← Chapters

ဝိညာဥ်စွမ်းအား ၁

Vol. 64 Ch. 636

ဝိညာဥ်စွမ်းအား ၁

Vol. 64 Ch. 636

ပန်းဥယျာဥ်အား ဖြတ်ကျော်ပြီးသည်နှင် ကျောက်တုံးအခန်းတခန်းအား စုချန်း တွေ့လိုက်ရ၏။

ထိုအခန်းအတွင်းသို့ စုချန်း လှမ်းဝင်လ််ိုက်၏။ အခန်းထဲတွင်တော့ များပြားလှသော ဆေးပင်ဆေးမြစ်များနှင့် ပြည့်နှက်နေလေသည်။

ဤအခန်းကား နတ်ဘုရားကျောင်းတော်၏ ဆေးဝါးဖော်စပ်ရာအခန်းဖြစ်ကြောင်း စုချန်း ချက်ချင်း သိလိုက်၏။

သတ်ဖြတ်သူနတ်ဘုရားကျောင်းတော်၏အဂ္ဂိရပ်ပညာရှင်များသည်ကား လူသားများနှင့် အတော်ပင် ကွာခြားလှသည်။ ၎င်းတို့သည် ဆေးပင်ဆေးမြစ်များ၊ အခြားလိုအပ်သော ပစ္စည်းများအား ကနဦး စုဆောင်းကြ၏။ ပြီးမှ အမှုန့်ကြိတ်ကာ လိုအပ်သော ဆေးဝါးများ ဖော်စပ်ကြခြင်း ဖြစ်သည်။

ထိုနည်းလမ်းမျိုးမှာ အတော်ပင် အဆင့်နိမ့်လှပေရာ လူသားများအနေနှင့် ထိုနည်းလမ်းများကို သုံးစွဲလေ့မရှိ။

သို့သော် ထိုအချက်လောက်နှင့် သတ်ဖြတ်သူများ၏ ဆေးဝါးဖော်စပ်ခြင်းပညာအား လစ်လျူရှုသင့်သည်ဟု တထစ်ချ ဆို၍တော့မရချေ။ သတ်ဖြတ်သူများ ဆေးဝါးဖော်စပ်အသုံးပြုလာခဲ့ကြသည်မှာ နှစ်ပေါင်းထောင်သောင်းချီ ကြာခဲ့လေပြီ။ ထို့ကြောင့် ၎င်းတို့၏ နည်းလမ်းများတွင်လည်း စုချန်းအတွက် လေ့လာစရာများ၊ မှတ်သားစရာများ များစွာ ရှိနေနိုင်၏။

စုချန်းသည် သတ်ဖြတ်သူများ၏ ဆေးဝါးဖော်စပ်သည့်နည်းလမ်းများအား အချိန်အတော်ပေးပြီး လေ့လာလိုက်သေးသည်။ သို့သော် အတော်များများကို သူ နားမလည်နိုင်ပဲ ဖြစ်နေသည်ကတော့ အမှန်ပင်။ ရိန်နာအား ဓားစာခံအဖြစ် ဖမ်းထားရုံနှင့်ပင် မလုံလောက်သေးချေတကား။

မည်သို့ဆိုစေ ယခုအချိန်တွင် စုချန်းအနေနှင့် နတ်ဘုရားကျောင်းတော်၏ လျှို့ဝှက်ချက်မှန်သမျှကို အတားအဆီးမရှိ လေ့လာခွင့် ရှိနေခဲ့လေပြီ။

အဆိုပါနည်းစနစ်တိုင်းအား သတ်ဖြတ်သူများသည် အရိုးစာအုပ်များပေါ်တွင် မှတ်တမ်းတင်ထား၏။ ထိုအရိုးစာအုပ်များမှာ အလွန်ထူးဆန်းသော အရိုးတမျိုးနှင့် ဖန်တီးထားပြီး စာရွက်တိုင်းသည် ပုစုဥ်းရင်ကွဲတကောင်၏ တောင်ပံကဲ့သို့ ပါးလွှာကာ မာကျောနေသည်။ ထိုအရိုးစာရွက်ပေါ်တွင် မှတ်တမ်းတင်ထားခြင်းအားဖြင့့် အနှီစာလုံးများသည် ဘယ်သောအခါမှ မပပျောက်သွားနိုင်တော့။

