ပြန်လည်ပေါင်းစည်းခြင်း ၁
Vol. 63 Ch. 627
အနောက်ဘက်မီးခိုးတောင်ထိပ်။
အဆိုပါနေရာသည် ဟဲမာတောအုပ်၏ အနောက်ဘက်အရပ်တွင် တည်ရှိပြီး သတ္တုရ်ိုင်းထုတ်လုပ်နှုန်း အမြင့်ဆုံးဟု ဆိုစမှတ်ပြုကြ၏။ သို့သော် လွန်ခဲ့သော နှစ်ပေါင်းရှစ်ရာခန့်က အဆိုပါနေရာရှိ မိုင်းတွင်းများအားလုံး ခန်းခြောက်သွားခဲ့၏။ ထိုအချိန်မှစ၍ အနောက်ဘက်မီးခိုးတောင်ထိပ်သည်လည်း စွန့်ပစ်ခြင်းခံလိုက်ရပြီး မည်သူတဦးတယောက်မှ ထိုနေရာသို့ ခြေဦးမလှည့်တော့။
တရက်ခန့်ခရီးနှင်ပြီးသကာလ ကောင်းကင်ဘုံလက်သီးတပ်ရင်းသည် အဆိုပါနေရာသို့ ရောက်ရှိလာ၏။ ထို့နောက် သူတို့သည် ချက်ပြုတ်ရန် မီးမွှေးကြလေသည်။
သူတို့ ပြေးလွှားနေခဲ့ရသည်မှာည်မှာ လနှင့်ချီနေခဲ့ပေပြီ။ ယခုတကြိမ်သာ ဝဝလင်လင်စားသောက်မည့် အခွင့်အရေး ရခြင်းဖြစ်သည်။
"ကျုပ်တို့ ဒီလောက်ခေါင်းကိုက်ရတဲ့ပြသနာကို မင်းသားလေးစု ဒီလိုလွယ်လွယ်လေး ဖြေရှင်းနိုင်မယ်လို့ ကျုပ် လုံးဝ ထင်မထားမိဘူး"
ချက်ပြုတ်စားသောက်ရန် ပြင်ဆင်နေကြသော သူ့စစ်သားများကိုကြည့်ရင်း လီကုံးရှန်က သက်ပြင်းချကာ ပြောလိုက်သည်။
စုချန်းတွင် ဤမျှများပြားသော ရိက္ခာများ ပါလာမည်ဟု မည်သူမှ ထင်မထားမိသည်မှာ အမှန်ပင်။ အနှီရိက္ခာများသည် စစ်သားရှစ်ထောင် လတချို့ကြာသည်အထိ စားသောက်ရန် လုံလောက်၏။ ဤမျှများပြားသော ရိက္ခာများ သယ်ယူရန် မူလလက်စွပ်အများအပြား လိုအပ်မည်ဖြစ်သည်။ တနည်းအားဖြင့် ငွေအမြောက်အများ လိုမည် ဖြစ်သည်။
"ကျေးဇူးတင်စရာကောင်းတာက ဆရာဟာ ကျုပ်ကို လျှို့ဝှက်နည်းစနစ်တွေ ရောင်းရငွေကို အပြည့်အဝ ကိုင်တွယ်သုံးစွဲခွင့် ပေးထားတာပဲ ဒီပြသနာကို ဖြေရှင်းနိုင်တဲ့ အဓိကအကြောင်းရင်းဟာ ဒါပဲ ဒါကြောင့် ခင်ဗျားတို့အနေနဲ့ ဆရာကိုပဲ ကျေးဇူးတင်သင့်တယ်"
စုချန်းက အကျိုးအကြောင်း ရှင်းပြလ်ိုက်၏။
ရှီကိုင်းဟွမ် တဟဲဟဲ ရယ်မောလိုက်သည်။
