← Chapters

အခန်း ၅၂၀-၅၂၂

Vol. 35 Ch. 520-522

အခန်း ၅၂၀-၅၂၂

Vol. 35 Ch. 520-522

အခန်း ၅၂၀ - ရီထျန်းရှင်းက အကွက်ကြီးကြီးရွေ့လိုက်ပြီ

ထိုအချက်ကြောင့် ရီဖန်သည် သူ၏ အရန်အစီအစဉ်များစွာကို အကောင်အထည်ဖေါ်ရန်ပင် အခွင့်မရတော့ချေ။ ရီဖန်သည် ဗုဒ္ဓစစ်မှန်သောနတ်ဘုရားအတွက် အံ့သြဖွယ်ရာများစွာကို ပြင်ဆင်ထားခဲ့သည်။

ရီထျန်းရှင်းကို ကာကွယ်ပြီးနောက် ရီဖန်သည်

ဗုဒ္ဓစစ်မှန်သောနတ်ဘုရားကို မော့ကြည့်လိုက်ကာ အနည်းငယ်လွှမ်းမိုးခံလိုက်ရသည်။ ကြည့်ရသည်မှာ ၎င်းက အလွန်အစွမ်းထက်ပုံရ၏။

ရီဖန်က ဗုဒ္ဓစစ်မှန်သောနတ်ဘုရားကို စောင့်ကြည့်နေသကဲ့သို့ ဗုဒ္ဓစစ်မှန်သောနတ်ဘုရားကလည်း ရီဖန်ကို စောင့်ကြည့်နေသည်။ မူလက သူသည် ရီမိသားစုကို မျိုးနွယ်စုတစ်ခုမျှသာဟု ယူဆခဲ့သော်လည်း အံ့ဩစရာကောင်းစွာဖြင့် ၎င်းတို့ထဲ နှောင်းပိုင်းမဟာသူတော်စင်အဆင့်ရှိနေပြီဖြစ်သည်။

သို့သော် ဗုဒ္ဓစစ်မှန်သောနတ်ဘုရား အလေးထားသောအရာမှာ ရီဖန်၏ကျင့်ကြံမှုအဆင့်မဟုတ်ဘဲ သွေးမျိုးဆက်ကိုဖြစ်သည်။ သူသည် ရီဖန်၏ကိုယ်ခန္ဓာတွင် ရီထျန်းရှင်းနှင့် တူညီသောသွေးမျိုးဆက်စွမ်းအားကို တွေ့ရှိခဲ့ကာ ၎င်းကပိုမိုအားကောင်းသည်ကို သိလိုက်ရသည်။

သူ၏ငြိမ်းသွားသော မျှော်လင့်ချက်မီးတောက်သည်လည်း ပြန်လည်ရှင်သန်လာခဲ့သည်။ ရီထျန်းရှင်း ထွက်ပြေးသွားခဲ့လျှင်ပင် ရီမိသားစုအတွင်းမှ သွေးမျိုးဆက်စွမ်းအားကို စုပ်ယူနိုင်သရွေ့ သူ၏ သွေးမျိုးဆက်စွမ်းအားကို ပြန်လည်ဖြည့်တင်းနိုင်မည်ဖြစ်ကာ လက်ရှိကဲ့သို့ မပြည့်စုံသော အတုအယောင်နတ်ဘုရားမဟုတ်ဘဲ စစ်မှန်သောနတ်ဘုရားဖြစ်လာမည်ဖြစ်သည်။

“မင်းဒီမှာနေခဲ့ရင်၊ မင်းမိသားစုရဲ့ မျိုးဆက်သစ်တွေကို ငါလွှတ်ပေးမယ်”

ဗုဒ္ဓစစ်မှန်သောနတ်ဘုရားသည် ရီဖန်ကို လောဘတကြီး စိုက်ကြည့်နေသည်။ ရီဖန်သည် သူ့အကြည့်ကြောင့် အနည်းငယ် ထိတ်လန့်သွားပြီး ရီမိသားစုအတွင်းမှ စစ်မှန်သောနတ်ဘုရားတစ်ဦး၏ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်သည့် စွမ်းအားကြောင့် အံ့သြသွားခဲ့သည်။

သေချာတွေးတောပြီးနောက် ရီမိသားစုမှကျ့င်ကြံသူများ၏ သွေးမျိုးဆက်က စစ်မှန်သောနတ်ဘုရားထံမှ စိတ်ဝင်စားမှုကို လှုံ့ဆော်ပေးနိုင်ခြင်း ဖြစ်နိုင်သည်။ သွေးမျိုးဆက်သည် ရီမိသားစု၏အကြီးမားဆုံးလျှို့ဝှက်ချက်တစ်ခုဖြစ်သည်။

ထိုအခိုက်အတန့်တွင် ရီဖန်၏နှလုံးသားထဲ၌ ဗုဒ္ဓစစ်မှန်သောနတ်ဘုရားကို သေဒဏ်ချမှတ်လိုက်သည်။ အစပိုင်းက သူသည် ရီထျန်းရှင်းကို ကာကွယ်ရန်သာ ရည်ရွယ်ခဲ့သော်လည်း ယခုအခါ ဗုဒ္ဓစစ်မှန်သောနတ်ဘုရားကို သေချာပေါက်သတ်ပစ်ရမည်။

ကောင်းကင်နှင့် ကြယ်တာရာ အခင်းအကျင်း၊ မြစ်ဝါမြစ်ကိုးကွေ့အခင်းအကျင်းစသည့် သူတော်စင်အဆင့်ရှိ အခင်းအကျင်းနှစ်ခုကို ချက်ချင်းတည်ဆောက်လိုက်သည်။ သို့သော် ၎င်းက မလုံလောက်သေးပေ။ သူတော်စင်အဆင့် ရုပ်သေးဆယ်နှစ်ကောင်နှင့် ကောင်းကင်မြို့တော်ဆယ့်နှစ်ခု အခင်းအကျင်းသည်လည်း ချက်ခြင်းပေါ်လာပြီး အခင်းအကျင်ရကို ဖန်တီးခဲ့သည်။

ထိုအခင်းအကျင်းများက စစ်မှန်သောနတ်ဘုရားကို တိုက်ရိုက်အနိုင်ယူနိုင်ရန် ရီဖန်မမျှော်လင့်ထားချေ။ ရီဖန်ကိုယ်တိုင်က ဤစစ်မှန်သောနတ်ဘုရားကို ရင်ဆိုင်မည်ဖြစ်သည်။ သူ၏လက်ကောက်ဝတ်ကို လှန်လိုက်ခြင်းသောအခါ သူတော်စင်အဆင့် အဆောင်မြောက်မြားစွာသည် အဖိုးမတန်သကဲ့သို့ ပျံသန်းသွားသည်။

ထိုအဖွင့်က ဗုဒ္ဓစစ်မှန်သောနတ်ဘုရားကို အနည်းငယ် ထိတ်လန့်သွားစေသည်။ သို့သော် ၎င်းသည် စစ်မှန်သောနတ်ဘုရားစွမ်းအားရှင်ဖြစ်သောကြောင့် ရီဖန်၏နည်းဗျူဟာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရကာ အေးစက်စွာရယ်လိုက်ပြီး သူ၏စွမ်းအားကို ထုတ်လွှတ်လိုက်သည်။

သူ၏နတ်စွမ်းအားက အဆောင်များနှင့်ထိပ်တိုက်တွေ့ပြီးနောက် မိုင်ပေါင်းတစ်သန်းခန့်အကွာရှိ နေရာလွတ်အတွင်း ချက်ချင်းမီးလောင်ကျွမ်းသွားသည်။

