← Chapters

အခန်း ၄၉၉-၅၀၀

Vol. 34 Ch. 499-501

အခန်း ၄၉၉-၅၀၀

Vol. 34 Ch. 499-501

အပိုင်း ၄၉၉ - မိသားစုလက်နက်တိုက် အဆင့်နှစ်ဆယ့်တစ် မူလနတ်နိယာမဥပဒေ

၄င်းတို့သည် တန်ပြန်လက်ဆောင်က အဖိုးမတန်ဟုသာ ထင်ကြသည်။ သို့သော် လက်ဆောင်များအားဖွင့်ချိန်တွင် ကျင့်ကြံသူများ အံ့ဩသွားကြသည်။ ၄င်းတို့ပေးသောလက်ဆောင်အပေါ်မူတည်၍ တာ့ယွီနတ်မင်းဆက်ထံမှ ပြန်လည်ပေးသည်မှာ ကွဲပြားသည်။ သို့သော်အနိမ့်ဆုံးလက်ဆောင်သည်ပင် အဆင့်အမြင့်ဆုံးနတ်ဆေးလုံးများဖြစ်သည်။

မိသားစုအကြီးအကဲအများအပြားသည် မိမိတို့ပေးခဲ့သောအရာထက် ကောင်းမွန်သော သူတော်စင်ဆေးလုံးများကို ပြန်လည်ရရှိခဲ့သဖြင့် ၄င်းတို့ လက်ဆောင်အနည်းငယ်သာပေးခဲ့ခြင်းကိုပင် နောင်တရမိသည်။ ဤသို့ပြန်ပေးမည်ကိုသာသိလျှင် ၄င်းတို့တွင်ရှိသော အရင်းအမြစ်အားလုံးကိုပင် လက်ဆောင်ပေးလိုက်မည်ဖြစ်သည်။

ထိုသို့ပေးခဲ့သော်လည်း တာ့ယွီနတ်မင်းဆက်အတွက် ဆုံးရှုံးမှုတစ်ခုမဟုတ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် နတ်ဆေးလုံးများနှင့် လက်နက်များ စျေးကြီးသောအကြောင်းအရင်းမှာ လုပ်အားခ များပြားသောကြောင့်သာဖြစ်သည်။ ရီမိသားစုတွင် ဆေးပညာရှင်များနှင့် လက်နက်သန့်စင်သူအများအပြား ရှိပြီးဖြစ်သည်။ ထို့ကြောင့်ရီမိသားစုသည် အမြတ်များစွာ ရယူနိုင်ခဲ့သည်။

ထိုအကြောင်းအရာကို အခြားခေါင်းဆောင်များမှာ မသိသည့်အတွက် ရီမိသားစုသည် အကုန်အကျအလွန်များစွာ သုံးခဲ့သည်ဟုသာ ထင်နေကြသည်။ ထို့ကြောင့် ရီမိသားစုလက်အောက်တွင် နေရခြင်းက ၄င်းတို့အတွက် အကျိုးမယုတ်ဟု ထင်မှတ်သွားကြသည်။

တာ့ယွီနတ်မင်းဆက်၏အစီအစဉ်ပြီးသောအခါ အရွက်တစ်ထောင်ဆေးခန်း၏အစီအစဉ်စတင်သည်။ ၎င်းတို့သည် သူတော်စင်အဆင့်တိုက်ပွဲစွမ်းရည်ကို ပြသခဲ့သောကြောင့် ပတ်ဝန်းကျင်ရှိတပ်ဖွဲ့အချို့သည် ၎င်းတို့ကို အနှောင့်အယှက်မပြုဝံ့ကြတော့ချေ။ ထို့အပြင် ၄င်းတို့သည် ဆေးခန်းတွင် အစွမ်းထက်ပစ္စည်းအများအပြားရှိကြောင်းကိုပါ သိရှိသွားကြသဖြင့် လူအများအပြား လာရောက်ဝယ်ယူကြသည်။

အရင်းအမြစ်များရရှိနိုင်မည့်နေရာတစ်ခု အတည်တကျရှိနေခြင်းသည် ၄င်းတို့အတွက် အလွန်အရေးပါသည်။ ရီမိသားစုမှလွဲ၍ အခြားနေရာများတွင် ကျွမ်းကျင်ဆေးပညာရှင်နှင့် လက်နက်သန့်စင်သူများသည် အလွန်အဖိုးတန်သည်။ အရွက်တစ်ထောင်ဆေးခန်းသည် အသင့်လုပ်ပြီးသောလက်နက်များအပြင် စိတ်ကြိုက်အော်ဒါလည်း မှာနိုင်သေးသည်။

အဆင့်နိမ့်ကျင့်ကြံသူဖြစ်စေ၊ အဆင့်မြင့်ကျင့်ကြံသူဖြစ်စေ၊ ငွေပေးချေနိုင်လျှင် ၄င်းတို့နှင့် ကိုက်ညီသည့် အရင်းအမြစ်များကို အရွက်တစ်ထောင်ဆေးခန်းတွင် ရရှိနိုင်သည်။ ထို့ကြောင့်ဒေသအတွင်းရှိ မူလဆေးပညာရှင်များနှင့် လက်နက်သန့်စင်သူများ၏ စီးပွါးရေးကိုထိခိုက်လာကြသည်။

အရွက်တစ်ထောင်ဆေးခန်းသည် ပစ္စည်းစျေးနှုန်းများကို အတိအကျဖော်ပြထားရာ ၄င်းတို့အနေဖြင့် စျေးတင်၍ အမြတ်အစွန်းပိုရနိုင်မည့် အခွင့်အရေးများကို ဆုံးရှုံးလာခဲ့ကြသည်။ ထို့ကြောင့် ၄င်းတို့သည် မကျေနပ်ကြချေ။ သို့သော်လည်း မဟာသူတော်စင်အဆင့်ရုပ်သေးများက ဆေးခန်းအားစောင့်ရှောက်နေသဖြင့် ၄င်းတို့သည် အကြမ်းမဖက်ရဲကြပေ။

အရွက်တစ်ထောင်ဆေးခန်းပိုင်ရှင်သည် မဟာသူတော်စင်အဆင့်ရုပ်သေးအများအပြားရှိခြင်းမှလွဲ၍ အခြားစွမ်းအားမရှိဟု ထင်လျှင်မှားလိမ့်မည်။ ပုံမှန်အရင်းအမြစ်များအပြင် ရီဖန်က စုစည်းရန်အမိန့်ပေးထားသော ကျင့်ကြံရေးနည်းစနစ်များလည်းရီကျင်းထျန်တွင် ရှိသည်။ ထိုနည်းစနစ်အားလုံးသည် မြင့်မားသည့်အဆင့်မဟုတ်သော်လည်း အမြင့်ဆုံးမှာ သူတော်စင်အဆင့်ရှိ နည်းဗျူဟာဖြစ်သည်။

