အခန်း ၄၉၆-၄၉၈
Vol. 34 Ch. 496-498
အခန်း ၄၉၆ - မဟာသူတော်စင်အဆင့် ရုပ်သေးထိန်းချုပ်ခြင်းနည်းစနစ်
ဗုဒ္ဓ၏စစ်မှန်သောနတ်ဘုရားသည် ရီထျန်းရှင်းအား လေ့ကျင့်ပေးခြင်းကို လက်လျှော့ရလုဆဲဆဲဖြစ်နေသည့်အချိန်တွင်မှ တပည့်အဖြစ်ရလိုက်၏။ အလင်းတဖျပ်ဖျပ်တောက်ပသွားပြီးနောက်တွင် အနှီပုံရိပ်နှစ်ခု ပျောက်ကွယ်သွားသည်။ ၎င်းတို့ပြန်ပေါ်လာသည့်အခါ ကောင်းကင်ဘုံချိတ်ဆက်နယ်မြေ၏ အဓိကနေရာသို့ ရောက်နေကြသည်။ သူသည် ရီထျန်းရှင်းကို ဗုဒ္ဓအလင်းဂိုဏ်းဟုခေါ်သော ဗုဒ္ဓဘုရားဖန်ဆင်းထားသည့် ကြီးမားလှသည့် ဂိုဏ်းတစ်ခုသို့ ခေါ်ဆောင်သွားသည်။
"အခုကစပြီး ငါမင်းကို ဒီမှာလေ့ကျင့်ပေးမယ်"
ရီထျန်းရှင်းသည် တုံ့ဆိုင်းမနေဘဲ ဗုဒ္ဓအလင်းဂိုဏ်းထဲသို့ ချက်ချင်း လိုက်သွားခဲ့သည်။ ရီထျန်းရှင်းသည်လူပိန်းမဟုတ်ပေ။ ဗုဒ္ဓ၏စစ်မှန်သောနတ်ဘုရားက သူ့ကိုမတိုက်ခိုက်သရွေ့ ဤနေရာက သူ့အတွက် ဘေးအကင်းဆုံးဖြစ်ကြောင်း သူသဘောပေါက်သည်။ အကယ်၍ ၄င်းတွင် သူ့အားသင်ကြားပေးရန် အစီအစဉ်တစ်စုံတစ်ရာရှိနေပါက သူ့ထံတွင် ထူးခြားသည့်ကိုယ်ပိုင်စွမ်းရည်ရှိနေသောကြောင့်သာဖြစ်မည်။
၎င်းက ရီထျန်းရှင်းကို သူ၏အစီအစဉ်အတွက် အသုံးမချမီ သူ့အား အသေအချာလေ့ကျင့်သင်ကြားပေးလိမ့်မည်။ ထိုကဲ့သို့ စွမ်းအားကြီးမားသည့် စစ်မှန်သောနတ်ဘုရားထံတွင် သင်ကြားရခြင်းက ရီမိသားစုတွင် ကျင့်ကြံခြင်းထက်ပင် ပို၍အကျိုးရှိနိုင်သည်။ လက်ရှိအခြေအနေက ရီထျန်ရှင်းအတွက် အခွင့်ကောင်းတစ်ခုဖြစ်၏။ အနာဂါတ်တွင်လည်း ၎င်းက သူ့အားစွန့်ပစ်မည်မဟုတ်ဘဲ သူ့ဘက်တွင် အမြဲရှိနေမည်ဟု ယုံကြည်သည်။
ရီထျန်ရှင်းသည် သူ၏ယခုအခြေအနေကို ရီမိသားစု၏ ထူးခြားသော ဆက်သွယ်မှုနည်းလမ်းကိုသုံး၍ ရီမိသားစုထံ ပြန်လည်အကြောင်းကြားလိုက်သည်။ ထို့နောက်တွင် ခေတ္တမျှတုန့်ဆိုင်းမနေတော့ဘဲ ဗုဒ္ဓအလင်းဂိုဏ်း၏ကျင့်ကြံမှုကို ချက်ချင်းစတင်ခဲ့သည်။ ရီထျန်ရှင်းတို့၏ ဒုတိယမျိုးဆက်ဖြစ်သော ရီကျင်းစန်သည် သူ၏သတင်းစကားကို အမြန်လက်ခံရရှိခဲ့သည်။
စစ်မှန်သောနတ်ဘုရားနယ်မြေ၏စွမ်းအားရှင်နှင့် ပတ်သက်သည့် အကြောင်းအရာဖြစ်ကြောင့် ရီကျင်းစန်သည်နှောင့်နှေးမနေဘဲ ရီဖန်ထံသို့ ချက်ချင်းသတင်းပို့ခဲ့သည်။ စစ်မှန်သောနတ်ဘုရားနှင့် အဆက်အသွယ်ရှိမည်ဟု မမျှော်လင့်ထားသော ရီဖန်သည် အလွန်အံ့ဩသွား၏။ ထိုသတင်းကြောင့် သူသည် ရီထျန်ရှင်းကို အထင်ကြီးမိသည်။
ရီဖန်ပင်လျှင် အစစ်အမှန်နတ်ဘုရားနှင့် မတွေ့ရသေးသော်လည်း ရီထျန်ရှင်းက ၄င်းနှင့်အတူစတင်ကျင့်ကြံနေပြီဖြစ်သည်။ ဤအခြေအနေအပေါ် ရီဖန်၏အထင်အမြင်သည် ရီထျန်ရှင်းနှင့် အတူတူဖြစ်သည်။ ယခုလောလောဆယ်တွင် ရီထျန်ရှင်းလုံခြုံနေလိမ့်မည်။
ကျင့်ကြံသူတစ်ဦး၏ကျင့်ကြံမှုသည် နှစ်ထောင်ပေါင်းများစွာအချိန်ယူရသည်။ အချိန်အလုံအလောက်ရှိသဖြင့် ရီဖန်သည်လည်း စစ်မှန်သောနတ်ဘုရားနှင့်ရင်ဆိုင်နိုင်ရန် အချိန်ရသည်။ သူမထင်မှတ်ထားသည်မှာ ကောင်းကင်ဘုံချိတ်ဆက်နယ်မြေတွင် စစ်မှန်သောနတ်ဘုရားတစ်ပါးရှိနေခြင်းဖြစ်သည်။
မည်သို့ဖြစ်စေ အစစ်အမှန်နတ်ဘုရားတစ်ပါးရှိနေခြင်းသည် သူ့အတွက် သတင်းကောင်းဖြစ်သည်။ ထိုသို့သောစွမ်းအားရှင်မျိုးနေနိုင်သည့်ကမ္ဘာသည် စွမ်းအားအရင်းအမြစ်အလုံအလောက်ရှိသည့် နေရာဖြစ်သည်။ ထိုနေရာမျိုးတွင် ရီဖန်ကျင့်ကြံလျှင် လိုအပ်သည့်အရင်းအမြစ်အတွက် အခြားနေရာများသို့ ခဏတိုင်းသွားစရာမလိုတော့ပေ။
ထို့အပြင် စစ်မှန်သောနတ်ဘုရားက မည်မျှစွမ်းအားကြီးကြောင်းသူသိလိုသည်။ သို့သော်ယခုအချိန်တွင် သူ့တိုးတက်မှုအတွက်သာ ဦးစားပေးစဉ်းစားသင့်သည်။ မထင်မှတ်ထားစွာဖြင့် သူသည် ရုပ်သေးထိန်းချုပ်ခြင်းနည်စနစ်ကို အဆင့်မြှင့်နိုင်ခဲ့ကာ မဟာသူတော်စင်အဆင့်ထိန်းချုပ်ခြင်းသို့ပင် ရောက်ရှိသွားသည်။
ရီမိသားစု၏ကျင့်ကြံသူအားလုံးတွင် ကိုယ်ပိုင်တိုက်ခိုက်ရေးလမ်းစဉ် အသီးသီးရှိကြသည်။ ကျင့်ကြံမှုအဆင့်မြင့်လာသည်နှင့်အမျှ ဖြတ်ကျော်နိုင်ရန်အချိန်သည်လည်း ပို၍ကြာမြင့်လာသဖြင့် နောက်ပိုင်းတွင် သူတော်စင်အများစုတို့၏အဆင့်များသည်လည်း တူညီလာကြသည်။
