← Chapters

ကြည့်လိုက်ပါ

Vol. 63 Ch. 622

ကြည့်လိုက်ပါ

Vol. 63 Ch. 622

အထီးကျန်ငန်းခံတပ်အနီးတွင် ဖြစ်သည်။

ထိုနေရာသည် ဟာဗေးလွင်ပြင်၊ အေးခဲဖုန်ဆိုးမြေတို့နှင့် ဆက်စပ်နေ၏။ ၎င်း၏ အရှေ့ဘက်က်ိုလွန်ပါက နာမည်ဆိုးနှင့် ကျော်ကြားသည့် မရဏနယ်မြေရှိလေသည်။

မူလကမ္ဘာကြီးဝယ် အသက်ရှင်သန်ရန် ခက်ခဲ့သည့် နေရာဒေသများစွာ ရှိနေ၏။ ၎င်းတို့အနက် မရဏနယ်မြေသည်လည်း တခုအပါအဝင် ဖြစ်လေသည်။

အဆိုပါ မရဏနယ်မြေသည် နှစ်ပေါင်းသိန်းချီကာလတိုင်အောင် ထီးထီးတည်း တည်ရှိနေခဲ့ပြီး မည်သည့်သက်ရှိမှ မရဏနယ်မြေအတွင်း ဝင်ရောက်သွားပြီး အသက်နှင့်ကိုယ်မြဲ၍ ပြန်ထွက်လာနိုင်ခြင်းမရှိခဲ့။

အလင်းနတ်ဘုရားမင်းဆက်ခေတ်က သတ်ဖြတ်သူများသည် အေးခဲဖုန်ဆိုးမြေအတွင်းသို့ မောင်းထုတ်ခံခဲ့ရ၏။ ဤအနေအထားတွင် ၎င်းတို့သည် မရဏနယ်မြေကို ဖြတ်ကျော်၍ လူသားတို့အား အငိုက်ဖမ်းတိုက်ခိုက်ရန် ပြန်လည်ကြိုးစားခဲ့ကြလေသည်။

သို့သော် ၎င်းတို့ရည်ရွယ်ချက်မှာ အလုံးစုံ ပျက်သုန်းသွားခဲ့ရ၏။ မရဏနယ်မြေအတွင်း ဝင်ရောက်သွားသော သတ်ဖြတ်သူစစ်သား နှစ်သိန်းအနက် အသက်ရှင်လျက်ပြန်ထွက်လာနိုင်သူမှာ တထောင်ပင် မပြည့်ခဲ့ချေ။

အဆိုပါ ကံကောင်းထောက်မစွာ ရှင်ကျန်ရစ်ခဲ့သည့် သတ်ဖြတ်သူစစ်သားအကြွင်းအကျန်များ၏ ပြောကြားချက်အရ မရဏနယ်မြေအတွင်းဝယ် ဘယ်အရာ ကြီးစိုးနေကြောင်း လူတိုင်းသိခွင့်ရလာခဲ့၏။

မရဏနယ်မြေအတွင်း ကြီးစိုးနေသော အရာမှာ တခြားမဟုတ်။ မူလသားရဲကြီးပေတည်း။

၎င်းသည် မရဏနယ်မြေ၏ အလယ်ဗဟ်ိုတွင် အခန့်သား အိပ်စက်လျက်ရှိပြီး ၎င်းအား နှောင့်ယှက်လာသူမှန်သမျှကို ဖျက်ဆီးပစ်တတ်သည် ဟူ၏။

ထိုကနေ့မှစ၍ သေခြင်းတရားများ ဖုံးလွှမ်းနေသော အမှောင်နယ်မြေအား မည်သည့်သတ္တဝါမျိုးမှ မနှောင့်ယှက်ရဲတော့။