၄င်းနည်းစနစ်များက ရီဖန်အတွက် အတွေးအမြင်အသစ်များ ရရှိလာစေသည်။ ထိုနည်းစနစ်အနည်းငယ်စီကိုစုပေါင်းပြီး အစွမ်းထက်သော နည်းစနစ်တစ်ခုအဖြစ် ပြောင်းလဲနိုင်သည်။ အဆုံးတွင် ရီဖန်သည် ပျက်စီးဖန်တီးမှုနတ်ကျမ်းကို ထုတ်နုတ်နိုင်ခဲ့သည်။

သူသည် ကျင့်ကြံနည်းတစ်ခုချင်းစီအား လျင်မြန်စွာကြည့်၍ပင် အဓိပ္ပါယ်အား ကောင်းမွန်စွာ နားလည်သည်။ အချိန်အနည်းငယ်သာပိုပေးလျှင် သူသည် ထိုနည်းလမ်းကိုအပြည့်အဝနားလည်နိုင်လိမ့်မည်။ သူသည် နည်းစနစ်တစ်ခုပြီးတစ်ခုကို ဆက်တိုက်လေ့လာခဲ့သည်။ နောက်ဆုံးတွင် သူမည်မျှအထိလေ့လာခဲ့သည်ကိုပင် မရေတွက်နိုင်တော့ချေ။

နည်းစနစ်များ၏အသေးစိတ်ကို သူမေ့သွားသော်လည်း အသုံးဝင်သော အဓိကအချက်များကိုမူ မှတ်သားထားသည်။ ထိုအချက်များကိုပင် ပျက်စီးခြင်းဖန်တီးမှုနတ်ကျမ်းစာအတွင်းသို့ ပေါင်းထည့်ခဲ့သည်။ ယခုအခါတွင် ပျက်စီးခြင်းဖန်တီးမှုနတ်ကျမ်းသည် အဆုံးသတ်သို့ ရောက်ရှိသွားပြီဖြစ်၏။

“နည်းနည်းပဲကျန်တော့တယ်၊ ဖြတ်ကျော်ဖို့ အချိန်ရောက်လာပြီ”

ပျက်စီးခြင်းဖန်တီးမှုနတ်ကျမ်းစာသည်လည်း နောက်ထပ် စာမျက်နှာသစ်တစ်မျက်နှာသို့ ထပ်မံ ရောက်ရှိသွားသည်။ နောက်ဆုံးတွင် ပင်ကိုပျက်ဆီးခြင်းလမ်းကြောင်းအပေါ် ရီဖန်၏ နားလည်မှုဖြစ်သည့် ပျက်စီးခြင်းဖန်တီးမှုနတ်ကျမ်းသည် မူလနတ်နိယာမဥပဒေအဆင့်သို့ ဖြတ်ကျော်သွားသည်။

“ရေရှည်တာဝန်တစ်ခုပြီးမြောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ် သခင်။ မိသားစုလက်နက်တိုက် အဆင့် နှစ်ဆယ့်တစ် မူလနတ်နိယာမဥပဒေကို ပြီးမြောက်သွားပါပြီ။ ကျေးဇူးပြုပြီး ဆုလက်ခံရယူပါ”

“စနစ်၊ ယူလိုက်တော့” ရီဖန်သည် စိတ်အားထက်သန်စွာ ညွှန်ကြားလိုက်သည်။

“မိသားစုခေါင်းဆောင်ရာထူးဖြစ်တဲ့ သခင်သွေးမျိုးဆက်ကို ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်”

ဆုသည် မိသားစုခေါင်းဆောင်ရာထူးသာ ဖြစ်သည့်အတွက် ရီဖန်သည် အနည်းငယ် စိတ်ပျက်သွားသည်။ အကယ်၍ မိသားစုရာထူးသာဆိုလျှင် သူအလွန်ဝမ်းမြောက်မိမည်။

“စနစ်၊ သွေးမျိုးဆက်ကို အားဖြည့်လိုက်တော့”

နောက်အခိုက်အတန့်တွင် ရီဖန်သည် အချိန်မြစ်တစ်လျှောက်မှ စီးဆင်းလာသောစွမ်းရည်က သူ့ကိုယ်ထဲသို့ ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။ အချိန်အတော်ကြာငြိမ်နေခဲ့သော သူ့ခန္ဓာကိုယ်၏ ကျင့်ကြံမှုအဆင့်သည် သွေးမျိုးဆက်ပြောင်းလဲမှုဖြစ်ပြီးနောက်တွင် မြင့်တက်သွားသည်။

ဆဲလ်တစ်ခုချင်းစီသည် နှစ်သန်းပေါင်းများစွာ ဆာလောင်နေသကဲ့သို့ စွမ်းအင်များကိုစုပ်ယူခဲ့သည်။ သူသည် ချက်ချင်းပင် အရင်းအမြစ်အများအပြားကို ထုတ်ယူလိုက်ပြီး သုံးစွဲလိုက်သည်။ ထိုဆာလောင်မှုသည် စွမ်းအင်အများအပြား ရရှိပြီးနောက်တွင် တဖြည်းဖြည်းလျော့ပါးသွားသည်။ ထိုအချိန်တွင်ပင် ရီဖန်၏နတ်ခန္ဓာကိုယ်ကို ဝန်းရံနေသော နတ်ဘုရားမျဉ်းများသည် တစ်ခုခြင်းစီ ပျက်ဆီးလာသည်။

ထို့နောက် တစ်သောင်းကျော်သော နတ်ဘုရားမျဉ်းများသည် လုံးဝပျောက်ကွယ်သည်။ ထို့နောက် အားလျော့သွားသောရီဖန်၏ခန္ဓာကိုယ်သည် တဖြည်းဖြည်းနှင့် ပြန်လည်ကြီးထွားလာခဲ့သည်။ သူ၏ခန္ဓာကိုယ်စွမ်းအားသည်လည်း ပိုမိုမြင့်တက်လာသည်။ သူသည် နတ်ခန္ဓာကိုယ်အလယ်အလတ်အဆင့်သို့ ဖြတ်ကျော်သွားပြီဖြစ်သည်။

