← Chapters

စိတ်ဝိညာဥ်မြင့်တက်ခြင်း

Vol. 64 Ch. 640

စိတ်ဝိညာဥ်မြင့်တက်ခြင်း

Vol. 64 Ch. 640

အား!!!

ပြင်းထန်သော ခေါင်းကိုက်ဝေဒနာကြောင့် စုချန်း ခါးသီးနာကျင်စွာ အော်ဟစ်လိုက်၏။ သူ့ကိုယ်တွင်းမှ အဆက်မပြတ် ပေါ်ထွက်နေသော မူလစွမ်းအင်များသည် အားလုံးကို ဖျက်ဆီးပစ်မည့်အရာတခုနှင့်ပင် တူနေ၏။ ချက်ချင်းဆိုသလို စုချန်း၏ ကိုယ်ပေါ်မှ အဝတ်များ ပြာကျကုန်သည်။ ၎င်းကိုကြည့်ရင်း ပိတ်လော့တယောက်က် ရင်ခုန်သံ မြန်လာ၏။

စိတ်ဝိညာဥ်စွမ်းအားနှင့် ပတ်သက်သောအရာဟူသမျှမှာ ဘယ်တော့မှ လွယ်လွယ်ကူကူ မဖြစ်တတ်။ အရာတိုင်းကို ဂရုတစိုက် မလုပ်ဆောင်ပါက ထိုသူသည် အလွယ်တကူပင် ပြာမှုန်များဘဝသို့ ပြောင်းလဲသွားနိုင်၏။

သို့သော် စုချန်းကား ခက်ခဲသောအရာကို လုပ်ဆောင်ရန် မဆိုင်းမတွပင် ဆုံးဖြတ်ခဲ့သည်။ ၎င်းမှာ စုချန်း၏ နှလုံးသားအနက်ရှိုင်းဆုံးနေရာရှိ သုတေသနကို စွဲလမ်းသော စိတ်ကြောင့်ပင် ဖြစ်ကြောင်း ပိတ်လော့ သဘောပေါက်လိုက်၏။

ရှေးယခင်က အာကင်င်နာပညာရှင်တဦးဖြစ်သော ပိတ်လော့သည် စုချန်း၏ ခံစားချက်ကို အလွယ်တကူပင် ကိုယ်ချင်းစာနိုင်လိုက်၏။ စုချန်း၏ စိတ်ကူးစိတ်သန်းကို အလွယ်တကူပင် နားလည်န်ိုင်လိုက်၏။

ကမ္ဘာလောကကြီး၏ လျှို့ဝှက်ချက်များကို နက်နက်ရှိုင်းရှိုင်း နားလည်ရန်၊ ထိုမေးခွန်းများ၏ အဖြေကို ရှာတွေ့ရန် စုချန်းကဲ့သို့သော လူစားမျိုးသည် အသက်ကို စတေးရစေကာမူ စတေးရန် ဝန်လေးလိမ့်မည်မဟုတ်ချေ။

စိတ်ဝိညာဥ်သလင်းသည် သူကိုယ်တိုင်တော့ မေးခွန်းများ၏ အဖြေကို စုချန်းအတွက် ရှာမပေးနိုင်။ သို့သော် ထိုအဖြေများကို စုချန်းကိုယ်တိုင်ရှာတွေ့ရန် စုချန်း၏ စွမ်းရည်ကိုတော့ တိုးမြင့်ပေးနိုင်၏။

ဤတကြိမ် အောင်မြင်သွားပါက ၎င်းသည် ပရမတ်မျက်လုံးများကဲ့သို့ပင် စုချန်းအတွက် လွန်စွာ အသုံးဝင်မည့် ကိရိယာတခု ဖြစ်လာပေလိမ့်မည်။

စုချန်းသည် ပရမတ်မျက်လုံးများအကြောင်းကို ပိတ်လော့အား တကြိမ်မှ မပြောဖူး။ သို့သော် ပိတ်လော့ကိုယ်တိုင်ကလည်း ငနုံငအ မဟုတ်။ ထို့ကြောင့် စုချန်း၏ မျက်လုံးများသည် ထူးခြားမှန်းကိုတော့ သူ ကောင်းကောင်းသဘောပေါက်ထား၏။

ငနုံငအမဟုတ်၍လည်း ထိုအကြောင်းနှင့် ပတ်သက်၍ စုချန်းအား ပိတ်လော့က တခါမှ မေးခွန်းမထုတ်။ မသိသကဲ့သို့ အတင်းကာရော ဟန်ဆောင်နေခြင်းလည်း မရှိ။

အရာအားလုံးသည် သဘာဝအတိုင်းသာတည်း။

အား!!!အား!!! အား!!! အာ့!

