ကောင်းကင်မြစ်ရှေးဟောင်းလမ်း
Vol. 63 Ch. 629
အလွန်တရာရှည်လျားကျယ်ပြောလှသော ထုံးကျောက်တောင်တန်းဟူသည် မူလကမ္ဘာကြီး၏ အနောက်ဘက်ခြမ်းတွင် တည်ရှိ၏။ ၎င်း၏ တောင်ဘက်တွင် ကြက်သွေးရောင်အရိုးချောက်၊ ၎င်း၏ မြောက်ဘက်တွင် လေရိုင်းချောက်၊ အနောက်ဘက်တွင်တော့ ပျောက်ဆုံးခြင်းနဂါးနယ်မြေတို့ တည်ရှိ၏။ အချုပ်အားဖြင့်ဆိုရသော် ၎င်းသည် သားရဲများ၊ သတ်ဖြတ်သူများနှင့် လူသားများအကြား စပ်ကြားနယ်မြေဟု ဆိုနိုင်သည်။
ထုံးကျောက်တောင်ကြောဟူသည် မူလက တောင်မဟုတ်ချေ။ ကျယ်ပြောသောကွင်းပြင်ကြီးမျှသာ ဖြစ်သည်။ သို့သော် အာကင်င်နာမျိုးစိတ်များ ကောင်းစားသောခေတ်တွင် အာကင်နာများနှင့် သားရဲများသည် ဤနေရာတွင် မရေမတွက်နိုင်အောင် တိုက်ခိုက်ခဲ့ကြ၏။ ထိုသို့ တိုက်ပွဲဝင်ရာတွင် နှစ်ဖက်စလုံးသည် အချိန်ကာလကို ထိန်းချုပ်နိုင်ပြီး တောင်များကို လွင်ပြင်များအဖြစ်လည်းကောင်း၊ လွင်ပြင်များကို လျှိုမြောင်များအဖြစ်လည်းကောင်း၊ ဖုန်ဆိုးမြေများကို တောင်တန်းများအဖြစ်လည်းကောင်း ပြောင်းလဲစေနိုင်သည့် နည်းစနစ်ပေါင်းများစွာကို အသုံးပြုခဲ့ကြ၏။
ဤအနေအထားတွင် ထုံးကျောက်တောင်ကြောသည်လည်း အဘယ်မှာ ခြွင်းချက်ရှိနိုင်အံ့နည်း။ ပဋိပက္ခများ ပြီးဆုံးသွားသည့်တိုင် အဆိုပါ ပဋိပက္ခ၏ ခြေရာများ၊ အမာရွတ်များကား တောကြော၏ နံရံများပေါ်တွင် ယခုတိုင် ထင်ကျန်နေဆဲပင်။
ပြင်းထန်သောတိုက်ပွဲကာလရှည်ကြီးအတွက် အထင်ရှားဆုံး ဥပမာတခုကို ပြပါဟုဆိုလျင် အန္တရာယ်မီးတောင်ဝကိုသာ ပြရပေလိမ့်မည်။
အန္တရာယ်မီးတောင်ဝဟူသည် အာကင်နာပညာရှင်ကြီးများ ကမ္ဘာဦးမတိုင်မီသားရဲကြီးများနှင့် တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် နည်းစနစ်များစွာ၏ ကျန်ရစ်ခဲ့သော အမှတ်လက္ခဏာတခုဟု ဆိုနိုင်သည်။ အဆိုပါ မီးတောင်ဝမှ ထုတ်လွှတ်နေသည့် ကြီးမားသော စွမ်းအင်ထုကြီးသည် ပတ်ဝန်းကျင်တခုလုံးကို ကြီးမားသော သက်ရောက်မှုများ ဖြစ်ပေါ်စေ၏။ ထိုအထဲတွင် အဆိပ်သိပ်သည်းမှုများစွာ ပါဝင်နေသည့် ပြာမှုန့်များ၊ စွမ်းအင်မတည်ငြိမ်မှုများ၊ သေစေနိုင်လောက်သည့် ရောင်ခြည်ဖြာထွက်မှုများ ပါဝင်နေလေသည်။ ထို့ပြင် ယခုတိုင် မသေဆုံးနိုင်ပဲ လွင့်မြောနေသည့် ဝိညာဥ်များလည်း ရှိနေကြ၏။ အနှီ ဝိညာဥ်များကား ထိုနေရာသို့ ရောက်လာမည့် ငနုံငအများအား စားသောက်နိုင်ရန် ငံ့လင့်လျက်ရှိကြလေသည်။
ထိုကဲ့သို့ မီးတောင်ဝများသည် ထုံးကျောက်တောင်ကြောကြီးတခုလုံးတွင် ပျံ့နှံ့လျက်ရှိပြီး တောင်ကြော၏ အန္တရာယ်အကြီးမားဆုံး ထောင်ချောက်များဟုလည်း ဆိုနိုင်သည်။ ဝိညာဥ်လောင်ကျွမ်းခြင်း သို့မဟုတ် စိတ်ကူးကိုယ်ထင်ပြခြင်းနယ်ပယ်ပညာရှင်များပင်လျင် ထိုတွင်းပေါက်ဝများကို ပေါ့ပေါတန်တန် သဘောမထားရဲချေ။
ထပ်ဖြည့်ပြောရလျင် ထိုနေရာကြီးတခုလုံးတွင် လေဟာနယ်အက်ကွဲကြောင်းများနှင့် ပြည့်နှက်လျက်ရှိနေသေး၏။
သားရဲကြီးများနှင့် အာကင်နာများအကြား ပြင်းထန်လှသော တိုက်ပွဲကြီးသည် ထုံကျောက်တောင်ကြောတဝိုက်တွင် စတုတ္ထဖြစ်တည်မှု သို့မဟုတ် စတုတ္ထဒိုင်းမင်းရှင်းကို ဖြစ်တည်စေခဲ့ပြီး အကျိုးဆက်မှာကား ထိုဒိုင်မင်းရှင်းကြောင့် နေရာအနှံ့အပြားတွင် လေဟာနယ်အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခြင်းပင်။ သာမာန်မျက်စေ့နှင့် မမြင်နိုင်ကတည်းက အဆိုပါ အက်ကွဲကြောင်းများသည် အန္တရာယ်များလှပေပြီ။ ထိုအက်ကွဲကြောင်းများအား ခုခံနိုင်သည့့် နည်းလမ်းဟူ၍လည်း မရှိ။ ထို့ကြောင့် လေဟာနယ်အက်ကွဲကြောင်းနှင့့် ရင်ဆိုင်မိသည့် သက်ရှိအဖို့ တခုတည်းသော မျှော်လင့်ချက်မှာ ၎င်းတို့တွင် ပြင်းထန်အားကောင်းသော အသက်ဓာတ်အားကို ပိုင်ဆိုင်ထားရန်ပင် ဖြစ်သည်။
