← Chapters

အခန်း ၅၁၇-၅၁၉

Vol. 35 Ch. 517-519

အခန်း ၅၁၇-၅၁၉

Vol. 35 Ch. 517-519

အခန်း ၅၁၇ - ဘော့စ်ကိုတိုက်ခိုက်ဖို့ပြင်ဆင်ခြင်း

ထောင်ကျစ်မဟာသူတော်စင်သည် အာရှပင်လယ်မဟာသူတော်စင်အဝေးသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း သူ့မျက်နှာပေါ်တွင် အံ့ဩမှုအပြည့်ဖြစ်နေသည်။ သူအဘယ်ကြောင့်များ ရုတ်တရက်ထွက်သွားသနည်း။ သို့သော် ရီရှောက်ဖန်၏ခန္ဓာကိုယ်မှ အလယ်အလတ် အထွတ်အထိပ် မဟာသူတော်စင်အဆင့်ရောင်ဝါ ထွက်လာသောအခါ သူနားလည်သွားသည်။

ရီဖန်၏ကိုယ်ပွါးတစ်ခုဖြစ်သည့် ရီရှောက်ဖန်သည် မူလနိယာမအပေါ် တူညီသောနားလည်မှုရှိသည်။

ရီဖန်၏မူရင်းနိယာမကို နားလည်ခြင်းကြောင့် ရီရှောက်ဖန်သည်လည်း သူ၏ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ရာတွင် အလွန်လွယ်ကူခဲ့သည်။

မူလက ဝမ်ဟိုင်မဟာသူတော်စင်သည် ရီရှောက်ဖန်အနေဖြင့် ရန်သူဖြစ်သည့် အလယ်အလတ်အဆင့် မဟာသူတော်စင်ကျ့င်ကြံသူကို ခုခံနိုင်ခြင်းရှိမရှိ အနည်းငယ်စိုးရိမ်ခဲ့သော်လည်း ယခုတော့ သူသာဆွံ့အသွားသည်။ အစောပိုင်းက သူ၏ကျင့်ကြံမှုအဆင့်သည် ၎င်းထက်အားနည်းသော်လည်း အလယ်အလတ် အထွတ်အထိပ် မဟာသူတော်စင်အဆင့်သို့ ရောက်ရှိရန် အချိန်သိပ်မကြာလိုက်ချေ။ သူ ဘယ်လိုများ ကျင့်ကြံခဲ့သနည်း။

ဤအခိုက်အတန့်တွင် အဝေးသို့ပြေးသွားသော အာရှပင်လယ်မဟာသူတော်စင်သည် လူတိုင်း၏အကြည့်အောက် ရုတ်တရက်ပြန်ပေါ်လာကာ အတော်လေးစုတ်ပြတ်နေသည်။ သူ့နောက်တွကိ နောက်ထပ်ရီရှောက်ဖန်တစ်ဦး ရှိနေ၏။ ထိုရီရှောက်ဖန်ကြောင့် သူပြန်ရောက်လာခြင်းဖြစ်သည်။

အနှီ ရီရှောက်ဖန်သည် ရီဖန်၏ နောက်ထပ်ကိုယ်ခွဲတစ်ခုဖြစ်၏။ အာရှပင်လယ် မဟာသူတော်စင်ပြန်ရောက်လာခြင်းကြောင့် ထောင်ကျစ်မဟာသူတော်စင်နှင့် သူတော်စင်အစည်းအရုံးဂိုဏ်းချုပ်တို့ အနည်းငယ် ဝမ်းသာသွားသည်။ ယခု ၎င်းတို့ထဲကတစ်ယောက်မှ မလွတ်မြောက်နိုင်သောကြောင့် အတော်လေးမျှတသည်ဟု ခံစားရသည်။

‘ငါ့ဖင်ကြီးကိုပဲ တရားမျှတ’ ၎င်းတို့အားလုံး သေတော့မည်။ တရားမျှတမှုကို မည်သူက ဂရုစိုက်နေနိုင်မည်နည်း။

"မင်းတို့က ဘယ်သူတွေလဲ"

သူ့အနေဖြင့် ရီမိသားစုကို လက်စားချေချင်ရုံသာဖြစ်သော်လည်း အဘယ်ကြောင့် အားကောင်းသည့်တိုက်ခိုက်ရေးသမားများ ရုတ်တရက် ပေါ်လာသနည်း။

"ဒီလူတွေက ရီမိသားစုကလေ၊ မင်းမသိဘူးလား"

ယခုတော့ ဝမ်ဟိုင်မဟာသူတော်စင် အံ့ဩရသည့်အလှည့်ဖြစ်သည်။ ၎င်းတို့က ရီမိသားစုကို လက်စားချေချင်သော်လည်း ရီမိသားစုက လူများကိုမမှတ်မိကြချေ။

"သူတို့နှစ်ယောက်လုံးက ရီမိသားစုကလား"

သူတော်စင်အစည်းအရုံးဂိုဏ်းချုပ်၏ အကြည့်များသည် အလွန်ထိုင်းမှိုင်းနေ၏။ ဝမ်ဟိုင်မဟာသူတော်စင်ကလည်း ခေါင်းညိတ်ပြသည်။

သူသည် နောက်ထပ် ရီရှောက်ဖန်ကို မတွေ့ဖူးသော်လည်း၊ ၎င်းက ရီရှောက်ဖန်နှင့် တစ်ထပ်တည်းတူသောကြောင့် ရီမိသားစုထဲမှပဲ ဖြစ်ရမည်။

သူတော်စင်အစည်းအရုံးဂိုဏ်းချုပ်သည် ဝမ်ဟိုင်မဟာသူတော်စင်၏အမူအရာကို မြင်လိုက်ရသောအခါ သူ၏ခန္ဓာကိုယ်တစ်လျှောက် အေးစက်သွားသည်ကို ခံစားလိုက်ရသည်။ အားလုံးထဲတွင် သူတစ်ယောက်သာ လူရွှင်တော်ဖြစ်နေသလား။

ရီမိသားစုအနေဖြင့် ၎င်းတို့မည်မျှ စွမ်းအားကြီးကြောင်းကို စောစောကြေညာထားသင့်သည်။ ထိုသို့ဖြစ်လျှင် ၎င်းတို့ကို လက်စားချေရန် မည်သူက သတ္တိရှိမည်နည်း။ နှစ်ယောက်မဆိုထားနှင့် အလယ်အလတ်အဆင့် မဟာသူတော်စင်ကျ့င်ကြံသူတစ်ဦးတည်းကပင် သူ့က်ု လုံးဝရှင်းပစ်နိုင်သည်။ ကံမကောင်းစွာဖြင့် အရာအားလုံးကို သူသိသည့်အချိန်တွင် နောက်ကျသွားပြီဖြစ်သည်။

