အခန်း ၅၁၄-၅၁၆
Vol. 35 Ch. 514-516
အခန်း ၅၁၄- လောင်တန်း၊ ရွှေပြားတစ်ချို့ ထွေးထုတ်လိုက်စမ်းပါ
ဗုဒ္ဓစစ်မှန်သောနတ်ဘုရားသည် စစ်မှန်သောနတ်ဘုရား အစစ်မဟုတ်ဘဲ အတုအယောင်နတ်ဘုရားတစ်ဦးသာ ဖြစ်သည်။ ၎င်းသည် မူလနိယာမအများအပြားကို ကိုယ်ထဲသို့ ပေါင်းစည်းပြီးနောက် ၎င်း၏နတ်ခန္ဓာကိုယ်ကို စစ်မှန်သောနတ်ဘုရားတစ်ဦးကဲ့သို့သော ပုံစံအထိ တိုးတက်အောင်လုပ်နိုင်ခဲ့သည်။
သို့သော်လည်း ၎င်း၏ခန္ဓာတွင်းရှိ သွေးမျိုးဆက်သည် စစ်မှန်သောနတ်ဘုရား၏ သွေးမျိုးဆက်အဖြစ် အပြည့်အဝမပြောင်းလဲသေးပေ။ နတ်ခန္ဓာကိုယ် နှင့် စစ်မှန်သောနတ်ဘုရား၏ သွေးမျိုးဆက်၊ ဤနှစ်ခုသည် စစ်မှန်သောနတ်ဘုရားနယ်မြေအတွက် အခြေခံအုတ်မြစ်နှစ်ခုဖြစ်သည်။ ၎င်းတို့အနက် တစ်ခုမရှိပါက အပြည့်အဝမပြောင်းလဲနိုင်ချေ။
၄င်း၏နဂိုအရည်အချင်းဖြင့်ဆိုလျှင် စစ်မှန်သောနတ်ဘုရားနယ်မြေကို ဖြတ်ကျော်နိုင်မည့်အခွင့်အလမ်းမရှိ။ ကံကောင်းစွာဖြင့် ဗုဒ္ဓနတ်ဘုရားသည် လျှို့ဝှက်နည်းလမ်းတစ်ခုကို အသုံးပြုပြီး မရေမတွက်နိုင်လောက်သော အရင်းအမြစ်များကို သုံးစွဲကာ ၎င်း၏နတ်ခန္ဓာကိုယ်ကို စစ်မှန်သောနတ်ဘုရားနယ်မြေရောက်အောင် အပြင်းအထန်ပြုလုပ်ခဲ့သည်။
စစ်မှန်သောနတ်ဘုရားနယ်မြေသို့ ဖြတ်ကျော်ရန်အတွက် လျှို့ဝှက်နည်းတစ်ခုလိုအပ်သည်။ ထိုနည်းမှာ အစွမ်းထက်သွေးမျိုးဆက်များစွာကို စုပ်ယူရမည့် နည်းဖြစ်သည်။ သို့သော် ဤသွေးမျိုးစုပ်ယူနည်းတွင် ချွတ်ယွင်းချက်တစ်ခုရှိသည်။ ၄င်းမှာ စုပ်ယူခံရသူ၏အဆင့်အတန်းသည် အလွန်မြင့်ရမည်။ ထိုသို့မဟုတ်ပါက သွေးမျိုးဆက်ကို စုပ်ယူသော်လည်း ထိရောက်မှုမရှိနိုင်ပေ။
ထို့ကြောင့် ဗုဒ္ဓနတ်ဘုရားသည် ရီထျန်ရှင်း၏ သွေးမျိုးဆက်မှာ အစွမ်းထက်သည်ကို သိထားသော်လည်း ချက်ချင်းစုပ်ယူခြင်းအစား ဦးစွာ ကျင့်ကြံအဆင့်မြှင့်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ အဓိကအချက်မှာ ရီထျန်ရှင်း၏ ကျင့်ကြံမှုအဆင့်သည် အလွန်နိမ့်လွန်းနေခြင်းဖြစ်သည်။ သို့သော် နှစ်ပေါင်းများစွာစောင့်နေရခြင်းသည် ဗုဒ္ဓနတ်ဘုရားအတွက် စိတ်ရှုပ်ထွေးစရာ ဖြစ်လာခဲ့သည်။ ယခုကဲ့သို့ အရင်းအမြစ်များကို ဆက်တိုက်အသုံးပြုနေမည်ဆိုပါက ဗုဒ္ဓနတ်ဘုရားမွဲတော့မည်ဖြစ်သည်။
“ငါနောက်ထပ် နှစ်တစ်ထောင်အထိ ခွင့်ပြုပေးမယ်။ အဲ့အချိန်အတွင်း မဖြတ်ကျော်နိုင်ဘူးဆိုရင်တော့ ငါသူ့သွေးမျိုးဆက်ကို ဒီတိုင်းဘဲ စုပ်ယူလိုက်တော့မယ်” ဟု ၎င်းတွေးနေသည်။
ရီထျန်ရှင်းသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို ဗုဒ္ဓနတ်ဘုရား ခံစားမိနေသဖြင့် စိတ်မရှည်နိုင်ဖြစ်နေသည်။ နှစ်တစ်ထောင်သည် နောက်ဆုံးစောင့်မည့်အချိန်ဖြစ်သည်။ ထိုထက်ကျော်သွားမည်ဆိုပါက ၎င်းသည် တကယ်ပင် မွဲတော့မည်ဖြစ်သည်။
ထိုအချိန်တွင်ပင် အုန်းကနဲအသံဖြင့် ရီထျန်ရှင်း၏ ဂူတံခါးသည် ပွင့်သွားသောအခါ ဗုဒ္ဓနတ်ဘုရားသည် ပြုံးလျက်ပင် အခန်းထဲသို့ ဝင်လာခဲ့သည်။ ထို့နောက် ၎င်းသည် သိုလှောင်လက်စွပ်တစ်ကွင်းကို ပစ်ပေးလိုက်သည်။
“ဒီအရင်းအမြစ်ကို အရင်သုံးလိုက်ပါ။ မလုံလောက်ရင် ထပ်ပြော်ဲ့” ဟု ဗုဒ္ဓနတ်ဘုရားက မသိမသာမျက်နှာပျက်နေရင်း ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် စစ်မှန်သောနတ်ဘုရားခဗျား။ ခင်ဗျားကို စိတ်မပျက်စေရပါဘူး။ ဖြတ်ကျော်မှုကို မကြာခင်ရောက်တော့မယ်လို့ ခံစားနေရပါပြီ” ဟု ရီထျန်ရှင်းက ပြောသည်။
ထိုစကားများကြားလျှင် စစ်မှန်သောနတ်ဘုရားသည် ခေါင်းကိုက်နေပြီဖြစ်သည်။ ၎င်းက အရင်းအမြစ်များ ထပ်မံလိုအပ်သေးသည်ဟူသော စကားများဖြစ်သည်။ နတ်ဘုရားသည် သူ့အား ချက်ချင်း ထရိုက်ပစ်လိုက်ချင်စိတ်များပင် ဖြစ်နေ၏။
“ဟုတ်ပြီ၊ ငါနားလည်ပြီ။ အချိန်တန်ရင် အရင်းအမြစ်တွေ ထပ်ပေးမယ်” ဟု ပြောပြီး ရီထျန်ရှင်း၏ နောက်ထပ် တောင်းဆိုမှုများ မပြောခင် အမြန်ပင် လှည့်ထွက်လာခဲ့သည်။
စစ်မှန်သောနတ်ဘုရားထွက်သွားချိန်တွင် ရီထျန်ရှင်းသည် ချက်ချင်းပင် နတ်အာရုံဖြင့် သိုလှောင်လက်စွပ်အား စတင်စူးစမ်းတော့သည်။ သိုလှောင်လက်စွပ်အတွင်းရှိ အရင်းအမြစ်များ အလွန်နည်းသည်ကို တွေ့ချိန်တွင် သူမျက်နှာပျက်သွားသည်။
“ဒီစစ်မှန်သောနတ်ဘုရားက တကယ်ကို ကပ်စီးနဲတာဘဲ”
