ဟာရီကိန်းတောင်ရိုးကမ်းပါးမျိုးစိတ် ၁
Vol. 65 Ch. 643
ဟာရီကိန်းတောင်ကြားတွင် ဖြစ်သည်။
ဤတောင်ကြားသည် ထုံးကျောက်တောင်ကြား၏ အစွန်အဖျားဖြစ်ပြီး လူသားနှင့် သတ်ဖြတ်သူနယ်မြေများအကြား ထိစပ်နေသောနေရာဟုလည်း ဆိုနိုင်သည်။ သို့သော် ဤနေရာတွင် အန္တရာယ်တွင်းပေါက်ဝနှင့် အန္တရာယ်လေဟာနယ်များ ထပ်နေခြင်းတော့ မရှိ။
သို့သော် ဤနေရာတွင် မုန်တိုင်း မကြာခနကျရောက်လေ့ရှိ၍ အပင်အနည်းအကျဥ်းမျှသာ ပေါက်ရောက်နိုင်လေသည်။ မြင်လေသမျှတွင်လည်း အပျက်အစီးများနှင့်သာ ပြည့်နှက်နေ၏။ မျက်စေ့တဆုံးမြင်ကွင်းမှာ ဖုန်ဆိုးမြေကြီးသာ ဖြစ်ပြီး ထုံးကျောက်များ ဟိုမှသည်မှ ပျံ့ကျဲနေသည်ကို မြင်တွေ့နိုင်ပေသည်။ မြင်ကွင်းနှင့်တောင်ကြောမှာ နာမည်နှင့် လိုက်ဖက်ပါဘိတောင်း။
ဤနေရာဤဒေသ၏ ရာသီဥတုသည် သက်ရှိသတ္တဝါများ နေထိုင်ရန် အနည်းငယ်မျှ မသင့်တော်။ ထို့ကြောင့် ဟာရီကိန်းတောင်ကြောသည်လည်း ဤဒေသကြီးတခုလုံးအနက် နောက်ထပ် သက်ရှိကင်းမဲ့သော ဒေသဟု ဆိုနိုင်သည်။
သက်ရှိဟူသောအထဲတွင် သတ်ဖြတ်သူနှင့်လူသား မျိုးစိတ်နှစ်စိတ်လုံး ပါဝင်လေသည်။ ဤဒေသမျိုးတွင် သတ်ဖြတ်သူဖြစ်စေ၊ လူသားဖြစ်စေ မည်သည့်မျိုးစိတ်မှ နေထိုင်လိုခြင်းမရှိ။ သို့သော် ဤမျှ ကြမ်းတမ်းခက်ထန်သောဒေသမျိုးတွင် အခြေချနေထိုင်ပြီး အသက်ရှင်သန်ရန် ကြိုးစားနေသော ရှားပါးမျိုးစိတ်တစိတ်တ်တော့ ရှိနေ၏။
၎င်းမှာ တောင်ရိုးကမ်းပါးမျိုးစိတ်ပေတည်း။
လူသားများ၏ လက်အောက်ခံမျိုးစိတ်သာဖြစ်ကြသော တောင်ရိုးကမ်းပါးမျိုးစိတ်များသည် အင်အားမကောင်းကြရှာ။ သို့သော် ၎င်းတို့သည် ဇွဲလုံ့လအရာတွင် သူမတူအောင် ရှိကြပြီး ကြမ်းတမ်းသောဒေသမျိုးတွင် အခြားမျိုးစိတ်များနှင့် မတူအောင် လိုက်လျောညီထွေစွာ နေထိုင်နိုင်စွမ်း ရှိကြ၏။ ဤအနေအထားတွင် ၎င်းတို့၏ မွေးရာပါဖြစ်သော ပထဝီမူလစွမ်းအင်ကို ထည့်သွင်းစဥ်းစားလိုက်သောအခါ ဟာရီကိန်းတောင်ကြားတွင် ၎င်းတို့ ရှင်သန်နေထိုင်နိုင်သည်မှာ နားမလည်နိုင်စရာ မဟုတ်တော့။