"ရီမိသားစုအပေါ် ငါ အငြှိုးမထားပါဘူး။ ဒီတခေါက် ငါ့အမှားမို့ လျော်ကြေးကျေကျေနပ်နပ်ပေးပြီး ထွက်သွားပါရစေ”

အာရှပင်လယ်မဟာသူတော်စင်သည် သူ၏စိတ်ထဲတွင် သူတော်စင်အစည်းအရုံးဂိုဏ်းချုပ်ကို အခါခါကျိန်ဆဲနေပြီဖြစ်သည်။ သေချင်လျှင် တစ်ယောက်တည်းသေလေ။ အဘယ်ကြောင့် သူတို့ကိုပါ ဆွဲချရသနည်း။

ရီရှောက်ဖန်က ပြုံးလိုက်သည်။ ထိုသူများအားလုံးက ပွဲလာရှာပြီးမှ ထွက်သွားချင်နေသလား။ ယနေ့ စစ်မှန်သောနတ်ဘုရားကြွလာလျှင်ပင် ၎င်းတို့ကို လွှတ်ပေးမည်မဟုတ်ပါ။

ထိုအချိန်တွင် နတ်ဆိုးကိုယ်ပွါးသည်လည်း ရောက်ရှိလာ၏။

"သေကြစမ်း"

ရီရှောက်ဖန်နှင့်ယှဉ်လျှင် နတ်ဆိုးတစ်ကောင်ဖြစ်သည့်ထိုသူက အဆင့်တူညီသည့်တိုင် ပိုသန်မာသည်။

"ချီးပဲ၊ မင်း ဘာလို့မသေသွားရတာလဲ”

ကိုယ်ပွါးနှစ်ခု၏ဝိုင်းရံခြင်းကို ရင်ဆိုင်နေရသော အာရှပင်လယ်မဟာသူတော်စင်သည် အစည်းအရုံးဂိုဏ်းချုပ်ကို အော်ရန်အချိန်ရှိသေးသည်။ ထိုအချိန်တွင် ဂိူဏ်းချုပ်သည်လည်း သူ့အတွက်ရှင်သန်ရန် မျှော်လင့်ချက်မရှိတော့ကြောင်း သိထားပြီးဖြစ်သည်။ ထို့ကြောင့် ဖော်ရွေသောအမူအရာမရှိဘဲ တစ်ချိန်က သူလေးစားသော အာရှပင်လယ်မဟာသူတော်စင်ကို ရင်ဆိုင်ခဲ့ရသည်။

"အာရှပင်လယ်၊ မင်းဘာလဲဆိုတာ ငါမသိဘူး မထင်နဲ့။ ဒီနေ့ ရီမိသားစုကို ဖျက်ဆီးနိုင်ရင်တောင်မှ မင်းငါ့ကို လွှတ်ပေးမှာ မဟုတ်ဘူးမလား"

၎င်းတို့အားလုံးသည် နှစ်သောင်းချီသောမြေခွေးအိူကြီးများဖြစ်ပြီး ကောက်ကျစ်ကြသည်။ အစည်းအရုံးဂိုဏ်းချုပ်သည်လည်း အကူအညီလိုအပ်သောကြောင့်သာ ၎င်းနှင့်အတူတွဲမိခြင်းဖြစ်၏။ ယခု အာရှပင်လယ် မဟာသူတော်စင်က အသုံးမဝင်တော့ရာ အဘယ်ကြောင့် သူ့ကိုစကားကောင်းကောင်းပြောနေရဦးမည်နည်း။

အာရှပင်လယ်မဟာသူတော်စင်၏ မျက်နှာသည် လုံးဝဖြူဖျော့နေသော်လည်း ပြန်ပြောစရာမရှိပေ။

နောက်ဆုံးတွင် သူသည်သူ၏လောဘကြောင့်သာ သေဆုံးရသည်။ ထို့နောက် အားလုံးထဲတွင် အနိမ့်ဆုံးဖြစ်သော ထောင်ကျစ်မဟာသူတော်စင်သည် သူသေခါနီးအချိန်လေးမှာမှ သဘောပေါက်သွားသည်။

ရီရှောက်ဖန် စုဆောင်းလိုက်သော ကျိုးပဲ့နေသည့် မူလနိယာမသုံးခုက ကောင်းကင်ယံတွင် ပေါ်လာသည်။ မူလနိယာမကျောက်တိုင်သည် နောက်ထပ် အသစ်၃ခုကို ရရှိသွားကာ ၎င်းတို့အားလုံးကလည်း အလွန်ထူးခြားသည်။

ရီရှောက်ဖန်၏ လုပ်ရပ်ကိုမြင်သောအခါ ဝမ်ဟိုင်မဟာသူတော်စင်သည် ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။ သူအဆင့်ဖြတ်သန်းစဉ်က ဉာဏ်အလင်းကျောက်စာတိုင်တွင် သု့အတွက် ကျိုးပဲ့အခြေခံနိယာမများရှိနေခြင်းက ဤသို့ဖြစ်သည်။

ထို့နောက် သူ့ ကျောရိုးတစ်လျှောက် တုန်လှုပ်သွား၏။ ၎င်းကိုရရှိရန် ရီမိသားစုသည် မဟာသူတော်စင်နယ်မြေ ကျင့်ကြံသူမည်မျှကို သတ်ခဲ့ရသနည်း။ လောကကြီးတွင် ထိုမျှတိုက်ဆိုင်သည့်အရာတော့ မများနိုင်ချေ။ သို့သော် ရီမိသားစုသည် ကောင်းကင်ဘုံချိတ်ဆက်နယ်မြေတွင် ကြီးကြီးမားမား လှုပ်ရှားမှုများ မပြုလုပ်ခဲ့သေးပေ။ ကြည့်ရသည်မှာ ရီမိသားစုသည် သူထင်ထားသည်ထက် ပို၍လျှို့ဝှက်ဆန်းကြယ်နေပုံရသည်။

"ဂိုဏ်းချုပ် ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်”

ရီရှောက်ဖန်က စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်စကားဆိုလာသောကြောင့် ဝမ်ဟိုင်အနည်းငယ်ရှက်သွားသည်။

ဤတစ်ကြိမ်တွင်အစည်းအရုံးဂိုဏ်းချုပ်ကို တိုက်ခိုက်ခြင်းမှလွဲ၍ သူဘာမှမလုပ်ခဲ့ပေ။

ရီရှောက်ဖန် အချိန်မီရောက်လာခြင်းကြောင့်မဟုတ်လျှင် သူဤနေရာတွင် ကိစ္စတုံးသွားလိမ့်မည်။