စုချန်း၏ နာကျင်စွာအော်ဟစ်သံသည် အထက်ပါအတိုင်း ဆက်လက်ထွက်ပေါ်နေပြီး နောက်ဆုံးတွင် တိမ်ဝင်ပျောက်ကွယ်သွားတော့၏။

သူ့မျက်လုံးများမှာကား မျက်ဖြူလန်လျက် ရှိလေပြီ။ သူ့တကိုယ်လုံးမှာလည်း ချွေးများဖြင့် ချွဲနစ်နေ၏။

စုချန်းသည် အထက်ပါပုံစံအတိုင်း အော်လိုက်ငြီးလိုက်နှင့် အချိန်တခုကြာအောင် ရှိနေပြီး နောက်ဆုံးတွင် ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိသွားတော့သည်။ ထို့နောက် သူသည် နေရာမှာပင် မလှုပ်ုပ်မရှားနှင့် အတိုင်းသား ထိုင်လျက်ရှိလေ၏။

"သခင် သခင်"

ပိတ်လော့ တတွတ်တွတ်နှင့် အော်ခေါ်လိုက်သည်။ သူ့ပုံစံမှာ အိပ်ပျော်နေသူတယောက်က်အား လှုပ်နိုးနေသည်နှင့် တူလှ၏။

"အင်း"

စုချန်း မသဲမကွဲနှင့် ပြန်ထူးလိုက်သည်။

"နောက်ဆုံးတော့ သခင် ပုံမှန်ပြန်ဖြစ်သွားပြီပဲ"

ထိုအခါကျမှ စိတ်သက်သာရသွားဟန်ဖြင့် ပိတ်လော့ သက်ပြင်းချရင်း ပြောလိုက်၏။

"ဟူး တော်တော်ဆိုးတဲ့ အတွေ့အကြုံပဲ"

စကားဆုံးသည်နှင့် စုချန်း မတ်တပ်ရပ်လ်ိုက်လေသည်။ လက်ရှိတွင် စုချန်းတကိုယ်လုံးရှိ အဝတ်အစားများ ပြာကျသွားပြီ ဖြစ်သည်။ ထိုအခါ သူ၏ အဝတ်မဲ့ကိုယ်ခန္ဓာမှ မှေးမှိန်ဖျော့တော့သော အလင်းရောင်တချို့ ထွက်ပေါ်နေကြောင်း ပိတ်လော့ မြင်တွေ့လိုက်ရ၏။ မြင်ကွင်းကြောင့် သူ အလွန်အံ့သြသွားသည်မှာ အမှန်ပင်။

စုချန်း၏ မျက်လုံးအစုံသည်လည်း ထူးခြားသော စွမ်းအားတမျိုးနှင့် တောက်ပနေဟန်တူ၏။ ဝိညာဥ်ကိုယ်ခန္ဓာမျှသာရှိသော ပိတ်လော့သည်ပင် စုချန်း၏ အကြည့်ကို မခံနိုင်ပဲ ဖြစ်နေ၏။

"ကြည့်ရတာ တခုခုတော့ ကြီးကြီးမားမား ပြောင်းလဲသွားပုံပဲ သခင်"

ပိတ်လော့ မနေနိုင်တော့ပဲ မေးခွန်းထုတ်လိုက်တော့သည်။

"တခြားကြောင့်မဟုတ်ဘူး ကျုပ်ရဲ့ စိတ်ဝိညာဥ် အဆင့်မြင့်တက်သွားတာကြောင့် ခင်ဗျား ဒီလို မြင်နေရတာပဲ ပိတ်လော့"

စုချန်းက ဘာမှမထူးခြားသည့် လေသံနှင့် ပြောလိုက်သည်။

"စိတ်ဝိညာဥ်မြင့်တက်ခြင်း ဟုတ်လားသခင်..

