အခန်း ၅၀၅-၅၀၇
Vol. 34 Ch. 505-507
အခန်း ၅၀၅ - နတ်ဘုရားဝိညာဉ်နယ်မြေ
စနစ်အပြင် သွေးမျိုးဆက်သည်လည်း ရီဖန်အတွက် အရေးကြီးဆုံးလျှို့ဝှက်ချက်တစ်ခုဖြစ်သည်။
စစ်မှန်သောနတ်ဘုရားအတွက်ပင်လျှင် အချုပ်အခြာသွေးမျိုးဆက်က ထူးထူးခြားခြား အဖိုးတန်သည်။ အပြည့်အ၀မဟုတ်စေကာမူ အစိတ်အပိုင်းတစ်ခုကို ထုတ်ယူနိုင်လျှင်ပင် ကြီးမားသည့်အကျိုးကျေးဇူးကို ပေးစွမ်းနိုင်သည်။
ရီဖန်၏လက်ရှိအင်အားအရ သူသည် စစ်မှန်သောနတ်ဘုရားအသွင်ကို မထုတ်ဖော်နိုင်သေးပေ။ ဖော်ထုတ်လိုက်လျှင် ဒုက္ခရောက်မည်မှာ သေချာသည်။ ရီဖန်သည် သူမလှုပ်ရှားမီ အန္တရာယ်ကျရောက်မည့်အချိန်ကို စောင့်နေရန် မနှစ်သက်ပေ။ ပုခက်ထဲတွင် အန္တရာယ်နှင့် သတ်ပုတ်ရခြင်းကိုသာ နှစ်သက်သည်။
ဝမ်ရှုမဟာသူတော်စင်သည် ရီဖန်ထင်သည့်အတိုင်း အမှန်တကယ်တွေးထားပါက သူမကို ယနေ့ ဤနေရာတွင် ကြေမွသွားအောင်ချေမှုန်းပစ်ရမည်။
ရီဖန်၏လူသတ်ရန် ရည်ရွယ်ချက်ကြောင့် ဝမ်ရှုမဟာသူတော်စင်သည် မှုန်ကုပ်သွားသည်။
ရီဖန်၏သွေးမျိုးဆက်က မည်သည့်အဆင့်ဖြစ်သည်ကို ရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း ဝမ်ရှုမဟာသူတော်စင်၏အာရုံခံမှုအပေါ်အခြေခံ၍ ၎င်းသည် စစ်မှန်သောနတ်ဘုရားနယ်မြေတွင် ရှိနိုင်သည်။ သူမသည် ရီဖန်၏သွေးမျိုးဆက်ကို သေချာပေါက် ရရမည်။
ဝမ်ရှုမဟာသူတော်စင်သည် သူမ၏နှုတ်ခမ်းကိုလျက်လိုက်ရာ ထိုစွဲဆောင်မှုရှိသောလှုပ်ရှားမှုက ကောင်းကင်နဂါးမဟာသူတော်စင်ကို တန့်သွားစေသည်။ အဆင်မပြေသောလေထုကြားတွင် ကောင်းကင်နဂါးမဟာသူတော်စင်အနေဖြင့် အတော် စိတ်မသက်မသာခံစားခဲ့ရ၏။ ဝမ်ရှုမဟာသူတော်စင်ကို သူကိုယ်တိုင်မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ရာ ရီဖန်နှင့် သူမတို့ တိုက်ပွဲတွင် မည်သူ့ကိုကူညီရမည်နည်း။
"မိတ်ဆွေ ချန်ရီ၊ ကျွန်မ ရှင့်ရဲ့ မျိုးစေ့နည်းနည်းလောက်ပဲ လိုချင်တာပါ၊ အဲတာ ရှင့်အတွက် အရှုံးမရှိပါဘူး"
ဝမ်ရှုမဟာသူတော်စင်၏ မျက်လုံးများသည် ရီဖန်အပေါ်တွင်သာ လွတ်လွတ်လပ်လပ်ကျရောက်နေကာ သူမ၏အကြည့်ထဲတွင် လောဘဇောများ ဖုံးကွယ်နေသည်။ ကောင်းကင်နဂါးမဟာသူတော်စင်ပင်လျှင် ရီဖန်အတွက် အရှုံးရှိမည်မဟုတ်ဟု ခံစားမိသည်။
နောက်ဆုံးတွင် ဝမ်ရှုမဟာသူတော်စင်၏ ဂုဏ်သတင်းသည် မဟာသူတော်စင်နယ်မြေမှ သန်မာသော ကျင့်ကြံသူများကြားတွင်ပင် ကျော်ကြားသည်။ သူမ၏ အစွမ်းထက်သော ကျင့်ကြံမှုအဆင့်ကို ပေါင်းထည့်လိုက်လျှင် သူမအား ပိုးပန်းသူအများအပြားရှိသည်။
ရီဖန် သက်ပြင်းချလိုက်၏။ ယနေ့ညှိနှိုင်းမှုကတော့ အဖြေရတော့မည်မဟုတ်ပေ။
"ဒီသဘောတူညီချက်အတွက် တခြားသူကိုရှာလိုက်၊ ငါ့ကို ငွေပြန်အမ်းပေး၊ ငါတို့ အခုထွက်သွားမယ်"
"ပြန်အမ်းရမှာလား"
ဝမ်ရှုမဟာသူတော်စင်က ရယ်မောလိုက်သည်။
"ဒါက ပြန်အမ်းငွေနဲ့ ဖြေရှင်းလို့ရတဲ့ ကိစ္စမဟုတ်ဘူး၊ မိတ်ဆွေချန်ရီရဲ့"
ဤတစ်ကြိမ်တွင် ဝမ်ရှုမဟာသူတော်စင်သည် ငွေနှင့်လူကို လိုချင်သည်။ ရီဖန်သည် ထိုစကားကြောင့် ချက်ချင်းစိတ်ဝင်စားသွား၏။ ငွေပြန်အမ်းမည်မဟုတ်ကြောင်း ပြောရန် ကြိုးစားနေသလား။ ရီဖန်က ထပ်မံအတည်ပြုရန် မေးလိုက်သည်။
"ဒါဆို ပြန်အမ်းငွေကိုမပေးရင် မိတ်ဆွေချန်ရီက ဘာဆက်လုပ်မှာလဲ"
ပြန်အမ်းငွေမပေးဘူးပေါ့။ ၎င်းကို သူစောင့်နေခြင်းဖြစ်သည်။ ဤသို့ဖြစ်လာမှတော့ သူ့ကို အပြစ်မတင်လေနှင့်။ ရီဖန်သည် အမျိုးသမီးများနှင့် တိုက်ခိုက်ရာတွင်လည်း အလွန်ကျွမ်းကျင်သည်။
နောက်တစ်ခဏတွင် သူ၏ကွယ်ဝှက်ထားသော ကျင့်ကြံမှုအဆင့်ကို ထုတ်လွှတ်လိုက်ကာ တခဏချင်း ပေါက်ကွဲသွားသည်။ သူသည် အစောပိုင်းမဟာသူတော်စင်အဆင့်၏ ထူးခြားသော စွမ်းအားကို ထုတ်ဖော်ခဲ့သည်။