မဟာသူတော်စင်နယ်မြေမှ ကျင့်ကြံသူတစ်ဦးသည် ပင်ကိုပျက်ဆီးခြင်းလမ်းစဉ်အစကို အပြည့်အဝနားလည်ပြီးဖြစ်သည်။

၎င်းတို့သည် ထိုလမ်းစဉ်ကို ၎င်းတို့၏နတ်စွမ်းအားနှင့် ပေါင်းစည်းရမည်ဖြစ်ကာ ထိုအရာသည် နတ်သွေးကြောများနှင့် နတ်ကိုယ်ထည်ကို အာဟာရဖြစ်စေသည့် ၎င်းတို့၏ ကိုယ်ပိုင်နတ်စွမ်းအားအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။

၎င်းက ရီဖန်၏အဆောင်ကို အလွယ်တကူ ချိုးဖျက်လိုက်ပြီးနောက် ဗုဒ္ဓစစ်မှန်သောနတ်ဘုရားအနောက်တွင် ဗုဒ္ဓပုံရိပ်တစ်ခုပေါ်လာကာ ရီဖန်ကို တိုက်ခိုက်လာသည်။

ရီဖန်သည် ထိုသူ၏ကြီးမားသောဖိအားကို ခံစားခဲ့ရသည်။ ထို့နောက် သူ၏သွေးမျိုးဆက်စွမ်းအားကို ၃၀% အထိ အသက်သွင်းလိုက်၏။ သွေးမျိုးဆက်စွမ်းအား ၃၀% ကိုသုံးပြီးနောက် ရီဖန်၏အင်အားက ချက်ချင်းတက်လာသည်။

သူ၏ခန္ဓာကိုယ်က မိုင်ပေါင်းရာနှင့်ချီ၍ နောက်ပြန်ဆုတ်သွားသောလည်း ရီဖန် သူ့ကိုယ်သူ မြဲမြံစွာထိန်းထားလိုက်နိုင်၏။ သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲသွားသောကြောင့် ရီဖန် မထိန်းနိုင်ဘဲ ရှုံ့မဲ့သွားသည်။ ဤတစ်ကြိမ်တွင် ၎င်းသည် သူ၏ နှောင်းပိုင်း မဟာသူတော်စင်ကိုယ်ထည်သန့်စင်မှုအဆင့် မဟုတ်ပါက ပြင်းထန်စွာဒဏ်ရာရသွားနိုင်သည်။ သို့သော် ရီဖန်စိတ်ဝင်စားသောအရာမှာ စစ်မှန်သောနတ်ဘုရား၏ စွမ်းအားကိုဖြစ်သည်။

ဤတစ်ကြိမ်တွင် ရီဖန်သည် စစ်မှန်သောနတ်ဘုရားနှင့် ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်းဖြစ်သည်။ ရှေးကျမ်းများတွင် စစ်မှန်သောနတ်ဘုရားများအကြောင်း ဖတ်ဖူးသော်လည်း ထိုဖော်ပြချက်များက သာမန်သာဖြစ်သည်။ ယခုတွင် စစ်မှန်သောနတ်ဘုရားနှင့် တိုက်ခိုက်ပြီးနောက် စစ်မှန်သောဘုရားများအကြောင်း ပိုမိုနက်ရှိုင်းစွာ နားလည်လာခဲ့သည်။

ရီဖန်၏ ပျက်ဆီးခြင်းလမ်းစဉ်အစကို ၉၀%ခန့်နားလည်ပြီးဖြစ်သောကြောင့် ပြီးမြောက်ရန် မဝေးတော့ပေ။ သို့သော် ၎င်းစွမ်းအားသည် အခြားမူလနိယာမများနှင့်နှိုင်းယှဉ်လျှင် ပြိုင်ဘက်မရှိ ကောင်းမွန်သည်။ ၎င်းက မပြည့်စုံသေးလျှင်ပင် တခြားပြီးပြည့်စုံသည့် မူလနိယာမများထက် ပိုအားကောင်းသည်။

အခြားသူတော်စင်များသည် ထိူလမ်းစဉ်အစနှင့် ၎င်းတို့၏နတ်စွမ်းအားကို ပေါင်းစည်းရန်အတွက် မဟာသူတော်စင်နယ်မြေ အထွတ်အထိပ်သို့ အရင်တက်လှမ်းရသည့် အကြောင်းရင်းမှာ ၎င်းတို့၏လမ်းစဉ်က ပြီးပြည့်စုံခြင်းမရှိသည့်အတွက် မပေါင်းစည်းနိုင်ခြင်းကြောင့် ဖြစ်သည်။

ရီဖန်မူလနိယာမ စွမ်းအားကတော့ ယခုလုံလောက်နေပြီ။

သို့ဖြစ်လျှင် သူ၏မူလနိယာမကို နတ်စွမ်းအားနှင့် ပေါင်းစည်းနိုင်သည်ဟု ဆိုလိုသလား။ ရီဖန်က ပြတ်သားသည်။ စစ်မှန်သောနတ်ဘုရားနှင့် တိုက်ခိုက်နေလျက်ပင် ၎င်းကိုချက်ချင်းစမ်းကြည့်ရန် ရည်ရွယ်ထားဆဲဖြစ်သည်။

ရီဖန်သည် အတွေ့အကြုံတစ်စုံတစ်ရာမရှိဘဲ သူ၏မူလနိယာမကို နတ်စွမ်းအားထဲသို့ အတင်းအကျပ်ပေါင်းစည်းလိုက်သည်။

မကြာမီတွင် သူ၏နတ်စွမ်းအားအတွင်း စိတ်ဝိညာဉ်ရိပ်ယောင်တစ်ခု ပေါ်လာသည်။ ၎င်းက အနည်းငယ်မျှသာဖြစ်သော်လည်း ထိုအရာက ရီဖန်၏မူလအခြေခံနိယာကို သူ၏နတ်စွမ်းအားနှင့်ပေါင်းစည်းရာ၌ အောင်မြင်မှုကို ဖော်ပြသည်။

မူလအခြေခံနိယာမကြောင့် သူ၏နတ်စွမ်းအားသည် ၎င်း၏ မူလအတန်းအစားထက်ပင် ကျော်လွန်သွားသည်။ သို့သော်လည်း ရီဖန်၏ လက်ရှိမူလနိယာမက မပြီးပြည့်စုံသေးသောကြောင့် သူ၏နတ်စွမ်းအားကို လုံးဝမပြောင်းနိုင်သေးချေ။

ထို့ကြောင့် ၎င်းကို စစ်မှန်သောနတ်စွမ်းအားဟု မခေါ်ဆိုနိုင်ဘဲ နတ်စွမ်းအားတစ်ပိုင်းအဖြစ်သာ သတ်မှတ်နိုင်သည်။ သို့သော် နတ်စွမ်းအားတစ်ပိုင်းကပင် အခြားစွမ်းအားများထက် ပို၍အားကောင်းသေးသည်။

ထိုအချိန်တွင် ဗုဒ္စစစ်မှန်သောနတ်ဘုရားသည် ရီဖန်ကိုဖျက်ဆီးရန်အတွက် နောက်ထပ်တိုက်ခိုက်မှုတစ်ခုကို ပြင်ဆင်နေသည်။

ရီဖန်သည် ဒဏ်ရာမရှိဘဲ ခုခံနိုင်သော မဟာသူတော်စင်ကျ့င်ကြံသူတစ်ဦး ဗုဒ္ဓနတ်ဘုရားအား ရီဖန်၏ ထူးခြားမှုကိုသတိပေးလိုက်သည်။ ဗုဒ္ဓစစ်မှန်သောနတ်ဘုရားသည် ဆက်လက်မရှုပ်ထွေးလာမီ တိုက်ပွဲကို အမြန်အဆုံးသတ်ရန် ရည်ရွယ်ထား၏။

