ပြန်လည်ပေါင်းစည်းခြင်း ၂
Vol. 63 Ch. 628
ချီဝေယန်ရောက်လာခြင်းကြောင့် ယွဲ့လောင်ရှနှင့်ပိုင်ယွမ့်ဟုန်တို့နှစ်ယောက် အကြီးအကျယ် စိတ်လှုပ်ရှားသွား၏။ ယွဲ့လောင်ရှဆိုလျင် ထိုင်ရာမှခုန်ထ၍ ချီဝေယန်အား ထဖက်မိသည့်အထိပင်။
"ဒုတိယအစ်မ...အစ်မလဲလာတယ်ပေါ့နော်"
ချီဝေယန် တခစ်ခစ် ရယ်မောလိုက်သည်။
"မတွေ့ဖြစ်တာ ဆယ်နှစ်တောင်ကြာသွားပြီ နင်ဟာ ဘာတခုမှ မပြောင်းလဲသေးဘူး အရင်င်အတိုင်း လှနေတုန်းပဲ ဘာလဲ ခုထိ အိမ်ထောင်မပြုသေးဘူးလား"
ယွဲ့လောင်ရှ၏ မျက်နှာ ရဲခနဲ ဖြစ်သွား၏။
"အိမ်ထောင်ပြုတာများ ဒီလောက် အလျင်လိုနေစရာ လိုလို့လား"
"အလျင်မလိုရင် နင် အသက်တွေကြီးကုန်မှာပေါ့ဟယ်"
ယွဲ့လောင်ရှက ချက်ချင်းပင် တုံ့ပြန်လ်ိုက်သည်။
"အို အစ်မကလဲ ကျွန်မတို့အားလုံးက ကျင့်ကြံသူတွေပဲဟာ ဆယ်နှစ်ဆိုတာ ကျွန်မတို့အတွက် တရက်စာလောက်ပဲလေ ကျွန်မတို့ ဒီလမ်းကြောင်းပေါ် လျှောက်လှမ်းနေသရွေ့ နှစ်ပေါင်းထောင်ချီပြီး အသက်ရှင်နေနိုင်ကြတာပဲလေ အသက်ကြီးမှာ ဘာကြောက်နေစရာ လိုလို့လဲ"
"နင်ပြောတာ ဟုတ်တော့ဟုတ်ပါတယ် ဒါပေမဲ့ ဒီလိုနေတာ အထီးမကျန်လွန်းဘူးလား"
ထိုစကားကြောင့် ယွဲ့လောင်ရှ ခေါင်းငုံ့သွား၏။ တခွန်းမှ ပြန်မပြောတော့။
သူမ၏ အမူအရာကို ကြည့်ပြီး ချီဝေယန် နည်းနည်းတော့ သဘောပေါက်သွားဟန်တူသည်။
"တစုံတယောက်ကို အကြာကြီးစောင့်နေရတာမျိုးက သိပ်မကောင်းပါဘူးဟာ"
ယွဲ့လောင်ရှ လေသံမျှနှင့် ပြန်ဖြေလိုက်သည်။
"ကျွန်မ သိပါတယ်လေ"
"ဘာတွေကို သိနေကြတာတုန်း"
သူမတို့နှစ်ယောက် စကားပြောနေကြစဥ်မှာပင် အသံတသံံ ထွက်ပေါ်လာ၏။
အခန်းတွင်းရှိ လူတိုင်းလိုလိုသည် အသံထွက်ပေါ်လာရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။ အသံရှင်မှာ ဂျီဟန်းယင်ပေတည်း။ သူမ၏ဘေးနားတွင် ကျန့်စီချွေ့လည်း အတူတကွ ပါလာ၏။ ယခင်ကဆိုလျင် ကျန့်စီချွေ့သည် ဂျီဟန်းယင်၏ ဘေးနားတွင် ဘယ်တော့မှ အတူလျှောက်ခွင့်မရ။ နောက်မှသာ ကပ်၍လျှောက်ရလေ့ရှိသည်။ ယခုတော့ ကျန့်စီချွေ့သည် ဂျီဟန်းယင်၏ ဘေးနားတွင် ကပ်လျက်လျှောက်လာပြီး သူ၏ ပုံစံမှာလည်း ထည်ဝါလှသည်။ ဂျီဟန်းးယင်၏ ကျန့်စီချွေ့အပေါ် ထားရှိသော အမူအရာမှာလည်း သိသိသာသာပင် ပြောင်းလဲနေ၏။ ၎င်းကိုကြည့်လျင် စုချန်း၏ အကြံညဏ် ထ်ိရောက်မှန်း မြင်သာနေပေသည်။
