← Chapters

အခန်း ၅၀၂-၅၀၄

Vol. 34 Ch. 502-504

အခန်း ၅၀၂-၅၀၄

Vol. 34 Ch. 502-504

အခန်း ၅၀၂ - သူတော်စင်အဆင့်၊ ရီရှောင်းရှောင်း၏ အဆင့်တက်လှမ်းမှု

သို့သော်လည်း နောက်အခိုက်အတန့်တွင် စေတနာ့ဘုရင်မဟာသူတော်စင်သည် ကောင်းကင်နှင့်မြေကမ္ဘာတစ်ခွင်လုံး သူ့အားရုတ်တရက် ဖိနှိပ်ထားသည်ကို ခံစားလိုက်ရသည်။ သူ၏ မဟာသူတော်စင်အဆင့် ကျင့်ကြံမှုဖြင့်ပင် ၎င်းက်ုတွန်းလှန်နိုင်ခြင်းမရှိဟု ခံစားလိုက်ရ၏။ တစ်ကမ္ဘာလုံးက သူ့ကိုဒူးထောက်ရန် စေခိုင်းနေသည်။

၎င်းက မည်သို့ဖြစ်နိုင်မည်နည်း။ စေတနာ့ဘုရင် မဟာသူတော်စင်သည် ရီ‌ရှောင်းရှောင်းကို ထိတ်လန့်တကြားကြည့်လိုက်ရာ ရီ‌ရှောင်းရှောင်း၏ ဦးခေါင်းထက်တွင် လင်းလက်စွာတောက်ပနေသော မူလအခြေခံနိယာမကို မြင်လိုက်ရသည်။

ဤအခိုက်အတန့်တွင် ရီ‌ရှောင်းရှောင်းသည် သူမ၏မူလအခြေခံနိယာမကို နားလည်သွားပြီဖြစ်ကာ သူမ၏အသွင်ပြောင်းခြင်းကို စတင်ခဲ့သည်။ ရီ‌ရှောင်းရှောင်းသည် ရီရှောင်းရှောင်းဖြစ်နေဆဲဖြစ်သော်လည်း ယခင်နှင့်မတူညီတော့ပေ။ သူမကိုလွှမ်းခြုံထားသည့် ရောင်ဝါက စေတနာ့ဘုရင် မဟာသူတော်စင်ကိုပင် အသက်ရှူကြပ်စေသည်။

ရီ‌ရှောင်းရှောင်းသည် ယခုလေးတင်မှ အဆင့်တက်လှမ်းထားခြင်းဖြစ်ရာ အဘယ်ကြောင့်စွမ်းအားအပြည့်အဝရဦးမည်နည်း။

၎င်းက စေတနာ့ဘုရင်မဟာသူတော်စင်ကဲ့သို့သော သာမန်ပါရမီရှင်တစ်ဦး၏ နားလည်မှုထက် ကျော်လွန်နေသည်။ လူတိုင်းတွင် ကိုယ်ပိုင်မူလအခြေခံနိယာမများရှိကြသော်လည်း ကွာဟချက်က များပြားသည်။

ရီ‌ရှောင်းရှောင်းသည် ယခုမှအဆင့်ဖြတ်ကျော်ပြီး သူမ၏အသွင်ကူးပြောင်းမှု အပြည့်အဝမပြီးမြောက်သေးသော်လည်း စေတနာ့ဘုရင်မဟာသူတော်စင်၏ ခံစစ်စွမ်းအားထက်ပင် သာလွန်နေသေးသည်။ ၎င်းက ၎င်းတို့၏ မူလအခြေခံန်ိယာများကြားမှ ခြားနားချက်တစ်ခုဖြစ်သည်။

တာ့ယွီနတ်မင်းဆက်၏ ကျင့်ကြံသူများသည်လည်း ရီ‌ရှောင်းရှောင်းကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေခဲ့ကြသည်။ ၎င်းတို့ဘုရင်မက စိန်ခေါ်မှုတိုင်း၏ အထက်စီးတွင်သာရှိသည်။

ဤနှစ်များအတွင်း ရီ‌ရှောင်းရှောင်း အဆက်မပြတ်တည်ဆောက်ခဲ့သော ဂုဏ်သတင်းကြောင့် တာ့ယွီနတ်မင်းဆက်တစ်ခုလုံးသည် ရီ‌ရှောင်းရှောင်း မည်သည့်အခါမှ ရှုံးနိမ့်မည်မဟုတ်ကြောင်း အခိုင်အမာယုံကြည်ထားသည်။

တာ့ယွီနတ်မင်းဆက်မှ ကျင့်ကြံသူများ၏ ထိုကဲ့သို့သောစိတ်ဓာတ်ကို တွေ့မြင်ရသောအခါ စေတနာ့ဘုရင်မဟာသူတော်စင်သည် ဆုတ်ခွာရန် စဉ်းစားမိလိုက်၏။ ဤနတ်မင်းဆက်၏ သူတော်စင်သခင်သည် တိုက်ပွဲအတောအတွင်း နယ်ပယ်အကြီးတစ်ခု ဖြတ်ကျော်နိုင်လောက်အောင်ထိ အင်အားကြီးလွန်းသည်။

အဆင့်နိမ့်ပိုင်းတွင်လည်း ဤကဲ့သို့လုပ်ဆောင်နိုင်သူ အနည်းငယ်ရှိသည်။ သို့သော် တိုက်ပွဲတစ်ခုအတွင်း အဆင့်တက်လှမ်းအောင်မြင်နိုင်ခြင်းကြောင့် မည်သို့သောမကောင်းဆိုးဝါးလဲဟုပင် သူတွေးမိသည်။ ထိုသို့သောသူနှင့် တိုက်ခိုက်နေ၍မဖြစ်တော့ချေ။

သို့သော် ယခုအချိန်မှထွက်ပြေးရန် တွေးမိခြင်းက အတော်နောက်ကျနေလေပြီ။

"ရှီထျန်းဗိုလ်ချုပ် ဘယ်မှာလဲ"

ရီ‌ရှောင်းရှောင်ပြောလိုက်သည်နှင့် နတ်ဘုရားဘုရင်စစ်တပ်ဝိညာဉ်က ပြန်ပေါ်လာသည်။

“နိုင်ငံ့ကောင်းကျိုးအတွက် ဒီမွန်းစတားကိုသတ်ပစ်လိုက်”

ရီ‌ရှောင်းရှောင်း၏စကားမဆုံးမီ သူမ၏မူလအခြေခံနိယာမ၏ အလင်းတန်းတစ်ခု ဆင်းသက်လာကာ နတ်ဘုရားဘုရင်စစ်တပ်ဝိညာဉ်တော်နှင့် ပေါင်းစပ်သွားခဲ့ရာ ၎င်း၏စွမ်းအားလဲ တစ်ဟုန်ထိုးမြင့်တက်လာသည်။

ဤတိုးမြှင့်မှုက မည်သည့်လျှို့ဝှက်နည်းပညာများထက်မဆို ပိုမိုအားကောင်းသည်။ ရီ‌ရှောင်းရှောင်းသည် ယခုလေးတင်မှ အဆင့်တက်လှမ်းခဲ့သော်လည်း ဧကရာဇ်ကောင်းချီးစွမ်းရည်အသစ်ကို ချက်ချင်းရရှိသွားပြီဖြစ်သည်။

ဧကရာဇ်မင်းတစ်ပါးသည် မိမိကိုယ်တိုင် သန်မာရန်တင်မကဘဲ ၎င်း၏အကြီးအကဲများလည်း သန်မာရန်လိုအပ်သည်။ ရီ‌ရှောင်းရှောင်းသည် ယခုအခါ နတ်ဘုရာဘုရင်စစ်တပ်ဝိညာဉ်၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်နိုင်ရုံသာမက တာ့ယွီနတ်မင်းဆက်၏အရာရှိများနှင့် စစ်သည်များ၏ ကျင့်ကြံမှုအရှိန်ကို သူမ၏မူလအခြေခံနိယာမနှင့် အရှိန်မြှင့်လိုက်သည်။