၄င်းသည် မဟာသူတော်စင်များ ကျင့်ကြံရာတွင်အသုံးပြုသော အရင်းအမြစ်ပမာဏလောက်ကိုပင် မပေးချင် ဖြစ်နေသည်။ စစ်မှန်သောနတ်ဘုရားတစ်ဦးသည် ထိုသို့ မပြုမူသင့်ပေ။ သို့သော်လည်း အရင်းအမြစ်များက အခမဲ့ဖြစ်သောကြောင့် ရီထျန်ရှင်းသည် ချက်ချင်းလက်ခံခဲ့သည်။
နောင်တွင်ဖြတ်ကျော်ရန်အတွက် ပေးလာမည့် အရင်းအနှီးများသည် အနည်းငယ်သာ မဖြစ်ရန် သူမျှော်လင့်သည်။ စစ်မှန်သောနတ်ဘုရားသည် ပိုမိုစိတ်ဖိစီးလာသည်ကို ရီထျန်ရှင်း သတိပြုမိလာသည်။ သူကိုယ်တိုင်သည်လည်း စိတ်မရှည်တော့ချေ။ အရင်းအမြစ်ထောက်ပံ့မည့်သူတစ်ဦးကို ဆုံးရှုံးရမည်ကို သူမလိုချင်ပေ။ စစ်မှန်သောနတ်ဘုရားအား စိတ်မပျက်သွားစေရန် ဖြတ်ကျော်မှုတွင် အနည်းငယ်တိုးတက်မှု ပြသင့်သည့်အချိန်ရောက်ပြီဟု ရီထျန်ရှင်းထင်သည်။
သို့သော် သူသည် ဖြတ်ကျော်မှုအား အလျင်အမြန်မပြုလုပ်နိုင်သေးပေ။ အကယ်၍စစ်မှန်သောနတ်ဘုရားသည် သူအား လက်လျှော့လိုက်လျှင် သူ့အတွက် ကြီးမားသောဆုံးရှုံးမှုဖြစ်လာနိုင်သည်။ ၎င်းတို့၏ဆက်ဆံရေးသည် တစ်ဦးကိုတစ်ဦး မျှော်လင့်ရင်း ဆက်လက်တည်တံ့နေသည်။ သို့သော် ရီထျန်ရှင်းအား စိတ်ပူပန်စေသည့်အရာမှာ ၎င်းတို့အကြား ပြဿနာတက်လာမည့်နေ့ဖြစ်သည်။
ထိုအတွေးများကြောင့် ရီထျန်ရှင်းသည် သူ၏အဖေထံဆက်သွယ်လိုက်သည်။ ရီမိသားစုအတွက် ပြဿနာဖြစ်မလာစေရန် ပထမဦးဆုံး အဖေဖြစ်သူအား အသိပေးလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ရီကျင်းစန်သည် ရီထျန်ရှင်း၏အဖြစ်အပျက်ကို ရီဖန်ထံသို့ သတင်းပေးလိုက်သည်။
အတိတ်ကာလတွင်သာ ထိုသို့ဖြစ်ခဲ့သည်ဆိုလျှင် စစ်မှန်သောနတ်ဘုရားအဆင့်ရှိသူတစ်ဦးနှင့် ရင်ဆိုင်ရမည်ကို ရီဖန် ကြောက်နေမည်။ သို့သော် ယခုအခြေအနေမှာ ယခင်နှင့်မတူတော့ပါ။ ရီဖန်သည် မကြောက်တော့ပဲ ထိုသို့ပြဿနာဖြစ်လာရန်ပင် မျှော်လင့်နေမိသေးသည်။
….
တောင်ပိုင်းဒေသ၌တည်ရှိသော ထုံထျန်းကမ္ဘာ၏ ထိပ်တန်းအဖွဲ့အစည်းတစ်ခု ဖြစ်သည့် ဘုရားကျောင်းအဖွဲ့၏ သူတော်စင်အစည်းအရုံးဂိုဏ်းချုပ်သည် ရီဖန်အား ရှုံးနိမ့်ပြီးနောက်တွင် မိုင်ပေါင်းဘီလျံချီကို ဖြတ်သန်း၍ အဖွဲ့ထံသို့ ပြန်လာခဲ့သည်။ ၄င်းသည် သူတော်စင်အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သည့် မဟာအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဖွဲ့တွင် အလွန်အရေးပါသူတစ်ဦးဖြစ်သည်။
မကြာမီတွင် သူတော်စင်အစည်းအရုံးဂိုဏ်းချုပ်သည် နတ်ဘုရားများအဖွဲ့နှင့် ပေါင်းစည်းသွားသည်။ နှစ်ထောင်ပေါင်းများစွာအတွင်း ၄င်းသည် ကျင့်ကြံခြင်းအပြင် အစွမ်းထက်သူများနှင့် ဆက်ဆံရေးတည်ဆောက်ရန်လည်း ကြိုးပမ်းခဲ့သည်။ ၄င်းသည် ရီဖန်ထံတွင် ရှုံးနိမ့်ခဲ့သည်ကို တစ်သက်မမေ့နိုင်ခဲ့ပါ။
နှစ်ပေါင်းများစွာအတွင်း လက်စားချေရန် အပြင်းအထန်ကြိုးစားခဲ့သည်။ သူတစ်ဦးတည်းအားဖြင့် ရီမိသားစုကို ရှင်းလင်းရန်မှာ ခက်ခဲသည့်အရာဖြစ်ကြောင်း သူသိသည်။ ထို့ကြောင့် သူသည် မိတ်ဖက်များရှာဖွေကာ ရီမိသားစုကိုဖျက်ဆီးပြီး သူတော်စင်အစည်းအရုံးကို ပြန်လည်တည်ဆောက်ရန်
ရည်ရွယ်ခဲ့သည်။ ထို့မှသာ ပန်ကုစကြဝဠာအား ဆက်လက်ထိန်းချုပ်နိုင်မည်ဖြစ်သည်။
ပန်ကုစကြာဝဠာ၏ ပြီးပြည့်စုံသော မူလနိယာမဖြင့်ဆိုလျှင် သူ၏ကျင့်ကြံမှုသည် အလွန်လျင်မြန်စွာ တိုးတက်နိုင်သည်။ ထိုသို့သာ ဆောင်ရွက်နိုင်မည်ဆိုလျှင် အနာဂတ်တွင် ဘုရားကျောင်း၌ ထိပ်တန်းအဆင့်ရောက်ရှိခြင်းအပြင် စစ်မှန်သောနတ်ဘုရားအဆင့်ကိုပါ ဖြတ်ကျော်နိုင်မည်ဖြစ်သည်။ ဘုရားကျောင်းတော်တွင် စစ်မှန်သောနတ်ဘုရားအဆင့်ရရှိထားသူများ အမှန်တကယ်ပါဝင်သည်။
သူတော်စင်အစည်းအရုံးဂိုဏ်းချုပ်သည် ရည်မှန်းချက်ကြီးသူဖြစ်သည့်အတွက် စစ်မှန်သောနတ်ဘုရားအဆင့်ရှိသူ၏အစွမ်းကိုခံစားသိရှိပြီးနောက်တွင် ထိုအဆင့်သို့ရောက်ချင်စိတ်ကို မစွန့်လွှတ်နိုင်ဖြစ်နေသည်။ သူတော်စင်အစည်းအရုံး၏ ဂိုဏ်းချုပ်ဟူသောရာထူးကြောင့် သူတော်စင်အများအပြားနှင့် မိတ်ဆွေ ဆက်ဆံရေးအလွယ်တကူတည်ဆောက်နိုင်သည်။ ထို့အပြင် အလယ်အလတ်မဟာသူတော်စင်တစ်ဦးနှင့်လည်း မိတ်ဆွေဖွဲ့နိုင်ခဲ့သည်။
ထိုသို့အင်အားကြီးသောအဖွဲ့အစည်းကို ရီမိသားစုက တုန့်ပြန်နိုင်မည်မဟုတ်ဟု ၄င်းထင်သည်။ ဒီတစ်ကြိမ်တွင် ၄င်း ရအောင်လက်စားချေမည်။