သူတို့နှစ်ယောက်ကို မြင်သည်နှင့် ပိုင်ယွမ့်ဟုန်က မဆီမဆိုင် ခနဲ့လိုက်တော့သည်။
"ဟာ နောက်မီးလင်းနေတဲ့ စုံတွဲတော့ ရောက်လာပြီ ကောင်းတယ်ဟေ့"
ပိုင်ယွမ့်ဟုန်၏ စကားက ကြမ်းတမ်းလှသည်။ သူ့ဝသီကိုက ထိုအတိုင်းပင်။ ဂျီဟန်းးယင်၏ မျက်နှာသည် မဲခနဲ ဖြစ်သွား၏။ ထို့နောက် သူမက သူ့အား တိုက်ခိုက်ရန် ဟန်ပြင်လ်ိုက်သည်။ သို့သော် သူမအား ကျန့်စီချွေ့က တားဆီးလိုက်၏။
"မင်း အသာနေ ဒီကောင့်ကို ကျုပ်ပဲ ဆုံးမလိုက်မယ်"
စကားဆုံးသည်နှင့် ရေစီးကြောင်းတခု မြားတစင်းပမာ ပိုင်ယွမ့်ဟုန်ထံသို့ ပျံ့လွင့်လာသည်။
"လာစမ်း"
ပိုင်ယွမ့်ဟုန် ကျယ်လောင်စွာ အော်ဟစ်ပြီး လက်သီးနှင့် ထိုးချလိုက်သည်။ သို့သော် ထိုအချိန်မှာပင် ရေစီးကြောင်းသည် ရေမြားများအဖြစ် ပြောင်းလဲသွားပြီး ၎င်းထံသို့ အရပ်ရှစ်မျက်နှာမှ တိုးဝင်လာတော့၏။ တခြားရန်သူသာဆိုလျင် ပိုင်ယွမ့်ဟုန်အနေနှင့် တိုက်ခိုက်ရန် ကြိုးစားပေလိမ့်မည်။ သို့သော် သူတို့မှာ သူငယ်ချင်းများ ဖြစ်နေ၍ ပိုင်ယွမ့်ဟုန်သည် ကိုယ့်ကိုယ်ကို ကာကွယ်ရန်သာ ကြိုးစားလိုက်သည်။ သို့သော် သူသည် ကျန့်စီချွေ့၏ ပြိုင်ဘက်ဟုတ်ပုံမရ။ စက္ကန့့်ပိုင်းအတွင်း ရေမြားများအောက်တွင် သူ နစ်မြုပ်သွားတော့သည်။
ပိုင်ယွမ့်ဟုန် ပြန်လည် တုံ့ပြန်ရန် ကြိုးစားလိုက်သည်။ ထ်ိုအချိန်မှာပင် ဂျီဟန်းယင်က လက်တဖက် မြောက်လိုက်ရာ ရေမြားများအားလုံး ရေခဲများအဖြစ် ပြောင်းလဲသွားပြီး ပိုင်ယွမ့်ဟုန်အား ဖုံးအုပ်သွားတော့သည်။
"သေစမ်း"
ဆဲဆဲဆိုဆိုနှင့်ပင် ရေခဲပြင်အား ထ်ိုးခွဲရန် ပိုင်ယွမ့်ဟုန် ကြိုးစားလိုက်သည်။ ထ်ိုစဥ် ကျန်းစီချွေ့ထံမှ ရေစီးကြောင်းများ ပိုင်ယွမ့်ဟုန်အား ထပ်မံဖုံးလွှမ်းသွားပြန်သည်။ ဤတကြိမ် ရေစီးကြောင်းများသည် ပျော့ပြောင်းနူးညံ့သော်လည်း အင်အားတစုံတရာ ရှိနေဟန်တူသည်။ ပိုင်ယွမ့်ဟုန်အနေနှင့် မည်သို့မှ ထိုးဖောက်မရပဲ ဖြစ်နေ၏။ သိပ်မကြာမီ အနှီ ရေများအားလုံး ဂျီဟန်းးယင်လက်ချက်ဖြင့် ရေခဲများအဖြစ် ပြောင်းလဲကာ ပိုင်ယွမ့်ဟုန်အား ဖုံးလွှမ်းထားလိုက်လေသည်။