ရီ‌ရှောင်းရှောင်းသည် ဧကရာဇ်မင်းနိယာမအပေါ် နားလည်မှုက နတ်မင်းဆက်လမ်းစဉ်ကို ရွေးချယ်ထားသော တပ်ဖွဲ့များအတွက် အလွန်အရေးကြီးသည်။ ရီ‌ရှောင်းရှောင်း၏ကျင့်ကြံမှုအရှိန်သည် မြန်ဆန်လွန်းသည့်တိုင် ကောင်းချီးများကြောင့် သူမ၏အကြီးအကဲများကလည်း သူမနှင့် အမှီလိုက်နိုင်နေခဲ့သည်။

ရှီထျန်းသူတော်စင်တို့သည် ရီ‌ရှောင်းရှောင်း၏ကောင်းချီးများက အလွန်အစွမ်းထက်သည်ဟု ခံစားရသည်။ ၎င်းတို့၏လက်ရှိအင်အားက ဤမဟာသူတော်စင်နှင့် တိုက်ခိုက်ရန် လုံလောက်နိုင်သည်မဟုတ်လား။ ၎င်းတို့၏ဘုရင်မကို ထိခိုက်စေသော မဟာသူတော်စင်နှင့် ရင်ဆိုင်ရချိန်တွင် ကြယ်တာရာစစ်တပ်၏ ကျင့်ကြံသူများသည် လုံးဝကြောက်ရွံ့ခြင်းမရှိပေ။ စေတနာ့ဘုရင်မဟာသူတော်စင်ကိုသာ သတ်ပစ်ချင်ကြသည်။

"သတ်ကြ"

တိုက်ပွဲဟစ်ကြွေးသံက ကောင်းကင်ယံတစ်ခုလုံး ထိုးဖောက်ဝင်ရောက်လာကာ လူသတ်လိုသည့်ရည်ရွယ်ချက်များက စေတနာ့ဘုရင်မဟာသူတော်စင်ထံသို့ ဦးတည်သွားခဲ့သည်။

ကြယ်စုတပ်ဖွဲ့များ၏ ချုပ်နှောင်ထားခြင်းကြောင့်

စေတနာ့ဘုရင်မဟာသူတော်စင်သည် မလွတ်မြောက်နိုင်ပေ။ ပိတ်မိနေသော စေတနာ့ဘုရင် မဟာသူတော်စင်သည် သူ၏ကံကို တိတ်တဆိတ် ကျိန်ဆဲမိ၏။ ဤတစ်ကြိမ်တွင် သူတကယ်ဒုက္ခရောက်ပြီဖြစ်သည်။

ရီ‌ရှောင်းရှောင်း သူမ၏ကောင်းချီးများမရရှိစဉ်ကပင် သူ၏ပြိုင်ဘက်မဟုတ်သော စစ်တပ်ဝိညာဉ်သည် ပို၍ပင်စွမ်းအားကြီးမားလာသည်။ ရီ‌ရှောင်းရှောင်းသည် သူမ၏ ကနဦးအောင်မြင်မှုပြီးနောက် မည်မျှသန်မာလာမည်နည်း။

"ငါ ကျရှုံးတာကို ဝန်ခံပါတယ်!"

စစ်တပ်ဝိညာဉ်ဒဏ်ရာရသွားသောအခါ ရီ‌ရှောင်းရှောင်းသည် စကားအနည်းငယ်ပြောရန်သာ လိုအပ်ပြီး ၎င်းကပြန်လည်ကောင်းမွန်လာနိုင်သည်။ ထို့ပြင် တိုက်ပွဲပြင်းထန်လာသည်နှင့်အမျှ ပို၍ပင် အားကောင်းလာပုံရသည်။

သို့သော် သူကတော့ ဒဏ်ရာရသွားသည့်အချိန်တွင် ကုစားရန်ပင် အချိန်မရှိတော့ချေ။ သူ့အပေါ်မှ ဒဏ်ရာအရေအတွက်တိုးများလာပြီး ပိုလေးလာသည်နှင့်အမျှ ၎င်းတို့သည် သူ့အခြေခံအုတ်မြစ်ကို ခြိမ်းခြောက်လာကြသည်။

အခြေခံအုတ်မြစ်ကို ထိခိုက်ဒဏ်ရာရစေခြင်းက အနာဂတ်အောင်မြင်မှုများကို ပိုမိုစိန်ခေါ်မှုဖြစ်စေလိမ့်မည်။ စေတနာရှင်မဟာသူတော်စင်သည် သူ့ကိုညှာတာပေးရန် တောင်းပန်ရတော့၏။

သို့သော် နတ်ဘုရားဘုရင် စစ်တပ်ဝိညာဉ်၏ လှုပ်ရှားမှုများသည် အနည်းငယ်မျှနှေးကွေးခြင်းမရှိပေ။

၎င်းတို့သည် သူအသနားခံလျှင် သို့မဟုတ် အခြားမဟာသူတော်စင်ကို ထပ်ထည့်လျှင်ပင်၊ ရီ‌ရှောင်းရှောင်းက အမိန့်မပေးသရွေ့ ဆက်တိုက်နေကြမည်ဖြစ်သည်။ ရီ‌ရှောင်းရှောင်း၏အမူအရာမှာ လုံးဝပြောင်းလဲခြင်းမရှိပေ။ ယနေ့သူတို့ရင်ဆိုင်နေရသော ပထမအဆင့်သူတော်စင်အင်အားစုကို သေချာပေါက်သတ်ပစ်ရမည်။

ယနေ့မည်သူ့ကိုမျှ မသတ်ဖြတ်နိုင်ခဲ့လျှင် အနာဂတ်တွငိ မဟာသူတော်စင်ကြီးများက တာ့ယွီနတ်မင်းဆက်ကို တိုက်ခိုင်နိုင်သည်၊ ၎င်းတို့ မနိုင်လျှင် လက်နက်ချလိုက်ရုံနှင့် ဖြေရှင်းပြီးသွားလိမ့်မည်ဟု အထင်မှားသွားကြနိုင်သည်။ ထို့ကြောင့် မျောက်ကို ခြောက်ရန်အတွက် ကြက်ကို သတ်ပစ်မှရမည်။

စေတနာ့ဘုရင်မဟာသူတော်စင်သည် ၎င်းအတွက် ပြီးပြည့်စုံသော ပစ်မှတ်ဖြစ်၏။

ရီရှောင်းရှောင်း၏ လူသတ်လိုစိတ်ကို ခံစားလိုက်ရသော စေတနာ့ဘုရင်မဟာသူတော်စင်သည် တာ့ယွီနတ်မင်းဆက်က ယနေ့ သူ့ကို လွှတ်ပေးရန်အကြံမရှိကြောင်း သိလိုက်သည်။ သူအနည်းငယ် နောင်တရသွားသော်လည်း တစ်စုံတစ်ခုကို ပြတ်ပြတ်သားသားဆုံးဖြတ်လိုက်သည်။

"မင်းငါ့ကို သေစေချင်မှတော့ ငါတို့အတူတူ သေကြတာပေါ့!"

