← Chapters

စိတ်ဝိညာဥ်သလင်းအား အသုံးပြုခြင်း

Vol. 64 Ch. 639

စိတ်ဝိညာဥ်သလင်းအား အသုံးပြုခြင်း

Vol. 64 Ch. 639

ပေါင်းပင်များ ထူထပ်စွာ ပေါက်ရောက်နေသည့့် တောင်စောင်းတခုတွင် ဖြစ်သည်။

ကောင်းကင်ဘုံလက်သီးတပ်ရင်းသည် အဆိုပါ ထူးခြားသော မြေအနေအထားမျိုးတွင် စခန်းချနေကြ၏။ အစောင့်တာဝန်ထမ်းဆောင်နေသူများမှအပ ကျန်စစ်သားများအားလုံးမှာ နှစ်ခြိုက်စွာ အိပ်မောကျနေကြလေသည်။

စုချန်းကား အိပ်မပျော်သူ လူနည်းစုအနက်မှ တဦး ဖြစ်သည်။ သူ့စိတ်ဝိညာဥ်စွမ်းအင်အနေအထားအရ တကူတက အိပ်နေရန် မလိုတော့။ သူသာ ဆန္ဒရှိပါက ဆယ်ရက်၊ဆယ်ည မအိပ်ပဲလည်း နေနိုင်၏။

စုချန်း၏ တဲအတွင်းတွင် ဖြစ်သည်။ သူသည် စိတ်ဝိညာဥ်သလင်းအား လက်တွင်ကိုင်ရင်း စူးစိုက်ကြည့်နေ၏။

ထိုသို့ ကြည့်နေစဥ်မှာပင် သူ့လက်ထဲရှိ သလင်းသည် အရောင်တောက်လာ၏။ ထို့နောက် ၎င်း၏ မျက်နှာပြင်တွင် ထူးဆန်းသော အရိပ်များ ထင်ဟပ်လာလေသည်။

"တယ်လဲ ထူးဆန်းပါကလား ဒါလေးက ငါ့စိတ်အာရုံကို စုပ်ယူနိုင်တယ် ငါ့စိတ်ဆန္ဒကို ထင်ဟပ်နိုင်တယ်

"တကယ်တော့ ဒါဟာ စိတ်ဝိညာဥ်သလင်းပဲ တနည်းည်းအားဖြင့် စိတ်ဝိညာဥ်စွမ်းအင်ရဲ့ ရုပ်ပိုင်းဆိုင်ရာသရုပ်သကန်လို့လဲ ဆိုနိုင်တယ် သခင်သာ ကျုပ်ကို ဒီအထဲထည့်လိုက်ရင် ကျုပ်က ဒါလေးကို ကျုပ်ရဲ့ ဝိညာဥ်ကိုယ်ခန္ဓာအသစ်အဖြစ် ပြောင်းလဲပစ်နိုင်တယ်"

တောင်ခွဲဓား၏ မျက်နှာပြင်ရှိ ပိတ်လော့၏ မှုန်ဝါးဝါးပုံရိပ်က ဝင်ပြောလိုက်သည်။

"ဒီလိုလုပ်လိုက်ရင် ဒီသလင်းက အလကားဖြစ်သွားမှာပေါ့ဗျ ခင်ဗျားအတွက် ကျုပ်က ဒီလောက်တန်ဖိုးကြီးတဲ့ ရတနာကို ဖြုန်းတီးပစ်စရာလား"

"ဒါပေမဲ့ သခင်လဲ ဒီအတွက် ကျုပ်ရဲ့ ထာဝရသစ္စာစောင့်သိမှုကို ပြန်ရမှာပဲလေ"

ပိတ်လော့က မနှစ်မြို့ဟန်ဖြင့် ခွန်းတုံ့ပြန်လိုက်သည်။

"ကျုပ် ခင်ဗျားရဲ့ သစ္စာစောင့်သိမှုကို မလိုဘူး ပိတ်လော့ ခင်ဗျားရဲ့ အသိပညာကိုပဲ လိုတာ ဒါပေမဲ့ ခုနောက်ပိုင်း ခင်ဗျားရဲ့ အသိပညာက နည်းသထက် နည်းလာနေပြီ"