ရီဖန်၏အင်အားကို ခံစားလိုက်ရသော ဝမ်ရှုမဟာသူတော်စင်က အံ့သြသွားပုံရသည်။ ရီဖန်၏ကျင့်ကြံမှုအဆင့်သည် သူမထင်ထားသည်ထက်ပင် ပိုသန်မာနေသည်။ သို့သော် ဝမ်ရှုမဟာသူတော်စင်သည် ၎င်းနှင့်ပက်သက်၍ အများကြီး မစဉ်းစားခဲ့ပေ။
၎င်းသည် အစောပိုင် မဟာသူတော်စင်အဆင့် စွမ်းအားမျှသာဖြစ်သည်။ သူမသည်လည်း ထိုအဆင့်စွမ်းအားရှင်ကျင့်ကြံသူများကို သတ်ခဲ့ဖူးပြီးဖြစ်သည်။
သို့သော်လည်း ၎င်းက အစသာရှိသေး၏။ နေုက်တစ်ခဏတွင် အစောပိုင်းမဟာသူတော်စင်အဆင့်ရှိ သူ၏နေရာလွတ်နတ်ကိုယ်ထည်က အဆက်မပြတ်ပေါက်ကွဲသွားပြန်သည်။ ရီဖန်သည် သူ၏အခြေခံစွမ်းရည်များကို ရှင်းလင်းစွာ ထုတ်ဖော်ပြသလိုက်သည်။ သူ၏အစွမ်းထက်သော ရောင်ဝါက ဝမ်ရှုမဟာသူတော်စင်ကို ဖိနှိပ်ထားခဲ့သည်။
ဝမ်ရှုမဟာသူတော်စင်ပင်လျှင် ကြီးမားသောဖိအားကို ခံစားနေရသည်။ ရီဖန်က အဘယ်ကြောင့် ဤမျှအစွမ်းထက်နေသနည်း။ နောက်အခိုက်အတန့်တွင် ရီဖန်သည် ဝမ်ရှုမဟာသူတော်စင်ကို တိုက်ရိုက်တိုက်ခိုက်လိုက်သည်။ တိုက်ပွဲဝင်ရန် ဆုံးဖြတ်ပြီးနောက် ရီဖန်သည် သည်းခံမနေတော့ပေ။
ရီဖန်၏ရုတ်တရက်ပေါက်ကွဲမှုကြောင့် ဝမ်ရှုမဟာသူတော်စင်သည် သူမကိုယ်သူမခုခံကာကွယ်ရန် သူမ၏ အလယ်အလတ်အဆင့် မဟာသူတော်စင်လက်နက်ကိုပင် ထုတ်ချိန်မရှိလိုက်ချေ။
တစ်ဖက်တွင် ရီဖန်၏လက်သီးချက်က သူ့ထံသို့ကျရောက်လာကာ စတင်ဖိနှိပ်ထားသည်။ အလယ်အလတ်အဆင့် မဟာသူတော်စင်လက်နက်သည်ပင် ရီဖန်၏လက်ချက်အောက်တွင် အနိုင်နိုင်ငိုကြွေးနေရသည်။
သို့သော်လည်း ဤခဏတာ ခေတ္တတားဆီးလိုက်နိုင်ခြင်းက ဝမ်ရှုမဟာသူတော်စင်အတွက် ပြင်ဆင်ရန် အချိန်လုံလောက်သည်။ သူမ၏ နှောင်းပိုင်းမဟာသူတော်စင်အဆင့် ကျင့်ကြံမှုနှင့်အတူ မရေမတွက်နိုင်သော စာအုပ်ပုံရိပ်ယောင်များက သူမကို ဝန်းရံထားသည်။
အဆိုပါစာအုပ်တိုင်းက စတင်တိုက်ခိုက်လိုက်ကြသည်။ စာအုပ်တစ်သောင်းသူတော်စင်နည်းစနစ်ဖြင့် ဝမ်ရှုမဟာသူတော်စင်သည် နှစ်များတစ်လျှောက် သူမစုဆောင်းထားသော စာအုပ်များမှ မူလအခြေခံနိယာမတစ်ခုစီ၏ အနှစ်သာရကို စုပ်ယူခဲ့သည်။ နှောင်းပိုင်းမဟာသူတော်စင်အဆင့် ကျင့်ကြံသူများထဲတွင် သူမသည် အသန်မာဆုံးသူဖြစ်၏။
အလယ်အလတ်ခုခံရေး မဟာသူတော်စင်လက်နက်တစ်ခုနှင့် အလယ်အလတ်တိုက်ခိုက်ရေး မဟာသူတော်စင်လက်နက်တစ်ခုတို့ဖြင့် သူမသည် ချမ်းသာကြွယ်ဝသည်။ ဆင်းရဲနွမ်းပါးသော ကောင်းကင်နဂါးမဟာသူတော်စင်နှင့် နှိုင်းယှဉ်ပါက သူမသည် အဆများစွာချမ်းသာသည်။
အလယ်အလတ်အဆင့် မဟာသူတော်စင်လက်နက်နှင့် ရီဖန်၏လက်သီးတို့ ပြင်းထန်စွာတိုက်မိသွားပြီးနောက် အသံကျယ်လောင်စွာထွက်ပေါ်လာသည်။ ကြီးမားလှသောအင်အားက ရီဖန်ကို အလိုအလျောက် ဆုတ်ခွါသွားစေခဲ့၏။
နှောင်းပိုင်းမဟာသူတော်စင်အဆင့်ကျင့်ကြံသူသည် သာမန်ပြိုင်ဘက်များနှင့်မတူဘဲ အမှန်တကယ်ပင် လေးစားဖွယ်ကောင်းလှသည်။ တစ်ဖက်လူက သူ၏တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိခြင်းကြောင့် သူ၏စွမ်းအားကို ပြန်လည်ချိန်ညှိရန် အကောင်းဆုံး အခွင့်အရေးတစ်ခုပေးသည်။ ရီဖန်သည် နောက်တစ်ကြိမ်တိုက်ခိုက်မှုကို အရှိန်ပြင်းစွာစတင်လိုက်ပြန်၏။
ဝမ်ရှုမဟာသူတော်စင်က ရီဖန်ထက်ပင် ပို၍ အံ့သြသွားသည်၊ သူ၏ ကိုယ်ကာယစွမ်းအားနှင့် ကျင့်ကြံမှု အဆင့်နှစ်ရပ်စလုံးသည် ကြောက်မက်ဖွယ်ကောင်းသည်။ သူ၏စွမ်းအားက မည်သည့်နှောင်းပိုင်းမဟာသူတော်စင်ထက်ပင် ကြီးမားသည်။ သူမ၏စွမ်းအားကို ချဲ့ထွင်နိုင်သည့် သူမ၏တမူထူးခြားသော မူလအခြေခံနိယာမကြောင့်သာ မဟုတ်ပါက၊ ဝမ်ရှုမဟာသူတော်စင်သည် ရီဖန်နှင့်ပင် ယှဉ်နိုင်လိမ့်မည်မဟုတ်ချေ။
