သတ်ဖြတ်သူဘိုးဘေး ၁
Vol. 64 Ch. 634
တရွှီရွှီ မြည်သံများနှင့်အတူ လေထဲသို့ အရိပ်တခုပြီးတခု ခုန်တက်လာ၏။ အရိပ်များထဲတွင် အင်အားကြီးမားသော ဖြစ်တည်မှုများ၊ စွမ်းအင်များ ပါဝင်နေလေသည်။
တဆက်တည်းမှာပင် မ်ိုးခြိမ်းသံများ၊ အလင်းတန်းများ၊ မီးတောက်များနှင့်အတူ လေထဲတွင် လူရိပ်များ သွားလာလှုပ်ရှားနေကြ၏။
စတိုင်မာ အကြီးအကျယ် ဒေါသထွက်သွား၏။ အကြောင်းမှာ သူ့အတွက် ရန်သူနှစ်ယောက် တိုးလာသောကြောင့်ပင်။
နောက်တိုးနှစ်ယောက်မှာ ရှီက်ိုင်းဟွမ်နှင့် ကျန်မောက်စီတို့ ဖြစ်သည်။
သုံးယောက်သား စတိုင်မာအား ပြိုင်တူတိုက်ခိုက်လိုက်ကြရာ အခြေအနေမှာ ချက်ချင်းလိုလိုပင် ပြောင်းလဲသွားတော့သည်။
ဤသည်ပင်လျင် လီကုံးရှန် ကြိုတင်မျှော်လင့်ထားသော အခြေအနေ ဖြစ်၏။
အင်အားချင်းသာ နှိုင်းယှဥ်ပါက လီကုံးရှန်သည် စတိုင်မာထက် အားမနည်း။ သို့သော် တိုက်ခိုက်ရေးပုံစံအရ လီကုံးရှန်သည် စတိုင်မာကဲ့သို့ ပြင်းထန်ကြမ်းတမ်းသောပုံစံနှင့် ရေရှည်မတိုက်ခိုက်နိုင်။ သတ်ဖြတ်သူများသည် မွေးရာပါ စစ်သည်တော်များဖြစ်ပြီး အချိန်ဘယ်လောက်ကြာသည်ဖြစ်စေ မမောနိုင် မပမ်းနိုင် တိုက်ခိုက်နိုင်ကြသည် မဟုတ်ပါလား။
ထိုအနေအထားကြောင့် စတိုင်မာနှင့် ထိပ်တိုက်ရင်ဆိုင်နေရခြင်းမှာ လီကုံးရှန်အတွက် အလားအလာမကောင်းလှ။ အနီရောင်မီးလျံနတ်ဆိုးကျားနှင့် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်ဖြစ်နေ၍သာ လီကုံးရှန်အနေနှင့် ဤမျှ ခပ်ကြမ်းကြမ်း ရင်ဆိုင်နေနိုင်ခြင်း ဖြစ်သည်။
မည်သို့ဆိုစေ လီကုံးရှန်သည် စတိုင်မာအား ခပ်ကြမ်းကြမ်း တုံ့ပြန်ရန်သာ ရွေးချယ်ခဲ့၏။
အကြောင်းမှာ စစ်တပ်ကြီးနှစ်တပ် ရင်ဆိုင်တိုက်ခိုက်ရာတွင် စိတ်ဓာတ်သည် အလွန်အရေးကြီးကြောင်း သူ ကောင်းကောင်းသဘောပေါက်ထားသောကြောင့်ပင်။ အထူးသဖြင့် တဟုန်ထိုးတိုက်စစ်ဆင်ရန် လိုအပ်နေသည့်အခါမျိုး၊ တိုက်ပွဲကို အမြတ်ဖြတ်ရန် အရေးကြီးနေသည့် အချိန်မျိုးတွင် ထိုစိတ်ဓာတ်သည် ပို၍ အရေးပါ၏။ စစ်သားများ၏ စိတ်ထဲတွင် သူတို့၏ ဗိုလ်ချုပ်အနေနှင့် ရန်သူခေါင်းဆောင်အား ပြင်းပြင်းထန်ထန် ဦးဆောင်တိုက်ခိုက်နေသည်ဟု ထင်မြင်သွားရန် လိုအပ်ပေသည်။