သို့တိုင်အောင် ဟာရီကိန်းတောင်ကြား၏ ရာသီဥတု၊ ပတ်ဝန်းကျင်မှာ ဆိုးဝါးလွန်းလှသဖြင့် တောင်ရိုးကမ်းပါးမျိုးစိတ်များပင် အုပ်စုလိုက် နေထိုင်နိုင်ခြင်းမရှိ။ တနည်းည်းအားဖြင့် ဟာရီကိန်းတောင်ကြားသည် တောင်ရိုးကမ်းပါးမျိုးစိတ်များ အခြေပြုနေထိုင်ပြီး အင်အားစုဆောင်းနိုင်လောက်အောင် အထောက်အပံ့ပေးနိုင်သော နေရာမဟုတ်။ သေရေးရှင်ရေးအခြေအနေတွင် ရန်သူများကို ရှောင်ရှားရန် ဤနေရာသို့ ရောက်လာကြခြင်းမျှသာ ဖြစ်သည်။
ထို့ကြောင့် ဟာရီကိန်းတောင်ကြားရှိ တောင်ရိုးကမ်းပါးမျိုးစိတ်တိုင်းလိုလိုသည် လူသားနယ်မြေမှ ထွက်ပြေးလွတ်မြောက်လာသူများသာ ဖြစ်ကြကုန်၏။ အရေအတွက်အားဖြင့်လည်း ထောင်ဂဏန်းမျှသာ ရှ်ိလေသည်။ ထိုထက် အရေအတွက်များသွားပါကလည်း ဤတောင်ကြားရှိ အရင်းအမြစ်များအားလုံး ကုန်ခန်းသွားလိမ့်မည်သာ။
သို့တိုင်အောင် မူလကမ္ဘာကြီးတခုလုံးတွင် ဟာရီကိန်းတောင်ကြားရှိ တောင်ရိုးကမ်းပါးအုပ်စုသည် အရေအတွက်အားဖြင့် အများဆုံးဟု ဆိုနိုင်ပေသေး၏။
လူသားများ၏ ကျွန်လုပ်နေရမည့်အစား ကြမ်းတမ်းခက်ထန်သော ဤဒေသက သူတို့အတွက်တော့ နတ်ဘုံနတ်နန်းသဖွယ်ပင်။
ယုံရခက်နေသည့်တိုင် ၎င်းမှာ အဖြစ်မှန်ပင် ဖြစ်သည်။
ဤနယ်မြေမျိုးအား မည်သူမှ လာလုမနေ၍ သူတို့အနေနှင့် စိတ်အေးချမ်းသာစွာ နေနိုင်ကြသည် မဟုတ်ပါလား။
သူ့ရှေ့ရှိ လူသူကင်းမဲ့သော တစပြင်ကြီးကိုကြည့်ရင်း သံမဏ်ိိတယောက်က် နှလုံးသားများ လေးလံလာ၏။
သူ့မျိုးစိတ်ဝင်များသည် ဤမျှ ကြမ်းတမ်းခက်ထန်သော ဒေသမျိုးတွင် နေထိုင်ကြရလေသလော။
သူ သူ့မျိုးစိတ်ဝင်များနှင့် မတွေ့သည်မှာ နှစ်ပေါင်းဘယ်လောက်ပင် ကြာခဲ့ပြီနည်း။
သံမဏိ မပြောတတ်ချေ။
ဤလောကကြီးသို့ ခြေချခဲ့ရသည့်အချိန်မှစ၍ သခင်တယောက်က်လက်မှ တယောက်က် သံမဏိပြောင်းလာခဲ့ရသည်မှာည်မှာ နောက်ဆုံးတွင် စုချန်းနှင့်တွေ့သည့်အချိန်ထိပင် ဖြစ်သည်။ ဤအတောအတွင်းဝယ် သူသည် တခြားတောင်ရိုးကမ်းပါးမျိုးစိတ်များကို တွေ့သည့်တိုင် အဝေးမှသာ ငေးကြည့်ခဲ့ရ၏။
၎င်းမှာ တောင်ရိုးကမ်းပါးမျိုးစိတ်များ၏ ပကတိအခြေအနေ ဖြစ်သည်။ သူတို့တွင် ကိုယ်ပိုင်နယ်မြေဟူ၍ မရှိ။ သခင်ဖြစ်သူ၏ ထားရာနေစေရာသွားသာ နေကြရသည်ည် မဟုတ်တုံလော။
ယခုတော့ သူသည် ဤနေရာသို့ စုချန်း၏ တောင်းဆိုချက်ကြောင့် ရောက်လာခဲ့ရလေပြီ။
အမှန်အတိုင်းပြောရလျင် ဤသည်မှာပင် သူ၏ ပကတိရည်မှန်းချက် ဖြစ်သည်။