စာအုပ်တစ်သောင်းအခင်းအကျင်း။ ဝမ်ရှုမဟာသူတော်စင်သည် သူမ ယနေ့ အစွမ်းကုန်တိုက်ခိုက်ရမည်ကို သိထားသည်။ မဟုတ်လျှင် သူမသည် ရီဖန်၏ သွေးမျိုးဆက်ကို မရနိုင်သည့်အပြင် သူမ၏ပုံရိပ်လည်း ကျဆင်းသွားလိမ့်မည်။
သူမ ယခင်ကလည်း ဤသို့လုပ်ဖူး၏။ သူမသည် စာအုပ်တစ်သောင်းနည်းစနစ်နှင့် ပေါင်းစပ်ရန်အတွက် သွေးမျိုးဆက်များကို စတင်စုဆောင်းခဲ့သည်။ သွေးမျိုးဆက်နှင့် ပေါင်းစပ်ထားသော စာအုပ်တိုင်းက ဍ ပြီးပြည့်စုံသောကြားခံဖြစ်လာသည်။ နောက်ဆုံးတွင် ထိုအရာများကို သူမကိုယ်တိုင်အဖြစ်ပင် ပေါင်းစပ်နိုင်သေးသည်။
အကယ်၍ သူမသာ ထူးခြားသောသွေးမျိုးဆက်တစ်သောင်းကို ပေါင်းစပ်နိုင်ခဲ့လျှင် စစ်မှန်သောနတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်ရန် အခွင့်အရေးရှိလာလိမ့်မည်။ သူမ၏ယုံကြည်စိတ်ချရသော ဂုဏ်သတင်းကြောင့် မရေမတွက်နိုင်သော ကျင့်ကြံသူများကို ဆွဲဆောင်ခဲ့ကာ၊ သူမသည် ထိုလျှို့ဝှက်ချက်ကို မပေါက်ကြားစေဘဲ သေချာဖုံးထားနိုင်ခဲ့သည်။
……….
အခန်း ၅၀၆ - နတ်ဘုရားဝိညာဉ်နယ်မြေ
အကယ်၍ ရီဖန်သည် ယနေ့ဒဏ်ရာမရဘဲ ထွက်သွားနိုင်လျှင် ဝမ်ရှုမဟာသူတော်စင်အတွက် လုံးဝသည်းခံနိုင်စရာမဟုတ်တော့ပေ။ ၀မ်ရှုသည် သူမ၏မြင့်မြတ်သောဂုဏ်သတင်းမရှိဘဲ အနာဂတ်တွင် သင့်လျော်သောကိုယ်စားလှယ်လောင်းများကို မည်သို့ဆွဲဆောင်နိုင်မည်နည်း။ ယနေ့တွင် ရီဖန် သေကိုသေမှဖြစ်မည်။ ကောင်းကင်နဂါးမဟာသူတော်စင်လည်း သေရမည်။ ဝမ်ရှုမဟာသူတော်စင်၏ မျက်လုံးထဲမှ လူသတ်လိုစိတ်က ပိုမိုပြင်းထန်လာ၏။
ဘေးမှနေ၍ တိုက်ပွဲကိုစောင့်ကြည့်နေသည့် ကောင်းကင်နဂါးမဟာသူတော်စင်က သူကူညီသင့်သလားဟု တွေးနေရင်းတုံ့ဆိုင်းနေသည်။ ရုတ်တရတ်ပဋိပက္ခကြောင့် သူဝင်စွက်ဖက်ရန်အသင့်ရှိမနေသေးချေ။
သို့သော် သူသည် ရီဖန်ကို ဤနေရာသို့ ခေါ်ဆောင်လာသူဖြစ်သည်။
အကယ်၍ ရီဖန်သာ တစ်ခုခုဖြစ်ခဲ့လျှင် သူ့ဂုဏ်သတင်းလည်း ဆိုးဆိုးရွားရွားထင်ဟပ်နေလိမ့်မည်။ နောက်ဆုံးတွင် ကောင်းကင်နဂါးမဟာသူတော်စင်သည် အံကြိတ်လိုက်ကာ ရီဖန်ကိုကူညီရန် ဆုံးဖြတ်လိုက်သည်။
သူ၊ ကောင်းကင်ဘုံနဂါးမဟာသူတော်စင်က ရီဖန်ကို သူမဆီခေါ်သွားခဲ့သော်လည်း သူမက ရီဖန်ကို တိုက်ခိုက်ဝံ့သည်။ ၎င်းက ကောင်းကင်နဂါးမဟာသူတော်စင်ဖြစ်သည့် သူ့အပေါ် မလေးစားခြင်းမဟုတ်လား။ အကယ်၍ သူမက သူ့အပေါ်လေးစားသမှုမရှိလျှင် သူကလည်း ထောက်ထားနေစရာအကြောင်းမရှိတော့ပေ။
နှောင်းပိုင်းမဟာသူတော်စင်သို့ရောက်နေခြင်းကြောင့် စိတ်ရှိလက်ရှိလုပ်ကိုင်နိုင်သည်ဟု မထင်လိုက်လေနှင့်။
ကောင်းကင်နဂါးမဟာသူတော်စင်သည် အရွက်တစ်ထောင်ဆေးခန်းမှ သူဝယ်ခဲ့သော အလယ်အလတ်အဆင့်ရှိ မဟာသူတော်စင်လက်နက်ကို ကိုင်ဆောင်ကာ တိုက်ပွဲတွင်ပါဝင်ခဲ့သည်။ အစပိုင်းက ရီဖန်အပေါ်အသာစီးရခဲ့သော ဝမ်ရှုမဟာသူတော်စင်သည် ယခုအခါ အနည်းငယ် ရုန်းကန်နေရသည်။
၎င်းက ကောင်းကင်နဂါးမဟာသူတော်စင်ကို အတော်လေး ကျေနပ်စေ၏။ ကောင်းကင်နဂါးမဟာသူတော်စင်သည် ရီဖန်က ဤတိုက်ပွဲတွင်အဓိကဖြစ်ပြီး သူက အရန်သာဖြစ်သည်ဟူသော အချက်ကို လုံးဝလျစ်လျူရှုခဲ့သည်။
တစ်ဖက်ရှိ ရီဖန်သည်လည်း အချိန်ကောင်းတစ်ခုပိုင်ဆိုင်နေရ
သည်။ လက်ရည်တူသောပြိုင်ဘက်ရှိခြင်းကြောင့် ရီဖန်သည် သူ၏ကိုယ်ပိုင်အင်အားကို ပိုမိုကောင်းမွန်စွာထိန်းချုပ်နိုင်ခဲ့ကာ သူ၏တိုက်ခိုက်ရေးစွမ်းအားအနည်းငယ်တိုးတက်လာသည်။
တစ်ခုတည်းသော စိတ်မချမ်းသာသူမှာ ယခုဖိနှိပ်ခံထားရသော ဝမ်ရှုမဟာသူတော်စင်ဖြစ်သည်။ အခြေအနေကို ထိန်းမနိုင်သိမ်းမရဖြစ်နေသောကြောင့် ဝမ်ရှုမဟာသူတော်စင်၏ မျက်နှာသည် အိုးဖင်ကဲ့သို့မှောင်မည်းနေပြီဖြစ်သည်။ တောက်ပနေသော သူမ၏မျက်နှာက ယခု အနည်းငယ် ရုပ်ဆိုးနေလေပြီ။