အရင်းအမြစ်အလုံအလောက်သာရှိလျှင် ရီဖန်၏ကျင့်ကြံမှုအဆင့် မြင့်လာသည်နှင့်အမျှ သူသည် မဟာသူတော်စင်အဆင့်ရုပ်သေးများကိုပင် ထုတ်နိုင်လာသည်။ ကံကောင်းစွာဖြင့် လိုအပ်သောအရင်းအမြစ်သည် သူ့ထံတွင် ရှိပြီးဖြစ်သည်။
သူ၏အတွေးထဲတွင် အစောပိုင်းအဆင့် မဟာသူတော်စင်လေးဦးပေါ်လာ၏။ သူသည် ရုပ်သေးများအတွင်းသို့ အဆောင်လက်ဖွဲ့များ တစ်ခုပြီးတစ်ခု ထည့်နေချိန်တွင် အခြားတန်ဖိုးကြီးပစ္စည်းများကိုလည်း ၄င်းထဲသို့ ပေါင်းစပ်နေသည်။ ထို့နောက် ရုပ်သေးများထံမှ အသက်ဓာတ် ရုတ်တရက်ထွက်ပေါ်လာသည်။ နောက်ဆုံးတွင် ရီဖန်သည် ထိုရုပ်သေးလေးခုအတွက် စိတ်ဝိဥာဉ်များဖန်တီးနိုင်လိုက်သည်။
“တွေ့ရတာဝမ်းသာပါတယ် သခင်”
ယခင်က ရန်သူဖြစ်ခဲ့သော ထိုလေးဦးသည်ရီဖန်ကို ဒူးထောက်၍အရိုအသေပေးနေကြသည်။ ထိုရုပ်သေးလေးခုထံမှ ထွက်လာသောရောင်ဝါက ၄င်းတို့အသက်ရှိစဉ်ကထက်ပင် ကြီးမားနေသည်။ ရှိနေသော အရင်းအမြစ်များကို ထိုသို့စွမ်းအားကြီးသူများအဖြစ်ပြောင်းလိုက်နိုင်ခြင်းမှာ အံ့ဩစရာကောင်းလှသည်။
၄င်းတို့သည် ရုပ်သေးများသာဖြစ်သော်လည်း မဟာသူတော်စင်အဆင့်နည်းစနစ်ဖြင့် ဖန်တီးထားသဖြင့် အစစ်နှင့်မခြားထပ်တူညီသည်။ ထိုရုပ်သေးများသည် ရီဖန်၏အမိန့်ကို အစဉ်အမြဲနာခံရုံသာမက မူလသူတော်စင်များ ပိုင်ဆိုင်ခဲ့သည့်စွမ်းအားအားလုံးကိုလည်း ပိုင်ဆိုင်သည်။ သို့သော်၄င်းတို့သည် ကျင့်ကြံမှုအဆင့်ကို ကိုယ်တိုင်အဆင့်မမြှင့်နိုင်ကြတော့ဘဲ ရီဖန်သန့်စင်ပေးမှသာ မြှင့်တင်နိုင်ကြတော့သည်။
ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် ရီဖန်နေထိုင်ရာ ဂူတံခါးကို ခေါက်လိုက်သည်။ ထိုအခါ ရုပ်သေးတစ်ခုက ဝင်ပေါက်သို့ချက်ချင်းပင် ရောက်သွားသည်။ အလွန်ကြီးမားသော စွမ်းအားတစ်ခုက အထဲသို့ ဝင်ရောက်လာသည်။
“အဖေ၊ အဖေသတ်လိုက်တဲ့ မဟာသူတော်စင်အဆင့်စွမ်းအားရှင်က ပြန်ပြီး အသက်ရှင်လာပြီ”
ရီကျင်းထျန်သည် သေသူတစ်ယောက် အသက်ပြန်ရှင်လာသည်ကို နားမလည်နိုင်ဖြစ်နေသည်။ ရီဖန်သည် သူ့သား ပြာယာခတ်နေသည်ကိုမြင်သောအခါ ချောင်းဟန့်၍ စိတ်ကိုငြိမ်ငြိမ်ထားရန် အချက်ပေးလိုက်သည်။ ထိုမှသာ ရီဖန်ဘေးရှိ အခြားရုပ်သေးသုံးယောက်ကို သူမြင်တော့သည်။ ရီဖန်အား ထိုရုပ်သေးလေးယောက်က ရိုသေစွာဆက်ဆံနေသည်ကို မြင်မှသာ အခြေအနေကိုသဘောပေါက်သွားသည်။
“အဖေ၊ သူတို့က ရုပ်သေးတွေလား”
ရီကျင်းထျန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။ ရီဖန်ခေါင်းညိမ့်ပြလိုက်သောအခါသူသည် မျက်စိများပင်ပြူးသွားသည်။ မဟာသူတော်စင်အဆင့်ရုပ်သေးသည် မဟာသူတော်စင်အဆင့်လက်နက်ထက် များစွာအဖိုးတန်သည်။ ထိုရုပ်သေးများကိုသာ ရောင်းနိုင်လျှင် သူတို့ အရွက်တစ်ထောင်ဆေးခန်း၏စီပွါးရေးသည် အဆမတန်မြင့်တက်သွားမည်။
ရီကျင်းထန်သည် ချက်ချင်းပင် ၄င်းတို့အား မည်သို့ရောင်းရမည်ကို စဉ်းစားတော့သည်။ ရုတ်တရက် သူ့ခေါင်းအခေါက်ခံလိုက်ရသည်။ ရီဖန်သည် ၄င်းတို့အား လုံးဝရောင်းမည်မဟုတ်ပါ။ ရီကျင်းထန်စိတ်ပျက်သွားသည်။ ထိုသို့မရောင်းရခြင်းသည် အခွင့်အရေးတစ်ခုဆုံးရှုံးလိုက်ရခြင်းဟုသူထင်သည်။
သို့သော် သူသည်ချက်ချင်းပင် ပြန်၍စိတ်ဓာတ်တက်ကြွလာသည်။ ၄င်းတို့အား မရောင်းဘဲ သက်တော်စောင့်အဖြစ် ငှါးရမ်းအသုံးပြုနိုင်သည်။ ပန်ကုစကြာဝဠာတွင် အရွက်တစ်ထောင်ဆေးခန်းသည် ကျုံးဖန်မြို့တစ်ခုတွင်သာ ဖွင့်ထားနိုင်သည်။ တိုးချဲ့မဖွင့်လှစ်နိုင်သည့်အကြောင်းမှာ ရီမိသားစုသည် ဆေးခန်းအများအပြားအား စောင့်ရှောက်နိုင်သည့် စွမ်းအားမရှိသောကြောင့်ဖြစ်သည်။
ဤတစ်ကြိမ်တွင် ရုပ်သေးလေးခုထဲမှသုံးခုကို ဆေးခန်းများကိုကာကွယ်ရန်သုံး၍ တစ်ခုကို ကိုယ်ရေးကိုယ်တာကိုကာကွယ်ပေးမည့် သက်တော်စောင့်အဖြစ် အသုံးပြုရန် စီစဉ်ထားသည်။ ထိုအစီအစဉ်ဖြင့် အရွက်တစ်ထောင်ဆေးခန်း ဆိုင်ခွဲသုံးခု ထပ်ဖွင့်နိုင်မည်ဖြစ်သည်။