…………

အခန်း ၅၁၈ - ဘော့စ်ကိုတိုက်ခိုက်ဖို့ပြင်ဆင်ခြင်း

ရီရှောက်ဖန် ဂရုစိုက်သည်မှာ သူ၏လုပ်ဆောင်ချက်မဟုတ်ဘဲ ၎င်း၏နောက်ကွယ်မှ ရည်ရွယ်ချက်ဖြစ်သည်။ ဝမ်ဟိုင်မဟာသူတော်စင်၏ လုပ်ဆောင်မှုက ရီမိသားစု၏ အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။

ထိုအချိန်တွင် အခြားဂိုဏ်းကြီးသုံးခုမှ နောက်ကျရောက်လာသော ဂိုဏ်းချုပ်များက အဖြစ်အပျက်များအကြောင်း အကြမ်းဖျင်း ခန့်မှန်းမိသည်။

ဝမ်ဟိုင်မဟာသူတော်စင် မဟာသူတော်စင်အဆင့်သို့ ဖြတ်ကျော်သွားသည်ကို သတိပြုမိသောအခါ ၎င်းတို့အားလုံး မနာလိုသွားသည်။

ဝမ်ဟိုင်မဟာသူတော်စင်အောင်မြင်မှုက ရီမိသားစု၏ ကြိုးပမ်းအားထုတ်မှုများကြောင့် ဖြစ်မည်ကို ၎င်းတို့ ကောင်းကောင်းသိသည်။ ကံမကောင်းစွာဖြင့် ၎င်းတို့သည် ရီမိသားစုထဲကလူများကို စောစောစီးစီး မတွေ့မိခဲ့ပေ။ သို့မဟုတ်ပါက ယနေ့သည် ဝမ်ဟိုင််မဟာသူတော်စင်၏ အလှည့်မဟုတ်သေးချေ။

၎င်းတို့က ဝမ်ဟိုင်မဟာသူတော်စင်၏နေရာတွင် ဝင်ရောက်လိုသည့်တိုင် အားလုံးက သူ၏အောင်မြင်မှု အတွက် လေးစားစွာဂုဏ်ပြုကြသည်။

အနာဂတ်တွင် ရီမိသားစု၏အုပ်ချုပ်မှုအောက်၌ ဝမ်ဟိုင်သူတော်စင်ဂိုဏ်း၏ကမ္ဘာဖြစ်လာမည်ကို ၎င်းတို့ ရှင်းရှင်းလင်းလင်း နားလည်ထားသည်။

၎င်းတို့သည်လည်း ရီမိသားစုနှင့် ဆက်သွယ်နိုင်သည်အထိ အရည်အချင်းပြည့်မီလျှင်ပင် မဟာသူတော်စင်နယ်မြေကို ဖြတ်ကျော်ရန် မျှော်လင့်ချက်ပိုရှိလာနိုင်သည်။ သို့သော် တကယ်မအောင်မြင်နိုင်သေးသရွေ့ ၎င်းတို့သေချာပေါက် လုပ်နိုင်သည်ဟု မည်သူကမှ အခိုင်အမာ မဆိုရဲကြပေ။

အဆင့်ဖြတ်ကျော်ရခြင်းက လွယ်ကူနေလျှင် ၎င်းတို့အနေဖြင့် သူတော်စင်နယ်မြေ၏ အထွတ်အထိပ်တွင် ပိတ်မိနေသည့် ကျ့င်ကြံသူများစွာ ရှိနေမည်မဟုတ်ချေ။

ယနေ့သည် သူ့ဘဝ၏ အပျော်ရွှင်ဆုံးနေ့တစ်နေ့ဖြစ်သည်ဟု ၀မ်ဟိုင်မဟာသူတော်စင်ခံစားမိသော်လည်း တစ်ချိန်တည်းတွင် ရီရှောက်ဖန်ကို ၀မ်ဟိုင်သူတော်စင် ဂိုဏ်းချုပ်ဖြစ်လာစေနိုင်မည့် မျှော်လင့်ချက်မရှိတော့ကြောင်းက်ိုပါ သူသဘောပေါက်လိုက်သည်။

သူပြန်သွားပြီးနောက် ၀မ်ဟိုင်မဟာသူတော်စင်သည် ဝမ်ဟိုင်းသူတော်စင်ဂိုဏ်းမှ အကြီးအကဲများအား ရီရှောက်ဖန် မဟာသူတော်စင်အဆင့်၏ အလယ်အလတ်သို့ ဖြတ်ကျော်သွားသည့်အကြောင်း အသိပေးလိုက်ရာ အကြီးအကဲများအား စိတ်ဓာတ်ကျသွားသည်။

ထိုကျင့်ကြံမှုအဆင့်ရှိသည့် ရီရှောက်ဖန်သည် ရီမိသားစုတွင် ရာထူးကြီးမြင့်နိုင်သောကြောင့် သူသည် ၎င်းတို့၏ဂိုဏ်းချုပ် မဖြစ်နိုင်တော့ကြောင်းကို နားလည်လိုက်သည်။ ၎င်းတို့ဖြေသိမ့်နိုင်သည့် တစ်ခုတည်းသောအရာမှာ ရီရှောက်ဖန်သည် ဝမ်ဟိုင်းသူတော်စင်ဂိုဏ်း၏ အဓိပတိအကြီးအကဲဖြစ်လာရန် သဘောတူပြီး ဝမ်ဟိုင်းသူတော်စင်ဂိုဏ်း၏တစ်စိတ်တစ်ပိုင်းအဖြစ် ဆက်လက်တည်ရှိနေခြင်းကိုဖြစ်သည်။

နောက်ဆုံးတွင် အကြိမ်များစွာစဉ်းစားပြီးနောက် ဝမ်ဟိုင်မဟာသူတော်စင်သည် နောက်ထပ်ဂိုဏ်းချုပ်အဖြစ် ခရမ်းရောင်အကြီးအကဲဟွမ်ကို ရွေးချယ်ခဲ့သည်။

၎င်းသည် အကြီးအကဲများကြားတွင် အဆင့်အတန်းအမြင့်ဆုံးသူမဟုတ်သော်လည်း ရီရှောက်ဖန်၏ကျေးဇူးရှိသောကြောင့် လူအများက သူ့ကိုထောက်ခံပေးခဲ့သည်။

