အခန်း ၅၀၈-၅၁၀
Vol. 34 Ch. 508-510
အခန်း ၅၀၈ - ဒေါသထွက်နေသော မဟာသူတော်စင်များ
စီမုမဟာသူတော်စင်သည် သူ၏နတ်အာရုံကို ချက်ချင်းဖြန့်ကျက်လိုက်ပြီးနောက် နေလုံးငယ်နှင့်တူသော ရီဖန်ကို သတိပြုမိသည်။ သူ၏ရောင်ဝါကို မြင်လိုက်ရရုံဖြင့်ပင် စီမုမဟာသူတော်စင်ကို အသက်ရှုမဝဖြစ်စေသည်။ အကယ်၍ သူသာ တစ်ချက်လှုပ်ရှားလိုက်လျှင် သေရလိမ့်မည်ဟု ခံစားမိ၏။
"မင်းကဘယ်သူလဲ၊ ငါမင်းနဲ့ သိလို့လား"
စီမုမဟာသူတော်စင်၏မျက်လုံးများက စိတ်ရှုပ်ထွေးနေဟန်ဖြင့် သူသည် ဝမ်ရှုမဟာသူတော်စင်ကို ပြန်ကြည့်ရင်း 'ငါမင်းကိုမသိပါဘူး၊ လျှောက်ပြောမနေနဲ့နော်’ ဟူသောအမူအရာလုပ်ထားသည်။ ရီဖန်သည်လည်း နောက်ဆုံးတွင် အဓိပ္ပါယ်ရှိစွာပြုံးလိုက်၏။ ထိုနောက်လိုက်က ဆင်ခြင်တုံတရားတော့ ရှိရှာသေးပုံပင်။
ဤမဟာသူတော်စင်အဆင့်ကျင့်ကြံသူသည် ရီဖန်ကိုဆန့်ကျင်ရန်မရည်ရွယ်ထားသောကြောင့် သူမက်ိုကူညီရန်စိတ်ထဲမရှိချေ။ ရီဖန်က သူ့ကိုဂရုမစိုက်တော့ဘဲ ခေါင်းပြန်လှည့်သွားသောအခါတွင်မှ စီမုမဟာသူတော်စင် သက်ပြင်းချလိုက်နိုင်သည်။ သူ့နှလုံးသားထဲတွင်တော့ သူ၏သရုပ်ဆောင်စွမ်းရည်ကို တိတ်တဆိတ် ချီးကျူးလိုက်မိ၏။ အလွန်ကိုမှ ပြီးပြည့်စုံလွန်းပါသည်။
ဝမ်ရှုမဟာသူတော်စင်သည် ပထမဆုံးထိတ်လန့်သွားပြီးနောက် ဒေါသထွက်သွားသည်။ ထိုအခိုက်အတန့်တွင် သူမ၏ နှလုံးသားထဲမှ စီမုမဟာသူတော်စင်အပေါ် မုန်းတီးမှုသည် ရီဖန်အပေါ် သူမ၏မုန်းတီးမှုထက်ပင် ပိုနက်ရှိုင်းလိမ့်မည်။ သူမကို ပိုးပန်းသူတစ်ဦးက သူမကိုမကယ်တင်ချင်ဘဲ ဆက်ဆံရေးကိုပင် ငြင်းဆိုနေသည်။ သူမ၏ အသက်ရှင်သန်ရန်အတွက် နောက်ဆုံးမျှော်လင့်ချက် အလင်းတန်းသည်လည်း ပျောက်ကွယ်သွား၏။
"စီမု ရှင့်နှလုံးသားထဲမှာ ကျွန်မရှိတယ်ဆိုတာ သိတယ်။ ကျွန်မသေသွားရင် လက်စားချေပေးရမယ်!"
စီမုမဟာသူတော်စင်သည် မျက်ခုံးလှုပ်သွားပြီးနောက်
"မဟုတ်တာ၊လျှောက်မပြောပါနဲ့တော့!" ဟု အလျင်စလိုပြောလိုက်သည်။
ထိုအခိုက်အတန့်တွင် ကြောက်စရာကောင်းသော စွမ်းအားရှင်ရီဖန်ရှိနေသောကြောင့် သူသည် ဝမ်ရှုမဟာသူတော်စင်နှင့် လုံးဝမဆက်နွှယ်ချင်တော့ပါ။
မိန်းမများက အများကြီးရှိသော်လည်း သူ့အသက်ကတော့ တစ်ခုသာရှိသည်။
ဝမ်ရှုမဟာသူတော်စင်သည် စီမုမဟာသူတော်စင်အား သူမ၏သစ္စာရှိပိုးပန်းသူတစ်ဦးဟု ထင်ခဲ့သော်လည်း စီမု၏ ရေကန်ထဲမှ ငါးတစ်ကောင်မျှသာ ဖြစ်ကြောင်း သူမ မသိခဲ့ပေ။
ရီဖန်ပင်လျှင် ရုတ်တရက်ပေါ်လာသည့် မရင်းနှီးသော မဟာသူတော်စင်ကို သတ်ပစ်သင့်သလားဟုတွေးမိသည်။
စီမုမဟာသူတော်စင်က ရီဖန်ထံမှလူသတ်ချင်စိတ်ကို ခံစားလိုက်ရကာ ချက်ချင်းအံ့အားသင့်သွားသည်။
ပြေးတော့ဟေ့!
သူသည် နှလုံးသားမဲ့စွာပြောဆိုပြီးနောက် တုံ့ဆိုင်းမနေဘဲ လျှို့ဝှက်နည်းစနစ်ကို တိုက်ရိုက်အသုံးပြုကာ အဝေးဆီသို့ ထွက်ပြေးသွားခဲ့သည်။ သူသာ နှေးနေလျှင် ပြေးရင် ရီဖန်အမှန်တကယ်တိုက်ခိုက်လာမည်ကို ကြောက်ရွံ့မိပါ၏။ သူ့အထင်အရ ထိုလျှို့ဝှက်ဆန်းကြယ်သောစွမ်းအားရှင်သည် ယခုလေးတင်မှ စိတ်ပြောင်းသွားပုံရသည်။ သူ့အသက်ကိုကာကွယ်ရန်အတွက် မြန်မြန်ထွက်သွားခြင်းက ပိုကောင်းပါလိမ့်မည်။
စီမုမဟာသူတော်စင်ထွက်သွားပြီးနောက် ဝမ်ရှုမဟာသူတော်စင်သည်လည်း သူမ၏နောက်ဆုံးမျှော်လင့်ချက်ကို ဆုံးရှုံးသွားခဲ့သည်။ ရီဖန်သည် အချိန်ဆက်ဆွဲရန် စိတ်မ၀င်စားတော့ဘဲ ချက်ချင်းလှုပ်ရှားခဲ့ရာ မဟာသူတော်စင်အဆင့်ကျင့်ကြံသူလည်း ချက်ချင်းကျဆုံးသွားသည်။
နှောင်းပိုင်း မဟာသူတော်စင်အဆင့်ကျင့်ကြံသူ ကျဆုံးခြင်းက အစောပိုင်း မဟာသူတော်စင်ကျဆုံးခြင်းထက် ပိုမိုရုန်းရင်းဆန်ခတ် ဖြစ်စေခဲ့သည်။ ကောင်းကင်ယံ၌ သွေးမိုးများရွာကျလျက် မိုင်ပေါင်းသန်းပေါင်းများစွာပတ်လည်ကို လွှမ်းခြုံထားသည်။ ကျင့်ကြံရေးသမားများသည်လည်း ၎င်းကိုမော့ကြည့်နေကာ သူတို့၏မျက်နှာများသည် ထိတ်လန့်တုန်လှုပ်နေ၏။
ကျဆုံးသွားသည့် စွမ်းအားရှင်ဟာ နယ်နယ်ရရဇာတ်ကောင်တော့ မဟုတ်နိုင်ပေ။
ဤအဖြစ်အပျက်တွင် ပါဝင်သူတစ်ဦးဖြစ်သည့် စီမုမဟာသူတော်စင်က ရပ်တန့်လိုက်ပြီးနောက် ထိတ်လန့်တကြား လှည့်ကြည့်လိုက်သည်။ သူ မည်မျှပင် ဝေးဝေးမသွားရသေးခင် ဝမ်ရှုမဟာသူတော်စင်က ကျဆုံးသွားပြီဖြစ်သည်။
ဤလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားရှင်၏ စွမ်းအားက သူထင်ထားသည်ထက် ပို၍ပင် ကြောက်စရာကောင်း၏။ သူပြန်လာသောအခါ ဝမ်ရှုမဟာသူတော်စင်က မည်သူကို ရန်စခဲ့မိကြောင်း သိရှိရန် စုံစမ်းရဦးမည်။ ထိုသို့သော စွမ်းအားကြီးပုဂ္ဂိုလ်ကို ရန်စရန်မသင့်သောကြောင့် ၎င်းတို့ကိုရှောင်ကြဉ်ခြင်းက ပိုကောင်းလိမ့်မည်။
ကောင်းကင်နဂါးမဟာသူတော်စင်သည်လည်း ယနေ့အတွေ့အကြုံက သူ၏နှစ်သန်းပေါင်းများစွာထက် ပိုမိုကြွယ်ဝသည်ဟု ခံစားမိလိုက်သည်။
“အရွက်တစ်ထောင် သခင်၊ကျွန်တော်….”