စုချန်း၏ ခပ်ပြတ်ပြတ် စကားသံက ပိတ်လော့၏ မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သည့်နှယ်ပင်။

"သခင်က တကယ်ကို အတွေးအခေါ်မရှိတာပဲ ဒီဝိညာဥ်သလင်းက ဘယ်မှာသုံးစားရလို့လဲ ဒါလေးက သခင့်ရဲ့ဝိညာဥ်စွမ်းအားကို မဆိုစလောက်လေးပဲ မြှင့်ပေးနိုင်တာ သခင် တကယ်လေ့ကျင့်ရမှာက ကျုပ်ပေးထားတဲ့ စစ်မှန်သောဝိညာဥ်ကျမ်းကိုပဲ ဒီကျမ်းကမှ သခင့်ရဲ့ စိတ်ဝိညာဥ်စွမ်းအားကို သိသိသာသာ တိုးပွားလာစေလိမ့်မယ်"

သို့သော် စုချန်းက ခေါင်းခါလိုက်၏။

"ကျုပ် ဒီသလင်းကို စိတ်ဝိညာဥ်စွမ်းအား တိုးပွားလာအောင် အသုံးပြုမှ မဟုတ်ဘူးဗျ"

"ဒါဆို သခင်က ဘာအတွက် သုံးမှာတုန်း သခင့်ထက် စိတ်ဝိညာဥ်စွမ်းအား မြင့်မားတဲ့ လူတွေနဲ့ ရင်ဆိုင်ရာမှာ သုံးမလို့လား သတ်ဖြတ်သူတွေအတွက်ပဲ ဒီလိုသလင်းမျိုးက လိုတာပါ လူသားတွေထဲမှာ သခင့်လောက် စိတ်ဝိညာဥ်စွမ်းအား မြင့်မားတဲ့လူဆိုတာ အတော်ရှားသွားပြီ သခင့်ကို တော်ရုံတန်ရုံလူ မထိန်းချုပ်နိုင်တော့ဘူး"

"ဒါလဲ မဟုတ်ပြန်ဘူးကွ ကျုပ်မှာ ဒီထက်ပိုကောင်းတဲ့ စိတ်ကူးရှိတယ်"

"ဘာများလဲ သခင်"

စုချန်းက ခေတ္တစဥ်းစားရင်း ပြောလိုက်၏။

"ဒီမယ် ပိတ်လော့ ခင်ဗျား ဒီဘဝကို မရောက်ခင် ခင်ဗျားမှာ ဘာရည်ရွယ်ချက်တွေ ရှိခဲ့သလဲ မှတ်မိသေးရဲ့လား"

ပိတ်လော့ တွေခနဲ ဖြစ်သွား၏။ ထို့နောက် သူက ပြောလိုက်သည်။

"မှတ်မိပါတယ်သခင်"

"ကျုပ်သာ အမှတ်မမှားဘူးဆိုရင် ခင်ဗျားဟာ တစုံတယောက်က်ရဲ့ မှတ်ညဏ်ကို ချုပ်ကိုင်ဖို့ ပြုပြင်ဖန်တီးဖို့ ကြိုးစားနေခဲ့တာပဲ ကျုပ် ပြောတာ ဟုတ်သလား ပိတ်လော့"

မှတ်ညဏ်အား ပြုပြင်ဖန်တီးယူခြင်း။ ၎င်းမှာ အာကင်င်နာသခင်ကြီးဘဝက ပိတ်လော့ ​ဖြေရှင်းရန် ကြိုးစားနေခဲ့သော အဓိကပြသနာဖြစ်သည်။