မဟာသူတော်စင်အဆင့် စွမ်းအားရှင်တစ်ဦး၏ မိမိကိုယ်ကိုဖျက်ဆီးခြင်းက ရီရှောင်းရှောင်းကို ထိခိုက်စေမည်မဟုတ်သော်လည်း နတ်ဘုရားဘုရင်စစ်တပ်ဝိညာဉ်ကိုတော့ ထိခိုက်စေနိုင်သည်။ စေတနာ့ဘုရင်မဟာသူတော်စင်အတွင်းမှ စွမ်းအားများသည် အထိန်းအကွပ်မဲ့စွာဖြင့် တဟုန်ထိုး တိုးတက်လာကာ ဖောက်ခွဲရန် အသင့်ရှိနေပြီဖြစ်သည်။

သူ မသေခင်လေး၌ ရီရှောင်းရှောင်းကို ပြင်းထန်စွာစိုက်ကြည့်ရင်း သူမမျက်လုံးထဲမှ စိတ်ပျက်အားငယ်မှုကို ရှာနေသည်။ သို့သော် ရီရှောင်းရှောင်း၏အမူအရာက တည်ငြိမ်လွန်းနေသည်။ ဤစစ်တပ်က သူ့အတွက် အရေးမကြီးဘူးလား။

နောက်အခိုက်အတန့်တွင် စေတနာ့ဘုရင်မဟာသူတော်စင်သည် ရီရှောင်းရှောင်းအဘယ်ကြောင့် ဤမျှတည်ငြိမ်နေသည်ကို နားလည်သွားသည်။

လက်တစ်ဖက်က သူ့စိတ်ဝိဥာဉ်ပင်လယ်ထဲသို့ ချက်ခြင်းထိုးဖောက်လာကာ သူ၏စိတ်ဝိညာဉ်ကို စုတ်ဖြဲလိုက်သည်။ ထို့နောက် ရီရှောင်းရှောင်းထက် ပို၍ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက သူ့ကိုယ်သူဖျက်ဆီးတော့မည့် သူ့ခန္ဓာကိုယ်ကို ချက်ချင်းချေမှုန်းပစ်လိုက်သည်။

သူမသေခင်လေး၌ ရီရှောင်းရှောင်းနှင့် ဆင်တူသည့် မျက်နှာတစ်ခုကို သူတွေ့လိုက်ရသည်။

ရီရှောင်းရှောင်းက ကြောက်စရာအကောင်းဆုံးမဟုတ်ဘဲ သူ့ကိုကူညီနေသည့် တခြားတစ်ယောက်ရှိနေသည်။

ထို့နောက် သူ့အသိစိတ်က အမှောင်ထုထဲ ရောက်ရှိသွားကာ မဟာသူတော်စင်အဆင့်စွမ်းအားရှင်တစ်ဦး ကျဆုံးသွားလေပြီ။

ရီဖန်ရောက်လာသည်ကို ရီရှောင်းရှောင်းက နည်းနည်းမှ မအံ့ဩပေ။ သူမ၏ လက်ရှိကျင့်ကြံမှုအဆင့်ဖြင့် ရီဖန်ကဖုံးကွယ်ထားလျှင် သူ့ကို ရှာတွေ့နိုင်မည် မဟုတ်သော်လည်း သွေးမျိူးဆက်ဆက်နွှယ်မှုကြောင့် ရီရှောင်းရှောင်းသည် သူ၏ပေါ်ပေါက်လာမှုကို ခံစားလိုက်နိုင်သည်။ ရီဖန်လည်း ဤတိုက်ပွဲကို စောင့်ကြည့်နေသည်မှာ သေချာပေါက်ပင်။

ထိုအချိန်တွင် ကောင်းကင်မှ သွေးမိုးရွာချလာသည်။

အနီးနားရှိ စွမ်းအားရှင်များသည် ကောင်းကင်ထက်မှ သွေးမိုးကို ထိတ်လန့်စွာမျှော်ကြည့်လိုက်သည်။

မဟာသူတော်စင်တစ်ဦး ကျဆုံးသွားသလား။

၎င်းတို့သည် ဤကမ္ဘာ၏အထွတ်အထိပ်သို့ ရောက်ရှိနေသူများဖြစ်သည်မဟုတ်လား။ ၎င်းကျဆုံးခြင်းက ကိစ္စကြီးတစ်ခုဖြစ်သည်။

"မြန်မြန်သွားစုံစမ်း၊ ဘာတွေဖြစ်နေလဲဆိုတာ အတိအကျစုံးစမ်းခဲ့!"

မရေမတွက်နိုင်သော အင်အားစုများက ကျဆုံးသွားသော မဟာသူတော်စင်အကြောင်း စုံစမ်းရန် ကင်းထောက်များကို စေလွှတ်ခဲ့သည်။ ထိုအချိန်တွင် ကောင်းကင်သူတော်စင်ဂိုဏ်းမှ အကြီးအကဲအများအပြားသည်လည်း စစ်မြေပြင်သို့ ရောက်ရှိခဲ့ကြသည်။ ထို့နောက် ၎င်းတို့သည် ကျဆုံးသွားသော စေတနာ့ဘုရင်မဟာသူတော်စင်ကို တွေ့လိုက်ရ၏၊

"ဂိုဏ်းချုပ်"

စေတနာ့ဘုရင်မဟာသူတော်စင်က အလွယ်တကူ ကျဆုံးသွားခြင်းကို အကြီးအကဲတစ်ဦးက မယုံကြည်နိုင်ဖြစ်ကာ မှင်တက်သွားနေမိသည်။

“ဘာဂိုဏ်းချုပ်လဲ။ တာ့ယွီနတ်မင်းဆက်ကို ပြဿနာရှာဖို့ ငါတို့တားတာကို နားမထောင်တည်းက သူ ငါတို့ဂိုဏ်းချုပ်မဟုတ်တော့ဘူး”

ဒုဂိုဏ်းချုပ်က တင်းမာစွာ ပြောလိုက်သည်။ ၎င်းတို့သည် စေတနာ့ဘုရင်မဟာသူတော်စင်အတွက် ဝမ်းနည်းပူဆွေးမှု တစ်စုံတစ်ရာကိုပြဝံ့လျှင် တာ့ယွီနတ်မင်းဆက်က ၎င်းတို့ကို 'ပညာ' ပေးမည်စိုးသောကြောင့် ရွေးချယ်စရာမရှိချေ။

ဝံပုလွေများနှင့် ကျားများကဲ့သို့ ရက်စက်သော တာ့ယွီနတ်မင်းဆက်မှ ကျင့်ကြံသူများက ၎င်းတို့အား စိုက်ကြည့်နေသည်ကို မသိကြသေးချေ။

အခြားအကြီးအကဲများသည်လည်း လျင်မြန်စွာ နားလည်သဘောပေါက်သွားကြကာ စေတနာ့ဘုရင်မဟာသူတော်စင်က ခွင့်မလွှတ်နိုင်သော တစ်စုံတစ်ရာကို ပြုလုပ်ခဲ့သကဲ့သို့ ဒေါသထွက်နေကြသည်။

၎င်းတို့၏အသက်ကို ရီရှောင်းရှောင်းဂရုမစိုက်သော်လည်း ကောင်းကင်သူတော်စင်ဂိုဏ်းမှ အရင်းအမြစ်အားလုံးကိုတော့ ယူရမည်။

ဤကိစ္စရပ်ကို ယခုဖြေရှင်းလိုက်သည်နှင့် ကောင်းကင်သူတော်စင်ဂိုဏ်း၏ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ လာမည့် တာ့ယွိိီနတ်မင်းဆက်၏တိုးချဲ့မှုသည်လည်း ပိုမိုချောမွေ့သွားလိမ့်မည်။

ဤတစ်ကြိမ်တွင် ရီရှောင်းရှောင်းသည် သူမ၏ ကျင့်ကြံမှုအဆင့်ကို အောင်မြင်စွာကျော်ဖြတ်နိုင်ပြီးနောက် တိုးချဲ့ရန်အလျင်စလိုလုပ်မည့်အစား သူမ၏ ကျင့်ကြံရေးအဆင့်ကို စုစည်းရန်ပြန်သွားသည်။

ရီဖန်သည်လည်း ပင်ကိုပျက်ဆီးခြင်းပင်လယ်သို့ ပြန်သွားကာ စနစ်ကို မျှော်လင့်တကြီး ဆင့်ခေါ်လိုက်သည်။ ရီရှောင်းရှောင်းဖြတ်ကျော်သွားသောအခါ ရီဖန်၏စိတ်ထဲတွင် စနစ်အချက်ပြသံ ထွက်ပေါ်လာသည်။

………..