ဤနည်းအားဖြင့် လီကုံးရှန်သည် သူ့လက်အောက်ငယ်သားစစ်သည်များ၏ ရဲသွေးရဲမာန်ကို မြှင့်ပေးခဲ့၏။ တိုက်ခိုက်လိုစိတ်ကို တိုးပွားစေခဲ့၏။
တဖက်တွင်လည်း ဤတိုက်ပွဲကြီးမှာ သိပ်မကြာလောက်ဟု သူ တွက်ချက်ထားခဲ့၏။ ထို့အတွက်ကြောင့်လည်း သူ ပို၍ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နိုင်ခဲ့လေသည်။
သေရေးရှင်ရေးအခြေအနေတွင် တရားသည် မတရားသည် မည်သူ ဂရုစိုက်နေအုံးမည်နည်း။
တဖက်တွင်လည်း သူတို့အားလုံး သတ်ဖြတ်သူနတ်ဘုရားကျောင်းတော်ဘိုးဘေးများ စတင်လှုပ်ရှားလာမည့်အချိန်ကို ချင့်တွက်နေသည်ဟု ဆိုနိုင်သည်။ ထိုဘိုးဘေးများသည် စတင်လှုပ်ရှားလာပါက သူတို့အနေနှင့် တယောက်က်ချင်းတိုက်နေ၍ မဖြစ်တော့။ လီကုံးရှန်သည်လည်း စတိုင်မာနှင့်တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ရပေလိမ့်မည်။
ရှီက်ိုင်းဟွမ်သည် တိုက်ပွဲစည်းဝိုင်းအတွင်းရောက်သည်နှင့် လက်တဖက်က်ို လှုပ်ရှားပြီး ဆုမာရုလေဟာနယ်ကို ဖော်ထုတ်လိုက်သည်။ ရှီကိုင်းဟွမ်၏ တိုက်ခိုက်မှုကြောင့် စတိုင်မာ၏ အောက်ပိုင်းသည် ရေထဲတွင် နစ်မြုပ်သွားသည့်နှယ် ခံစားလိုက်ရ၏။ သူ၏ လှုပ်ရှားမှုများမှာလည်း တုံ့ဆိုင်းသွားတော့သည်။ ထ်ိုအချိန်မှာပင် ရှီက်ိုင်းဟွမ်၏ ကြီးမားသော လက်ဝါးကြီးသည် အောက်သို့ နိမ့်ကျလာပြီး စတိုင်မာ၏ အလင်းရောင်များကို ဖျော့တော့သွားစေသည်။
ကျန်မောက်စီ၏ တိုက်ခိုက်ပုံမှာကား ပို၍ ရက်စက်ကြမ်းတမ်းလှသည်။ ၎င်းသည် သေးငယ်သော မီးအိမ်ငယ်ကို ကိုင်ကာ ဝေ့ယမ်းတိုက်ခိုက်နေ၏။ မီးအိမ်မှ မီးတောက်များသည် လေနှင့်အတူ ဝေ့ဝဲနေလေ၏။
ထိုမီးအိမ်မှ မီးလျံများ တချက်ရိုက်ခတ်လိုက်တိုင်း စတိုင်မာ၏ အရှိန်အယောင်သည် ပို၍ အားပျော့လာ၏။ လီကုံးရှန်၏ နတ်ဘုရားဗိမ္မာန်တော်မှာကား ပို၍ တောက်ပလာလေသည်။ အနီရောင်မီးလျံကျား၏ ကိုယ်ပေါ်မှ မီးလျံများသည်လည်း အဖြူရောင်ပြောင်းသွားပြီး ပို၍ ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်လာ၏။