မျိုးစိတ်အသီးသီးအား ထိန်းချုပ်ရာတွင် အဓိကအတားအဆီးဖြစ်သည့် မှတ်ညဏ်များအား ဖျက်ဆီးပစ်နိုင်မည့် နည်းလမ်းတမျိုးမျိုးကို ဖန်တီးရန် ပိတ်လော့ ကြိုးစားခဲ့ဖူး၏။ သို့သော် ပိတ်လော့၏ ကြိုးပမ်းမှုသာ အရှုံးနှင့်သာ ရင်ဆိုင်ခဲ့ရ၏။ နောက်ဆုံးတွင် သားရဲဝိညာဥ်ထိန်းချုပ်ခြင်းနည်းလမ်းသာလျင် ကြိုးပမ်းမှု၏ ဘေးထွက်ဆိုးကျိုးအဖြစ် ကျန်ရစ်ခဲ့လေသည်။ နောက်ဆုံးတွင်တော့ ပိတ်လော့၏ ကြိုးပမ်းမှု၊ ရည်မှန်းချက်များအားလုံးသည် အာကင်င်နာနိုင်ငံတော်ကြီး ပျက်သုန်းမှုနှင့်အတူ အချိန်ရေစီးကြောင်းအောက်တွင် နစ်မြုပ်သွားရရှာတော့သည်။

ယခုတော့ စုချန်းက မဆီမဆိုင်ပင် ထိုအကြောင်းအား စကားစလာပြန်၏။ ၎င်းသည် ပိတ်လော့အား အတော်လေး စိတ်ရှုပ်ထွေးသွားစေသည်က အမှန်ပင်။

ထိုအခါ ပိတ်လော့က မေးလိုက်၏။

"သခင် ဘာကြောင့် ကျုပ်ကို ဒီအကြောင်း ထပ်မေးနေရတာတုန်း"

"မကြာသေးခင်ကပဲ ခင်ဗျားရဲ့မှတ်တမ်းတချို့ကို ကျုပ် ဖတ်ထားပြီးပြီ ခင်ဗျား စေ့စေ့စပ်စပ် မှတ်တမ်းတင်ထားတာကိုတော့ ကျုပ် ဝန်ခံပါတယ် ခက်တာက အဲဒီတုန်းက ကျုပ်ဟာ တိုက်ခိုက်ရေးစွမ်းရည်တိုးပွားလာဖို့ကိုပဲ အာရုံစိုက်နေရတော့ ဒီအပေါ်မှာ ကျုပ် အာရုံမစိုက်နိုင်ခဲ့ဘူး ဒါကြောင့် ခင်ဗျားရဲ့ အသိပညာတွေက်ို ဆက်ခံရရှိထားတာတောင် ကျုပ် ဘာမှတိုးတက်လာအောင် မလုပ်နိုင်ခဲ့ဘူး"

"အိုး ဖြည်းဖြည်းချင်း တိုးတက်လာမှာပါသခင်"

ပိတ်လော့က နှစ်သိမ့်လိုက်သည်။ စုချန်းက စကားဆက်ပြန်၏။

"ဘာပဲဖြစ်ဖြစ် ခင်ဗျားလုပ်ခဲ့တဲ့ သုတေသနတွေက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာတော့ ကျုပ် ဝန်ခံပါတယ် အကြောင်းအမျိုးမျိုးကြောင့် ဒီလမ်းကြောင်းပေါ် ကျုပ် မလျှောက်နိုင်ခဲ့ပေမဲ့ စမ်းသပ်မှုတခုတလေလောက်တော့ ကျုပ် လုပ်ကြည့်ခဲ့သေးတယ် ဥပမာ ကြည်လင်မြစ်မြို့တော်တုန်းကဆိုရင် အသ်ိပညာပင်လယ်ပြင်ကို ပုံပြောင်းဖို့ ကျုပ် ကြိုးစားခဲ့ဖူးတယ် ဒီလိုနည်းအားဖြင့် မှတ်ညဏ်တွေကို ကျုပ် ထာဝရ သိမ်းဆည်းထားနိုင်မယ် စမ်းသပ်မှုတခုအတွက် လိုအပ်တဲ့ အသေးစိတ်တွက်ချက်မှုတွေကို ထပ်ခါထပ်ခါ လုပ်နိုင်လာမယ် ဒီနည်းအားဖြင့် စမ်းသပ်မှုတွေအများကြီး ကျုပ် လုပ်နိုင်လာမယ် ဒီမှာဗျာ ခင်ဗျား ကြည့်"