သခင် တကယ်ပဲ စိတ်ဝိညာဥ်မြင့်တက်ခြင်း ဖြစ်သွားတာလား"

စိတ်ဝိညာဥ်မြင့်တက်ခြင်းဟူသည် ဝိညာဥ်မျိုးစိတ်များအကြားတွင် အသုံးများသော စကားလုံးဖြစ်ပြီး ၎င်းသည် စိတ်ဝိညာဥ်၏ အခြေခံအုတ်မြစ် မြင့်မားလာခြင်း၏ ပြယုဂ်လည်း ဖြစ်သည်။ တနည်းအားဖြင့် စိတ်ဝိညာဥ်မြင့်တက်ခြင်းသည် ဝိညာဥ်မျိုးစိတ်များအတွက် ထူခြားသော တိုးတက်မှုဟု ဆိုနိုင်၏။

ဝိညာဥ်မြင့်တက်ခြင်းဖြစ်စဥ်သည် အတော်ပင် ခက်ခဲလှ၏။ ဝိညာဥ်မျိုးစိတ်ထဲမှ အနည်းစုသာ ထိုဖြစ်စဥ်ကို အောင်မြင်စွာ ကျော်ဖြတ်ဖူးကြသည်။ စုချန်းကတော့ ထ်ိုဖြစ်စဥ်အား တနည်းည်းနည်းနှင့် အောင်မြင်သွားသည့်ဟန်ပင်။

"အင်း ဒီလိုဖြစ်လာလိမ့်မယ်လို့ ကျုပ် လုံးဝ ထင်မထားမိဘူး ဝိညာဥ်မျိုးစိတ်ရဲ့ မှတ်ညဏ်တွေက်ို စုပ်ယူထားလို့သာပေါ့ နို့မို့ရင် ဒါကြီး ဖြစ်မှန်းတောင် ကျုပ်သိလိုက်မှာ မဟုတ်ဘူး"

"ဒါဆို သခင့်ရဲ့ စိတ်ဝိညာဥ်စွမ်းအားက ဘယ်လောက်"

ပိတ်လော့က မေးခွန်းထုတ်လိုက်၏။

"အင်း ယူနစ်၂၀၀၀လောက် ရှိရောပေါ့ဗျာ"

"ဟာ နှစ်ဆတောင် တက်သွားတာပေါ့"

ပိတ်လော့ နောက်တကြိမ် မျက်လုံးပြူးသွားပြန်သည်။

"ခုဆိုရင် လူသားတွေထဲမှာ သခင့်ထက် စိတ်ဝိညာဥ်စွမ်းအား မြင့်တဲ့လူရယ်လို့ များများစားစား မရှိနိုင်တော့ဘူး သခင့်ဝိညာဥ်ဟာ ဘယ်အခြေအနေမှာမဆို ကိုယ်ခန္ဓာကနေ ခွဲထွက်သွားနိုင်ပြီ တနည်းအားဖြင့် သခင် မသေမျိုးဘဝကို ရောက်သွားပြီပဲ တကယ်တော့ ဒါမျိုးက စိတ်ကူးကိုယ်ထင်ပြခြင်းနယ်ပယ်ကို ရောက်မှလုပ်နိုင်တာမျိုး ဒါပေမဲ့ သခင် ခု ဒါကို လုပ်နိုင်ခဲ့ပြီ"

ပိတ်လော့၏ လေသံမှာ အံ့သြချီးကျူးဟန် အပြည့်ပါနေ၏။

"ကျုပ်ဟာ ခုချိန်ထိ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်မှာပဲ ရှိနေသေးတယ်လို့ ခင်ဗျား ဆိုလိုချင်တာပေါ့လေ ဟုတ်လား"

လူသားများ၏ ကျင့်ကြံခြင်းစနစ်တွင် ကိုယ်ပိုင်စည်းမျဥ်းများ ရှိနေ၏။ စနစ်အရ လူတယောက်သည် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ရောက်မှ ၎င်း၏ စိတ်ဝိညာဥ်ကို ပြုပြင်ဖန်တီးနိုင်စွမ်း ရှိလာမည်ဖြစ်သည်။