"မင်းအနေနဲ့ ကျုပ်ကို ဒီလောက်ထ်ိ အမွှမ်းတင်နေစရာ မလိုပါဘူးကွာ ဒီကိစ္စတွေက််ို ကျုပ် စိတ်မဝင်စားဘူးဆိုတာ မင်းလဲ သိနေတာပဲ ငွေကြေးဆိုတာ ကျုပ်အတွက် ဘာမှ အသုံးမဝင်ဘူး ဒါပေမဲ့ မင်းလက်ထဲမှာကျတော့ အတိုင်းအဆမရှိ တန်ဖိုးကြီးလာတယ်လေ"
"ကဲ ကဲ မင်းတို့နှစ်ယောက် တယောက်ကိုတယောက်က် နှိမ့်ချနေတာ ခနလောက် ရပ်ပေးပါလားကွာ ဘာပဲဖြစ်ဖြစ် ကောင်းကင်ဘုံလက်သီးတပ်ရင်းဟာ ညီလေးစုအပေါ် ကျေးဇူးအကြွေးတင်သွားခဲ့ပြီ ဒီတော့ ညီလေးစု တခုခုလိုအပ်တာရှိရင် ပြောပါ ဘယ်လောက်ကြီးမားတဲ့ အန္တရာယ်နဲ့ ကြုံရပါစေ ကျုပ် လုံးဝနောက်တွန့်မှာ မဟုတ်ဘူး"
ချန်းထျန်ဟိုင်က သူ့ရင်ဘတ်ကိုသူပုတ်ရင်း ပလုတ်ပလောင်းနှင့် ပြောလိုက်သည်။
ချန်းထျန်ဟိုင်ကား စကားကို ပွင့်ပွင့်လင်းလင်း ပြောတတ်သူ ဖြစ်သည်။ သူ့သဘောအရ သူ့အသက်ကို တခြားတယောက်က်က ကယ်တင်လိုက်၍ သူ့အနေနှင့် တခြားလူအပေါ် ကျေးဇူးအကြွေးတင်သွားပြီ ဖြစ်၏။
တကယ်တော့ ထိုအတွေးအခေါ်မျိုး ချန်းထျန်ဟ်ိုင် တဦးတည်းတွင်သာ ရှိသည်မဟုတ်။ ကျန်လူတိုင်းတွင်လည်း ရှိနေကြ၏။ စစ်သားများဟူသည် ပွင့်ပွင့်လင်းလင်း တွေးတတ်ခေါ်တတ်သူ၊ ပြောတတ်ဆိုတတ်သူများပင် မဟုတ်ပါလား။
ထိုအခိုက်ဝယ် မည်သူမှ စုချန်းအား မင်းသားလေးစုဟု မခေါ်တော့။ အစ်က်ိုစု၊ ညီလေးစု စသဖြင့် ခင်မင်ရင်းနှီးစွာသာ ခေါ်ကြတော့၏။
စုချန်း ရယ်မောလိုက်သည်။
"ဒီလိုပြောဖို့ စောလွန်းနေသေးတယ် ကျုပ်တို့ ဒီနေရာက ထွက်သွားတဲ့အထိ စောင့်ကြတာပေါ့"
စုချန်း၏ စကားနောက်ကွယ်မှ ဆိုလိုရင်းကို လီကုံးရှန် ချက်ချင်း နားလည်လိုက်သည်။
"ဒီတော့ ညီလေးစုမှာ ဒီနေရာက ထွက်သွားဖို့ အစီအစဥ် ရှိနေတယ်ပေါ့"
"မှန်ပါတယ် ကျုပ်မှာ အစီအစဥ် ရှိပါတယ် ဒါပေမဲ့ အချိန်မကျသေးဘူး ကျုပ်တို့ ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ရအုံးမယ်"
စုချန်းက ရှင်းပြလိုက်၏။
သတ်ဖြတ်သူများ နယ်မြေမှ ထွက်ပြေးမည့်အစီအစဥ်မှာ မည်သည့်အစီအစဥ်ပင် ဖြစ်စေကာမူ မလွယ်မည်ကတော့ သေချာနေပေသည်။