ရီရှောက်ဖန်အကြောင်း နားလည်မှုအရ ဤကျေးဇူးကြောင့် ဝမ်ဟိုင်းသူတော်စင်ဂိုဏ်းသည် အနာဂတ်တွင် ပြဿနာတစ်စုံတစ်ရာကြုံလာလျှင် ရီရှောက်ဖန်ကလည်း ငြိမ်ငြိမ်ထိုင်နေမည်မဟုတ်သည်မှာ သေချာသည်။ ရီရှောက်ဖန်နှင့်သိခြင်းက ဝမ်ဟိုင်သူေတာ်စင်ဂိုဏ်းအတွက် အကြီးမားဆုံးအခွင့်အရေးဖြစ်ကြောင်း လူတိုင်းက ရှင်းရှင်းလင်းလင်းသိသည်။ သို့သော် လူတိုင်းယုံကြည်သည်မှာ ၀မ်ဟိုင်သူတော်စင်ဂိုဏ်း၏ အနာဂတ်သည် ပိုကောင်းလာမည်မှာ သေချာ၏။

ဝမ်ဟိုင်သူတော်စင် ကြိုးစားနေချိန်တွင် ရီမိသားစုသည်လည်း ဤကာလအတွင်း သိသိသာသာ တိုးတက်အောင်မြင်ခဲ့သည်။ ကျုံးဖန်မြို့ရှိ ရီမိသားစုအတွင်းတွင် မဟာသူတော်စင်နယ်မြေရောင်ဝါတစ်ခု ထပ်မံထွက်ပေါ်လာသည်။ ကျုံးဖန်မြို့ရှိ ကျင့်ကြံသူများသည် ရီမိသားစုထဲမှ မဟာသူတော်စင်အဆင့်ရောင်ဝါများ ရံဖန်ရံခါထွက်ပေါ်လာမှုနှင့် လုံးဝကျင့်သားရပြီးဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ရီမိသားစုက ထူးခြား၏။ ဤကာလအတွင်း မဟာသူတော်စင်နယ်မြေသို့ ဖြတ်ကျော်သွားသော ကျင့်ကြံသူခုနစ်ဦးသို့မဟုတ် ရှစ်ဦးရှိနေပြီဖြစ်သည်။ ဤတစ်ကြိမ် ဖြတ်ကျော်သွားသူမှာ ဒုတိယမျိုးဆက်မှ ရီကျင်းစန်ဖြစ်၏။ ယခုအခါ ရီမိသားစုတွင် မဟာသူတော်စင်နယ်မြေ စွမ်းအားရှင် ဆယ်ဦးရှိနေပြီဖြစ်သည်။

"စနစ်၊ ပေါင်းစည်းလိုက်!"

ရီဖန်သည် ပေါင်းစည်းရန် ရွေးချယ်ခဲ့သည်။ သူ၏ ခန္ဓာကိုယ်ထဲသို့ ပြင်းထန်သောစွမ်းအားများ တဟုန်ထိုးစီးဆင်းသွားပြီးနောက် ရီဖန်၏အဆင့်ကို မြှင့်တင်ပေးသည်။

‘နှောင်းပိုင်းအဆင့် အထွတ်အထိပ် မဟာသူတော်စင်’

သူ့ကိုယ်ပိုင်ကျင့်ကြံမှုနှင့် ပေါင်းစည်းခြင်းနှင့် အပိုဆုကြေးများကြောင့် ရီဖန်၏ကျင့်ကြံမှုအရှိန်သည် လျင်မြန်စွာ တိုးမြင့်လာသည်။ ၎င်းက အစောပိုင်းစစ်မှန်သောနတ်ဘုရားအဆင့်၏ ကျင့်ကြံမှုအရှိန်မျှသာရှိသေးသည်။ အကယ်၍ ထိုထက်လွှမ်းမိုးချုပ်ကိုင်နိုင်သည့်နယ်ပယ်အတွက် ကျင့်ကြံမှုစွမ်းရည်ဆုလာဘ်ကိုရနိုင်လျှင် ရီမိသားစု၏ ကျင့်ကြံမှုအရှိန်သည်လည်း ဆက်လက်တိုးလာနိုင်သည်။

ထိုအချိန်တွင် ရီဖန်၏စိတ်ထဲ၌ ရီထျန်းရှင်း၏အသံ ရုတ်တရက်ဝင်ရောက်လာသည်။

“မျိုးနွယ်စုခေါင်းဆောင် ဗုဒ္ဓစစ်မှန်တဲ့နတ်ဘုရား သည်းခံနိုင်တဲ့ ကန့်သတ်ချက်ပြည့်သွားပြီထင်တယ်။ သူ ကျွန်တော့ကို စပြီးတိုက်ခိုက်လာတော့မယ်”

ရီထျန်းရှင်းကို ဗုဒ္ဓစစ်မှန်သည့်နတ်ဘုရား ခေါ်ဆောင်သွားချိန်မှစ၍ ရီဖန်သည် ရီထျန်းရှင်း၏ လုံခြုံရေးအတွက် အရေးပေါ်အစီအစဉ်တစ်ခု အမြဲရှိခဲ့သည်။ အရေးပေါ်အခြေအနေတွင် ထျန်းရှင်းသည် သူ့ကို တိုက်ရိုက်ဆက်သွယ်နိုင်သည်။

ယခုတွင် ရီထျန်းရှင်းအတွက် အရေးပေါ်ဖြစ်နေသည်။

မိသားစုနတ်လက်နက်ဖြစ်သည့် အချိန်နေရာလွတ်ချပ်ပြားကို အသုံးပြု၍ ရီထျန်းရှင်း ထွက်ပြေးနိုင်သော်လည်း

စစ်မှန်သောနတ်ဘုရား၏လက်စားချေခြင်းကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ဆိုသည့် အခြင်းအရာက အရေးကြီးဆုံးမေးခွန်းဖြစ်သည်။

ရီဖန် ရီထျန်းရှင်းထံမှရရှိသောအချက်အလက်များအရ ဗုဒ္ဓစစ်မှန်သောနတ်ဘုရားသည် အစောပိုင်း စစ်မှန်သောနတ်ဘုရားအဆင့်တွင်ရှိပြီး သူဖြတ်ကျော်ခဲ့သည်မှာ နှစ်တစ်သိန်းကြာမြင့်ခဲ့ပြီးဖြစ်သည်။ စစ်မှန်သောနတ်ဘုရားနယ်မြေတွင် သူ့ကို အားအနည်းဆုံးဟု သတ်မှတ်နိုင်၏။

သို့သော် အားအနည်းဆုံး စစ်မှန်သောနတ်ဘုရားပင်လျှင် မဟာသူတော်စင်နယ်မြေ၏ ပြိုင်ဘက်မဟုတ်ချေ။

စစ်မှန်သောနတ်ဘုရားနှင့် ရင်ဆိုင်ရချိန်တွင် မဟာသူတော်စင်နယ်မြေစွမ်းအားရှင်များ အောင်မြင်နိုင်သည့် အခြေအနေမရှိပါ။