ကောင်းကင်နဂါးမဟာသူတော်စင်သည် မရည်ရွယ်ဘဲ ရာထူးဂုဏ်ထူးတပ်ခေါ်မိကာ အနည်းငယ် စိုးရိမ်နေသည်။ ရီဖန်သည် ဝမ်ရှုမဟာသူတော်စင်ကို ဖျက်ဆီးရန် များများစားစားအားထုတ်စရာမလိုဘဲ ပိုလွယ်ကူသွားနေ၏။ ရီဖန်၏သွေးမျိုးဆက်စွမ်းအားများ ပေါင်းစည်းသွားပြီးနောက် နတ်ဘုရားဝိညာဉ်နယ်မြေက ပြန်လည်ကွယ်ပျောက်သွားသည်။
"ဒီတစ်ခါ ငါ့ကို ဒီကိုခေါ်လာပေးလို့ ကောင်းကင်နဂါးမဟာသူတော်စင်ကိုကျေးဇူးတင်ပါတယ်"
ရီဖန်သည် သူ၏အင်အားတစ်စိတ်တစ်ပိုင်းကို ထုတ်ပြသော်လည်း ဤတစ်ကြိမ်တွင် မကျဆုံးဘဲ အရင်းအမြစ်များစွာဖြင့် ထွက်ခွာသွားခဲ့သည်။။ ရီဖန်သည် ပျော်ရွှင်စွာဖြင့် သူ၏ရှာဖွေမှုကိုစတင်ခဲ့သည်။
သူသည် ဝမ်ရှုမဟာသူတော်စင်နှင့် ၀မ်ရှုတောင်ကြားရှိလှိုဏ်ဂူကမ္ဘာအတွင်း အရင်းအမြစ်အနည်းငယ်ကို သိမ်းဆည်းလိုက်သည်။
ဝမ်ရှုမဟာသူတော်စင် နှစ်ပေါင်းများစွာကြာအောင် စုဆောင်းထားသော ရတနာများအားလုံးက ယခုအခါ ရီဖန်၏အပိုင်ဖြစ်သွားပြီဖြစ်သည်။ အခြားသော မဟာသူတော်စင်များနှင့် နှိုင်းယှဉ်ပါက ဝမ်ရှုမဟာသူတော်စင်သည် သိသိသာသာ ပိုချမ်းသာသည်။
ရီဖန်သည် ကျင့်ကြံနည်းစနစ်အမျိုးမျိုးအပြင် ထိပ်တန်းအဆင့်မြင့်သူတော်စင်ဆေးလုံးများနှင့် မဟာသူတော်စင်လက်နက်များကို ဖန်တီးရန်အတွက် ပစ္စည်းများကိုပင် ရှာတွေ့ခဲ့သည်။ ၎င်းတို့ကိုရီဖန်ကိုယ်တိုင်သာ ရှာရလျှင် အချိန်တော်တော်ယူရလိမ့်မည်။
ယခု ဝမ်ရှုမဟာသူတော်စင်က ငွေလင်ပန်းပေါ်တင်၍ အပ်နှံခဲ့သောကြောင့် ရီဖန်သည် သူ၏လက်နက်သန့်စင်မှုနှင့် ဆေးပညာအဆင့်ဖြတ်ကျော်နိုင်ရန်အတွက် အရင်းအမြစ်များကို စိတ်ပူစရာမလိုတော့ချေ။
ရီဖန်က အရင်းအမြစ်များကို လုယက်ရန် အလုပ်များနေချိန်တွင် ဝမ်ရှုမဟာသူတော်စင်၏ ကျဆုံးခြင်းသတင်းက အတွင်းနယ်မြေတစ်ခုလုံးသို့ လျင်မြန်စွာပျံ့နှံ့လာသည်။ ထိုနယ်မြေ၌ပင် ဝမ်ရှုမဟာသူတော်စင်ကို ထိပ်တန်းစွမ်းအားရှင်များထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံရသည်။
တကယ်တမ်းတွင် အဓိကနယ်မြေရှိ ကျင့်ကြံသူများက ပိုစွမ်းအားကြီးကြ၏။ ဝမ်ရှုမဟာသူတော်စင်က အန္တရာယ်များသည်ကို မကြိုက်သောကြောင်သာ သူမတစ်ဘဝလုံး အတွင်းပိုင်းနယ်မြေ၌ ကျင်လည်နေခဲ့ခြင်းဖြစ်သည်။
ရီဖန်သည် ဆက်လက်၍သိုသိပ်စွာနေထိုင်ရန် အစီအစဉ်မရှိတော့ပေ။ ရီမိသားစုသည် နောက်ဆုံးတွင် အဓိကနယ်မြေ၌ပင် ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ထားသောကြောင့် ဂုဏ်သတင်းတစ်ခု လိုအပ်သည်။ တိုက်ခိုက်ရေးစွမ်းရည်အပြင် ဂုဏ်သတင်းကလည်း ၎င်းတို့ကိုရန်စလာမည့် တခြားအင်အားစုများကို တားဆီးနိုင်လိမ့်မည်။
သို့မဟုတ်ပါက ၎င်းတို့အတွင်းပိုင်းနယ်မြေတွင် ဖွံ့ဖြိုးတိုးတက်မှု စတင်လိုက်ချိန်၌ပင် ယင်ကောင်များဝိုင်ရံလာနိုင်သည်။
မကြာမီတွင် အင်အားစုများက ပြဿနာအရင်းမြစ်အပြင် ဝမ်ရှုမဟာသူတော်စင်၏အကြောင်းကိုပါ ရှာတွေ့သွားကြသည်။ အစွန်အဖျားရှိ မိသားစုငယ်လေးမှ မျိုးနွယ်စုခေါင်းဆောင်တစ်ဦးက ဝမ်ရှုမဟာသူတော်စင်ကို ချေမှုန်းပစ်ခဲ့ပါသလား။ သတင်းကြားကြချင်း အင်အားစုများမှ စွမ်းအားရှင်များသည် ၎င်းကတစ်ခုခုလွဲနေသည်ဟု ခံစားရသည်။ သို့သော် ၎င်းကမမှားယွင်းကြောင်း ပြန်လည်အတည်ပြုပြီးနောက် မကျိန်ဆဲဘဲမနေနိုင်ကြတော့ပေ။