သတ်ဖြတ်သူနယ်မြေမှ လူသားနယ်မြေအတွင်း ရောက်ရှိရန် မရဏနယ်မြေအား ဖြတ်သန်းသွားမည့်လမ်းကြောင်းမှာ မည်သူမှ မစဥ်းစားရဲသောအရာ ဖြစ်သည်။ အကြောင်းမှာ မည်သို့မှ အောင်မြင်နိုင်ချေမရှိသောကြောင့်ပင်။

သို့သော်ငြားလည်း ဤယနေ့တွင်တော့ များစွာ ကွဲပြားသွားခဲ့လေပြီ။

အကြောင်းမှာ လူသားတပ်ဖွဲ့တဖွဲ့သည် အဝေးဆီမှ မရဏနယ်မြေ၏ အဝင်ပေါက်ဆီသို့ တရွေ့ရွေ့ချည်းကပ်နေသောကြောင့်ပင်။

၎င်းတို့သည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် တရွေ့ရွေ့ ချည်းကပ်လျက်ရှိသည်။ တပ်ဖွဲ့မှာ အရေအတွက်အားဖြင့် များပြားသည်ဟု ဆိုသော်လည်း အသံတစုံတရာမှ မထွက်။ စည်းကမ်းပြည့်ဝသော စစ်တပ်တစ်တပ်၏ အရည်အသွေးကို ပြည့်ပြည့်ဝဝ ဖော်ကျူးလျက်ရှိသည်။

ရှီကိုင်းဟွမ်သည် မိုင်တသောင်းမြင်းကြီးပေါ်တွင် ထိုင်လျက် အဝေးဆီမှ တွေ့မြင်နေရသည့် အမှောင်နယ်မြေအား ငေးစိုက်ကြည့်လျက်ရှိ၏။ အဝေးမှကြည့်လျင် ၎င်းသည် ပါးစပ်ကြီးဟလျက် ဖြတ်သန်းလာသမျှ သက်ရှိများအား ဝါးမြိုရန် စောင့်စားနေသည်ဟု ထင်မှတ်ရသည်။

ယခုဆိုလျင် အရေအတွက်အားဖြင့် ထောင်ဂဏန်းသာရှိသော ကောင်းကင်ဘုံလက်သီးတပ်ရင်းသည် ဤနယ်မြေမှ စောင့်ဆိုင်းနေသော သေခြင်းတရားအား စိမ်ခေါ်ရန် ကြိုးစားနေကြပေပြီ။

"အောင်မြင်သည်ဖြစ်စေ ရှုံးနိမ့်သည်ဖြစ်စေ ဒါဟာ ငါတို့ရဲ့ ကံတရားပဲ"

ရှီကိုင်းဟွမ်က သက်ပြင်းချရင်း ပြောလိုက်၏။

"ရှုံးနိမ့်သွားရင်တော့ စက္ကန့်ပိုင်းအတွင်း ကိစ္စပြတ်သွားမှာပဲ ကျုပ်ကတော့ နောက်ပြန်လှည့်ပြီး ဟိုကောင်တွေကို စိတ်ရှိလက်ရှိသတ်ပြီးမှ အသေခံသွားတာ ပိုကောင်းမယ်လို့ ထင်နေတုန်းပဲ"

ချန်းတျန်ဟိုင်က ပြောလိုက်၏။

"ရှင့်ပါးစပ်ကို ပိတ်ထားစမ်းငကြောက် ရှင့်အသက်ကို ရှင် မနှ​မြောပေမဲ့ ရှင်ဟာစစ်သား ဒါကြောင့် လုပ်ချင်တိုင်းလုပ်လို့မရဘူး အနည်းဆုံး ကျွန်မတို့ထဲက တချို့တော့ အိမ်ပြန်ရောက်မှဖြစ်မယ် ဒါမှ ဒီမှာ ဘာဖြစ်ခဲ့တယ် ဘာတွေတွေ့ခဲ့တယ်ဆိုတာ အကြီးအကဲတွေကို ပြန်ပြောပြလို့ရမယ်"