ကျန်မောက်စီ၏ အစီအစဥ်တွင် ကုန်းတွင်းသွားလှေများတည်ဆောက်ရန် အရင်င်းအမြစ်များစွာ လိုအပ်၏။ ယခု စုချန်း၏ အစီအစဥ်တွင်လည်း တခြားအရင်းအမြစ်များ လိုအပ်မည်မှာ သေချာနေသည်။ ထိုအတွက်လည်း လူတိုင်းက ပြင်ဆင်ထားပြီးသားပင်။
သို့သော် စုချန်းက သူ့အတွေးအခေါ်၊ သူ့အစီအစဥ်ကို ရှင်းပြလိုက်သောအခါ လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။
အတန်ကြာအောင် တွေဝေငေးငိုင်နေပြီးနောက် လီကုံးရှန်က ပြောလိုက်၏။
"ညီလေးစုရဲ့ အတွေးအခေါ်ဟာ တခြားလူတွေနဲ့ မတူတာတော့ သေချာတယ် ပြီးတော့ ဒီအစီအစဥ်ဟာ သားရဲကြီး အိပ်နေတဲ့နယ်မြေကို ခိုးကြောင်ခိုးဝှက် ဖြတ်ကူးရမှာလောက်ထက် မဆိုးတာလဲ သေချာတယ်"
"နည်းနည်းတော့ ကွဲပြားသေးတယ်ဗျ"
ကျန်မောက်စီက ဝင်ပြောလိုက်၏။
"ကျုပ်အစီအစဥ်သာ မအောင်မြင်ရင် အကုန်သေမယ်ယ် ညီလေးစုအစီအစဥ်ကျတော့ တမျိုး မအောင်မြင်ရင်တောင် ဒီခွေးမသားတွေ ဒုက္ခများပြီး ကျန်ခဲ့မှာ အမှန်ပဲ ဒီနေရာမှာတော့ ညီလေးစုက ကျုပ်ထက် အများကြီး အတွေ့အကြုံရှိပါပေတယ်"
ထိုအခါ စုချန်းက ပြောလိုက်၏။
"ဗိုလ်ချုပ်ကျန် ကျုပ်က်ို ချီးမြှောက်လွန်းနေပြီ ကျုပ်အနေနဲ့ လုပ်သင့်တာကို လုပ်တဲ့သဘောပါ ကျန်တဲ့အသေးစိတ်အစီအစဥ်တွေကတော့ ဗိုလ်ချုပ်အပေါ်မှာပဲ မူတည်သွားပြီ ကျုပ်တာဝန်ကတော့ ဒီမှာတင် ပြီးပါပြီ"
"ဒီတော့ အဲဒီအချိန်မှာ မင်းက ဘာလုပ်နေမှာတုန်း"
ချူးယင်ဝမ်က မေးလိုက်ပြန်၏။
"ကျုပ်ကတော့ သုတေသနပဲ ဆက်လုပ်နေမှာပေါ့ဗျာ "
စုချန်းက ပြန်ဖြေလိုက်သည်။
"ဟိုတလောက အင်မတန်ရှားပါးတဲ့ အစမ်းသပ်ခံတချို့ ကျုပ် ရခဲ့တယ် ဒါပေမဲ့ ခင်ဗျားတို့နောက်ကို လိုက်နေရတော့ ဒီကောင်တွေက်ို ကျုပ် မစမ်းသပ်နိုင်ခဲ့ဘူး ခုတော့ ကျုပ် အချိန်နည်းနည်းရသွားပြီ ခင်ဗျားတို့ အသေးစိတ်အစီအစဥ်တွေ လုပ်နေတုန်း စမ်းသပ်တဲ့ကိစ္စက်ို ကျုပ် အာရုံစိုက်လိုက်အုံးမယ်"
ဟင်...ဘာလဲဟ...
ရန်သူတွေ ဒီလောက်ဝိုင်းထားတဲ့ကြားထဲမှာတောင် ဒီကောင်က သုတေသနလုပ်နေအုံးမှာတဲ့လား...