"ကဲ ဒီတခါ အာချောင်နိုင်သေးလား ကြည့်ရသေးတာပေါ့"
ဂျီဟန်းးဟင် ရယ်သွမ်းသွေးလိုက်၏။
"သိပ်ကောင်းတယ်ဟေ့"
လက်ခုပ်သံများနှင့်အတူ အခန်းထဲသို့ လူတစု ထပ်မံဝင်ရောက်လာ၏။ ထိပ်ဆုံးမှ ဦးဆောင်ဝင်ရောက်လာသူမှာကား ရွှေရေအပျက်အစီးသိုက်ခရီးစဥ်၏ နံပါတ်တစ်ခေါင်းဆောင် ဟေးယွမ်တုံးပင် ဖြစ်သည်။ သူ့နောက်တွင်တော့ တခြားအဖွဲ့ဝင်များ ဖြစ်ခဲ့ကြသည့့် ဟေးနီလျူ၊ ကျန့်ဟန်ဖန်းး၊ မာချွမ်း၊ ဝေလျံနှင့် တခြားသူများ ပါဝင်သည်။ သူတို့အားလုံး လမ်းခုလတ်မှာပင် ဆုံတွေလာကြဟန်တူ၏။
ဟေးယွမ်တုံးက စကားစလိုက်သည်။
"ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလိုပါပဲလားဟေ့ ကောင်းတယ် သိပ်ကောင်းတယ် ယွမ့်ဟုန် မင်းဟာ စကားကို အမြဲတမ်း ပေါက်လွှတ်ပဲစား ပြောတတ်တယ် ဒီတခါတော့ မင်း သင်ခန်းစာ ရသွားပြီပေါ့ ကြည့်ရသလောက် ညီမဟန်းယင် အရင်ကထက်တောင် ထူးချွန်လာပုံရတယ်"
ထိုအချိန်တွင် ကျန့်ဟန်ဖန်းသည် ပိုင်ယွမ့်ဟုန်ရှေ့သို့ ခုန်ဝင်သွားပြီး စနောက်လိုက်ာက်လိုက်၏။
"အစ်ကိုရှစ် ရေခဲထဲမှာ အဖမ်းခံထားရတာ တော်တော်ကောင်းမှာပဲနော် ဟုတ်လား"
ပိုင်ယွမ့်ဟုန်ကား မျက်လုံးကလယ်ကလယ်နှင့်သာ ရှိနေ၏။ စကားပြန်မပြောနိုင်။
ဂျီဟန်းယင်၏ ရေခဲစွမ်းအားသည် အတော်လေး ကြောက်စရာကောင်းသော်လည်း တကယ်ထူးခြားသည်မှာတော့ ကျန့်စီချွေ့၏ ရေအားပင် ဖြစ်သည်။ ရေစီးအားသည် ပျော့ပြောင်းနူးညံ့သော်လည်း ထူးခြားသော အင်အားတရပ် ပါဝင်နေပုံရပြီး ပိုင်ယွမ့်ဟုန်အနေနှင့် ၎င်းကို မည်သို့မှ ဖောက်ထွက်နိုင်စွမ်း မရှိခဲ့။