စုချန်း၏ သူငယ်ချင်းများအား သူ ဖိတ်ခေါ်လိုက်ရခြင်းမှာ အရင်းအမြစ်ပိုင်းဆိုင်ရာ အကူအညီများရရန်၊ အကြံအညဏ်များ ရယူရန် ဖြစ်သည်။ အစီအစဥ်၏ အကြမ်းတမ်းဆုံးအပိုင်းဖြစ်သည့့် ဟာရီကိန်းတောင်ကြားကိစ္စကတော့ သံမဏိအပေါ်တွင်သာ မှီခိုနေ၏။ ဤအပိုင်းအား ပြီးမြောက်အောင် ဆောင်ရွက်နိုင်မည့့်သူမှာလည်း သံမဏိတယောက်က်သာ ရှိလေသည်။
လေသည် ပြင်းပြင်းထန်ထန်ပင် တိုက်ခတ်နေ၏။ သံမဏ်ိိတယောက်က် လေပြင်းကို ဦးတိုက်ပြီး တလှမ်းချင်း လျှောက်နေလေသည်။ စူးရှလှသည့့် လေသည် သံမဏိ၏ မျက်နှာအား ဓားတချောင်းသဖွယ် လှီးဖြတ်နေ၏။ သံမဏ်ိိတယောက်က် မျက်လုံးများကိုပင် မနည်းဖွင့်ကြည့်နေရရှာသည်။
ဤပုံစံအတိုင်း တနေကုန်လျှောက်လာပြီး နောက်ဆုံးတွင် သံမဏိတယောက်က် တောင်ကြားအဝင်ပေါက်သ်ို့ ရောက်ရှိလာ၏။ တောင်ကြားအဝင်ပေါက်မှာ သတ္တဝါကြီးတကောင် ပါးစပ်ကြီးဖြဲကာ ရယ်မောနေသကဲ့သို့ ရှိလေသည်။
ထိုအချိန်မှာပင် တောင်ကြားအဝင်ပေါက်၌ တစုံတခုကို ရှာဖွေနေဟန်ရှိသည့့် ငယ်ရွယ်သူ တောင်ရိုးကမ်းပါးနွယ်ဝင်တဦးကို သံမဏိ တွေ့လိုက်ရ၏။
၎င်းအား ငယ်သေးသည်ဟု သံမဏိ အလွယ်တကူပင် သိလိုက်၏။ အကြောင်းမှာ ၎င်း၏ ခြေလက်၊ ကိုယ်ခန္ဓာမှာ လူသားအရွယ်အစားခန့်သာ ရှိသေးသောကြောင့်ပင်။ သို့သော် ၎င်း၏ မျက်နှာမှာကား အိုမင်းဟန်ဖြင့် အရေးအကြောင်းများ ထင်နေ၏။ ၎င်းအရေးအကြောင်းများသည် တောင်ကြားအတွင်း တချိန်လုံး တိုက်ခတ်နေသော လေပြင်းများဒဏ်ကို ခံနေရခြင်းကြောင့်သာဖြစ်ကြောင်း သံမဏ်ိိ ချက်ချင်းသဘောပေါက်လိုက်၏။
သိပ်မကြာမီ ၎င်း တောင်ရိုးကမ်းပါးမျိုးနွယ်ဝင်လေးသည် သူရှာနေသောအရာကို တွေ့သွားဟန်တူ၏။ ၎င်းမှာ ပိုးကောင်လေးတကောင် ဖြစ်သည်။ သူက ပိုးကောင်လေးကိုတွေ့သည်နှင့် အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိပဲ ချက်ချင်းပင် ကောက်ဝါးလိုက်သည်။ ၎င်း၏ မျက်နှာပေါ်တွင်လည်း ပိုးကောင်လေးကို စားလိုက်ရသဖြင့် ကျေနပ်နှစ်သိမ့်ဟန်ပေါ်လာ၏။ အနှီပိုးကောင်းကား ကျောက်တုံးကျောက်ဆောင်များတွင် နေထိုင်တတ်သည့့် တောင်ပိုးကောင်အမည်ရ ပိုးကောင်လေး ဖြစ်သည်။ တကယ်တော့ ၎င်းပိုးကောင်လေးများ၏ အသားမှာ ဘာအရသာမှမရှိ။ သို့သော် ဟာရီကိန်းတောင်ကြားရှိ တောင်ရိုးကမ်းပါးမျိုးစိတ်ဝင်များအတွက်တော့ ၎င်းသည် အလွန်တန်ဖိုးကြီးမားသော စားစရာတမျိုးပင်။