ချူးယင်ဝမ်က မကျေနပ်ဟန်ဖြင့် ငေါက်လိုက်၏။ ထိုစဥ် လင်းချောက်ချွန်က ပြောလိုက်ပြန်သည်။

"ဒီမှာ ဘယ်သူမှ အိပ်မက်သခင်မရှိတာ ဆိုးတာပဲ မဟုတ်ရင် ကျုပ်တို့ ဒီလောက်ထိ အခြေအနေ မဆိုးဘူး"

"စစ်သားဆိုတာ ဆင်းရဲတယ် ဒီတော့ အိပ်မက်နယ်ပယ် ထိပ်တန်းအဆင့်တွေက်ို ဘယ်ရောက်နိုင်ပါ့မလဲ"

လီကုံးရှန်က ရယ်မောရင်း ပြောလိုက်၏။

အိပ်မက်နယ်ပယ်တွင် ထိပ်တန်းအဆင့်တခု ရရှိရန် မူလကျောက်တုံး မီးလျံနှင့်ချီ၍ သုံးစွဲရသည် မဟုတ်ပါလား။

"အမှန်ပါဟေ့ ဒါနဲ့ အစ်က်ိုကြီးရှီ ဒီထဲမှာ ခင်ဗျားက သနားစရာအကောင်းဆုံးပဲ ရှိသမျှ ငွေတွေ တပည့်လက်ထဲ အကုန်ထည့်ပစ်လိုက်တာကိုး မဟုတ်ရင် ခင်ဗျား အိပ်မက်သခင်အဆင့်တော့ ရောက်လောက်ပြီ"

ကောက်ဝမ်ချန်းက ဝင်ပြောလိုက်၏။

ရှီကိုင်းဟွမ်က မည်သည့်ခံစားချက်မှ မရှိသောလေသံနှင့် ပြောလိုက်သည်။

"ကျုပ် အိပ်မက်သခင်ဖြစ်လဲ ဘာမှမထူးပါဘူး သူတို့ ဘာသတင်းအချက်အလက်မှ ပေးမှာမဟုတ်ဘူး ဒီတိုက်ပွဲကနေ အကျိုးအမြတ်ရမဲ့ တဦးတည်းသောသူက အိပ်မက်နယ်ပယ်ရဲ့ ပိုင်ရှင်ပဲလေ"

"ဘာမှစိတ်မပူကြပါနဲ့ ကျုပ်ရဲ့အင်မတန်လှပတဲ့ အစီအစဥ်က အောင်မြင်မှာပါ"

ကျန်မောက်စီသည် အမှောင်ထုအား အရောင်တဖိတ်ဖိတ်တောက်နေသော မျက်လုံးအစုံဖြင့် စိုက်ကြည့်ရင်း စိတ်လှုပ်ရှားဟန်ဖြင့် ပြောလိုက်သည်။

"ကြည့်စမ်းပါအုံး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေလိုက်တာ"

ချူးယင်ဝမ်က မဲ့လိုက်၏။

"မင်း ဘာမှမသိပါဘူးကွာ"

ကျန်မောက်စီက ချူးယင်ဝမ်က စနောက်က်ဟန်ဖြင့် ပြောလိုက်၏။

"ကဲ ကဲ အငြင်းအခုန် မလုပ်ကြတော့နဲ့ ဝင်ပေါက်နဲ့ တဖြည်းဖြည်း နီးလာပြီ အားလုံး မြင်းပေါ်ကဆင်းပြီး ခန အနားယူကြမယ် ပတ်ဝန်းကျင်ကို လေ့လာဖို့ စုံစမ်းရေးအဖွဲ့ လွှတ်လိုက် မဆူနဲ့ မီးမဖိုနဲ့ ကျုပ်တို့ ဒီနေရာကို ရောက်ဖို့ အများကြီး ကြိုးစားခဲ့ရတယ် ခုချိန်ကျမှ အစီအစဥ် အပျက်မခံနိုင်ဘူး"