သို့သော် ခြေလက်များ အကောင်းပကတိ ပြန်လည်ပြည့်ဖြိုးလာနိုင်ခြင်းဟူသော စွမ်းရည်မှာ အလင်းတုန်ခါခြင်းနယ်ပယ်နှင့် ထိုအထက် ပညာရှင်များတွင်သာ ရှိနေကြ၏။ ထို့ကြောင့် သင့်အနေနှင့် မည်သည့်လျှို့ဝှက်နည်းစနစ်မျိုးကို ပိုင်ဆိုင်ထားစေကာမူ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်မဟုတ်ပါက ထိုနယ်မြေကို ဖြတ်သန်းရန် မစဥ်းစားသင့်ချေ။ ထို့ကြောင့် တိုက်ခိုက်ရေးတပ်ရင်းတရင်းအနေနှင့် ထိုနယ်မြေကို ဖြတ်သန်းရန်မှာ မည်သို့မှ ဖြစ်နိုင်ဖွယ်ရာ မရှိဟု ဆိုနိုင်ပေသည်။
သို့စေကာမူ အနှီနယ်မြေကြီးတခုလုံးတွင် ကြောက်စရာအကောင်းဆုံးအရာမှာ အန္တရာယ်တွင်းပေါက်ဝများ မဟုတ်သလို လေဟာနယ်များလည်း မဟုတ်ချေ။
သဘာဝဘေးအန္တရာယ်အခက်အခဲများ၊ ထောင်ချောက်များသည် ကြောက်စရာကောင်းသည်မှာ မှန်၏။ သို့သော် ၎င်းတို့တွင် တိကျသော ပုံစံများ ရှိနေကြသည်။ ထို့ကြောင့် လူသားများအနေနှင့် အဆိုပါ အန္တရာယ်များကို ကျော်ဖြတ်နိုင်ရန် နည်းလမ်းများ ရှာဖွေ၍ ရကောင်းရနိုင်ပေ၏။
သို့စေကာမူ တချို့တည်ရှိမှုများမှာကား ထိုသို့ တိကျသော ပုံစံများ မရှိတတ်ပေ။
ဥပမာအားဖြင့် သားရဲမျိုးစိတ်များပင် ဖြစ်သည်။
သားရဲများ။ ၎င်းတို့ကား ဤပတ်ဝန်းကျင်၏ ဖူးဖူးမှုတ်ခံထားရသူများူများဟု ဆိုနိုင်ပေသည်။ မူလစွမ်းအင်များ တဟုန်ထိုးကျဆင်းသွားသည့့်အနေအထားမှာပင် ၎င်းတို့၏ ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်ပုံမှာ အံ့မခန်းပင်။
လူသားများနှင့် သတ်ဖြတ်သူများအဖို့ ထိုပတ်ဝန်းကျင်မျိုးတွင် အသက်ရှင်နေထိုင်နိုင်ရန် လမ်းမရှိ။ သို့သော် သားရဲများထဲမှ အနည်းဆုံး တချို့ကတော့ ထိုပတ်ဝန်းကျင်မျိုးတွင် ကောင်းစွာ ရှင်သန်နိုင်ကြလေသည်။
ပင်ကိုယ်ခွန်အားကြီးမားသူများ သို့မဟုတ် ထူးခြားသောအရည်အချင်းရှိသူများသည် ရေထဲမှငါးများကဲ့သို့ အန္တရာယ်နှင့် ပြည့်နှက်နေသည့့် ပတ်ဝန်းကျင်မျိုးတွင် ရှင်သန်နေထိုင်နိုင်ကြ၏။ နောက်ဆုံးတွင် ၎င်းတို့သည် ထိုပတ်ဝန်းကျင်နှင့် ပို၍ အသားကျလာပြီး ရှေးကထက်ပင် သန်မာလာကာ ထိုပတ်ဝန်းကျင်မျိုးတွင် နေထိုင်ရသည်ည်ကိုပင် နှစ်သက်လာကြတော့သည်။ ထို့ကြောင့် တမိုးအောက်ရှိ အန္တရာယ်အကြီးမားဆုံး သားရဲများ ထုံးကျောက်တောင်ကြောတွင် စုဝေးနေသည်ဟု ဆိုနိုင်၏။