အခန်းထဲတွင် အဆိုပါ စာအုပ်မျိုး ရာနှင့်ချီ၍ ရှိနေ၏။ စုချန်းလည်း ချက်ချင်းပင် မူလလက်စွပ်အား ဆွဲထုတ်ကာ စာအုပ်တိုင်းအား သိမ်းထားလိုက်တော့သည်။ ကောင်းကင်ဘုံလက်သီးတပ်ရင်းအတွက် ရိက္ခာများ ထုတ်ယူသုံးစွဲလိုက်ပြီဖြစ်၍ သူ့လက်စွပ်အတော်များများမှာ နေရာလွတ်သွားပြီ ဖြစ်သည်။

သိမ်းစရာရှိသည်တို့အား သိမ်းပြီးသည်နှင့် စုချန်းသည် ချက်ချင်းပင် အခန်းထဲမှ လှမ်းထွက်လိုက်သည်။

ကျောက်တုံးအခန်း၏ ညာဖက်တွင်တော့ အဖြူရောင်အရိုးများနှင့် တည်ဆောက်ထားသည့့် ဟောခန်းကြီး ရှိနေသည်။

ဟောခန်းထဲသို့ရောက်သည်နှင့် စုချန်း ပထမဆုံး မြင်တွေ့လိုက်ရသည်မှာ ငယ်ရွယ်သော သတ်ဖြတ်သူတဦးပင်။ ၎င်းသည် အကြီးအကဲလောင်းလျာ ဖြစ်ဟန်တူ၏။ စုချန်း ပေါ်လာသည်ကို မြင်သည်နှင့် ၎င်းက ချက်ချင်းပင် ခုန်ဝင်တိုက်ခိုက်လာတော့သည်။

စုချန်းကား အချိန်မဖြုန်း။ ချက်ချင်းပင် ၎င်း၏ လည်မြိုအား ဖမ်းချုပ်ကာ လည်ပင်းရိုးများအား ချိုးပစ်လိုက်လေသည်။ သတ်ဖြတ်သူအကြီးအကဲလောင်းအား ရှင်းပစ်ပြီးသည်နှင့် စုချန်းက ဟောခန်းထဲသို့ လှမ်းဝင်လိုက်၏။ ဟောခန်းထဲတွင် များပြားလှသော အရိုးခေါင်းပုံကြီး ရှိနေသည်။ အရိုးခေါင်းများအနက် အများစုမှာ လူခေါင်းခွံများ ဖြစ်သည်။ သတ်ဖြတ်သူခေါင်းခွံတချို့လည်း ပါဝင်နေ၏။ အရိုးခေါင်းများအပြင် ပေါင်ရိုး၊ လက်ဖျံရိုးစသည့့် အခြားအရိုးများစွာကိုလည်း စုချန်း တွေ့နေရသည်ည်။ ထိုအရိုးများမှာ အမှတ်တမဲ့ကြည့်လျင် ဖြစ်ကတတ်ဆန်းချထားဟန်တူသော်လည်း တကယ်တော့ အုပ်စုလိုက်ခွဲကာ စနစ်တကျ စီတန်းချထားခြင်း ဖြစ်သည်။

အမျိုးအစားမတူသည့် အရိုးများအား ပုံစံမျိုးစုံဖြင့် အသုံးပြု၍ရကြောင်း ရိန်နာထံမှ စုချန်း သိရှိထားပြီး ဖြစ်သည်။

ဥပမာပြောရလျင် ဦးခေါင်းခွံများသည် ဝိညာဥ်သိုလှောင်ရာတွင်လည်းကောင်း၊ စုန်းအတတ် လေ့ကျင့်ရာတွင်လည်းကောင်း သုံးရပြီး ပေါင်ရိုးများ၊ လက်ဖျံရိုးများမှာကား အရိုးမှော်ပညာတွင် သုံးကြ၏။

စုချန်းကား အရိုးပုံကြီးကို စိတ်မဝင်စား။ ထ်ိုအခိုက်မှာပင် အရိုးပုံကြီး၏ နောက်တွင် ကြီးမားလှသော နံရံကြီးကို စုချန်း မြင်တွေ့လိုက်ရသည်ည်။ ထိုနံရံကြီးပေါ်တွင် ထူးဆန်းသော ဆေးမင်များ၊ စာတမ်းများဖြင့် ပြည့်နှက်နေ၏။