ဗုဒ္ဓအလင်းရောင်အောက်တွင် ကောင်းကင်ယံ၌ မရေမတွက်နိုင်သော ဗုဒ္ဓရုပ်ပွါးတော်များက ရီဖန်ကို တိုက်ခိုက်လာသည်။ ရီဖန်သည် ကြောက်ရွံ့ခြင်းမရှိဘဲ ဖန်တီးခြင်းဥပဒေသုံးထောင်ဖြင့် တန်ပြန်တိုက်ခိုက်ခဲ့သည်။ တစ်ခဏအတွင်း အထွတ်အထိပ်မဟာသူတော်စင်၏ တိုက်ခိုက်နိုင်စွမ်းနှင့်တူသည့် ဂါထာများစွာကို ဖြန့်ကျက်လိုက်သည်။

တိုက်ခိုက်မှုတိုင်းတွင် ရီဖန်၏နတ်စွမ်းအားတစ်ပိုင်းနှင့် ပေါင်းစည်းထားသော ၎င်း၏စွမ်းအားကို သိသိသာသာတိုးလာစေသည်။

“အသုံးမဝင်ဘူး။ မင်းငါ့ရဲ့ ဗုဒ္ဓဘာသာကို ကူးပြောင်းလာမှသာ ထာဝရအသက်ရှင်နိုင်မယ်!”

ဗုဒ္ဓစစ်မှန်သောနတ်ဘုရားသည် သူ၏လက်ဖြင့်စည်းတံဆိပ်ခတ်ကာ ရီဖန်၏စိတ်ဝိညာဉ်ကို ပိတ်လှောင်ထားရန် ရည်ရွယ်လိုက်သည်။

"အလိမ်အညာတွေ!"

ရီဖန်က အေးစက်စွာပြောလိုက်သည်။ သူ၏ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအားက ၎င်း၏ရွတ်ဆိုမှုကို ဖုံးလွှမ်းသွားသည်။ ထို့နောက် အင်မော်တယ်သုတ်သင်ခြင်း ဓားလေးစင်းပေါ်လာကာ ကောင်းကင်ယံတွင် အခင်းအကျင်းကို ဖန်တီးလိုက်သည်။ ဖန်တီးခြင်းဥပဒေသုံးထောင်သည်လည်း ဗုဒ္ဓနတ်ဘုရား၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရာတွင် အားနည်းခြင်းမရှိပေ။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

ရီဖန်၏ဂါထာများက သူ ဆင့်ခေါ်ထားသော ဗုဒ္ဓကိုယ်ပွါးအရိပ်၏စွမ်းအားနှင့် ယှဉ်နိုင်သည်ကို တွေ့လိုက်ရသဖြင့် ဗုဒ္ဓစစ်မှန်သောဘုရား တုန်လှုပ်သွားသည်။ ၎င်း၏တိုက်ခိုက်မှုများသည် ဗုဒ္ဓစွမ်းအားပါရှိသောကြောင့် ရီဖန်၏နတ်စွမ်းအားကို အလွယ်တကူ ကျော်ဖြတ်နိုင်သင့်သည် မဟုတ်လား။

ရီဖန်၏နတ်စွမ်းအားနှင့်ပက်သက်၍ တစ်ခုခုလွဲမှားနေသည်ကို ခံစားရသောကြောင့် ဗုဒ္ဓစစ်မှန်သောနတ်ဘုရားက သူ၏နတ်အာရုံဖြင့်ရှာဖွေလိုက်ဟာ ရီဖန်၏နတ်စွမ်းအားအတွင်းမှ မူလအခြေခံနိယာမကို ရှာတွေ့လိုက်သည်။ ရီဖန်၏ကျင့်ကြံမှုကတော့ နှောင်းပိုင်း မဟာသူတော်စင်အဆင့်တွင် ရှိနေဆဲဖြစ်သည်။

၎င်းက အထွတ်အထိပ် မဟာသူတော်စင် အဆင့်သို့မရောက်ရှိဘဲ မူလအခြေခံနိယာမကို သူ၏နတ်စွမ်းအားနှင့် အောင်မြင်စွာ ပေါင်းစည်းနိုင်ခဲ့သည်။ ၎င်းက ရီဖန် စစ်မှန်သောနတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်ရာတွင် အတားအဆီးမရှိကြောင်း ဖော်ပြနေသည်။ သူ၏ ကျင့်ကြံမှုအရှိန်ဖြင့် စစ်မှန်သောနတ်ဘုရားနယ်မြေသို့ မကြာမီဖြတ်ကျော်နိုင်လောက်မည်။

မနာလိုမှု၊ နာကြည်းမှုနှင့် ဒေါသတို့က ဗုဒ္ဓစစ်မှန်သောနတ်ဘုရား၏ နှလုံးသားထဲသို့ တိုးဝင်လာသည်။ ထူးချွန်ထက်မြက်သောသူများသည် အဘယ်ကြောင့် ဤမျှလွယ်ကူသော အောင်မြင်မှုများ ရရှိကြသနည်း။ သူသည် အထွတ်အထိပ် မဟာသူတော်စင်အဆင့်တွင် နှစ်သန်းပေါင်းများစွာ ပိတ်မိနေခဲ့ပြီး စစ်မှန်သောနတ်ဘုရားနယ်မြေကို ဖြတ်ကျော်ရန် ကြိုးစားခဲ့သော်လည်း တိုးတက်မှု လုံးဝမရှိခဲ့ပေ။

နောက်ဆုံးတွင် သူသည် လျှို့ဝှက်နည်းစနစ်ဖြင့် အပြင်းအထန်ဖြတ်ကျော်ခဲ့ရသော်လည်း ယခုအချိန်အထိ ၎င်းက ပြီးပြည့်စုံခြင်းမရှိသေးဘဲ၊ အတုအယောင်နတ်ဘုရားတစ်ပါးအဖြစ်သာ ကျန်နေခဲ့သည်။ ထို့ကြောင့် ရီဖန်ကိုသတ်ရန် ကြံရွယ်ချက်မှာ ပို၍ကြီးမားလာ၏။

သူ ယနေ့ ရီဖန်ကိုမသတ်လျှင် အနာဂတ်တွင် ရီဖန်က ခြိမ်းခြောက်လာလိမ့်မည်။

"ရီမျိုးနွယ်စုဝင်တွေအတွက်နဲ့ နတ်ဘုရားဖြစ်မယ့် ကိုယ်ပိုင်လမ်းကို စွန့်လိုက်တာ၊ မင်းသစ္စာကြီးတာလား ဒါမှမဟုတ် မိုက်မဲတယ်လို့ပြောရမလားပဲ"

ရီဖန်သည် စစ်မှန်သောနတ်ဘုရားနယ်မြေသို့ အမှန်တကယ် ဖြတ်ကျော်သွားခဲ့ပါက၊ သူသည် အတုအယောင်နတ်ဘုရားဖြစ်သောကြောင့် ရီဖန်ကို သတ်ရန် အခွင့်အရေးမရှိတော့ပေ။ ယခုတွင် ရီဖန်သည် သာမန်သူတော်စင်တစ်ဦးဖြစ်သည်။ သူသည် အစစ်အမှန်နတ်ဘုရားဖြစ်စေ၊ အတုအယောင်နတ်ဘုရားဖြစ်စေ သဘာဝအားဖြင့် နတ်ဘုရားဖြစ်နေဆဲပင်။

"မင်းက မဟာသူတော်စင်တွေထဲမှာ ငါ့ကို နတ်ဘုရားကိုယ်ထည်အသုံးပြုဖို့ တွန်းအားပေးနိုင်တဲ့အထိ အသန်မာဆုံးပဲ!"