တိုက်ပွဲကို တော်တော်များများ အာရုံစိုက်ထားသောကြောင့် အနီးနားရှိသူများကလည်း ၎င်းကိုသတိထားမိကြသည်။ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် သူမအတွက် မလိုလားအပ်သည့် ရလဒ်များသာ ရရှိလာလိမ့်မည်။
တိုက်ပွဲကို အလျင်အမြန် အဆုံးသတ်နိုင်မှရမည်။
နောက်အခိုက်အတန့်တွင် ရီဖန်ကို ဖိနှိပ်ထားသော စာအုပ်တစ်သောင်းမဟာအခင်းအကျင်းသည် ဝမ်ရှုမဟာသူတော်စင်ဘက်သို့ ပြန်လာခဲ့သည်။ ထို့နောက် သူမသည် စာအုပ်ကို အသာအယာ ထိလိုက်သည်။ ထိုအခါ စာအုပ်တိုင်းက ကျင့်ကြံသူ သို့မဟုတ် ကြမ်းတမ်းသောမွန်းစတားများအဖြစ် ပြောင်းလဲသွားသည်။
ဤကျင့်ကြံသူများနှင့် ကြမ်းကြုတ်သောမွန်းစတားများ၏စွမ်းအားသည် မတူညီကြဘဲ အများစုမှာ မဟာသူတော်စင်အဆင့်၏ အစောပိုင်းအဆင့်တွင် ရှိနေကြကာ အချို့က မဟာသူတော်စင်၏ အလယ်အလတ်အဆင့်တွင်ရှိသည်။ သို့သော်လည်း မဟာသူတော်စင် နယ်မြေစွမ်းအားရှင် တစ်ဒါဇင်ကျော် တိုက်ပွဲတွင်ပါဝင်လာခြင်းက ၎င်းတို့ အောင်ပွဲအဆုံးအဖြတ်ကို တိမ်းစောင်းသွားစေသည်။
မဟာသူတော်စင်များ ပေါ်လာသည်ကိုမြင်သောအခါ ကောင်းကင်နဂါးမဟာသူတော်စင်က ခဏမျှ အံ့ဩသွးသည်။ သူ၏မျက်လုံးထဲမှ ထိတ်လန့်ခြင်းကိုပင် မြင်နိုင်သည်။
ကောင်းကင်လှုပ်ခါမဟာသူတော်စင်၊ မီးတောက်တစ်ထောင်မဟာသူတော်စင်၊ ဤသူတော်စင်များအားလုံးသည် ကောင်းကင်နဂါးမဟာသူတော်စင်များနှင့် ရင်းနှီးခဲ့ဖူးကာ ၎င်းတို့ထဲမှအများအပြားနှင့် ဆုံဖူးသည်။
သို့သော် သူသိထားသည်မှာ ဤမဟာသူတော်စင်များအားလုံး လျှို့ဝှက်စွာပျောက်ကွယ်သွားခဲ့သည်ဟူသော ကောလဟာလများကိုသာဖြစ်သည်။ ယခု ၎င်းတို့အဘယ်ကြောင့် ဤနေရာတွင် ရုတ်တရက် ပေါ်လာသနည်း။
ကောင်းကင်နဂါးမဟာသူတော်စင်က ဝမ်ရှုမဟာသူတော်စင်ကို ထိတ်လန့်စွာကြည့်လိုက်သည်။
ထင်ရှားသည်မှာ ဤမဟာသူတော်စင်ကြီးများ၏ ပျောက်ဆုံးမှုသည် ဝမ်ရှုမဟာသူတော်စင်နှင့် သက်ဆိုင်နေလိမ့်မည် ။
"မင်း ဒီမဟာသူတော်စင်တွေအားလုံးကို သတ်လိုက်တာလား"
ကောင်းကင်နဂါးမဟာသူတော်စင်၏စကားက ကြောက်ရွံ့မှုနှင့်အတူ တုန်လှုပ်နေသည်။
"ရှင်တို့မြင်တဲ့အတိုင်းပဲ၊ ကျွန်မလုပ်လိုက်တာလေ”
သူမ၏နောက်ဆုံးနည်းစနစ်ကို အသုံးပြုပြီးနောက် ဝမ်ရှုမဟာသူတော်စင်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန်မလိုအပ်တော့ဟု ခံစားလာရသည်။ မကြာမီတွင် ရီဖန်နှင့် ကောင်းကင်နဂါးမဟာသူတော်စင်တို့သည်လည်း သူမ၏ နောက်ထပ်ကျမ်းစာအုပ်နှစ်အုပ် ဖြစ်လာတော့မည်မဟုတ်လား။ သူမသည် ကောင်းကင်နဂါးမဟာသူတော်စင်၏ အလားအလာကို အနည်းငယ်သံသယဖြစ်ခဲ့သော်လည်း သူမ၏လျှို့ဝှက်ချက်ကို ပြောပြီးဖြစ်သောကြောင့် ၎င်းကိုအသက်ရှင်ခွင့်မပြုနိုင်တော့ပေ။
ကောင်းကင်နဂါးမဟာသူတော်စင်၏ နှလုံးသားလေးမှာ စုန်းစုန်းနစ်မြုပ်သွား၏။ ယခု သူတကယ်အန္တရာယ်ရှိနေပြီလား။ ဝမ်ရှုမဟာသူတော်စင်တစ်ဦးတည်းနှင့် ရင်ဆိုင်ရသည်ကပင် ခက်ခဲနေပြီဖြစ်ကာ ယခုအခါ အခြားမဟာသူတော်စင်များစွာ ပါဝင်လာသည်။ သူတို့ မည်သို့အနိုင်ရရှိနိုင်ဦးမည်နည်း။
မဟာသူတော်စင်များကို ရီဖန် သေချာမသိသော်လည်း
ကောင်းကင်နဂါးမဟာသူတော်စင်၏ အမူအရာကိုကြည့်လျှင် ဘာဖြစ်ခဲ့သည်ကို အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။ ဤဝမ်ရှုမဟာသူတော်စင်သည် သူထင်ထားသည်ထက် ပို၍ပင်အန္တရာယ်ရှိပုံရသည်။
မိန်းမများသည်ကား ပို၍လှပလေ ပို၍ရက်စက်ကြမ်းကြုတ်လေဖြစ်ပုံရသည်။
သူ၏လက်ရှိအခြေအနေအရ ရီဖန်သည် ဝမ်ရှုမဟာသူတော်စင်ကို အနိုင်ရရန် နည်းလမ်းမရှိပေ။
သို့သော် ရီဖန်ထံတွင် အခြေအနေတစ်ခုထက်မက ပိုရှိသည်မဟုတ်လား။
ယခု သူ့အင်အားကို လုံလုံလောက်လောက် စမ်းသပ်ပြီးပြီဖြစ်သည့်အတွက် အပြင်းအထန်ချပြရမည့် အချိန်ရောက်လေပြီ။ ဤအရာကို အဆုံးသတ်ရန် အချိန်တန်ပြီဖြစ်၏။
"သတ်ကြတာပေါ့”
