← Chapters

ပြိုင်ဘက်ဟောင်း

Vol. 63 Ch. 623

ပြိုင်ဘက်ဟောင်း

Vol. 63 Ch. 623

တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်သည် ကောင်းကင်ပေါ်တွင် တကြိမ်ခန့် ဝေ့ဝိုက်ပြီး မြေကြီးပေါ်သို့ ဆင်းသက်လာ၏။

လွန်းပျံယာဥ်အတွင်းမှ ခုန်ထွက်လျင်ထွက်ချင်း စုချန်းအား ဆီးကြိုနှုတ်ဆက်နေသည်မှာ ရှီကိုင်းဟွမ်၏ ရင်းနှီးသောမျက်နှာပင် ဖြစ်သည်။

"ဆရာ"

ရှီကိုင်းဟွမ်အား နှုတ်ဆက်လိုက်သော စုချန်း၏ အသံမှာ စိတ်လှုပ်ရှားမှုနှင့် ပြည့်နှက်နေ၏။

ကောင်းကင်ပေါ်မှ လှမ်းကြည့်ကတည်းက ရှီကိုင်းဟွမ်တယောက်က် အသက်ရှင်နေသေးမှန်း သေချာနေသည့်တိုင် စိတ်လှုပ်ရှားမှုကို စုချန်း မထိန်းနိုင်တော့။ သူ ခြုံးပွဲငိုချမိတော့သည်။

ရှီကိုင်းဟွမ်သည် စုချန်း၏ လက်က်ိုဆုပ်ကိုင်ပြီး ခြေစခေါင်းဆုံး ကြည့်ရှုလျက်ရှိသည်။ သူ့မျက်လုံးထဲတွင်တော့ အံ့သြသင့်နေသည့် အရိပ်အယောင်များ ရေးရေးမျှ ထင်နေ၏။

"ကောင်းတယ် ကောင်းတယ် သိပ်ကောင်းတယ်"

ရှီကိုင်းဟွမ်က အာလုတ်သံကြီးနှင့် ရေရွတ်လိုက်သည်။

ဤနေရာသို့ စုချန်း မည်သို့ရောက်လာသည်၊ ဤနေရာကို မည်သို့ရှာတွေ့သည်ကို သူ မမေး။ စုချန်းကို ထပ်မံဆုံတွေ့ရသည့်အတွက် ဝမ်းသာသည့်ခံစားချက်မျှသာ ရှီကိုင်းဟွမ်၏ ရင်ထဲတွင် ပြည့်နှက်လျက်ရှိသည်။

"ဆရာ...ဆရာ့ကိုကြည့်ရတာ အခြေအနေ မကောင်းပါလား"

ရှီကိုင်းဟွမ်၏ တလုံးတည်းသော မျက်လုံးနှင့် တွဲလောင်းကျနေသော လက်မောင်းအိုးကို ကြည့်ရင်း စုချန်းက ပြောလိုက်၏။

"ကျောက်တုံးပုတ်သင်အသိုက်ရဲ့ဘိုးဘေး စီမ်ိုးရှန်း ကျုပ်ကို သူ့ရဲ့အိပ်မက်ဆိုးလက်ချောင်းနဲ့ ရိုက်လိုက်တာပဲ အသေးစိတ်တွေက်ိုတော့ ထားလိုက်ပါတော့ကွာ"

ရှီကိုင်းဟွမ်က ရှင်းပြလိုက်၏။

"စီမိုးရှန်း ဟုတ်လား ဒီနာမည်ကို ကျုပ် မှတ်ထားလိုက်ပြီ သူ ဆရာ့ရဲ့ လက်တချောင်း မျက်လုံးတလုံးက်ို ယူသွားတယ်ဆိုတော့ နောက်တခါကျရင် သူ့ဆီက လက်နှစ်ချောင်း မျက်လုံးနှစ်လုံးကို ကျုပ် ပြန်ယူမယ်"

စုချန်းသည် မည်သည့်ခံစားချက်မှ မပါသော လေသံနှင့် ပြောလိုက်သည်။

"ဟဲဟဲ မင်းက လူသာ လက်တောက်လောက် လေသံက မိုးလောက်ပါလား"