“အရှေ့ပိုင်းဒေသမှာ တကယ်ကောင်းတဲ့အရာရှိနေလို့ဘဲ ဖြစ်ရမယ် မဟုတ်ရင် အဲအရူးကွမ်ရှီးက ဒီလောက်ကြိုးစားနေမှာမဟုတ်ဘူးလေ” ဟု ဝတ်ရုံနက် ဝတ်ထားသော ကျင့်ကြံသူတစ်ဦးက တခြားကျင့်ကြံသူတစ်ဦးထံသို့ လှမ်းပြောလိုက်သည်။
“ညီအကို၊ သူ့မှာ တကယ်ကောင်းတဲ့အရာရှိနေတာကို စိုးရိမ်ဖို့မလိုဘူး၊ မရှိမှာကိုသာစိုးရိမ်ရမှာ။ ဘာလို့ဆို အားလုံးက ငါတို့အပိုင်ဖြစ်လာတော့မှာဘဲလေ” ဟု တစ်ဖက်က ပျော်ရွှင်စွာရယ်မောရင်း ပြောလိုက်သည်။
၄င်းတို့ပြောနေသော “ကွမ်ရှီး” ဆိုသည်မှာ သူတော်စင်အစည်းအရုံးဂိုဏ်းချုပ်၏ အမည်ဖြစ်သည်။ သူတော်စင်အစည်းအရုံးဂိုဏ်းချုပ်သည် ၄င်း၏အတွေးများကို ဖုံးကွယ်ရန်ကြိုးစားသော်လည်း၊ အကြီးအကဲများက ထိုအတွေးများကို ရှင်းရှင်းလင်းလင်း မြင်နိုင်ကြသည်။ ၄င်းတို့သည် ဂိုဏ်းချုပ်နှင့် မဟာမိတ်ဖွဲ့ချင်ကြသော်လည်း ၄င်းတို့ကသာ ဦးဆောင်လိုကြပြီး ဂိုဏ်းချုပ်၏ ဦးဆောင်မှုနောက်သို့ မလိုက်လိုကြပေ။
မဟာသူတော်စင်တစ်ဦးပင် လက်မလျှော့ဘဲ ကြိုးစားနေသည့်အရာဖြစ်သဖြင့် ၄င်းတို့လည်း ပိုင်ဆိုင်လိုသည်။ ထိုသို့ဖြင့် ကောက်ကျစ်သူများဖြင့်ပြည့်နေသော ထိုအုပ်စုသည် အရှေ့ပိုင်းဒေသသို့ အတူတကွထွက်ခွါလာကြသည်။ ထိုအချိန်တွင် အရှေ့ပိုင်းဒေသရှိ ဝမ်ဟိုင်သူတော်စင်ဂိုဏ်းအတွင်းမှ ပင်လယ်နဂါးသူတော်စင်သည် နောက်ဆုံးအကြိမ် ကြိုးပမ်းမှုများပြုလုပ်နေသည်။
ထိုအတောအတွင်း ၄င်းတို့သည် ရီမိသားစုမှရရှိသောဆေးလုံးများအကူအညီဖြင့် အလွန်အမင်းတိုးတက်လာခဲ့သည်။ ဝမ်ဟိုင်သူတော်စင်၏ ကျင့်ကြံမှုအဆင့်သည်လည်း ဖြတ်ကျော်မှုပြုလုပ်ရန်အတွက် အရေးကြီးဆုံးအဆင့်သို့ရောက်ရှိလာပြီဖြစ်သည်။
“ပင်လယ်နဂါးမဟာသူတော်စင်၊ ဒီတစ်ခါ မင့်ကို ခေါ်ထားတဲ့အကြောင်းက ဝမ်ဟိုင်သူတော်စင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နေရာ မင်းကို လွှဲပေးချင်လို့ပဲ” ဟုဆိုသည်။
ပင်လယ်နဂါးသူတော်စင်သည် ဖြတ်ကျော်မှုတွင် အောင်မြင်မည်ဟု ယုံကြည်သဖြင့် ဂိုဏ်းချုပ်ရာထူးကို ရီရှောက်ဖန်ထံ လွှဲအပ်ခြင်းက ဝမ်ဟိုင်သူတော်စင်ဂိုဏ်းအတွက် ယုံကြည်အားထားမှုတစ်ရပ်ဖြစ်သည်။
အခြားအကြီးအကဲများကလည်း ဝမ်ဟိုင်သူတော်စင်၏ဆုံးဖြတ်ချက်ကို ဘာမှထပ်မံကန့်ကွက်ခြင်းမရှိခဲ့ကြပေ။ ထိုနှစ်များအတွင်း ၎င်းတို့သည် ပင်လယ်နဂါးမဟာသူတော်စင်ထံမှ အကျိုးအမြတ်အများကြီးရရှိခဲ့ခြင်းကြောင့် လျင်မြန်စွာတိုးတက်လာသည်။
ရီမိသားစု၏ထောက်ခံမှုကြောင့် ၎င်းတို့သည် မဟာသူတော်စင်အဆင့်သို့ ဖြတ်ကျော်နိုင်မည့် အလားအလာကိုမြင်လာခဲ့သည်။ အကယ်၍ ဝမ်ဟိုင်သူတော်စင်က ဂိုဏ်းချုပ်ရာထူးကို တခြားသူတစ်ဦးထံပေးလိုက်မည်ဆိုလျှင် သူတို့အားလုံးက ဆန့်ကျင်မည်ဖြစ်သည်။
ဝမ်ဟိုင်သူတော်စင်ဂိုဏ်း၏ ဂိုဏ်းချုပ်က ရီရှောက်ဖန်သာဖြစ်ရမည်။ ရီရှောက်ဖန်ကို ဂိုဏ်းနှင့် ပြည့်ပြည့်စုံစုံ ချိတ်ဆက်ထားမှသာ ၎င်းတို့စိတ်ချရနိုင်မည်။
တစ်ဖက်တွင် ရီရှောက်ဖန်သည် ဝမ်ဟိုင်သူတော်စင်ဂိုဏ်း၏ ခေါင်းဆောင်ရာထူးကို စိတ်ဝင်စားခြင်းမရှိပေ။ ရီမိသားစုသည် ပိုမိုအစွမ်းထက်လာသဖြင့် မူလကပင် အသုံးဝင်မှုနည်းပါးခဲ့သော ဝမ်ဟိုင်သူတော်စင်ဂိုဏ်းအတွက် ယခုတွင် အခန်းကဏ္ဍလုံးဝမရှိတော့ပေ။ ရီမိသားစုသည် ယခုအချိန်တွင် သူ့အား တခြားနေရာတွင်အသုံးမပြုသေးသောကြောင့်သာ သူဝမ်ဟိုင်ဂိုဏ်းတွင် ဆက်ရှိနေခြင်းဖြစ်သည်။
ရီရှောက်ဖန်၏မျက်နှာအပြောင်းအလဲကို မြင်သောအခါ ဝမ်ဟိုင်သူတော်စင်မှာ ချက်ချင်းစိုးရိမ်သွားသည်။
“ပင်လယ်နဂါးမဟာသူတော်စင်ရေ ငါမကြာခင်ဖြတ်ကျော်တော့မှာ။ ဒါပေမယ့် သေမလားရှင်မလားမသိသေးဘူးကွာ။ မင်း ဝမ်ဟိုင်သူတော်စင်ဂိုဏ်းကို လျစ်လျူရှုထားလို့မရဘူးနော်!”
ဝမ်ဟိုင်သူတော်စင်က မတရားခံရသည့်မျက်နှာဖြင့် ရီရှောက်ဖန်ကို စိုက်ကြည့်နေသည်။ သူသည် ရယ်ရမည်ငိုရမည်ကိုပင် မသိနိုင်လောက်အောင်ဖြစ်သွား၏။
“ဂိုဏ်းချုပ်ရေ၊ ခင်ဗျားဖြတ်ကျော်ရင် အသက်ဘေးအန္တရာယ်ရှိမယ်လို့ ဘယ်သူပြောတာတုန်း”
“မဟာသူတော်စင်အဆင့်ဖြတ်ကျော်နိုင်မယ်လို့ သေချာယုံကြည်မှုရှိတဲ့သူ ဘယ်သူရှိလဲ”
ဝမ်ဟိုင်သူတော်စင်က ပြန်မဖြေမီ ရီရှောက်ဖန်က ဆေးလုံးနှင့် ကျောက်စာအများအပြားကို ထုတ်လိုက်သည်။
…..