ကျုံးဖန်မြို့သည် စတင်ဖွင့်ခဲ့စဉ်ကကဲ့သို့ အမြတ်များစွာ မရရှိတော့ဘဲ ပုံမှန်သာလည်ပတ်နေသည်။ ချမ်းသာခြင်းကို အရသာခံဖူးသော ရီကျင်းထျန်သည် ထိုအခြေအနေကို လက်မခံနိုင်ဖြစ်နေသည်။ ထို့ကြောင့် ဆိုင်ခွဲများစွာဖွင့်နိုင်ရန် ပြင်းပြင်းထန်ထန် ကြိုးစားနေခဲ့သည်။ နောက်ဆုံးတွင် ရီကျင်းထျန်သည် အလွန်အမင်းတောင်းပန်၍ ရုပ်သေးသုံးခုကို ယူသွားနိုင်ခဲ့သည်။
မိသားစုအမွေအနှစ်ဖြစ်သော အချိန်နေရာလွတ်ပြားကို ပိုင်ဆိုင်သော ရီကျင်းထျန်ကို သာမန်သူတော်စင်အဆင့်ကျင့်ကြံသူတစ်ဦးက အနှောင့်အယှက်မပေးနိုင်ပါ။ သူ၏စွမ်းအားသည် ရုပ်သေးနှင့် မကွာခြားလှသဖြင့် သူ့အတွက်သက်တော်စောင့်မလိုပေ။
ထို့အပြင် ရီဖန်သည် နောက်ဆုံးကျန်သည့်ရုပ်သေးကို သီးသန့်အသုံးပြုရန် စီစဉ်ထားသည်။
ရီကျင်းထျန်သည် အရွက်တစ်ထောင်ဆေးခန်းအား တိုးချဲ့ရန် စီစဉ်နေစဉ်တွင် ရီရှောင်းရှောင်း၏ မဟာယွိနတ်မင်းဆက်ကိုလည်း တိုးချဲ့ရန်လိုအပ်နေသည်။ ပန်ကုစကြာဝဠာတွင် ရီရှောင်းရှောင်း၏ ကျင့်ကြံမှုအဆင့်သည် လုံလောက်ပြီဖြစ်သော်လည်း ရွှမ်ယွမ်စကြာဝဠာနှင့် ကောင်းကင်ချိတ်ဆက်နယ်မြေတွင်မူ အထွတ်အထိပ်သူတော်စင်အဆင့်သည် မလုံလောက်သေးပေ။
မဟာသူတော်စင်အဆင့်တစ်ဦးက အကူအညီအဖြစ် ရှိသင့်သည်။ ထို့ကြောင့် ကျန်ရစ်နေသည့် နောက်ဆုံး မဟာသူတော်စင်အဆင့်ရုပ်သေးကို ရီရှောင်းရှောင်းအတွက် ထားခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် သူတော်စင်မဟာမိတ်၏ပိုင်နက်များကို လုံးဝ သိမ်းပိုက်ပြီးပြီးဖြစ်သည်။ သူတော်စင်မဟာမိတ်အစည်းအရုံး၏ လျှို့ဝှက်နည်းစနစ်ကိုယူဆောင်နိုင်ခဲ့ခြင်းက ရီရှောင်းရှောင်း၏ကျင့်ကြံမှုအား ပိုမိုတိုးတက်စေခဲ့သည်။
နောက်ခြေလှမ်းအနေဖြင့် ရွှမ်ယွမ်စကြာဝဠာကို သိမ်းပိုက်ရမည်။ မဟာယွိနတ်မင်းဆက်သည် အပြည့်အဝအခြေကျပြီဆိုလျှင် ရီရှောင်းရှောင်း၏ကျင့်ကြံမှု ဖြတ်ကျော်မှုပြုလုပ်ရန်လုံလောက်ပြီဖြစ်သည်။ ထိုအချိန်ရောက်လျှင် ရီမိသားစုမှ ပထမဦးဆုံး မဟာသူတော်စင်အဆင့်ကျင့်ကြံသူတစ်ဦး ပေါ်ထွက်လာမည်ဖြစ်ကာ ၎င်းသည် အလွန်အရေးကြီးသည့် ဖြစ်ရပ်တစ်ခု ဖြစ်လာမည်။
ရုပ်သေးလေးခုအတွက် အစီအစဉ်ဆွဲခြင်းမှာ မကြာလိုက်ပေ။ ရီရှောင်းရှောင်းနှင့် ရီကျင်းထျန်တို့လည်း လုပ်ငန်းများကို အသီးသီးစတင်လှုပ်ရှားခဲ့ကြသည်။ ရီကျင်းထျန်သည် အရွက်တစ်ထောင်ဆေးခန်းအတွက် ဆိုင်ခွဲသစ်ဖွင့်ရန် နေရာရှာနေချိန်တွင် ရီရှောင်းရှောင်းသည် တာ့ယွီနတ်မင်းဆက်၏ တပ်ကို ဦးဆောင်ပြီး ရွှမ်ယွမ်စကြာဝဠာသို့ ဝင်ရောက်သွားခဲ့သည်။
ရွှမ်ယွမ်စကြာဝဠာ၏ အလယ်ဗဟိုတွင် ဧရာမတောင်တန်းကြီးတစ်ခု ရှိနေသည်။ ရီရှောင်းရှောင်းသည် ထိုတောင်တန်းအပေါ်တွင်ရပ်၍ လက်ကိုမြှောက်ကာ အဆုံးမရှိသောစွမ်းအားများကို လက်ဖဝါးတွင်စု၍ အောက်သို့ဖိချလိုက်သည်။ ချက်ချင်းပင် တောင်တန်းကြီးသည် ပျက်စီးပြီး မြေပြန့်အဖြစ်ပြောင်းလဲသွားသည်။
“တာ့ယွီနတ်မြို့ကြီးတည်ဆောက်ကြစို့”
နတ်မင်းဆက်တစ်ခုအတွက် ခိုင်မာသောအခြေစိုက်ရာနေရာတစ်ခု မဖြစ်မနေလိုအပ်သည်။ နတ်မြို့တော်တည်ဆောက်ခြင်းသည် အလွန်သင့်လျော်သော စတင်မှုဖြစ်သည်။ နေရာဆုံးဖြတ်ပြီးနောက်တွင် ရီဖန်ကြိုတင်ပြင်ဆင်၍ ပုံစံဖော်ထားသည့်အပြားကို ရီရှောင်းရှောင်းသည် ထုတ်ယူ၍ နတ်စွမ်းအားထည့်သွင်းလိုက်သည်။
ထို့နောက်တွင် အလွန်ကြီးမားသည့် လေဟာနယ်လမ်းကြောင်းကို ဖွင့်လိုက်သည်။ ထိုလမ်းကြောင်းတစ်ဖက်တွင် ပန်ကုစကြာဝဠာတွင်ရှိသော တာ့ယွီနတ်မင်းဆက်၏ မြို့တော်ဟောင်း တည်ရှိသည်။ လေဟာနယ်လမ်းကြောင်းဖွင့်ချိန်တွင် မြို့တော်ဟောင်းအား ထိုလမ်းကြောင်းမှတစ်ဆင့် ရွှမ်ယွမ်စကြာဝဠာသို့ ပို့ဆောင်ခဲ့သည် တည်ဆောက်ရေးကျင့်ကြံသူများသည် အလွန်မြန်မြန်ဆန်ဆန် အလုပ်လုပ်နိုင်သဖြင့် မြို့ကြီးတစ်မြို့သည် မြေပြင်ပေါ်တွင် တစ်ခဏအတွင်းပေါ်ထွက်လာခဲ့သည်။