လီကုံးရှန်က အမိန့်ပေးလိုက်၏။

တပ်ခေါင်းဆောင်အနေနှင့် လီကုံးရှန်၏ စကားမှာ အမိန့်ပင်။ လူတိုင်း သူ့စကားအတိုင်း လှုပ်ရှားလိုက်ကြ၏။

သိပ်မကြာမီ စုံစမ်းစစ်ဆေးရေးအဖွဲ့ ပြန်လည်ရောက်ရှိလာပြီး အစီရင်ခံလိုက်သည်။

"တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်တစင်း ဒီဖက်ကို ဦးတည်ပျံသန်းလာတာကို တွေ့ရပါတယ်"

ဘာ....

လူတိုင်း အံ့သြသင့်ကုန်၏။

သတ်ဖြတ်သူများ လိုက်လာခြင်းပေလော...

"ခနနေအုံးဟေ့ ခုနက မင်းပြောလိုက်တာ တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်တဲ့ ဟုတ်လား"

ရှီကိုင်းဟွမ်က ထောက်လှမ်းရေးတပ်သားအား လှမ်းမေးလိုက်သည်။

"ဟုတ်ပါတယ်ခင်ဗျ ကောင်းကင်ထောက်လှမ်းရေးမျက်လုံးကိုယ်နှိုက်က မြင်တာပါ သိပ်မကြာခင် ယာဥ်ပျံ ဒီကိုရောက်လာပါလိမ့်မယ် ကျွန်တော်တို့ ပစ်ချလိုက်ရမလားခင်ဗျ"

တပ်သားက ညွှန်ကြားချက် တောင်းခံလိုက်၏။

"ဘယ်သတ်ဖြတ်သူက လွန်းပျံယာဥ်စီးလို့တုန်း"

ကောက်ဝမ်ချန်းက မှတ်ချက်ပြုလိုက်၏။

"လူသားများ ဖြစ်နေမလား"

လင်းချောက်ချွန်က တီးတိုးရေရွတ်လိုက်၏။

"ဒီလိုလေပိုင်နက်မှာ ဘယ်လူသားက အရူးထပြီး လွန်းပျံယာဥ် စီးရဲမှာတဲ့တုန်း"

လီကုံးရှန်က သက်ပြင်းချရင်း ပြောလိုက်သည်။

ကောင်းကင်ဟူသည် ထင်သလောက် ငြိမ်းချမ်းသောနေရာမဟုတ်။ အထက်ပိုင်းကောင်းကင်အမြင့်သည် အတောင်ပံပါသားရဲကြီးများ၏ ပိုင်နက်ဖြစ်ပြီး အောက်ပိုင်းကောင်းကင်ကတော့ မျိုးစိတ်ကြီးငါးစိတ်၏ လေပိုင်နက် ဖြစ်သည်။ ထို့ကြောင့် သင့်အနေနှင့် ကောင်းကင်တွင် လက်လွတ်စပယ် ပျံသန်း၍မရချေ။

ဤနေရာတွင် ကွာခြားသည်မှာ လူသားများသည် အမြဲတမ်းလိုလို အပေါ်ပိုင်းလေပိုင်နက်သို့တက်ပြီး သားရဲများအား နှိမ်နှင်းလေ့ရှိသည်။ သို့သော် သတ်ဖြတ်သူများကတော့ ထိုသို့မဟုတ်။ ၎င်းတို့လေပိုင်နက်အတွင်း ရန်သူများ ဝင်ရောက်လာခြင်းကို ကာကွယ်ရန် သားရဲများအား လက်လွတ်စပယ်ပင် လွှတ်ထားလေ့ရှိ၏။ ထို့ကြောင့် သတ်ဖြတ်သူလေပိုင်နက်သည် အမြဲတစေ အန္တရာယ်များတတ်ပေသည်။

