← Chapters

သတ်ဖြတ်သူဘိုးဘေး ၂

Vol. 64 Ch. 635

သတ်ဖြတ်သူဘိုးဘေး ၂

Vol. 64 Ch. 635

အဆိုပါ ဦးခေါင်းခွံဆယ့်ရှစ်ခုသည် ဤအတိုင်းကြည့်လျင် ရိုးရှင်းဟန်တူ၏။ သို့သော် ၎င်းတို့တခုချင်းစီမှာ ထူးခြားပြီး သီးသန့်စွမ်းရည်များကိုယ်စီ ရှိနေကြသည်။

ချန်ထျန်ဟိုင်၏ ပုဆိန်သည် အရ်ိုးပုံကြီးအား ပြင်းထန်စွာ ရိုက်ခတ်သွား၏။ ပုဆိန်သွားသည် အရ်ိုးပုံကြီး၏ ဦးခေါင်းနေရာအား ရိုက်မိသွားတိုင်း ပြန်ကန်ထွက်လာခြင်းကို ချန်ထျန်ဟိုင် ကြုံလိုက်ရသည်ည်။ အရိုးပုံကြီး၏ ကိုယ်ထည်နေရာအား ရိုက်မိပြန်က ၎င်းသည် ချက်ချင်းပင် အနက်ရောင်မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားပြန်လေရာ ချန်ထျန်းဟိုင်၏ တိုက်ခိုက်မှုမှာ အချည်းနှီး ဖြစ်သွားရပြန်၏။ ထိုမျှသာမကသေး တလူလူထွက်နေသော အနက်ရောင်အဆိပ်ငွေ့များကလည်း ၎င်းနှင့်ထိတွေ့မိသမျှ အရာတိုင်းကို တိုက်စားပစ်လေရာ ချန်းထျန်းဟိုင်တယောက်က် အတော်ပင် အခက်တွေ့နေရတော့၏။

တချိီတွင်တော့ အဆိပ်ငွေ့များသည် ချန်ထျန်းဟိုင်၏ ကိုယ်ခန္ဓာအား ထိမှန်သွား၏။ အဆိပ်ငွေ့ဒဏ်ကြောင့် ချန်ထျန်ဟိုင်၏ နီမောင်းသော အသားအရေသည် အစိမ်းပုပ်ရောင်အဖြစ် ပြောင်းလဲသွား၏။ ဤတချီတွင်တော့ သူ အတော်လေး ခံစားလိုက်ရသည်ည်။

ချန်ထျန်ဟိုင် ဒေါသတကြီး ဆဲဆိုလိုက်၏။

"ဟေ့ ကောင်မလေးချူ လာကူအုံးလေ ဘာလုပ်နေတာတုန်း ဒီကောင်ကြီးနဲ့ တိုက်ခိုက်ရတာ မလွယ်ဘူးဟ"

ချူယင်ဝမ်ကလည်း ချက်ချင်းပင် ပြန်ပက်လိုက်သည်။

"ရှင် မမြင်ဘူးလား ကျွန်မ အလုပ်ရှုပ်နေတာ"

အမှန်တကယ်လည်း ချူးယင်ဝမ်သည် ကင်းမြီးကောက်ကြီးနှင့် တိုက်ခိုက်နေရ၍ လက်မလည်နိုင်အောင် ဖြစ်နေ၏။

ကင်းမြီးကောက်မှာ တကယ်တော့ နတ်ဆိုးသားရဲ မဟုတ်ချေ။ ၎င်းမှာ နတ်ဆိုးသားရဲအား တခြားပါဝင်ပစ္စည်းများနှင့် ပေါင်းစပ်ပြီး ပြုပြင်ဖန်တီးထားသည့့် အဆိပ်ပြင်းသက်ရှိတမျိုးသာ ဖြစ်သည်။