…………
အပိုင်း ၄၉၇ - တာ့ယွီနတ်မင်းဆက်ထံမှလက်ဆောင်
သေချာပေါက်ပင် ကျင့်ကြံသူများအတွက် ၎င်းကအစသာရှိသေးသည်။ အခင်းအကျင်းများမရှိသောမြို့တော်သည် မြို့တော်ဟုပင် မခေါ်ဆိုနိုင်ပါ။ ထို့နောက် အခင်းအကျင်းသခင် အများအပြားထွက်လာကာ အခင်းအကျင်းများကို မြို့တော်တစ်ခုလုံးတွင် ဖန်တီးခဲ့သည်။
အလွန်တိုတောင်းသောအချိန်အတွင်း၌ မြို့ကြီးတစ်မြို့ တည်ရှိလာသည်။ ထို့နောက်တွင် တာ့ယွီနတ်မင်းဆက်သည် သူ၏ စစ်တပ်များကို ခုခံရေးအတွက် ဖြန့်ကျက်လိုက်သည်။ ဤကဲ့သို့ ကြီးမားခမ်းနားသောဖြစ်ရပ်သည် ရွှမ်ယွမ်စကြာဝဠာကမ္ဘာအတွင်းရှိ အင်အားကြီးစွမ်းအားရှင်များစွာ၏အာရုံကို အလျင်အမြန် ဆွဲဆောင်လိုက်နိုင်သည်။
တစ်နည်းအားဖြင့် စုံစမ်းစစ်ဆေးသူများသည်လည်း တာ့ယွီမြို့သစ်သို့ ဝင်ရောက်လာကြကာ ထိုကဲ့သို့ ကြီးမားလှသောမြို့တည်ဆောက်သူသည် မည်သည့်အင်အားကြီးသောအဖွဲ့အစည်းဖြစ်သနည်းဟု စူးစမ်းကြသည်။ ရွှမ်ယွမ်စကြာဝဠာ၏အလယ်ဗဟို၌ မြို့တည်ဆောက်ရန်ဆိုသည်မှာ ထိပ်တန်းအင်အားကြီးများပင် စိတ်မကူးခဲ့သောအရာဖြစ်သည်။
ဤကဲ့သို့သောလုပ်ဆောင်ချက်က အခြားအင်အားကြီးအဖွဲ့များအပေါ် ဆန့်ကျင်မှု တစ်ခုပင်ဖြစ်သည်။ မကြာမီတွင် တာ့ယွီနတ်မင်းဆက်အကြောင်း သတင်းများသည် ထိပ်တန်းအင်အားကြီးအဖွဲ့များ၏ခေါင်းဆောင်များထံသို့ ရောက်ရှိလာသည်။ မမျှော်လင့်ဘဲ ပေါ်ထွက်လာသော အင်အားကြီးနတ်မင်းဆက်သည် ရွှမ်ယွမ်နတ်မင်းဆက်ဟုခေါ်ဆိုသည့်နိုင်ငံဖြစ်သည်။
ဤသတင်းသည် ၄င်းတို့အတွက် သတင်းကောင်းမဟုတ်ပေ။ ရွှမ်ယွမ်စကြာဝဠာတွင် နေရာကန့်သတ်မှုရှိကာ သယံဇာတအရင်းအမြစ်များလည်း အကန့်အသတ်ရှိသည်။ မြို့တော်တည်ဆောက်စဉ်က ရီရှောင်းရှောင်းပြသခဲ့သောအင်အားသည် ကြီးမားလှသည်။ ယခုအချိန်တွင် အရင်းအမြစ်များအတွက်ယှဉ်ပြိုင်ရမည့် အင်းအားကြီးပြိုင်ဘက်တစ်ဖွဲ့ ထပ်မံပေါ်ထွက်လာခြင်းဖြစ်ပြီး၊ အဆိုပါအရင်းအမြစ်များကို ၄င်းတို့ထံမှ လုယူသွားနိုင်သည်။
“စိတ်ပူစရာမလိုပါဘူး၊ ဝမ်ဟိုင်သူတော်စင်တပ်ဖွဲ့က တာ့ယွီနတ်မင်းဆက်ကို ချက်ချင်းဖျက်ဆီးမှာပါ” ဟုတစ်ဦးကပြောသည်။
“ဟုတ်တယ်၊ တာ့ယွီနတ်မင်းဆက်ရဲ့အပြုအမူက ရွှမ်ယွမ်စကြာဝဠာကမ္ဘာတွင်းက ငါတို့အဖွဲ့အစည်းအပေါ် ပြိုင်ဆိုင်မှုဖြစ်တယ် ထိပ်တန်းအင်အားကြီးအဖွဲ့တွေက သူတို့ကို လွှတ်ပေးမှာမဟုတ်ဘူး” ဟု အခြားသူတစ်ဦး ထပ်မံပြောသည်။
အင်အားကြီးတပ်ဖွဲ့အများစုသည် တာ့ယွီနတ်မင်းဆက်အား သံသယဖြင့်ကြည့်ကြသည်။ ၄င်းတို့အမြင်အရ မကြာမီတွင် အဖျက်ဆီးခံရမည်ဟု ယူဆကြသည်။ အကယ်၍ သူတို့သာမရှိတော့ပါက ၄င်းတို့အပေါ်သက်ရောက်မှုရှိမည်မဟုတ်ပေ။ ၄င်းတို့အနက်အများစုသည် တာ့ယွီနတ်မင်းဆက်တွင် စွမ်းအားကြီးလျှို့ဝှက်ချက်တစ်ခု ရှိသည်ဟု ယုံကြည်ကြသဖြင့် ဝင်ရောက်သိမ်းပိုက်နိုင်ပါက ၄င်းတို့အတွက် အကျိုးအကျေးဇူးများစွာရရှိမည်ဟု ထင်မြင်ကြသည်။
မျက်စိတစ်မှိတ်အတွင်းတွင် ဆယ်နှစ်သည် ကုန်လွန်သွားသည်။ နောက်ဆုံးအခင်းအကျင်း ပြီးစီးချိန်တွင် ရီရှောင်းရှောင်းသည် ထပ်မံလှုပ်ရှားလာသည်။ ကံကြမ္မာရွှေနဂါးတစ်ကောင်သည် နေရာလွတ်အတွင်းမှ ထွက်ပေါ်လာကာ တာ့ယွီနတ်မင်းဆက်၏အပေါ်သို့ ပျံသန်းလာသည်။ ထိုကံကြမ္မာရွှေနဂါးသည် ပန်ကုစကြာဝဠာရှိ မူရင်းနဂါးမဟုတ်ဘဲ ရုပ်ပွားသာဖြစ်သည်။
နဂါးဟိန်းသံကြောင့် ကောင်းကင်နှင့်မြေပြင်သည် တုန်လှုပ်သွားသည်။ ထို့နောက် ကံကြမ္မာရွှေနဂါးသည် တာ့ယွီနတ်မြို့သို့ ဝင်ရောက်ပေါင်းစည်းသွားသည်။ ဤအခါတွင် ကောင်းကင်မြေပြင်ပေါင်းစည်းသွားပြီး စကြာဝဠာ၏မူလနိယာမသည် တုန်လှုပ်လာသည်။
ကောင်းကင်တာအို၏အမှတ်အသားသည် တာ့ယွီနတ်မင်းဆက်တည်ထောင်မှုကို ဖော်ပြနေသည်။ စွမ်းအားကြီးမားသော ကံကြမ္မာဓာတ်များသည်လည်း ထိုနဂါးအတွင်းသို့ စတင်ပေါင်းစည်းလာကြသည်။ သူတို့အားတားဆီးမည့် ဝမ်ဟိုင်သူတော်စင်အဖွဲ့ကဲ့သို့ ရွှမ်ယွမ်စကြာဝဠာအတွင်းရှိ အင်အားကြီးအဖွဲ့အစည်းများသည်ပင် အလွန်အံ့ဩသွားကြသည်။