နောက်တစ်ခဏတွင် ဗုဒ္ဓစစ်မှန်သောနတ်ဘုရားသည် ရီဖန်ရှေ့တွင် ပေါ်လာသည်။ ရီဖန်၏အာရုံစူးစိုက်မှု အပြည့်ဖြင့်ပင် မှေးမှိန်သောအရိပ်တစ်ခုကိုသာ တွေ့လိုက်ရသည်။ သို့သော် သူ၏တုံ့ပြန်မှုက နှေးနေသောကြောင့် သူလုပ်နိုင်သမျှမှာ ဗုဒ္ဓစစ်မှန်သောနတ်ဘုရား၏တိုက်ခိုက်ခြင်း ခံရသည်ကို စောင့်ကြည့်နေရုံသာဖြစ်သည်။

……….

အခန်း ၅၂၁ - အားအပြည့်ထည့်ထားသော လက်သီးချက်

ရီဖန်သည် တိုက်ခိုက်မှုများကို ခုခံကာကွယ်ရန် ကြိုးစားခဲ့သော်လည်း စစ်မှန်သော နတ်ဘုရားနယ်မြေစွမ်းအားရှင်များ၏ လွှမ်းမိုးနိုင်သောစွမ်းအားကို မခုခံနိုင်ခဲ့ချေ။ သူ နောက်တစ်ကြိမ် လွှင့်ထွက်သွားပြန်သည်။ ယနေ့ကဲ့သို့ ထပ်ခါတလံလဲ လွှင့်ပစ်ခံနေရသည့်အခြင်းအရာက သူ့ဘဝတစ်လျှောက်လုံး၌ပင် ရှားပါး၏။

ဗုဒ္ဓစစ်မှန်သောနတ်ဘုရားသည် စစ်မှန်သောနတ်ဘုရားနယ်မြေဟူသည့် ၎င်း၏ဂုဏ်သတင်းအတိုင်း အလွန်အစွမ်းထက်သည်။

ရီဖန်ကို လေထဲသို့ လွှင့်ပစ်နိုင်ခဲ့သော်လည်း ဗုဒ္ဓစစ်မှန်သောနတ်ဘုရားသည် ကျေနပ်နေခြင်းမရှိပေ။

ရီဖန် နောက်ပြန်ဆုတ်သွားသော်လည်း သူဒဏ်ရာမရှိကြောင်းကို ၎င်းသေချာမြင်နိုင်သည်။

ရီဖန်၏ နတ်စွမ်းအားနှင့် သန်မာသောကိုယ်ထည်ကြောင့် သူ့အပေါ်ကျရောက်လာသည့် စွမ်းအားကို ကာကွယ်ထားနိုင်ခြင်းဖြစ်သော်လည်း ရီဖန်က ဗုဒ္ဓစစ်မှန်သောနတ်ဘုရား၏ တိုက်ခိုက်မှုကို တားဆီးရန်ပြန်လာခဲ့သည်။

ရီဖန်သည် သူ၏ခံစစ်စွမ်းအားကို ကျေနပ်သော်လည်း နာကျင်မှုကိုနှစ်သက်နေသူတော့မဟုတ်သလို

တိုက်စစ်မသုံးဘဲ အဆက်မပြတ် ခံစစ်ကိုသာအသုံးချခြင်းကလည်း သူ့ပုံစံမဟုတ်ချေ။ ယခုသူ့အလှည့်ရောက်ပြီ။

တိုက်ခိုက်မှုအချို့ ဖလှယ်ပြီးနောက်တွင် ရီဖန်သည် ဗုဒ္ဓစစ်မှန်သောနတ်ဘုရားနှင့်ပက်သက်၍ တစ်ခုခုလွဲနေကြောင်း သတိပြုမိသွားသည်။ ၎င်း၏စွမ်းအားက မပြည့်စုံပေ။ ဗုဒ္ဓစစ်မှန်သော နတ်ဘုရား၏ကိုယ်ထည်က စွမ်းအားကြီးသည်မှာ မှန်သော်လည်း သူ၏ စစ်မှန်သောနတ်ဘုရားနယ်မြေရှိ သွေးမျိုးဆက်စွမ်းထုတ်လွှတ်သည်ကို မမြင်ရချေ။

ဗုဒ္ဓစစ်မှန်သောနတ်ဘုရားသည် ထိုသို့ မစွမ်းဆောင်နိုင်ခြင်း ဖြစ်နိုင်သလား။ ထိုအကြောင်းနှင့်ပတ်သက်၍ ရီဖန်က အလွန်စိတ်မဝင်စားပေ။ ယခုအချိန်တွင် အရေးကြီးဆုံးမှာ ရီမိသားစု၏လျှို့ဝှက်ချက်ကို သိရှိသွားသည့် ထိုအိုကြီးအိုမကို ဖယ်ရှားရန်ဖြစ်သည်။

သို့သော် သူ့သွေးမျိုးဆက်စွမ်းအား၏၃၀% သာရှိသဖြင့် ဗုဒ္ဓစစ်မှန်သောနတ်ဘုရားကို တိုက်ခိုက်ရန်မှာ ခက်ခဲသောအလုပ်ဖြစ်၏။ ထို့ကြောင့် ရီဖန်သည် သွေးမျိုးဆက်စွမ်းအား၏ ၅၀% အထိထုတ်လွှတ်လိုက်သည်။

သွေးမျိုးဆက်စွမ်းအားများ တိုးမြင့်လာသည်နှင့်အမျှ သူ၏အင်အားတိုးမြှင့်မှုသည်လည်း အဆမတန်တိုးလာသည်။

မူလကအားနည်းနေသော ရောင်ဝါသည်လည်း ဗုဒ္ဓစစ်မှန်သော နတ်ဘုရားနှင့် ယှဉ်နိုင်သောအဆင့်သို့ ရုတ်တရက် ထိုးတက်သွားသည်။

"ထပ်တိုက်ကြတာပေါ့!"

ယခုတော့ သူ့အလှည့်ရောက်ပြီ။ လက်ရှိ ရီဖန်သည် ဗုဒ္ဓစစ်မှန်သောနတ်ဘုရားထက် မည်သို့မှ အားမနည်းနိုင်ပါ။ ရီဖန်၏ လက်ရှိနတ်ဘုရားကိုယ်ထည်နှင့် သူ၏ သွေးမျိုးဆက်စွမ်းအား၅၀%က ကြာရှည်တိုက်ခိုက်ရန် လုံလောက်သောကြောင့် ၎င်းကုန်ခမ်းသွားမည်ကို စိတ်ပူစရာမလိုချေ။

ရီဖန် အစွမ်းကုန် တိုက်ခိုက်လာသောအခါ ဗုဒ္ဓစစ်မှန်သောနတ်ဘုရားသည် သက်တောင့်သက်သာမနေနိုင်တော့ပေ။ တိုက်ပွဲကို အဝေးမှစောင့်ကြည့်သူများက တိုက်ပွဲရှည်ကြာလာသည်နှင့်အမျှ ရီဖန် ပိုမိုအားကောင်းလာသည်ကို သတိပြုမိလိုက်သည်။ သူသည် ကန့်သတ်ချက်သို့ရောက်ရှိသည့်ပုံပင် မပေါ်ပေ။ ၎င်းက လူတစ်ဦးစွမ်းဆောင်နိုင်သည့်အရာ ဟုတ်ပါရဲ့လား။

စစ်မှန်သောနတ်ဘုရားပင်လျှင် ရီဖန်ကဲ့သို့ ကြောက်မက်ဖွယ်ကြီးထွားလာနိုင်ခြင်းမျိုး မရှိပါ။