အဆိုပါ ဆေးမင်များသည်ကား နတ်ဘုရား​ကျောင်းတော်၏ အရိုးများ သန့်စင်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းလုပ်ငန်းစဥ်များတွင် အလွန်အရေးကြီးကြောင်း စုချန်း သဘောပေါက်ထားလေသည်။

သတ်ဖြတ်သူမျိုးစိတ်တွင် အသိုက်ပေါင်းများစွာ ကွဲပြားနေသော်လည်း အရ်ိုးသန့်စင်ခြင်းနည်းလမ်းတွင်တော့ သိပ်ကွဲပြားလှသည်မဟုတ်။ ထို့ကြောင့် စုချန်းအနေနှင့် နံရံပေါ်မှ ဆေးမင်များကို အချိန်အတန်ကြာအောင် မှတ်သားလိုက်ရုံနှင့် မှတ်မိသွားတော့သည်။

ထို့နောက် စုချန်းသည် နောက်တနေရာသို့ ခရီးဆက်ပြန်သည်။

ဤနေရာတွင်တော့ တွင်းကြီးတတွင်း ရှိနေ၏။ တွင်းထဲတွင် အလောင်းများနှင့် ပြည့်နှက်နေလေသည်။ အလောင်းများမှာကား လူအလောင်းများ၊ သတ်ဖြတ်သူအလောင်းများ၊ သားရဲများ စသည်ဖြင့် မျိုးစုံပင်။

ပို၍ ထူးဆန်းသည်မှာကား ထိုအလောင်းများ၏ အပေါ်တွင် ထွင်းဖောက်မြင်နိုင်သော အရိပ်တရိပ် လွင့်မြောနေခြင်းပင်။

ဝိညာဥ်မျိုးစိတ်ဝင်တဦးပေတကား။

သေချာသည်မှာကား အနှီ ဝိညာဥ်မျိုးစိတ်ဝင်သည် ထူးခြားသော နည်းလမ်းတမျိုးမျိုးနှင့် တွင်းကြီးတွင် အကျဥ်းချခံထားရခြင်းပင်။ ဝိညာဥ်မျိုးစိတ်ဝင်တဦးကို ထွက်မပြေးအောင် မည်သည်နည်းလမ်းကို အသုံးပြု၍ ဖမ်းဆီးထားမှန်း စုချန်း တပ်အပ်မပြောနိုင်။ သို့သော် ၎င်းသည် တွင်းကြီးပြင်ပသို့ထွက်မပြေးနိုင်ပဲ ဖြစ်နေသည်ကတော့ သေချာနေ၏။

မည်သို့ဆိုစေ ထူးဆန်း​သောမြင်ကွင်းကြောင့် စုချန်း၏ ခြေလှမ်းများ တုံ့ဆိုင်းသွားသည်ကတော့ အမှန်ပင်။

ထို့နောက် စုချန်းသည် တွင်းကြီးအနီးသို့ ဂရုတစိုက်နှင့် ချည်းကပ်သွားပြီး ဝိညာဥ်မျိုးစိတ်ဝင်နှင့် ပေသုံးဆယ်ခန့်အကွာတွင် ရပ်တန့်လိုက်၏။

"ဝိညာဥ်မျိုးစိတ်ဝင်တဦး သတ်ဖြတ်သူတွေရဲ့ နတ်ဘုရားကျောင်းတော်ထဲမှာ အဖမ်းခံထားရပါလား ဒါ အတော့ကို ရှားရှားပါးပါး မြင်ကွင်းပဲ"

စုချန်းက စကားစလိုက်သည်။

"ကယ်...ကယ်ပါ"

ဝိညာဥ်မျိုးစိတ်ဝင်သည် ၎င်း၏ ဖြူဖွေးသောလက်အစုံကို ဆန့့်တန်းပြီး ခါးသီးနာကျင်စွာ အော်ဟစ်လိုက်၏။

"စိတ်မကောင်းပါဘူးကွာ ဒီမတိုင်ခင်ကတောင် ဝိညာဥ်မျိုးစိတ်ဝင်တချို့ကို ကျုပ် သတ်ပစ်ခဲ့သေးတယ် ဒီတော့ မင်းကို ကျုပ် မကယ်နိုင်ဘူး"

"ကျုပ်....ကျုပ်....မင်းလိုချင်တာကို ပေး...."