ထိုတပ်ဖွဲ့များသည် တာ့ယွီနတ်မင်းဆက်အား အလွယ်တကူပင် မြို့တည်ဆောက်ခွင့်ပေးထားသည်ကို နားမလည်နိုင်ဖြစ်နေကြသည်။ ၄င်းတို့အတွက် အန္တရာယ်ဖြစ်လာနိုင်ခြင်းကို မကြောက်ရွံ့ကြခြင်းလော။ ထိုသို့ အင်အားကြီးတပ်ဖွဲ့များသည် တာ့ယွီနတ်မင်းဆက်အားစောင့်ကြည့်နေသည့်အခြားတပ်ဖွဲ့များ မျှော်လင့်ထားသကဲ့သို့ မတိုက်ခိုက်ခဲ့ချေ။
သို့သော် အဖွဲ့အစည်းအချို့သည် ဤအခြေအနေကို ၄င်းတို့အင်အားကို တိုးတက်စေမည့်အခွင့်အလမ်းတစ်ခုဟု ယူဆကြသည်။ နတ်မင်းဆက်တစ်ခု၏အရင်းအမြစ်အားလုံးကို သိမ်းယူနိုင်လျှင် ၄င်းတို့အတွက် အကျိုးများမည့်ကိစ္စဖြစ်သည်။ အထူးသဖြင့် ထိပ်တန်းအင်အားကြီးတပ်ဖွဲ့အဖြစ် အသိအမှတ်မပြုခံရသူများသည် ၄င်းတို့တွေးထားသကဲ့သို့ သိမ်းပိုက်၍ ကောင်းကင်ဘုံချိတ်ဆက်နယ်မြေသို့ရောက်ရှိလိုကြသည်။
မူလက ထိပ်တန်းအင်းအားကြီးတပ်ဖွဲ့များမှ တိုက်ခိုက်လာလျှင် ၄င်းတို့မယှဉ်နိုင်မည်ကို စိုးရိမ်ကြသည်။ သို့သော် ယခု ထိပ်တန်းအင်အားကြီးတပ်ဖွဲ့များသည် တာ့ယွီနတ်မင်းဆက်အား စတင်မတိုက်ခိုက်သည့်အတွက် ၄င်းတို့ စတင်တိုက်ခိုက်လျှင်လည်း ကိစ္စမရှိတော့ချေ။ ထိုသို့တိုက်ခိုက်လျှင် စွန့်စားရမည်ကို ၄င်းတို့သိသည်။
သို့သော် တစ်ခါတစ်ရံတွင် စွန့်စားခြင်းသည် အခွင့်အလမ်းတစ်ခုဖြစ်လာနိုင်သည်။ ၄င်းတို့စုံစမ်းရာတွင် တာ့ယွီနတ်မင်းဆက်တွင် သူတော်စင်အနည်းငယ်သာ ရှိသည်ကိုတွေ့ရှိကြသည်။ ထိုထဲတွင် စွမ်းအားအကြီးဆုံးမှာ သူတော်စင်အဆင့်ရှိသည့် တာ့ယွီဘုရင်ဖြစ်သည်။ ၄င်းတို့၏လျှို့ဝှက်နည်းစနစ်များဖြင့်ဆိုလျှင် တာ့ယွီနတ်မင်းဆက်ကို ပြိုကွဲအောင်လုပ်နိုင်မည်ဟု ယုံကြည်ကြသည်။
သို့ရာတွင် ၄င်းတို့ လှုပ်ရှားရန်ပြင်ဆင်နေချိန်တွင်ပင် တာ့ယွီနတ်မင်းဆက်သည် ပထမဦးဆုံး လှုပ်ရှားခဲ့သည်။ ရွှမ်ယွမ်စကြာဝဠာအတွင်းရှိ အင်အားကြီးအဖွဲ့အစည်းများအားလုံးထံသို့ မင်းဆက်တည်ထောင်ခြင်းအခမ်းအနားသို့ ဖိတ်ကြားစာများပေးပို့ခဲ့သည်။
“တာ့ယွီနတ်မင်းဆက်မှာ အားကိုးကောင်းကောင်း ရှိလောက်တယ်။ ဒီလိုအင်အားကြီးတပ်ဖွဲ့တွေကို အခမ်းအနားသို့ ဖိတ်ကြားဖို့ဆိုရင် တော်တော်သတ္တိကောင်းဖို့လိုတယ်”
“ကောင်းပါတယ်၊ ဒီလိုဆို တာ့ယွီနတ်မင်းဆက်က ဘာကို အားကိူးနေလဲဆိုတာ ငါတို့သေချာမြင်ရတော့မှာပါ”
“သူတို့သာအင်အားမလုံလောက်ဘူးဆိုရင် ငါတို့တိုက်ခိုက်ကြမယ်”
တာ့ယွီနတ်မင်းဆက်ပေါ်ထွက်လာမှုကြောင့် ရွှမ်ယွမ်စကြာဝဠာတစ်ခုလုံးသည် ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။ အများစုသည် တာ့ယွီနတ်မင်းဆက်သည် အင်အားမကြီးမားရန် မျှော်လင့်နေကြသည်။ ထို့မှသာ သူတို့အား တိုက်ခိုက်သိမ်းပိုက်နိုင်မည်ဖြစ်သည်။ အင်အားကြီးအဖွဲ့အများစုသည် တာ့ယွီနတ်မင်းဆက် ၏ဖိတ်ကြားမှုကို လက်ခံပြီး တက်ရောက်ရန်ဆုံးဖြတ်ခဲ့ကြသည်။
အင်းအားကြီးမားသောတပ်ဖွဲ့များသည် တာ့ယွီနတ်မင်းဆက်သည် မည်မျှစွမ်းအားရှိကြောင်း တွေ့မြင်လိုကြသဖြင့် အဖွဲ့ငယ်များသည်လည်း ကလန်ကဆန်မလုပ်ဝံ့ကြပေ။ အချိန်တိုအတွင်းတွင် ရွှမ်ယွမ်စကြာဝဠာအတွင်းရှိ အင်အားကြီးတပ်ဖွဲ့များအားလုံးသည် တာ့ယွီမြို့သို့ ထွက်ခွာလာကြပြီး ဤဖြစ်ရပ်သည် မကြာခဏ မမြင်ရနိုင်သောအထူးအခမ်းအနားတစ်ခုဖြစ်ခဲ့သည်။
“တပ်ဖွဲ့ခေါင်းဆောင်ကြီး၊ ငါတို့တက်သင့်သလား”
ထိပ်တန်းအဆင့်အဖွဲ့တစ်ခုဖြစ်သော ဝမ်ဟိုင်သူတော်စင်ဂိုဏ်းနှင့်တန်းတူအင်အားရှိသည့် ကောင်းကင်သူတော်စင်ဂိုဏ်း၏ အကြီးအကဲများသည် ၄င်းတို့၏အုပ်ချုပ်သူ ကောင်းကင်သူတော်စင်အား မေးမြန်းကြသည်။ ရွှမ်ယွမ်စကြာဝဠာအတွင်းတွင် နတ်မင်းဆက်တစ်ခု ပေါ်လာခြင်းသည် ကောင်းကင်သူတော်စင်ဂိုဏ်း၏အာဏာကို ခြိမ်းခြောက်နိုင်သည်။
“ဒါပေါ့၊ ငါတို့လဲ အဲ့ပွဲကိုတက်ရမယ်” ကောင်းကင်သူတော်စင်သည် ဝင်းဝင်းတောက်နေသော မျက်လုံးများနှင့်အတူ ဖြေလိုက်သည်။
“ငါတို့ ပြဿနာသွားရှာကြမလား”
…………
အပိုင်း ၄၉၈ - တာ့ယွီနတ်မင်းဆက်ထံမှလက်ဆောင်