အခန်း ၅၁၅ - ဆောက်တည်ရာမရဖြစ်နေသော သူတော်စင်အစည်းအရုံး
”ဒီဉာဏ်အလင်းကျောက်စာမှာ ပျက်စီးသွားတဲ့မူလနိယာမရဲ့အစိတ်အပိုင်းတစ်ခုစီပါတယ်။ ဒါအပြင် ဒီနတ်ဆေးလုံးတွေက အဆင့်ဖြတ်ကျော်ရာမှာ အောင်မြင်ဖို့ ကူညီပေးနိုင်တယ်”
ရီရှောက်ဖန်က သာမန်လေသံဖြင့်ပြောလိုက်သော်လည်း ၎င်းစကားများသည် ဝမ်ဟိုင်သူတော်စင်၏နားတွင် မိုးချိန်းသံကဲ့သို့ ပဲ့တင်ထပ်နေတော့သည်။ ၎င်းသည် ထိုအရင်းအမြစ်များ၏ ထိရောက်မှုကို နဂိုကပင်နားလည်သိရှိပြီးဖြစ်သည်။ သို့သော် ထိုအရာများကို အသုံးပြု၍ ကိုယ်တိုင်ဖြတ်ကျော်ခွင့်ရမည်ဟု တစ်ကြိမ်မျှမတွေးဘူးချေ။
အရှေ့ဒေသရှိ စွမ်းအားကြီးသောအဖွဲ့အစည်းများ၏ စစ်မှန်သောမဟာသူတော်စင်များပင် ဤအရင်းအမြစ်များကို ရရှိရန် မလွယ်ကူကြပါ။ ၄င်းသည် ရီမိသားစု အသိအမှတ်ပြုမိသည်အထိ လုံလောက်သည့်စွမ်းအားမရှိဟု သူနားလည်သည်။ ရီမိသားစုက ၄င်းအားယခုကဲ့သို့ဆက်ဆံနေခြင်းမှာ ရီရှောက်ဖန်၏ ရာထူးကြောင့်သာဖြစ်မည်ဟု သူထင်လိုက်၏။
“ရှောက်ဖန်ရေ၊ ကျေးဇူးတင်ပါတယ်”
ဝမ်ဟိုင်သူတော်စင်၏ ထိုသို့ကျေးဇူးတင်လိုက်မှုသည် ရင်ထဲမှလာသော အစစ်အမှန်ဖြစ်သည်။ အခြားသောအရင်းအမြစ်များဆိုလျှင် ၎င်းသည် အကူအညီကို အလွယ်တကူငြင်းပယ်လိုက်မည်ဖြစ်သည်။ သို့သော် ဤအရင်းအမြစ်များသည် အထွတ်အထိပ်သူတော်စင်အဆင့်သို့ တက်ရောက်လိုသူတစ်ဦးအတွက် မည်သို့မျှ မငြင်းလိုက်နိုင်သော အရာများဖြစ်နေသည်။
ရီရှောက်ဖန်ကလည်း လက်ကိုဝှေ့ယမ်းကာ ပြန်လည်ငြင်းဆန်ခဲ့သည်။ ဝမ်ဟိုင်သူတော်စင်သည် ယခင်က သူ့အားကူညီခဲ့ခြင်းကို ယခု bvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvပြန်လည်တုံ့ပြန်ခြင်းသာဖြစ်သည်ဟု သူတွေးသည်။ ဤအရင်းအမြစ်များဖြင့်ဆိုလျှင် ဝမ်ဟိုင်သူတော်စင်၏ဖြတ်ကျော်မှုသည် မည်သည့်အခက်အခဲမျှရှိတော့မည် မဟုတ်တော့ပေ။
ရီရှောက်ဖန်သည်လည်း ဝမ်ဟိုင်သူတော်စင်၏စွမ်းရည်ကို ယုံကြည်ထားသောကြောင့် ၎င်း၏ဖြတ်ကျော်မှုသည် အောင်မြင်မည်ဟု ယုံထားသည်။ ဤအရင်းအမြစ်များသည် အဆင့်ဖြတ်ကျော်ရာတွင် ဝမ်ဟိုင်သူတော်စင်၏ယုံကြည်မှုကို ပံ့ပိုးပေးသည်။ ယခုအချိန်သည် ဖြတ်ကျော်ရန် အသင့်တော်ဆုံးအချိန်ဖြစ်၏။
ဝမ်ဟိုင်သူတော်စင်သည် တုံ့ဆိုင်းမနေတော့ဘဲ တစ်ကိုယ်တည်းကျင့်ကြံမှုကို စတင်တော့သည်။ ယေဘုယျအားဖြင့် အထွတ်အထိပ်မဟာသူတော်စင်အဆင့်အထိရောက်ရန် ဆယ်စုနှစ်အနည်းငယ်မှ စ၍ ရာစုနှစ်များအထိ ကြာနိုင်သည်။ သို့သော် ဝမ်ဟိုင်သူတော်စင်၏ပြင်ဆင်ထားမှုမှာ များလွန်းသောကြောင့် သုံးနှစ်အကြာတွင် စွမ်းအားကြီးမားသော ရောင်ဝါများသည် ၎င်းကျင့်ကြံရာမှ ထွက်ပေါ်လာသည်။
ဝမ်ဟိုင်သူတော်စင်ဂိုဏ်းမှ အခြားကျင့်ကြံသူများသည် ဝမ်းမြောက်စွာဖြင့် ထိုနေရာသို့ ငေးကြည့်နေမိကြသည်။ ၎င်းက ထိုသို့ကျင့်ကြံနေသည်ကို လူတိုင်းသိထားကြပြီးဖြစ်သောကြောင့် ယခုကဲ့သို့ဖြတ်ကျော်နိုင်ခြင်းကို အားလုံးက ပီတိဖြစ်နေကြသည်။ ဂိုဏ်းတစ်ခုတွင် မဟာသူတော်စင်အဆင့်ရှိသူတစ်ဦးရှိခြင်း မရှိခြင်းက အလွန်ခြားနားသည်။
အနာဂတ်တွင် မဟာသူတော်စင်ရှိသောဂိုဏ်းမှ ကျင့်ကြံသူတိုင်းသည် ပိုမိုကောင်းမွန်သောအရင်းအမြစ်များကို ခံစားခွင့်ရနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ ဖြတ်ကျော်နိုင်ခြင်းသည် ၎င်းတို့အားလုံးအတွက်ပါ အလွန်အရေးပါနေခြင်းဖြစ်သည်။ အကြီးအကဲကြီးများလည်း ရောက်ရှိလာကြပြီး ဝမ်ဟိုင်သူတော်စင်၏ မဟာသူတော်စင်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းကို ဂုဏ်ပြုပေးခဲ့ကြသည်။
သူ၏ထိုသို့ဖြတ်ကျော်နိုင်မှုကြောင့် အကြီးအကဲများသည်လည်း ၄င်းတို့၏ ဖြတ်ကျော်နိုင်မှုအပေါ် ပို၍ယုံကြည်မှုရှိလာကြသည်။ တစ်ခါတစ်ရံထိုသို့အခွင့်အရေးရခြင်းသည် နှစ်သန်းများစွာ ကျင့်ကြံခြင်းထက် ပို၍အသုံးဝင်သည်။ ထို့ကြောင့် ၄င်းတို့အားလုံးသည် ရီရှောက်ဖန်အား တိတ်တဆိတ်ကျေးဇူးတင်နေကြသည်။
ကျေးဇူးတင်ရသည့်အကြောင်းမှာ ဝမ်ဟိုင်သူတော်စင်ဂိုဏ်းက သူ့ကြောင့်ပိုမိုအစွမ်းကြီးလာရသောကြောင့်ဖြစ်သည်။ ထို့အတူ အကြီးအကဲများသည်လည်း ရီရှောက်ဖန်၏ကြင်နာမှုကို အသိအမှတ်ပြုကြသည်။ ထိုအချိန်တွင် ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ ဝမ်ဟိုင်မဟာသူတော်စင်၏အိမ်တံခါး ပွင့်သွားသည်။
“အားလုံဘဲ မတွေ့ရတာကြာပြီနော်”