၎င်းက တခြားသူတွေအတွက် မဖြစ်နိုင်သည့်တိုင် ရီဖန်က သူ၏ကန့်သတ်ချက်ကို စမ်းသပ်ချင်နေတုန်းဆဲဖြစ်သည်။ သို့သော် ရီဖန်သည် သူ့ကိုယ်ပိုင်စွမ်းအားကို အရင်တိုင်းတာရမည်ဟု ခံစားမိသည်။

သုံးရက်အကြာတွင် ပင်ကိုပျက်ဆီးခြင်းပင်လယ် အလယ်ပိုင်းမှ အထွတ်အထိပ်မဟာသူတော်စင်အများအပြား ရုတ်တရက် တိုက်ခိုက်ခံခဲ့ရသည်။ တိုက်ခိုက်မှုက အလွန်လျင်မြန်ကာ ထိုအထွတ်အထိပ်မဟာသူတော်စင်များကိုပင် ခုခံနိုင်စွမ်းမဲ့စေ၏။

နေုက်ဆုံးတွင် လျှို့ဝှက်ဆန်းကြယ်သော တိုက်ခိုက်သူသည် ၎င်း၏ကိုယ်ပိုင်အစွမ်းကိုသာ စမ်းသပ်လိုခြင်းဖြစ်ကြောင်း ရိုးရှင်းသော တောင်းပန်စာတစ်စောင် ချန်ထားခဲ့ပြီး လျင်မြန်စွာပြန်ထွက်သွားသည်။ ၎င်းက မဟာသူတော်စင်စွမ်းအားရှင်များကို စိတ်ပျက်အားငယ်သွားစေ၏။

၎င်းတို့ကိုတစ်ချက်တည်းဖြင့် နှိမ်နင်းနိုင်သူသည် စစ်မှန်သောနတ်ဘုရားနယ်မြေစွမ်းအားရှင် တစ်ဦးဖြစ်သည်မှာ ထင်ရှားသည်။ သို့သော် ထိုသူက သူ၏အင်အားကိုစမ်းသပ်ရန် အခြားစစ်မှန်သောနတ်ဘုရားကိုရှာဖွေမည့်အစား အဘယ်ကြောင့် ၎င်းတို့ကိုတိုက်ခိုက်ရသနည်း။ သူတို့၏ ထိုအကြောင်းကို ထုတ်မပြောဝံ့ဘဲ စိတ်ထဲမှသာတိတ်တဆိတ် ကျိန်ဆဲနိုင်သည်။

သူ၏အင်အားကိုစမ်းသပ်ပြီးနောက် ရီဖန်သည် သူ၏လက်ရှိစွမ်းအားကို အနည်းငယ်ဖမ်းမိသည်။

သူ၏တိုက်ခိုက်ရေးစွမ်းအားသည် စစ်မှန်သောနတ်ဘုရားနယ်မြေထဲသို့ ဝင်ရောက်လာပုံရ၏။ မဟာသူတော်စင်နယ်မြေအတွင်း သူနှင့်ယှဉ်နိုင်သူ မရှိသလောက်ပင်။

၎င်းက သူ၏သွေးမျိုးဆက်စွမ်းအားကို အသက်သွင်းပြီးနောက် ရလဒ်တစ်ခုဖြစ်သည်။ နောက်ဆုံးတွင် သူ၏လက်ရှိကျင့်ကြံမှုအဆင့်သည် နှောင်းပိုင်း မဟာသူတော်စင်အဆင့်၏အထွတ်အထိပ်တွင်သာရှိသေးသည်။ သူသည် စစ်မှန်သောနတ်ဘုရားနယ်မြေ၏စွမ်းအားကို တစ်ခါမျှမမြင်ဖူးသောကြောင့် အရာအားလုံးသည် ခန့်မှန်းချက်မျှသာဖြစ်သည်။

သို့သော် ရီဖန်က ၎င်းကိုသိပ်စိတ်မပူနေပါ။ တကယ်တမ်း သူမနိုင်လျှင် ထွက်ပြေးနိုင်သည်။ ဘာမှမလုပ်ခင် အရန်အစီအစဉ်ထားရှိခြင်းက ရီဖန်၏အကောင်းဆုံး အလေ့အကျင့်တစ်ခုဖြစ်၏။ တကယ်တမ်းတွင် သူလိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်ရဦးမည်။

အခင်းအကျင်းများ၊ အဆောင်များ၊ လက်နက်များအားလုံးကို တတ်နိုင်သမျှ အဆင့်မြှင့်သင့်သည်။ သူသည် စစ်မှန်သောနတ်ဘုရားနယ်မြေစွမ်းအားရှင် တစ်ဦးနှင့် ရင်ဆိုင်ရတွင် ပေါ့ဆနေ၍မရချေ။

နောက်ဆုံးတွင် ရီဖန် အရာအားလုံး အဆင်သင့်ဖြစ်နေပြီဟု ခံစားလိုက်သည်နှင့် ရီထျန်းရှင်းအား ၎င်းတို့လှုပ်ရှားရန် အချိန်တန်ပြီဟု အသိပေးလိုက်သည်။

ရီထျန်းရှင်းဘက်တွင် သူ၏ကျင့်ကြံမှုအဆင့်သည် နှောင်းပိုင်း သူတော်စင်အဆင့်၏အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကာ အောင်မြင်မှုများရရှိရန် ကြိုးစားနေသည်။ သူ့မှာ ရွေးချယ်စရာ မရှိတော့ပေ။ ဗုဒ္ဓစစ်မှန်သောနတ်ဘုရားသည် မကြာသေးမီကပင် ပို၍စိတ်မရှည်တော့ဘဲ အရင်းအမြစ်များကို သိသိသာသာ ဖြတ်တောက်ခဲ့သည်။

ရီထျန်းရှင်းကသာ သူ့ကိုအရိုးမကျွေးလျှင် ထိုလူအိုကြီးက ရွှေပြားများ လုံးဝမထုတ်ပေးတော့မည်ကို စိုးရ၏။ ရီဖန်၏စာကို လက်ခံရရှိသည်နှင့် ရီထျန်းရှင်းသက်ပြင်းချလိုက်သည်။

မျိုးနွယ်စုခေါင်းဆောင်က ပြဿနာမရှိဟု အာမခံထားသောကြောင့် ရီထျန်းရှင်းသည် သူ၏အဆုံးသတ်တွင် ကောင်းကောင်းလှုပ်ရှားရမည်။