“သေချင်ရင် တစ်ယောက်တည်းသွားသေ ငါတို့တော့မပါဘူး” ကောင်းကင်မဟာသူတော်စင် ဒေါသထွက်သွားပြီး ထိုသို့ပြောသည့် အကြီးအကဲကို အဝေးသို့ကန်ထုတ်လိုက်သည်။
အဖွဲ့ဝင်အဖြစ်သာမက အကြီးအကဲဖြစ်သော ကောင်းကင်မဟာသူတော်စင်သည် ဤအကြီးအကဲများထက် အချက်အလက်များစွာကို ပိုသိထားသည်။ တာ့ယွီနတ်မင်းဆက်၏ ခေါင်းဆောင်သူတော်စင်သည် အထင်သေးဝံ့သူမဟုတ်ပါ။ သူမသည် ရီမိသားစုခေါင်းဆောင်၏ညီမဖြစ်ပြီး၊ ရီမိသားစုအတွင်းမှာပင် ထိပ်သီးအဆင့်ရှိသူတစ်ဦးဖြစ်သည်။
ရီမိသားစုသည် ရွှမ်ယွမ်စကြာဝဠာကို အပြည့်အဝသိမ်းယူချင်ခဲ့လျှင် သူမသည် ထိုသို့ဖိတ်ကြားမည်မဟုတ်ပေ။ သူမ၏သူတော်စင်အဆင့်ဖြင့်ဆိုလျှင် ရွှမ်ယွမ် စကြာဝဠာတစ်ခုလုံးအား အလွယ်တကူအနိုင်ယူနိုင်သည်။ ထို့အပြင် ကောင်းကင်မဟာသူတော်စင်အဖို့ ရီမိသားစုနှင့် ဆက်ဆံရေးတည်ဆောက်အတွက် ယခုဖိတ်ကြားချက်က အလွန်အရေးကြီးသည်။
ပြန်ခံပြောသည့် အကြီးအကဲကိုပင် သတ်ပစ်လို၏။ နှစ်ပေါင်းများစွာ နောက်လိုက်ဖြစ်ခဲ့သောကြောင့်သာ ချမ်းသာပေးလိုက်ခြင်းဖြစ်သည်။ သို့သော် ရီမိသားစုထံ ပေးရမည့်လက်ဆောင်ကိုတော့ သူမစဉ်းစားတတ်ဖြစ်နေသည်။ အကြောင်းမှာ ရီမိသားစုမပေါ်ပေါက်လာစဉ်က ၄င်းသည် အမြဲတမ်း လက်ဆောင်လက်ခံသူသာဖြစ်ခဲ့ပြီး တစ်ခါမှ ၄င်းဖက်မှ ပေးဖူးခြင်း မရှိခဲ့ချေ။
“ဒီလိုဆိုရင် ငါတို့ ဘာလက်ဆောင်ပေးရမလဲ”
၄င်းသည် မည်သို့ဖြေရှင်းရမည်ကို မစဉ်းစားတတ်တော့သဖြင့် အကြီးအကဲများကိုအကြံတောင်းရတော့သည်။ အကြီးအကဲများလည်း မစဉ်းစားတတ်သည်ကိုမြင်သဖြင့် ၄င်းသည် ရီရှောင်းရှောင်း၏အကြောင်းကို ပြောပြရတော့သည်။ ထို့နောက်တွင် ခဏက ကန်ထုတ်ခဲ့တဲ့အကြီးအကဲထံ ပြန်သွားပြီး ထပ်မံရိုက်နှက်ကာ စိတ်ဖြေပြန်ကာ တစ်ဖန်ပြန်စဉ်းစားပြန်သည်။
၄င်းတို့၏ ကျင့်ကြံမှုအဆင့်မြှင့်ရန် လိုအပ်သည့် အရင်းအမြစ်များသည် ရီမိသားစုအပေါ်တွင် အပြည့်အဝ မူတည်နေသည်။ ၄င်းတို့သည် အထွတ်အထိပ်သူတော်စင်အဆင့်ဆေးလုံးကို ခြိုးခြံစွာ သုံးခဲ့ရသည့်အချိန်များကို ပြန်မသွားနိုင်တော့ပါ။
ထို့အချိန်တွင် ရီမိသားစုပိုင် အရွက်တစ်ထောင်ဆေးခန်းသည်လည်း ရွှမ်ယွမ်စကြာဝဠာတွင်ဖွင့်လိုက်ပြီဖြစ်သည်။ ရောင်းသည့်ပစ္စည်းများသည် ယခင်ဆိုင်ထက်ပင် များသည်။ ယခုအချိန်တွင် ဝယ်ရန်ငွေမရှိသူ များစွာရှိနေသော်လည်း အနာဂတ်တွင် ဝယ်နိုင်ရန် စုဆောင်းနေကြသူများလည်းရှိသည်။ ကောင်းကင်မဟာသူတော်စင်အား ဝယ်ခွင့်ပိတ်လိုက်လျှင် ၄င်းတို့အဆင့်မြှင့်ရန် လိုအပ်သည့်အရင်းအမြစ်များ မရရှိတော့ဘဲဖြစ်သွားမည်။
အကြီးအကဲများသည်လည်း မည်သည့်လက်ဆောင်က ပိုသင့်တော်မည်ကို အကြိတ်အနယ်ဆွေးနွေးနေကြသည်။ တခြားထိပ်တန်းတပ်ဖွဲ့သုံးဖွဲ့သည်လည်း ၄င်းတို့နှင့် အကြံအတူတူပင်ဖြစ်သည်။ တာ့ယွီနတ်မင်းဆက်၏ ပွဲအခမ်းအနားအား ၄င်းတို့သည်လည်း လက်ဆောင်များနှင့်အတူ ခမ်းနားစွာတက်ရောက်ကြမည်ဟု စီစဉ်ထားကြသည်။
ရွှမ်ယွမ်စကြာဝဠာအတွင်းရှိ အဖွဲ့အစည်းအချို့သည် တာ့ယွီနတ်မင်းဆက်အား ၄င်းတို့အရူးလုပ်ကြမည်ကို မျှော်လင့်နေကြသည်ကိုလည်း ၄င်းတို့သိကြသည်။ ထိုအခြေအနေကို မည်သို့မျှ ဖြစ်လာစေမည်မဟုတ်ပေ။ အကယ်၍ ရီမိသားစုသည် ရွှမ်ယွမ်စကြာဝဠာကို အမြင်မကြည်လျှင် များစွာသောကပ်ဘေးများ ဖြစ်ပေါ်နိုင်သည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ရွှမ်ယွမ်စကြာဝဠာတွင် ပြဿနာရှာလျှင် ၄င်းတို့သည် ရီမိသားစုဘက်မှ သေချာပေါက် အကူအညီပေးကြမည်။
အချိန်အနည်းငယ်အကြာတွင် တာ့ယွီနတ်မင်းဆက်၏ အခမ်းအနားစတင်ကျင်းပခဲ့သည်။ တပ်ဖွဲ့အများအပြားသည် တာ့ယွီနတ်မင်းဆက်၏ အစွမ်းအစကို မြင်တွေ့လိုသောကြောင့် တာ့ယွီနတ်မြို့သို့ အလျင်အမြန် ရောက်လာကြသည်။ ၄င်းတို့အနက် ထိုက်နတ်ဘုရားသူတော်စင်ဦးဆောင်သည့် မဟာမိတ်သူတော်စင်အဖွဲ့သည် တာ့ယွီနတ်မင်းဆက်ကို ဆန့်ကျင်အရေးယူရန် အဆင်သင့်ပြင်ဆင်ထားသည်။