ဤမျှ ထူးခြားသည့် စွမ်းအားရှင်ပုဂ္ဂိုလ်က မည်သို့ရှိနေသနည်း။ ၎င်းတို့သာ သတိမထားမိဘဲ ဤမျှအင်အားကြီးမားသည့် ရီမိသားစုကိုရန်စမိပါက ဝမ်ရှူမဟာသူတော်စင်၏ကံကြမ္မာကို ရင်ဆိုင်ရမည်ဖြစ်သည်။ ထိုကျင့်ကြံသူများ၏အမြင်တွင် အစွန်အဖျားရှိသူများသည် ပျော့ညံ့သူများသာဖြစ်ပြီး အလွယ်တကူ ပျက်ဆီးနိုင်သည်။ ထိုအထဲ နဂါးအစစ်များ ပုန်းအောင်းနေမည်ဟု မည်သူထင်ထားမည်နည်း။
ရီမိသားစု၏ အရွက်တစ်ထောင်ဆေးခန်းသည် အတွင်းပိုင်းနယ်မြေ၌ နာမည်ကောင်းရနေပြီဖြစ်သည်။ အချို့သော အင်အားစုများက ၎င်းအား တိုက်ခိုက်ရန် စိတ်ကူးရှိသော်လည်း မလှုပ်ရှားသေးခြင်းသာ ဖြစ်သည်။ သို့သော် ယခု ၎င်းတို့အတွေးများ ပျက်ဆီးသွားရှာပြီ။ ၎င်းတို့သည် ဝမ်ရှုမဟာသူတော်စင် ကို စိတ်ထဲမှ လှိိုက်လှိိုက်လှဲလှဲကျေးဇူးတင်ရှိကြသည်။
ဝမ်ရှုမဟာသူတော်စင်သည် အမှန်တကယ် လူကောင်းတစ်ယောက်ဖြစ်သည်။ သူ့ကြောင့်သာမဟုတ်ပါက ယနေ့ချေမှုန်းခံရသည်မှာ ၎င်းတို့ဖြစ်လိမ့်မည်။ အနှီအင်အားစုများက ရီမိသားစုကို လုံးဝရန်မစမိစေရန် ၎င်းတို့၏လူများကို သေချာသတိပေးထားလိုက်သည်။ အစွန်အဖျားဒေသရှိ အင်အားစုများနှင့်လည်း ရင်းနှီးသောဆက်ဆံရေးကို ထိန်းသိမ်းထားသင့်၏၊
ယခုရီမိသားစုထွက်ပေါ်လာပြီး၊ ထိုဒေသမှ နောက်တစ်ယောက် ထွက်ပေါ်လာနိုင်သေးသည်ကို မည်သူပြောနိုင်မည်နည်း။ အကောင်းဆုံးနည်းလမ်းမှာ ၎င်းတို့အားလုံး သိုသိပ်စွာနေထိုင်ရန်နှင့် ၎င်းတို့ရန်မစနိုင်သောဖြစ်တည်မှုကို မရည်ရွယ်ဘဲ မလှုံ့ဆော်မိစေရန်ဖြစ်သည်။
ရီမိသားစု၏ ဂုဏ်သတင်းတိုးပွားလာသည်နှင့်အမျှ၊ အရွက်တစ်ထောင်ဆေးခန်းသည်လည်း အတွင်းဘက်နယ်မြေရှိ အဓိကအင်အားစုများ၏အာရုံကို အပြည့်အ၀ ဖမ်းစားနိုင်ခဲ့သည်။ အတွင်းပိုင်းနယ်မြေတွင် အဆင့်မြင့်အရင်းအမြစ်များ ရနိုင်သည်ဟု မထင်လိုက်နှင့်။ ၎င်းက အပြင်ဘက်နယ်မြေတဲ့သို့ပင် မဟာသူတော်စင်လက်နက်များနှင့် မဟာသူတော်စင်ဆေးလုံးများသည် မဟာသူတော်စင်များရှာဖွေရခက်ခဲသည့် အရင်းအမြစ်များဖြစ်သည်။
အရွက်တစ်ထောင်ဆေးခန်း၊ ထိုနေရာတွင် ၎င်းတို့ပိုက်ဆံရှိသရွေ့ မဟာသူတော်စင်လက်နက်နှင့် ဆေးလုံးများကို အကန့်အသတ်မရှိဝယ်ယူနိုင်သည်။ ၎င်းတို့ထဲတွင် အလယ်အလတ်အဆင့် မဟာသူတော်စင်ဆေးလုံးနှင့် လက်နက်များရော ရှိနိုင်သလာ။ သတင်းအချက်အလက်တစ်ခုပြီးတစ်ခုက အတွင်းပိုင်းအင်အားစုများ၏ စိတ်ကိုလွှမ်းမိုးသွားသည်။
ထိုအချက်အလက်များ မမှားနိုင်ပါ။ မဟာသူတော်စင်လက်နက်နှင့် ဆေးလုံးများကို မရရှိနိုင်သော မဟာသူတော်စင်များအားလုံးအတွက် ၎င်းက အလွန်အမင်းသွေးဆောင်နေသည်။ သူတို့သေချာပေါက် ဝယ်ကိုဝယ်ကြရမည်။ အဆက်အသွယ်ရှိပြီးသော အင်အားစုကြီးများပင်လျှင် ဆွဲဆောင်မှုကို မတောင့်ခံနိုင်ပေ။ ဤမျှကောင်းမွန်သည့်အရာကို မည်သူကများ ငြင်းဆန်နိုင်လိမ့်မည်နည်း။
မကြာမီ မရေမတွက်နိုင်သော မဟာသူတော်စင်အဆင့် စွမ်းအားရှင်များသည် အပြင်ဘက်နယ်မြေရှိ ကျုံးဖန်မြို့သို့ အပြေးအလွှားရောက်လာကြသည်။
မည်မျှပင် ဆင်းရဲသည်ဟုဆိုပါစေ မဟာသူတော်စင်တိုင်းကတော့ အလွန်ကြွယ်ဝမည်မှာ သေချာသည်။ ယခုတွင် ထိုကြွယ်ဝသောအရင်းအမြစ်များကို ရီမိသားစု၏ အရွက်တစ်ထောင်ဆေးခန်းသို့ အရူးအမူး ပို့ဆောင်နေကာ ၎င်းတို့ကို ဆေးလုံးနှင့် လက်နက်များအဖြစ် ပြောင်းလဲခဲ့ကြသည်။
ရီမိသားစု၏ လက်နက်သန့်စင်သူများနှင့် ဆေးပညာရှင်များသည်လည်း ပထမဆုံးအကြိမ်အနေဖြင့် ဖိအားကို ခံစားခဲ့ရသည်။ ဤမဟာသူတော်စင်များက ရူးသွပ်လွန်းသည် မဟုတ်လား။ ဆေးလုံးနှင့် လက်နက်များ ရရှိလျှင်ရရှိချင်း ၎င်းတို့အားလုံး ချက်ချင်းဆွဲလုခံလိုက်ရသည်။ သူတို့တကယ် မတတ်နိုင်တော့ပေ။
!