အဖြူရောင်မီးလျံများသည် လှံချွန်များသဖွယ် စတိုင်မာအား ထိုးစိုက်လာ၏။ စတိုင်မာအနေနှင့် ထ်ိုအဖြူရောင်လှံချွန်များအား ဓားနှင့်ဖယ်ထုတ်ရန် မတတ်နိုင်တော့။ သူ့ကိုယ်ပေါ်မှ ဆေးမင်များကား မီးလျံများ၏ တိုက်စားမှုကြောင့် လွင့်ပြယ်သွားပြီ ဖြစ်သည်။ စတိုင်မာ တချီထက် တချီ အားနည်းလာခဲ့လေပြီ။
စတိုင်မာအဖို့ကား ဒေါသတကြီး အော်ဟစ်ဆဲဆိုနေရုံသာ တတ်နိုင်တော့သည်။ ရန်သူသုံးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စတိုင်မာ နလံမထူနိုင်တော့။
ထိုအချိန်တွင် ချန်ထျန်ဟ််ိုင်၊ လင်းချောက်ချွန်နှင့် ချူးယင်ဝမ်တို့သည် တခြားသတ်ဖြတ်သူသုံးဦးနှင့် ရင်ဆိုင်နေရ၏။ ထိုသုံးဦးသည် စတိုင်မာထက်စာလျင် များစွာ အိုမင်းရင့်ရော်နေ၏။
သူတို့ရှေ့တည့်တည့်ရှိ သတ်ဖြတ်သူသည် အဖြူရောင်ပါးသိုင်းမွှေးများ ရှိနေပြီး မျက်နှာတွင် ထူးဆန်းသော ဆေးမင်များစွာ ရေးထိုးထား၏။ ၎င်း၏ လည်ပင်းတွင် သေးငယ်သော အရိုးခေါင်းလေးများ အစီအရီ ဆွဲချိတ်ထားသည်။ အရိုးခေါင်းတခုစီ၏ မျက်လုံးအိမ်များအတွင်းမှ ထူးဆန်းသော အပြာရောင်မီးတောက်များ တိုးထွက်နေသည်။
ကျန်သတ်ဖြတ်သူနှစ်ဦး၏ လက်ထဲတွင် ရှည်လျားသောကြိမ်တံများကို ကိုင်ဆောင်ထားသည်။ အိုမင်းရင့်ရော်သည်ကတော့ အလယ်ရှိ သတ်ဖြတ်သူအဖိုးကြီးနှင့် အတူတူပင်။
ထိုသတ်ဖြတ်သူအဖိုးကြီးသုံးဦးမှာ ရေခဲအသိုက်သတ်ဖြတ်သူနတ်ဘုရားကျောင်းတော်၏ ဘိုးဘေးသုံးဦးပင် ဖြစ်သည်။
ကျန်သတ်ဖြတ်သူများနှင့် မတူသည်မှာကား အဆိုပါ အဖိုးကြီးသုံးဦးလုံးသည် ရှေးဟောင်းအာကင်င်နာနည်းစနစ်များနှင့့် တိုက်ခိုက်ရာတွင် ပိုမိုကျွမ်းကျင်ပုံရ၏။
လင်းချောက်ချွန်သည် ဓားနှင့် သုံးချက်တိတိ ခုတ်ပိုင်းလိုက်၏။ ဓားချက်တိုင်းသည် အရိုးခေါင်းများကို တည့်မတ်စွာ ထိမှန်သွားသော်လည်း အရိုးခေါင်းများကား ကွဲအက်သွားခြင်းမရှိ။ ပို၍ ထူးဆန်းသည်မှာ အရိုးခေါင်းများ၏ ပါးစပ်မှ အနက်ရောင်မီးခိုးငွေ့များ ထွက်ပေါ်လာခြင်းပင်။