သတ်ဖြတ်သူများသည် စက်ဆုပ်ဖွယ်ရာအလုပ်များတွင် ကြံရာပါဖြစ်ခဲ့ကြောင်း ရှည်လျားလှသည့့် သမိုိုင်းကြောင်း ရှိနေ၏။ ကနဦးစွာ ၎င်းတို့သည် သားရဲမျိုးစိတ်များ၏ လမ်းပြများ ဖြစ်ခဲ့ကြသည်။ ထို့နောက်တွင်တော့ ၎င်းတို့သည် အာကင်င်နာများ၏ အိမ်စောင့်ခွေးများ ဖြစ်လာကြ၏။ အဆိပ်ပြင်းသက်ရှိများအား ဖန်တီးသည့့်နည်းလမ်းမှာလည်း အာကင်င်နာများထံမှ သူတို့ ရရှိထားလိုက်ခြင်းပင်။ တနည်းည်းအားဖြင့် ဤနည်းလမ်းသည် အာကင်င်နာများကိုယ်တိုင် အသုံးမပြုရန် ဆုံးဖြတ်ခဲ့သည့့် နည်းလမ်းဖြစ်သည်။

အကြောင်းမှာ ထိုအဆိပ်သည် အသုံးပြုသူ၏ ကိုယ်ခန္ဓာကို တိုက်စားသွားပြီး အားနည်းသွားတတ်စေခြင်းကြောင့်ပင်။

အာကင်င်နာများဟူသည် ပင်က်ိုယ်အားဖြင့် အားနည်းသူများ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ ကိုယ်ခန္ဓာက ဤအဆိပ်ဒဏ်ကို ခံနိုင်စွမ်းမရှိ။ သို့သော် သတ်ဖြတ်သူများ၏ ကိုယ်ခန္ဓာကတော့ ဤအဆိပ်ကို ကောင်းစွာ တောင့်ခံနိုင်စွမ်း ရှိလေသည်။

အရိုးခေါင်းပုံကြီးသည်လည်းကောင်း၊ ကင်းမြီးကောက်သည်လည်း အဆိုပါ နည်းစနစ်အတိုင်း ဖန်တီးထားကြခြင်း ဖြစ်သည်။ ထို့ကြောင့် အသုံးပြုသူသည် ထိုက်တန်သော တန်ကြေးကို ပေးဆပ်ကြရ၏။ ထို့ကြောင့် သတ်ဖြတ်သူဘိုးဘေးကြီးများသည် တခြားသတ်ဖြတ်သူများနှင့် မတူပဲ ရုပ်ပိုင်းဆိုင်ရာအရ အားနည်းနေကြခြင်းပင်။ ၎င်းတို့၏ အဓိကရည်ရွယ်ချက်ည်ရွယ်ချက်မှာလည်း သတ်ဖြတ်သူများ၏ အဓိကအားနည်းချက်ဖြစ်သော မူလစွမ်းအင်ပိုင်းဆိုင်ရာ ကိစ္စရပ်များတွင် ပံ့ပိုးပေးနိုင်ရန်ပင် ဖြစ်လေသည်။

ထို့ကြောင့် သတ်ဖြတ်သူဘိုးဘေးကြီးများသည် စွမ်းအားကြီးမားကြသည်မှန်သော်လည်း အနှိုင်းမဲ့တော့မဟုတ်။ ၎င်းတို့၏ စွမ်းအားတခုတည်းနှင့် ရန်သူများကို ရင်ဆိုင်ရန် မလုံလောက်။ သူတို့အတွက် စစ်သည်များ၏ ကာကွယ်မှု လိုအပ်ပေသည်။

ယခုတွင် သတ်ဖြတ်သူများဘက်မှ စစ်သည်အင်အား လျော့နည်းနေပြီဖြစ်သဖြင့် ဘိုးဘေးများ၏ အားနည်းသော ကိုယ်ကာယသည်ပင် ၎င်းတို့၏ အကြီးမားဆုံး အားနည်းချက်များ ဖြစ်လာတော့သည်။

ချန်ထျန်ဟိုင်အား အလုပ်ရှုပ်နေကြောင်း တုံ့ပြန်လိုက်သည့်တိုင် ချူးယင်ဝမ်သည် အနည်းငယ်မှ တုံ့ဆိုင်းနေခြင်းမရှိ။