နတ်ဘုရားမျဉ်းများ တစ်ခုချင်းစီ ထပ်မံပေါ်ထွက်လာကာ ရီဖန်၏ခန္ဓာကိုယ်ကို ပတ်လည်ဝိုင်းလိုက်သည်။ ဤတစ်ကြိမ်တွင် နတ်ဘုရားမျဉ်းများသည် သန်းနဲ့ချီအရေအတွက်ကို ရောက်ရှိနေပြီသည်။ ရီဖန်အနေဖြင့် ထပ်မံဖြတ်ကျော်ချင်လျှင် ထိုနတ်ဘုရားမျဉ်းများ၏အကန့်အသတ်ကို ပြန်လည်ဖောက်ဖျက်ရမည်။

“တော်တော်အားပြင်းတာဘဲ” ဟု ရီဖန်သည် သူ့ကိုယ်သူပင်အံ့အားသင့်မိသည်။

သူ၏သန်မာမှုသည် ချီကျင့်ကြံမှုအဆင့်ထက် ထပ်မံကျော်လွန်သွားသည်။ ထိုအခိုက်အတန့်တွင် ရီဖန်သည် သူ့သွေးမျိုးဆက်စွမ်းအားကိုအသုံးပြုခဲ့သည်။ ထို့နောက်တွင်သူ၏ စိတ်ဝိညာဉ်သည်လည်း မရပ်မနားတိုးတက်လာ၏။

……….

အခန်း ၅၀၀ - မိသားစုလက်နက်တိုက် အဆင့်နှစ်ဆယ့်တစ်၊ မူလနတ်နိယာမ ဥပဒေ

ရီဖန်၏မနောအာရုံက ဆက်လက်ပျံ့လွင့်နေပြီး ၎င်းအောက်တွင် မည်သည့်သတ္တဝါမှ မပုန်းကွယ်နိုင်ကြချေ။ သူ့အနေဖြင့် ဤသတ္တဝါများကို ချေမှုန်းပစ်ရန် အတွေးတစ်ခုမျှသာလိုမည်ဟု ခံစားမိသည်။ သူတော်စင်ဖြစ်စေ မဟာသူတော်စင်ဖြစ်စေ ထိုကဲ့သို့သောစွမ်းအားအောက်တွင် ၎င်းတို့သည် ပုရွက်ဆိတ်များနှင့် ကွာခြားခြင်းမရှိတော့ပေ။

ရီဖန်သည် သူ၏သွေးမျိုးဆက်စွမ်းအားကို အသုံးပြုနေချိန်တွင် ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင်းရှိ စွမ်းအားရှင်အများအပြားက ရီဖန်ရှိရာသို့ မော့ကြည့်လိုက်ကြသည်။ နဂါးငွေ့တန်းတစ်ခုလုံးကို ပိုင်ဆိုင်ထားသည့် ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသည့်သူကို ၎င်းတို့မယုံကြည်နိုင်ဖြစ်နေသည်။

ခဏအကြာတွင် ၎င်း၏ခန္ဓာကိုယ် ပြန်လည်လျော့ပါးလာပြီးနောက် နဂါးငွေ့တန်းတစ်ခုလုံး ပြန်လည်ငြိမ်သက်သွားသည်။ မရေမတွက်နိုင်သော စွမ်းအားရှင်များက ဤစွမ်းအား၏ မူလဇစ်မြစ်ကို စူးစမ်းလိုကြသော်လည်း ထိုစွမ်းအားက ရုတ်တရက်ပျောက်ကွယ်သွား၏။

ရီဖန်၏ခန္ဓာကိုယ်ပေါ်တွင်လည်း အက်ကွဲကြောင်းများစွာ ပေါ်လာသည်။ အနည်းငယ်မျှသာကြာသောအခါ ရီဖန်၏ခန္ဓာကိုယ်သည်လည်း သည်းမခံနိုင်တော့ပေ။

သွေးမျိုးဆက်စွမ်းအား အပိုင်းအစတစ်ခုပင်လျှင် လက်ရှိရီဖန်အတွက် ၎င်းကို ချေးငှားရန်မလွယ်ကူပေ။ ရီဖန်သည် ထိုစွမ်းအားက အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသောကြောင့် အနည်းငယ်အကူအညီမဲ့သွားသလို ခံစားလိုက်ရသော်လည်း ၎င်းကမကြာလိုက်ပေ။

ရီဖန်သည် သူ၏လွှမ်းမိုးနိုင်သော သွေးမျိုးဆက်စွမ်းအားကို ထပ်မံချေးယူလိုပါက သူ့ခန္ဓာကိုယ်ကို ပိုမိုသန်မာစေရန် လိုအပ်သည်။ လုံလောက်အောင် သန်မာသည့် ကိုယ်ခန္ဓာကသာ ဤကဲ့သို့သော စွမ်းအားမျိုးကို ထိန်းထားနိုင်သည်။

သို့သော် သိပ်မဆိုးသေးပါ။ ထိုအချိန်အနည်းငယ်အတွင်း သူသည် အထွတ်အထိပ်မဟာသူတော်စင်တချို့ သို့မဟုတ် ဒဏ္ဍာရီလာနတ်ဘုရားကိုပင် သတ်ပစ်နိုင်သည်။

ရီဖန်ထံတွင် နောက်ထပ် သေစေနိုင်သည့်ဝှက်ဖဲတစ်ခုရှိပါသေးသည်။ နတ်မြို့တော်ရှိကျင့်ကြံသူများသည် ၎င်းတို့၏တာအိုကို နားလည်ရန် ပိုမိုလွယ်ကူလာသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ ၎င်းကိုသာ ဖမ်းဆုပ်နိုင်လျှင် အောင်မြင်မှုများ ရရှိနိုင်လိမ့်မည်။

"ဒါဟာ ရီမိသားစုအကြီးအကဲပဲ ဖြစ်ရမယ်၊ ဖြတ်ကျော်နိုင်မယ့် အခွင့်အရေးကို မြန်မြန်ဖမ်းဆုပ်ထားကြ!"