စကားဆုံးသည်နှင့့် စုချန်းက လက်ချောင်းလေးများအား တဖြတ်ဖြတ် လှုပ်ရှားလိုက်ရာ လေထဲဲတွင် မီးတောက်မီးလျံများ ပေါ်ပေါက်လာ၏။ ထို့နောက် အဆိုပါ မီးတောက်များသည် သုတေသနစမ်းသပ်စားပွဲကြီးနှင့် စမ်းသပ်ကိရိယာများအဖြစ် ပြောင်းလဲဖွဲ့စည်းသွားလေသည်။

ထို့နောက် စုချန်းက ရှင်းပြလ််ိုက်၏။

"ဒီနည်းနဲ့ဆိုရင် ကျုပ်ဟာ ပုံမှန်အခြေအနေမှာ အထပ်ထပ် တွက်ချက်ရမဲ့ စမ်းသပ်မှုအများကြီးကို တထိုင်တည်းနဲ့ လုပ်နိုင်လာလိမ့်မယ်"

စုချန်း ရှင်းပြနေသည်ကို ပိတ်လော့ မြန်မြန်ဆန်ဆန်ပင် နားလည်သွား၏။

သုတေသနများ၊ လက်တွေ့စမ်းသပ်မှုများမှန်သမျှသည် အသ်ိိပညာတည်းဟူသော အုတ်မြစ်ကြီးအပေါ်တွင်သာ အခြေပြုထားရ၏။ အနှီအသ်ိိပညာကို အခြေပြုပြီး သုတေသနပညာရှင်သည် မိမိ မရင်းနှီးသော အခြေအနေမျိုးတွင် ကြုံတွေ့လာနိုင်ဖွယ်ရှိသည့် အခက်အခဲများ၊ စိမ်ခေါ်မှုများကို ကြိုတင်မှန်းဆရ၏။ တွက်ချက်ရ၏။ ပြင်ဆင်ရ၏။ ၎င်းမှာ သုတေသနလုပ်ငန်း၏ အခြေခံစည်းမျဥ်းပေတည်း။

သို့သော် မည်မျှပင် ကြိုတင်ပြင်ဆင်ထားစေကာမူ မည်သည့်သုတေသနပညာရှင်မှ တကြိမ်တည်းနှင့် အောင်မြင်သွားသည်ဟူ၍ မရှိ။ စမ်းသပ်မှုများအား အထပ်ထပ်အခါခါ လုပ်ဆောင်ရလေ့ရှိသည်သာ။ စုချန်းသည်လည်း နတ်ဘုရားမဟုတ်၍ ထိုအခြေအနေမျိုးအား မလွဲမသွေ ရင်ဆိုင်ရမည် ဖြစ်သည်။

လက်ရှိ တီထွင်နေသည့့် နည်းလမ်းသာ အောင်မြင်သွားပါက အထက်ပါ အခြေအနေမျိုးအား စုချန်း ရှောင်လွှဲနိုင်တော့မည် ဖြစ်သည်။ ထိုအခါ သူ၏ စွမ်းဆောင်ရည်သည်လည်း ဆယ်ဆမက တိုးပွားလာပေလိမ့်မည်။

"ဒါဆို သခင် အောင်မြင်သွားပြီလား"

ပိတ်လော့က မေးလိုက်သည်။

"မအောင်မြင်ဘူး ကျုပ် ရှုံးန်ိမ့်သွားတယ်"

စုချန်းက သက်ပြင်းချရင်း ပြောလိုက်၏။

"အသိပညာပင်လယ်ပြင်ထဲမှာ ပုံရိပ်တွေ ဖန်တီးရတဲ့ကိစ္စက သိပ်ပြီး စိတ်ဝိညာဥ်စွမ်းအား ကုန်ခန်းစေတယ် ကျုပ်မှာ အိပ်မက်နယ်ပယ်သခင်လို ကြောက်စရာစ်ိတ်ဝိညာဥ်စွမ်းအားမျိုး ဟာ မဟုတ်ဘူးဗျ အိပ်မက်နယ်ပယ်သခင်တောင် အိပ်မက်နယ်ပယ်ကို သူတယောက်က်တည်း ဖန်တီးထားတာ မဟုတ်ဘူး သူ့ရဲ့ တပည့်လက်သားတွေ အိပ်မက်ဝိညာဥ်တွေရဲ့ စုပေါင်းစွမ်းအားနဲ့ ဖန်တီးထားတာပဲ ဒါကြောင့် ကျုပ် စိတ်ကူးသာ အောင်မြင်ရင် အများကြီး အကျိုးရှိမယ်မှန်း သိရဲ့နဲ့ နောက်ဆုံးမှာ ဒီစိတ်ကူးကို ကျုပ် စွန့်လွှတ်လိုက်ရတယ်"

