အရေးကြီးသောဆုံမှတ်အား ဖြတ်ကျော်ခြင်း
Vol. 65 Ch. 645
သစ်ရွက်ကြွေချိုင့်ဝှမ်း။
သံမဏိတယောက်က် ဟာရီကိန်းတောင်ကြားတွင် တောင်ရိုးကမ်းပါးမျိုးစိတ်များအား မည်သို့မည်ပုံ ဆွဲဆောင်ရမည်က်ို အကြံအိုက်နေစဥ် ကောင်းကင်ဘုံလက်သီးတပ်ရင်းသည် သစ်ရွက်ကြွေချိုင့်ဝှမ်းအတွင်း ထိုးဖောက်ဝင်ရောက်လာပြီ ဖြစ်သည်။
ထိုချိုင့်ဝှမ်းသည် သံနှင့်သွေးနိုင်ငံ၏ အနောက်ဘက်နယ်စပ်တွင် တည်ရှိ၏။ သားရဲများအား အမဲလိုက်ရန် လိုအပ်လာခြင်းကြောင့် သူတို့တပ်ရင်းသည် ရန်သူနယ်မြေနှင့် အလွန်နီးကပ်နေသည့်တိုင် သားရဲများအလွန်ကြွယ်ဝသည့် ဤချိုင့်ဝှမ်းအတွင်း ထိုးဖောက်ဝင်ရောက်လာကြခြင်းပင်။
လူသားများသည် သားရဲများအား ဖမ်းဆီးကာ မွေးမြူကြ၏။ ယဥ်ပါးအောင်ပြုလုပ်ကြ၏။ လူသားများနှင့်မတူသည်မှာကား သတ်ဖြတ်သူများတွင် ထ်ိုစွမ်းရည်မျိုးမရှိ။ ထိုသို့ လုပ်ရကောင်းမှန်းလည်း မသိ။ ထို့ကြောင့် သားရဲများသည် နှစ်တိုင်းလိုလိုတွင် လူသားနယ်မြေများကို ရှောင်ကွင်းကာ သတ်ဖြတ်သူနယ်မြေအတွင်း ချည်းနင်းဝင်ရောက်လာလေ့ရှိသည်။
ဤနယ်မြေ၏ နောက်ထပ် လူသားနယ်မြေနှင့် မတူသည့်အချက်မှာ သံနှင့်သဲနိုင်ငံ၏ အနောက်ဘက်နယ်စပ်သည် ဟောင်းလောင်းပွင့်နေ၏။ လူသားနယ်မြေမှာကား ထိုသို့မဟုတ်။ လုံခြုံရေးတင်းကျပ်လှသည်။ ထို့ကြောင့် အင်အားနည်းသော သားရဲများသည် ဤနယ်မြေသို့ အလွယ်တကူပင် ဝင်ရောက်လာနိုင်ကြ၏။ ၎င်းမှာလည်း သစ်ရွက်ကြေချိုင့်ဝှမ်းတွင် သားရဲများ ပေါကြွယ်ဝနေခြင်း၏ အကြောင်းပြချက်များအနက်မှ တချက်ဟု ဆိုနိုင်သည်။
ထို့ကြောင့် သတ်ဖြတ်သူများတွင် အနောက်ဘက်နယ်စပ်မျဥ်းဟူ၍ သီးသန့်ရှိမနေပဲ နယ်မြေကြီးတခုလုံးတွင် သားရဲများနှင့် သတ်ဖြတ်သူများ ဒွေးရောယှက်တင် နေထိုင်ကြသည်ဟု သတ်မှတ်နိုင်ပေသည်။
ထို့ကြောင့် ဤနယ်မြေမျိုးတွင် ဘယ်အဖွဲ့အစည်း၊ ဘယ်အုပ်ချုပ်သူမှ မရှိ။ ဤနယ်မြေတွင် တည်ရှိနေသည့့် တခုတည်းသောစည်းမျဥ်းမှာ တောရိုင်းသည်ူူမျဥ်းပင် ဖြစ်သည်။ ဦးရာလူသတ်။ သန်မာသူသာ ရှင်ကျန်ရမည်။ အားနည်းသူ သေရပေလိမ့်မည်တည်း။
