းရှင်းသည် ငယ်ရွယ်သေး၏။ ငယ်စဉ်က ဇာတ်ကြောင်းဝတ္ထုများစွာကြည့်ဖူးသည်။ စွမ်းအားကြီးသူ၏တပည့်အဖြစ်ခံယူပြီး ဘဝ၏ အထွတ်အထိပ်သို့ တက်သွားသည့် ဇာတ်ကွက်များစွာကို သူတွေ့ဖူးသည်။ တစ်စုံတစ်ယောက်မှ နောက်ဆုံးတွင် သူ၏အရည်အချင်းကိုမြင်၍ အသိပညာနှင့် စွမ်းရည်အားလုံးကို သင်ကြားပေးမည်ဆိုလျှင် သူ့အတွက် များစွာအကျိုးရှိသည်။

သူ့ရှေ့တွင်ရှိသော ဘုန်းကြီး၏ကျင့်ကြံမှုအဆင့်ကို သူသေချာမသိသေးသော်လည်း သူ့အဘေး ရီကျင်းစန်ထက်ပင် ပိုအစွမ်းထက်ပုံရသည်။ သူ၏အဘေး ရီကျင်းစန်သည် နှောင်းပိုင်းသူတော်စင်တစ်ဦးဖြစ်သည်။ ယခုဘုန်းကြီးသည် အနည်းဆုံးအထွတ်အထိပ် သူတော်စင် သို့မဟုတ် မဟာသူတော်စင်အဆင့် စွမ်းအားရှင် ဖြစ်နိုင်သည်။

သို့သော် ရုတ်တရက် ရီထျန်းရှင်းသည် အနည်းငယ်တွန့်ဆုတ်သွားသည်။ မဟာသူတော်စင်များသည် အမှန်တကယ်ပင်အစွမ်းထက်ပါ၏။ သို့သော် ရီဖန်သည် မဟာသူတော်စင်အဆင့် စွမ်းအားရှင်များအား အနိုင်ယူပြီးဖြစ်သည်။ ရီမိသားစုကျင့်ကြံသူများ၏ အရည်အချင်းများဖြင့်ဆိုလျှင် မဟာသူတော်စင်အဆင့်သို့ရောက်ရန် အချိန်ကာလတစ်ခုသာလိုသည်။

သူသာမဟာသူတော်စင်အဆင့်ကျင့်ကြံသူအား ဆရာတင်လိုက်မည်ဆိုလျှင် သူ့မျိုးနွယ်စုဝင်များက လှောင်ရယ်ကြလိမ့်မည်။ ထို့အပြင် ထိုဗုဒ္ဓဘာသာကျင့်ကြံသူသည် မဟာသူတော်စင်အဆင့် ဟုတ်မဟုတ်လည်း မသေချာသေးချေ။ အထွတ်အထိပ်သူတော်စင်တစ်ယောက်လည်း ဖြစ်နေနိုင်သည်။ ရီထျန်းရှင်း၏ မျက်နှာအမူအရာ အဆက်မပြတ် ပြောင်းလဲနေသည်ကို မြင်သောအခါ ဗုဒ္ဓဘာသာကျင့်ကြံသူသည် နေရခက်သွားသည်။

အမှန်မှာ ၄င်းသည် အလွန်အစွမ်းထက်သော စစ်မှန်သည့်နတ်ဘုရားစွမ်းအားရှင်ဖြစ်ကာ ရီထျန်းရှင်းအတွင်းရှိ စစ်မှန်သောနတ်ဘုရားသွေးမျိုးဆက် ကြောင့်သာမဟုတ်ပါက သူတော်စင်တစ်ပိုင်းအဆင့်သာရှိသည့် ရီထျန်းရှင်းကို သဘောကျမည်မဟုတ်ချေ။ နောက်အခိုက်အတန့်တွင် ၄င်း၏ဦးခေါင်းအနောက်ဘက်မှ အလင်းတန်းများ ထွက်ပေါ်လာသည်။