သူမသည် အိပ်ကပ်အတွင်းမှ တစုံတခုအား ဆွဲထုတ်လိုက်၏။ ၎င်းမှာ သဲတဆုပ်ပင် ဖြစ်သည်။

လက်ထဲသို့ သဲများရောက်လာသည်နှင့် ချူးယင်ဝမ်သည် ထိုသဲများအား သူမ၏ ခေါင်းပေါ်သို့ တင်လိုက်၏။ ကြည့်နေရင်းနှင့်ပင် အနှီသဲများသည် သူမ၏ တကိုယ်လုံးအား ဖုံးလွှမ်းသွားတော့သည်။ သဲထုကြီး မြေကြီးပေါ်ရောက်သွားသည်နှင့် ချူးယင်ဝမ်တယောက်က် ပျောက်ချင်းမလှ ပျောက်ကွယ်သွားတော့၏။

၎င်းကိုကြည့်ရင်း သတ်ဖြတ်သူဘိုးဘေးအကြီးအကဲ၏ မျက်နှာတွင် အံ့သြထိတ်လန့်ဟန် ပေါ်လာသည်။

ထို့နောက် သူက တစုံတရာကို ရေရွတ်လိုက်သည်။ သူ ဘာရွတ်လိုက်မှန်း မည်သူမှ နားမလည်။ သို့သော် အရိုးခေါင်းများကား ချက်ချင်းပင် သူရှိရာဘက်သို့ ပြန်လှည့်လာ၏။

သို့သော် သူ အနည်းငယ် နောက်ကျသွားခဲ့လေပြီ။

ချူးယင်ဝမ်သည် လေထဲမှ ဝုန်းခနဲ တိုးထွက်လာပြီး သတ်ဖြတ်သူဘိုးဘေးအကြီးအကဲ၏ နောက်ကျောတွင် ပေါ်လာ၏။ ကျန်သတ်ဖြတ်သူဘိုးဘေးနှစ်ဦးက ၎င်း၏ နောက်ကျောကို လက်ညိုးထိုးရင်း သွေးရူးသွေးတန်းနှင့် အော်ဟစ်လိုက်ကြသည်။ သို့သော် သတ်ဖြတ်သူဘိုးဘေးအကြီးအကဲသည် နေရာမှာပင် ခြေစုံရပ်လျက် မလှုပ်ုပ်မရှား ဖြစ်နေ၏။

တကယ်တော့ သတ်ဖြတ်သူဘိုးဘေးအကြီးအကဲ မလှုပ်ုပ်မရှားပဲ ငြိမ်သက်နေသည် မဟုတ်။ ၎င်း၏ လှုပ်ရှားမှုက အလွန်တရာ နှေးကွေးလွန်းနေခြင်းသာ ဖြစ်သည်။

ချူးယင်ဝမ်သည် သူမ၏ လက်ထဲရှိ လှံကိုမြောက်ပြီး သက်ပြင်းတချက်ချကာ ပြောလိုက်၏။

"ဒီသဲတွေကို တတ်နိုင်သလောက် မသုံးဖို့ ဆုံးဖြတ်ထားခဲ့တယ် ဒါပေမဲ့ ခုတော့ အကုန် ထုတ်သုံးလိုက်ရပြီ မတတ်နိုင်ဘူးပေါ့လေ"

စကားဆုံးသည်နှင့် သူမသည် လက်ထဲရှိ ငွေရောင်လှံဖြင့် သတ်ဖြတ်သူဘိုးဘေးအကြီးအကဲ၏ နှလုံးသားအား ထိုးစိုက်လိုက်တော့သည်။

သတ်ဖြတ်သူဘိုးဘေးအကြီးအကဲသည် ဘာခံစားချက်မှ မရှိဟန်ဖြင့် ချူးယင်ဝမ်၏ တိုက်ခိုက်မှုအား ရှောင်တိမ်းရန် ဘေးကို ရွှေ့လိုက်သည်။