ရီဖန်သည် သူ့ခန္ဓာကိုယ်အတွင်းမှ မြင့်မြတ်သောသွေးမျိုးဆက်စွမ်းအားကို ချက်ချင်းအသက်သွင်းလိုက်သည်။
သူ့ခန္ဓာကိုယ်က မသန်မာသေးသောကြောင့် ၎င်းကို မြန်မြန်ဖြေရှင်းရန် လိုသည်။
ရီဖန်သည် သူမ၏ ဝှက်ဖဲကိုမြင်ပြီးနောက် ကြောက်ရွံ့သွားမည်ဟု မျှော်လင့်ရင်း ဝမ်ရှုမဟာသူတော်စင်သည် သူ့ကို အဆက်မပြတ် စောင့်ကြည့်နေခဲ့၏။ သို့သော် နောက်အခိုက်အတန့်တွင် ရီဖန်၏ရောင်ဝါကို သူခံစားလိုက်ရသည်။
ရီဖန်သည် သူ၏ယခင် နတ်ဘုရားဝိညာဉ်နယ်မြေသို့ ပြန်လည်ရောက်ရှိသွား၏။ စွမ်းအားများ ထွက်ပေါ်လာခြင်းနှင့်အတူ ရီဖန်၏မျက်လုံးများသည် တွင်းနက်သဖွယ် ငြိမ်သက်နေကာ သူ့ပတ်ဝန်းကျင်မှ အရာအားလုံးကို ဆွဲငင်နေသည်။ သူ့မျက်လုံများထဲတွင် မည်သည့်ခံစားချက်မှ ရှိမနေတော့ချေ။ သေမျိုးကမ္ဘာရှိအရာအားလုံးသည် ရီဖန်ကိုမည်သို့မျှ မနှောင့်ယှက်နိုင်တော့ပေ။
ရီဖန်၏အကြည့်အောက်တွင် ဝမ်ရှုမဟာသူတော်စင်၏နှလုံးသားသည် တစ်စုံတစ်ခုက တင်းကြပ်စွာဆုပ်ကိုင်ထားသကဲ့သို့ ရုတ်တရတ် အေးခဲသွားသည်။ ၎င်းက မည်ကဲ့သို့သော အကြည့်မျိုးဖြစ်သနည်း။ ရီဖန်က လူသားရောဟုတ်သေးရဲ့လား။ သို့မဟုတ် သူသည် ကမ္ဘာကိုအုပ်စိုးနေသော နတ်ဘုရားဖြစ်နိုင်သလား။
ဝမ်ရှုမဟာသူတော်စင်သာမက ကောင်းကင်နဂါးမဟာသူတော်စင်ပင်လျှင် ရီဖန်၏အကြည့်အောက်၌ ထိတ်လန့်တကြားဖြစ်သော်လည်း ဝမ်းသာနေခဲ့သည်။
ရီဖန်သည် အခြားတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားပုံရ၏။ သို့သော် ရီဖန်သည် ၎င်း၏ လက်ရှိအခြေအနေကို ကျေနပ်နေ၏။
သို့သော်လည်း သူ၏လက်ရှိ စိတ်နေသဘောထားကိုတော့ နှစ်မြို့လှသည်မဟုတ်ပေ။
သူသည် ရေခဲလူသားမဟုတ်ဘဲ လူသားတစ်ဦးဖြစ်သည်။ မည်မျှပင် အစွမ်းထက်နေစေကာမူ လူသားဆန်မှုကိုတော့ ထိန်းသိမ်းထားရမည်။ သိူ့သော် ၎င်းနှင့်ပက်သက်၍ မေးခွန်းမထုတ်မီ အရေးတကြီးဖြေရှင်းရမည့်အရာတစ်ခုရှိသည်။
ယခုအခါ ၀မ်ရှုတောင်ကြားသည် ရီဖန်၏ ထိန်းချုပ်မှုအောက်ကျရောက်နေသည်။ သူ့လက်ကို အနည်းငယ်လှုပ်ရှားလိုင်ခြင်းဖြင့် ဝမ်ရှုမဟာသူတော်စင် ဆင့်ခေါ်ထားသော လူသားနှင့် မွန်းစတားများသည် ရီဖန်၏နံဘေးသို့ ပျံသန်းသွားကြ၏။ ထို့နောက် သူ၏အတွေးတစ်ချက်မျှဖြင့် ထိုမဟာသူတော်စင်အဆင့် ကျင့်ကြံသူများနှင့် မွန်းစတားများ ပျက်ဆီးသွားကြသည်။ ကျင့်ကြံသူများ၏ စိတ်ဝိညာဉ်သည်လည်း လုံးဝပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
ဝမ်ရှုမဟာသူတော်စင်သည် မူလအခြေခံနိယာမကို အသုံးပြု၍ ၎င်းတို့ကိုထိန်းချုပ်ထားသည်။ သို့သော် သူမအသုံးပြုသော လမ်းကြောင်းက အလွန်ထူးခြား၏။ စာအုပ်တစ်အုပ်ချင်းစီသည် အခြားသောကျင့်ကြံသူများ မူလအခြေခံမူကို သူမကိုယ်တိုင်အသုံးပြုရန်အတွက် စုပ်ယူနိုင်သည်။ ဤအချက်က ရီဖန်၏ ပင်ကိုနိယာမလမ်းကြောင်းနှင့် ဆင်တူသည်။ သို့သော် ၎င်းက ထိုအရာနှင့်တော့ မယှဉ်နိုင်ချေ။
စာအုပ်တစ်သောင်းလမ်းကြောင်းသည် အရေအတွက်အားဖြင့်သာ တိုးလာနိုင်သော်လည်း ရီဖန်၏ ပင်ကိုနိယာမလမ်းကြောင်းက အနှစ်သာရကို မြှင့်တင်ပေးနိုင်သည်။ အရေအတွက် မည်မျှပင်များပြားစေကာမူ လိုအပ်သောအရင်းမြစ်များမရှိလျှင် နောက်ဆုံးတွင် အသုံးဝင်တော့မည်မဟုတ်ပေ။
မူလအခြေခံနိယာမစွမ်းအားဖြင့် ဖုံးကွယ်ထားသော စာအုပ်တစ်ဒါဇင်ကို ရီဖန် ဖျက်ဆီးလိုက်ခြင်းက ဝမ်ရှုမဟာသူတော်စင်ကို ထိခိုက်စေခဲ့သည်။ သူမ၏ မူလက အားပြင်းသောရောင်ဝါသည် တခဏအတွင်း သိသိသာသာ ကွယ်ပျောက်သွား၏။ ဤအခိုက်အတန့်တွင် ဝမ်ရှုမဟာသူတော်စင်သည် ရီဖန်ကို တိုက်ခိုက်မိခဲ့ခြင်းကို နောင်တရသွားသည်။