ဤကဲ့သို့သောသူမျိုးက စိတ်အနှောက်အယှက်ဖြစ်စရာ အကောင်းဆုံးဖြစ်သည်။ သို့သော် ၎င်း၏စစ်မှန်သောနတ်ဘုရားသွေးမျိုးဆက်ကို ပြီးပြည့်စုံအောင်လုပ်ရန်နှင့် ရီထျန်းရှင်းယူသွားသောပုလဲကို ပြန်ယူရန်အတွက် ဆက်လက်တိုက်ခိုက်ရုံမှလွဲ၍ ရွေးချယ်စရာမရှိပေ။

ဤအခြေအနေက အခြားသောကျင့်ကြံသူများ၏ အာရုံစိုက်မှုကို သေချာပေါက်ခံရသည်။ သို့သော် နှစ်ဦးနှစ်ဖက်လုံးမှရောင်ဝါကို ခံစားရသဖြင့် မဟာသူတော်စင်အဆင့် အဖွဲ့အစည်းများပင် အနားမကပ်ဝံ့ကြပေ။ ၎င်းတို့သည် တိုက်ပွဲကို ခပ်လှမ်းလှမ်းမှကြည့်ရင်း ကြောက်လန့်နေကြ၏။

တိုက်ခိုက်နေသော သူနှစ်ဦးသည် စစ်မှန်သောနတ်ဘုရားနယ်မြေစွမ်းအားရှင်များ ဖြစ်ရမည်။ သို့သော် ၎င်းတို့က အဘယ်ကြောင့် အရှေ့နယ်မြေရှိ ဤကဲ့သို့ဝေးလံခေါင်းပါးသောနေရာတွင် ပေါ်လာရသနည်း။ ၎င်းက တစ်ယောက်တည်းလည်းမဟုတ် နှစ်ယောက်ဖြစ်သည်။

စောင့်ကြည့်နေသူများထဲမှ အများစုမှာ အရှေ့နယ်မြေရှိ ထိပ်တန်းတပ်ဖွဲ့ဝင်များဖြစ်သည်။ ၎င်းတို့က စစ်မှန်သောနတ်ဘုရားနယ်မြေစွမ်းအားရှင်နှစ်ဦးကြား တိုက်ပွဲကို စိုးရိမ်နေခဲ့ကြသည်။ တိုက်ပွဲတွင် ၎င်းတို့ပါ ပါဝင်ရမည်ကို မည်သူသိနိုင်မည်နည်း။

အရှေ့နယ်မြေတွင် နှစ်သန်းပေါင်းရာနှင့်ချီ၍ လက်ဆင့်ကမ်းလာသောဂိုဏ်းများ ရှိသော်လည်း

စစ်မှန်သောနတ်ဘုရားနယ်မြေစွမ်းအားရှင်များ၏ မျက်လုံးထဲတွင် ၎င်းတို့သည် အနည်းငယ်သာ ပို၍သန်မာသောပုရွက်ဆိတ်များဖြစ်သည်။ အနှီပုရွက်ဆိတ်များ သတ်ဖြတ်ခံရမည်ကို စိုးရိမ်သောကြောင့် ၎င်းတို့ကိုသတိမပြုမိပါက ပိုကောင်းလိမ့်မည်။

“နေစမ်းပါဦး၊ စစ်မှန်တဲ့နတ်ဘုရားထဲက တစ်ယောက်ကိုသိသလိုပဲ”

မဟာသူတော်စင်နယ်မြေ အစောပိုင်းအဆင့်ကျ့င်ကြံသူတစ်ဦးက ရီဖန်၏ရင်းနှီးသောမျက်နှာကို တွေ့ရှိသွားသောကြောင့် တွန့်ဆုတ်စွာ ပြောလိုက်သည်။

ရီဖန်သည် မကြာသေးမီက အရွက်တစ်ထောင်ဆေးခန်းဌာနခွဲများစွာကို ဖွင့်လှစ်ခဲ့ပြီး သူ့ကိုယ်သူ ရီမိသားစုခေါင်းဆောင်အဖြစ် မိတ်ဆက်ထားသည်။ ရီဖန်ကို မှတ်မိသည်ဟု အခိုင်အမာဆိုထားသည့် ဤပုဂ္ဂိုလ်ကလည်း အရွက်တစ်ထောင်ဆေးခန်း၏ သစ္စာရှိဖောက်သည်ဟောင်းတစ်ဦးဖြစ်သည်။

လူအများစုက သူ၏ပြောဆိုချက်ကို ယုံရန်ငြင်းဆန်လိုက်သည်။ အစောပိုင်းအဆင့် မဟာသူတော်စင်တစ်ယောက်ကများ စစ်မှန်သောနတ်ဘုရားနယ်မြေစွမ်းအားရှင်ကို မည်သို့မြင်ဖူးမည်နည်း။ သို့သော် မကြာမီတွင် အခြားသော မဟာသူတော်စင်နယ်မြေ ကျ့င်ကြံသူများကပါ ရီဖန်ကို မှတ်မိသွားကြသည်။ ရီဖန်ကိုမြင်ဖူးကြသည့် သူတော်စင်နယ်မြေကျင့်ကြံသူများကလည်း သူ့ကိုမှတ်မိလာသည်။

"ရီဖန်က အရွက်တစ်ထောင်မဟာသူတော်စင်လို့ခေါ်တဲ့ ရီမိသားစုရဲ့အကြီးအကဲ မဟုတ်လား"

"ဟုတ်တယ်၊ တကယ်ပဲသူထင်တယ်"

ရီမိသားစု၏အကြီးအကဲဟုဆိုလျှင် လူတော်တော်များများက မမှတ်မိကြသော်လည်း သူကတော့ အရွက်တစ်ထောင်မဟာသူတော်စင်ဟုဆိုလျှင် ချက်ချင်းမှတ်မိသွားသည်။ နောက်ဆုံးတွင် ရီဖန်သည် ၎င်းတို့၏နယ်မြေမှ မဟာသူတော်စင်များစွာကို သုတ်သင်ခဲ့ကာ သူသည်သာမန်လူတစ်ဦး မဟူတ်ပေ။

သို့သော် စစ်မှန်သောနတ်ဘုရားနယ်မြေကို တိုက်ခိုက်နိုင်သည့်သူက ထိုအရွက်တစ်ထောင်၏မဟာသူတော်စင် ဖြစ်နိုင်ပါသလား။ လူတစ်ယောက်တည်းဆိုလျှင် အမှတ်မှားနိုင်သော်လည်း လူအများအပြားက အမှတ်မှားသည်အထိတော့ မတိုက်ဆိုင်နိုင်ချေ။

စစ်မှန်သောနတ်ဘုရားကိုတိုက်ခိုက်နေသည့်သူသည် အရွက်တစ်ထောင်မဟာသူတော်စင် မဟုတ်လျှင်တောင် သူနှင့်ဆက်နွှယ်နေသူဖြစ်မည်။

၎င်းတို့သည် ရီမိသားစုအပေါ် ၎င်းတို့၏သဘောထားကို ပြုပြင်ပြောင်းလဲရန် လိုအပ်နေလေပြီ။

အရွက်တစ်ထောင်ဆေးခန်းကို ချဲ့ထွင်ရန် ရည်ရွယ်ထားသောကြောင့် ထိပ်တန်းအင်အားစုများက ၎င်းတို့၏ဝှက်ဖဲများသည်လည်း ဆေးခန်း၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အသုံးဝင်နိုင်လိမ့်မည်ဟု ထင်ထားသည်။ တာ့ယွီနတ်မင်းဆက်က ၎င်းတို့၏ပူးပေါင်းတိုးချဲ့မှုကို စိတ်မရှိရန်သာ မျှော်လင့်ရသည်။

……….

