← Chapters

ပြင်းထန်သောတိုက်ပွဲ

Vol. 63 Ch. 621

ပြင်းထန်သောတိုက်ပွဲ

Vol. 63 Ch. 621

မိုးကြိုးနှင့်မီးလျံသည် ကြမ်းတမ်းစွာ လှုပ်ရှားနေရာမှ အရည်ကြည်ထုကြီးသဖွယ် ပေါင်းစပ်ပြီး အုန်းခနဲ ပေါက်ထွက်ကာ သမုုဒ္ဒရာမှ လှိုင်းလုံးကြီးများသဖွယ် ရှေ့သို့ တိုးထွက်လာ၏။

"အားလုံးစုထားစမ်း"

ရှာတန်း သွေးရူးသွေးတန်းနှင့် အမိန့်ပေးလိုက်၏။ ထိုအခိုက်အတန့်ဝယ် စုချန်းအား သူ လုံးဝ အထင်မသေးရဲတော့။

ကျန်သတ်ဖြတ်သူစစ်သားများအားလုံးသည် ရှာတန်း၏ အမိန့်သံထွက်ပေါ်လာသည်နှင့် အကြားအမြင်ဆရာ၏ ပတ်ပတ်လည်တွင် မတ်တပ်ရပ်ကာ စုဝေးလိုက်ကြသည်။

သူတို့၏ ဆေးမင်များသည်လည်း အရောင်တောက်လာကာ မှော်အကာအကွယ်တခုသဖွယ် ဖြစ်ပေါ်လာ၏။ ၎င်းတို့၏ ဆေးမင်များပေါ်မှ ထွက်လာသော အလင်းရောင်များသည်လည်း ထူးဆန်းသည့်ကမ္ဗည်းစာများ ရေးထိုးထားသော အလင်းစက်လုံးကြီးသဖွယ် ပေါင်းစပ်သွားပြီး အကာအကွယ်ကို ရစ်ပတ်သိုင်းခြုံသွားသည်။

စုချန်း၏ မီးလျံငှက်ကြီးသည် အဆိုပါအလင်းစက်လုံးကြီးအား အုန်းခနဲ ဝင်တိုက်လိုက်၏။ ပေါက်ကွဲမှူနှင့်အတူ မီးစက်မီးဖွားများ နေရာအနှံ့သို့ လွင့်ပျံသွား၏။ သို့သော် မီးလျံငှက်ကား သတ်ဖြတ်သူများ၏ အလင်းစက်လုံးကြီးအတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ခြင်းမရှိချေ။

သို့စေကာမူ မီးလျံငှက်နောက်မှ ထပ်ချပ်လိုက်ပါလာသော မိုးကြိုးဓားကတော့ အလင်းစက်လုံးကြီးအား အက်ကွဲသွားစေလေသည်။

တကယ်တော့ အင်အားချင်းယှဥ်လျင် မီးလျံငှက်က မိုးကြိုးဓားထက် သာလွန်ပေသည်။ သို့သော် မီးလျံငှက်ဟူသည်က ဧရိယာသက်ရောက်မှုက်ိုသာ ဦးစားပေးပြီး ရန်သူအများအပြားကို ထိခိုက်စေနိုင်ရန် ဦးစားပေးထားသော တိုက်ခိုက်နည်း ဖြစ်သည်။ ထို့ကြောင့် ၎င်းသည် သီးခြားပစ်မှတ်များကို တိုက်ခိုက်ရာတွင် သက်ရောက်မှု သိပ်မရှိလှ။

သို့သော် မိုးကြိုးဓားကတော့ ၎င်းနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ မိုးကြိုးဓားဟူသည် အားကောင်းသော ခံစစ်များကို ထိုးဖောက်ရာတွင်လည်းကောင်း၊ သီးခြားပစ်မှတ်များကို တိုက်ခိုက်ရာတွင်လည်းကောင်း မီးလျံငှက်ထက် များစွာ ထိရောက်၏။ ထို့ကြောင့် သတ်ဖြတ်သူများ၏ အကာအကွယ်က်ို မိုးကြိုးဓားက အက်ကွဲသွားစေခြင်းပင်။

၎င်းကိုမြင်သည်နှင့် စုချန်းသည် မီးလျံငှက်အား ထပ်မံအသုံးပြုခြင်းမရှိတော့ပဲ တောင်ခွဲဓားပေါ်သို့ ရှိသမျှ စွမ်းအင်များကို ပို့လွှတ်ကာ ဓားချက်ရှစ်ချက်တိတိ ဖော်ထုတ်တိုက်ခိုက်လိုက်၏။