သို့သော် စုချန်းကတော့ စည်းမျဥ်းကို ချိုးဖောက်ခဲ့ပြီးလေပြီ။ တနည်းအားဖြင့် စုချန်းသည် လူသားများ၏ မူလကျင့်ကြံခြင်းစနစ်အား ကျော်လွှားနိုင်ခဲ့ပြီဟု ဆိုနိုင်၏။

"အင်း တယောက်က်ယောက်ကများ သခင့်ကို ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်အမှတ်နဲ့ ရန်လာစလို့ကတော့ ဒီကောင် မရှုမလှ ခံစားရတော့မှာပဲ"

ပိတ်လော့က မှတ်ချက်ပြုလိုက်သည်။ စုချန်း မသိမသာ ပြုံးလိုက်၏။

"အင်း ဆိုပါတော့"

"ဒါနဲ့ သခင် ခုနက ဝိညာဥ်သလင်းကို ပုံသွန်းတဲ့ကိစ္စက ဘယ်လိုဖြစ်သွားလဲ အောင်မြင်ရဲ့လား"

ပိတ်လော့ကား စုချန်း၏ မူလရည်ရွယ်ချက်ကို မမေ့။ တခုတ်တရပင် မေးလိုက်သည်။

"ကျုပ် အောင်မြင်သွားပြီ"

စုချန်းက သူ့ခေါင်းက်ိုသူ ပုတ်ပြရင်း ပြောလိုက်၏။

"ခုဆိုရင် ကျုပ်ရဲ့ အသိပညာပင်လယ်ပြင်ဟာ တခုနဲ့တခု ဆက်သွယ်နိုင်ပြီး သီးခြားဖြစ်နေတဲ့ အကန့်နှစ်ကန့်အဖြစ် ကွဲထွက်သွားပြီ နှစ်ကန့်မှာ တကန့်က တွက်ချက်မှုအမျိုးမျိုးကို အလွယ်တကူ ပြုလုပ်နိုင်တယ် စမ်းသပ်မှုတွေကရလာတဲ့ ရလဒ်တိုင်းကို မှတ်တမ်းတင်ထားနိုင်တယ် ဒါ့အပြင် သူက တခါမှမလုပ်ဖူးတဲ့ စမ်းသပ်မှုတွေရဲ့ မျှော်မှန်းရလဒ်တွေကို ကြိုတင်ခန့်မှန်းနိုင်တယ် တွက်ဆနိုင်တယ် ဒါကြောင့် ဒီအသိပညာပင်လယ်ပြင်အကန့်ဟာ သိပြီးသားအရာတွေကို မှတ်တမ်းတင်ထားရုံသာ မကဘူး မသိသေးတာတွေကို ကြိုတင်တွက်ဆဖို့လဲ သုံးနိုင်တာပေါ့"

"တော်တော်အံ့သြစရာကောင်းပေတာပဲ သခင်"

ပိတ်လော့ တအံ့တသြနှင့်ပင် ချီးကျူးလိုက်သည်။

ပရမတ်မျက်လုံး၊ ယခု စိတ်ဝိညာဥ်တွက်ချက်နိုင်စွမ်း၊ ဤနှစ်ချက်ကြောင့် စုချန်း ရှေ့ရမည့်လမ်းမှာ များစွာ ဖျောင့်ဖြူးချောမွတ်သွားပြီ ဖြစ်သည်။

"ဒါပေမဲ့ ဒီအတွက် ကျုပ် စိတ်ဝိညာဥ်စွမ်းအင်တွေ အများကြီး သုံးလိုက်ရတယ်"

စုချန်း သက်ပြင်းချရင်း ပြောလိုက်၏။

"ပုံသွင်းးတာက ကျုပ် ထင်ထားတာထက် စိတ်ဝိညာဥ်စွမ်းအင် အများကြီး ပိုကုန်တယ် ဒါကို ဆက်ပြီးထိမ်းသိမ်းထားနိုင်ဖို့လဲ စိတ်ဝိညာဥ်စွမ်းအင်တွေ ကျုပ် ထပ်ပြီး သုံးစွဲနေရတယ်"

"ဘာပဲဖြစ်ဖြစ် ဒီထိရောက်တာကိုက အတော်ဟုတ်နေပြီ သခင် ဒီထက်ပိုပြီး ထပ်မျှော်လင့့်လို့ မရတော့ဘူး"