အခန်း ၅၂၂ - အားအပြည့်ထည့်ထားသော လက်သီးချက်

တကယ်တမ်းတွင်လည်း စစ်မှန်သောနတ်ဘုရားနှင့်ယှဉ်နိုင်သည့် ပုဂ္ဂိုလ်ကို ၎င်းတို့ရန်မစနိုင်ပေ။ ကောင်းကင်ထက်တွင် ရီဖန်နှင့် ဗုဒ္ဓစစ်မှန်သောနတ်ဘုရားကြား တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ သူ၏ သွေးမျိုးဆက်စွမ်းအား ၅၀ရာခိုင်နှုန်းကို ထုတ်လွှတ်လိုက်ပြီးနောက် ရီဖန်၏တိုက်ခိုက်ရေးစွမ်းအားသည် ဗုဒ္ဓနတ်ဘုရားနှင့် တန်းတူဖြစ်လာသည်။

ရီဖန်က ဆက်လက်တိုက်ခိုက်နေရင်း ဗုဒ္ဓစစ်မှန်သောနတ်ဘုရားနှင့်ပက်သက်၍ တစ်ခုခုလွဲနေကြောင်းကို ပိုသေချာလာ၏။

"မင်းက တကယ်ပဲ စစ်မှန်တဲ့နတ်ဘုရားနယ်မြေကဟုတ်ရဲ့လား"

ဗုဒ္ဓစစ်မှန်သောနတ်ဘုရားထံမှ နောက်ထပ်တိုက်ခိုက်မှုကို တားဆီးပြီးနောက် ရီဖန်က ရိုးသားစွာမေးလိုက်သည်။

ထိုအခိုက်အတန့်တွင် ဗုဒ္ဓစစ်မှန်သောနတ်ဘုရားသည် အမြီးတက်နင်းခံရသော ကြောင်တစ်ကောင်ကဲ့သို့ ချက်ချင်းလှုံ့ဆော်ခံလိုက်ရသည်။ ဗုဒ္ဓစစ်မှန်သောနတ်ဘုရား၏ တုံ့ပြန်မှုကိုမြင်လျှင် ရီဖန်က သူမှန်ကြောင်း သိလိုက်သည်။

"ဒါဆို မင်းကို ဘယ်လိုခေါ်ရမှာပါလိမ့်။ အတုအယောင်နတ်ဘုရားလို့လား"

အတုအယောင်နတ်ဘုရားဟူသော စကားလုံးသည် ဗုဒ္ဓစစ်မှန်သောနတ်ဘုရား၏နှလုံးသားထဲ ဖောက်ထွင်းနိုင်သော ကျည်ဆန်နှင့်တူသည်။

ဗုဒ္ဓစစ်မှန်သောဘုရားအတွက် အတုအယောင်နတ်ဘုရားဟူသော စကားလူံးကို လုံးဝတားမြစ်ထား၏။

”မင်းအဲလောက်သေချင်နေရင်လဲ ငါဖြည့်ဆည်းပေးမယ်"

ဗုဒ္ဓအလင်းလျှို့ဝှက်နည်းစနစ်။ ဗုဒ္ဓစစ်မှန်သောနတ်ဘုရားနောက်ဘက်ရှိ ဗုဒ္ဓရုပ်ပုံသည် သူ၏ခန္ဓာကိုယ်နှင့် ချက်ချင်းပေါင်းစပ်သွားကာ သူ၏မပြည့်စုံသော သွေးမျိုးဆက်သည် သူ၏နတ်ကိုယ်ထည်နှင့် တန်းတူအဆင့်သို့ရောက်ရှိသွားသည်။

သူ၍သွေးမျိုးဆက်ကို ပြုပြင်လိုက်ပြီးနောက် ဗုဒ္ဓစစ်မှန်သောနတ်ဘုရားသည် စစ်မှန်သောနတ်ဘုရားစွမ်းအားကို အပြည့်အဝအသုံးချနိုင်သွားပြီဖြစ်သည်။ ဗုဒ္ဓစစ်မှန်သောနတ်ဘုရားနှင့် ယှဉ်တိုက်နေသည့် ရီဖန်သည်လည်း ၎င်း၏စွမ်းအားနက်နဲမှုကို ခံစားရသည်။

"ဒီလိုပဲဖြစ်ရမှာပေါ့!"

ရီဖန်သည် ယခုမှသာ စစ်မှန်သောနတ်ဘုရား အမှန်တကယ်ပိုင်ဆိုင်သင့်သည့် စွမ်းအားနှင့်တူတော့သည်ဟု ခံစားရသည်။ စစ်မှန်သောနတ်ဘုရားအတွက် ယခင်စွမ်းအားက အလွန်အားနည်းနေသည်မဟုတ်လား။

ဗုဒ္ဓစစ်မှန်သောနတ်ဘုရား၏ စွမ်းအားပေါက်ကွဲမှုကို ရီဖန်ကြောက်ရွံ့ခြင်းမရှိဘဲ ၎င်းက သူ့ကိုပို၍ပင် စိတ်လှုပ်ရှားစေသည်။ ယနေ့ သူနတ်ဘုရားတစ်ပါးကို သတ်နိုင်တော့မည်။

သွေးမျိုးဆက်စွမ်းအား ၈၀%သည် ရီဖန်ဒဏ်ရာမရဘဲ ထုတ်လွှတ်နိုင်သည့် သူ၏စွမ်းအားကန့်သတ်ချက်ဖြစ်သည်။ သို့သော်လည်း ထိုစွမ်းအားကို နာရီအနည်းငယ်သာ ထိန်းသိမ်းထားနိုင်သောကြောင့် တိုက်ပွဲတွင်း ဆုံးဖြတ်ချက်တစ်ခု အလျင်အမြန်ချမှတ်ရန်လိုအပ်သည်။

လျှို့ဝှက်နည်းစနစ်ကို အသက်သွင်းပြီးနောက် ဗုဒ္ဓစစ်မှန်သောနတ်ဘုရားသည်လည်း တိုက်ပွဲကို ချက်ချင်းအဆုံးသတ်လိုခဲ့သည်။ လျှို့ဝှက်နည်းစနစ်တိုင်းအတွက် အဖိုးအခကိုယ်စီရှိတတ်၏။ ဗုဒ္ဓ၏ရစစ်မှန်သောနတ်ဘုရား၏ လျှို့ဝှက်နည်းစနစ်အတွက် အဖိုးအခမှာ နှစ်များတစ်လျှောက် သူ ဝီရိယရှိရှိ စုပ်ယူထားသော သွေးမျိုးဆက်များကို လောင်ကျွမ်းစေခြင်းဖြစ်သည်။

၎င်းက ဗုဒ္ဓစစ်မှန်သောနတ်ဘုရားအတွက် သူ၏နတ်ဘုရားသွေးမျိုးဆက်ကို လုံးဝပြန်လည်ထူထောင်ရန်လိုအပ်သော အခြေခံအုတ်မြစ်ဖြစ်သည်။ ဤတစ်ကြိမ်တွင် အကုန် ကုန်ဆုံးသွားပါက သူပြိုလဲသွားရလိမ့်မည်။ ထိုအခါ သူ လက်ရှိ ရီမိသားစုအကြီးအကဲကို သတ်ပြီး ၎င်း၏သွေးမျိုးဆက်ကို စုပ်ယူနိုင်ခဲ့လျှင်ပင် သူ၏သွေးမျိုးဆက်ကို အပြည့်အဝ ပြန်လည်ထူထောင်ရန် မလုံလောက်သေးပေ။