……..
အခန်း ၅၀၉ - မူလစည်းမျဉ်းမျှော်စင်
ရီကျင်းထျန်ပင်လျှင် အနည်းငယ် သောကရောက်နေကာ ငွေရှာနိုင်လွန်းခြင်းက ဆိုးရွားသည့်အရာဖြစ်နိုင်ကြောင်းကို ပထမဆုံးအကြိမ်အနေဖြင့် တွေ့ကြုံလိုက်ရသည်။
သို့သော်လည်း ငွေများဝင်လာသည်ကိုကြည့်ရင်း ရီကျင်းထျန်သည် သူ့ကိုယ်သူ မထိန်းနိုင်တော့ပေ။
သူသည် ရီမိသားစု၏ ဆေးပညာရှင်များနှင့် လက်နက်သန့်စင်သူများထံသာ နေ့တိုင်းမှာကြားကာ ဝင်ငွေ၏ တစ်စိတ်တစ်ပိုင်းကိုပင် ၎င်းတို့၏ကော်မရှင်ခအဖြစ် ကမ်းလှမ်းခဲ့သည်။ နည်းလမ်းစဉ်အရ ၎င်းတို့အားလုံးသည် မိသားစုများဖြစ်ကြသော်လည်း ရီကျင်းထျန်က ၎င်းတို့အတွက် ပေးရမည့်ဆုများကို လစ်လျူမရှုထားပေ။ ဆေးလုံးနှင့် လက်နက်များကို စဉ်ဆက်မပြတ် သန့်စင်ခြင်းက ပင်ပန်းသောအလုပ်ဖြစ်သည် မဟုတ်လား။
အရွက်တစ်ထောင်ဆေးခန်းသို့ လာရောက်သေည မဟာသူတော်စင်များသည်လည်း ကောင်းကောင်းပြုမူကြလေ့ရှိသည်။ ဘာပြဿနာမှ မရှာဝံ့ကြ။ ဝမ်ရှုမဟာသူတော်စင် ကျဆုံးခြင်းကြောင့်ကျလာသော သွေးမိုးပင် အရပ်သွားသေးချေ။ ထို့အပြင် ၎င်းတို့က ဝမ်ရှုမဟာသူတော်စင်လောက် စွမ်းအားမကြီးကြ။
ထို့ကြောင့် ၎င်းတို့ ဆေးခန်းမှ လိုချင်သောစ္စည်းများ လဲလှယ်ရန်အတွက်သာ အာရုံစိုက်ကာ ၎င်းတို့၏ကောက်ကျစ်သော အကြံအစည်များအားလုံးကို ချိတ်ပိတ်ထားလိုက်သည်။ ထို့နောက် တစ်ယောက်ပြီးတစ်ယောက် ပိုက်ဆံအိတ်အလွတ်များဖြင့် အိမ်ပြန်သွားရှာသည်။
နောက်ဆုံးတွင် ဆေးခန်းသည် 'ပင်ကိုပျက်ဆီးခြင်းပင်လယ်မှ ငွေရှာတွင်းနက်ကြီး’ အဖြစ် ကျော်ကြားလာ၏။ အဖြစ်မှန်ကိုမသိသော သူများက ဆေးခန်းတွင် အထူးဝန်ဆောင်မှုအချို့ ပေးနေသည်ဟုပင် ထင်မြင်ကြသည်။
သို့မဟုတ်လျှင် ဤသူတော်စင်များနှင့် မဟာသူတော်စင်များ အဘယ်ကြောင့် ဤမျှစွဲလမ်းနေမည်နည်း။
ရီကျင်းထျန်က ငွေရှာရင်း အလုပ်ရှုပ်နေချိန်တွင် ရီဖန်က လက်နက်သန့်စင်ရင်း အလုပ်ရှုပ်နေသည်။ ဝမ်ရှုမဟာသူတော်စင်ကျဆုံးပြီးနောက် သူမချန်ထားခဲ့သော စာအုပ်တစ်သောင်းလမ်းစဉ်သည် သူ့အတွက် ရတနာသိုက်ဖြစ်သည်။ များပြားလှသော မူလအခြေခံနိယာမများသည် အဆင့်မြင့်မှ အဆင့်နိမ့်အထိရှိသော်လည်း မဟာသူတော်စင်အဆင့်အောက်ရှိ ကျင့်ကြံသူများအတွက် အကျိုးကျေးဇူးက ကြီးမားသည်။
ဝမ်ရှုမဟာသူတော်စင်၏စွမ်းအားဖြင့် သူမသတ်နိုင်ခဲ့သော သူများသည် မူလအခြေခံန်ိယာမများစွာကို နက်ရှိုင်းစွာ နားလည်သဘောပေါက်ပြီး ၎င်းတို့ကိုမကြာခဏ အသုံးပြုနိုင်သူများဖြစ်သည်။ ရီဖန်သည် ရီမိသားစုအတွင်းထားရှိရန်အတွက် ၎င်းတို့ကိုပြန်လည်ပြင်ဆင်ပြီး အသုံးပြုရန် စီစဉ်ခဲ့သည်။
ရီဖန်အနေဖြင့် သေဆုံးသွားသော မဟာသူတော်စင်များ၏ ပျက်စီးသွားသောမူလအခြေခံနိယာမများကို ကျောက်စာတိုင်တစ်ခုတွင် ရေးထိုးထားနိုင်သည်။ နောင်တွင် ရီမိသားစု၏မဟာသူတော်စင်များက မူလအခြေခံနိယာမများကို နားလည်လိုလျှင် ၎င်းကျောက်စာတိုင်မှ လေ့လာနိုင်သည်။
သေချာပါသည်။ အနာဂတ်တွင် ကျင့်ကြံသူများက ကျောက်စာတိုင်ကို အသုံးပြုချင်လျှင်ပင် ၎င်းတို့ထိုက်တန်သောအဖိုးအခပေးသရွေ့ အလွန်ကောင်းမွန်လိမ့်မည်။ ၎င်းတို့တွင် ပိုက်ဆံရှိသရွေ့ ရီမိသားစုဆေးခန်းမှ မည်သည့်ဝန်ဆောင်မှုကိုမဆို ရရှိနိုင်လိမ့်မည်။ ရီဖန်၏ လက်နက်သန့်စင်ရေး ကျွမ်းကျင်မှုအဆင့်ဖြင့်၊ မူလအခြေခံနိယာမ ကျောက်စာတိုင်ကို ဖန်တီးရန် အခက်အခဲမရှိပေ။
ပင်မကျောက်စာတိုင်ကြီးတစ်ခုနှင့်အတူ အရံကျောက်စာတိုင်များကို ပြုလိုက်လိုက်သည်။
ပျက်စီးသွားသောမူလအခြေခံနိယာမများသည်လည်း အလွန်ကုန်ခမ်းခြင်းမရှိလျှင် ဤအခင်းအကျင်းများကြောင့် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာနိုင်သည်။ နောင်တွင် ရီဖန်သည် ကျောက်စာတိုင်တွင် မူလအခြေခံနိယာမများ ထပ်မံထည့်သွင်းပါက ၎င်း၏အဆင့်သည်လည်း တဖြည်းဖြည်းတိုးလာနိုင်သည်။
နောက်ဆုံးတွင် ရီဖန်သည် ၎င်းကိုထားရှိရန်အတွက် ဆေးခန်းအနီးတွင် မျှော်စင်ကြီးတစ်ခုကို တည်ဆောက်လိုက်၏။ ထို့နောက် သူသည် ကျောက်စာတိုင်၏ လုပ်ဆောင်ချက်များနှင့် မျှော်စင်အခင်းအကျင်းတို့၏ထိန်းချုပ်မှုကို ရီကျင်းထျန်အား လွှဲပြောင်းပေးခဲ့သည်။