"ဒါဆိုရင်တော့ ကျုပ် ဘာလိုချင်သလဲဆိုတာ မင်း သိဖို့လိုတယ်"

"အင်အား"

"အဖြေမှားတယ်"

စုချန်း၏ ကျယ်လောင်လှသော ရယ်မောသံကြီး ထွက်ပေါ်လာ၏။

ရယ်မောနေရင်းနှင့်ပင် ပတ်ဝန်းကျင်အခင်းအကျင်းကို စုချန်း အကဲခတ်လိုက်သည်။ ဝိညာဥ်မျိုးစိတ်ဝင်၏ ပတ်ပတ်လည်တွင် များပြားလှသော အစီအရင်များ ရှိနေကြောင်း သူ တွေ့လိုက်ရ၏။ ဘာတွေဖြစ်နေမှန်း စုချန်း သဘောပေါက်လိုက်ပေပြီ။

"ပုံရိပ်ဖမ်းအစီအရင်ပဲ ဒါကြီးက မင်းရဲ့စိတ်ဝိညာဥ်စွမ်းအားကို ဆွဲထုတ်နေတယ်ပေါ့ ဟုတ်လား"

သတ်ဖြတ်သူများသည် ပုံရိပ်ဖမ်းအစီအရင်က်ိုသုံး၍ ဝိညာဥ်မျိုးစိတ်ဝင်အား စိတ်ဝိညာဥ်စွမ်းအား​ပြောင်းလဲခြင်းကိရိယာအဖြစ် အသုံးချနေကြောင်း ထင်ရှားနေ၏။ တနည်းအားဖြင့် တွင်းကြီးအထဲမှ အလောင်းများ၏ ဝိညာဥ်များကို ဝိညာဥ်မျိုးစိတ်၏ ကိုယ်အား ဖြတ်သန်းစေခြင်းအားဖြင့် စိတ်ဝိညာဥ်စွမ်းအားများကို ထုတ်ယူနေကြခြင်းပင်။

အစီအရင် ပြီးမြောက်စေရန် သက်ရှိဘယ်လောက်ကို သတ်ပစ်ရန်လိုမှန်း စုချန်း မပြောတတ်။ သို့သော် သူ အဖြေကို ပ်ို၍ သိချင်လာသည်ကတော့ အမှန်ပင်ဖြစ်သည်။

"အသိပညာ အကန့်အသတ်မဲ့ အသိပညာ အဲဒါ မင်းလိုချင်နေတာ မဟုတ်လား"

ဝိညာဥ်မျိုးစိတ်ဝင်က ထအော်လိုက်ပြန်သည်။

"မင်းကိုယ်တိုင်မှာတောင် အကန့်အသတ်မဲ့ အသ်ိိပညာမရှိပဲ ကျုပ်ကို ဘယ်လိုပေးမှာတုန်း"

စုချန်း ခေါင်းခါရင်း ပြောလိုက်၏။

"ကျုပ်မှာ အသ်ိိပညာတွေ လုံလုံလောက်လောက် ရှိပါတယ်ကွ"

ဝိညာဥ်မျိုးစိတ်ဝင်ကား နောက်ဆုံးကောက်ရိုးတမျှင်င်ကို လွတ်ထွက်မသွားစေရန် သွေးရူးသွေးတန်းနှင့် ကြိုးပမ်းနေခဲ့လေပြီ။

တကယ်တော့ ၎င်း၏ စကားက မှားတော့မမှား။ ဝိညာဥ်မျိုးစိတ်ဝင်များ၏ အသက်သည် အကန့်အသတ်မရှိလေရာ အတွေ့အကြုံက စုံလှ၏။ တနည်းအားဖြင့် ၎င်းတို့ကို ဗဟုသုတ ဟင်းလေးအိုးကြီးဟု ဆိုနိုင်သည်။

"မဆိုးဘူး နားထောင်လို့တော့ ကောင်းသာပဲ မေးစရာရှိတာက ကျုပ် မင်းကို ဘယ်လိုထိန်းချုပ်မလဲ"

"လွယ်ပါတယ် ကျုပ်က ကျုပ်ရဲ့ စိတ်ဝိညာဥ်အကာအကွယ်ကို ဖယ်ရှားလိုက်မယ် မင်းကို ကျုပ်ရဲ့ ဝိညာဥ်မှာ တံဆိပ်ခတ်နှိပ်ခွင့် ပြုလိုက်မယ်"

"အဲဒီလိုလား"