"မျိုးနွယ်စုထဲက အားလုံး တံခါးပိတ်ကျင့်ကြံကြတော့"

…

"မလုံလောက်သေးဘူး၊ ဒါပေမယ့် နီးလာပြီ”

ရီ‌ရှောင်းရှောင်း၏ ကျင့်ကြံမှုအဆင့်သည် သူတော်စင်အထွတ်အထိပ်သို့ ရောက်လုနီးပါးဖြစ်နေသည်။ တကယ်တမ်းတွင် သူမ အတင်းအကြပ်လုပ်ဆောင်နိုင်သော်လည်း ရီ‌ရှောင်းရှောင်းက စောင့်ဆိုင်းရန်ရွေးချယ်ခဲ့သည်။

သူမသည် သဘာဝအတိုင်းဖြတ်ကျော်ကာ နောက်နယ်ပယ်အတွက် ခိုင်မာသော အခြေခံအုတ်မြစ်ချမှတ်ထားလိုသည်။ ရီ‌ရှောင်းရှောင်းသည် မဟာသူတော်စင်နယ်မြေက သူမ၏ကန့်သတ်ချက်ဖြစ်သည်ကို ဘယ်သောအခါမှ မယုံကြည်ခဲ့ပေ။ အနည်းဆုံး သူမသည် သူမ၏ကိုယ်တွင်းရှိ သွေးမျိုးဆက်နှင့် တူညီသောနယ်မြေသို့ ရောက်ရှိသင့်သည်။

စစ်မှန်သောနတ်ဘုရား၏သွေးမျိုးဆက်ကို စဉ်ဆက်မပြတ်တွေ့ကြုံနေရခြင်းကြောင့် ရီ‌ရှောင်းရှောင်း၏ စွမ်းအားနားလည်မှုလည်း နက်နဲလာသည်။ အကယ်၍ သူမ လက်လှမ်းမမီနိုင်သော အထွတ်အထိပ်ကို သူမ မမြင်ခဲ့လျှင် နောင်တရချင်မှရလိမ့်မည်။ သိူ့သော် ၎င်းနယ်မြေရှိနေမှန်းသိသောအခါ သူမ မသွားကြည့်နိုင်လျှင် ရီ‌ရှောင်းရှောင်း သူ့ကိုယ်သူ ခွင့်လွှတ်နိုင်မည်မဟုတ်ချေ။

ရွှမ်ယွမ်စကြဝဠာချဲ့ထွင်မှု ပြီးဆုံးသွားပြီးနောက်

ကောင်းကင်ဘုံချိတ်ဆက်နယ်မြေကို စတင်ချဲ့ထွင်ရတော့မည်။

"ကြယ်စုစစ်တပ်၊ ဖီးနစ်အမျိုးသမီးစစ်တပ်၊ တိုက်ပွဲအတွက်ပြင်ဆင်တော့"

တာ့ယွီနတ်မင်းဆက်သည် အချိန်တိုအတွင်း ကောင်းကင်ချိတ်ဆက်နယ်မြေသို့ ချဲ့ထွင်လာသည်။ မရေမတွက်နိုင်သောစစ်တပ်များသည် အနီးနားရှိ ဒေသများဆီသို့ လျင်မြန်စွာ ဖြန့်ကျက်သွားကြသည်။ ကောင်းကင်ဘုံအောက်က နေရာအားလုံးသည် ဧကရာဇ်၏နယ်မြေဖြစ်သည်။ တာ့ယွီနတ်မင်းဆက်တွင် နယ်မြေတစ်ခုကိုပေါင်းစည်းလိုက်သည်နှင့် ၎င်းကို ရီ‌ရှောင်းရှောင်းက အခိုင်အမာထိန်းချုပ်ထားပြီး သူမ၏တိုးတက်မှုအတွက် အရင်းအမြစ်များထဲမှ တစ်ခုဖြစ်လာမည်ဖြစ်သည်။

စဉ်ဆက်မပြတ်တိုးတက်မှုများနှင့်အတူ ၎င်းတို့သည် နောက်ဆုံးတွင် သူတော်စင်အစည်းအရုံးထိန်းချုပ်ထားသော နယ်မြေသို့ရောက်ရှိခဲ့ကြသည်။ ထိုနေရာတွင် အနီးနားတွင် ကောင်းကင်သူတော်စင်ဂိုဏ်းကသာ တစ်ခုတည်းသော မဟာသူတော်စင်ဂိုဏ်းဖြစ်သည်။ ကောင်းကင်သူတော်စင်ဂိုဏ်းချုပ်သည် မဟာသူတော်စင် အစောပိုင်းအဆင့်တွင်သာရှိသော်လည်း အနီးနားနယ်မြေတွင် စွမ်းအားအကြီးဆုံးဖြစ်သည်။

"ဂိုဏ်းချုပ် တာ့ယွီနတ်မင်းဆက်စစ်တပ်က ဂိုဏ်းနဲ့ မိုင်သန်းပေါင်းအနည်းငယ်ပဲ ဝေးတော့တယ်"

သူတော်စင်တစ်ဦးသည် စင်မြင့်ပေါ်ရှိ စေတနာ့ဘုရင်မဟာသူတော်စင်ကို ပြောလိုက်သည်။ ထိုခဏတွင် စင်မြင့်ထက်မှ ရယ်မောသံထွက်ပေါ်လာသည်။

"နတ်မင်းဆက်သေးသေးလေးကများ ငါ့ရဲ့ ကောင်းကင်သူတော်စင်ဂိုဏ်းကို ချဉ်းကပ်ဖို့ သတ္တိရှိနေတယ်ပေါ့"

သူ့ဂိုဏ်းကို ကောင်းကင်ဟူသော အမည်ပေးထားခြင်းကို ကြည့်ခြင်းအားဖြင့် စေတနာ့ဘုရင်မဟာသူတော်စင်သည် ပေါ့ပေါ့သေးသေးမဟုတ်သည်မှာသေချာသည်။

စေတနာ့ဘုရင်ဟူသည် သူ့နာမည်အတိုင်း စေတနာရှိလှသည်တော့မဟုတ်ချေ။

"တာ့ယွီနတ်မင်းဆက်မှာ မဟာသူတော်စင်တိုက်ခိုက်ရေးစွမ်းအားပဲရှိတယ်ကြားတယ်။ သူတော်စင်အစည်းအရုံးကတော့ တကယ်အမှိုက်သာသာပဲကွာ"

ကောင်းကင်သူတော်စင်ဂိုဏ်းသည် သူတော်စင်အစည်းအရုံး၏ နယ်မြေကို မကျူးကျော်ခြင်းက သူတော်စင်အစည်းအရုံး၏ တည်ရှိမှုကြောင့်မဟူတ်ဘဲ ၎င်းကို အနိုင်ယူရန် မလိုအပ်ဟု ယုံကြည်သောကြောင့် ဖြစ်သည်။ ယခုတွင် တာ့ယွီနတ်မင်းဆက်ပေါ်ထွန်းလာခြင်းက စေတနာ့ဘုရင် မဟာသူတော်စင်၏ အကျိုးစီးပွားကို တိုးမြင့်စေလိမ့်မည်။

“တာ့ယွီနတ်မင်းဆက်ရဲ့ ဧကရာဇ်က

ငါ့နောက်လိုက်ဖြစ်ဖို့ အရည်အချင်းမီသားပဲ”