မျှော်စင်သည် တာအိုချပ်ပြားများကို ထုတ်ပေးကာ ချပ်ပြားတစ်ခုစီက မူလအခြေခံနိယာမကျောက်စာတိုင်တွင် အချိန်တစ်နှစ်ကြာ နားလည်ခွင့်ပေးသည်။ မူလနိယာမမျှော်စင်၏ ရည်ရွယ်ချက်နှင့် လည်ပတ်မှုကို သဘောပေါက်နားလည်ပြီးနောက် ရီကျင်းထျန်သည် သူ့အဖေကို အံ့အားသင့်သွားပြန်သည်။ ငွေရှာသည့်နေရာတွင် သူ့အဖေက ကျွမ်းကျင်ပညာရှင်ပီသကာ သူ့အဖို့ သင်ယူစရာ အများကြီးရှိပါသေးသည်။
မူလနိယာမမျှော်စင် ပေါ်လာသောအခါ ၎င်းထံမှလေ့လာရန်အတွက် မရေမတွက်နိုင်သောသူတော်စင်များနှင့် မဟာသူတော်စင်များကိုပင် ဆွဲဆောင်နိုင်သည်။ ထိုအချိန်တွင် ၎င်းတို့သည် တာအိုချပ်ပြားများအတွက် အခကြေးငွေများစွာရရှိကာ ဆေးခန်းသို့ လာရောက်လည်ပတ်သူများကိုလည်း ပိုမိုဆွဲဆောင်နိုင်ပြီး ပိုမိုချမ်းသာလာလိမ့်မည်။
ထို့အပြင် မဟာသူတော်စင်များနှင့် သူတော်စင်များစွာတို့သည် ဆေးခန်း၌နေကြသဖြင့် ရန်လာရှာမည့်သူများကို ဟန့်တားနိုင်မည်မဟုတ်လား။ ထိုအချိန်တွင် ဆေးခန်းသည် ကျင့်ကြံသူများအတွက် အထွတ်အမြတ်ထားရာ နေရာတစ်ခုပင် ဖြစ်လာနိုင်သည်။ ပင်ကိုပျက်ဆီးခြင်းပင်လယ်၏ဗဟိုသည် အဓိကနယ်မြေတွင်သာရှိနိုင်သည်ဟု မည်သူကပြောသနည်း။
ကျင့်ကြံသူများ၏အရင်းအမြစ်များကို မည်သူက ချုပ်ကိုင်ထားသည်ကသာ တကယ့်အချက်အချာဖြစ်သည်။ တကယ်တမ်းတွင် သူသည်လည်း ငွေရှာသည့် အနုပညာနှင့်ပတ်သက်ပြီး လေ့လာစရာ အများကြီးကျန်ပါသေးသည်။
ရီကျင်းထျန်သည် ရုတ်တရက်ထိုးထွင်းသိမြင်မှုတစ်ခု ဝင်လာသည်ကို ခံစားလိုက်ရကာ သူတော်စင်အဆင့် အထွတ်အထိပ်တွင် ပိတ်မိနေသော သူ၏ ကျင့်ကြံမှုအဆင့်က တဖြည်းဖြည်း ပြေလျော့လာသည်။ သို့သော်လည်း ရီကျင်းထျန်သည် သူ၏အောင်မြင်မှုများကို အာရုံစိုက်ရန် အချိန်မရှိပေ။ သူ၏လက်ရှိ အရေးကြီးဆုံးတာဝန်မှာ မူလအခြေခံနိယာမမျှော်စင်၏ ဂုဏ်သတင်းကို ထူထောင်ရန်ဖြစ်သည်။ နေ့ရက်များကိုဖြုန်းတီးခြင်းက အလားအလာရှိသော ၀င်ငွေများကို ဆုံးရှုံးစေလိမ့်မည်။
တာအိုချပ်ပြားများ၏စျေးနှုန်းနှင့်ပတ်သက်၍ ရီကျင်းထျန်က သူလောဘကြီးမည်မဟုတ်ကြောင်း ကတိပေးထားသည်။ စစ်မှန်သောနတ်ဘုရား၏ အနှစ်သာရတစ်စက်သို့မဟုတ် အဆင့်နိမ့်မဟာသူတော်စင်အဆင့်ဆေးလုံးက အဆင်ပြေ၏။
သို့သော်လည်း သူက စျေးနှုန်းမြင့်မြင့်သတ်မှတ်ထားလျှင်ပင် ဖောက်သည်များက လာရောက်နေဆဲဖြစ်သည်။ သူတော်စင်များကို ဆင်းရဲသည်ဟု မထင်လိုက်ပါနဲ့၊ ၎င်းတို့ထဲတွင် ချမ်းသာသည့်သူ အများအပြားရှိသည်။
အထူးသဖြင့် ဆေးခန်းအနီးတွင် တည်ဆောက်ထားသော ဧရာမမျှော်စင်ကြီး၏ ရုတ်တရက်ပေါ်ပေါက်လာမှုက အာရုံစူးစိုက်မှုများစွာကို ရရှိစေသည်။ ၎င်းက ရီမိသားစု လုပ်ထားသော အရာဖြစ်သည်ကို သူတို့ သေချာပေါက်သိသည်။ သို့သော်
ထိုမျှော်စင်ကို မည်သို့အသုံးချရမှန်း ဘယ်သူမှ မသိခဲ့ကြချေ။ သို့သော် ရီကျင်းထျန်၏ ကြေညာချက်နှင့်အတူ မူလအခြေခံနိယာမမျှော်စင်၏လုပ်ဆောင်ချက်က စတင်ပျံ့နှံ့လာသည်။
၎င်းမျှော်စင်တွင် မူလအခြေခံနိယာမများကို နားလည်နိုင်စေရန် အထောက်အကူပြုသည့် မူလအခြေခံနိယာမ အကျိုးအပဲ့ ဒါဇင်များစွာပါရှိသည်ဟု သိလိုက်ရသောအခါ ၎င်းတို့က အလိမ်အညာဖြစ်ရမည်ဟု ဦးစွာယူဆခဲ့ကြသည်။
မဟာသူတော်စင်များ၏ တိုက်ရိုက်မျိုးဆက်မှအပ သာမန်လူများသည် ၎င်းက ဘာကိုခေါ်မှန်းပင် မသိခဲ့ကြပေ။ မဟာသူတော်စင်များကြားတွင်ပင် မူလအခြေခံနိယာမများစွာ ပိုင်ဆိုင်ထားသူများသည် အများဆုံးတစ်ဦး သို့မဟုတ် နှစ်ဦးသာရှိလိမ့်မည်။
ဒါဇင်နှင့်ချီသည့် မူလအခြေခံနိယာမ အကျိုးအပဲ့များက ၎င်းတို့အတွက် လက်ခံနိုင်ဖွယ်မရှိဖြစ်နေသည်။ ရီမိသားစု၏အကြီးအကဲသည် မဟာသူတော်စင် ကျင့်ကြံသူ ဆယ်ဂဏန်းမျှကိုသတ်ပြီး ၎င်းတို့၏ မူလအခြေခံနိယာမများကို မျှော်စင်သို့ ပေါင်းထည့်ခဲ့ခြင်း ဖြစ်နိုင်သလား။ သို့ဖြစ်ပါက အမှန်တကယ် ကြောက်စရာကောင်းသည်။