ဝမ်ဟိုင်မဟာသူတော်စင်၏မျက်နှာမှာ စိတ်လှုပ်ရှားမှုဖြင့်နီနေပြီး ရင်ထဲမှဝမ်းသာမှုကို မျက်နှာထက်တွင် ထင်ထင်ရှားရှားမြင်နေရသည်။
“မဟာသူတော်စင်အဆင့်ကို တက်ရောက်နိုင်တဲ့အတွက် ဂိုဏ်းချုပ်ကိုဂုဏ်ပြုပါတယ်”
“ဂုဏ်ပြုပါတယ် ဂိုဏ်းချုပ်”
“အားလုံးဘဲ၊ ဒီနေ့က ငါဖြတ်ကျော်နိုင်ခဲ့တဲ့နေ့ဘဲ။ မကြာခင်မှာ မင်းတို့အလှည့် ရောက်လာမယ်လို့ ယုံကြည်ပါတယ်”
ဖြတ်ကျော်မှုအောင်မြင်ပြီးနောက်တွင် ဝမ်ဟိုင်မဟာသူတော်စင်က အတော်လေးစိတ်ဓာတ်တက်ကြွနေသည်။ ရီမိသားစုကိုလည်း အလွန်ကျေးဇူးတင်နေမိ၏။ သူ့ဖြတ်ကျော်မှုသည် အရမ်းလွယ်ကူသည်ဟု ထင်ရသော်လည်း အမှန်တကယ်ကြုံခဲ့ရသည့်အန္တရာယ်များကိုမူ သူကိုယ်တိုင်သာ အသိဆုံးဖြစ်သည်။
ရီမိသားစုက နတ်ဆေးလုံးများနှင့် ဉာဏ်အလင်းကျောက်တိုင်ကိုသာ မပေးထားခဲ့လျှင် ဖြတ်ကျော်မှုပြုလုပ်ရန် မဆိုထားနှင့် မူလနိယာမကိုပင် နားလည်နိုင်မည်မဟုတ်ပါ။ ထိုကြောင့် ကြွယ်ဝမှုစွမ်းအားသည်လည်း အလွန်ကြီးသည်။ အနာဂတ်တွင် ရီမိသားစု၏ရန်သူကို သူ၏ရန်သူအဖြစ်လည်း သတ်မှတ်မည်ဖြစ်သည်။
“အကြီးအကဲအားလုံးပဲ ငါ ဖြတ်ကျော်မှုအောင်မြင်ပြီးသွားပြီမို့ ဂိုဏ်းချုပ်ရာထူးကို တာဝန်ယူဖို့မဖြစ်တော့နိုင်တော့ဘူး။ အခု ငါ အထွတ်အထိပ်အကြီးအကဲအဖြစ် တာဝန်ယူမယ်။ ဒါကြောင့်မို့ ဂိုဏ်းချုပ်အသစ်ကို ရွေးချယ်ရလိမ့်မယ်” ဟု ဝမ်ဟိုင်မဟာသူတော်စင်က ကြေညာလိုက်သည်။
မဟာသူတော်စင်အဆင့်၏ စွမ်းအားကို ကိုယ်တိုင်ခံစားမြင်တွေ့ပြီးနောက်တွင် သူသည် သူ့အနာဂတ်ကို ပိုမိုတိုးတက်အောင်မြင်စေရန် ကြိုးပမ်းသင့်ကြောင်း၊ ပိုမိုကျင့်ကြံသင့်ကြောင်း တွေးမိလာခဲ့သည်။ သူ၏စွမ်းအားကို တိုးမြှင့်နိုင်မှသာ ဝမ်ဟိုင်သူတော်စင်ဂိုဏ်းကိုလည်း ပိုမိုအင်အားကြီးမားလာအောင် ခေါင်းဆောင်နိုင်မည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက ဂိုဏ်းသည် သေးငယ်သောဒေသအတွင်းရှိ အဖွဲ့ငယ်တစ်ခုအဖြစ်သာ ဆက်လက်တည်ရှိနေမည်။
ရီမိသားစုနှင့် ကောင်းမွန်သောဆက်ဆံရေးကို ထိန်းသိမ်းထားခြင်းသည်လည်း အလွန်အရေးကြီးသည်။ ရီမိသားစုက ၎င်းတို့ဖက်တွင်ရှိနေလျှင် သူတို့၏အနာဂတ်မှာ မျှော်လင့်စရာအပြည့်ဖြစ်သည်။
“ဂိုဏ်းချုပ်ရေ၊ ပင်လယ်နဂါးသူတော်စင်သာ ဂိုဏ်းချုပ်အသစ်ဖြစ်လာဖို့ အကောင်းဆုံးလို့ ငါတို့ထင်တယ်” ဟု ခရမ်းရောင်ဟွမ်အကြီးအကဲက တုံ့ဆိုင်းခြင်းမရှိ ပြောကြားလာသည်။
“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ပင်လယ်နဂါးသူတော်စင်ကပဲ အသင့်လျော်ဆုံးပါ”
အခြားအကြီးအကဲများကလည်း ထောက်ခံကြသည်။ ထိုကဲ့သို့ လူများစွာ အတူတကွထပ်တူထောက်ခံကြသည့်အခါ ဂိုဏ်းချုပ်လည်း လက်ခံလိုက်သည်။ သူသည်လည်း ရီရှောက်ဖန်ကို ဝမ်ဟိုင်သူတော်စင်ဂိုဏ်း၏ ဂိုဏ်းချုပ်အဖြစ်ခန့်အပ်ကာ ရီမိသားစုနှင့် ပိုမိုသင့်မြတ်စေရန် ပြုလုပ်လိုသည်။
သို့သော အကယ်၍ ရီရှောက်ဖန်ကသာ မလိုချင်ခဲ့လျှင် သူမည်သို့မျှ မတတ်နိုင်ပေ။ သို့သော်လည်း သူဖြတ်ကျော်မှုအောင်မြင်သည့်အချိန်၌ ပင်လယ်နဂါးက အဘယ်ကြောင့် မဟာသူတော်စင်အဆင့်သို့ မရောက်သေးသည်ကို အံ့ဩနေသည်။
သူသည် အရင်းအမြစ်များကို သူလက်ခံရရှိခဲ့ချိန်က ရီရှောက်ဖန်အားနောက်ဆုံးတွေ့ခဲ့ရခြင်းဖြစ်ကာ ထိုအချိန်တွင် ရီရှောက်ဖန်ထံမှ သူတော်စင်ရောင်ဝါများကို မြင်လိုက်ရရာမှ ထိုအတွေးဝင်ခဲ့ခြင်းဖြစ်သည်။ သူသည် ရီမိသားစုထံမှ အရင်းအမြစ်များကို လက်ခံရရှိခဲ့သော်လည်း ရီရှောက်ဖန် ထိုသို့မရရှိမည်ကို စိတ်ပူနေသည်။
သို့သော်လည်း ထိုသို့မဖြစ်နိုင်ပါ။ ရီရှောက်ဖန်သည် သိုသိပ်စွာနေတတ်သူတစ်ဦးဖြစ်သဖြင့် ဖြတ်ကျော်မှုပြုလုပ်ပြီးသော်လည်း ထုတ်ဖော်ခြင်းမပြုသည်လည်း ဖြစ်နိုင်သည်။ အကယ်၍ ရီရှောက်ဖန်သည် မဟာသူတော်စင်အဆင့်ကို အမှန်တကယ်ဖြတ်ကျော်ပြီးဖြစ်ပါက ဝမ်ဟိုင်သူတော်စင်ဂိုဏ်း၏ ဂိုဏ်းချုပ်ရာထူးကို လက်ခံမည်မဟုတ်ဟု သူထင်သည်။
သို့သော် ရီရှောက်ဖန်သည်လည်း သူကဲ့သို့ အထွတ်အထိပ်အကြီးအကဲတစ်ဦးဖြစ်လာမည်ဆိုလျှင်တော့ ငြင်းဆန်တော့မည်မဟုတ်ဟု သူယုံကြည်သည်။
……
အခန်း ၅၁၆ - ဆောက်တည်ရာမရဖြစ်နေသော သူတော်စင်အစည်းအရုံး
ရီရှောက်ဖန်သည် ဝမ်ဟိုင်သူတော်စင်ဂိုဏ်းမှ လုံးဝ မခွဲထွက်သေးသရွေ့ ၎င်းကကြီးမားသည့် ပြဿနာမဟုတ်ပေ။
"အားလုံးပဲ၊ ပင်လယ်နဂါးမဟာသူတော်စင်ကို ငါမစည်းရုံးနိုင်ဘူး၊ မင်းတို့စည်းရုံးဖို့လိုအပ်တယ်!"