ဗုဒ္ဓဘာသာလက်သီးချက် တစ်ချက်အောက်တွင် အရာအားလုံး ပျက်ဆီးသွား၏။ မိုင်သန်းပေါင်းများစွာအဝေးမှနေ၍ တိုက်ပွဲကို စောင့်ကြည့်နေသည့် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ၎င်းတို့ကို ဖိနှိပ်ထားသည့် စွမ်းအားကိုခံစားလိုက်ရသောကြောင့် ၎င်းကို ခုခံရန်အတွက် သူတို့၏စွမ်းအားများကို အရေးပေါ် အသုံးချလိုက်ရသည်။

သို့သော်လည်း ၎င်းတို့ထဲမှ အများအပြား ပြင်းထန်စွာ ဒဏ်ရာရရှိသွားဆဲဖြစ်သည်။ စစ်မှန်သောနတ်ဘုရားနယ်မြေ၏စွမ်းအားက ၎င်းတို့ ခံနိုင်ရည်ရှိသောအရာမဟုတ်ချေ။ ထိုအချိန်တွင် ၎င်းတို့သည် ဆက်၍မကြည့်ဝံ့တော့ဘဲ မိုင်ပေါင်းသန်းပေါင်းများစွာ ထပ်မံဆုတ်ခွါသွားကြသည်။ ၎င်းတို့ပင် ထိုအကွာအဝေးမှ သည်းမခံနိုင်လျှင် တိုက်ပွဲဝင်နေသည့် ရီဖန်အနေဖြင့် မည်မျှသန်မာလေသနည်း။

ရီဖန်သည်လည်း ဗုဒ္ဓစစ်မှန်သောနတ်ဘုရား၏ စွမ်းအားပြင်းထန်မှုကို သတိပြုမိသော်လည်း နောက်ပြန်ဆုတ်ရန် ရည်ရွယ်ချက်မရှိပေ။ ရီဖန်ထုတ်လွှတ်လိုက်သော လက်သီးတစ်ချက်က ဗုဒ္ဓစစ်မှန်သောနတ်ဘုရား၏တိုက်ခိုက်မှုကို ဖြိုခွင်းပစ်လိုက်သည်။ ဗုဒ္ဓနတ်ဘုရား၏ ဘေးပတ်ပတ်လည်မှ ဗုဒ္ဓအလင်းသည်လည်း ၎င်းလက်သီးချက်အောက်တွင် ချက်ချင်းကွဲအက်သွားသည်။

ထိုအခါ သူ၏နှုတ်ခမ်းထောင့်မှ နတ်သွေးစီးကြောင်းတစ်ခု စီးကျလာသည်။

ဗုဒ္ဓစစ်မှန်သောနတ်ဘုရား၏ အသွင်အပြင်က ပြောင်းလဲခြင်းမရှိသော်လည်း သူ၏အတွင်းပိုင်း၌ လှိုင်းတံပိုးများဆန်တက်လာသည်။ သူသည် လျှို့ဝှက်နည်းပညာကို အသုံးပြုထားပြီးဖြစ်သည့်တိုင် ရီဖန်နှင့်မယှဉ်နိုင်သေးပေ။ ယခု ရီဖန်သည် သူ့ထက်ပင် ပိုအင်အားကြီးပုံရသည်။

၎င်းက မဟာသူတော်စင်အဆင့်ရှိသူတစ်ဦး ပိုင်ဆိုင်နိုင်သည့် တိုက်ခိုက်ရေးစွမ်းအားဟုတ်ရဲ့လား။ စစ်မှန်သောနတ်ဘုရားသည် 'မဟာသူတော်စင်’ ဟူသော စာလုံးကို အကြိမ်ပေါင်းများစွာ ကြားဖူးသော်လည်း ယခု သူတွေ့နေရသည့် ‘မဟာသူတော်စင်’က သူသိခဲ့ဖူးသည့် ‘မဟာသူတော်စင်’ နှင့် အတော်လေးကွာခြားနေသည်။

"ထပ်လာစမ်းပါ!"

ရီဖန်သည် ဗုဒ္ဓစစ်မှန်သောနတ်ဘုရားအား ပြန်လည်သက်သာလာစေရန် အချိန်မပေးဘဲ ထပ်မံတိုက်ခိုက်လာသည်။ အပြင်းထန်ဆုံးသော စွမ်းအားကို အရိုးရှင်းဆုံးနည်းလမ်းဖြင့် ထုတ်ဖော်နိုင်သည်။ ဗုဒ္ဓစစ်မှန်သောနတ်ဘုရား၏ မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆို ရီဖန်၏ လက်သီးတစ်ချက်နှင့် တုံ့ပြန်ရန် လုံလောက်သည်။

ရီဖန်၏ တိုက်ပွဲစွမ်းအားနှင့်အတူ သူ၏နတ်စွမ်းအားနှင့် မူလအခြေခံနိယာမတို့၏ ပေါင်းစပ်မှုက ပိုမိုမြန်ဆန်လာသည်။ နတ်စွမ်းအား၏ သန့်စင်မှုတိုးလာသည်နှင့်အမျှ ရီဖန်၏ တိုက်ခိုက်ရေးစွမ်းအားသည်လည်း အဆက်မပြတ် တိုးတက်လာသည်။ ၎င်း၏ တိုးတက်မှုအရှိန်နှေးကွေးသော်လည်း တိုးတက်မှုတစ်ခုစီတိုင်းက ဗုဒ္ဓစစ်မှန်သောနတ်ဘုရားအပေါ် ထိခိုက်စေမှု တိုလာခြင်းကို ဆိုလိုသည်။

အချိန်ကြာလာသည်နှင့်အမျှ ဗုဒ္ဓစစ်မှန်သောနတ်ဘုရားသည် သူ၏သွေးမျိုးဆက်ကို ပိုပို၍အသုံးချလာရသောကြောင့် သူ၏အသက်ရှူသံက တဖြည်းဖြည်း အားနည်းလာသည်။ မူလက လည်ပတ်နေသော စစ်မှန်သောနတ်ဘုရား၏သွေးမျိုးဆက်သည် ယခုအချိန်တွင် အတော်အားနည်းနေပြီဖြစ်ပြီး မပြီးပြည်စုံသောနယ်မြေသို့ အချိန်မရွေးပြန်ရောက်သွားနိုင်သည်။

ထိုသို့ဖြစ်လာလျှင် ပြီးပြည့်စုံသောသွေးမျိုးဆက်မရှိသည့် ဗုဒ္ဓစစ်မှန်သောနတ်ဘုရားသည် ရီဖန်နှင့် လုံးဝယှဉ်နိုင်တော့မည်မဟုတ်ချေ။ ဗုဒ္ဓစစ်မှန်သည့်နတ်ဘုရား၏ စိတ်ထဲ၌ ထွက်ပြေးရန်အတွေးတစ်ခုထွက်ပေါ်လာသည်။ မဟာသူတော်စင်အဆင့်ကျ့င်ကြံသူနှင့် တိုက်ပွဲမှ ထွက်ပြေးရခြင်းက ဗုဒ္ဓစစ်မှန်သောနတ်ဘုရားအတွက် အရှက်ရစရာဖြစ်သည်မှာ အမှန်ပင်။

သို့သော် ယခု သူပြန်မဆုတ်ခွါလျှင် အနှမဟာသူတော်စင်အဆင့်ကျ့င်ကြံသူ၏ သတ်ဖြတ်ခြင်းကို ခံရနိုင်သည်။ ရီဖန်သည် သူ၏လျှို့ဝှက်နည်းစနစ်အတွက် ကန့်သတ်ချက်ရှိနိုင်သည်ကို သူသိသော်လည်း