ထိုအချိန်တွင် နတ်မွန်းစတားများ ဆွဲလာသောရထားလုံးတစ်စီးသည် မိုးကုတ်စက်ဝိုင်းမှ ပေါ်ထွက်လာသည်။ ရထားလုံးပေါ်တွင် မြင်တွေ့ရသော ရောင်ဝါများအရ ထိုရထားလုံးသည် ဝမ်ဟိုင်သူတော်စင်ဂိုဏ်း၏ ရထားလုံးဖြစ်သည်။ ထို့အပြင် နတ်မွန်းစတားများဆွဲလာခြင်းက ဝမ်ဟိုင်သူတော်စင်အဖွဲ့၏ ထိပ်သီးပုဂ္ဂိုလ်တစ်ဦး တက်ရောက်လာခြင်းကို ညွှန်ပြသည်။
တည်ထောင်ခါစမင်းဆက်တစ်ခုအတွက် ဝမ်ဟိုင်သူတော်စင်အဖွဲ့၏ ထိပ်သီးပုဂ္ဂိုလ်တစ်ဦးကိုယ်တိုင် တက်ရောက်လာခြင်းသည် မယုံကြည်နိုင်ဖွယ်ဖြစ်သည်။ ထို့နောက်တွင် ပုဂ္ဂိုလ်တစ်ဦးသည် ထားလုံးအတွင်းမှ ဖြည်းညင်းစွာ မြေပြင်ပေါ်သို့ ဆင်းလာသည်။ ဝမ်ဟိုင်မဟာသူတော်စင်ကို မြင်လိုက်ချိန်တွင် ထိုက်နတ်ဘုရားသူတော်စင်ဦးဆောင်သည့် မဟာမိတ်သူတော်စင်အဖွဲ့အပြင် သူတော်စင်အများအပြားသည် အံ့ဩမှင်သက်သွားသည်။
ဝမ်ဟိုင်မဟာသူတော်စင်သာမက တပ်ဖွဲ့ခေါင်းဆောင်ကိုယ်တိုင်ပင် တက်ရောက်လာသည်။ ရထားလုံးပေါ်မှ ဆင်းလာသည့်အမူအရာသည် ငြိမ်းချမ်းစွာလာခြင်းကို ဖော်ပြနေသည်။ ထို့အပြင် ဝမ်ဟိုင်မဟာသူတော်စင်တပ်ဖွဲ့ခေါင်းဆောင်၏ အမူအရာက နှိမ့်ချနေသကဲ့သို့ပင်ဖြစ်နေသည်။
ထိုက်နတ်ဘုရားသူတော်စင်သည် နှလုံးခုန်မြန်လာကာ အာခေါင်များပင် ခြောက်လာသည်။ သူသည် တာ့ယွီနတ်မင်းဆက်၏ နောက်ခံသမိုင်းအား သိချင်စိတ်ပြင်းပြနေသည်။
“ဝမ်ဟိုင်မဟာသူတော်စင်အနေနဲ့ တာ့ယွီနတ်မင်းဆက်ကို ဂုဏ်ပြုပါတယ်၊ လက်ဆောင်အဖြစ် ပင်လယ်နက်နတ်သတ္တုသုံးခုကို ပေးအပ်ပါတယ်”
ပင်လယ်နက်နတ်သတ္တုဆိုသည်မှာ မဟာသူတော်စင်အဆင့်လက်နက်များ ပြုလုပ်ရာတွင် အသုံးပြုသောသတ္တုတစ်မျိုးဖြစ်သည်။ ထိုသတ္တုချပ်သုံးခုသည် မဟာသူတော်စင်အဆင့်လက်နက်သုံးခုကို ပြုလုပ်နိုင်စွမ်းရှိသည်။ ရီဖန်နှင့် ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်ရန်အတွက် ဝမ်ဟိုင်မဟာသူတော်စင်သည် တန်ဖိုးကြီးပစ္စည်းများကို ပေးအပ်ခဲ့သည်။
ထိုကြေညာချက်ကြားချိန်တွင် ကျင့်ကြံသူအများစုသည် နားကြားမှားသည်လောဟုပင် ထင်ကြသည်။ သို့သော် ဝမ်ဟိုင်မဟာသူတော်စင်အားမြင်လိုက်ရချိန်တွင် အလွန်အံ့အားသင့်သွားကြသည်။
၄င်းတို့သည် တာ့ယွီနတ်မင်းဆက်၏ အခမ်းအနားကို ကောင်မွန်စွာသဘောမထားသဖြင့် လက်ဆောင်မဲ့စွာ တက်ရောက်ခဲ့ကြသည်။ ယခုတွင် ဝမ်ဟိုင်မဟာသူတော်စင်ကိုယ်တိုင် အခမ်းအနားသို့ တက်ရောက်ရုံသာမက လက်ဆောင်များပင်ယူလာခဲ့သဖြင့် ၄င်းတို့ဘက်မှ လက်ဆောင် ယူမလာခြင်းသည် ဆိုးရွားလွန်းသည်။
ထို့သို့တွေးမိပြီး ၄င်းတို့တစ်ကိုယ်လုံးသည် အေးစက်သွားသည်။ ဤအကြိမ်တွင် ၄င်းတို့ အမှားကြီးတစ်ခုလုပ်မိပြီဟု ခံစားခဲ့ကြရသည်။ တပ်ဖွဲ့များ၏ခေါင်းဆောင်များသည် အချင်းချင်းကြည့်လိုက်ကြပြီး ထိုအခြေအနေကို အမှန်ပြင်ရန် အချိန်ရှိသေးမည်လောဟု တွေးနေကြသည်။ အခမ်းအနားသည် တရားဝင်မစသေးသောကြောင့် အချိန်အနည်းငယ်တော့ ကျန်နေသေးသည်။
ထိုအချိန်တွင် တာ့ယွီနတ်မင်းဆက်အတွင်းတွင် ထူးခြားသောဖြစ်ရပ်တစ်ခု ဖြစ်ပေါ်ခဲ့သည် အကြောင်းမှာ စွမ်းအားကြီးသောကျင့်ကြံသူများသည် ကြောက်မက်ဖွယ်မွန်စတားများ အလိုက်ခံရသကဲ့သို့ မြို့အပြင်ဘက်သို့ လက်ဆောင်များယူရန် အမြန်ပြေးထွက်နေကြသောကြောင့်ဖြစ်သည်။
ထိပ်တန်းသူတော်စင်တပ်ဖွဲ့ကြီးလေးခု၏ ကြေညာချက်လေးခု ထွက်ပေါ်လာသည်။ ထိုကြေညာချက်လေးချက်က အခြားသူများအား အသက်ရှူရပ်သွားစေသည်။ ထိုတပ်ဖွဲ့လေးခုသည် ကောင်းကင်ချိတ်ဆက်နယ်မြေတွင် သူတော်စင်မဟာမိတ်အဖွဲ့အသည်းကို အတူတကွဆန့်ကျင်ကြသော်လည်း ၄င်းတို့အချင်းချင်းမှာ မတည့်ကြပေ။
၄င်းတို့ လေးဖွဲ့လုံး တချိန်တည်းတွင် တာ့ယွီနတ်မင်းဆက်၏ပွဲသို့ တက်ရောက်လာခြင်းမှာ ချစ်ကြည်ရင်းနှီးမှုကြောင့် မဟုတ်နိုင်ရာ။ တာ့ယွီနတ်မင်းဆက်တွင် ၄င်းတို့မယှဉ်နိုင်အောင်ပင် အလွန်ကြီးမားသော အင်အားတစ်ခုရှိနေသောကြောင့်သာဖြစ်သည်။
ထိုက်နတ်ဘုရားသူတော်စင်၏ မဟာမိတ်အဖွဲ့ဝင်များသည် ၄င်းတို့ရန်စမည့်သူများ၏ အင်အားကိုသဘောပေါက်သွားကြသဖြင့် အလန့်တကြားဖြစ်သွားကြသည်။