မဟာသူတော်စင်များ၏ စုစုပေါင်းအရေအတွက်သည် အကန့်အသတ်ရှိပြီးနည်းပါးသောကြောင့် ဒါဇင်နှင့်ချီသည့်သူများ တပြိုင်နက် ကျဆုံးသွားလျှင် ယခုအချိန်အထိ ဖုံးကွယ်ထားနိုင်မည် မဟုတ်ချေ။ သို့တိုင် ၎င်းတို့ထဲမှ တစ်ချို့က ရီမိသားစု၏ကြေငြာချက်သည် အမှန်တကယ် ဖြစ်နိုင်သည်ဟု ယူဆကြ၏။
………
အခန်း ၅၁၀ - မူလအခြေခံနိယာမမျှော်စင်
ယခုအခါ ဝမ်ရှုမဟာသူတော်စင်အကြောင်း ဖော်ထုတ်လိုက်ပြီဖြစ်ရာ မူလထိုက်ယင်လမ်းကြောင်း၏ အပိုင်းအစများကို သူမထံမှ ရရှိခဲ့ခြင်းဖြစ်လျှင် အရာအားလုံးအဓိပ္ပါယ်ရှိသွားသည်။ ထို့အပြင် ရီမိသားစု၏အဆင့်အတန်းဖြင့် ၎င်းတို့ကို လိမ်လည်လှည့်ဖြားရန် မလိုအပ်ချေ။
အောင်မြင်မှုများနှင့် နီးကပ်နေသော မဟာသူတော်စင်များနှင့် သူတော်စင်အချို့သည် ၎င်းထံမှ သွေးဆောင်ခံခဲ့ရသည်။ ၎င်းတို့သာ ဖြတ်ကျော်နိုင်လျှင် အနည်းငယ် စွန့်စားရကျိုးတော့နပ်လိမ့်မည်။
…
လန်ယာသူတော်စင်သည် သူတော်စင်နယ်မြေ ၏အထွတ်အထိပ်တွင် နှစ်ရာနှင့်ချီ၍ ပိတ်မိနေခဲ့သည်။ အောင်မြင်မှုတစ်စုံတစ်ရာမရှိဘဲ အချိန်အတော်ကြာပြီဖြစ်ရာ သူ၏တာအိုနှလုံးသားသည်လည်း ပျက်ဆီးလုနီးပါးဖြစ်နေခဲ့သည်။ ဤတစ်ကြိမ်တွင် အရွက်တစ်ထောင်ဆေးခန်းရှိ ဆေးလုံးများအကြောင်း ကြားပြီးနောက်၊ သူသည် သူတော်စင်အဆင့်ဆေးလုံး အနည်းငယ်အတွက် အရာအားလုံးပေးဆောင်ပြီး သူတော်စင်အဆင့်မှ အတင်းအကြပ်ဖြတ်ကျော်နိုင်ရန် ကနဦးစီစဉ်ထားသည်။
ယခုတွင် မူလနိယာမမျှော်စင်၏ လုပ်ဆောင်ချက်ကို သိရှိပြီးနောက် လန်ယာသူတော်စင်သည် ချီတုံချတုံဖြစ်နေသည်။ သူ၏ ကာလရှည်ကြာစွာ ဖြတ်ကျော်ရန်မလုပ်ဆောင်နိုင်ခဲ့သောကြောင့် သူ၏တာအိုနှလုံးသားသည် ပြိုကျလုနီးပါးဖြစ်နေသည်။ သူသည် ဆေးလုံးများကိုသုံးသည့်တိုင် ဖြတ်ကျော်နိုင်ရန် ယုံကြည်မှုမရှိပေ။
သို့သော် သူဆေးလုံးဝယ်ရန် စုဆောင်းထားသည့် အရင်းအမြစ်များကို မူလနိယာမမျှော်စင်ထဲဝင်ရန် အခွင့်အရေးအနည်းငယ်နှင့် လဲလှယ်လိုက်ရင်ရော။ ၎င်းကအန္တရာယ်များသည့် ဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်း ဝန်ခံရမည်။
ယခုအခါတွင် မူလနိယာမမျှော်စင် ၏အကျိုးသက်ရောက်မှုကို မည်သူမျှမစမ်းသပ်ရသေးဘဲ ရီမိသားစု၏ပြောစကားက မှန်ကန်ခြင်းရှိမရှိကို မသေချာနိုင်သေးပေ။
တစ်စုံတစ်ခုမှားယွင်းသွားပါက ၎င်းအတွက်အဆုံးအရှုံးများလိမ့်မည်။ သို့သော် လန်ယာသူတော်စင်၏ နှလုံးသားထဲမှ အသံက သူ့ကိုစမ်းကြည့်ရန် ပြောနေခဲ့သည်။ နောက်ဆုံးတွင် လန်ယာသူတော်စင်သည် သူ၏နှလုံးသားကို လိုက်နာရန်သာ ရွေးချယ်ခဲ့သည်။ ရှုံးနိမ့်ခဲ့လျှင်ပင် နောင်တရစရာမရှိတော့ချေ။
"မူလနိယာမမျှော်စင်မှာ ဘယ်လိုအပိုင်းအစတွေများ ရှိနိုင်မလဲသိချင်ပါတယ်"
လန်ယာသူတော်စင်သည် အံကြိတ်ရင်း မူလနိယာမမျှော်စင်ရှေ့သို့ ရောက်ရှိလာ၏။
ရီကျင်းထျန်သည် တစ်စုံတစ်ယောက်လာနေသည်ကို တွေ့လိုက်သောအခါ အပြုံးကြီးဖြင့် ထွက်လာသည်။
ထို့နောက် မူလနိယာမမျှော်စင်နှင့်ပတ်သက်သည့် အချက်အလက်ပါရှိသော ကျောက်စိမ်းစလစ်တစ်စောင်ကို ပေးလိုက်သည်။ သူတော်စင်များသည် မူလအခြေခံနိယာမများကို နားလည်လိုပါက ၎င်းတို့ လက်ရှိနားလည်ထားသည်နှင့် ဆင်တူသောအရာများကို ရှာဖွေခြင်းက အကောင်းဆုံးဖြစ်သည်။
အစကနေပြန်စရမည်ဆိုလျှင် လုံးဝဆုံးရှုံးမှုဖြစ်နိုင်သည်။
မူလနိယာမမျှော်စင်ရှိ မူလအခြေခံနိယာများတွင် ဧည့်သည်များ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးမည့်အရာတစ်ခုရှိနိုင်ရန် ရီကျင်းထျန်က မျှော်လင့်ထားသည်။ တစ်ခုခုကိုစတင်လုပ်ဆောင်ခြင်းက ခက်ခဲတတ်သော်လည်း ကောင်းမွန်သည့်စတင်မှုက နောက်ထပ်လုပ်ငန်းများကို လွယ်ကူစေလိမ့်မည်။ ရီကျင်းထျန်သည် မူလနိယာမမျှော်စင်အတွက် မျှော်လင့်ချက်ကြီးကြီးမားမားရှိကာ မကြာမီတွင် နောက်ထပ်လုပ်ငန်းအတွက် ဖွင့်လှစ်နိုင်ရန် မျှော်လင့်ထားသည်။
လန်ယာသူတော်စင်သည် ကျောက်စိမ်းစလစ်ကိုယူကာ နဖူးပေါ်တင်လိုက်သည်။ အတွင်းတွင်ဖော်ပြထားသော မူလထိုက်ယင်လမ်းကြောင်းကို မြင်လိုက်ရသောအခါ သူသည် အသက်ပြင်းပြင်းရှူလိုက်ရ၏။
လန်ယာသူတော်စင်အတွက် အနှီလမ်းကြောင်းက အသင့်တော်ဆုံးဖြစ်ကာ သူတလျှောက်လုံး နားလည်လာခဲ့သည့်အရာဖြစ်သည်။
"ဆယ်နှစ်”