ရီဖန်၏လျှို့ဝှက်နည်းစနစ်က အရင်ပျောက်ကွယ်မလား၊ သို့မဟုတ် သူ့သွေးမျိုးဆက်က အရင်ကုန်သွားမလားကို သူအလောင်းအစားမလုပ်ရဲပေ။

ဗုဒ္ဓစစ်မှန်သောနတ်ဘုရားက သူ၏ ဂိုဏ်သိက္ခာနှင့်ယှဉ်လျှင် သူ၏အသက်က ပို၍အရေးကြီးသည်ဟု ထင်မိပါ၏။ ထို့ကြောင့် သူ ယခုလျင်မြန်စွာထွက်ခွါရမည်ဟု ဆုံးဖြတ်လိုက်သည်။

"အရွက်တစ်ထောင် မဟာသူတော်စင်၊ မင်းနဲ့ငါကြားက အနိုင်အရှုံးကို မဆုံးဖြတ်နိုင်သေးတော့၊ ငါ့မျိုးနွယ်စုကနေယူလာတဲ့ ပုလဲကိုပြန်ပေးရင် အခုထွက်သွားပေးမယ်"

ဗုဒ္ဓစစ်မှန်သောနတ်ဘုရားသည် ယခုတစ်ကြိမ်ဆုံးရှုံးမှု များလွန်းသောကြောင့် ရီဖန်၏သွေးမျိုးဆက်ကိုပင် မလိုချင်တော့ချေ။ သို့သော် သူ၏ ထိုလျှို့ဝှက်ဆန်းကြယ်သောပုလဲကိုတော့ ပြန်ရချင်သေးသည်။

ထိုစကားကို စောစောပြောခဲ့လျှင် ရီဖန်က ထိုပစ္စည်းကို လိုလားစွာပြန်ပေးခဲ့လိမ့်မည်ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် ယခုအချိန် ထိုပုလဲက အမှိုက်တစ်စဖြစ်လျှင်ပင် ရီဖန်က ပြန်ပေးလိမ့်မည်မဟုတ်ချေ။ ထိုသူက သူ့က်ုမနိုင်တော့မှသာ ငြိမ်းချမ်းရေးယူရန် ကမ်းလှမ်းလာသည်မဟုတ်လား။

"ဆုတောင်းလေ”

ရီဖန်က အေးစက်စွာပြောလိုက်ပြီးနောက် ထပ်မံတိုက်ခိုက်လာသည်။ သူသည် သူ၏၈၀%သော သွေးမျိုးဆက်စွမ်းအားနှင့် ကျွမ်းဝင်လာပြီးနောက် စွမ်းအားကိုအပြည့်အဝအသုံးချနိုင်ခဲ့သည်။ ယနေ့တွင် ရီဖန်သည် ထိုအတုအယောင်နတ်ဘုရားကို ခြောက်လှန့်ရန်ရည်ရွယ်ထားရုံမျှသာမဟုတ်ဘဲ အမှန်တကယ်သတ်ပစ်မည်ဖြစ်သည်။ သူ့ကို မည်သူမှ တားနိုင်မည်မဟုတ်ပေ။

‘ငါသူ့ကို ရန်စလို့မဖြစ်ဘူး၊ မဖြစ်ဘူး။ မသိရင် သူကပဲ စစ်မှန်တဲ့နတ်ဘုရားဖြစ်ပြီးတော့ ငါကပဲ မဟာသူတော်စင်လိုလိုနဲ့။ မင်းပြန်မပေးလဲ နေပေါ့ကွာ၊ ငါလဲ လက်လျှော့ပစ်မှာပေါ့!’

ဗုဒ္ဓစစ်မှန်သောနတ်ဘုရားသည် ရီဖန်၏တိုက်ခိုက်မှုများအောက်တွင် ဆက်လက်တိုက်ပွဲဝင်ရန် လုံးဝစိတ်ကူးမရှိတော့ချေ။ အခြေအနေကိုအသုံးချ၍သာ တိုက်ပွဲနေရာမှ ဆုတ်ခွာသွားချင်သည်။ စစ်မှန်သောနတ်ဘုရား၏ အင်အားဖြင့် သူတကယ်လွတ်မြောက်လိုလျှင် ရီဖန်ကလဲ သူ့ကိုတားဆီးနိုင်မည်မဟုတ်ပေ။

"နောက်တစ်ခါ ငါပြန်လာမယ်ကွ!"

ထိုစကားကိုဆိုပြီးနောက် စစ်မှန်သောနတ်ဘုရားသည် ထိုနေရာမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ဘေးနားရှိပွဲကြည့်သူများက ၎င်းတို့ နားကြားလွဲလေသလားဟု ထင်နေကြသည်။ စစ်မှန်သည့်နတ်ဘုရားနယ်မြေမှ ဤစွမ်းအားရှင်သည် ရီမိသားစုခေါင်းဆောင်နှင့် မယှဉ်နိုင်ရုံသာမကဘဲ ထွက်ပါပြေးနေရသလား။

ထိုအခြေအနေတွင် ရီမိသားစု၏ အကြီးအကဲဖြစ်သူ ရီဖန်သည် မဟာသူတော်စင်အဆင့်ကျ့င်ကြံသူ တစ်ဦးသာဖြစ်ကြောင်းကိုပါ သူတို့သိရှိလိုက်ရသည်။

ဤမဟာသူတော်စင်အဆင့်ကျ့င်ကြံသူက စစ်မှန်သောနတ်ဘုရားနယ်မြေကျ့င်ကြံသူကို အနိုင်ယူလိုက်၏။ ထိုကဲ့သို့သော မဟာသူတော်စင်သည် စစ်မှန်သောနတ်ဘုရားနှင့် ခြားနားခြင်းမရှိတော့ချေ။

၎င်းက အသေမသတ်နိုင်ခဲ့သည့်တိုင် အရှေ့နယ်မြေတွင် ထိုအောင်မြင်မှုကို မည်သူမှမယှဉ်နိုင်သေးပေ။

ဗုဒ္ဓစစ်မှန်သောနတ်ဘုရား ထွက်ခွါသွားသည့် လမ်းကြောင်းကိုကြည့်ပြီးနောက် ရီဖန်သည် ဤနည်းဖြင့် အဆုံးသတ်ရန် ရည်ရွယ်ချက်မရှိပေ။ ထို့ကြောင့် နောက်ဆုံးလှုပ်ရှားမှုကို စတင်လိုက်မည်။ ဗုဒ္ဓစစ်မှန်သောနတ်ဘုရားက ၎င်းကိုခံနိုင်ရည်ရှိလျှင် သူ့ကိုလွှတ်ပေးလိုက်ပါမည်။

သွေးမျိုးဆက်စွမ်းအား ၁၀၀%။ ဗုဒ္ဓစစ်မှန်သောနတ်ဘုရားကိုပင် ကြောက်လန့်တုန်လှုပ်စေသော စွမ်းအားက ရီဖန်၏ကိုယ်မှ ထွက်ပေါ်လာသည်။ စောင့်ကြည့်နေသူများမှာ ရီဖန်၏ရောင်ဝါကို ခံနိုင်ရည်မရှိသောကြောင့် မြေပြင်ပေါ်တွင် ဝပ်တွားနေရသည်။ ရီဖန်၏ရောင်ဝါက နောက်ထပ်အချိန်အနည်းငယ်ကြာရှိနေလျှင် ၎င်းတို့ အမှန်တကယ်ပင် သေသွားနိုင်သည်။

ရီဖန်သည် သူ့လက်သီးကို ပြန်ရုတ်လိုက်ပြီး အင်အားအပြည့်နှင့် ပြင်းထန်သည့် လက်သီးတစ်ချက်ကို နောက်တစ်ကြိမ် ထပ်ထိုးလိုက်ပြန်သည်။

……….

All Chapters