အခန်း ၅၀၃ - ဒီလို ဝါသနာမျိုး တကယ်ရှိတယ်လား

"ရေရှည်တာဝန်ကို ပြီးမြောက်စေတဲ့အတွက် ဂုဏ်ယူပါတယ် သခင်၊ မိသားစုစွမ်းအားရှင် အဆင့်နှစ်ဆယ့်တစ် သူတော်စင်အဆင့်ကို ပြီးမြောက်သွားတဲ့အတွက် ဆုရယူနိုင်ပါပြီ"

ဉာဏ်အလင်း၊ သွေးမျိုးဆက် သူ့ထံတွင် အရာအားလုံးရှိသည်။ ဤတစ်ကြိမ်တွင် ဘာဆုများရနိုင်လိမ့််မည်နည်း။ စွမ်းရည်ဆုများလား။ သို့သော် ရီဖန်၏စွမ်းရည်သည် အဆုံးသတ်သို့ ရောက်နေပြီဖြစ်သည်။ သူသည် သခင်စွမ်းရည်ဖြင့် ဆုချခံရလျှင်ပင် သူ့အတွက်များစွာအသုံးဝင်တော့မည် မဟုတ်ပေ။

“စနစ်၊ဆုယူလိုက်ပါ”

"ဂုဏ်ယူပါတယ် သခင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိသွားပြီ"

"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို သော့ဖွင့်လိုက်ပြီ"

"စနစ်ခွင့်ပြုချက်ရရှိခြင်းနဲ့ ကိုယ်ကိုယ်တိုင် ကျင့်ကြံနိုင်ပြီဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်သခင်"

ကိုယ်တိုင်ကျင့်ကြံခြင်း။ ရီဖန်၏နှလုံးသားသည် တလှုပ်လှုပ်ခုန်လာသည်။ ဤကိုယ်တိုင်ကျင့်ကြံခြင်းက သူစိတ်ကူးထားသည့်အတိုင်း ဖြစ်နိုင်ပါသလား။ အခြားသော ကျင့်ကြံသူများအတွက် ရိုးရှင်းသောမွေးရာပါစွမ်းအားတစ်ခုက ရီဖန်အတွက် မျှော်လင့်ချက်ဖြစ်လာခဲ့သည်။

စနစ်ထံမှ အရင်းအမြစ်များစုဆောင်းခြင်းသည် အံ့ဩစရာဖြစ်သော်လည်း ရီဖန်က သူကိုယ်တိုင်ကျင့်ကြံရန် ဆန္ဒရှိနေဆဲဖြစ်သည်။ နှစ်နည်းလုံးဖြင့် ကြီးပွါးလာခြင်းက အံ့ဩစရာကောင်းသည်မဟုတ်လား။

ကောင်းကင်ဘုံချိတ်ဆက်နယ်မြေနှင့် ပင်ကိုပျက်ဆီးခြင်းပင်လယ်နှစ်ခုလုံးတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့သော ရီမိသားစု၏ခေါင်းဆောင်ရီဖန်သည် ယခင်က တစ်ခါမှမကျင့်ကြံခဲ့ဖူးဟု မည်သူထင်မည်နည်း။

ရီဖန်သည်လည်း အနှစ်တစ်ထောင်ကျင့်ကြံပြီး တိုးတက်မှုအနည်းငယ်သာ ရရှိသည့် အရသာက်ိုလည်း ခံစားလိုသေးသည်။ ထိုသို့သော ဆုတ်ယုတ်မှုကသာ သူ့ကို ပိုမိုသန်မာစေလိမ့်မည်။ သူ့စိတ်ထဲတွင် သူသည် ချောမွေ့စွာလျှောက်လှမ်းနေရသောကြောင့် ဆုတ်ယုတ်မှုမရှိခဲ့သဖြင့် ဘဝသည် မပြည့်စုံသေးပေ။ တခြားသူများသာ ရီဖန်၏အတွေးကို သိသွားကြပါက မနာလိုစိတ်နှင့်ပင် သတ်ပစ်ချင်စိတ်ပေါက်သွားနိုင်၏။

ယခုတစ်ကြိမ် ဆုပေးမှုသည် ခွင့်ပြုချက်တစ်ခုတည်းသာဖြစ်သော်လည်း အခြားဆုများမရရှိလျှင်ပင် ရီဖန် လုံးဝကျေနပ်နေပြီဖြစ်သည်။ သို့သော် ကိုယ်တိုင်ကျင့်ကြံခြင်းခွင့်ပြုချက်ကို သော့ဖွင့်လိုက်ခြင်းဖြင့် သူ၏စွမ်းရည်များ ပျောက်ကွယ်သွားတော့မည်လားဟု တွေးလိုက်မိသည်။

"စနစ်၊ အဆုံးသတ်လိုက်တော့!"

စွမ်းအားများဝင်ရောက်လာပြီးနောက် ရီဖန်၏ကျင့်ကြံမှုအဆင့်သည် အနည်းငယ်မြင့်တက်လာပြန်သည်။ လုပ်ဆောင်ချက်က ပျောက်ကွယ်မသွားဘဲ သူကိုယ်တိုင်လည်း ကျင့်ကြံနိုင်ပြီး မူလစွမ်းရည်များကိုလည်း အသုံးပြုနိုင်သည့်အတွက် အလွန်ပြီးပြည့်စုံနေပြီဖြစ်သည်။

ရီဖန်သည် သူမမြည်းရသေးသော အလယ်အလတ်အဆင့် သူတော်စင်အဆင့် ဆေးပေါင်းမြောက်များစွာကို ကိုင်ဆောင်လျက် သူ၏ပထမဆုံးကျင့်ကြံမှုကို စတင်ခဲ့သည်။

ရီဖန်သည် သူ၏ကြီးထွားမှုအဆင့် လျင်မြန်စွာ အရှိန်မြင့်လာသည်ကို ခံစားလိုက်ရသည်။ သူ အသက်ရှူပင်ကြပ်လာ၏။ ဤကဲ့သို့သော ကျင့်ကြံမှုအရှိန်က မည်သို့မြန်နိုင်မည်နည်း။

ရီဖန်၏ကျင့်ကြံမှုသည် အစောပိုင်းမဟာသူတော်စင် အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကာ ယခုအခါတွင် သူ၏ကျင့်ကြံမှုအဆင့်ကို ထိန်းမနိုင်တော့ဘဲ ချက်ခြင်းပင် အဆင့်တက်လှမ်းမှုကို စတင်ခဲ့သည်။ ပိတ်ဆို့မှုအကြောင်းပြောရလျှင် ရီဖန်လည်း မသိတတ်ချေ။

မျိုးနွယ်စုတစ်ခုလုံး၏ စစ်မှန်သောနတ်ဘုရားစွမ်းရည်ကို ပေါင်းစပ်လိုက်ပြီးနောက် သူ၏ လက်ရှိကျင့်ကြံမှုစွမ်းရည်သည် စစ်မှန်သောနတ်ဘုရားနယ်မြေနှင့် မဝေးတော့ကြောင်း ရီဖန် သံသယရှိထားပြီးဖြစ်သည်။

မကြာမီတွင် ရီဖန်သည် အဆင့်တက်လှမ်းအောင်မြင်မှုပြီးမြောက်သွားပြီး အလယ်အလတ်အဆင့် မဟာသူတော်စင်ကျင့်ကြံသူ ဖြစ်လာခဲ့သည်။ ရီဖန်သည် မူလပေါင်းစည်းစွမ်းရည်များကို အားမကိုးဘဲ အနှစ်တစ်ထောင်အတွင်း သူတစ်ယောက်တည်း ကိုယ်တိုင်ကျင့်ကြံခြင်းဖြင့် မဟာသူတော်စင်၏ နှောင်းပိုင်းအဆင့်သို့ တက်လှမ်းနိုင်လိမ့်မည်ဟု ခံစားခဲ့ရသည်။