ဂူအိမ်အပြင်ဘက်တွင် ဗုဒ္ဓစစ်မှန်သောနတ်ဘုရား၏နတ်အာရုံသည် ရီထျန်းရှင်း၏ဂူအိမ်ကို အမြဲမပြတ်စောင့်ကြည့်နေခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ ၎င်းသည် တစ်စုံတစ်ရာ လွဲမှားနေသည်ကိုခံစားရ၏။ သူပေးထားသည့် အရင်းအမြစ်များနှင့်ဆိုလျှင် ဝက်တစ်ကောင်ပင်လျှင် အခုအချိန် မဟာသူတော်စင်နယ်မြေကို ဖြတ်ကျော်နိုင်လောက်ပြီ။ ရီထျန်းရှင်း၏စွမ်းရည်က ညံ့ဖျင်းလျှင်ပင် နှောင်းပိုင်း သူတော်စင်အဆင့်၌သာ ရှိမနေသင့်ပေ။

ရီထျန်းရှင်းအပေါ် သူ၏ လျှို့ဝှက်လေ့လာတွေ့ရှိချက်များအရ သူ၏ကျင့်ကြံမှုသည် နှေးကွေးသော်လည်း သူ၏အခြေခံအုတ်မြစ်က လျင်မြန်စွာကြီးထွားနေသည်။

ရီထျန်းရှင်းသည် အောင်မြင်မှုတစ်ခုကို မပြုလုပ်နိုင်ခြင်းမဟုတ်ဘဲ မလုပ်လိုခြင်းသာဖြစ်သည်။

ထိုကလေးက သူ့အကြံကို ရိပ်မိနေပုံရ၏။ သို့ဖြစ်လျှင် သူလည်း ရွေးချယ်စရာမရှိတော့ပေ။

ဆယ်နှစ်အတွင်း ရီထျန်းရှင်း အောင်မြင်မှုတစ်ခုကို ရရှိသည်ဖြစ်စေ မရသည်ဖြစ်စေ ဗုဒ္ဓစစ်မှန်သောနတ်ဘုရားက ရီထျန်းရှင်း၏သွေးမျိုးဆက်ကို အတင်းစုပ်ယူရန် စီစဉ်ခဲ့သည်။ ဗုဒ္ဓစစ်မှန်သောနတ်ဘုရားသည် ရီထျန်းရှင်းနှင့် အတူကစားပြီး အရင်းအမြစ်များကို ဖြုန်းတီးရန် သည်းခံနိုင်စွမ်းမရှိတော့ပေ။

ရီထျန်းရှင်းက မပူးပေါင်းလိုလျှင် သူ့မိသားစုနှင့်အတူ ပေးဆပ်ခိုင်းရမည်။

ရီထျန်းရှင်း၏ သွေးမျိုးဆက်စွမ်းရည်ကိုကြည့်ခြင်းအားဖြင့် သူ့မိသားစုမှအခြားသူများသည်လည်း အံ့ဩဖွယ်သွေးမျိုးဆက်များ ရှိလိမ့်မည်။

သူသည် ရီထျန်းရှင်းမလွတ်မြောက်နိုင်စေရန်အတွက် ရီထျန်းရှင်း၏ဂူအိမ်အတွင်း ကန့်သတ်ချက်များချပြီးနောက် ချက်ချင်းထွက်ခွာသွားခဲ့သည်။

သူအပြင်ထွက်ပြီး ရီထျန်းရှင်း၏ကျင့်ကြံမှုကို မြှင့်တင်ရန် ရတနာများစွာကို ရှာဖွေသည်။ မူလက သွေးမျိုးဆက်သန့်စင်မှုကို ထိန်းသိမ်းရန်အတွက် ဤနည်းလမ်းကို မသုံးချင်ခဲ့ပေ။ ယခုတွင် ရီထျန်းရှင်းက ပူးပေါင်းဆောင်ရွက်ခြင်းမရှိသောကြောင့် ထိုနည်းလမ်းမှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

………..

အခန်း ၅၁၉ - ရိီထျန်းရှင်းက အကွက်ကြီးကြီးရွေ့လိုက်ပြီ

ရီထျန်းရှင်းသည် ဗုဒ္ဓစစ်မှန်သောနတ်ဘုရားထွက်ခွာရန် စောင့်ဆိုင်းနေသည်။ သူ၏ရောင်ဝါ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရပြီးနောက် ရီထျန်းရှင်းသည် ချက်ချင်းမလှုပ်ရှားသေးဘဲ သူအမှန်တကယ်ထွက်သွားကြောင်း သေချာစေရန် အကြိမ်ကြိမ် စမ်းသပ်ခဲ့သည်။

ထို့နောက်သူ၏လက်ထဲတွင်ပေါ်လာသော အချိန်နေရာလွတ်ပြားထဲသို့ နတ်စွမ်းအားနှင့် ပေါင်းစည်းလိုက်သည်။ နောက်အခိုက်အတန့်တွင် ရီထျန်းရှင်း၏ရုပ်သည် ဂူအိမ်ထဲမှ ပျောက်ကွယ်သွား၏။ သို့သော် ဗုဒ္ဓစစ်မှန်သောနတ်ဘုရား ထားခဲ့သော ကန့်သတ်ချက်က ၎င်းကိုမသိလိုက်ပေ။

ဗုဒ္ဓအလင်းဂိုဏ်းတွင် တပည့်များစွာမရှိသောကြောင့် ရီထျန်းရှင်းသည် ဗုဒ္ဓစစ်မှန်သောနတ်ဘုရား၏ဂူအပြင်ဘက်သို့ အတားအဆီးမရှိ ရောက်သွားသည်။ ထို့နောက် သူသည် သိုလှောင်လက်စွပ်ထဲမှ ကန့်သတ်ချက်များကိုချိုးဖျက်နိုင်သော အဆောင်ကိုထုတ်ယူလိုက်သည်။

မဟာသူတော်စင် အလယ်အလတ်အဆင့်ရှိ ကန့်သတ်ချက်ချိုးဖျက်ခြင်းအဆောင်ကို ရီထျန်းရှင်း ဗုဒ္ဓစစ်မှန်သောနတ်ဘုရားနှင့်ရင်ဆိုင်ရာတွင် အသုံးပြုရန်အတွက် ရီဖန်ကိုယ်တိုင် သန့်စင်ထားခြင်းဖြစ်သည်။

ဗုဒ္ဓစစ်မှန်သောနတ်ဘုရားသည် သူ၏ပိုင်နက်အတွင်းသို့ တစ်ယောက်ယောက် ကျူးကျော်ဝံ့မည်ဟု မထင်ထားသောကြောင့် ဂူပတ်လည်ရှိ အကာအရံသည် အလွန်ခိုင်ခံ့ခြင်းမရှိချေ။

အဆောင်က ချက်ချင်းသက်ရောက်သွားပြီး လူတစ်ကိုယ်စာဝင်နိုင်သော ဝင်ပေါက်တစ်ခုက ဂူဝတွင်ပေါ်လာသည်။ လှိုဏ်ဂူထဲသို့ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ရီထျန်းရှင်းသည် ချက်ချင်းအံ့ဩသွားသည်။