ဝမ်ဟိုင်သူတော်စင်က ထိုကိစ္စကို ဤအကြီးအကဲများထံ တိုက်ရိုက်ပြောကြားခဲ့သည်။ ဝမ်ဟိုင်သူတော်စင်ဂိုဏ်း၏ ဂိုဏ်းချုပ်အဖြစ် ရီရှောက်ဖန်ကို စည်းရုံးနိုင်ခဲ့ပါက အကောင်းဆုံးဖြစ်လိမ့်မည်။ အရာအားလုံးက အကြီးအကဲများ၏ စွမ်းဆောင်ရည်အပေါ် မူတည်နေသည်။
အကြီးအကဲများအားလုံး တိတ်ဆိတ်သွားသော်လည်း စိတ်ထဲတွင် ရီရှောက်ဖန်အား မည်သို့ဆွဲဆောင်စည်းရုံးရမည်ကို စိတ်ကူးယဉ်နေသည်။
အမျိုးသမီးအကြီးအကဲအချို့သည် အရောင်ပါသောသွေးဆောင်မှုတချို့ကို စတင်ရန်ပင် စီစဉ်နေကြသည်။ ရီရှောက်ဖန်က ဆန္ဒရှိလျှင် ၎င်းတို့အတွက် ဘာမှဆုံးရှုံးစရာရှိမည်မဟုတ်ချေ။
ထိုအခိုက်အတန့်တွင် ဝမ်ဟိုင်သူတော်စင်ဂိုဏ်းနှင့် မနီးမဝေး၌ ပြင်းထန်သောရောင်ဝါများစွာ ထွက်ပေါ်လာသည်။ အကြီးအကဲများက ရီမိသားစုရှိရာသို့ ချက်ချင်း မျှော်ကြည့်လိုက်ကြသည်။
"ငါသွားကြည့်မယ်!"
အခြားအကြီးအကဲများနှင့် စကားပြောပြီးနောက် ဝမ်ဟိုင်သူတော်စင်သည် ရီမိသားစုရှိရာသို့ ချက်ချင်း ဦးတည်သွားသည်။ ဤ ရောင်ဝါများ၏ရည်ရွယ်ချက်ကို သူမသိသော်လည်း ၎င်းတို့က အစွမ်းထက်ပုံရသည်။ သို့သော် ၎င်းတို့က ရီမိသားစုအပေါ် ကြံသည်နေသည်ဆိုလျှင် သူသဘောတူမည်မဟုတ်ချေ။
ထိုရောင်ဝါ ဤသို့ပေါ်လာသည်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့၏ ရည်ရွယ်ချက်ကောင်းမွန်ခြင်းမရှိကြောင်း သိနိုင်သည်။ အနည်းငယ်သွားပြီးနောက် ဝမ်ဟိုင်သူတော်စင်သည် ရီမိသားစုအပြင်ဘက်သို့ ရောက်ရှိသွားသည်။ ထို့နောက် သူသည် ၎င်းတို့ထဲမှတစ်ဥိးက သူတော်စင်အစည်းအရုံး၏ ဂိုဏ်းချုပ်ဖြစ်ကြောင်း ချက်ချင်းမှတ်မိလိုက်သည်။
သူတော်စင်အစည်းအရုံးကိုမြင်သောအခါ ဝမ်ဟိုင်သူတော်စင်သည် ယနေ့ အဆုံးသတ်ကောင်းမယ်မဟုတ်ကြောင်း သိလိုက်သည်။ ၎င်းတို့သည် လက်စားချေရန်အကြောင်းပြချက်မှလွဲ၍ ဤနေရာသို့ရောက်ရှိနေရသည့် အခြားအကြောင်းပြချက်ရှိမည်မဟုတ်ပေ။
သူတော်စင်အစည်းအရုံးမှ မဟာသူတော်စင်သည်လည်း ဝမ်ဟိုင်သူတော်စင်ကို ချက်ချင်း သတိပြုထားမိသွားသည်။ သူသည် ဝမ်ဟိုင်သူတော်စင်၏ ရောင်ဝါကို ခံစားလိုက်ရသောအခါ အံ့ဩသွားသည်။ ထို့နောက် သူ၏လူသတ်လိုစိတ်က ထိန်းမရအောင် တိုးလာသည်။
၎င်း၏ ရှုံးနိမ့်နေသောအခြေအနေနှင့် ယှဉ်လျှင် ဝမ်ဟိုင်သူတော်စင်သည် အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပုံရသောကြောင့် မဟာမိတ်အစည်းအရုံးဂိုဏ်းချုပ်ကိို အလွန်ဒေါသထွက်စေသည်။
ယနေ့တွင် သူသည် ရီမိသားစုသာမက ရွှမ်ယွမ်စကြဝဠာမှ အဓိကအင်အားစုလေးခုကိုလည်း ဖျက်ဆီးရန် ရည်ရွယ်ထားသည်။
"ဒီမဟာသူတော်စင်ကို ငါရှင်းမယ်!"