စေတနာ့ဘုရင်မဟာသူတော်စင်သည် စင်မြင့်ပေါ်မှ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး နောက်တစ်ကြိမ်ပေါ်လာသောအခါ ၎င်းက ကောင်းကင်ဂိုဏ်းအပြင်ဘက်တွင် ရှိနေပြီဖြစ်သည်။ ကောင်းကင်သူတော်စင်ဂိုဏ်းရှိ အခြားသော စွမ်းအားရှင်များသည်လည်း စေတနာ့ဘုရင်၏အမိန့်ကို လိုက်နာကြသည်။ စေတနာ့ဘုရင်က သူ့နောက်သို့လိုက်လာရန် တိုက်ရိုက်မပြောခဲ့သော်လည်း ၎င်းတို့အနေဖြင့် နှောင့်နှေးရန်မဝံ့ရဲကြပေ။ မဟုတ်လျှင် ၎င်းတို့အသက်ပါသွားလိမ့်မည်။

"တိုက်ရိုက်လိုင်း”

အနောက်ဘက်သူတော်စင်၏နတ်ဘုရားရာထူးကို အခြေခံထားသည့် နတ်ဘုရားဘုရင်စစ်တပ်ဝိညာဉ်သည် မူလ ကြယ်စုစစ်တပ်ဝိညာဉ်ထက်ပင် ပို၍အစွမ်းထက်သည်။ တခဏအတွင်း၌ပင် ကြီးမားသော ရုပ်လုံးပေါ်လာ၏။ အနောက်ဘက်သူတော်စင်သည် နတ်ဘုရားဘုရင်စစ်တပ်ဝိညာဉ်၏ အထက်တွင်ရပ်နေကာ သိပ်မဝေးသောနေရာသို့ စိုက်ကြည့်ရင်း စစ်တပ်ဝိညာဉ်ကိုထိန်းချုပ်ထားသည်။

လျင်မြန်စွာ နီးကပ်လာနေသည့် ရောင်ဝါက သူ့ကို အသက်ခြိမ်းခြောက်မှု ခံစားရစေသည်။ တိုက်ခိုက်သူသည် မဟာသူတော်စင်အဆင့် စွမ်းအားရှင်ဖြစ်ရမည်။ အနောက်ဘက်သူတော်စင်သည် ချက်ချင်းပင် ရီ‌ရှောင်းရှောင်းကိုအသိပေးပြီးနောက် ရန်သူရောက်လာသည်ကို စောင့်ဆိုင်းကာ အပြည့်အဝအာရုံစိုက်ထားသည်။

စေတနာ့ဘုရင်မဟာသူတော်စင်သည် နတ်ဘုရားဘုရင်စစ်တပ်ဝိညာဉ်ကို ပထမဆုံးအကြိမ် သတိပြုမိလိုက်၏။ ဂိုဏ်းခွဲများသည် အခြေခံအားဖြင့် စစ်တပ်ဝိညာဉ်များကဲ့သို့ အရာများမပါဝင်သော်လည်း စေတနာ့ဘုရင်မဟာသူတော်စင်သည် စစ်တပ်ဝိညာဉ်၏တည်ရှိမှုကို ချက်ချင်း သတိထားမိသည်။

"ဒီစစ်တပ်ဝိညာဉ်က ကောင်းပေမယ့် ငါ့ကို ဘယ်နှစ်ချက်လောက်များ တားဆီးနိုင်မှာမို့လဲ"

စေတနာ့ဘုရင်မဟာသူတော်စင်က အောက်ဘက်ရှိ နတ်ဘုရားဘုရင်စစ်တပ်ဝိညာဉ်ကို ညင်သာစွာ ပုတ်လိုက်သည်။

ဘမ်း!

ကျိုးပဲ့စစ်တပ်သူတော်စင်ဥပဒေဖြစ်သည့် နတ်ဘုရားဘုရင်စစ်တပ်ဝိညာဉ်၏ လှံတံကိုကိုင်မြှောက်လိုက်သည်။ နတ်ဘုရားဘုရင်ရာထူးတိုင်းက ကျင့်ကြံနည်းစနစ်ကိုယ်စီရှိသည်။

ကျိုးပဲ့စစ်တပ်ကိုအစွဲပြု၍ အမည်ပေးထားသော ကျိုးပဲ့စစ်တပ်သူတော်စင်ဥပဒေသည် သဘာဝအားဖြင့် အပြင်းထန်ဆုံးဖြစ်သည်။

လှံတံဖြင့် ထိရောက်စွာတိုက်ခိုက်ခဲ့သည်တိုင် ၎င်းကချက်ချင်းပျက်ပြယ်သွားသည်။ အနောက်သူတော်စင်၏မျက်နှာက ပို၍လေးနက်လာကာ တိုက်ခိုက်သူသည် အမှန်ပင်မဟာသူတော်စင်ဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်။ ၎င်း၏အင်အားက ပြင်းထန်လွန်း၏။

ပေါ့ပေါ့ပါးပါးလှုပ်ရှားလိုက်ရုံနှင့် စစ်တပ်ဝိညာဉ်ကို လောင်ကျွမ်းစေခဲ့သည်။ အနောက်သူတော်စင်က သူသည် ၎င်း၏ ပြိုင်ဘက်မဟုတ်ကြောင်းသိလိုက်သည်။ သို့သော် စစ်သည်များက သတ္တိမကြောင်ကြပေ။

“သတ်ကြ”

အနောက်ဘက်သူတော်စင်သည် တိုက်ပွဲစရန်ဆုံးဖြတ်ကာ စေတနာ့ဘုရင်မဟာသူတော်စင်ဆီသို့ ပြေးသွားခဲ့သည်။

တိုက်ခိုက်မှုတစ်ခုချင်းစီတိုင်းက လေဟာနယ်အတွင်း မိုင်သန်းပေါင်းများစွာကို ထိုးဖောက်ဝင်ရောက်သွားသည်။ များပြားလှသော စွမ်းအားမတည်ငြိမ်မှုက နတ်ဘုရားဘုရင်စစ်တပ်ဝိညာဉ်ကို ပေါက်ကွဲထွက်လာစေသည်။

စေတနာ့ဘုရင်မဟာသူတော်စင်၏ မဟာသူတော်စင်လက်နက်က နတ်ဘုရားအရှင်စစ်တပ်ဝိညာဉ်ကို တွန်းလှန်သော်လည်း သူ့မျက်နှာတွင် စိတ်မရှည်မှုအရိပ်ယောင်ပေါ်လာသည်။

ပုရွက်ဆိတ်နှင့်တူသော သတ္တဝါကများ သူ့ကို အချိန်များစွာကုန်စေသည်။ ၎င်းက စေတနာ့ဘုရင်မဟာသူတော်စင်၏အမြင်တွင် ရှက်စရာကောင်းနေ၏။

"မင်းသေချင်နေမှတော့ ငါကဖြည့်ဆည်းပေးရမှာပေါ့!"