ထိုမျှသာမကသေး နတ်ဆိုးသားရဲများဟူသည် ညဏ်ရည်မြင့်ကြ၏။ ၎င်းတို့သည် သားရဲရိုင်းများနှင့် မတူ။ ၎င်းတို့၏ ညဏ်ရည်သည် ညဏ်ရည်မြင့်မျိုးစိတ်များနှင့် မယှဥ်နိုင်စေကာမူ အားကြီးသူကို ရှောင်ပြီး အားနည်းသူကို တိုက်ရကောင်းမှန်း နားလည်ကြ၏။ ထို့ပြင် ၎င်းတို့သည် ၎င်းတို့နိုင်လောက်မည်ဟု ယုံကြည်ရသော တိုက်ပွဲများတွင် ပုံအောတိုက်ခိုက်တတ်ကြ၏။ ခြုံခိုတိုက်ခိုက်ရာတွင်လည်း ၎င်းတို့ ကျွမ်းကျင်ကြလေသည်။
ထို့ကြောင့် ဤဒေသကြီးကို လူမနေနိုင်သောဒေသဟု တသမတ်တည်း ယူဆခဲ့ကြခြင်းပင်။
ဤဒေသကြီးအား ဖြတ်သန်းသွားနိုင်မည့် တခုတည်းသောလမ်းမှာ အနောက်တောင်နယ်စပ်မျဥ်းအနီးတွင် ရှိ၏။ ထိုလမ်းမှာကား ကောင်းကင်ဘုံရှေးဟောင်းလမ်းပေတည်း။
ဤယနေ့တွင်ကား ထုံးကျောက်တောင်ကြောပေါ်ရှိ ကောင်းကင်ယံသည် မီးခိုးရောင်သန်းနေ၏။ ၎င်းမှာ တခြားကြောင့်မဟုတ်။ အန္တရာယ်တွင်းပေါက်ဝများမှ ထွက်လာသော ရောင်ခြည်လှိုင်းများကြောင့်ပင် ဖြစ်သည်။
ဒန်ဘာသည် ကောင်းကင်ယံကို မော့ကြည့်ပြီး ရွှံတဆုပ်ကို ကောက်ယူလိုက်သည်။ ရွှံ့များသည် သူ့လက်ထဲတွင် မွမွကြေသွားပြီး လေနှင့်အတူ လွင့်ပါသွားလေသည်။
ထို့နောက် ဒန်ဘာသည် သူ့လက်ထဲတွင် ပါလာသည့် ပုပ်သိုးနေသော အသားတစ်အား အကဲခတ်လိုက်၏။
"ခေါင်းဆောင် ဂရုစိုက်ပါ အန္တရာယ်တွင်းပေါက်ဝက အဆိပ်ဟာ အင်မတန် ကြောက်စရာကောင်းတယ် ကျုပ်တို့ဟာ အန္တရာယ်တွင်းပေါက်ဝနဲ့ ခပ်လှမ်းလှမ်းမှာ ရောက်နေတယ်ဆိုပေမဲ့ ပေါ့လို့တော့ မရဘူး"
ငယ်ရွယ်သော သတ်ဖြတ်သူစစ်သည်က ဒန်ဘာအား သတိပေးလိုက်သည်။ ၎င်း၏ အမည်မှာ လာချိဖြစ်ပြီး ရွှေရေအပျက်အစီးသိုက်ခရီးစဥ်တွင် ပါဝင်ခဲ့သူတဦး ဖြစ်သည်။ ယခုတော့ သူသည် ဒန်ဘာ၏ ကိုယ်ရံတော်တဦး ဖြစ်နေခဲ့ပေပြီ။