မူလနိယာမမျှော်စင်တွင် ဆယ်နှစ်ကြာကျင့်ကြံရေးနှင့် လဲလှယ်ရန်အတွက် သူ၏ရင်းမြစ်အားလုံးကို အကုန်အကျခံခဲ့သည်။ မအောင်မြင်လျှင် သေသွားလို့ရသည်။ ဤတစ်ကြိမ်တွင် ဖြတ်ကျော်ရန် ပျက်ကွက်ခဲ့ပါက အနာဂတ်တွင်ဖြတ်ကျော်ရန် ပိုခက်ခဲလာနိုင်၏။ သူသည် ဤအရင်းအမြစ်များကို နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့ခြင်းဖြစ်သည်။
ရီကျင်းထျန်၏ မျက်လုံးများ တလက်လက်တောက်ပလာသည်။ ဤသူတော်စင်ကို ဤမျှချမ်းသာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ပထမလဲလှယ်သည့် ကာလကြာလေ ပိုကောင်းလေဖြစ်သည်။ အချိန်ပိုကြာလေ ရလဒ်ပိုကောင်းလေပင်။ ပထမဆုံးဖောက်သည် ရောက်လာသည်နှင့် ရီကျင်းထျန်က ဖျစ်ညှစ်ထားော သူ့လက်ကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်သည်။
"မူလနိယာမမျှော်စင်ကို ပထမဆုံးဝင်ရောက်တဲ့ဖောက်သည်မို့ ကျွန်တော်ဆို့ လျှော့စျေးအနေနဲ့ နောက်ထပ်ငါးနှစ်ပေးမယ်ဗျာ"
လန်ယာသူတော်စင်က မှင်တက်သွားသည်။ အရွက်တစ်ထောင်ဆေးခန်းက အမှန်တကယ် ရက်ရောလှ၏။ ဤလျှော့စျေးက သူတော်စင်အချို့၏ တစ်သက်တာစုဆောင်းငွေနှင့် ညီမျှသည်။
လန်ယာသူတော်စင်အတွက်တော့ ၎င်းက သတင်းကောင်းဖြစ်သည်။ အပိုငါးနှစ်သည် သူ၏အောင်မြင်မှုများအတွက် ပိုမိုသေချာစေနိုင်လိမ့်မည်။ ဤတစ်ကြိမ်တွင် သူလိုချင်သော မဟာသူတော်စင်အဆင့်သို့ အမှန်တကယ် ဖြတ်ကျော်သွားနိုင်ပါ၏။
အခြားသူတော်စင်များသည် ထိုစကားကိုကြားလျှင် ချက်ခြင်းနောင်တရသွားကြသည်။ အကယ်၍ ပထမဆုံးဝင်ရောက်သူအတွက် ဤကဲ့သို့လျှော့စျေးရှိမည်ကို ကြိုသိခဲ့လျှင် ထိုနေရာအတွက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
မူလနိယာမမျှော်စင်သို့ ဝင်ရောက်ရန် ရည်မှန်းထားသူများသည် အချိန်အကြာကြီး ကျင့်ကြံရေးအဆင့်တက်လှမ်းရန် ပိတ်မိနေကြသများဖြစ်သောကြောင့် ပြင်ပအကူအညီ လိုအပ်နေသည်။ ၎င်းတို့အတွက် ငွေတစ်စချင်းစီကို ကောင်းကောင်းအသုံးချသင့်၏။ ယခုအခွင့်အရေးကို လက်လွတ်ဆုံးရှုံးလိုက်ရသည့်အတွက် နောင်တရခြင်းက သဘာဝကျသည်။
လန်ယာသူတော်စင်သည် သူ့ပတ်ဝန်းကျင်မှ မနာလိုနေသော ကျင့်ကြံသူများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရုတ်တရက် သူ့စိတ်ထဲတွင် အနည်းငယ်ယုံကြည်မှုပိုရှိလာခဲ့သည်။ နောက်ဆုံးတွင် သူသည် ရှေ့သို့လှမ်းသွားကာ မူလမျှော်စင်ထဲသို့ ဝင်ရောက်သွားသည်။ လန်ယာသူတော်စင်၏ ထွက်ခွါသွားပုံကို ကြည့်နေသော ရီကျင်းထျန်သည် သူအောင်မြင်စွာကျော်ဖြတ်နိုင်ရန် မျှော်လင့်ကာ အရိုးသားဆုံးကောင်းချီးပေးလိူက်သည်။
လန်ယာသူတော်စင်သည် မူလမျှော်စင်သို့ ဝင်လိုက်သည်နှင့် သူ၏ဦးခေါင်းထက်ရှိ မူလအခြေခံနိယာမအကျိုးအပဲ့များကို ချက်ချင်း ခံစားလိုက်ရသည်။ တစ်ခုပြီးတစ်ခု ကျော်သွားပြီးနောက် လန်ယာသူတော်စင်သည် သူအလိုအပ်ဆုံးဖြစ်သည့် မူလထိုက်ယင်ကို ချက်ချင်းတွေ့ရှိခဲ့သည်။ ထိုလမ်းကြောင်းအောက်တွင် ကျင့်ကြံရန်နေရာတစ်ခု တွေ့ရှိလိုက်ရကာ ချက်ခြင်းစတင်ကျင့်ကြံခဲ့သည်။
သူတော်စင်တစ်ယောက်အတွက် အချိန်ဆယ့်ငါးနှစ်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားလိမ့်မည်ဖြစ်ရာ အခွင့်အရေးမှန်သမျှကို ဆုပ်ကိုင်ထားရမည်။ သူသည် ထိုက်ယင်လမ်းကြောင်းကို နားလည်သဘောပေါက်ရ နတ်အာရုံကို ဖြန့်ကျက်လိုက်သည်။ သူ့စိတ်ထဲတွင် မရေမတွက်နိုင်သော စိတ်ကူးများပေါ်ပေါက်လာ၏။
ပြီးပြည့်စုံသောကိုးကားချက်ဖြင့် ထိုက်ယင်လမ်းကြောင်းနှင့် ပတ်သက်၍ အနည်းငယ်ရှုပ်ထွေးနေသော လန်ယာသည် ချက်ချင်းပင် ထိုးထွင်းသိမြင်မှုများစွာ ရရှိခဲ့သည်။
ဤထိုးထွင်းသိမြင်မှုသည် ထိုက်ယင်လမ်းကြောင်း ပတ်သက်၍ လန်ယာ၏နားလည်မှုကို အလွန်တိုးတက်စေသည်။ ထိုရလဒ်က လန်ယာကို အလွန်စိတ်လှုပ်ရှားစေသည်။နောက်ဆုံးတွင် အောင်မြင်မှုရရန် မျှော်လင့်ချက်ကိုမြင်လိုက်ရသည်။ ဤနေရာတွင် တစ်နှစ်ကျင့်ကြံခြင်းက သူ၏ကိုယ်ပိုင်နှစ်တစ်သိန်းကျင့်ကြံခြင်းထက် ပိုမိုထိရောက်သည်။ ဤတစ်ကြိမ်တွက်တော့ သူအဆင့်တက်လှမ်းရန် သေချာနေပါပြီ။