အလယ်အလတ်မဟာသူတော်စင်အဆင့် ကျင့်ကြံသူသည် ထိုကြောက်စရာကောင်းသောနည်းစနစ်ကို မည်သို့ပိုင်ဆိုင်နိုင်မည်နည်း။ တစ်စုံတစ်ယောက်ို လုပ်ကြံရန်အတွက် အားနည်းဟန်ဆောင်ခြင်းမျိုးကို သူမအရွံဆုံးဖြစ်သည်။ သို့သော် ယခုနောင်တရရမည့်အချိန်မဟုတ်တော့ဘဲ သူမလွတ်မြောက်ရန်အတွက် စဉ်းစားဖို့လိုသည်။ စာအုပ်များသည် နောက်ထပ်ပြောင်းလဲသွား၏။ သို့သော် ဤအချိန်တွင်ပေါ်လာသည်မှာ အစောပိုင်းက ကျင့်ကြံသူများနှင့် မွန်းစတားများကဲ့သို့ အစွမ်းထက်တော့မည်မဟုတ်ပေ။
ရီဖန်သည် ဆက်ရေတွက်နေရင်း စာအုပ်များကို တစ်အုပ်ပြီးတစ်အုပ် ဖျက်ဆီးပစ်လိုက်သည်။
ဝမ်ရှုမဟာသူတော်စင်၏ နှစ်သန်းပေါင်းများစွာ စုဆောင်းခြင်းက ရီဖန်ကြောင့် အားလုံးပျက်ဆီးလုနီးပါး ဖြစ်နေသည်။ သို့သော် ယခုအချိန်တွင် ဝမ်ရှုမဟာသူတော်စင်သည် ဒေါသထွက်ရန်ပင် အချ်ိန်မရှိတော့ဘဲ သူမ၏အသက်ကလေးက်ိုသာ နှမြောနေသည်။ ထိုအရာများကို မည်သူက ဂရုစိုက်နိုင်ဦးမည်နည်း။
သူမ ၀မ်ရှုတောင်ကြားမှ ထွက်ခွါနိုင်တော့မည့်အချိန်တွင် ဝမ်ရှာမဟာသူတော်စင်၏ မျက်လုံးများထဲတွင် တလက်လက် တောက်ပလာသည်။ လွတ်မြောက်ရန်စွမ်းဆောင်နိုင်ပါလျှင် သူမ အသုံးချနိုင်သည့် နည်းဗျူဟာ အများအပြားရှိလိမ့်မည်။
၀မ်ရှုတောင်ကြားသည် သူမ၏ပိုင်နက်ဖြစ်သောကြောင့် သေချာပေါက် သူမအတွက် အားသာချက်များရှိသည်။
သို့သော် ရီဖန်၏ဖိအားကြောင့် သူမထိုနေရာတွင် မနေရဲတော့ပေ။ သူမလွတ်မြောက်ပြီးနောက် အရန်အစီအစဉ်ကို လုပ်ဆောင်နိုင်သရွေ့ သူမ လက်စားချေနိုင်မည့် အခွင့်အရေးရှိနေဆဲပင်။ ရီဖန်ကဲ့သို့ အလယ်အလတ်အဆင့် မဟာသူတော်စင်တစ်ယောက်က ထိုအခြေအနေကို အချိန်အကြာကြီး ထိန်းထားနိုင်လိမ့်မည်ဟု သူမ မထင်ပါ။
နည်းစနစ် ပိုအားကောင်းလေ၊ ကန့်သတ်ချက်များ ပိုများလေဖြစ်သည်။ သူမအတွက် ရီဖန်ကို အနိုင်ယူနိုင်မည့် အခွင့်အရေးရှိနိုင်ပါသေးသည်။ ရီဖန်၏သွေးမျိုးဆက်ကိုသာ ရယူနိုင်လျှင် သူမသည် စစ်မှန်သောနတ်ဘုရားနယ်မြေသို့ ရောက်ရှိနိုင်ပါ၏။
ထိုသို့ စိတ်ထဲတွေးတောရင်း ဝမ်ရှုမဟာသူတော်စင်သည် သူမ၏စိတ်ဝိညာဉ်မှ နာကျင်မှုကိုပင် မေ့လျော့သွားကာ ရင်ခုန်စိတ်လှုပ်ရှားနေသည်။
……
အခန်း ၅၀၇ - ဒေါသထွက်နေသော မဟာသူတော်စင်များ
၀မ်ရှုတောင်ကြားတစ်ခုလုံးသည် ရီဖန်နှင့် ကောင်းကင်နဂါးမဟာသူတော်စင်တို့ကို ဖုံးအုပ်ထားသော မဟာအခင်းအကျင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ကောင်းကင်နဂါးမဟာသူတော်စင်မှာ ဘာမှပင်မဆိုနိုင်တော့ချေ။ သူက မိတ်ဆက်ပေးသူမျှသာဖြစ်သော်လည်း အဘယ်ကြောင့် သူ့ကိုသတ်ရန် စိတ်အားထက်သန်နေကြသနည်း။ ရီဖန်၏အကူအညီကြောင့်သာမဟုတ်ပါက သူ့အနေဖြင့် ယခင်တိုက်ခိုက်ခံရမှုမှပင် လွတ်မြောက်နိုင်မည်မဟုတ်ပေ။
"နောက်ထပ်တစ်ခုလားကွာ"
၀မ်ရှုတောင်ကြားကို လွှမ်းခြုံနေသော စွမ်းအားမငြိမ်သက်မှုကို ခံစားလိုက်ရသော ကောင်းကင်နဂါးမဟာသူတော်စင်သည် ထိတ်လန့်သွား၏။
"စိတ်ဝိညာဉ်ကိုတိုက်ခိုက်ဖို့ကြိုးစားနေတာလား”
ထိူအချိန်တွင် စွမ်းအားများ တဟုန်ထိုးတက်လာပြီးနောက် ကောင်းကင်နဂါးမဟာသူတော်စင်၏ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ရုတ်တရက်ဝင်ရောက်ကျူးကျော်လာခြင်းက သူ့ကို အလွန်လန့်သွားစေသည်။ ထိုတိုက်ခိုက်မှုက သူ၏ ခံနိုင်ရည်ထက် ကျော်လွန်နေ၏၊
ကောင်းကင်နဂါးမဟာသူတော်စင်က စိတ်ပျက်လက်ပျက်ဖြစ်နေစဉ် သူ၏ခန္ဓာကိုယ်ထဲသို့ စွမ်းအားများ ရုတ်တရက်ဝင်ရောက်လာသည်။ သူ၏ စိတ်ဝိညာဉ်ကို လွှမ်းမိုးထားသောစွမ်းအားသည်လည်း တခဏချင်း ပျောက်ကွယ်သွားသည်။ သူ မျက်လုံးဖွင့်ကြည့်လိုက်သော်လည်း သူ့နှလုံးသားက အကြောက်တရားများဖြင့် ခုန်လှုပ်နေဆဲဖြစ်သည်။ ရီဖန်၏စွက်ဖက်မှုကြောင့်သာ မဟုတ်ပါက သူကျဆုံးသွားပြီးဖြစ်၏။
"ကျေးဇူးတင်ပါတယ် မိတ်ဆွေချန်ရီ!"