"ငါက စစ်မှန်တဲ့နတ်ဘုရားပဲ။ ငါ့ကို မင်းရဲ့ဆရာအဖြစ် အသိအမှတ်ပြုဖို့ ဆန္ဒရှိလား"

စစ်မှန်သည့်နတ်ဘုရားဟူသော စကားသည် ရီထျန်းရှင်းအား အတွေးများသွားစေသည်။ ဤဗုဒ္ဓဘာသာကျင့်ကြံသူသည် ၄င်းကို၄င်း စစ်မှန်သည့်နတ်ဘုရားနယ်မြေစွမ်းအားရှင် ဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့က တားဆီး၍မရအောင်ပင် အစွမ်းထက်သည်။ သာမန်လူများသည် စစ်မှန်သောနတ်ဘုရား အယောင်ဆောင်ခြင်း၏ အကျိုးဆက်များကို မခံနိုင်ကြချေ။

သူ့ရှေ့တွင်ရှိသော ဘုန်းကြီးသည် တကယ့် ဗုဒ္ဓဘာသာကျင့်ကြံသူ ဖြစ်နိုင်သည်။ ရီထျန်းရှင်းသည် ယခင်နောင်ဖြစ်လာနိုင်သည်များကို မေ့လိုက်ပြီး ရရှိလာသောအခွင့်အရေးကိုသာ အာရုံစိုက်ထားလိုက်သည်။ သူသည် ဤအကြိမ်တွင် အကြံကြီးကြံတော့မည်။ သူပြန်လာသောအခါ ရီမိသားစု၏ အခြားကျင့်ကြံသူများကို အကြီးအကျယ် အံ့အားသင့်အောင်လုပ်မည်။

ဤဘုန်းကြီးသည် သူ့ကိုတပည့်အဖြစ် အမှန်တကယ်လက်ခံလျှင် ကောင်းပါသည်။ သို့သော် အတုအယောင်ဖြစ်ခဲ့လျှင်လည်း သူ၏ဘိုးဘေးက ဤစစ်မှန်သောနတ်ဘုရားကို သင်ခန်းစာပေးလိမ့်မည်။ ရီမိသားစုမှလူများအတွက် ရီဖန်က ယုံကြည်အားထားရာဖြစ်သည်။ ၎င်းတို့၏ နှလုံးသားထဲတွင်လည်း ရီဖန်က အစွမ်းအထက်ဆုံးသူဖြစ်သည်။

"ဆရာ!"

ရီထျန်းရှင်းသည် မဆိုင်းမတွဘဲ စစ်မှန်သည့်နတ်ဘုရားကို ဆရာအားအရိုအသေပေးသည့်ပုံစံဖြင့် ကန်တော့လိုက်သည်။ ထိုသို့ အမူအရာ လျင်မြန်စွာပြောင်းလဲသွားခြင်းသည် ဗုဒ္ဓဘာသာဝင် စစ်မှန်သည့်နတ်ဘုရားကို ပါးစပ်အဟောင်းသားဖြစ်သွားစေသည်။

သို့သော် စစ်မှန်သည့်နတ်ဘုရား၏ သွေးမျိုးဆက်ရှိသူအား တပည့်တစ်ဦးအဖြစ် ရရှိလိုက်ခြင်းသည် ၄င်းအတွက် အလွန်ကောင်းမွန်သောအရာဖြစ်သည်။ နှစ်ပေါင်းများစွာအတွင်း ၄င်းသင်ကြားပေးခဲ့သော မရေမတွက်နိုင်သော တပည့်များတွင် အထွတ်အထိပ်မဟာသူတော်စင်နယ်မြေကို ဖြတ်ကျော်နိုင်သူသည် ရှားပါးသည်။ စစ်မှန်သည့်နတ်ဘုရားနယ်မြေကို ဖြတ်ကျော်နိုင်သည့်တပည့်က ပို၍ပင်ရှားပါးသေးသည်။

All Chapters