“ငါတို့အစီအစဉ်ကို အခြားတစ်ယောက်ယောက်ကို မပြောမိကြဘူးမလား” ဟု ထိုက်နတ်ဘုရားသူတော်စင်က သေးငယ်သောမျှော်လင့်ချက်နှင့် မဟာမိတ်များကို မေးခဲ့သည်။
“မရှိပါဘူး”
“မရှိပါဘူး”
သူတော်စင်အချို့သည် ၄င်းတို့ လုံးဝမပြောမိကြောင်း တစ်ပြိုင်နက်တည်း ဖြေဆိုခဲ့ကြသည်။ တိုင်နတ်ဘုရားသူတော်စင်သည် ၄င်းတို့တွင် မျှော်လင့်ချက်ရှိနေသေးသဖြင့် အနည်းငယ်စိတ်အေးသွားသည်။ သို့သော် ၄င်းတို့သည် သူတော်စင်တစ်ဦး၏ အရိပ်အခြေကို သတိမပြုခဲ့ကြပေ။
“ထွက်ကြစို့၊ ပြန်ကြစို့” ဟုဆိုကာ သူတော်စင်များသည် တာ့ယွီနတ်မြို့မှထွက်သွားကြသည်။
၄င်းတို့လှည့်ပြန်ပြီးမကြာခင်တွင် အင်အားကြီးမားသည့်ရောင်ဝါများက ရုတ်တရက်၄င်းတို့၏ရှေ့တွင် ပိတ်ဆို့လိုက်ကြသည်။ ထိုရောင်ဝါတို့သည် အထွတ်အထိပ်သူတော်စင်များဖြစ်ကြသည်။ ၄င်းတို့ တုံ့ပြန်ခွင့်မရခင်တွင်ပင် အနောက်ပိုင်းတွင် ရှိနေသော သူတော်စင်တချို့ကို ချက်ချင်းသတ်ဖြတ်လိုက်ကြသည်။
“တာ့ယွီနတ်မင်းဆက်ကို တိုက်ခိုက်ရဲတဲ့ကောင်တွေ သေကြစမ်း”
ထိုသူတော်စင်များသည် ရီမိသားစုမှမဟုတ်ဘဲ ရီမိသားစု၏မဟာမိတ်များသာဖြစ်သည်။ သူတို့သည် ရီမိသားစုပေးသော ဆေးဝါးများကြောင့်သာ အထွတ်အထိပ်သူတော်စင် အဆင့်သို့ရောက်လာကြသူများဖြစ်သည်။ ရွှမ်ယွမ်စကြာဝဠာအတွင်းတွင် ရီမိသားစုအား တိုက်ခိုက်မည်ဆိုသော သတင်းကြားသည်နှင့်တပြိုင်နက် ထိုသူတော်စင်များသည် ဆန္ဒပြင်းပြစွာဖြင့် ကူညီခဲ့ကြခြင်းဖြစ်သည်။
တာ့ယွီနတ်မြို့အတွင်းတွင် သူတော်စင်တပ်ဖွဲ့ကြီးလေးခု၏ခေါင်းဆောင်များသည် တစ်ဦးကိုတစ်ဦး ကြည့်လိုကိကြပြီးနောက်တွင် ဝမ်ဟိုင်မဟာသူတော်စင်ကို တညီတညွတ်တည်း ကြည့်လိုက်ကြသည်။ ရီမိသားစုနှင့် အရင်းနှီးဆုံးဆက်ဆံရေးရှိသည့် ၄င်းသည် မြို့တော်သို့ ပထမဆုံးရောက်လာသူဖြစ်သည်။ သို့သော် ၄င်း၏အပြုအမူများသည် သည်းမခံနိုင်စရာဖြစ်နေသည်။
ဝမ်ဟိုင်နှင့် ရီမိသားစုတို့အကြား ဆက်ဆံရေးသည် သာမန်မဟုတ်ကြောင်း ကျန်သုံးဦးလည်းသတိပြုသည်။ ဝမ်ဟိုင်သည် ၄င်းတို့အတွက် အကြီးဆုံးခြိမ်းခြောက်မှုဖြစ်လာသည်။ အနာဂတ်တွင် ၄င်းတို့သည် ပို၍ကြိုးစားရမည်။ အနည်းဆုံး ဝမ်ဟိုင်ထက်တော့ နောက်မကျအောင် ကြိုးစားရမည်။ ဝမ်ဟိုင်သည်လည်း ၄င်းတို့ကို မနှစ်မြို့စွာ ပြန်ကြည့်လိုက်သည်။ ၄င်းတို့သည် သူ့အား မယှဉ်နိုင်ဟုသာ ယုံကြည်သည်။
မကြာခင်တွင် ရာထူးကြီးပုဂ္ဂိုလ်အများအပြားသည် တာ့ယွီနတ်မင်းဆက်သို့ ပြန်လည်ရောက်လာကြသည်။ ဤအကြိမ်တွင် သူတို့သည် အခွင့်အရေးကိုလက်လွတ်မခံကြဘဲ အဖိုးတန်ဆုံးသော လက်ဆောင်များကို ယူလာခဲ့ကြသည်။ တာ့ယွီနတ်မင်းဆက်နောက်တွင် အင်အားမည်မျှရှိနေကြောင်းမသိသော်လည်း ၄င်းတို့သည် ရန်မစရဲကြပါ။
တာ့ယွီနတ်မင်းဆက်သည် လက်ဆောင်ပေးသူများကို မေ့လျော့နိုင်သော်လည်း မပေးသူများကိုတော့ သေချာပေါက်မှတ်မိနေမည်။ ထို့ကြောင့် မပေးချင်လျှင်တောင်မှ ပေးရမည်။ ၄င်းတို့သည်အခမ်းအနားကို ပျော်ရွှင်စရာအချိန်အတွင်းတွင် စတင်ကျင်းပခဲ့သည်။
ရီရှောင်းရှောင်းသည် ရွှမ်ယွမ်စကြာဝဠာရှိ အဖွဲ့အစည်းများကို ပန်ကုစကြာဝဠာရှိအဖွဲ့များကဲ့သို့ပင် ပဏ္ဋာဆက်လျှင် ကာကွယ်မှုရမည် ဆိုသည့်စည်းမျဉ်းနှင့် ဆက်ဆံသည်။ ထိုအဖွဲ့များထံမှ ရယူသောလက်ဆောင်များသည်လည်း ၄င်းတို့တတ်နိုင်မည့် ပမာဏသာဖြစ်ပြီး မတန်တဆ မတောင်းဆိုပေ။ ရီရှောင်းရှောင်းသည် လျင်မြန်စွာတိုးတက်လိုလျှင် တာ့ယွီနတ်မင်းဆက်၏အင်အားကို မြှင့်တင်ရမည်ဖြစ်သည်။
နယ်မြေများကို အနိုင်ယူ၍ သိမ်းယူရခြင်းသည် သူမ မဖြစ်မနေလုပ်ဆောင်ရမည့်အရာဖြစ်၏။ အချို့သောအဖွဲ့များသည် အနည်းငယ် မကျေနပ်ကြသော်လည်း နောက်ဆုံးတွင် သူမတောင်းဆိုသည်ကို လက်ခံလိုက်ကြသည်။ ထို့နောက် ပွဲပြီး၍ ပြန်ချိန်တွင် တာ့ယွီနတ်မင်းဆက်သည် အပြန်လက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့သည်။
………