"ခု ဒီစိတ်ကူးကို အကောင်အထည်ဖော်ဖို့ သခင် စဥ်းစားနေပြန်ပြီ ဒါဆို သခင့်မှာ တွေးမိထားတာရှိ...."

စကားပင်မဆုံးသေး တစုံတခုက်ို တွေးမိဟန်ဖြင့် ပိတ်လော့ တုန်လှုပ်သွား၏။

"အမှန်ပဲ"

စုချန်းက စိတ်ဝိညာဥ်သလင်းအား ကောက်ယူရင်း ပြောလိုက်သည်။

"ဒီသလင်းကို တွက်ချက်မှုကိရိယာအဖြစ် သုံးနိုင်မယ်လို့ ခင်ဗျား မတွေးမိဘူးလား ဒီသလင်းဟာ စိတ်ဝိညာဥ်အစိုင်အခဲလို ဖြစ်နေတဲ့အတွက် သိန်းသန်းချီတဲ့ တွက်ချက်မှုတွေက်ို မှတ်တမ်းတင်ထားဖို့ အသင့်တော်ဆုံး ပစ္စည်းပဲ ဘယ်စမ်းသပ်မှုမျိုးမှာမဆို ရလဒ်က သေချာပြီဆိုတာနဲ့ ကျုပ် အဲဒီအချက်အလက်တွေကို ဒီအပေါ်မှာ မှတ်တမ်းတင်လိုက်မယ် ပြီးတာနဲ့ ကျုပ်ရဲ့ အသိပညာပင်လယ်ပြင်နဲ့ ပေါင်းစပ်လိုက်မယ် ဒီနည်းအားဖြင့် ကျုပ်မှာ အသုံးချလို့ရမဲ့ စိတ်နှစ်မျိုး ရှိလာလိမ့်မယ် ကဲ ခင်ဗျား ဘယ်လိုသဘောရသလဲ"

"တော်တော်ထူးခြားတဲ့ စိတ်ကူးပါပဲဲသခင်"

"ဟုတ်ပြီ ဒါဆိုရင် ကျုပ် အခုလုပ်ဖို့လိုတာဆိုလို့ ဒီသလင်းကို ကျုပ်ရဲ့ အသိပညာပင်လယ်ပြင်မှာ နေရာချထားပြီး ကျုပ်လိုချင်တဲ့ ပုံစံရအောင် ပုံသွင်းယူဖို့ပဲ"

"သတိထားသခင် မအောင်မြင်ရင် သခင့်ရဲ့ဦးနှောက်တွေ ပွင့်ထွက်ကုန်လိမ့်မယ်"

စုချန်း မသ်ိမသာ ပြုံးလိုက်သည်။

"ကျုပ် သေချာပေါက်အောင်မြင်မှာပါဗျာ"

ထို့နောက် စုချန်းသည် စိတ်ဝိညာဥ်သလင်းအား သူ့နဖူးပေါ်တွင် တင်လိုက်၏။ ထိုအခါ နဖူးပေါ်ရှိ သလင်းသည် မြင်ကွင်းမှ ပျောက်ကွယ်သွားပြီး စုချန်း၏ အသိပညာပင်လယ်ပြင်တွင် ပြန်လည်ပေါ်ပေါက်လာတော့သည်။

ချက်ချင်းဆိုသလိုပင် ပြင်းထန်အားကောင်းသော စိတ်ဝိညာဥ်လှိုင်းတခုသည် စုချန်း၏ အသိပညာပင်လယ်ပြင်အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာတော့၏။

ထို့နောက် စိတ်ဝိညာဥ်စွမ်းအားများသည် မုန်တိုင်းတခုသဖွယ် ဟိုမှသည်မှ ရိုက်ခတ်လာတော့သည်။

***

All Chapters