မူလမျှော်စင်အပြင်ဘက်မှ ကျင့်ကြံသူများသည် လန်ယာဝင်ရောက်သွားသောအခါ ဂနာမငြိမ်ဖြစ်နေကြကာ မနေနိုင်တော့ချေ။ သူတို့ မစမ်းသပ်ရလျှင် ကျေနပ်နိုင်မည်မဟုတ်တော့ပေ။ သို့သော် မူလမျှော်စင်အတွက် အဖိုးအခအလွန်များသဖြင့် တုံ့ဆိုင်းသွားကြသည်။ ကျင့်ကြံသူအများအပြားက ဦးစွာစမ်းသပ်ရန်သာ ဆုံးဖြတ်ထားသည်။
၎င်းတို့က တစ်နှစ် သို့မဟုတ်နှစ်နှစ်လောက် ဝယ်ယူရန်ဆုံးဖြတ်ပြီး အကျိုးသက်ရောက်မှုကို အနည်းငယ်စမ်းကြည့်လိုသည်။ ရလဒ်ကောင်းပါက ဆက်သုံးလိမ့်မည်။ ထို့ကြောင့် စုံစမ်းမေးမြန်းသူဦးရေ ပိုမိုများလာခဲ့သည်။ လက်ရှိတွင် မူလမျှော်စင်၏ မူလအခြေခံနိယာမအရေအတွက်မှာ အလွန်နည်းပါးနေသေးသည်။ အချို့သော ကျင့်ကြံသူများသည် ၎င်းတို့အတွက် သင့်လျော်သည့်တစ်ခုကို ရှာမတွေ့နိုင်သောကြောင့် နောက်ဆုံးတွင် မဝင်ရန် ရွေးချယ်ခဲ့ကြသည်။
"ငါ့အတွက် သင့်တော်တဲ့ဟာမရှိတော့၊ ကောင်းပါတယ်လေ၊ ငါပိုက်ဆံစုမိတာပေါ့"
ဤကျင့်ကြံသူများသည် ၎င်းတို့အတွက်အကျိုးအမြတ်ရသည်ဟု ခံစားရကာ တိတ်တဆိတ် ပျော်ရွှင်နေကြသည်။
နှစ်အတော်ကြာပြီးနောက် ကျင့်ကြံသူအချို့သည် မူလမျှော်စင်မှ ထွက်လာပြီးဖြစ်သည်။ အချို့သော ကျင့်ကြံသူများသည် အလွန်ထိရောက်သည်ဟု ယူဆကြသောကြာင့် ဆက်လက်၍ကျင့်ကြံရန် ရွေးချယ်ခဲ့ကြသည်။ အချို့သော ကျင့်ကြံသူများသည် ၎င်းတို့၏ပိတ်ဆို့ခြင်းအပေါ် သိသာထင်ရှားသော အကျိုးသက်ရောက်မှုမရှိသောကြောင့် မူလမျှော်စင်က မထိုက်တန်ဟုခံစားခဲ့ရသည်။ သို့သော် မူလမျှော်စင်က အသုံးမဝင်ဟုတော့ မည်သူမှမပြောခဲ့ကြပေ။
နောက်ဆုံးတွင် လူအများကို ရူးသွပ်သွားစေနိုင်သည့် ထူးထူးခြားခြား အောင်မြင်မှုမျိုးမရှိခဲ့သေးသောကြောင့် ရီကျင်းထျန်သည် စောင့်ဆိုင်းနေရန်သာတတ်နိုင်သည်။ ရီကျင်းထျန် စိတ်ပူစပြုလာချိန်တွင် မူလမျှော်စင်ထဲမှ လန်ယာ၏ရောင်ဝါ တဖြည်းဖြည်း ပြောင်းလဲလာခဲ့၏၊ မူလက လန်ယာ၏ကျင့်ကြံမှုအဆင့်သည် သူတော်စင်နယ်မြေ၏ကန့်သတ်ချက်သို့ရောက်ရှိနေပြီဖြစ်သည်။ ယခုတွင် မူလမျှော်စင်၏အကူအညီဖြင့် သူသည် မူလအခြေခံနိယာမကို ရှာတွေ့ကာ အောင်မြင်သွားသည်။
နှစ်ရာထောင်ချီသည့် နာကြည်းမှုများကလည်း ဤအချိန်တွင် ပျောက်ကွယ်သွားသည်။လန်ယာ၏ ဟိန်းဟောက်သံနှင့်အတူ သူ့ထံမှ သူတော်စင်နယ်မြေ ကိုကျော်လွန်သည့် ရောင်ဝါထွက်ပေါ်လာသည်။
ခုနစ်နှစ်အတွင်း၌ လန်ယာသည် အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီးဖြစ်၏။ လန်ယာသူတော်စင်သည် သူ၏စိတ်လှုပ်ရှားမှုကို ထုတ်ဖော်ချင်သော်လည်း အနီးနားတွင် ကျင့်ကြံဆဲဖြစ်သည့် အခြားကျင့်ကြံသူများကို တွေ့သောအခါ ချက်ချင်းတန့်သွားသည်။
ဤနေရာသည် ရီမိသားစု၏နယ်မြေဖြစ်ကြောင်း သူသတိရသွား၏။ သူအဆင့်တက်သွားလျှင်ပင် ၎င်းတို့နှင့် မယှဉ်နိုင်သေးချေ။ သူပိုကြိုးစားရန် လိုအပ်သည်။ သူ၏အတွင်းစိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားပြီးနောက် လန်ယာသည် ချက်ချင်းပင် သူ၏ကျင့်ကြံမှုအဆင့်ကို စုစည်းလိုက်သည်။
မူလမျှော်စင်အပြင်ဘက်တွင်ရပ်နေသည့် ကျင့်ကြံသူတော်တော်များများက မဟာသူတော်စင်တစ်ဦး၏ ရောင်ဝါကိုခံစားမိလိုက်ကြသည်။ ဤတစ်ကြိမ်တွင် မူလမျှော်စင်သို့ ဝင်ရောက်ခဲ့သော ကျင့်ကြံသူများထဲ မဟာသူတော်စင်မရှိသည်ကို သူတို့သတိထားမိ၏။ မဟာသူတော််စင်အဆင့် ကျင့်ကြံသူများရှိလျှင်ပင် ၎င်းတို့ ကျုံးဖန်မြို့၌ ပေါ်လာဝံ့မည်မဟုတ်ပေ။ ကျုံးဖန်မြို့က ရီမိသားစု၏ ပိုင်နက်ဖြစ်နေသည်မဟုတ်လား။ ရီမိသားစုသည် ဝမ်ရှုမဟာသူတော်စင်သတ်ဖြတ်ရာ၌ မည်မျှရက်စက်ကြမ်းကြုတ်သည်ကို သက်သေပြခဲ့ပြီးဖြစ်သည်။
ကျင့်ကြံသူသည် သူ၏ရောင်ဝါကို မည်သည့်အချိန်တွင် မထုတ်ဖော်၍မရဖြစ်မည်နည်း။ သေချာပေါက်ပင် သူအဆင့်တက်လှမ်းအောင်မြင်သည့်အချိန်၌ ဖြစ်သည်။ မူလမျှော်စင်အတွင်း မဟာသူတော်စင်နယ်မြေသို့ အောင်မြင်စွာဖြတ်ကျော်နိုင်သော သူတော််စင်တစ်ဥိီးရှိနေသလား။ ၎င်းတို့စိတ်ထဲတွင် မထင်မှတ်ထားသော အတွေးတစ်ခုပေါ်လာသည်။ ၎င်းတို့ မယုံချင်ကြသော်လည်း ဤရှင်းပြချက်ကသာ အသင့်လျော်ဆုံးဖြစ်သည်။