သို့သော် သူ၏ ကြိုးစားမှုကား အချည်းအနှီးသာတည်း။

ချူးယင်ဝမ်၏ လှံသည် သုံးကြိမ်တိုင်တိုင် လှုပ်ရှားသွားပြီး သတ်ဖြတ်သူဘိုးဘေးအကြီးအကဲ၏ ကျောရိုးမကြီးအနက်မှ ချီအုတ်မြစ်သုံးနေရာအား ဖြတ်တောက်ကာ ၎င်း၏ မှော်အရင်းအမြစ်များအား ဖျက်ဆီးလိုက်လေသည်။ ထိုသုံးနေရာအနက် တနေရာသာ မပျက်စီးပဲ ကျန်နေပါက သတ်ဖြတ်သူဘိုးဘေးအကြီးအကဲအဖို့ အသက်ရှင်နိုင်သေး၏။ သို့သော် ချူးယင်ဝမ်၏ တိုက်ခိုက်မှုမှာ တိကျလှ၏။ အနည်းငယ်မှပင် လွဲမှားသွားခြင်း မရှိ။

ထိုအချိန်တွင် အချိန်သဲမှုန်များ၏ စွမ်းအား ပျောက်ပြယ်သွားပြီဖြစ်၍ သတ်ဖြတ်သူဘိုးဘေးသည် ပကတိအတိုင်း သွက်လက်ဖြတ်လတ်စွာ လှုပ်ရှားလာနိုင်ပြီ ဖြစ်သည်။ ထို့ကြောင့် ၎င်းက ချူးယင်ဝမ်၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားအောင် ကြိုးစားသွားနိုင်၏။

သို့သော် ချူးယင်ဝမ်က ၎င်းအား လိုက်လံတိုက်ခိုက်ခြင်းမပြု။ အေးစက်သော လေသံနှင့်သာ ပြောလ်ိုက်သည်။

"ရှင် သေသွားပြီ"

သတ်ဖြတ်သူဘိုးဘေးအကြီးအကဲသည် ချူးယင်ဝမ်အား ဒေါသတကြီးနှင့် စိုက်ကြည့်လိုက်၏။ ထို့နောက် ဇက်လန်ပြီး မြေကြီးပေါ်သို့ ပြုတ်ကျသွားတော့၏။ ၎င်း အသက်ပျောက်သွားသည်နှင့် အရိုးခေါင်းဆယ့်ရှစ်ခုသည် ငယ်သံပါအောင် အော်ဟစ်ပြီး အနက်ရောင်မီးခိုးငွေ့များအဖြစ် ပျောက်ကွယ်သွားတော့၏။

ထိုအခါ ကျန်ရှိသော သတ်ဖြတ်သူဘိုးဘေးနှစ်ဦးသည် ဒေါသတကြီး အော်ဟစ်ပြီး မီးကုန်ယမ်းကုန် တိုက်ခိုက်ကြတော့၏။

၎င်းတို့၏ အော်သံထွက်ပေါ်လာသည်နှင့် နတ်ဘုရားကျောင်းတော်အတွင်းမှ သတ်ဖြတ်သူအများအပြား ပြေးထွက်လာပြီး တိုက်ပွဲစည်းဝိုင်းအတွင်းသို့ ခုန်ဝင်လာကြလေသည်။

၎င်းတို့အားလုံးသည် ကျောင်းတော်အစောင့်များဖြစ်ပြီး သီးခြားကျွမ်းကျင်မှုကိုယ်စီ ရှိကြသူများ ဖြစ်သည်။

"အုပ်လိုက်ကြီးပါလား ငါ့အကြိုက်ပဲ"

ချူးယင်ဝမ်၏ နှုတ်မှ မည်သည့် ခံစားချက်မှမရှိသော ရေရွတ်သံ ထွက်ပေါ်လာသည်။

ထို့နောက် သူမ လက်ပြလိုက်သည်နှင့် အပြာရောင်တပ်ဖွဲ့မှ စစ်သည်များက ကျောင်းတော်အစောင့်များနှင့် ရင်ဆိုင်လိုက်ကြ၏။

တိတ်ဆိတ်လှသော ညအခါသမယတွင် သတ္တုချင်းထိခတ်သံများ သောသောညံကုန်လေသည်။

"အချိန်သဲမှုန်တွေပါလား"

သတ်ဖြတ်သူဘိုးဘေးအကြီးအကဲအား ချူးယင်ဝမ် သုတ်သင်လိုက်ပုံကိုကြည့်ရင်း စုချန်း တီးတိုးရေရွတ်လိုက်၏။