"သတိထား အဲဒါ ဝိညာဥ်စားသုံးခြင်းအဆိပ်ငွေ့တွေ"
ချူးယင်ဝမ် ကျယ်လောင်စွာ အော်ဟစ်သတိပေးလိုက်၏။ သူမ၏ နဖူးတွင်လည်း ကြာပန်းတပွင့် ထွက်ပေါ်လာပြီး အဆိပ်ငွေ့များအား ကာကွယ်ထားလိုက်လေသည်။
သို့တိုင်အောင် အဆိုပါ ဦးခေါင်းခွံများသည် အဆိပ်ငွေ့များ အဆက်မပြတ် မှုတ်ထုတ်နေပြီး ချူးယင်ဝမ်တို့၏ တိုက်ခိုက်မှုများအား အားပျော့သွားစေ၏။
အဆိုပါ ဘိုးဘေးသုံးယောက်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သာမာန်မျှသာ ဖြစ်သည်။ သို့သော် ၎င်းတို့၏ နည်းစနစ်များကမူ ဆန်းကြယ်လှ၏။ ဦးခေါင်းခွံများနှင့်ပင် ဗိုလ်ချုပ်သုံးယောက်၏ တိုက်ခိုက်မှုများအား အလွယ်တကူ ကာကွယ်ထားနိုင်လေသည်။
ထိုအချိန်မှာပင် ကျန်ဘိုးဘေးနှစ်ဦးက ပြိုင်တူလှုပ်ရှားလိုက်ကြ၏။
ဒုတိယဘိုးဘေးသည် ချက်ချင်းပင် မှန်တချပ်ကို ဆွဲထုတ်လိုက်သည်။ မှန်မျက်နှာပြင်မှ အလင်းရောင်က ချန်ထျန်ဟိုင်ဆီသို့ တိုးဝင်လာ၏။
အလင်းရောင်ကား ချန်ထျန်ဟ်ိုင်ဆီသို့ ကျရောက်လာပြီ ဖြစ်သည်။ ထိုအချိန်မှာပင် လင်းချောက်ချွန်က လျင်မြန်စွာ လှုပ်ရှားလိုက်၏။ ၎င်းကား အမြန်နှုန်းအားကိုးသော ချီစွမ်းအားပညာရှင်ဖြစ်လေရာ မျက်စေ့တမှိတ်အတွင်း ချန်းထျန်ဟိုင်ပေါ်သို့ ကျရောက်လာမည့်အလင်းတန်းအား ကြားဝင်ခံပေးလိုက်သည်။ အလင်းရောင်ကြောင့် လင်းချောက်ချွန်၏ မျက်လုံးများ ပြာဝေသွား၏။ တဆက်တည်းမှာပင် မှန်ထဲမှ လင်းချောက်ချွန်နှင့် ပုံတူလူတယောက် ထွက်ပေါ်လာသည်။ ၎င်းက လင်းချောက်ချွန်အား တိုက်ခိုက်လိုက်တော့၏။
"ဒီတော့ မှော်ပညာပေါ့လေ မဆိုးဘူး စိတ်ဝင်စားစရာကောင်းသားပဲ"
စုချန်း တီးတိုးရေရွတ်လိုက်၏။ ထို့နောက် သူက တိုက်ပွဲအား ဂရုတစိုက်နှင့် စောင့်ကြည့်နေလိုက်လေသည်။
သတ်ဖြတ်သူများ တည်ရှိခဲ့သည်ကား နှစ်ပေါင်းထောင်သောင်းမက ကြာခဲ့လေပြီ။ ၎င်းတို့တွင်လည်း ကိုယ်ပိုင်သမိုင်းကြောင်း၊ ကိုယ်ပိုင်ကျင့်ကြံခြင်းနည်းစနစ်များ ရှိနေကြ၏။