"ကျုပ်ပြောတာကို ယုံပါကွာ ဒီမှာ နှိပ်စက်ညှင်းပန်းခံနေရမဲ့အစား မင်းရဲ့အစေခံလုပ်တာ ပိုကောင်းမှာပါ ကျုပ်ကို မင်းရဲ့အစေခံအဖြစ် တာဝန်ထမ်းဆောင်ခွင့်ပြုပါကွာ"

ဝိညာဥ်မျိုးစိတ်ဝင်ကား သွေးရူးသွေးတန်းနှင့် တောင်းပန်နေ၏။

"ကောင်းပြီလေ စမ်းကြည့်တာပေါ့ ဒါပေမဲ့ ကျုပ်ကို ဟာသတော့ လာမလုပ်နဲ့နော်"

"မလုပ်ပါဘူးကွာ ကျုပ်ရဲ့လက်ကို ဆွဲလိုက်"

စုချန်းက ရှေ့သို့တိုးပြီး ဝိညာဥ်မျိုးစိတ်ဝင်၏ လက်ကို လှမ်းဆွဲလိုက်၏။ လက်နှစ်ချောင်း ထိသွားသည်နှင့် ဝိညာဥ်မျိုးစိတ်ဝင်၏ ကိုယ်ခန္ဓာမှ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာသည်။

"မင်း စိတ်ကို လျှော့ထားပါ ကျုပ်မှာရှိတဲ့ အသ်ိိပညာအကုန်လုံးကို မင်းဆီ လွှဲပေးလိုက်မယ်"

စုချန်းလည်း ဝိညာဥ်မျိုးစိတ်ဝင်၏ စကားအတိုင်း သူ့စိတ်အာရုံကို ဖွင့်ထားလိုက်၏။

ရုတ်ချည်းဆိုသလိုပင် အင်အားကြီးမားသော စိတ်စွမ်းအားတခု စုချန်း၏ အသ်ိိပညာပင်လယ်ပြင်ဆီသို့ တိုးဝင်လာသည်။

"ဟား ဟား ဟား လူမိုက် မင်းရဲ့ ကိုယ်ခန္ဓာကို ငါ့ဆီ ပေးလိုက်တော့"

စုချန်း၏ စိတ်အာရုံအတွင်းဝယ် ဝိညာဥ်မျိုးစိတ်ဝင်၏ အသံ ထွက်ပေါ်လာ၏။

"ဒီတော့ မင်းက ကျုပ်ကို လိမ်ပြီး ကျုပ်ရဲ့ ကိုယ်ခန္ဓာကို လုယူဖို့ ကြံတာပေါ့ ဟုတ်လား"

စုချန်း၏ လေသံမှာ အေးစက်နေ၏။

"ဟား ဟား ဟား သိပ်ဟုတ်တာပေါ့ကွာ ဒါပေမဲ့ မင်း စိတ်မပူပါနဲ့ ကျုပ်က နောင်ကိုလဲ မင်းရဲ့ဂုဏ်သတင်းကို ဆက်ပြီး ထိမ်းသိမ်းပေးထားအုံးမဲ့အပြင် မင်း ဒီထက် ပိုပြီးအောင်မြင်ကျော်ကြားလာအောင် လုပ်ပေးမှာပါ ပြီးတော့ မင်းလဲ မသေနိုင်တဲ့ ဘဝနဲ့ ထာဝရ နေသွားရမယ် ဟဲ ဟဲ"

"ကျေးဇူးတင်ပါတယ် ဒါပေမဲ့ မလိုပါဘူးလေ"

စုချန်းက အေးစက်သော လေသံနှင့် ပြန်ပြောလိုက်သည်။

"မင်းဟာ စိတ်ဝိညာဥ်စွမ်းအား ၂၅၀၀လောက်သာရှိတဲ့ ဝိညာဥ်မျိုးစိတ်ဝင်ပဲ ပြီးတော့ မင်း နှိပ်စက်ခံနေရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဒီတော့ ကျုပ် ကိုယ်ခန္ဓာကို မင်း တကယ်ပဲ ယူနိုင်ပါ့မလား ကျုပ် သိချင်တယ်"

စကားဆုံးသည်နှင့် စုချန်း၏ မျက်လုံးထဲတွင် ထူးခြားသော အလင်းရောင်များ တောက်ပလာ၏။

***

All Chapters