မိုးကြိုးဓားဟူသည်ကား အဆင့်နိမ့်တိုက်ခိုက်နည်းသာ ဖြစ်သည်။ ထို့ကြောင့် တိုက်ခိုက်ပုံ ရိုးရှင်း၏။ သို့သော် ၎င်း၏ အားသာချက်မှာ အချိန်တိုအတွင်း အချက်ပေါင်းများစွာ ဖော်ထုတ်တိုက်ခိုက်နိုင်ခြင်းပင်။

ဓားရှစ်ချက် ထိမှန်ခံလိုက်ရသည်နှင့် သတ်ဖြတ်သူများ၏ အလင်းစက်လုံးအကာအကွယ်သည် ပင့်ကူအိမ်ပမာ အက်ကွဲလာတော့၏။ ထို့နောက် စက္ကန့်ပိုင်းအတွင်း အလင်းစက်လုံး အက်ကွဲသွားတော့သည်။

စက်လုံးအကာအကွယ် အက်ကွဲသွားသည်နှင့် တပြိုင်နက် ပြင်းထန်သော အားလှိုင်းရိုက်ခတ်မှုကြောင့် သတ်ဖြတ်သူများ လေထဲသို့ လွင့်စင်ကုန်၏။ ၎င်းတို့ မြေပေါ်ပြန်မရောက်မီမှာပင် စုချန်းတယောက် တစ္ဆေသရဲတကောင်ပမာ ၎င်းတို့နောက်ကျောသို့ ရောက်ရှိလာတော့သည်။ ထိုစဥ် စုချန်း၏ ဘက်ဖက်လက်ရှိ အရိပ်မီးတောက်လက်အိပ်တွင် အရိပ်မူလပစ္စည်းများ စုဝေးလာ၏။ ထို့နောက် စုချန်းက ၎င်းတို့ကျောပြင်အား လက်သည်းနှင့် ကုပ်ဆွဲလိုက်လေသည်။

အရိပ်လက်သည်းပေတည်း။

စုချန်းသည် သတ်ဖြတ်သူစစ်သား၏ နှလုံးသားအား အလွယ်တကူပင် နှိုက်ထုတ်လိုက်နိုင်၏။

ထိုစဥ် ပုဆိန်နှစ်လက်က စုချန်း၏ နောက်ကျောအား အုန်းခနဲ လာရောက်ထိမှန်၏။ သို့သော် မက်ခ်အကာအကွယ်အားသုံး၍ ပုဆိန်များအား စုချန်း အလွယ်တကူပင် ကာကွယ်နိုင်လိုက်သည်။ မရဏရေညှိမျှင်များအား ထုတ်သုံးရန်ပင် မလိုလိုက်။

ထိုအခိုက်ဝယ် ရှာတန်းသည် လေထဲသို့ ဝုန်းခနဲ ခုန်တက်လိုက်၏။ လေထဲတွင် တရွှီရွှီလှုပ်ရှားနေသော အလင်းတန်းဓားသည် ၎င်း၏ ဒေါသအား ဖော်ပြလျက်ရှိသည်။ ၎င်း၏ ဟိန်းဟောက်သံများတွင်တော့ သွေးဆာနေသော အရိပ်အယောင်များ ယှက်သန်းနေ၏။ ထို့နောက် ၎င်းသည် သားရဲကြီးတကောင်ပမာ စုချန်းအား ခုန်ပေါက်တိုက်ခိုက်တော့သည်။

သတ်ဖြတ်သူခေါင်းဆောင်သည် စုချန်းအား ခြိမ်းခြောက်နိုင်သည့် တဦးတည်းသော ပုဂ္ဂိုလ်ပေတကား။

ရန်သူ၏ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် စုချန်း၏ အကာအကွယ်များ အက်ကွဲကုန်၏။ သို့သော် အလင်းတန်းဓား စုချန်းဆီသို့ မရောက်မီမှာပင် ရုတ်ချည်းဆိုသလို ဓားလေးလက် စုချန်း ဘေးပတ်ပတ်လည်တွင် ပေါ်ပေါက်လာ၏။

ပန်းမဲ့တံတိုင်းဓားများပင် ဖြစ်သည်။ ပန်းမဲ့တံတိုင်းဓားဟူသည်ကား အဆင့်ငါးမူလကိရိယာ ဖြစ်သည်။အဆိုပါ ဓားလေးလက်သည် အလင်းအလွှာလေးလွှာသဖွယ် စုချန်းအား ဝန်းရံကာလှည့်ပတ်လျက်ရှိကြသည်။