သို့သော် စုချန်းကား ချူးယင်ဝမ်တို့အတွက် စိတ်မပူလှ။ သတ်ဖြတ်သူဘိုးဘေးများ၏ ထောင်ချောက်က ရိုးစင်းလှသည် မဟုတ်ပါလား။
ထင်သည့်အတိုင်းပင် ချန်ထျန်ဟိုင်သည် ရှေ့သို့ခုန်ထွက်လာပြီး ၎င်း၏ ပုဆိန်ဖြင့် လင်းချောက်ချွန်ပုံတူအား ခုတ်ချလိုက်၏။
လင်းချောက်ချွန်ပုံတူသည် လင်းချောက်ချွန်၏ တဝက်ခန့်သာ အားကောင်း၏။ ထိုတဝက်သည်ပင် လင်းချောက်ချွန်ထံမှ စုပ်ယူသွားသည့် အင်အား ဖြစ်သည်။ ထို့ကြောင့် ထိုပုံတူကို မသတ်မချင်း လင်းချောက်ချွန် အင်အားပြန်ပြည့်လာလိမ့်မည်မဟုတ်။ ထိုပုံတူကို သတ်ရန်အတွက် ချန်ထျန်ဟိုင်လို လူစားမျိုးက အသင့်တော်ဆုံးပင်။
ချန်ထျန်ဟိုင်၏ ပုဆိန်ချက်ကြောင့် လင်းချောက်ချွန်ပုံတူသည် မှန်တချက် ကွဲသည့်နှယ် အပိုင်းအစလေးများအဖြစ် ကွဲထွက်သွား၏။ ထိုအပိုင်းအစလေးများထဲတွင် လင်းချောက်ချွန်ပုံတူလေးများ တခုစီ ပါဝင်သွားလေသည်။
"ယား"
ကျယ်လောင်သော မာန်သွင်းသံနှင့်အတူ ချန်ထျန်ဟိုင် ပုဆိန်ကို နောက်တကြိမ် ဝေ့ယမ်းလိုက်၏။ ဤတကြိမ်တွင်တော့ သူ့ပုဆိန်မှ သွေးကဲ့သို့ နီရဲရဲအလင်းရောင်များ ဖြာထွက်လာပြီး ပုံတူအမှုန်လေးများအား ပြာကျသွားစေတော့သည်။
သတ်ဖြတ်သူအဖိုးအို ဒေါသတကြီးနှင့် အော်ဟစ်လိုက်၏။ သူ့လက်ထဲရှိ မှန်မှာလည်း တစစီ ကွဲကြေသွားလေသည်။
ထိုအချိန်တွင် နောက်ဆုံးသတ်ဖြတ်သူအဖိုးအိုသည် ပစ္စည်းတခုကို ဆွဲထုတ်လိုက်ပြန်၏။ ၎င်းမှာ ကင်းမြီးကောက်တကောင် ဖြစ်သည်။ ကင်းမြီးကောက်သည် အပြင်ရောက်သည်နှင့် ချက်ချင်းပင် အရွယ်အစား ကြီးမားလာပြီး သူတို့အား လိုက်လံတိုက်ခိုက်တော့သည်။
တဆက်တည်းမှာပင် ပထမဆုံး သတ်ဖြတ်သူအဖိုးကြီးသည်လည်း ထပ်မံ လှုပ်ရှားလာပြန်၏။ လေထဲတွင် လှည့်ပတ်နေသော ဦးခေါင်းခွံဆယ့်ရှစ်ခုသည် ပုံစံပြောင်းလဲလာပြီး အဆိပ်ငွေ့များသည်လည်း ၎င်းတို့၏ မျက်နှာပြင်ပေါ်တွင် စုဝေးလာတော့၏။ နောက်ဆုံးတော့ ဆယ့်ရှစ်ခုသော ဦးခေါင်းခွံများသည် စုစည်းကာ လက်နက်သစ်တခုအဖြစ် ပြောင်းလဲသွားပြီး ဗိုလ်ချုပ်သုံးဦးအား စတင်တိုက်ခိုက်လာတော့၏။
***