အချိန်သဲမှုန်ဟူသည် အလွန်တန်ဖိုးကြီး ရတနာတပါးဖြစ်ပြီး တစုံတယောက်က်၏ အချိန်အပေါ် သက်ရောက်နိုင်စွမ်းရှိမှန်း စုချန်း ယခင်ကတည်းက သိထားပြီး ဖြစ်သည်။ ကံဆိုးသည်မှာကား ဤရတနာသည် အသုံးပြုပြီးသည်နှင့် နောက်တကြိမ် ထပ်မံ အသုံးမပြုနိုင်တော့ခြင်းပင်။

ထို့နောက် စုချန်းသည် ဗရုတ်သုတ်ခနိုင်လှသော တိုက်ပွဲမြင်ကွင်းအား တချက်ဝေ့ကြည့်ပြီး နတ်ဘုရားကျောင်းတော်ဘက်သို့ အာရုံစိုက်လိုက်၏။ အစောင့်များ ထွက်လာပြီးသကာလ ကျောင်းတော်တံခါးကား ဟင်းလင်းပွင့်လျက်ရှိချေပြီ။

ကျောင်းတော်၏ အပြင်အဆင်သည် ရိုးရှင်းလှ၏။ ၎င်းကိုကြည့်ရုံသည် သတ်ဖြတ်သူများသည် အလွန်ရှေးဆန်သူများဖြစ်ကြောင်း သိသာနေသည်။

တကယ်တော့ နတ်ဘုရားကျောင်းတော်ဟူသည် တမြို့လုံးတွင် လုံခြုံရေးအတင်းကျပ်ဆုံး နေရာဖြစ်သည်။ သို့သော် လူသားများ မြို့အတွင်း ဝင်ရောက်စီးနင်းလိုက်ကတည်းက ၎င်းတို့၏ လုံခြုံရေးမှာ အသုံးမဝင်တော့။

ထိုအခါ စုချန်းသည် နတ်ဘုရားကျောင်းတော်အတွင်းသို့ ခပ်တည်တည်နှင့်ပင် လှမ်းဝင်လိုက်၏။ တံခါးပေါက်မှ ဖြတ်လိုက်သည်နှင့် လှပသော ပန်းဥယျဥ်တခုအတွင်း ရောက်ရှိနေကြောင်း သူ တွေ့လိုက်ရသည်။

သတ်ဖြတ်သူများသည် ရက်စက်ပြီး ကြမ်းကြုတ်ဘကသော်လည်း ၎င်းတို့၏ ပန်းဥယျဥ်တွင်တော့ ရှားပါးပြီး တန်ဖိုးကြီး သစ်ပင်ပန်းမန်များနှင့် ပြည့်နှက်နေကြောင်း စုချန်း တွေ့နေရ၏။

သို့သော် စုချန်းကား ထ်ိုအရင်းအမြစ်များအား ဂရုပင်မစိုက်။ တချက်မျှသာ လှမ်းကြည့်ပြီး ရှေ့ဆက်လျှောက်လာခဲ့သည်။

ထိုအရင်းအမြစများသည် တန်ဖိုးကြီးမားသည် မှန်သော်လည်း ငွေကြေးနှင့် တန်ဖိုးဖြတ်၍ ရနေ၏။ ငွေကြေးနှင့် တန်ဖိုးဖြတ်မရသည်မှာည်မှာ အသိပညာ၊ ဗဟုသုတပင် မဟုတ်ပါလား။

ထိုသစ်ပင်ပန်းမန်များအား သူ မခူးခဲ့သည့့်တိုင် ကျန်လူများက ခူးကြပေလိမ့်မည်။ သို့သော် ကောင်းကင်ဘုံလက်သီးတပ်ရင်းတွင် အတော်ဆုံးသောအဂ္ဂိရပ်ပညာရှင်မှာ သူမှတပါး အခြားမရှိ။ နောက်ဆုံးတော့ ထိုအရင်းအမြစ်များအားလုံး သူ့လက်ထဲသို့ ရောက်လာရမည်သာတည်း။

***

All Chapters