"မင်းပြောတာ မှန်တယ် အန္တရာယ်တွင်းပေါက်ဝဟာ သိပ်ပြီး အန္တရာယ်များတယ် ဒီလူသားတွေ ဒီကိုလာရင် သေရမှာ ဧကန်ပဲ ကြည့်ရသလောက် ဒီလူသားတွေ ဝမ်ကွေ့လှိုဏ်ဂူတွေက်ို ဖြတ်သွားဖို့ပိုလမ်းများတယ်"
အဖြူရောင်ဆံပင်ရှည်များပိုင်ဆိုင်ထားပြီး အသက်အနည်းငယ်ကြီးနေဟန်တူသည့် သတ်ဖြတ်သူစစ်သားကို မှတ်ချက်ပြုလိုက်၏။ ၎င်း၏ အမည်မှာ ကူဘရစ်ဖြစ်ပြီး ဒန်ဘာ၏ နံပါတ်တစ် လက်ထောက်ခေါင်းဆောင် ဖြစ်သည်။ ဒန်ဘာ အာဏာမရခင်က ၎င်းသည် ကျောက်တုံးပုတ်သင်အသိုက်၏ အတော်ဆုံး နည်းဗျူဟာပိုင်းဆိုင်ရာ ဗိုလ်ချုပ်တဦးပင်။
သို့စေကာမူ သတ်ဖြတ်သူများ၏ နယ်မြေတွင် အသိညဏ်ပညာကို ရှုမြင်ကြပုံမှာ တမျိုးတဘာသာပင်။ သင်သည် စဥ်းစားတွေးခေါ်ခြင်းဖြင့် အရာရာကို ဖြေရှင်းနိုင်ပါက အဘယ်ကြောင့် ပင်ပန်းဆင်းရဲစွာ လေ့ကျင့်နေတော့မည်နည်းဟု သတ်ဖြတ်သူများက အမြဲတစေ ပြောလေ့ရှိကြ၏။
ထို့ကြောင့် နည်းဗျူဟာဗိုလ်ချုပ်တဦးသည် မည်မျှပင် ညဏ်ထက်စေကာမူ သာမာန်မျှသာဟု သတ်မှတ်ခံရလေ့ရှိသည်။
သို့သော် လူသားများတွင်တော့ အနှီ နည်းဗျူဟာဗိုလ်ချုပ်များသည် မရေမတွက်နိုင်အောင်ပင် ရှိကြ၏။
မည်သို့ဆိုစေ ဒန်ဘာကတော့ သူပြောသည့့် စကားလုံးများ၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်သူများအား တန်ဖိုးထားတတ်သည်မှာ အမှန်ပင်။
"ဟုတ်တယ်ဟေ့ အဲဒီအတိုင်း ဖြစ်ရင်ကောင်းမယ် ဒီလူသားတွေ ဝိညာဥ်မျိုးစိတ်တွေနဲ့ တိုက်ကြပလေ့စေ ဒါမှ ဒီကောင်တွေက်ို လိုက်ဖမ်းဖို့ ကျုပ်တို့ အင်အားအများကြီး သုံးနေစရာ မလိုတော့ဘူး"
ကူဘရစ်၏ စကားအား နောက်ထပ် ငယ်ရွယ်သည့် သတ်ဖြတ်သူတဦးက ထောက်ခံလိုက်၏။ ၎င်း၏ အမည်မှာ ဘာရန်းဖြစ်ပြီး လက်ရှိခေါင်းဆောင်၏ သား ဖြစ်သည်။ တနည်းည်းအားဖြင့် ၎င်းသည် ဒန်ဘာ အနိုင်ယူခဲ့သည့့် ဒုတိယခေါင်းဆောင်များအနက် တဦးပင် ဖြစ်သည်။
တကယ်တော့ ဒန်ဘာအနေနှင့် ဘာရန်းအား နည်းနည်းမှ လိုချင်သည်မဟုတ်။ ကံဆိုးသည်မှာ အသိုက်ခေါင်းဆောင် မဖြစ်သေး၍ သူ့တွင် ထိုအတွက် ရွေးချယ်ခွင့်မရှိချေ။