သာမာန်လူသာဆိုလျင် တောင်ခွဲဓားအား သုံးစွဲလျက်ရှိသည့်အနေအထားမျိုးကို မဆိုထားနှင့်၊ လက်ဗလာနှင့်ပင် မူလကိရိယာလေးမျိုးအား ကိုင်တွယ်ရန် မလွယ်ကူလှ။

သို့သော် စုချန်းကား သာမာန်လူမဟုတ်။ ထို့ပြင် အဆိုပါ ဓားလေးလက်လုံးမှာ ဝိညာဥ်လက်နက်များ ဖြစ်နေသည် မဟုတ်ပါလား။

အားကောင်းသော အလင်းတန်းများ ဓားလေးလက်ပေါ်သို့ ကျရောက်လာ၏။ ထ်ိုအခါ ဓားလေးလက်ထံမှလည်း အလင်းရောင်များ အလားတူ ထွက်ပေါ်လာကာ တုံ့ပြန်တိုက်ခိုက်လ်ိုက်ကြလေသည်။

ထိုစဥ် စုချန်းက လက်တဖက်အား ဝေ့ယမ်းလိုက်ရာ ပထမဓားလေးလက် ပျောက်ကွယ်သွားပြီး နောက်ထပ် ဓားလေးလက် ပေါ်ပေါက်လာပြန်သည်။

ရေခဲဓားများပင် ဖြစ်သည်။

စူးရှအေးစက်သော အလင်းရောင်များနှင့်အတူ ဓားလေးလက်သည် ရှေ့သ်ို့တဟုန်ထိုး ပျံသန်းသွား၏။ ဓားသွားဆီမှ တိုးထွက်လာသည့့် ကြောက်စရာအအေးဒဏ်ကြောင့် သတ်ဖြတ်သူစစ်သားများ နေရာမှာပင် အေးခဲကုန်၏။

သတ်ဖြတ်သူစစ်သားနှစ်ဦးကား ဤတကွက်တွင် ခေါင်းပြုတ်ကုန်လေပြီတည်း။ ဝန်းကျင်တခုလုံး သွေးများ ရဲခနဲ ဖြစ်ကုန်၏။

တိုက်ခိုက်မှု ဘယ်နေရာက လာမှန်းပင် သူတို့မပြောနိုင်လိုက်ကြ။ သူတို့နောက်ဆုံး မြင်လိုက်ရသည်မှာည်မှာကား နီရဲသော အလင်းတန်းနှစ်ခုသာ ဖြစ်သည်။

အရိပ်ဓားများ ဖြစ်သည်။ ရေခဲဓားဖြင့် သတ်ဖြတ်သူစစ်သားနှစ်ဦးအား အေးခဲစေပြီး အရိပ်ဓားနှင့် ခေါင်းဖြတ်လိုက်သည့် စုချန်း၏ အကွက်ကတော့ အတော်ပင် ပြောင်မြောက်လှ၏။

ယခုဆိုလျင် စုံစမ်းထောက်လှမ်းရေးအဖွဲ့၌ သတ်ဖြတ်သူစစ်သားလေးယောက်သာ ကျန်တော့သည်။

"မဟုတ်ဘူး"

ရှာတန်း ဒေါသတကြီးနှင့် အော်ဟစ်လိုက်၏။

သူတိူ့အုပ်စုလေးသည် အသိုက်တခုလုံးတွင် အထူးချွန်ဆုံးသူများကို စုစည်းထားခြင်း ဖြစ်သည်။ လူသားများနှင့် ပတ်သက်၍ အန္တရာယ်များလှသည့့် တာဝန်များစွာကိုလည်း သူတို့ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်သည်။ အသိုက်ခေါင်းဆောင်ကိုယ်နှိုက်က ရှာတန်း၏ အုပ်စုသည် အင်မတန်ထူးချွန်ပါပေသည်ဟု တခုတ်တရ ချီးကျူးခဲ့ဖူး၏။

ယခုတော့ သာမာန်သတ်ဖြတ်သူစစ်သည်တော်တစ်ထောင်နှင့် ညီမျှသော ဤအုပ်စုလေးသည် ဟင်းသီးဟင်းရွက်ကဲ့သို့ ခုတ်ထစ်ခံနေရ၏။ ရှာတန်းအနေနှင့် အဘယ်မှာ ခံနိုင်အံ့နည်း။