ဤအရှိန်က အနည်းငယ်တော့နှေးသည်။ ကိုယ်တိုင်ကျင့်ကြံခြင်းနှင့် ပေါင်းစည်းခြင်းစွမ်းရည်နှစ်မျိုးစလုံးကို အသုံးပြုခြင်းက ပိုကောင်းလိမ့မည်။ ထိုမှသာ သူ ပိုမိုမြန်ဆန်စွာ တိုးတက်နိုင်မည်။

ယခု ရီမိသားစုတွင် ၎င်း၏ ပထမဆုံးသော မဟာသူတော််စင်အဆင့်ကျင့်ကြံသူ ရှိနေပြီဖြစ်သောကြောင့် နောက်ထပ်အဆင့်ဖြတ်ကျော်နိုင်မည့်သူ အနည်းငယ်လည်း ရှိသေးသည်။ သူ့အနေဖြင့် နှောင်းပိုင်း မဟာသူတော်စင်အဆင့်သို့ ရောက်ရန် အချိန်အကြာကြီး မကြာလောက်ချေ။

သို့သော် ကျင့်ကြံရေးမစတင်မီ ရီဖန် လုပ်ရမည့်အရာတစ်ခုရှိသေးသည်။ လတ်တလောတွင် ရီမိသားစု၌ မူလနတ်နိယာမဥပဒေကျမ်း တစ်ခုသာရှိသေးသည်။ သို့ရာတွင် ၎င်းတို့တွင် ထိုကျမ်းအတွက် တိုက်ခိုက်ရေး၊ ခုခံရေး၊ နတ်စွမ်းရည်နှင့် ခန္ဓာကိုယ်ကို သန့်စင်ခြင်းစသည့် လုံလောက်အောင်အစွမ်းထက်သော အရာများမရှိသေးချေ။

ရီဖန်သည် ထိုဥပဒေများကို သူကိုယ်တိုင် ထုတ်နုတ်နိုင်သော်လည်း သူ့တွင် အရင်းအမြစ်များ လုံလောက်စွာမရှိသဖြင့် အချိန်အတော်ကြာ လိုအပ်မည်ဖြစ်သည်။ အခြေအနေအရ အတွင်းပိုင်းနယ်မြေထဲသို့ သွားရောက်ရန် အချိန်တန်ပြီထင်သည်။

ကောင်းကင်နဂါးမဟာသူတော်စင်၏ဖော်ပြချက်အရ အတွင်းပိုင်းနယ်မြေတွင် မဟာသူတော်စင်စွမ်းအားရှင် အနည်းငယ်မျှသာရှိသည်။ ထို့ကြောင့် သင့်လျော်သော မူလနတ်နိယာမဥပဒေများကို ရယူရန် ပိုမိုလွယ်ကူနိုင်သည်။ ရီဖန်သည် အချိန်ဆွဲတတ်သူတစ်ယောက်မဟုတ်သောကြောင့် တစ်ခုခုလုပ်မည်ဟု ဆုံးဖြတ်ပြီးလျှင် ရှေ့ကိုဆက်၍ လုပ်ဆောင်သွားမည်သာဖြစ်သည်။

မကြာမီ ရီဖန်သည် ကောင်းကင်နဂါးမဟာသူတော်စင်၏ လှိုဏ်ဂူသို့ သွားခဲ့သည်။ တစ်ရက်အတွင်း ရီဖန်သည် မိုင်ပေါင်း ဘီလီယံပေါင်းများစွာ ဖြတ်ကျော်ခဲ့ရ၏။ တောင်တန်းတစ်ခုကို ဖြတ်ကျော်ပြီးနောက် ရီဖန်သည် သူ့ရှေ့မှ ကမ္ဘာပေါ်ရှိ ပျက်ဆီးခြင်းချီစွမ်းအားက အနည်းဆုံး ဆယ်ဆပိုသိပ်သည်းလာသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

ဤကဲ့သို့သိပ်သည်းသည့် ပျက်ဆီးခြင်းစွမ်းအားရှိရာနေရာတွင် ပျက်ဆီးခြင်းသူတော်စင်များ မွေးဖွားခြင်းက အပြင်ဘက်နယ်မြေထက် ပိုလွယ်ကူပြီး ၎င်းတို့၏အင်အားကလည်း သေချာပေါက်ပိုကောင်းလာမည်ဖြစ်သည်။ အပြင်ဘက်နယ်မြေရှိသူတော်စင်များသည် အတွင်းနယ်မြေသို့ ခြေမချရဲကြသည်မှာ အံ့သြစရာမဟုတ်ပေ။ လုံလောက်သော အင်အားမရှိလျှင် အတွင်းနယ်မြေတွင် နေထိုင်ခြင်းက သေကြောင်းကြံစည်ခြင်းသာဖြစ်၏။

ထိူအခိုက်အတန့်တွင် ပျက်ဆီးခြင်းသူတော်စင်မွန်းစတားသည် ရီဖန်ကိုတွေ့ရှိသွားပြီး ဟိန်းဟောက်သံနှင့်အတူ သူ့ဆီသို့ပြေးသွားခဲ့သည်။

"လာစမ်းပါ"

ရီဖန်က သူ့လက်ညှိုးဖြင့်ညွှန်လိုက်ပြီး အင်မော်တယ်ဓားကို ပစ်လွှတ်လိုက်ကာ ပျက်ဆီးခြင်းသူတော်စင်မွန်းစတား၏ ဦးခေါင်းကို ချက်ချင်းထိုးဖောက်သွားကာ ခန္ဓာကိုယ်လည်း ကြေမွသွားသည်။ ပျက်ဆီးခြင်းသူတော်စင်မွန်းစတားသည် ၎င်း၏ခန္ဓာကိုယ်ကို ပြန်လည်စုစည်းရန် ကြိုးစားခဲ့သော်လည်း ရီဖန်က မွန်းစတား၏ ပျက်ဆီးခြင်းအမြုတေကို ချက်ချင်းတွေ့ရှိခဲ့သည်။

သူသည် ပေါ့ပါးစွာဖြင့် ပျက်ဆီးခြင်းအမြုတေနှင့် မွန်းစတားအကြား ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။ ပျက်ဆီးခြင်းအမြုတေမရှိလျှင် ပျက်ဆီးခြင်းသူတော်စင်မွန်းစတားသည်လည်း ၎င်း၏ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်၍မရတော့ဘဲ ချက်ခြင်းပြိုလဲသွားမည်ဖြစ်သည်။

ရီဖန်သည် သူ့လက်ထဲမှ ပျက်ဆီးခြင်းအမြုတေကို စစ်ဆေးလိုက်ရာ ပျက်ဆီးခြင်းသူတော်စင်မွန်းစတား၏ ပျက်ဆီးခြင်းအမြုတေတွင်ပါရှိသော စွမ်းအားသည် ပုံမှန်ပျက်ဆီးခြင်းမွန်းစတားထက် အဆပေါင်းသောင်းနှင့်ချီ၍ ပိုအားကောင်းနေသည်။ ရီဖန်၏စိတ်ထဲတွင် ပျက်ဆီးခြင်းအမြုတေကိုအသုံးပြု၍ သန့်စင်နိုင်သော ဆေးလုံးအများအပြား ချက်ခြင်းပေါ်လာသည်။

အစောပိုင်း သူတော်စင်အဆင့် ပျက်ဆီးခြင်းမွန်းစတား၏ ပျက်ဆီးခြင်းအမြုတေတစ်ခုတည်းက အလယ်အလတ်အဆင့် မဟာသူတော်စင်ဆေးလုံးကို သန့်စင်ရန်လုံလောက်သည်။ အကယ်၍ ၎င်းသည် အလယ်အလတ်အဆင့်မှ နှောင်းပိုင်းအဆင့်ဖြစ်လျှင် ၎င်းကို အဆင့်မြင့််သို့မဟုတ် ထိပ်တန်းမဟာသူတော်စင် ဆေးပြားအဖြစ် တိုက်ရိုက်သန့်စင်သွားနိုင်သည်။

စစ်မှန်သောနတ်ဘုရားနယ်မြေစွမ်းအားရှင် အတွက်ပင်လျှင် ထိပ်တန်းမဟာသူတော်စင်ဆေးလုံးများက သိသာထင်ရှားသည့် အကျိုးကျေးဇူးများရှိသည်။ အတွင်းပိုင်းနယ်မြေတစ်ခုလုံးတွင်ပင် မဟာသူတော်စင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ကြသော ဆေးပညာရှင်အနည်းငယ်သာရှိသည်။ ဆေး၏အဆင့်မြင့်လေ လိုအပ်သောပစ္စည်းများ ပိုမိုရှားပါးလေဖြစ်သည်။

……….