ကျန်မောက်စီက အေးစက်သောလေသံနှင့် ရယ်မောရင်း ပြောလိုက်၏။

"စီမိုးရှန်းဆိုတာ ကျောက်တုံးပုတ်သင်အသိုက်ရဲ့ ဘိုးဘေး သံနိုင်ငံနဲ့ သဲနိုင်ငံရဲ့ အကျော်ကြားဆုံး သတ်ဖြတ်သူဆယ့်နှစ်ယောက်ထဲက တယောက် စွမ်းအင်ဗိမာန်က််ို သူ ငါးကြိမ်တိတ်ိ ဖြတ်သန်းပြီးသွားပြီ ကျုပ်တို့ဗိုလ်ချုပ်တောင် သူ့ကို နိုင်မယ် အတိအကျ မပြောနိုင်ဘူး ဒါက်ို မင်းက သူ့လက်နှစ်ဖက် မျက်လုံးနှစ်လုံး ယူမယ် ပြောရဲသလား"

"အခုတော့ မလုပ်နိုင်ဘူးပေါ့ ဒါပေမဲ့ အနာဂတ်မှာ ကျုပ် လုပ်နိုင်လာပါလိမ့်မယ်"

စုချန်း၏ လေသံက ခပ်တည်တည်ပင်။

"ကောင်းပြီ ခုက ဒါတွေပြောနေရမဲ့အချိန်မဟုတ်ဘူး ခုနက မင်းနာမည် စုချန်းလို့ပြောတယ် မင်း ဒီကိုဘယ်လိုလုပ်ရောက်လာသလဲ"

ကောက်ဝမ်ချန်းက မေးလိုက်၏။

လူတိုင်း စိတ်ဝင်စားနေသော မေးခွန်းကို ကောက်ဝမ်ချန်း မေးလိုက်ခြင်း ဖြစ်သည်။

အမှန်အတိုင်းပြောရလျင် ဤနေရာက်ို စုချန်း မတော်တဆ ရောက်လာပါသည်ဟု ​ပြောလာရန်သာ လူတိုင်း၏ စိတ်ထဲတွင် မျှော်လင့်ထားကြ၏။

သို့သော် စုချန်းကား လူတိုင်းကို စိတ်ပျက်သွားစေခဲ့လေသည်။

စုချန်းက ပွင့်ပွင့်လင်းလင်းပင် ပြန်​ဖြေလ်ိုက်၏။

"ကျုပ် ခင်ဗျားတို့ ချန်ခဲ့တဲ့ သဲလွန်စတွေနောက်ကို ခြေရာခံလိုက်ခဲ့တယ် ခင်ဗျားတို့ ချန်ခဲ့တဲ့ သဲလွန်စတွေအရ ပင်လယ်ကို ဖြတ်ကူးဖို့ ကြံစည်နေတယ်လို့ ထင်ရတယ် ဒါပေမဲ့ တကယ်တမ်းမှာတော့ မရဏနယ်မြေကို ခင်ဗျားတို့ ဖြတ်သန်းဖို့ ကြံစည်နေတယ် ဟုတ်တယ်မလား"

လူတိုင်း၏ မျက်နှာသည် သိသိသာသာပင် ပြောင်းလဲသွား၏။

ကျန်မောက်စီက အက်ကွဲသောအသံနှင့် မေးလိုက်သည်။

"မင်း ဒါကို ဘယ်လိုလုပ် ရှာတွေ့သွားတာလဲ"

စုချန်းက ပြန်ဖြေလိုက်၏။

"ဒါပေါ့ ကျုပ် သိပ်ရှာတွေ့နိုင်တာပေါ့ ဒါပေမဲ့ အမှန်အတိုင်းပြောရရင် လမ်းကြောင်းအမှန် ရည်ရွယ်ချက်အမှန်ကို ဖုံးကွယ်ထားပြီး ပင်လယ်ကို ဖြတ်ကူးမယောင် ဟန်ပြထားတဲ့ ခင်ဗျားတို့လုပ်ရပ်က သိပ်ကောင်းပါတယ် ပြီးတော့ ပင်လယ်ကူးနိုင်တဲ့လှေတွေနဲ့ ကုန်းတွင်းသွားနိုင်တဲ့လှေတွေအတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကလဲ ဆင်တူရိုးမှားဆိုတော့ ရန်သူကို ရှုပ်ထွေးသွားစေနိုင်တာလဲ အမှန်ပဲ ဒါပေမဲ့ ဗိုလ်ချုပ်ကျန်ဟာ ကုန်းတွင်းသွားလှေတွေ တည်ဆောက်ဖို့အတွက် လ်ိုအပ်တဲ့ပစ္စည်းတွေ သန့်စင်တဲ့နေရာမှာ အလွန်ကျွမ်းကျင်တဲ့လို့ သိလိုက်ရတဲ့နောက်မှာတော့ အဖြေက ရှင်းသွားတော့တာပဲ တကယ်တော့ ကျုပ် ဒါက်ို မတွေးမိဘူးဆိုရင်တောင် ကံမကောင်းအကြောင်းမလှစွာနဲ့ ခင်ဗျားတို့ရဲ့ အစီအစဥ်ဟာ ရှုံးနိမ့်နေတုန်းဗျ"