ကောင်းကင်နဂါးမဟာသူတော်စင်က ကျေးဇူးတင်ကြောင်း ရိုးသားစွာဆိုလိုက်သည်။
ရီဖန်သည် မတုံ့ပြန်သေးဘဲ ကောင်းကင်သိူ့ မော့ကြည့်လိုက်သည်။ နောက်ထပ်တိုက်ခိုက်မှုက ယခင်ထက်ပင် ပိုကြောက်စရာကောင်းနေသည်။ သို့သော် ၎င်းက သူ၏သန်မာမှုကို စမ်းသပ်ရန် အကောင်းဆုံးအခွင့်အရေးတစ်ခုဖြစ်သည်။
ရီဖန်၏ပုံရိပ်က ၀မ်ရှုတောင်ကြား၏ အထက်ကောင်းကင်သို့ တက်လာကာ သူ့လက်ကိုဆန့်ထုတ်လိုက်သည်။
၀မ်ရှုမဟာသူတော်စင်သည် ရီဖန်၏လှုပ်ရှားမှုများကို စောင့်ကြည့်နေရင်း သူမ၏မျက်နှာ ရုတ်တရတ် ပြောင်းလဲသွားသည်။ ထိုသူက ဘာလုပ်ရန်ကြံသည်နေသနည်း။ သူသည် စာအုပ်တစ်သောင်းအခင်းအကျင်းတစ်ခုလုံးကို သူ၏စွမ်းအားဖြင့် ဖျက်ဆီးရန်ကြံနေသလား။ သူမ နှစ်ပေါင်းသောင်းနှင့်ချီ၍ တည်ဆောက်ခဲ့ရသည့် အခင်းအကျင်းက ဤမျှလွယ်လွယ်နှင့် ပျက်ဆီးသွားနိုင်သလား။
ရီဖန်သည် အခင်းအကျင်းများကို ကောင်းစွာနားလည်ထားပြီး ၎င်းက အလယ်အလတ် မဟာသူတော်စင်အဆင့်မျှသာဖြစ်ကြောင်းကို သူသိသည်။ စွမ်းအားများစွာမရှိလျှင်ပင် အချိန်အလုံအလောက်ရှိလျှင် ၎င်းကို တိုက်ရိုက်ဖြိုဖျက်နိုင်သည်။
သေချာပေါက်ပင် ဝမ်ရှုမဟာသူတော်စင်ကလည်း ရီဖန်အား အခင်းအကျင်းဖျက်သိမ်းနိုင်ရန် အချိန်လုံလောက်စွာ မပေးချေ။ ထို့ကြောင့် အခြားနည်းဗျူဟာအချို့ကို အသုံးချရမည်။
ရီဖန်၏စွမ်းအားသည် ၀မ်ရှုတောင်ကြားရှိနေရာမျိုးစုံကို တိုက်ခိုက်ချေဖျက်ရန်အတွက် ကြိုးမျှင်တစ်သောင်းအဖြစ်သို့ ပြောင်းလဲသွားသည်။
ဝမ်ရှုမဟာသူတော်စင်သည် ရီဖန်၏ပစ်မှတ်များကို သတိထားမိလိုက်သည်နှင့် ချက်ချင်းဖြူဖျော့သွား၏။
ထိုနေရာများသည် စာအုပ်တစ်သောင်းမဟာအခင်းအကျင်း၏ အဓိကနေရာများဖြစ်သည်။
ရီဖန်၏အင်အားများက အခင်းအကျင်းအဆက်ထဲသို့ အရှိန်အဟုန်ဖြင့် ရောက်ရှိလာသည်။ ရီဖန်၏အင်အားအောက်တွင် မူလက မျှခြေရှိနေသောစွမ်းအားသည် ဖရိုဖရဲဖြစ်သွားသည်။
အခင်းအကျင်းကိုလုပ်ဆောင်ရန်အတွက် တည်ငြိမ်နေရန်လိုအပ်၏။ ၎င်း၏စွမ်းအားမျှခြေ ပျက်ဆီးသွားသည်နှင့်တစ်ပြိုင်နက် ၎င်းက ချက်ချင်းပျောက်ကွယ်သွားမည်ဖြစ်သည်။
အထွတ်အထိပ် မဟာသူတော်စင်ပင်လျှင် တခဏတည်းနှင့် မဖျက်ဆီးနိုင်သော အခင်းအကျင်းတစ်ခုက ရီဖန်၏ စွမ်းအားအနည်းငယ်အောင်တွင် အလွယ်တကူ ပြိုလဲသွားသည်။
"ပြေးမှဖြစ်မယ်”
မဟာအခင်းအကျင်း ပျက်ဆီးသွားသည့်အခိုက်တွင် ထွက်ပြေးလွတ်မြောက်ခြင်းကသာ တစ်ခုတည်းသောရွေးချယ်မှုဖြစ်မှန်း ဝမ်ရှုမဟာသူတော်စင် သိလိုက်သည်။ ရီဖန်ဟူသော အနှီနတ်ဆိုးကို သူမကိုင်တွယ်နိုင်ပေ။ နှစ်ပေါင်းရာနှင့်ချီ၍ ပြင်ဆင်ခဲ့သော ဗျူဟာသည်လည်း အလုပ်မဖြစ်တော့ချေ။
အခင်းအကျင်းကို ပထမဆုံးစဖွင့်စဉ်က သူမထွက်ပြေးရန် ဆုံးဖြတ်ခဲ့လျှင်တော့ မျှော်လင့်ချက်အချို့ ရှိကောင်းရှိနိုင်သော်လည်း
ယခုမှ လွတ်မြောက်ချင်နေလျှင် အလွန်နောက်ကျသွားလေပြီ။
ရီဖန်သည် လေဟာနယ်များကို ဆုတ်ဖြဲလျက် အဝေးသို့ဖြတ်ကျော်သွားပြီးနောက် သူပြန်ပေါ်လာသောအခါ ၀မ်ရှုမဟာသူတော်စင်၏ ရှေ့သို့ရောက်ရှိနေပြီဖြစ်သည်။
"ရပ်လိုက်စမ်း”