အခန်း ၅၀၄ - ဒီလို ဝါသနာမျိုး တကယ်ရှိတယ်လား

ဤပျက်ဆီးခြင်းမူလပုလဲသည် ရီမိသားစု၏ ဆေးဝါးဆိုင်ရာလိုအပ်ချက်ကို များစွာသက်သာစေနိုင်သည်။ ပင်ကိုပျက်ဆီးခြင်းပင်လယ်သည် ရီမိသားစုအတွက် အမှန်ပင် ကောင်းချီးတစ်ခုဖြစ်၏။

"မိတ်ဆွေချန်ရီ၊ မင်းတကယ် စွမ်းတာပဲ!"

ကောင်းကင်နဂါးမဟာသူတော်စင်သည် စွမ်းအားမတည်ငြိမ်မှုကို သတိပြုမိသည်နှင့်တပြိုင်နက် ရီဖန်က ပျက်ဆီးခြင်းသူတော်စင်မွန်းစတားအား ဓားတစ်ချက်တည်းဖြင့် သတ်လိုက်ခြင်းကို တွေ့ရရန်အတွက် ချက်ခြင်းပြေးသွားခဲ့သည်။

အလယ်အလတ်အဆင့် မဟာသူတော်စင်အဆင့် အထွတ်အထိပ်သို့ရောက်ရှိပြီးနောက် ကောင်းကင်နဂါးမဟာသူတော်စင်သည် ရီဖန် မည်မျှပင် သန်မာသည်ဖြစ်စေ သူထက် အားကောင်းလိမ့်မည်မဟုတ်ဟု ထင်ခဲ့သည်။ သို့သော် ယခုထိုကဲ့သို့ဖြစ်ပုံမရချေ။ အစောပိုင်းအဆင့်မဟာသူတော်စင် ပျက်ဆီးခြင်းသူတော်စင်မွန်းစတားကို ချေမှုန်းနိုင်သော်လည်း ဤမျှလွယ်ကူမည်မဟုတ်ပေ။

ရီဖန်ကဲ့သို့ စွမ်းဆောင်နိုင်ရန်အတွက် မဟာသူတော်စင်၏ နှောင်းပိုင်းအဆင့်သို့ မရောက်ရှိဘဲ မဖြစ်နိုင်။ ကောင်းကင်ဘုံလျှို့ဝှက်ခြင်းနည်းစနစ်ကို အာရုံခံရပြီးနောက်တွင်မှ ရီဖန်၏ အထွတ်အထိပ်မဟာတော်စင်ရောင်ဝါကို သတိထားမိကာ ရယ်မောလိုက်သည်။ ရီမိသားစုမှ အားလုံးက ရိုးသားခြင်းမရှိကြချေ။ မိသားစုအကြီးအကဲလည်း အတူတူပါ၊ သူ့အောက်ကလူတွေလည်း အတူတူပင်။

ရီဖန်၏စွမ်းအားကို အသိအမှတ်ပြုပြီးနောက် ကောင်းကင်နဂါးမဟာသူတော််စင်၏ စိတ်အားထက်သန်မှု အဆများစွာ တိုးလာသည်။

"ကောင်းကင်နဂါး၊ အမျိုးအစားအမျိုးမျိုးရှိတဲ့ နတ်ဥပဒေတွေကိုရှာချင်တယ်။ အဲဒါတွေကို ရှာဖို့ မင်းမှ နည်းလမ်းရှိလား"

ရီဖန်က တုံ့ဆိုင်းမနေဘဲ ဤခရီးစဉ်၏ရည်ရွယ်ချက်ကို တိုက်ရိုက်ပြောလိုက်သည်။ ကောင်းကင်နဂါးမဟာသူတော်စင်က ခဏလောက်စဉ်းစားပြီးနောက်

“မိတ်ဆွေချန်ရီ၊ ငါ့မှာ နတ်ဥပဒေတွေ မရှိဘူး။ ဒါပေမယ့် အတွင်းနယ်မြေက မဟာသူတော်စင် နှောင်းပိုင်းအဆင့်မှာရှိတဲ့ ဝမ်ရှုမဟာသူတော်စင်ရှိတယ်၊ သူ့မှာ နတ်ဥပဒေတွေ အများကြီးရှိတော့ ဖြစ်နိုင်ရင် အဲဒါတွေကို သူ့ဆီကနေ ဝယ်လို့ရလောက်တယ်"

စာပေကိုချစ်မြတ်နိုးသည်ဟု လူသိများသော ဝမ်ရှုမဟာသူတော်စင်သည် အမျိုးမျိုးသော ကျင့်ကြံနည်းစနစ်များကို စုဆောင်းရခြင်းကို နှစ်သက်သည်။ သူ့တွင် စစ်မှန်သောနတ်ဘုရား၏နည်းစနစ်များရှိကြောင်း ကောလဟာလများလည်းရှိသည်။

သို့သော်လည်း ဝမ်ရှုမဟာသူတော်စင်၏စွမ်းအားကြောင့် ဤကောလာဟလ၏အမှန်တရားကို မည်သူမျှ မစစ်ဆေးဝံ့ပေ။ ဝမ်ရှုမဟာသူတော်စင်သည် သူ၏ နတ်ဥပဒေများကို အခြားသူတော်စင်များထံမှ "တောင်းဆို" ခဲ့သည်။ စစ်မှန်သောနတ်ဘုရားမပေါ်ပေါက်လာသေးသည့် အခြေအနေတွင် မည်သူမျှ ဝမ်ရှုမဟာသူတော်စင်၏တောင်းဆိုမှုကို ငြင်းဆန်နိုင်မည်မဟုတ်ပေ။

သို့သော် ဝမ်ရှုမဟာသူတော်စင်သည် စည်းကမ်းရှိသူဖြစ်၏။ သူသည် တရားဝင်ဝယ်ယူမှု တောင်းဆိုချက်တစ်ခုနှင့် လုံလောက်သောစျေးနှုန်းကိုပေးဆောင်ကာ သင့်လျော်သော နတ်ဥပဒေများကို ရယူခြင်းဖြစ်သည်။ မျှော်မှန်းထားသည့်အတိုင်း ကျင့်ကြံမှုအဆင့်မြင့်လေ ထူးထူးခြားခြား ကြုံတွေ့ရလေလေဖြစ်သည်။

ရီဖန်သည် ဤဝမ်ရှုမဟာသူတော်စင်ကို အလွန်စိတ်ဝင်စားခဲ့သည်။ သူ၏ဂုဏ်သတင်းအတိုင်း သူ့တွင်နတ်ပဒေများစွာ ရှိနိုင်သည်။ အကယ်၍ ၎င်းတို့အားလုံးကို လုယူသွားနိုင်လျှင် စစ်မှန်သောနတ်ဘုရားနည်းစနစ်ကိုပုံဖော်ရန် ရီဖန်အတွက် လုံလောက်ပေမည်။ သို့သော် ရီဖန်သည်လည်း သူ့စည်းမျဉ်းများကို ဘယ်တော့မှ မချိုးဖောက်ပါ။ ဝမ်ရှုမဟာသူတော်စင်က သူ့ကိုမနှောင့်ယှက်ဖူးသည့်အတွက် ရီဖန်သည်လည်း သူ့ကို စတင်လှုံ့ဆော်မည်မဟုတ်ချေ။ အခြားကမ္ဘာမှ ဆယ်စုနှစ်ပေါင်းများစွာ ဘဝအတွေ့အကြုံများက ရီဖန်အပေါ် ပြင်းထန်သော လွှမ်းမိုးမှုရှိသည်။