ထို့ကြောင့် ကောင်းကင်ဘုံလက်သီးတပ်ရင်းသည် လေကြောင်းမှ အိမ်ပြန်မည့်နည်းလမ်းကို မရွေးချယ်ခဲ့ကြခြင်းပင်။ ထို့ပြင် မည်သို့ပျံသန်းရမည်ကိုလည်း သူတို့ မသိ။

ယခုတော့ တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်တစီးသည် ဘာကိုမှ ဂရုမစိုက်ဟန်ဖြင့် သူတို့ဆီသို့ တည့်တည့်မတ်မတ်ပင် ပျံသန်းလာ၏။

"သွားကြည့်ရအောင်ဟေ့"

လီကုံးရှန်က လောဆော်လိုက်သည်။ ထို့နောက် သူရဲကောင်းခုနှစ်ယောက်သည် လွန်းပျံယာဥ်ပျံသန်းလာသည့်လမ်းကြောင်းအတိုင်း လျှောက်လာခဲ့ကြ၏။

လီကုံးရှန်သည် ကောင်းကင်ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေ၏။ လွန်းပျံယာဥ်တစီး သူတို့ရှိရာသို့ အမှန်တကယ်ပင် ဦးတည်ပျံသန်းလာကြောင်း သူ မြင်တွေ့လိုက်ရသည်။ ယာဥ်၏ ရှေ့မျက်နှာစာမှာ ပွင့်လျက်ရှိရာ အထဲတွင် ရှိနေသောသူကို သဲကွဲစွာ မြင်တွေ့နေရ၏။

လီကုံးရှန်၏ နှုတ်မှ အာမေဋိတ်သံ ထွက်ပေါ်လာသည်။

"သူ လူသားပဲကွ"

"ဟာ တကယ် လူသားပဲလား"

"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဘယ်လိုလူစားမျိုးက လွန်းပျံယာဥ်ကို ဒီလိုနေရာထိ ယူလာနိုင်မှာလဲ"

"သတိထားဟေ့ ဒီကောင် သတ်ဖြတ်သူတွေရဲ့ နောက်လိုက်ခွေးလား မသိဘူး"

"ဒါဆို ဘယ်လိုလုပ်ရမလဲ ပစ်ချလိုက်ရမလား ယာဥ်ကတအားမြန်တော့ သိပ်မကြာခင် သူ ကျုပ်တို့ကို တွေ့သွားတော့မယ်"

ယာဥ်အတွင်းရှိလူသာ သစ္စာဖောက်ဖြစ်နေပါက သူတို့အားလုံး အန္တရာယ်ရှိသည်မှာ အမှန်ပင်။

သိပ်မကြာခင် လူတိုင်း၏ ပါးစပ်ဖျားမှ တောင်းဆိုသံများ ထွက်ပေါ်လာ၏။

"ပစ် ချ လိုက်"

"ပစ် ချ လိုက်"

"ပစ် ချ လိုက်"

ထိုသို့ တောင်းဆိုရခြင်းမှာ သူတို့ ရက်စက်လွန်း၍ မဟုတ်။ တပ်ဖွဲ့တဖွဲ့လုံး၏ လုံခြုံရေးနှင့် သက်ဆိုင်နေသောကြောင့်ပင်။

ထ်ိုစဥ် ကောင်းကင်က်ို မော့ကြည့်ရင်း ရှီကိုင်းဟွမ်၏ တကိုယ်လုံး တုန်ခါသွား၏။

"စုချန်း"

လူတိုင်း ကြောင်တောင်တောင်ဖြစ်သွား၏။ စုချန်းဟူသော နာမည်သည် ဘာကိုဆိုလိုမှန်း သူတို့ နားမလည်နိုင်ပဲ ဖြစ်နေကြလေသည်။

ထိုစဥ် ရှီကိုင်းဟွမ်က ကျယ်လောင်သောအသံနှင့် ထအော်လိုက်၏။

"အဲဒါ ကျုပ်တပည့်ပဲ ကျုပ်တပည့် သူ ကျုပ်တို့ကို ကယ်ဖို့ရောက်လာပြီ"

***

All Chapters