ရီဖန်၏အမိန့်အောက်တွင် ၀မ်ရှုမဟာသူတော်စင်သည် တစ်ကမ္ဘာလုံးက သူမကို အတင်းဖိအားပေးနေသကဲ့သို့ ခံစားလိုက်ရသည်။ ယခင်က အချုပ်အနှောင်မရှိသော နေရာသည် ချက်ချင်းပင် သူမကိုချုပ်နှောင်ထားသည့် အကျဉ်းထောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ အလယ်အလတ်အဆင့်ရှိ မဟာသူတော်စင်က အဘယ်ကြောင့် ဤမျှအစွမ်းထက်ရသနည်း။ သို့သော် သူမ မည်မျှပင် ကျိန်ဆဲနေပါစေ ရီဖန်၏ချုပ်နှောင်မှုမှ မလွတ်မြောက်တိုင်ပေ။
"မိတ်ဆွေချန်ရီ၊ ကျွန်မကို ချမ်းသာပေးပါ၊ အရင်းအမြစ်အားလုံးကိုပေးပါ့မယ်"
ထွက်ပြေးရန်အတွက် မျှော်လင့်ချက်မဲ့နေပြီးသော ၀မ်ရှုမဟာသူတော်စင်သည် သူမ၏အသက်ကို လဲလှယ်ရန်ကြိုးပမ်းကာ အသနားခံခဲ့သည်။
"ငါ မင်းကိုသတ်ရင် မင်းရဲ့ပစ္စည်းတွေ အကုန်လူံး ငါရမှာပဲ"
ရီဖန်၏ ရည်ရွယ်ချက်က ပြတ်သားသည်။
ဝမ်ရှုမဟာသူတော်စင်၏ အသနားခံမှုက သူ့ကို မလှုပ်ရှားစေနိုင်ချေ။ သူ စတင်တိုက်ခိုက်ပြီးချိန်မှစ၍ ၀မ်ရှုမဟာသူတော်စင် သေကိုသေရမည်။
"ရှင် ကျွန်မအသက် ချမ်းသာမပေးရင် အရင်းအမြစ်တွေအားလုံးလဲ ဖျက်ဆီးပစ်လိုက်မှာနော်”
ထိုအချိန်တွင် ၀မ်ရှုမဟာသူတော်စင်သည် လုံးဝရူးသွပ်နေ၏။
"မင်းကြိုးစားကြည့်ပေါ့!"
ရီဖန်က သူမပြောသည်ကို စိတ်မ၀င်စားပေ။ ၀မ်ရှုမဟာသူတော်စင်သည် သူမ၏စွမ်းအားများကို စုစည်းပြီး သူမ၏ဂူအတွင်းရှိ အရင်းအမြစ်အားလုံးကို ဖျက်ဆီးပစ်ချင်ခဲ့သည်။ သို့သော် မကြာမီ သူမ ထိုသို့ပင် မလုပ်နိုင်တော့ကြောင်း သိလိုက်၏။ ရီဖန်၏ပိတ်ဆို့တားဆီးမှုအောက်တွင် သူမသည် သူမ၏စွမ်းအားပင် မထုတ်နိုင်တော့ချေ။ အအေးဓာတ်က သူမတစ်ကိုယ်လုံးကို လွှမ်းခြုံသွား၏။
မဟာသူတော်စင်နယ်မြေစွမ်းအားက ၎င်းကို အောင်နိုင်ပါ့မလား။ သူမမြင်ဖူးသမျှထဲတွင် အထွတ်အထိပ်အဆင့် မဟာသူတော်စင်များပင်လျှင် နှောင်းပိုင်းမဟာသူတော်စင်တစ်ဦးအား ၎င်းတို့၏ဂူကိုဖျက်ဆီးခြင်းမှ တားဆီးနိုင်မည်မဟုတ်ပေ။ ၀မ်ရှုမဟာသူတော်စင်သည် သူမ၏စွမ်းအားဖြင့် မည်မျှကြိုးစားစေကာမူ မတတ်နိုင်ချေ။ သူမ၏ဒေါသက အခြေအနေကို မပြောင်းလဲပေးနိုင်ပါ။ ရီဖန်သည် ယခုအခါ နတ်ဘုရားဝိညာဉ်နယ်မြေ စွမ်းအားနှင့် အတော်လေး ရင်းနှီးနေပြီဖြစ်သည်။ ဤတိုက်ပွဲကို အဆုံးသတ်ရန် အချိန်တန်လေပြီ။
ထိုအခိုက်အတန့်တွင် ရောင်ဝါတစ်ခုက ၀မ်ရှုတောင်ကြားသို့ လျင်မြန်စွာချဉ်းကပ်လာ၏။
၎င်းသည် လုံးဝမဖုံးကွယ်ထားဘဲ ၀မ်ရှုမဟာသူတော်စင်ထက်ပင် ပိုအစွမ်းထက်သည်။ မူလစိတ်ပျက်အားငယ်နေသော ၀မ်ရှုမဟာသူတော်စင်သည် ဤရောင်ဝါရောက်ရှိလာခြင်းကြောင့် မျှော်လင့်ချက်အချို့ ပြန်လည်ရရှိခဲ့သည်။
သူမ ဤရောင်ဝါကို ကောင်းကောင်းသိ၏။ ၎င်းက အထွတ်အထိပ် မဟာသူတော်စင်တစ်ဦးထံမှ ထွက်ပေါ်လာခြင်းဖြစ်ကာ သူမအားပိုးပန်းသူများထဲမှ တစ်ဦးလည်းဖြစ်သည်။
"စီမု ကျွန်မကိုကယ်ပါဦး!"
စီမုမဟာသူတော်စင်သည် ၀မ်ရှုမဟာသူတော်စင် အကူအညီတောင်းသည့် သနားခံချက်ကိုချက်ချင်းသတိပြုမိလိုက်ကာ သူ၏မျက်လုံးများက ချက်ချင်းရက်စက်မှုများဖြင့် ပြည့်နှက်သွားသည်။
……..