ထိုစကားကို ကြားလ်ိုက်သည်နှင့် လူတိုင်း၏ ရင်ထဲတွင် စိမ့်ခနဲ ဖြစ်သွား၏။

လီကုံးရှန်က မေးခွန်းထုတ်လိုက်သည်။

"ဒီတော့ ကျုပ်တို့အစီအစဥ်ကို သတ်ဖြတ်သူတွေ သိသွားပြီလို့ မင်းက ဆိုလိုတာလား"

စုချန်း ခေါင်းခါလိုက်၏။

"ဒါကိုတော့ အတိအကျ ပြောဖို့ခက်တယ်ဗျ"

"အတိအကျပြောဖို့ခက်တယ်ဆိုတာ မင်း ဘာကိုဆိုလိုတာလဲ"

လူတိုင်း နားမလည်နိုင်ပဲ ဖြစ်ကုန်၏။

ထိုအခါ စုချန်းက သူ သဲလွန်စ ကောက်ခဲ့ပုံက အစမှအဆုံးတိုင် ရှင်းပြလ်ိုက်၏။ အဝါရောင်နဂါးသစ်တောနှင့် ပတ်သက်သည့်နေရာအရောက်တွင်တော့ လူတိုင်း သက်ပြင်းချမိကုန်ကြလေသည်။ အမှန်တကယ်လည်း အဝါရောင်နဂါးသစ်တောနှင့် ပတ်သက်၍ သဲလွန်စများ ဖျောက်ဖျက်ရသည်မှာည်မှာ အမှန်တကယ်ပင် ခက်ခဲလှသည် မဟုတ်ပါလား။

သတ်ဖြတ်သူများဘက်မှလည်း ၎င်းနှင့်ပတ်သက်၍ သံသယရှိနေခြင်းကြောင့်သာ ထိပ်တန်းစုံစမ်းရေးအဖွဲ့တဖွဲ့ စေလွှတ်လ်ိုက်သည် မဟုတ်ပါလား။

"ကံဆိုးစွာနဲ့ပဲ ဒီအုပ်စုကို ကျုပ် အကုန်မရှင်းနိုင်ခဲ့ဘူး သူတို့ထဲကတယောက်က် လွတ်သွားတဲ့အတွက် အစီအစဥ်က ပေါက်ကြားဖို့များသွားပြီ "

စုချန်းက စကားကို အဆုံးသတ်လိုက်၏။

"ဒါ မင်းအပြစ်မဟုတ်ပါဘူး သူတို့အကုန်လုံးကို သတ်ပစ်နိုင်ခဲ့ရင်တောင် သူ့လူတွေ အချိန်တခုကြာလို့ ပြန်ရောက်မလာရင် သူ့အတွေး မှန်ကြောင်း စီမိုရှန်း သဘောပေါက်သွားမှာပဲ"

ရှီကိုင်းဟွမ်က စုချန်းအား နှစ်သိမ့်လိုက်သည်။

"စီမိုရှန်း ဟုတ်လား အဝါရောင်နဂါးတောအုပ်က်ို လာစုံစမ်းတဲ့အဖွဲ့ဟာ ကျောက်တုံးပုတ်သင်အသိုက်ကပေါ့ ဟုတ်လား"

"သူတို့ပဲ ဖြစ်ဖို့များတယ်"

ချူးယင်ဝမ်က ပြောလိုက်၏။

"ကောင်းကင်ဘုံလက်သီးတပ်ရင်းနောက်က်ို လိုက်နေတဲ့ သတ်ဖြတ်သူအသိုက်၁၆ခုရှိတဲ့အနက် ကျောက်တုံးပုတ်သင်အသိုက်က အန္တရာယ်အကြီးမားဆုံးနဲ့ ဇွဲအကောင်းဆုံးပဲ ပထမဆုံး ခြုံခိုတိုက်ခိုက်ခဲ့တာလဲ သူတို့ပဲလေ"