"အင်း ခင်ဗျားပြောတာ မှန်ပါတယ်"

စုချန်း ခေါင်းညိတ်လိုက်သည်။ သူ့မျက်လုံးအစုံမှာ အရောင်တဖြတ်ဖြတ် တောက်ပနေ၏။

"ခင်ဗျားသိလား ကျုပ် အခု ဘယ်လိုတွက်ချက်မှုမျိုးကိုမဆို စက္ကန့်ပိုင်းအတွင်း တွက်ချက်နိုင်ပြီ ကျုပ်ရဲ့အလုပ်စားပွဲမှာ ပါဝင်ပစ္စည်းပေါင်း ၃၇မျိုး ရှိတယ် အဲဒီကနေ ဆေးအမျိုးပေါင်း ၁၂၈မျိုးထိ ထုတ်လို့ရတယ် ဒါပေမဲ့ ဒီပါဝင်ပစ္စည်းတွေကို အချည်းအနှီး မဖြုန်းတီးစေပဲ သုံးလို့ရမဲ့ ဖော်မျူလာကတော့ တခုတည်းပဲ ရှိတယ် ခင်ဗျားဟာ ကျုပ်နဲ့ယှဥ်ရင် ၃ပေ၆လက်မ ပိုနိမ့်တယ် စားပွဲအောက်မှာ ပုရွတ်ဆိတ် အကောင်၂၀ရှိနေတယ် အပြင်မှာ စစ်သားတစု ကင်းလှည့်နေတယ် ဒုတိယစစ်သားရဲ့ ခြေထောက်မှာ ဒဏ်ရာရှိတယ်...."

စုချန်း၏ အသံသည် တဖြည်းဖြည်း တိမ်ဝင်သွား၏။ သူ့မျက်လုံးအစုံမှာကား ကြည်နူးရိပ်များ ထင်ဟပ်နေသည်။

စုချန်း၏ ခွဲခြမ်းစိတ်ဖြာနိုင်သော စွမ်းရည်မှာ တကယ်ပင် ထူးခြားလှ၏။ ၎င်းစွမ်းရည်မှာ သုတေသနတွင်သာမဟုတ်။ တိုက်ပွဲဝင်ရာတွင်လည်း အသုံးပြုနိုင်ပေသည်။

ပိတ်လော့ ရင်တုန်ပန်းတုန် ဖြစ်လာ၏။

"သေချာလို့လား သခင်"

"သိပ် သေချာတာပေါ့ ခင်ဗျားကို ကျုပ် သက်သေပြရအုံးမှာလား အပြင်မှာ လူတယောက် ဒီဘက်ကို လာနေတယ် သူ တဲထဲကို ဝင်လာလိမ့်မယ် ကျုပ် ရေတွက်ပြမယ် တစ်....နှစ်....သုံး"

စုချန်း၏ ပါးစပ်မှ သုံးဟု အသံထွက်သည်နှင့် တဲအတွင်းသို့ လူတယောက်က် ဝင်လာ၏။ ထိုလူမှာ တခြားမဟုတ်။ ချူးယင်ဝမ်ပင် ဖြစ်သည်။

"အိုး စုချန်း သေလိုက်ပါတော့"

ချူးယင်ဝမ် ချက်ချင်းပင် နောက်ပြန်လှည့်ကာ ထွက်ပြေးသွားလေသည်။

ထိုအခါကျမှ သူ့တကိုယ်လုံး ကိုယ်လုံးတီးဖြစ်နေကြောင်း စုချန်း သတိထားမိတော့သည်။

"သေစမ်း ပြသနာပဲ"

စုချန်း ကပျာကသီပင် အဝတ်အစား ဝတ်လိုက်ရ၏။

"ဒီလောကကြီးမှာ သခင် မကိုင်တွယ်နိုင်မဲ့ ပြသနာမျိုး အမြဲတမ်းရှိနေတတ်ပါတယ်လို့ ကျုပ် မပြောဘူးလား"

စကားဆုံးသည်နှင့် ပိတ်လော့ ခွက်ထိုးခွက်လှန် ရယ်မောလိုက်လေသည်။

***

All Chapters