ကျန့်စီချွေ့သည် ရွေရေအပျက်အစီးသိုက်သို့ လိုက်ပါလာခြင်းမရှိ၍ ၎င်းတွင် မည်သည့်အစွမ်းသတ္တိများ ရှိကြောင်း ဟေးယွမ်တုံး မသိ။ ကျန့်စီချွေ့သည် နတ်ဆိုးသားရဲဘုရင်လျူယွဲ့၏ အဆက်အနွယ်ဖြစ်ကြောင်း ကောလဟလမျှကိုသာ သူ ကြားဖူးသည်။ ယခု မြင်ရသလောက်တော့ ထိုကောလဟလက အမှန်ပင် ဖြစ်ပုံရ၏။ လျူယွဲ့၏ အဆက်အနွယ်သာလျင် ဤအင်အားမျိုးကို ထုတ်ဖော်နိုင်ပေလိမ့်မည်။ သို့သော် ဤတကြိမ်တွင်လည်း ကျန့်စီချွေ့သည် သူ့အင်အားကို အပြည့်အဝ ဖော်ထုတ်ခဲ့သည်မဟုတ်။ ဂျီဟန်းးယင်၏အစွမ်းကိုသာ ရှေ့တန်းတင်ပြီး သူက နောက်ကွယ်မှ ပံ့ပိုးသယောင်သာ ဟန်ဆောင်ထားခဲ့သည်။
ဂျီဟန်းယင်ကား ကျန့်စီချွေ့၏ ၎င်းသဘောထားကို လက်သင့်ခံလိုဟန်မတူ။ သူမက ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။
"ကျွန်မတယောက်က်တည်းအားနဲ့ သူ့ကို ဒီလောက်လွယ်လွယ် ဘယ်အနိုင်ယူနိုင်ပါ့မလဲရှင် ကျန့်စီချွေ့ရဲ့လျူယွဲ့က အစ်ကိုပိုင်ရဲ့ အင်အားကို ပိတ်ဆို့ထားခဲ့တယ် ဒါကြောင့်သာ ကျွန်မတို့ အသာရသွားခဲ့တာပေါ့"
ကျန့်စီချွေ့ ခါးသီးစွာ ပြုံးလိုက်၏။ သူ့အပေါ် ဂျီဟန်းယင်၏ သဘောထား ပြောင်းလဲလာသည်မှန်သော်လည်း သူလိုချင်သည့် ဆက်ဆံရေးကိုတော့ ယခုတိုင် မတည်ဆောက်နိုင်သေးချေတကား။
မည်သို့ဆိုစေ သူ့အတွက် အခွင့်အရေး ရှိနေသေးသည်မှာ အမှန်ပင်။ ဂျီဟန်းယင်၏ နှလုံးသားကို သိမ်းပိုက်နိုင်ရန် ဤတကြိမ်တွင် သူ သေချာပေါက် အစွမ်းပြရပေလိမ့်မည်။
ထိုခနမှာပင် သတင်းစကားတခုကို အမြန်ဆုံးသယ်ယူပို့ဆောင်ပေးနိုင်သော ယွဲ့လောင်ရှ၏ စွမ်းရည်နှင့် ပေါင်းသင်းဆက်ဆံရေးတခုကို နှစ်ပေါင်းများစွာကြာ တည်တံ့အောင် ထိမ်းသိမ်းထားနိုင်သော စုချန်း၏ အရည်အချင်းကို သံမဏိ နားလည်သဘောပေါက်လိုက်တော့သည်။
သိပ်မကြာမီ ဝူရှောက်၊ ချင်းလင်အာ၊ တိမ်တိုက်ကျားသစ်၊ တုချိန်း၊ စွန်းချီစု၊ ကျိယွာယု၊ ကျူးစင်းအစရှိသည်တို့အားလုံး အသီးသီး ရောက်ရှိလာကြ၏။
ထုံးစံအတိုင်း ဝမ်တောက်ရှန်းကား နောကဆုံးမှ ရောက်လာသူ ဖြစ်သည်။
သူရောက်လာသည့့်အချိန်တွင် တလောကလုံး အမှောင်ဖုံးနေခဲ့လေပြီ။ ညနေကတည်းက ချိန်းဆိုထားသည်ကို ညမှရောက်ချလာသည့့် ဝမ်တောက်ရှန်းပေတကား။
"သေစမ်း ဖက်တီး ရှင် နောက်ကျပြန်ပြီ"
တုချိန်းသည် ဝမ်တောက်ရှန်းအား နားရွက်လိမ်ဆွဲရင်း ငေါက်လိုက်သည်။