ပိုးကောင်လေးကိုစားအပြီး ခေါင်းအမော့မှာပင် ၎င်းသည် သံမဏိအား မြင်တွေ့သွား၏။
၎င်း၏ မျက်လုံးထဲတွင် ကြောက်ရွံ့ထိတ်လန့်ဟန် အရိပ်အယောင်များ ပေါ်လာလေသည်။ သူ နောက်သို့ ကပျာကသီနှင့် ဆုတ်သွား၏။ သို့သော် ချက်ချင်းဆိုသလို ၎င်းသည် သံမဏိ၏ ပုံပန်းသွင်ပြင်အား စိတ်ဝင်စားသွားဟန် ပေါ်လာပြန်၏။
ထို့နောက် ၎င်းသည် တောင်ကြားအတွင်းသို့ တဖြည်းဖြည်း လှည့်ဝင်သွားလေသည်။
သံမဏိ ဘာမှမပြော။ တောင်ကြားအဝမှာပင် ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်၏။
သိပ်မကြာမီ တောင်ကြားအတွင်းမှ ဆူဆူညံညံအသံတချို့ ထွက်ပေါ်လာလေသည်။
သံမဏိ အသံထွက်ပေါ်လာရာဆီသို့ လှမ်းကြည့်လိုက်၏။ ကျောက်သားပုဆိန်များ၊ ဓားများ ကိုင်ဆောင်ထားသည့့် တောင်ရိုးကမ်းပါးမျိုးစိတ်များ သူ့ထံသို့ ဦးတည်ပြေးလွှားလာကြောင်း သံမဏိ မြင်တွေ့လိုက်ရသည်။
ထိပ်ဆုံးမှ ဦးဆောင်ပြေးလွှားလာသော တောင်ရိုးကမ်းပါးမျိုးစိတ်ဝင်မှာ သံမဏိထက်ပင် အရပ်ရှည်ပြီး အသားအရေ မှာ ညိုမောင်းလှ၏။ ကိုယ်ခန္ဓာမှာ ကြံ့ခိုင်သန်စွန်းလှ၏။
၎င်း၏ လက်ထဲတွင် တောင်ကြားတခုလုံး၌ တခုတည်းသော မူလကိရိယာဖြစ်ဟန်တူသည့့် မြေခွေးသွားတူကြီးအား ကိုင်ဆောင်ထားလေသည်။ ထိုလက်နက်မှာ အဆင့်ခုနှစ်ရှိ မူလကိရိယာမှန်း သံမဏိ မှန်းဆမိလိုက်၏။
"နောက်ထပ် ဘဝတူတယောက်က် ဟာရီကိန်းတောင်ကြားကို ရောက်လာပြန်ပြီပေါ့ ကြိုဆိုပါတယ်ကောင်လေး ကျုပ်က ဒီနေရာရဲ့ ခေါင်းဆောင်ပါ ကျုပ်နာမည် ဟဒ်လေလို့ ခေါ်တယ်"
အနှီ တောင်ရိုးကမ်းပါးမျိုးစိတ်ဝင်က ပြောလိုက်၏။
"ခင်ဗျားတို့အားလုံးကို တွေ့ရတာ ဝမ်းသာပါတယ်ဗျာ ကျုပ်နာမည် သံမဏိလို့ ခေါ်ပါတယ် ကျုပ်တို့မျိုးစိတ်ဝင်တွေကို ခုလို တစုတစည်းတည်း မြင်ရတာ ဒါ ပထမဆုံးအကြိမ်ပဲ"
"မင်း ဒီကို မတော်တဆ ရောက်လာတာတော့ မဟုတ်ဘူးထင်တယ် ဟာရီကိန်းတောင်ကြားဟာ အလည်အပတ် လာစရာကောင်းတဲ့နေရာမှ မဟုတ်ပဲ"
"ခင်ဗျားပြောတာ မှန်ပါတယ် ကျုပ် ဒီကို တမင်လာခဲ့တာပဲ"
"ဒါဆိုလဲ မင်း ဒီကို ဘာကြောင့်လာရသလဲ ပြောပါ"
တောင်ရိုးကမ်းပါးမျိုးစိတ်ခေါင်းဆောင်က တည့်တိုးပင် မေးမြန်းလိုက်၏။ သံမဏိကလည်း အမှန်အတိုင်းပင် ဖြေလိုက်သည်။