အဆုံးမရှိ ရှည်လျားသော မြစ်တစ်စင်းက စေတနာ့ဘုရင်၏ဦးခေါင်းထက်တွင်ပေါ်လာသည်။ ၎င်းက သူ ကျွမ်းကျင်သော ကောင်းကင်တာအို၏ မူလအခြေခံနိယာမဖြစ်သည်။ မကောင်းဆိုးဝါးချီက မဟာသူတော်စင်၏လက်နက်ထဲသို့ စိမ့်ဝင်လာလာ ၎င်း၏စွမ်းအားသည် လူသတ်လိုစိတ်ဖြင့် ချက်ခြင်းကြီးထွားလာသည်။

စေတနာ့ဘုရင်မဟာသူတော်စင်၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ထွက်ပေါ်လာပြီး ဤတိုက်ခိုက်မှုဖြင့် ဤအရေးမပါသော သတ္တဝါကိုချေမှုန်းပစ်ချင်ခဲ့သည်။

သို့သော် ဤတိုက်ခိုက်မှုကမအောင်မြင်လျှင် သူသေသွားနိုင်သည်ကို သိထား၏။ သို့သော် သူ့နောက်တွင် တာ့ယွီနတ်မင်းဆက်၏ စစ်သည်တော်များစွာရှိနေသည်။

ဗိုလ်ချုပ်တစ်ယောက်အနေနှင့် သူကိုယ်တိုင် လွတ်မြောက်သွားသော်လည်း သူ့စစ်သည်များ သေဆုံးရမည်ကို မကြည့်နေနိုင်ချေ။

အနောက်သူတော်စင်ကလည်း ဤတိုက်ခိုက်မှုကို ဟန့်တားရန် ယုံကြည်ချက်ရှိသည်။

သူသေသွားလျှင်ပင် တာ့ယွီနတ်မင်းဆက်၏ စစ်ရေးဂုဏ်သတင်းကိုတော့ တိုးမြှင့်ပေးနိုင်ရမည်။

ထို့နောက်တွင် ကွဲအက်သံများ ဆက်တိုက်ထွက်ပေါ်လာပြီး ၎င်းက နတ်ဘုရားဘုရင်စစ်တပ်ဝိညာဉ် ထိန်းမထားနိုင်တော့သည့် နိမိတ်ဖြစ်သည်။

"နတ်ဧကရာဇ်တံဆိပ်!"

ကြီးမားသောတံဆိပ်တစ်ခုသည် ကောင်းကင်မှ ရုတ်တရက်ကျလာပြီး စေတနာ့ဘုရင်မဟာသူတော်စင်ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ ၎င်း၏စွမ်းအားက အလွန်ကြီးမားလှသဖြင့် စေတနာ့ဘုရင်မဟာသူတော်စင်ပင် ခြိမ်းခြောက်ခံလိုက်ရသည်။ သူသည် စိတ်ပျက်လက်ပျက်ဖြင့် သူ၏လက်ရှိပစ်မှတ်ကိုစွန့်လွှတ်ကာ ခုခံကာကွယ်ရန်သာ အာရုံစိုက်လိုက်ရသည်။

ဤတိုက်ခိုက်မှုက ယခင်အကြိမ်ထက် ပိုမိုထင်ရှားပြင်းထန်သည်။ သို့သော် နောက်ဆုံးတွင် စေတနာ့ဘုရင်သည် တိုက်ခိုက်မှုကို အောင်မြင်စွာ ကာကွယ်နိုင်လိုက်၏။ သူ၏အကြည့်ကို နတ်ဘုရားဘုရင် စစ်တပ်ဝိညာဉ်ထံမှ ရုပ်သိမ်းလိုက်သောအခါ တိုက်ခိုက်မှုကို စတင်ခဲ့သူအား တွေ့လိုက်ရသည်။ ၎င်းက အနီရောင်ဝတ်ထားသော အမျိုးသမီး နတ်ဘုရားမဖြစ်ကာ စေတနာ့ဘုရင်မဟာသူတော်စင်၏ မျက်လုံးများသည် အံ့ဩမှုဖြင့် ပြည့်နှက်နေသည်။

………

အခန်း ၅၀၁ - သူတော်စင်အဆင့်၊ ရီရှောင်းရှောင်း၏ အဆင့်တက်လှမ်းမှု

ရီ‌ရှောင်းရှောင်း၏ကိုယ်ရေးအကျဉ်းကို ပြန်အောက်မေ့ပြီးနောက် စေတနာ့ဘုရင်မဟာသူတော်စင်သည် သူမကို ချက်ချင်းမှတ်မိလိုက်သည်။ သို့သော် တာ့ယွီနတ်မင်းဆက်၏သူတော်စင်က သူထင်ထားသည်ထက် သာလွန်နေမည်ဟု မထင်ထားခဲ့ပေ။

စေတနာ့ဘုရင်မဟာသူတော်စင်၏ နှလုံးသားတွင် အနိုင်ယူလိုစိတ်က ကြီးထွားလာသည်။ တာ့ယွီနတ်မင်းဆက်ကို ချေမှုန်းရုံသာမက သူ့ရှေ့ရှိ အမျိုးသမီးကိုပါ အနိုင်ယူရန် သူဆုံးဖြတ်လိုက်၏။

ရီရှောင်းရှောင်းက “ကျန်တာကို ငါနဲ့လွှဲထားလိုက်” ဟု အမိန့်ပေးလိုက်သည်။

သူမ၏လက်လှုပ်ရှားမှုအောက်တွင် မရေမတွက်နိုင်သော ကံကြမ္မာစွမ်းအားစီးကြောင်းက ကြယ်စုတပ်ထဲသို့စိမ့်ဝင်သွားသည်။ ထိုအခါ ပြ်ိုလံလုနီးနီးဖြစ်နေသည့် စစ်သည်များကလည်း ပြန်လည်ကောင်းမွန်လာကြသည်။

ရှီထျန်းသူတော်စင်သည် ရီ‌ရှောင်းရှောင်းပေါ်လာသည်ကို မြင်မှသာ သက်ပြင်းချလိုက်နိုင်သည်။