စစ်မှန်သောနတ်ဘုရားများသည် အမှန်တကယ်ပင် အံ့သြဖွယ်ကောင်းသည့် ပိုင်ဆိုင်မှုများရှိကြ၏။ ဂူအတွင်းမှ ရတနာများက ရီထျန်းရှင်းကို မျက်စိကန်းစေလုနီးပါးဖြစ်ခဲ့သည်။

မဟာသူတော်စင်အဆင့် လက်နက်များကို သန့်စင်ရန်အတွက် အသုံးပြုနိုင်သည့် ထိပ်တန်းအရင်းအမြစ်ဖြစ်သော ကောင်းကင်နတ်ဘုရားသလင်းကျောက် သုံးခုလည်းရှိသည်။

အဆင့်မြင့် မဟာသူတော်စင်ဆေးလုံးများဖြစ်သည့် ကြယ်တာရာလျှိုဆေးလုံးကို သန့်စင်ရန်အတွက်သုံးသည့် ထိပ်တန်းဝိညာဉ်ရေးဆေးပင်များဖြစ်သော နတ်လျှိုမြက်နှစ်ပင်လည်း ရှိသည်။ ထိုအရာများထဲမှ အနည်းငယ်မျှပင်လျှင် အထွတ်အထိပ် မဟာသူတော်စင်ကို ဆွဲဆောင်ရန် လုံလောက်ပေလိမ့်မည်။

ယခုတွင် ထိုရတနာများအားလုံးကို ရီထျန်းရှင်း ပိုင်သွားပြီဖြစ်သည်။ ဤထိပ်တန်းအရင်းအမြစ်များကို သိမ်းဆည်းထားပြီးနောက် ရီထျန်းရှင်းသည် ဒုတိယအဆင့် အရင်းအမြစ်များကိုလည်း လက်လွတ်မခံခဲ့ပေ။ အရင်းအမြစ်အားလုံးကို စုဆောင်းပြီးနောက် ရီထျန်းရှင်း ပြုံးလိုက်သည်။

မူလက ရီထျန်းရှင်းသည် ဗုဒ္ဓစစ်မှန်သောနတ်ဘုရားထံ အရင်းအမြစ်များမရှိတော့သောကြောင့် ဆက်လက်သည်းမခံနိုင်တော့ခြင်းဖြစ်မည်ဟု ထင်ခဲ့သည်။ သို့သော် ယခုကြည့်ရသည်မှာ ၎င်းက ကပ်စေးအိုးနေခြင်းသာ ဖြစ်ပုံရသည်။

နှမြောစရာကောင်းသည်မှာ ထိုနေရာတွင် စစ်မှန်သောနတ်ဘုရားနယ်မြေ အရင်းအမြစ်များ မရှိချေ။ ဗုဒ္ဓစစ်မှန်သောနတ်ဘုရားက ၎င်းတို့အားလုံးကို သူနှင့်အတူ သိမ်းထားခြင်း ဖြစ်နိုင်ပါသလား။

သို့ဖြစ်လျှင်လည်း ၎င်းက သာမန်သာဖြစ်သည်။

နောက်ဆုံးတွင် ရီထျန်းရှင်းသည် နောက်ဆုံးရတနာဖြစ်သည့် ပုလဲထံသို့ အာရုံရောက်သွားသည်။ သို့သော်လည်း ရီထျန်းရှင်းက ပုလဲ၏ရည်ရွယ်ချက်ကို သေချာမသိချေ။ သို့သော် ၎င်းကိုကာကွယ်ရန်အတွက် သီးသန့်အခင်းအကျင်းတစ်ခု ထားရှိသည်ကို ကြည့်ခြင်းအားဖြင့် ၎င်း၏အရေးပါမှုကို သိနိုင်သည်။

ထို့ကြောင့် ၎င်းကိုယူသွားရန်ဆုံးဖြတ်လိုက်သည်။

သူသည် ကန့်သတ်ချက်ချိုးဖျက်ခြင်းအဆောင်ကို ထပ်မံထုတ်သုံးလိုက်သည်။ ၎င်းက ချက်ခြင်းပွင့်သွားသော်လည်း ကျယ်လောင်သော အချက်ပေးသံများ မြည်လာကာ ဗုဒ္ဓအလင်းဂိုဏ်းတစ်ခုလုံး တုန်လှုပ်ချောက်ချားသွားသည်။

ရီထျန်းရှင်းသည် ဗုဒ္ဓစစ်မှန်သောနတ်ဘုရားထံတွင် ဝှက်ဖဲရှိနေဦးမည်ဟု မမျှော်လင့်ထားပေ။ သူသည် တုံ့ဆိုင်းမနေဘဲ ပုလဲကိုသိမ်းဆည်းလိုက်ပြီး ရီမိသားစုဆီသို့ဆက်သွယ်ကာ အချိန်နေရာလွတ်ပြားကို ချက်ချင်းအသုံးပြုလိုက်သည််။ သူသည် အချ်န်နေရာလွတ်ပြားတစ်ခုပြီးတစ်ခု တတ်စွမ်းသမျှ အသုံးပြုခဲ့သည်။

သူသာ မပေါ်သွားလျှင် ရီထျန်းရှင်းအတွက် လွတ်မြောက်ရန် အချိန်များစွာရဦးမည်ဖြစ်သော်လည်း ယခုအခါ စစ်မှန်သောနတ်ဘုရားက သိသွားသည့်အတွက် မကြာမီ သူ့ကိုဖမ်းမိသွားနိုင်သည်။ သူ ပြေးနေစဉ်အတွင်း ရီထျန်းရှင်းသည် ရီဖန်ထံသို့ အကြောင်းကြားနေသည်။ ယခုတော့ ရီဖန် သူ့ကိုကယ်ရန်အတွက် အမြန်ရောက်လာရန်သာ ဆုတောင်းနေရသည်။

မိုင်သန်းပေါင်းများစွာဝေးကွာသောနေရာတွင် ရီထျန်းရှင်းကို အဆင့်တက်လှမ်းထိုးဖောက်ရန်အတွက် တွန်းအားပေးရန် အရင်းအမြစ်များရှာဖွေနေသော ဗုဒ္စစစ်မှန်သောနတ်ဘုရားသည် ၎င်းကိုသတိထားလိုက်မိပြီးနောက် ချက်ချင်းမျက်နှာပျက်သွားသည်။