လူတိုင်းက ရှီကိုင်းဟွမ်အား မျက်လုံးပြူးရင်း စိုက်ကြည့်လိုက်ကြသည်။ ရှီကိုင်းဟွမ် ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ် သူက ဒီလိုလူစားမျိုးပဲ"
ထို့နောက် စုချန်းသည် တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်ကို သုံးကာ ထိုနေရာမှ အမြန်ဆုံး ထွက်ခွာလာခဲ့၏။ လှိုဏ်ဂူထဲတွင် ဝှက်ထားခဲ့သည့် ရိန်နာနှင့် တခြားသုံ့ပန်းများအား သူ သွားခေါ်ရအုံးမည် မဟုတ်ပါလား။ သုံ့ပန်းများ ရက်အတော်ကြာအောင် ဆာလောင်မွတ်သိပ်နေမည်မှာ သေချာနေ၏။ သုံ့ပန်းများ ဗိုက်ဆာ၍ မသေအောင်သာ ဆုတောင်းရပေတော့မည်။
နွေဦးရောင်မြို့တော်ဟူသည်ကား လောင်စန်းနိုင်ငံ၏ အနောက်ခြမ်းရှိ မြို့ငယ်လေး ဖြစ်သည်။
မြို့၏ အလယ်တွင် အရက်ဆိုင်လေးတဆိုင် ရှိ၏။ သံမဏိတယောက်က် ထိုဆိုင်တွင် တယောက်တည်း အရက်ထိုင်သောက်လျက်ရှိသည်။
ဤယနေ့တွင်တော့ ကောင်းကင်သည် မိုးအုံ့လျက်ရှိ၏။ သံမဏိ၏ စိတ်ထဲတွင်လည်း အလားတူပင် လေးလံထိုင်းမှိုင်းလျက် ရှိသည်။
ကြီးမားလေးလံလှသော စိတ်ဖိစီးမှုကြောင့် သံမဏိတယောက် စိတ်နှင့်ကိုယ် မကပ်ပဲ ဖြစ်နေသည်ဟုပင် ဆိုရပေလိမ့်မည်။
သူ့သခင်သည် သူ့အား ရှုပ်ထွေးပြီး ခက်ခဲလှသော တာဝန် ပေးအပ်ထားသည် မဟုတ်ပါလား။ အတွေးများနှင့် ချာချာလည်နေ၍ သံမဏိတယောက် မချိပြုံးပင် ပြုံးနိုင်စွမ်းမရှိတော့။
စုချန်းနောက်သို့ နှစ်ပေါင်းများစွာ လိုက်ခဲ့ပြီးနောက် သူ သင်ကြားခဲ့သည့် အရေးအကြီးဆုံးသော အရာမှာ ဘယ်တော့မှ အရှုံးမပေးရန်ပင် ဖြစ်သည်။
ဝါးမြိုခြင်းမြစ်မြို့တော်တွင် စုချန်းနှင့် လမ်းခွဲခဲ့ပြီးနောက် သံမဏိသည် ပြသနာအား ဖြေရှင်းနိုင်မည်ဟု ယုံကြည်ထားခဲ့သေး၏။ သို့သော် မည်သို့ပင် စဥ်းစားစေကာမူ ဖြေရှင်းမည့်နည်းလမ်းကို သူ မတွေ့။ ထိုအခါ သံမဏိက မဆိုင်းမတွပင် သူ့အား စစ်ကူတောင်းလိုက်တော့သည်။
သူ စစ်ကူတောင်းလိုက်သူများမှာလည်း တခြားလူများမဟုတ်။ တိမ်တ်ိုက်ကျားသစ်၊ ယွဲ့လောင်ရှ၊ ဂျီဟန်းးယင်၊ ကျန့်စီချွေ့၊ ဝမ်တောက်ရှန်း အစရှိသည့်စုချန်း၏ သူငယ်ချင်းများပင်တည်း။
သူ့သူငယ်ချင်းများအား စစ်ကူတောင်းရန် သံမဏိအား စုချန်း အမိန့်ပေးမထားခဲ့။ သို့သော် အဆိုပါသူငယ်ချင်းများသည်ပင် စုချန်း သူ့အတွက် ချန်ထားခဲ့သည့် အရင်းအမြစ်များထဲမှ တခုဖြစ်မှန်း သံမဏိ သဘောပေါက်ထားပြီး ဖြစ်သည်။
အရင်းအမြစ်ဟူသမျှကို စနစ်တကျ အသုံးပြုတတ်ရန်လို၏။
၎င်းမှာလည်း စုချန်းထံမှ သံမဏိ သင်ကြားထားခြင်းပင်။