"ခင်ဗျားတို့နဲ့ မိတ်ဆွေဖြစ်ဖို့ ကျုပ်သခင်ရဲ့ကိုယ်စား ကျုပ်လာခဲ့တာပဲ"
"မိတ်ဆွေဖြစ်ဖို့ဆိုတဲ့နောက်ကွယ်က ရည်ရွယ်ချက်ကဘာလဲ သူ ဒီမှာ ဘာလုပ်ဖို့ရှိသလဲ"
ပြင်ပကမ္ဘာရှိ တောင်ရိုးကမ်းပါးမျိုးစိတ်တိုင်းတွင် သခင်ကိုယ်စီ ရှိနေကြမှန်း ဟဒ်လေ သိပြီးသားပင်။ မိတ်ဆွေဖြစ်ရန်ဟူသော စကား၏ နောက်ကွယ်မှ အဓိပ္ပယ်ကိုလည်း သူ ကောင်းကောင်းနားလည်ထား၏။
ဟဒ်လေအား အလွယ်တကူ လိမ်၍ မရမှန်း သံမဏိ သဘောပေါက်လိုက်၏။
သူက ခေတ္တမျှ တုံ့ဆိုင်းနေပြီး အမှန်အတိုင်းပင် ပြောလိုက်သည်။
"ကျုပ်သခင်ဟာ ခု သတ်ဖြတ်သူနယ်မြေထဲမှာ ရှိနေတယ် ထုံးကျောက်တောင်ကြောကို ဖောက်ထွက်ဖို့ လမ်းတခု သူ လိုနေတယ်"
ဟဒ်လေ ခေါင်းခါယမ်းလိုက်၏။
"လက်စသတ်တော့ ဒီလိုကိုး ဒါနဲ့များ မိတ်ဆွေဖွဲ့ချင်သတဲ့လား လူသားတွေဟာ သူတို့လိုအပ်တဲ့အချိန်မှာ ကျုပ်တို့ကို သူငယ်ချင်းလို ဆက်ဆံတယ် သူတို့ မလိုတဲ့အချိန်လဲကျရော အလွယ်တကူ စွန့်ပစ်လိုက်တာပဲ"
သံမဏိ ကျယ်လောင်စွာ ထအော်လိုက်သည်။
"ကျုပ်သခင်က အဲဒီလို လူစားမျိုး မဟုတ်ဘူး"
ဟဒ်လေကလည်း ချက်ချင်းပင် တုံ့ပြန်လိုက်၏။
"ဘာကြောင့်မဟုတ်ရမှာလဲ အတူတူပဲကွ လူသားမှန်သမျှ အတူတူနဲ့အနူနူချည်းပဲ သူတို့ဟာ မင်းကိုလိုအပ်တဲ့အချိန်မှာ သူငယ်ချင်းအဖြစ် ဆက်ဆံမယ် မလိုလဲမလိုရော မင်း သေလားရှင်လားတောင် သူတို့ ဂရုမစိုက်တော့ဘူး ဒီမယ် သံမဏိ ဒီတောင်ကြားက ကျုပ်တို့မျိုးစိတ်ဝင်တိုင်းဟာ လူသားတွေကြောင့် အများကြီး နာကျင်ခံစားရဖူးပြီးပြီ သူတို့ ကျုပ်တို့ကို အလွယ်တကူ လှည့်စားလို့မရတော့ဘူးကွ ကျုပ်တို့အားလုံး မင်းကိုတွေ့ရတာ တကယ်ကို ဝမ်းသာပါတယ် ဒါပေမဲ့ မင်းရဲ့စိတ်ကူးကိုတော့ ကျုပ်တို့ လက်မခံနိုင်ဘူး မင်းသခင်ဟာ သတ်ဖြတ်သူနယ်မြေထဲရောက်နေတာဖြစ်လို့ သေလူဖြစ်သွားပြီ မင်း အပြင်လောကကို ပြန်သွားရင် သခင်မရှိတဲ့ ခွေးလေခွေးလွင့်တကောင်လို ဖြစ်နေလိမ့်မယ် ပြီးတော့ မင်းကိုယ်တိုင်ဟာလည်း တောင်ရိုးကမ်းပါးမျိုးစိတ်ဝင်ဖြစ်လို့ မင်းသာ ဆန္ဒရှိရင် ဒီမှာ ကျုပ်တို့နဲ့အတူ နေနိုင်ပါတယ်"
သံမဏိက ပြန်ဖြေလိုက်သည်။
"ကျုပ်မှာ သခင်ပြောင်းဖို့ အစီအစဥ် မရှိဘူး"
"မင်း ဒီအပေါ်မှာ ဒီလောက်ထိ အစွဲအလန်းကြီးနေစရာ မလိုပါဘူးကွာ"
ဟဒ်လေက ပြောလိုက်ပြန်၏။
***