သူတို့အနေနှင့် လူသားရန်သူကို မယှဥ်နိုင်မှန်း ရှာတန်း သိလိုက်ပေပြီ။

ရှာတန်း သေရမည်ကို မကြောက်။ ဗိုလ်ချုပ်ပေးလိုက်သည့်တာဝန် မကျေပြွန်မည်ကိုသာ ကြောက်၏။

နောက်ဆုံးတွင် ရှာတန်းက ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်တော့သည်။

"လမ်းခွဲပြီး လွတ်အောင်ပြေးကြပေတော့ ဒီသတင်းကို ဗိုလ်ချုပ်ဆီရောက်အောင်ပို့"

စုချန်း မျက်မှောင်ကုတ်လိုက်၏။

ဤစကားမှာ မကြားရစေရန် သူ မျှော်လင့်နေသော စကား ဖြစ်သည်။

ရှာတန်း၏ အမိန့်ကို ကြားလိုက်သည်နှင့် အခြေအနေက်ို သတ်ဖြတ်သူစစ်သားသုံးဦး နားလည်သွားဟန်တူသည်။ ချက်ချင်းပင် နောက်သို့လှည့်ပြီး ခြေကုန်သုတ်ကြတော့၏။ ထိုအခိုက်ဝယ် ရှာတန်းသည် စုချန်းဆီသို့ ခုန်ဝင်လာလေသည်။ သူ့အဖွဲ့ဝင်များ ထွက်ပြေးလွတ်မြောက်နိုင်စေရန် ဤအခိုက်အတန့်ဝယ် စုချန်းအား အလုပ်ပေးထားမည့်သူတဦး လိုနေမှန်း ရှာတန်း သဘောပေါက်ထား၏။ ထိုတာဝန်ကို ထမ်းဆောင်နိုင်မည့်သူမှာလည်း သူမှလွဲ၍ အခြားမရှိ။

သတ်ဖြတ်သူစစ်သားသုံးဦး ထွက်ပြေးရန်ပြင်နေသည်ကို မြင်သည်နှင့် စုချန်း၏ မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ယှက်သန်းလာ၏။ သူ့မျက်လုံးအစုံတွင်လည်း ထူးဆန်းသော အလင်းရောင်များ ထွက်ပေါ်လာသည်။ သေစေနိုင်သောစုန်းမ နိုးထလာခြင်းပေတည်း။

သတ်ဖြတ်သူခေါင်းဆောင်သည်လည်း နေရာတွင် တုံ့ခနဲ ဖြစ်သွား၏။

ထိုအခြေအနေကို မြင်သည်နှင့် အကြားအမြင်ပညာရှင်သည် စူးရှသောအသံနှင့် အော်ဟစ်လိုက်၏။ အော်သံနှင့်အတူ အကြားအမြင်ပညာရှင်၏ မျက်လုံးမှ သွေးများ စီးကျလာ၏။ စုချန်း၏ သေစေနိုင်သောစုန်းမမှာလည်း ပျက်ပြယ်သွားပြီး တန်ပြန်ရိုက်ခတ်ခြင်း ခံလိုက်ရသည်။ ပြင်းထန်သော တန်ပြန်ရိုက်ခတ်မှုကြောင့် ဤအခိုက်အတန့်ဝယ် သေစေနိုင်သောစုန်းမအား စုချန်း အသုံးပြုနိုင်တော့မည် မဟုတ်။

ကျန်စစ်သားနှစ်ဦးသည် ၎င်းကို အခွင့်အရေးယူကာ ထွက်ပြေးရန် အခွင့်အရေး ရရှိသွားတော့သည်။

"သေစမ်း"

စုချန်း ကျိန်ဆဲလိုက်သည်။ ထ်ို့နောက် သူက လက်တဖက်ကို လှုပ်ရှားလိုက်ရာ ဝိညာဥ်လက်နက်အများအပြား ထွက်ပေါ်လာပြီး စစ်သားနှစ်ဦးနောက်သို့ လိုက်ပါသွားတော့၏။

အကြားအမြင်ပညာရှင်သည် မျက်လုံးမှ သွေးများစီးကျနေသည့်တိုင် အခြေအနေက်ို မြင်နိုင်၏။ ထိုအခါ သူက လျင်မြန်စွာ လှုပ်ရှားပြီး ဝိညာဥ်လက်နက်များအား သူ့ကိုယ်ခန္ဓာနှင့် ဝင်ခံပေးလိုက်တော့သည်။