ချူးယင်ဝမ်၏ လေသံမှာ ဒေါသသံပါနေ၏။ ကျောက်တုံးပုတ်သင်အသိုက်အား အတော်လေးမုန်းတီးနေဟန်မှာ သူမ၏ လေသံထဲတွင် အထင်းသား ပေါ်လွင်နေသည်။

"သူတို့အသိုက်က ဒီလောက်တောင် အင်အားကြီးမားသတဲ့လား"

စုချန်းက သံသယဖြစ်ဟန်ဖြင့် မေးခွန်းထုတ်လိုက်၏။

သူသည် နဂါးကျောင်းတော်တွင် နေထိုင်ခဲ့စဥ်က သတ်ဖြတ်သူများအကြောင်းကို လေ့လာခဲ့ဖူး၏။ သတ်ဖြတ်သူများ၏ ကျောရိုးသဖွယ် ဖြစ်နေသော သတ်ဖြတ်သူအသိုက် ၁၃ခုအနက် ကျောက်တုံးပုတ်သင်အသိုက်မပါချေ။ ထို့ကြောင့် ကျောက်တုံးပုတ်သင်အသိုက်က ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ အဓိကအန္တရာယ်ဟု ဆိုသော်အခါ သူ မယုံနိုင်ပဲ ဖြစ်နေသည်မှာ အမှန်ပင်။

ထိုအခါ လီကုံးရှန်က ဝင်ရောက်ရှင်းပြလ်ိုက်၏။

"ကျောက်တုံးပုတ်သင်အသိုက် နာမည်ကြီးလာတာ သိပ်မကြာသေးဘူး သိပ်မကြာသေးခင်က သူတို့ဟာ သဲအသိုက်ကို အနိုင်ယူပြီး တဟုန်ထ်ိုး နာမည်ကြီးလာပြီး အဓိကအသိုက်၁၃ခုမှာ တခုဖြစ်လာခဲ့တယ် စီမိုရှန်းဟာလဲ အဓိကဘိုးဘေး၁၂ယောက်ထဲမှာ ပါဝင်လာခဲ့တယ် စီမိုရှန်းရဲ့ စုစည်းမှုအောက်မှာ ​ကျောက်တုံးပုတ်သင်အသိုက်ဟာ အကြီးအကျယ် အင်အားကောင်းလာတော့တာပဲ"

"ပြီးတော့ ကျောက်တုံးပုတ်သင်အသိုက်မှာ ပါရမီရှင်ခေါင်းဆောင်တယောက်က် ပေါ်လာတာလဲ ပါတာပေါ့ကွာ ဒီကောင်ကြောင့် ကျုပ်တို့ အတော်လေး ဒုက္ခများသွားသေးတယ်"

ရှီကိုင်းဟွမ်က ဖြည့်စွက်ရှင်းပြလ်ိုက်ပြန်သည်။

"သူ့က်ိုတော့ မင်းလဲ ကောင်းကောင်းသိမှာပါကွာ"

ရှီကိုင်းဟွမ်၏ စကားကြောင့် စုချန်း၏ ရင်ထဲတွင် ဒိန်းခနဲ ခံစားလ်ိုက်ရ၏။

"ဒါဆို ဒီကောင်ဟာ....."

"ဒန်ဘာလေကွာ ဒန်ဘာ"

တကယ်ပဲ သူ ဖြစ်နေတာကိုး....

ရွှေရေအပျက်အစီးသိုက်အတွင်း သူ့ပြိုင်ဘက်ဖြစ်ခဲ့သော ဒန်ဘာသည် အချိန်ဆယ့်တစ်နှစ်ဟူသော ကာလအတွင်း ကျောက်တုံးပုတ်သင်အသိုက်၏ ပါရမီရှင်ဒုတိယအကြီးအကဲပင် ဖြစ်နေခဲ့ချေပြီတကား။

သတ်ဖြတ်သူများ၏ အစဥ်အလာအရ အကြီးအကဲရွေးချယ်ခြင်းသည် မျိုးရိုးအပေါ်တွင် အခြေမခံချေ။ လက်ရှိ အသိုက်အကြီးအကဲမှ စစ်သည်တော်သုံးဦးနှင့် နတ်ဘုရားကျောင်းတော်မှ ဘိုးဘေးတို့က စစ်သည်တော်သုံးဦးစီ ရွေးချယ်ကာ အချင်းချင်း ယှဥ်ပြိုင်စေပြီး အနိုင်ရသူကို အကြီးအကဲအဖြစ် တင်မြှောက်သောစနစ်ကိုသာ သတ်ဖြတ်သူများ ကျင့်သုံးလေ့ရှိသည်။