သူ၏နတ်အာရုံဖြင့် ချက်ချင်းလှမ်းကြည့်လိုက်ပြီးနောက် ၎င်းက ရီထျန်းရှင်းဖြစ်သည်ကို သူသိလိုက်သောအခါ လုံးဝမည်းမှောင်သွားသည်။ သူသည် သူတော်စင် နယ်မြေကျ့င်ကြံသူ၏ လှည့်စားခြင်းကိုခံခဲ့ရသလား။ ဤရီထျန်းရှင်းသည် သူ့ကိုအိမ်သို့လိုက်ပို့ရင်း ယနေ့အခြေအနေကို စောင့်မျှော်နေခဲ့ခြင်းဖြစ်ရမည်။

သို့ဖြစ်လျှင် နှစ်များတစ်လျှောက် သူပေးခဲ့သော အရင်းအမြစ်များအားလုံး အလဟသဖြစ်သွားလေပြီ။

ဗုဒ္ဓစစ်မှန်သောနတ်ဘုရားအတွက် တစ်ခုတည်းသောနှစ်သိမ့်မှုမှာ ရီထျန်းရှင်းသည် သူတော်စင်နယ်ပယ်ကို ကျင့်ကြံသူသာဖြစ်သည်မှာ သေချာပေါက်ပင်။ သို့ဖြစ်လျှင် သူ့ကိုယ်သူအဖတ်ဆယ်ရန်နှင့် သူပစ္စည်းများကိုပြန်ယူရန် အခွင့်အရေးရှိပါသေးသည်။

အရေးအကြီးဆုံးမှာ ဘဏ္ဍာတိုက်ထဲမှ ထ်ု ပုလဲဖြစ်၏။

တကယ်တမ်းတွင် သူကိုယ်တိုင်ပင်လျှင် ထို ပုလဲက ဘာမှန်းမသိဘဲ အစွမ်းထက်ရောင်ဝါရှိကြောင်းကိုသာ သိထားသည်။ သူ့အား စစ်မှန်သောနတ်ဘုရားရောင်ဝါ ပေးစွမ်းနိုင်သည်ကို ကြည့်ခြင်းအားဖြင့် ၎င်းသည်လျစ်လျူရှုရန်ခဲယဉ်းသည်အထိ အလွန်အရေးကြီးပုံရသည်။ ထို့ကြောင့် ဗုဒ္ဓစစ်မှန်သောနတ်ဘုရားသည် ထိုပုလဲအပေါ် သီးခြားကန့်သတ်ချက်တစ်ခု ချထားခြင်းဖြစ်သည်။

စစ်မှန်သောနတ်ဘုရားနယ်မြေ ကျ့င်ကြံသူ၏အရှိန်အောက်တွင် သူတော်စင်တစ်ဥိီးဖြစ်သော ရီထျန်းရှင်းသည် လွတ်မြောက်နိုင်မည်မဟုတ်ချေ။

တစ်အောင့်အကြာတွင် ဗုဒ္ဓစစ်မှန်သောနတ်ဘုရားသည် ရီထျန်းရှင်းရှေ့တွင်ပေါ်လာသည်။

ရီထျန်းရှင်း၏ မျက်နှာက ညှိုးငယ်သွား၏။ ဒုက္ခရောက်လေပြီ။ ဗုဒ္ဓစစ်မှန်သောနတ်ဘုရားက သူထင်ထားသည်ထက် ပ်ိုမြန်နေသည်။

"ရီထျန်းရှင်း၊ ငါမင်ရအပေါ်ကောင်းပေးခဲ့တယ်။ ဒါပေမယ့် မင်းက အကြံဆိုးတွေ ရှိနေတာပဲကွ"

ဗုဒ္ဓစစ်မှန်သောနတ်ဘုရားသည် ရီထျန်းရှင်ကို စိုက်ကြည့်နေရာ ၎င်း၏ကြီးမားသောဖိအားအောက်တွင် ရီထျန်းရှင်း၏ခန္ဓာကိုယ် တုန်လှုပ်သွားသည်။

သူတော်စင်နှင့် စစ်မှန်သောနတ်ဘုရားကြား ကွာဟချက်မှာ အလွန်ကြီးမားသောကြောင့် ရီထျန်းရှင်းမှာ ကူကယ်ရာမဲ့ဖြစ်နေသည်။ ရီထျန်းရှင်း၏အခြေခံအုတ်မြစ်က နက်နဲသော်လည်း စစ်မှန်သောနတ်ဘုရားနယ်မြေ၏ဖိနှိပ်မှုကို တွန်းလှန်နိုင်ခြင်းမရှိသေးပေ။

"ရီမိသားစုရဲ့ မျိုးဆက်သစ်လေးတွေကို မင်းအနိုင်ကျင့်ချင်တိုင်း ကျင့်လို့မရဘူး”

အားကောင်းသောအသံတစ်ခု ပဲ့တင်ထပ်လျက်ထွက်ပေါ်လာချိန်တွင် စိတ်ပျက်အားငယ်နေသော ရီထျန်းရှင်း၏မျက်နှာပေါ်၌ ပျော်ရွှင်မှုအရိပ်ယောင်ပေါ်လာသည်။ သူစောင့်နေပြီးနောက် ရီဖန်ရောက်လာလေပြီ။

ရီဖန်၏လက်လှုပ်ရှားမှုအောက်တွင် ရီထျန်းရှင်းအပေါ်မှ ဖိအားများ ချက်ချင်းပျောက်ကွယ်သွားသည်။

ရီဖန်သည် ရီထျန်းရှင်း၏ရှေ့တွင်ရပ်နေလျက် အနည်းငယ် ကူကယ်ရာမဲ့ဖြစ်နေသည်။

ရီမိသားစု၏ မျိူးဆက်သစ်များက ပိုပို၍ အတင့်ရဲလာသည်။ နတ်ဘုရားရတနာသိုက်ကို ရီဖန်ကိုယ်တိုင်ပင် မအောင်မြင်ခဲ့ပေ။ သို့သော် သူတော်စင်နယ်မြေမှ အငယ်တန်းတစ်ဦးက လုပ်နိုင်ခဲ့သည်။

ပြန်ရောက်သည်နှင့် ဤကလေးကို ဆုနည်းနည်းပေးရမည်။ ရီဖန်သည် ရီထျန်းရှင်း၏ သတ္တိကို အပြစ်မတင်ဘဲ ဤတစ်ကြိမ်တွင် သူလိုသွားသောတစ်ချက်မှာ ဗုဒ္ဓစစ်မှန်သောနတ်ဘုရားထံမှ ရှာတွေ့ခံလိုက်ရခြင်းဖြစ်ကြောင်းသာ တွေးမိသည်။ ၎င်းက သူ၏လမ်းကြောင်းကို အပြည့်အဝမဖုံးထားနိုင်ခဲ့ချေ။

………….

All Chapters