ဝမ်ဟိုင်မဟာသူတော်စင်၏ ရောင်ဝါသည် မတည်မငြိမ်ဖြစ်နေကာ ၎င်းက လောလောလတ်လတ် အဆင့်ဖြတ်ကျော်ထားခြင်းကို ပြနေသည်။ အသစ်စက်စက် မဟာသူတော်စင်အဆင့်စွမ်းအားရှင်နှင့် ရင်ဆိုင်ရခြင်းက သူ့အတွက် ကိတ်မုန့်လှီးရသလောက်ကို လွယ်ကူသည်။ ဝမ်ဟိုင်မဟာသူတော်စင်ကို ဖယ်ရှားပြီးမှ ရီမိသားစုကိုတိုက်ခိုက်လျှင်လည်း နောက်ကျဦးမည်မဟုတ်ပေ။
ထောင်ကျစ်မဟာသူတော်စင်နှင့် အာရှပင်လယ် မဟာသူတော်စင်တို့သည် သူတော်စင်အစည်းအရုံးဂိုဏ်းချုပ်၏ဆုံးဖြတ်ချက်ကို ကန့်ကွက်ခြင်းမရှိပေ။ ၎င်းတို့က လက်တစ်ချောင်းပင် မ၊ရန်မလိုဘဲ ဂိုဏ်းချုပ်၏မျက်နှာသာကိုရရှိစေမည့်အပြင် ဆုလာဘ်များလဲ ရလိမ့်မည်မဟုတ်လား။
နောက်ဆုံးတွင် ၎င်းတို့က အစည်းအရုံးဂိုဏ်းချုပ်ကို ဖြုတ်ချပြီးသည်နှင့် ၎င်းတို့အတွက် အခွင့်အရေးအားလုံးကို ရယူမည်ဖြစ်သည်။
ဂိုဏ်းချုပ်သည် စိတ်အားထက်သန်စွာဖြင့် စွမ်းအားပေါက်ကွဲထွက်လာပြီး နတ်အလင်းရောင်ဖြင့် လွှမ်းခြုံထားသည်။ မကြာသေးမီက သူသည် ဘုရားကျောင်းတွင် မူလအခြေခံနိယာမများစွာကို သင်ယူခဲ့သောကြောင့် သူ၏စွမ်းအားကို သိသိသာသာ မြှင့်တင်နိုင်ခဲ့သည်။ ဤအချိန်တွင် ရီဖန်နှင့်ရင်ဆိုင်ရလျှင်ပင် သူလုံးဝ ယုံကြည်မှုရှိသည်။
ဝမ်ဟိုင်မဟာသူတော်စင်သည် အစည်းအရုံးဂိုဏ်းချုက်ကို လျှော့မတွက်ခဲ့ချေ၊ ရီဖန်ကအလွန်သန်မာသောကြောင့် ဂိုဏ်းချုပ်ကိုအားနည်းသည်ဟု မဆိုနိုင်ပါ။ သို့သော် ယခု သူသည် ဝမ်ဟိုင်မဟာသူတော်စင်ဖြစ်နေပြီဖြစ်ကာ ယခင်ကကဲ့သို့ အားနည်းသူမဟုတ်တော့ပေ။
သူသည် မဟာသူတော်စင်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ရုံသာမက လက်နက်များကိုလည်း အပြည့်အဝတပ်ဆင်နိုင်ခဲ့သည်။ အဆင့်နိမ့် တိုက်ခိုက်ရေးလက်နက်ဖြစ်သော မဟာသူတော်စင် လက်နက်၊ ကာကွယ်ရေးအတွက် မဟာသူတော်စင်လက်နက်နှင့် အဆင့်နိမ့်အရံ မဟာသူတော်စင်လက်နက်တို့ကို သူ့ထံတွင် ရှိထားပြီးဖြစ်သည်။ ၎င်းက ဝမ်ဟိုင်မဟာသူတော်စင်ကို ယုံကြည်မှုရှိစေသည်။
ပင်ကိုပျက်ဆိးခြင်းပင်လယ်လမ်းစဉ်က ဝမ်ဟိုင်မဟာသူတော်စင် နားလည်ထားသည့်အရာဖြစ်သည်။ နေရာတစ်ခုလုံးက ကျယ်ပြန့်သောပင်လယ်အဖြစ် ပြောင်းလဲသွားသည်။
ဝမ်ဟိုင်မဟာသူတော်စင်က ဤပင်လယ်ကြီး၏ အရှင်သခင်နှင့်တူ၏။
အစည်းအရုံးဂိုဏ်းချုပ်သည် ဝမ်ဟိုင်မဟာသူတော်စင်၏ ပင်လယ်ပိုင်နက်ထဲသို့ ဝင်သွားသည်နှင့် ၎င်းထဲတွင်ပိတ်မိနေပြီး သူ၏အရှိန်သည်လည်း ပြင်းထန်စွာ လျော့ကျသွားသည်ကို ခံစားလိုက်ရသည်။
"နတ်အလင်းတန်း!"
ဂိုဏ်းချုပ်သည် မူလနတ်အလင်းလမ်းစဉ်ကို ဖွင့်လှစ်ပြီး ဝမ်ဟိုင်မဟာသူတော်စင်၏ လွှမ်းမိုးမှုအောက်မှ လွတ်မြောက်ရန်ကြိုးစားခဲ့သော်လည်း ၎င်းကအသုံးမဝင်ဘဲ ပိုမိုနက်ရှိုင်းစွာနစ်မြုပ်သွားစေခဲ့သည်။
ဥာဏ်အလင်းကျောက်တိုင်၏ အကျိုးသက်ရောက်မှုသည် ကျ့င်ကြံသူများအတွက် အလွန်ထင်ရှားသည်။ သူ၏ ကျင့်ကြံမှုအဆင့်သည် ယခုမှဖြတ်ကျော်သွားခြင်းဖြစ်သော်လည်း ဝမ်ဟိုင်မဟာသူတော်စင်၏ မူလပင်လယ်လမ်းစဉ်အပေါ် နားလည်မှုက မနည်းလှချေ၊
အနည်းဆုံး သူတော်စင်အစည်းအရုံးဂိုဏ်းချုပ်၏ မူလနတ်အလင်းလမ်းစဉ်အပေါ် နားလည်မှုက ဝမ်ဟိုင်မဟာသူတော်စင်နှင့် မယှဉ်နိုင်ချေ။
ဝမ်ဟိုင်မဟာသူတော်စင်၏ မူလအခြေခံနိယာမကိုနားလည်မှုကြောင့် သူတော်စင်အစည်းအရုံးဂိုဏ်းချုပ်သည် ၎င်း၏ဩဇာလွှမ်းမိုးမှုအောက်မှ ရုန်းမထွက်နိုင်တော့ပေ။
“ဝမ်ဟိုင်က ဘယ်လိုလုပ် ဒီလောက်အင်အားကြီးနိုင်မှာလဲ”
သူတော်စင်အစည်းအရုံးဂိုဏ်း၏ နှလုံးသားထဲတွင် ရှုပ်ထွေးမှုများ ပြည့်နှက်နေခဲ့သည်။ သူ ထွက်သွားခဲ့သည်မှာ နှစ်ထောင်ချီရှိသေးသော်လည်း ကမ္ဘာကြီး အဘယ်လောက်ပြောင်းလဲသွားခဲ့သနည်း။ သူပြန်လာသောအခါ သူ့လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ဖယ်ရှားပစ်နိုင်မည်ဟု သူထင်ခဲ့သော်လည်း ယခုတွင် သူသည် ဝမ်ဟိုင်မဟာသူတော်စင်တစ်ဦးတည်းကိုပင် မနိုင်ဘဲရှိသည်။
သူတော်စင်အစည်းအရုံးဂိုဏ်းချုပ်ကို အောင်မြင်စွာ ဖိနှိပ်ပြီးနောက် ဝမ်ဟိုင်မဟာသူတော်စင်သည် နောက်ဆုံးတွင် သူ့လှုပ်ရှားမှုကို စတင်ခဲ့သည်။ ပင်လယ်စွမ်းအားကို ထိန်းချုပ်ရန်အတွက် မဟာသူတော်စင်လက်နက် အသုံးပြုလျက် ၎င်းကို အဆုံးမဲ့ပင်လယ်မွန်းစတားများအဖြစ် ပြောင်းလဲကာ သူတော်စင်အစည်းအရုံးဂိုဏ်းချုပ်ထံသို့ ဦးတည်သွားသည်။
နတ်အလင်းရောင်က သူ၏ခန္ဓာကိုယ်ကိုကာကွယ်ပေးသည့်တိုင် သူတော်စင် အစည်းအရုံးဂိုဏ်းချုပ်သည် ၎င်းတို့ကို လုံး၀မခုခံနိုင်ပေ။ သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာများ ရရှိသွားသည်။ သို့သော် သူခက်ခကါခဲခဲကြိုးစားပြီးနောက်တွင် အခွင့်အရေးကို ဆုပ်ကိုင်နိုင်ခဲ့ပြီး ဝမ်ဟိုင်မဟာသူတော်စင်ကို တန်ပြန်တိုက်ခိုက်နိုင်လိုက်သည်။