ကောင်းကင်နဂါးမဟာသူတော်စင်သည်လည်း လျင်မြန်စွာလှုပ်ရှားလာခဲ့သည်။ သူ၏ လက်ရှိကျင့်ကြံမှုအဆင့်အရ သူသည် ဝမ်ရှုမဟာသူတော်စင်၏ နယ်မြေတွင် ဩဇာအာဏာအချို့ရှိသည်။

ထို့ကြောင့် ရီဖန်သည် ဘာမှလုပ်စရာမလိုဘဲ အတွင်းပိုင်ရနယ်မြေထဲသို့ ရောက်သွားသည်။

အတွင်းပိုင်းနယ်မြေ၏ အရင်းအမြစ်များသည် အပြင်ဘက်ထက် များစွာကြီးမားသည်ဟု သံသယမရှိဆိုနိုင်သည်။ ရီဖန်သည် မြို့များစွာကို လည်ပတ်ခဲ့ပြီး မဟာသူတော်စင်ဆေးလုံးနှင့် မဟာသူတော်စင်လက်နက်များရောင်းချသည့် နေရာများစွာကို တွေ့ခဲ့သည်။ ၎င်းတို့က အဆင့်အတန်းနိမ့်ပြီး လက်ရာသိပ်မကောင်းကြချေ။

ရီမိသားစုမပေါ်ပေါက်မီ အပြင်ဘက်နယ်မြေတွင် မဟာသူတော်စင်လက်နက်များမဆိုထားနှင့်၊ မဟာသူတော်စင်ဆေးလုံးများပင်မရှိပေ။ ဤနေရာ၌ အခြေချပြီးနောက် အရွက်တစ်ထောင်ဆေးခန်းသည် မဟာသူတော်စင်ကြီးများထံမှ ငွေရှာရန် အတွင်းပိုင်းနယ်မြေထဲသို့ ၀င်ရောက်သင့်သည်။ သူတော်စင်များထံမှ ငွေရှာခြင်းသည် နှေးကွေးလွန်းသည်။ ၎င်းတို့သည် မဟာသူတော်စင်အဆင့်နယ်ပယ်ရှိသူများထံမှ ဝင်ငွေရှာရန် လိုအပ်သည်။

မကြာမီတွင် ကောင်းကင်နဂါးမဟာသူတော်စင်က ရီဖန်ကို သတင်းကောင်းပေးလိုက်သည်။ ဝမ်ရှုမဟာသူတော်စင်သည် ရီဖန်ကို နတ်ဥပဒေများပေးဆောင်ရန်သဘောတူခဲ့၏။

ထို့အပြင် ရီဖန်သည် သီးသန့်နတ်ဥပဒေများမလိုအပ်သောကြောင့် စျေးနှုန်းသည်လည်း အလွန်မြင့်မားခြင်းမရှိချေ။ မဟာသူတော်စင် အစောပိုင်းအဆင့်အတွက် နတ်ဥပဒေတစ်ခုသည် အဆင့်နိမ့်မဟာသူတော်စင်ဆေးလုံးတစ်ခုစာ ကုန်ကျသည်။

မဟာသူတော်စင် အလယ်အလတ်အဆင့်အတွက်ဆိုလျှင် စျေးနှုန်းက အနည်းငယ်ပိုမြင့်ပြီး အဆင့်နိမ့် မဟာသူတော်စင်ဆေးလုံးဆယ်ခုစာ ပေးဆောင်ရသည်။ မဟာသူတော်စင် နှောင်းပိုင်းအဆင့်အတွက်ပင်လျှင် အလယ်အလတ်အဆင့် မဟာသူတော်စင်ဆေးလုံးတစ်လုံးသာ ကုန်ကျလိမ့်မည်။

ရိုးရိုးသားသားဆိုရလျှင် ဤစျေးက အတော်သက်သာပြီးဖြစ်သောကြောင့် ရီဖန်သည်လည်း ကန့်ကွက်ခြင်းမရှိခဲ့ချေ။ သို့သော် ထိုအရာများသည် သေချာပေါက် သာမန်နတ်ဥပဒေများဖြစ်ကြသည်။ သီးသန့်ဆိုလျှင်တော့ ဈေးနှုန်းက မတူညီပေ။

နတ်ဥပဒေတစ်ခုစီအတွက် ဝမ်ရှုမဟာသူတော်စင်သည် သူ့အတွက်ဆုံးရှုံးမှုမရှိသည့် သဘောတူညီချက်များစွာ ပြုလုပ်နိုင်သည်။

ဤနည်းဖြင့် အရောင်းအဝယ် အောင်မြင်သွား၏။ ထိုပျက်ဆီးခြင်းမူလပုလဲသည် ရီမိသားစု၏ ဆေးဝါးပစ္စည်းများအတွက် လိုအပ်ချက်ကို အလွန်သက်သာစေနိုင်သည်။ ရီဖန်သည် ရီမိသားစုထံ ခေတ္တပြန်လာကာ ဆေးလုံးတစ်သုတ်စုဆောင်းပြီးနောက် ဝမ်ရှုမဟာသူတော်စင်နေထိုင်ရာ ဝမ်ရှူတောင်ကြားသို့ ကောင်းကင်နဂါးမဟာသူတော်စင်နှင့်အတူ လိုက်သွားခဲ့သည်။

ဝမ်ရှူတောင်ကြားထဲသို့ သူဝင်လိုက်သည်နှင့်တပြိုင်နက် ရီဖန်သည် တစ်စုံတစ်ရာကွဲပြားသွားသည်ကို ခံစားလိုက်ရသည်။ ဝမ်ရှူတောင်ကြားထဲမှ ထူထဲသော စာအုပ်ရနံ့သည် လေထဲသို့စိမ့်ဝင်လာကာ ရီဖန်၏စိတ်ဓာတ်ကို အနည်းငယ်တက်ကြွစေသည်။

“ဝမ်ရှုမဟာသူတော်စင်ရဲ့ ကျင့်ကြံရေးလမ်းကြောင်းက အဆင့်တူထဲမှာတောင် ထိပ်တန်းအဖြစ်သတ်မှတ်လို့ရတယ်” ဟု ကောင်းကင်နဂါးမဟာသူတော်စင်က ရှင်းပြသည်။

၎င်း၏မိတ်ဆက်ပေးမှုကို ကြားလိုက်ရသောအခါ ရီဖန်၏မျှော်လင့်ချက်က ပိုမိုမြင့်မားလာ၏။ အနည်းငယ်သောစျေးနှုန်းဖြင့် မူလအခြေခံနိယာမ အမြောက်အများဝယ်ယူနိုင်ခြင်းသည် ရီဖန်အတွက် ဆိုးရွားသောကိစ္စတစ်ခုမဟုတ်ပေ။ရီမိသားစုသည်လည်း အရင်းအမြစ်များမချို့တဲ့ဘဲ၊ ၎င်းတို့ချို့တဲ့သည်မှာ အချိန်သာဖြစ်၏။

"နှစ်ယောက်လုံးကို နှုတ်ဆက်ပါတယ်!"