သုတေသနသမားတဦးအတွက် လိုအပ်သော အခြေခံအကျဆုံးအရည်အသွေးမှာ ရရှိနိုင်သည့်အရင်းအမြစ်များအား အကျိုးရှိရှိနှင့် အလေအလွင့် နည်းနိုင်သမျှနည်းအောင် သုံးတတ်ဖို့ပင် ဖြစ်သည်။ တံငါနားနီး တံငါဆိုသကဲ့သို့ သံမဏိသည်လည်း စုချန်းနှင့် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ခြင်းကြောင့် အဆိုပါ အရည်အသွေးမျိုး အထိုက်အလျောက် ပိုင်ဆိုင်ထားခဲ့ပြီ ဖြစ်သည်။
လဝက်ခန့်အကြာတွင်တော့ သံမဏိသည် ယွဲ့လောင်ရှနှင့် အဆက်အသွယ်ရခဲ့၏။ ထို့နောက်တွင်တော့ စုချန်း၏ သတင်းသည် သူမထံမှတဆင့် လူတိုင်းလက်ထဲသို့ ရောက်ရှိသွားတော့သည်။
ဤယနေ့သည်ကား သူတို့အားလုံး ဆုံတွေ့ရန် သတ်မှတ်ထားသောနေ့ ဖြစ်သည်။ သို့သော် မည်သူ ပထမဦးဆုံး ရောက်လာမည်ကိုတော့ သံမဏိ မသိ။
ဒါသည်ပင်လျင် လူတဦး၏ နှလုံးသားနှင့် ပင်က်ိုယ်စိတ်ထားကို စမ်းသပ်ခြင်း ဖြစ်သည်။ လူဆိုသည်မှာ အန္တရာယ်နှင့် ကြုံရမည့်အရေးကို ကြောက်တတ်ကြသည် မဟုတ်တုံလော။
အထက်ပါအတိုင်း အတွေးနယ်ချဲ့နေစဥ်မှာပင် သူ့နောက်ကျောဆီမှ ခြေသံများကို သံမဏိ ကြားလိုက်ရသည်။
သံမဏိ အသံထွက်ပေါ်လာရာနေရာဆီသို့ လှည့်ကြည့်လိုက်၏။ တံခါးဝဆီမှ ယွဲ့လောင်ရှ ပေါ်လာကြောင်း သူ တွေ့လိုက်ရသည်ည်။ ယွဲ့လောင်ရှကား အဖြူရောင်ဝတ်စုံကို ဝတ်ဆင်လျက် ယခင်အတိုင်း လှပလျက်ရှိ၏။
"ဒီကို ကျွန်မအရင်ဆုံး ရောက်တာနဲ့ တူပါရဲ့"
"ဒါတော့ မဟုတ်ဘူးဟေ့"
အသံနှင့်အတူ ပြတင်းပေါက်ဆီမှ လူရိပ်တရိပ် ထွက်ပေါ်လာ၏။ အသံရှင်သည် အရက်ခွက်တခွက်ကို အသင့်ကိုင်ဆောင်ထားလေသည်။
"အစ်က်ိုကြီးပိုင် ရှင် ရောက်နေပြီပေါ့"
ယွဲ့လောင်ရှ အားရပါးရ ထအော်လိုက်၏။
အသံရှင်မှာ ပိုင်ယွမ့်ဟုန်မှန်း သံသယဖြစ်နေစရာ မလိုတော့။
ပိုင်ယွမ့်ဟုန်နှင့်ကျန်လူများသည် ရွှေရေအပျက်အစီးသိုက်တိုက်ပွဲပြီးကတည်းက မတွေ့ဖြစ်သည်မှာ ကြာခဲ့ပေပြီ။ သို့သော် သူတို့အချင်းချင်းအကြား အဆက်အသွယ်တော့ မပြတ်ကြပေ။
တကယ်တော့ ယွဲ့လောင်ရှသည် စုချန်းအတွက် အတော်လေး စိတ်ပူနေ၏။ ပိုင်ယွမ့်ဟုန်က်ို တွေ့လိုက်မှ သူမ အတော်အတန် စိတ်သက်သာရသွားလေသည်။
ပိုင်ယွမ့်ဟုန် တခစ်ခစ် ရယ်မောလိုက်သည်။
"စုချန်းဟာ ကျုပ်ရဲ့ အသက်သခင် ကျေးဇူးရှင် သူ ဒုက္ခရောက်နေမှတော့ ကျုပ် မလာလို့ ဖြစ်မလား"
"သူ အသက်ကယ်ခဲ့တာ ရှင်တယောက်တည်း မဟုတ်ဘူး"
အသံနှင့်အတူ မိန်းကလေးတဦး ပြတင်းပေါက်မှ ခုန်ဝင်လာ၏။
"အစ်မချီ"
ဤတကြိမ်တွင် ပိုင်ယွမ့်ဟုန်နှင့်ယွဲ့လောင်ရှတို့၏ပါးစပ်မှ ပြိုင်တူအသံထွက်ပေါ်လာခြင်း ဖြစ်သည်။
မှန်ပေ၏။
ဤတကြိမ် ရောက်လာသူမှာကား ချီဝေယန်ပေတည်း။
***