သူမအောင်မြင်နိုင်ခဲ့သော်လည်း ဤတိုက်ပွဲက တာ့ယွီနတ်မင်းဆက်ကို အရှက်ရစေခြင်းမရှိခဲ့ချေ။

ဖီးနစ်ဝတ်ရုံတစ်ခုက ရီ‌ရှောင်းရှောင်းအပေါ် လွှမ်းခြုံထားပြီး နတ်ဧကရာဇ်ဓားက သူမနောက်တွင် လွင့်မျောနေသည်။ ထိုကဲ့သို့ မဟာသူတော််စင်အဆင့် စွမ်းအားရှင်ကို ရင်ဆိုင်ရသည့်အခါ ရီ‌ရှောင်းရှောင်းအတွက် အာမခံချက်မရှိပေ။ သို့သော် သူမသည် ရီဖန်ကိုအကူအညီတောင်းရန် သို့မဟုတ် ရုပ်သေးကိုအသုံးပြုရန် မစဉ်းစားခဲ့ပေ။

ဤကျင့်ကြံမှုလောကတွင် အမှန်တကယ်သန်မာသူတစ်ဦးဖြစ်လာရန် ကျောထောက်နောက်ခံကိုသာ အားကိုး၍မရချေ။

အထောက်အပံ့တစ်ခုခုမရှိသည့်တိုင် ရီ‌ရှောင်းရှောင်းက တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်နေဆဲဖြစ်သည်။

လူသားဧကရာဇ်ဓား။ ၎င်းအတွင်းမှ ကံကြမ္မာရွှေနဂါးထွက်ပေါ်လာကာ စေတနာ့ဘုရင်မဟာသူတော်စင်ကို ချက်ချင်းခုတ်လွှဲလိုက်သည်။

အစောပိုင်းက စေတနာ့ဘုရင်မဟာသူတော်စင်သည် အထွတ်အထိပ်သူတော်စင်တစ်ဦးဖြစ်သည့် ရီ‌ရှောင်းရှောင်းက သူ့အား မည်သည့်ခြိမ်းခြောက်မှုမှပြုလုပ်နိုင်မည်ဟု မထင်ထားပေ။ သို့သော် လူသားဧကရာဇ်ဓားကို ဆွဲထုတ်လိုက်သည့်အခိုက်တွင် တစ်ခုခုလွဲနေကြောင်း သူသဘောပေါက်လိုက်သည်။ ၎င်း၏ခြိမ်းခြောက်မှုကို သူခံစားခဲ့ရ၏။

ဤခြိမ်းခြောက်မှုသည် ကြီးကြီးမားမားမဟုတ်သော်လည်း တာ့ယွီနတ်မင်းဆက်၏သူတော််စင်သည် မဟာသူတော်တစ်ဦးကို ခြိမ်းခြောက်နိုင်စေသည်အထိ စွမ်းအားရှိကြောင်း ပြနေသည်။ ၎င်းက အထွတ်အထိပ်သူတော်စင်ကျင့်ကြံမှုအဆင့်ကို ဆုပ်ကိုင်ထားသော်လည်း ထိုကဲ့သို့ ထူးခြားသည့်စွမ်းအားရှင်က စေတနာ့ဘုရင် မဟာသူတော်စင်၏ သတ်ဖြတ်လိုစိတ်ကို လှုံ့ဆော်ပေးသည်။

နောက်ထပ်ဆက်လက်ကျင့်ကြံခွင့်ပေးထားမိလျှင် သူ့အတွက်ခြိမ်းခြောက်မှုဖြစ်လာမည်မှာ ကျိန်းသေသည်။ မူလက ရီ‌ရှောင်းရှောင်းကို သိမ်းသွင်းရန် စီစဉ်ခဲ့သော စေတနာ့ဘုရင်မဟာသူတော်စင်သည် ယခုအခါ စိတ်ပြောင်းသွား၏။ ရီ‌ရှောင်းရှောင်း ယနေ့သေကိုသေရမည်။

စေတနာ့ဘုရင်မဟာသူတော်စင်သည် လူသားဧကရာဇ်ဓားကို ပစ်မှတ်ထားပြီး သူ၏မဟာသူတော်စင်လက်နက်ကို အသုံးပြုခဲ့သည်။ လေထုထဲတွင် မဟာသူတော်စင်လက်နက်နှစ်ခု တိုက်မိသွားကာ လေဟာနယ်အတွင်း မရေမတွက်နိုင်သော တွင်းနက်များကိုဖန်တီးခဲ့သည်။

တာ့ယွီနတ်မင်းဆက်၏ကျင့်ကြံသူများသည် ၎င်းတို့၏ ဧကရာဇ်မရှုံးနိုင်ဟု ပြင်းပြင်းထန်ထန်ယုံကြည်ကြကာ လက်သီးများ တင်းကြပ်စွာဆုပ်ထားသည်။

တိုက်ပွဲများပိုမိုပြင်းထန်လာသည်နှင့်အမျှ စေတနာ့ဘုရင်မဟာသူတော်စင်၏ သတ်ဖြတ်လိုစိတ်သည်လည်း ပိုမိုအားကောင်းလာသည်။

ရီ‌ရှောင်းရှောင်း၏စွမ်းရည်က ပိုအားကောင်းလေလေ၊ ၎င်းသည် သူ၏လူသတ်ရန် ရည်ရွယ်ချက်ကလည်း ပို၍ပြင်းထန်လာလေလေဖြစ်သည်။ သူတော်စင်အဆင့်အထိ ကျင့်ကြံနိုင်သည့် မည်သည့်တိုက်ခိုက်ရေးသမားမဆို ထူးခြားသည်ဟု ယူဆနိုင်သည်။

ရီ‌ရှောင်းရှောင်းသည် သူမ၏ကျင့်ကြံမှုအဆင့်က မဟာသူတော်စင်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော်လည်း၊ သူမသည် တိုက်ပွဲအတွင်း တည်ငြိမ်စွာတိုးတက်နေဆဲဖြစ်သည်ကို စေတနာ့ဘုရင်မဟာသူတော်စင် သတိပြုမိခဲ့သည်။ သူမ၏ သူ့ကိုအနိုင်ယူရန် စွမ်းအားသည် ယာယီအနေဖြင့် ချို့တဲ့နေသော်လည်း ရီ‌ရှောင်းရှောင်းကိုသာ အချိန်ပိုပေးရလျှင် ပြောင်းလဲသွားနိုင်သည်။

ယခုအချိန်တွင် စေတနာ့ဘုရင်မဟာသူတော်စင်သည် ၎င်း၏ယခင် ဆုံးဖြတ်ချက်ကို ပယ်ဖျက်လိုက်သည်။