သို့သော် ထိုအချိန်တွင် ဝမ်ဟိုင်မဟာသူတော်စင်၏ ကာကွယ်ရေးမဟာသူတော်စင်လက်နက်က ချက်ချင်းအားကောင်းလာပြီး သူတော်စင်အစည်းအရုံးဂိုဏ်းချုပ်၏တိုက်ခိုက်မှုကို ပိတ်ဆို့ကာ ဝမ်ဟိုင်မဟာသူတော်စင်သည် နေရာအသင့်ဆုတ်ခွါနိုင်ခဲ့ပြီး သူ၏နောက်ထပ်တိုက်ခိုက်မှုကို ပြင်ဆင်နေသည်။
မဟာသူတော်စင်လက်နက်နှစ်ခု။ ဝမ်ဟိုင်သူတော်စင်ဂိုဏ်းသည် မည်သည့်အချိန်မှစ၍ မဟာသူတော်စင်လက်နက်နှစ်ခုကို ရရှိသွားသနည်း။
သူ့အနေဖြင့် ဘုရားကျောင်းတော်သို့ မကြာသေးမီက ပြန်သွားခဲ့သော်လည်း မဟာသူတော်စင်လက်နက်တစ်ခု ရရှိရန်ပင် ခဲယဉ်းခဲ့သည်။ မဟာသူတော်စင်လက်နက်ကို မည်သည့်အချိန်မှစ၍ ဤမျှလွယ်လွယ်နှင့် ရလာသနည်း။
ထိုအခိုက်အတန့်တွင် သူတော်စင်အစည်းအရုံးဂိုဏ်းချုပ်၏ ကမ္ဘာ့အမြင်သည် လုံးဝရှုပ်ထွေးနေ၏။ ဤနေရာသည် ဘုရားကျောင်းနှင့်နှိုင်းယှဉ်ပါက၊ နိမ့်ကျသောနေရာတစ်ခုသာဖြစ်သင့်သည်မဟုတ်လား။
သူခဏမျှ ပျောက်ကွယ်သွားပြီးနောက် အဘယ်ကြောင့် အရာအားလုံး လုံးဝပြောင်းလဲသွားသနည်း။
ဝမ်ဟိုင်မဟာသူတော်စင်တောင် သန်မာလာခဲ့လျှင် ရီမိသားစုလည်း တိုးတက်လာမည် မဟုတ်လား။
သူ၏အကြီးတန်းတပည့်နှစ်ယောက်ရော ရီမိသားစုကို အမှန်တကယ်အောင်နိုင်ပါ့မလား။ ထိုအချိန်တွင် သူ၏ယုံကြည်မှုများ ပျက်ဆီးသွားသည်။
"အမှိုက်က အမှိုက်ပဲ၊ ငါဝင်မယ်။ အချိန်ဖြုန်းနေတာ ရပ်လိုက်တော့”
အာရှပင်လယ်မဟာသူတော်စင်သည် စိတ်မရှည်တော့ချေ။ ယခင်က သူတော်စင်အစည်းအရုံးဂိုဏ်းချုပ်သည် အနည်းငယ်တန်ဖိုးရှိသည်ဟု သူထင်ခဲ့သော်လည်း ယခုအခါ ၎င်းက ဘုရားကျောင်းနှင့်ပူးပေါင်းလာသည့် တောသားအမှိိုက်သာဖြစ်နေသည်။
အလယ်အလတ်အဆင့်ရှိ မဟာသူတော်စင်ရောင်ဝါသည် အာရှပင်လယ်မဟာသူတော်စင်ထံမှ ထွက်ပေါ်လာပြီး ဝမ်ဟိုင်မဟာသူတော်စင်ကို ဖိအားပေးနေသည်။ လွန်ခဲ့သည့်အခိုက်အတန့်က သူတော်စင်အစည်းအရုံးဂိုဏ်းချုပ်ကို အလွယ်အတူတန်ပြန်တိုက်ခိုက်နိုင်ခဲ့သော ဝမ်ဟိုင်မဟာသူတော်စင်သည် အလယ်အလတိ မဟာသူတော်စင်၏ရောင်ဝါကို ခံစားလိုက်ရသောအခါ ချက်ချင်းတောင့်တင်းသွားသည်။
မကောင်းတော့ပါ။ ဧရာမလက်တစ်စုံသည် ကောင်းကင်ယံကိုပိတ်ဆို့လျက် ဝမ်ဟိုင်မဟာသူတော်စင်ကို ဖမ်းဆီးရန် ကျရောက်လာသည်။ ၎င်းကသာ ဖမ်းမိသွားလျှင် သူလုံးဝ တောင့်ခံနိုင်တော့မည်မဟုတ်ချေ။
ဝမ်ဟိုင်မဟာသူတော်စင်သည် စဉ်းစားချိန်မရှိဘဲ သူ၏အင်အားအားလုံးဖြင့် ၎င်းလက်ကြီးကို ချက်ချင်း တိုက်ခိုက်လိုက်သည်။ သို့သော်လည်း သူ၏တိုက်ခိုက်မှုကို ဧရာမလက်ကြီးက အလွယ်တကူ နှိမ်နင်းခဲ့သည်။ ၎င်းက အရှိန်မလျှော့သွားဘဲ ဝမ်ဟိုင်မဟာသူတော်စင်ထံသို့ ဆက်လက်ဦးတည်လာသည်။ ဝမ်ဟိုင်မဟာသူတော်စင်သည် အာရှပင်လယ်မဟာသူတော်စင်၏ ရောင်ဝါအောက်မှ မလွတ်မြောက်နိုင်ခဲ့ချေ။
"ငါ အဆင့်ဖြတ်သွားတာက ဒီလိုကျဆုံးဖို့အတွက်လား"
ဝမ်ဟိုင်မဟာသူတော်စင်သည် စိတ်ပျက်လက်ပျက်ဖြစ်နေသည်။ သို့တိုင် သူသည် ရီမိသားစု၏ရန်သူများကို တိုက်ခိုက်ရင်းသေဆုံးသွားပါက ဝမ်ဟိုင်သူတော်စင်ဂိုဏ်းအတွက် ဂုဏ်ယူစရာဖြစ်လာလိမ့်မည်။ ပင်လယ်နဂါးသူတော်စင်သည် ထိုအတွက်ကြောင့် ဝမ်ဟိုင်သူတော်စင်ဂိုဏ်းကို စောင့်ရှောက်လိမ့်မည်ဟု မျှော်လင့်ရ၏။
"ဂိုဏ်းချုပ် ခင်ဗျားက မျက်နှာအမူအရာတွေပြောင်းတာ အရမ်းတော်လိုက်တာဗျာ"
ရင်းနှီးသောအသံတစ်ခုက ဝမ်ဟိုင်မဟာသူတော်စင်၏ အတွေးများကို ဝင်နှောက်ယှက်လိုက်သည်။ သူလှည့်ကြည့်လိုက်ရာ ရီရှောက်ဖန်နှင့်အတူ သူ့ကို ထိတ်လန့်စေသည့် မြင်ကွင်းတစ်ခုက လှမ်းကြိုနေသည်။
ရီရှောက်ဖန်၏လက်ကို လှုပ်ရှားလိုက်သည့်အခါ ဓားချီကချက်ချင်းပျံသန်းသွားပြီး ဧရာမလက်ကြီးကို ချက်ချင်းထိုးဖောက်သွားသည်။ ထို့နောက် သူ့ကို အလွယ်တကူ ဖိနှိပ်ထားသည့် ဧရာမလက်ကြီးသည် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ ဓားချီသည် ရပ်တန့်ခြင်းမရှိဘဲ ဧရာမလက်ပိုင်ရှင် အာရှပင်လယ် မဟာသူတော်စင်ဆီသို့ ဆက်လက်ဦးတည်သွားသည်။
အာရှပင်လယ်မဟာသူတော်စင်သည် ရီရှောက်ဖန်ပေါ်လာသောအချ်ိန်မှစ၍ အန္တရာယ်ကိုခံစားခဲ့ရသည်။ ရီရှောက်ဖန်သည် သူ၏ ရောင်ဝါကိုမထုတ်ပြသည့်တိုင် အန္တရာယ်အငွေ့အသက်က သူ့တစ်ကိုယ်လုံးကို အပ်များဖြင့်ထိုးနေသလိုခံစားရသည်။ ၎င်းက သူ၏ဆဋ္ဌမအာရုံသည် အန္တရာယ်ကို သတိပေးနေခြင်းဖြစ်သည်။
သူသည် ဘုရားကျောင်း၏ မူလနိယာမနတ်ဥပဒေကို ကျင့်ကြံထားသောကြောင့် သူ၏ဆဋ္ဌမနှင့် သတ္တမအာရုံများသည် မယုံနိုင်လောက်အောင် ပြင်းထန်သည်။ သူအမှတ်မမှားနိုင်ပါ။ သူ့ရှေ့ရှိ ထူးဆန်းသောသူက သူ့ကိုသတ်နိုင်သည့် အစွမ်းရှိသည်။
ဒီ သူတော်စင်အစည်းအရုံးဂိုဏ်းချုပ်ကတော့ ချီးပဲကွာ။
ဝမ်ဟိုင်မဟာသူတော်စင်သည် သူ့ဘေးနားရှိ အခြားတစ်ယောက်ကို သတိပေးရန်ပင် အချိန်မရှိခဲ့ဘဲ ချက်ချင်းလှည့်ပြေးတော့သည်။
…………