ထိုသို့ယှဥ်ပြိုင်နေစဥ်ကာလအတွင်းဝယ် ရွေးချယ်ခံ အကြီးအကဲလောင်းများအား ဒုတိယအကြီးအကဲများဟု သတ်မှတ်ထားလေ့ရှိ၏။

သို့သော် ထိခိုက်ဒဏ်ရာရခြင်းများ၊ အသက်ဆုံးရှုံးခြင်းများကို ကာကွယ်ရန် ဒုတိယအကြီးအကဲများအကြား တိုက်ပွဲများကို အတိုင်းအတာတခုထိ ကန့်သတ်ထား၏။ ၎င်းတို့၏ အရင်းအမြစ်များ၊ လူအင်အားသုံးစွဲမှုများကိုလည်း ကန့်သတ်ထား၏။ ထို့ကြောင့် ရွေးချယ်ခံအကြီးအကဲလောင်းများသည် မဟာဗျုဟာများ၊ ကိုယ်ပိုင်စွမ်းရည်များကိုသာ အခြေပြု၍ ပြိုင်ဆိုင်ရလေ့ရှိသည်။ ထို့ကြောင့် ၎င်းတို့၏ ယှဥ်ပြိုင်မှုများမှာ ဆယ်စုနှစ်နှင့်ချီ၍ ကြာမြင့်လေ့ရှိ၏။

ထိုသို့ ယှဥ်ပြိုင်မှုများကြောင့်ပင် အကြီးအကဲလောင်းများသည် လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်ဝလာကြပြီး အကြီးအကဲဖြစ်ထိုက်သည့် အရည်အချင်းများကို ပိုင်ဆိုင်လာကြလေ့ရှိသည်။

ထို့ကြောင့် သတ်ဖြတ်သူများ၏ အနှီစနစ်သည် တရားမျှတသည်ဟု ထင်ရသည်မှာ အမှန်ပင်။ သို့သော် လက်တွေ့မှာကား အမှန်တရားနှင့် များစွာ ကွာခြားလှသည်။

အကြောင်းမှာ အကြိမ်တိုင်းလိုလိုသည် လက်ရှိ အာဏာရ အကြီးအကဲမှ ရွေးချယ်ထားသူများသာ အနိုင်ရရှိသွားတတ်သွားကြောင့်ပင်။

ထ်ိုသို့ ဖြစ်ရခြင်းမှာလည်း အဖြေက ရှင်းလှသည်။ လက်ရှိ အာဏာရအကြီးအကဲမှ ရွေးချယ်ထားသူ စစ်သည်တော်သည် ၎င်းတို့၏ သား၊သမီး၊ဆွေမျိုးများသာ ဖြစ်နေပြီး ပြိုင်ပွဲတလျှောက်တွင်လည်း နောက်ကွယ်မှ ပုံအောပံ့ပိုးခံရသောကြောင့် ထိုသူ ပြိုင်ပွဲတွင် အနိုင်ရသွားခြင်းမှာ သိပ်မဆန်းလှ။ နတ်ဘုရားကျောင်းတော်ဘက်မှ ရွေးချယ်လိုက်သော စစ်သည်တော်များကတော့ ထိုအခွင့်အရေးမျိုးကို မရရှိကြချေ။

သို့သော် တခါတရံတွင် ထူးခြားဆန်းကြယ်မှုတချို့ ပေါ်ပေါက်လာတတ်၏။

ဒန်ဘာကား ကျောက်တုံးပုတ်သင်အသိုက်၏ နောက်ဆုံး ဆန်းကြယ်မှုဟု ဆိုနိုင်ပေသည်။

သုံးနှစ်တာကာလအတွင်း ကျောင်းတော်၏ အရွေးချယ်ခံ မည်သည့်အထောက်အပံ့မှ မရှိသော ဒန်ဘာသည် ပြိုင်ဘက်တိုင်းလိုလိုကို အနိုင်ယူခဲ့၏။

တနည်းအားဖြင့် ၎င်းသည် ကျောက်တုံးပုတ်သင်အသိုက်၏ အိမ်ရှေ့မင်းပေတည်း။

ယခုလက်ရှိအချိန်ထိ ကောင်းကင်ဘုံလက်သီးတပ်ရင်း ကြုံတွေ့ခဲ့ရသော ဒုက္ခသုက္ခများသည်းသည် ဒန်ဘာ၏ လက်ချကကြောင့် ဆိုပါက မမှားှားချေ။

***

All Chapters