နက်ရှိုင်းသောတောင်ကြားထဲမှ လှပသောရုပ်သွင်တစ်ခုပေါ်လာသည်။ ထိုနေရာတွင် လူသားခြေရာများကင်းစင်နေသဖြင့် ရီဖန်ပင် အတော်လေးအံ့သြသွားခဲ့သည်။

တံခါးပိတ်ကျင့်ကြံသူများပင်လျှင် ၎င်းတို့နှင့်အတူ လိုက်ပါလာသူ အချို့ရှိတတ်သည်။ ရီဖန်သည် ဝမ်ရှုမဟာသူတော်စင်ကဲ့သို့သော သူကို ပထမဆုံးအကြိမ် တွေ့ကြုံဖူးခြင်းဖြစ်သည်။

သို့သော် ထိုကဲ့သို့သန်မာသူများတွင် ၎င်းတို့၏ထူးခြားချက်များ အမြဲရှိနေသောကြောင့် ရီဖန်က ၎င်းကိုထွေထူးမစဉ်းစားတော့ပေ။ သင့်လျော်သည့် မူလအခြေခံနိယာမကိုသာ သူဝယ်နိုင်သရွေ့ ရီဖန်သည် ၎င်းကလူသားဖြစ်စေ မကောင်းဆိုးဝါးဖြစ်စေ ဂရုမစိုက်ပါ။

ရီဖန်သည် ဝမ်ရှုမဟာသူတော်စင်ကို အကဲဖြတ်လိုက်၏။ သူမက အလွန်ကြည့်ကောင်းပြီး ရီဖန်ကို အနည်းငယ်ဖိအားပေးသည့် ရောင်ဝါတစ်ခု ထုတ်လွှတ်ထားသည်။ သို့သော် ရီဖန်သည် ခြိမ်းခြောက်မှုကို မခံစားရပေ။ သူမ၏ ကျင့်ကြံမှုအဆင့်က သူ့အတွက် ကြောက်စရာကောင်းပုံမရပေ။

ဝမ်ရှုမဟာသူတော်စင်က ၎င်းတို့ကိုဦးဆောင်ပြီး ဝမ်ရှူးတောင်ကြား၏ ပိုနက်ရှိုင်းသည့်အထဲ ခေါ်ဆောင်သွားကာ နောက်ဆုံးတွင် မိုးမျှော် မျှော်စင်တစ်ခုရှေ့တွက် ရပ်လိုက်သည်။

"လူကြီးမင်းတို့၊ သင့်လျော်တဲ့ ကျင့်ကြံရေးနည်းစနစ်ကို ရွေးချယ်ဖို့ ဝမ်ရှုမျှော်စင်ထဲ လိုက်ခဲ့ပါ"

သာမန်လူများအတွက် အခြေခံအကျဆုံးနိယာမများအပြင် မူလနတ်နိယာများအထိ အားလုံးကို ဝမ်ရှုမျှော်စင်တွင် တွေ့ရှိနိုင်သည်။ ထိုအချိန်တွင် ရီဖန်၏မျက်လုံးများ တောက်ပသွား၏။

ဝမ်ရှုမဟာသူတော်စင်သည် သူမ၏ဂုဏ်သတင်းနှင့်အညီ အမှန်တကယ်လုပ်ဆောင်နိုင်သည်။

ရီဖန်၏ အဓိကရည်ရွယ်ချက်မှာ မူလအခြေခံနိယာမများဖြစ်သော်လည်း ထူးခြားသော နိယာမတရားများရှိလျှင် ၎င်းတို့ကိုလည်း ယူမည်ဖြစ်သည်။ ရီဖန်သည် နောက်ဆုံးတွင် သူလိုအပ်သော ကျင့်ကြံနည်းစနစ်များကိုရွေးချယ်ရန် တစ်နှစ်ခွဲကြာပြီးနောက် စာရင်းကို သူမထံသို့ လွှဲပြောင်းပေးခဲ့သည်။

မဟာသူတော်စင် အစောပိုင်းအဆင့်နှင့် အလယ်အလယ်အဆင့်များအတွက်ဖြစ်သော မူလအခြေခံနိယာများစွာအပြင် ရှားပါးသောအရာများစွာ မရှိချေ။ နောက်ဆုံးတွင် နှောင်းပိုင်း မဟာသူတော်စင်အတွက် မူလအခြေခံနိယာမ တစ်ဒါဇင်အောက်ကို ထပ်မံရွေးချယ်ခဲ့သည်။ ၎င်းထဲတွင်တော့ ရှားပါးသောအခြေခံနိယာမ ၇၀ရာခိုင်နှုန်းခန့်ပါဝင်၏။ ၎င်းတို့တစ်ခုစီအတွက် အလယ်အလတ်အဆင့် မဟာသူတော်စင်ဆေးလုံးတစ်လုံးက ဈေးမကြီးပါ။

ရီဖန်သည် သူ့လက်ကိုဖြန့်လိုက်ပြီး သူတို့သုံးယောက်ရှေ့တွင် ဆေးလုံးတစ်ပုံကို ပြလိုက်သည်။ ဆေးလုံးများကိုမြင်သောအခါ ကောင်းကင်နဂါးမဟာသူတော်စင်သည် တံတွေးများပင်ခြောက်လာ၏။ ချမ်းသာသည့် ပုဂ္ဂိုလ်များကတော့ ဘာမှကိုပြတ်လပ်နေခြင်း မရှိပေ။

"မိတ်ဆွေချန်ရီက တကယ်ချမ်းသာတာပဲ”

စားပွဲပေါ်ရှိဆေးလုံးများ ပျောက်ကွယ်သွားပြီးနောက် ဝမ်ရှုမဟာသူတော်စင်၏ မျက်နှာပေါ်ရှိအပြုံးသည် ပို၍ပင်တောက်ပလာသည်။

"ဒါပေမယ့် မိတ်ဆွေချန်ရီ့ကို အကူအညီတောင်းဖို့ တစ်ခုရှိတယ်ရှင်”

ရီဖန်က ငြင်းမည်မဟုတ်ဟု သူမယုံကြည်ထားသောအသံဖြင့် ပြောလိုက်သည်။

ရီဖန်ချက်ချင်း မျက်မှောက်ကြုတ်လိုက်မိ၏။

သူက ကျင့်ကြံရေးနည်းစနစ်လေး နည်းနည်းဝယ်ချင်ရုံကို မည်သည့်အကြံအစည်များ ကြံရွယ်နေသနည်း။

"ရှင့်မျိုးစေ့ နည်းနည်းလောက်တောင်းချင်လို့ပါ”

တိုက်ခိုက်ရန်အတွက် အဆင်သင့်ဖြစ်နေသော ရီဖန်သည် မထိန်းနိုင်ဘဲ ကြောင်အသွားသည်။ ကောင်းကင်နဂါးမဟာသူတော်စင်ပင်လျှင် ဝမ်ရှုမဟာသူတော်စင်ကို ထိတ်လန့်တကြား စိုက်ကြည့်နေသည်။ သူမထံတွင် ထိုကဲ့သို့ထူးဆန်းသည့်အကြိုက်ရှိမည်ဟု မည်သူသိထားမည်နည်း။ စောစောကသာသိခဲ့လျှင် သူကိုယ်တိုင် စမ်းကြည့်ခဲ့ဦးမည်။ မိတ်ဆွေချန်ရီက ကံကောင်းလွန်းလှ၏။

ကောင်းကင်နဂါးမဟာသူတော်စင်သည် ရီဖန်ကို မနာလိုစွာကြည့်နေသည်။ သို့သော်လည်း ရီဖန်သည် ၎င်းက အခြေအနေကောင်းတစ်ခုဟု မထင်ခဲ့ပေ။ သူသည် သူ၏ 'မျိုးစေ့’ အရည်အသွေးကို ကောင်းစွာသိသည်။ သူ၏သွေးမျိုးဆက်က သာမန်မဟုတ်ကြောင်းကို သူမ မြင်ခဲ့တာဖြစ်နိုင်မလား။

လူအများစုသည် လွှမ်းမိုးနိုင်သောသွေးမျိုးဆက်၏ စွမ်းအားကို မမြင်နိုင်ကြပေ။

ဝမ်ရှုမဟာသူတော်စဉ်ကိုကြည့်နေသော ရီဖန်၏မျက်လုံးများတွင် အအေးလှိုင်းတစ်ခု ဖြတ်ပြေးသွားသည်။

………

All Chapters