အနည်းဆုံး ဝိညာဥ်လက်နက်ခြောက်မျိုးခန့်က အကြားအမြင်ပညာရှင်၏ ကိုယ်ခန္ဓာအား ဖောက်ထွက်သွား၏။ သို့သော် အကြားအမြင်ပညာရှင်သည် ထ်ိုလက်နက်များအား သူ့ကိုယ်မှ ဖောက်ထွက်မသွားစေရန် တင်းကျပ်စွာ ဆုပ်က်ိုင်ထားလိုက်သည်။ လက်နက်များအနက်မှ တခုသည် အကြားအမြင်ပညာရှင်အား ရှောင်တိမ်းပြီး သတ်ဖြတ်သူစစ်သားအား ထိမှန်သွား၏။ ဓားချက်ကြောင့် ၎င်း၏ ​လက်တဖက် ပြတ်တောက်သွားလေသည်။ သို့သော် သတ်ဖြတ်သူစစ်သားကား လှည့်၍ပင် မကြည့်။ ခြေကုန်သာသုတ်လေသည်။

ထိုအချိန်တွင် ရှာတန်းသည် စုချန်းဆီသို့ ခုန်ဝင်လာ၏။ အနှီသတ်ဖြတ်သူ သူရဲကောင်း၏ မီးကုန်ယမ်းကုန်တိုက်ခိုက်မှုအား စုချန်း ဂရုတစိုက်နှင့် ကာကွယ်လိုက်ရလေသည်။

သူပစ်လွှတ်လိုက်သည့့် ဝိညာဥ်လက်နက်အုပ်စုနှစ်စုအနက် တစုသည် သတ်ဖြတ်သူစစ်သားတဦးအား ရှင်းနိုင်ခဲ့သော်လည်း ကျန်တအုပ်စုမှာ အကြားအမြင်ပညာရှင်၏ စတေးမှုကြောင့် အလကားဖြစ်သွားမှန်း စုချန်း မြင်တွေ့လိုက်ရသည်ည်။ ယခုဆိုလျင် ထ်ိုစစ်သားသည် တိုက်ပွဲစည်းဝိုင်း၏ အပြင်ကို ရောက်သွားခဲ့လေပြီ။

သတ်ဖြတ်သူစစ်သားသည် လက်ပြတ်နေသည့်တိုင် အလင်းကဲ့သို့အလျင်နှုန်းနှင့် ပြေးလွှားနေ၏။ ၎င်း၏ ပြေးနှုန်းမှာ မြန်ဆန်လွန်းသောကြောင့် လက်လွတ်ခြေလွတ် လိုက်ရလျင်ပင် ၎င်းက်ို လိုက်မှီရန် စုချန်းအဖို့ အတော်လေး ခဲယဥ်းပေလိမ့်မည်။

သက်ပြင်းတချက်ချရင်း မီးကုန်ယမ်းကုန် တိုက်ခိုက်နေသော ရှာတန်းအား စုချန်း စိုက်ကြည့်လိုက်၏။

ထွက်ပြေးလွတ်မြောက်သွားသော သတ်ဖြတ်သူစစ်သားသည် ဒဏ်ရာရနေသည့်အတွက် အသိုက်သို့ အရောက်ပြန်နိုင်လိမ့်မည်မဟုတ်။ သို့သော် သူသာ ငနုံမဟုတ်ပါက လမ်းခရီးတွင် သတ်ဖြတ်သူခရီးသွားတဦးနှင့် တွေ့ဆုံရုံမျှဖြင့် တာဝန်ပြီးမြောက်နိုင်ပေသည်။ သတင်းစကားအား တဆင့်စီ ဖြန့်ချီလိုက်ရုံသာ မဟုတ်ပါလား။ ထို့နောက်တွင်တော့ အဝါရောင်နဂါးသစ်တောနှင့် ပတ်သက်သည့်သတင်းသည် လျှို့ဝှက်ချက်တခု မဟုတ်နိုင်တော့။

တခြားမည်သည့်သတ်ဖြတ်သူနှင့်မှ မတွေ့သေးပဲ ဒဏ်ရာကြောင့် သေသွားသည်မျိုးလည်း ဖြစ်သွားနိုင်၏။ သို့သော် ၎င်းသည် လေညှင်းမြို့သို့ ဦးတည်ပြေးလွှားနေသည် ဖြစ်လေရာ ထိုသို့ဖြစ်ရန်တော့ ခဲယဥ်းလေသည်။

သူ့တွင် အချိန်သိပ်မရှိတော့မှန်း စုချန်း သဘောပေါက်လိုက်ပေပြီ။

***

All Chapters