"အရူး လူသားတွေသာ အဲဒီလမ်းကြောင်းအတိုုင်းသွားရင် ငါတို့အစီအစဥ်တခုလုံး ဘူးပေါ်သလို ပေါ်ပြီပေါ့ကွ"
နောက်ထပ် ငယ်ရွယ်သော သတ်ဖြတ်သူက မနှစ်မြို့ဟန်ဖြင့် ပြောလိုက်၏။ ၎င်း၏ အမည်မှာ ရှာလျူး ဖြစ်သည်။ ရှာလျူးကား ရက်စက်ကြမ်းကြုတ်ပြီး သစ္စာမဲ့သူပင် ဖြစ်သည်။ သတ်ဖြတ်သူများအနက် ၎င်း၏ အကျင့်ဗီဇမျိုးက ရှားရှားပါးပါးပင်။
ရှာလျူးသည် သခင်ကို ပြန်သတ်ခဲ့၏။ အမျိုးကို သစ္စာဖောက်ခဲ့၏။ ဒန်ဘာနှင့်သာမဟုတ်လျင် ၎င်းအနေနှင့် ဒုတိယအခွင့်အရေးပင် ရလာစရာအကြောင်းမရှိ။
တချို့သတ်ဖြတ်သူများက ရှာလျူးကဲ့သို့ သခင်ကို ပြန်သတ်သူအား အဘယ်ကြောင့် လက်ခံလိုက်သနည်းဟု မေးလေ့ရှိကြ၏။ ၎င်းတို့အတွက် ဒန်ဘာ၏ အဖြေမှာ "တော်လှန်ရေးအင်အားစုအတွက် တော်လှန်ပုန်ကန်တတ်သူ လိုအပ်တယ်" ဟူ၏။
သို့သော် ဒန်ဘာ ပြောလိုက်သည့့် စကား၏ နောက်ကွယ်မှ အဓိပ္ပာယ်မှာ ရှုပ်ထွေးလွန်း၍ မည်သည့့် သတ်ဖြတ်သူမှ နားမလည်။ ၎င်းတို့အနေနှင့် ဒန်ဘာ ဘာက်ိုဆိုလိုမှန်းပင် မတွေးတတ်ကြပေ။
"ဒီကောင်တွေ ဘယ်ကိုပဲပြေးပြေး ကျုပ်တို့ သူတို့ကို ရှာတွေ့ပြီး တစစီ ဆွဲဖြဲပစ်နိုင်မှာပါ"
နောက်ထပ် သတ်ဖြတ်သူတဦးက ပြောလိုက်ပြန်၏။
၎င်း၏ အမည်မှာ လွန်ဇဲ ဖြစ်သည်။ လွန်ဇဲကား အရပ်ရှည်၏။ ကြီးမားသောကိုယ်ကာယမျိုးကို ပိုင်ဆိုင်ထား၏။ ၎င်းထံမှ ထူးခြားသော အရှိန်အဝါတမျိုး ပေါ်ထွက်နေလေသည်။
လွန်ဇဲကား ဒန်ဘာ၏ စိတ်အချရဆုံးသတ်ဖြတ်သူ ၊ တနည်းည်းအားဖြင့် သစ္စာရှိ နောက်လိုက်ခွေး ဖြစ်သည်။ ဒန်ဘာ ဘာခိုင်းခိုင်း လုပ်မည့့်သူ ဖြစ်သည်။
မည်သို့ဆိုစေ ထိုအကျင့်ဗီဇမျိုးသည် ရိုးရှင်းသလောက် ထိရောက်သည်ဟု ဆိုနိုင်၏။
ဒန်ဘာသည် ကောင်းကင်ကို တိတ်တိတ်ဆိတ်ဆိတ်ပင် စိုက်ကြည့်နေ၏။ စကားတခွန်းမှ မပြော။
အတန်ကြာမှ သူက ပြောလိုက်သည်။
"မင်းတို့ရဲ့ ရန်သူတွေကို ဘယ်တော့မှ လျော့မတွက်လေနဲ့ ဒီကောင်တွေကို မရှင်းးနိုင်သရွေ့ ထုံးကျောက်တောင်ကြောရဲ့ အရေးပါပုံကို ငါတို့ မေ့ပစ်လို့မရသေးဘူး"
***