အချိန်အနည်းငယ်ပိုပေးလျှင် ရီ‌ရှောင်းရှောင်းအနေဖြင့် သူ့ကိုအသေးအဖွဲခြိမ်းခြောက်ရုံမျှမကဘဲ အမှန်တကယ်သတ်နိုင်သော စွမ်းအားရသွားလိမ့်မည်။ ယနေ့ရီ‌ရှောင်းရှောင်း သေမှဖြစ်တော့မည်။

ကောင်းကင်သူတော်စင်လျှို့ဝှက်နည်းလမ်း။

ရီ‌ရှောင်းရှောင်းကို သူ၏ပုံမှန်အင်အားဖြင့် အချိန်တိုအတွင်းမသတ်နိုင်ခဲ့သော စေတနာ့ဘုရင်မဟာသူတော်စင်သည် လျှို့ဝှက်နည်းပညာကို လျင်မြန်စွာအသုံးပြုလိုက်ကာ သူ၏စွမ်းအားကို ပိုမိုတိုးတက်စေခဲ့သည်။ မဟာသူတော်စင်တစ်ယောက်၏ ဂုဏ်သိက္ခာကိုတော့ လုံးဝဖယ်ထားပြီးဖြစ်၏။

ရီ‌ရှောင်းရှောင်းသည် အစပိုင်းတွင် တိုက်ခိုက်မှုများကို ခုခံနိုင်စွမ်းရှိသော်လည်း စေတနာ့ဘုရင်မဟာသူတော်စင်က သူ၏လျှို့ဝှက်နည်းလမ်းကို အသုံးပြုလိုက်ချိန်တွင် သူမဒဏ်ရာရသွားခဲ့သည်။ အလယ်အလတ် မဟာသူတော်စင်အဆင့် ကာကွယ်ရေးလက်နက်ဖြင့်ပင် သူမသည် တိုက်ခိုက်မှုများကို လုံးဝမတားဆီးနိုင်တော့ပေ။

ရီဖန်သည် သူ့လက်သီးကို တင်းကြပ်စွာဆုပ်လိုက်မိ၏။

အနှီသူခိုးက သူ့ညီမကို ဒုက္ခပေးခြင်းသည် ကိုယ့်သေတွင်းကိုယ်တူးလိုသောကြောင့်သာ ဖြစ်ရမည်။

ရီဖန်သည် စေတနာ့ဘုရင်မဟာသူတော််စင်ကို ကြားဝင်သတ်ပစ်လိုသည်။ သို့သော် နောက်ဆုံးတွင် သူပြန်ထိန်းလိုက်နိုင်သည်။

စေတနာ့ဘုရင်ရောက်လာချိန်မှစ၍ ရီဖန်သည် ထိုနေရာ၌ ရှိနေပြီဖြစ်သည်။ သို့သော် ရီဖန်က ရီ‌ရှောင်းရှောင်း၏ ရည်ရွယ်ချက်ကိုမြင်သောကြောင့် သူလှုပ်ရှားရန် အလျင်စလို မလုပ်ခဲ့ပေ။ ရီ‌ရှောင်းရှောင်း သူ့ကို မခေါ်လိုက်ခြင်းက သူမတစ်ယောက်တည်း ပြီးအောင်လုပ်ရန် ရည်ရွယ်ခဲ့ခြင်းကြောင့်ဖြစ်သည်။

ထို့ကြောင့် ရီဖန်က ဝင်စွက်ဖက်စရာ အကြောင်းမရှိပေ။ သို့သော် ရီ‌ရှောင်းရှောင်းရှုံးနိမ့်သွားခဲ့လျှင်တော့ သူထိုင်ပြီး စောင့်ကြည့်နေမည် မဟုတ်ပါ။

ရီဖန်သည် သူ၏မျိုးနွယ်စုဝင်များအား အန္တရာယ်ပြုဝံ့သောသူကို သတ်ပစ်မည်ဖြစ်သည်။

ဤသို့ဖြင့် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည်။ လျှို့ဝှက်နည်းစနစ်ကိုအသုံးပြုသော စေတနာ့ဘုရင် မဟာသူတော်စင်ကိုရင်ဆိုင်ရသောအခါ ရီ‌ရှောင်းရှောင်းသည် သိသိသာသာရုန်းကန်နေရပြီး သူမ၏ဒဏ်ရာများမှာ ပိုမိုပြင်းထန်လာသည်။ သူမကိုင်ထားသည့် အလယ်အလတ် ကာကွယ်ရေး မဟာသူတော်စင်လက်နက်ကြောင့်သာ မဟုတ်လျှင် သူမကျဆုံးသွားနိုင်သည်။

သို့သော် ရီ‌ရှောင်းရှောင်း၏မျက်လုံးများက ပို၍တောက်ပလာသည်။ နှစ်များတစ်လျှောက် ရီမိသားစု၏ပံ့ပိုးမှုဖြင့် ရီ‌ရှောင်းရှောင်းသည် သူ့နည်းလမ်းနှင့်သူ အရာအားလုံးကို အမြဲရရှိခဲ့သည်။ နောက်ဆုံးတွင် သူမ၏ကိုယ်ပိုင်နှလုံးသားကို နားလည်သဘောပေါက်ရန်နှင့် မူလအခြေခံန်ိယာမများကို နားလည်ရန် လမ်းကြောင်းရသွားပြီဖြစ်၏။

ယခု ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲ၏ဖိအားများနှင့်အတူ ရီ‌ရှောင်းရှောင်းသည် သူမ၏တာအိုအပေါ် တဖြည်းဖြည်း ဉာဏ်အလင်းရလာသည်။ မူလအခြေခံနိယာမ၊ ဧကရာဇ်တာအို။ ရီ‌ရှောင်းရှောင်းသည် ကောင်းကင်နှင့်နယ်မြေအားလုံးကို အုပ်စိုးရန် ကံကြမ္မာကသတ်မှတ်ထားသူဖြစ်သည်။

"ဒူးထောက်စမ်း!"

ရီ‌ရှောင်းရှောင်းသည် သူမရှေ့မှ စေတနာ့ဘုရင်မဟာသူတော်စင်ကို အမိန့်ပေးခဲ့သည်။၎င်းသည် ရီ‌ရှောင်းရှောင်း၏စကားကိုကြားသောအခါ လျစ်လျူရှုလိုက်၏။ လူသားဧကရာဇ်သည် သူကဲ့သို့ စွမ်းအားကြီးသူကို အမိန့်ပေးပိုင်ခွင့်မရှိနေပါ။

……..

All Chapters