"အားယားယား ဒါ ကျုပ် အပြစ်မဟုတ်ဘူးလေ ကျုပ်လဲ တနေကုန် ပြေးလာတာပဲဟာ ကျုပ်က မနက်လောက်မှ လူစုံမယ် မှန်းထားတာ ဒါတောင် ကျုပ်က နေ့တဝက်စောထွက်လာသေးတယ် ဒါတောင် နောက်ကျနေရသေးတယ်လို့ ဘာကြောင့် ဒီလိုဖြစ်သွားမှန်း ကျုပ် မသိတော့ဘူးရယ်"
ဝမ်တောက်ရှန်းက ကပျာကသီပင် ရှင်းပြလိုက်သည်။
"ဘာ မနက်မှ လူစုံမယ်ထင်တယ် ဟုတ်လား နောက်တခါဆိုရင် သုံးရက်လောက်သာ စောပြီးထွက်ခဲ့တော့"
လူတိုင်း၏ ပြိုင်တူစကားသံ ထွက်ပေါ်လာ၏။
"ဖက်တီးဝမ်တောင် ဒီကိုရောက်လာပြီဆိုတော့ ကျန်တဲ့လူတွေ မရောက်လာနိုင်တော့ဘူးလို့ပဲ ယူဆရတော့မယ်ထင်တယ်"
ယွဲ့လောင်ရှ၏ မှတ်ချပြုသံ ထွက်ပေါ်လာ၏။
"ညည်း ဘယ်သူတွေက်ို ထပ်ပြီး အကြောင်းကြားထားသေးလို့လဲ"
ချီဝေယန်က မေးလိုက်၏။
"ရွေရေအပျက်အစီးသိုက်ခရီးစဥ်မှာ ပါဝင်ခဲ့တဲ့ လူတိုင်းကို အကြောင်းကြားထားတာပဲ ဒါပေမဲ့ ဝမ်ရှုအန်က ပြီးခဲ့တဲ့နှစ်မှာ ဒဏ်ရာကြီးကြီးရသွားတယ် ဒါကြောင့် သူ မလာနိုင်လောက်ဘူး ချန်းအမွှာတွေ...သူတို့ကတော့"
ယွဲ့လောင်ရှ၏ စကားသံ တုံ့ဆိုင်းသွား၏။
ချန်းအမွှာများသည် စွမ်းအားကြီးသလောက် တကိုယ်ကောင်းဆန်၍ မလာလောက်ဟု ယွဲ့လောင်ရှ ဆိုလိုကြောင်း လူတိုင်း နားလည်လ်ိုက်သည်။ သို့သော် တချို့မှာလည်း မမျှော်လင့်သော ပြသနာများနှင့် ကြုံတွေ့နေရခြင်းကြောင့် မလာသည်မှာလည်း ဖြစ်နေနိုင်၏။
"ဟာ အကုန်ရောက်နေကြပြီပဲ သေရော"
ထိုအခိုက်မှာပင် အသံတသံံ ထွက်ပေါ်လာ၏။ ချိုသာသောအသံနှင့်အတူ ချောမောလှပသော မျက်နှာတခု ပြတင်းပေါက်ဆီမှ ထွက်ပေါ်လာသည်။
ဟန်လင်းရှပေတည်း။
ဟန်လင်းရှ။ သူမ၏ ပုံစံမှာကား ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိ။ ရှေးတုန်းကအတိုင်း ချောမောလှပလျက် ရှိသည်။ မနားတမ်း ပြေးလာခဲ့ရခြင်းကြောင့် သူမ၏ ပါးပြင်မှာ ရဲရဲနီနေ၏။ သူမ၏ ဘေးနားတွင် နောက်ထပ် လူနှစ်ယောက် ပါလာသည်။ ကျူးကျွန်ကျာ့နှင့် ထန်းမင်တို့ပင် ဖြစ်သည်။ သူတို့နှစ်ယောက်ကား ယခုတွင် အကြင်လင်မယား ဖြစ်နေခဲ့ကြလေပြီ။
"ဟင် မင်းတို့..."
လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
သူတို့သုံးယောက်လုံး ဝမ်တောက်ရှန်းထက်ပင် နောက်ကျနေသေးသည် မဟုတ်ပါလား။
"ကျုပ်တို့ လမ်းမှာ လုပ်စရာလေးတခုရှိနေလို့ နောက်ကျသွားတယ်"
ထန်းမင်က ဘာမှမထူးခြားသော အမူအရာနှင့် ပြောလိုက်သည်။
"ဘာများလဲ"
ဟေးယွမ်တုံးက မေးလိုက်၏။
"ဘာမှထူးထူးခြားခြားတော့ မဟုတ်ပါဘူးဗျာ ဒါပေမဲ့ ဒါလေးက ကျုပ်တို့ခရီးစဥ်အတွက် လိုအပ်လာမလားလို့"
ပြောပြောဆိုဆို ထန်းမင်သည်င်သည် သူ့အိပ်ကပ်အတွင်းမှ တစုံတရာကို ဆွဲထုတ်လိုက်၏။
၎င်းမှာ တဆတ်ဆတ် ခုန်နေသော နှလုံးသားတစုံ ဖြစ်သည်။
"ဟာ အမှောင်နတ်ဆိုးရဲ့ ထာဝရနှလုံးသားပါလား"
သံမဏိလွှတ်ခနဲ ရေရွတ်ရင်း ထန်းမင်င်ကို မေးလိုက်သည်။
"ခင်ဗျား ဆွေးမြေ့နှလုံးသားတောင်ကြားကို သွားခဲ့တာလား"
ထန်းမင် ပြုံးလိုက်၏။
"ကျုပ်တို့ရဲ့ အဓီကပစ်မှတ်က ထုံးကျောက်တောင်ကြောပဲ ဟုတ်တယ်မလား အန္တရာယ်မီးတောင်ဝကို ဖြတ်ကျော်ဖို့ဆိုရင် ဒီထာဝရနှလုံးသားက လိုကိုလိုတယ် ဘာလဲ မင်း မယူချင်ဘူးလား ဒါဆိုလဲ ကျုပ်ပဲ ပြန်ယူထားလိုက်မယ်"
သံမဏိ မလိုချင်ပဲ အဘယ်မှာ ရှိအံ့နည်း။
အဆိုပါ နှလုံးသားသည် စုချန်းပေးအပ်ထားသော တာဝန်ကို ထမ်းဆောင်ရန် မရှိမဖြစ် လိုအပ်သော ပစ္စည်းဖြစ်သည်။
ထိုအခါ သံမဏိက ဝမ်းသာအားရပင် ပြောလိုက်၏။
"ကျေးဇူးတင်ပါတယ် မင်းသားလေးထန်း"
"ထွီ ဒီကောင် လုပ်လိုက်ရင် ဒီအတိုင်းချည်းပဲ သူများထက် နည်းနည်းကွက်ကျော်ရိုက်လိုက်ရမှ"
တစုံတယောက်က်က ထန်းမင်င်၏လုပ်ရပ်ကို မနှစ်မြို့ဟန်ဖြင့် ဝေဖန်လိုက်သည်။
"ထားလိုက်စမ်းပါလေ သူလုပ်တာလဲ အကျိုးရှိတာပဲဟာ"
"ဟုတ်တယ်ဟေ့ ဘာပဲဖြစ်ဖြစ် လူစုံပြီဆိုတော့ အစီအစဥ်ဆွဲလို့ရပြီ"
"ဘာအစီအစဥ်ဆွဲနေစရာလိုသလဲ ထုံးကျောက်တောင်တန်းကို ကျော်ဖြတ်မယ် ကောင်းကင်ဘုံလက်သီးတပ်ရင်းကို ကယ်တင်မယ် ဒါပဲလေ လွယ်လွယ်လေး"
"မင်းပြောသလောက်လွယ်နေရင် တယောက်တည်းသွားပါလား"
အထက်ပါအတိုင်း တယောက်က်တပေါက် ငြင်းခုန်နေကြသည်ကို နားထောင်ရင်း သံမဏိ၏ ရင်ထဲတွင် နွေးထွေးသော ခံစားချက်တရပ် ဖြစ်ထွန်းလာလေသည်။
***