ထို့ကြောင့် သစ်ရွက်ကြွေချိုင့်ဝှမ်းကို ဖြတ်ကျော်သောလမ်းကြောင်းသည် သူတို့အနေနှင့် သီအိုရီအရ ရွေးချယ်နိုင်သည့် တတိယမြောက်လမ်းကြောင်းဟု ဆိုနိုင်သည်။ သူတို့အနေနှင့် သစ်ရွက်ကြွေချိုင့်ဝှမ်းမှတဆင့် သားရဲနယ်မြေကို ဖြတ်ကျော်ပြီး တဖက်ခြမ်းရှိ လူသားနယ်မြေအတွင်း ဝင်ရောက်သွားနိုင်သည် မဟုတ်ပါလား။ သို့သော် သူတို့ တကယ်တမ်း ရွေးချယ်ထားသည့်လမ်းကတော့ ဤလမ်းမဟုတ်။ ကောင်းကင်ဘုံလက်သီးတပ်ရင်းအနေနှင့် သားရဲနယ်မြေကြီးကို ဖြတ်သန်းသွားရမည့်အစား မုန်တိုင်းရေလက်ကြားကိုသာ ဖြတ်သွားလို၏။ ရှည်လျားကျယ်ပြောလှသော သားရဲနယ်မြေကြီးအား ဖြတ်သန်းရသည်မှာည်မှာ ကိုယ့်ကိုယ်ကို သတ်သေခြင်းနှင့် တူနေသည် မဟုတ်ပါလား။
သစ်ရွက်ကြွေချိုင့်ဝှမ်းသည် ဖုန်းဆိုးမြေကြီးတခုလုံးအနက် တခုတည်းသော ချိုင့်ဝှမ်း ဖြစ်သည်။ စင်စစ် ၎င်းသည် တောင်နှစ်လုံးအကြား သဘာဝအလျောက် ဖြစ်ပေါ်နေသော တွင်းပေါက်ငယ်နှင့်သာ ပိုတူပြီး ချိုင့်ဝှမ်းဟုပင် သတ်မှတ်ရန် ခက်ခဲ၏။ မည်သ်ို့ဆိုစေ ယခုတွင် သစ်ရွက်ကြွေချိုင့်ဝှမ်းသည် လွန်ခဲ့သော နှစ်ဝက်ကတည်းက သတ်ဖြတ်သူများ၏ အမဲလိုက်ခြင်းကို ခံနေရသော လူသားများအား ဖုံးကွယ်ပေးထားလျက် ရှိ၏။
လူသားတစုကား ဤဧရိယာကြီးအတွင်းသို့ တဖြည်းဖြည်း ချည်းနင်းဝင်ရောက်လာကြလေပြီ။
လူသားများ၏ နောက်တွင် ကြီးမားလှသော သားရဲအသေကောင်ကြီးနှစ်ကောင်ရှိနေ၏။ ပထမသားရဲကြီးမှာ ပေတရာခန့်ရှည်မည့် ဂေါ်ရီလာမျောက်ဝံကြီးဖြစ်သည်။ ၎င်းမှာ ဦးခေါင်းခွံများ ကွဲအက်ကာ သေဆုံးလျက်ရှိ၏။ ဒုတိယသားရဲမှာကား ဦးချိုသုံးခုပါ ကြံ့ကြီးဖြစ်သည်။ ကြံ့ကြီး၏ နောက်ကျောရှိ ဆူးတောင်များမှာ ချွန်မြနေပြီး မိုးသို့ပင် ထိုးနေသည်ဟု ထင်ရသည်ည်။ ယခုတော့ အနှီ ကြံ့ကြီး၏ အကြေးခွံများ ဖွာလန်ကျဲလျက်ရှိ၏။ ၎င်း၏ ဦးချိုသုံးခုမှာလည်း ကျိုးပဲ့နေလေသည်။
ချိုင့်ဝှမ်း၏ ထိပ်တွင်တော့ လူနှစ်ယောက် မတ်တပ်ရပ်လျက်ရှိသည်။ ထိုလူနှစ်ယောက်မှာ လီကုံးရှန်နှင့် ရှီကိုင်းဟွမ်တို့ပင် ဖြစ်သည်။
သားရဲများအား သတ်ဖြတ်လာသည့် စစ်သားအုပ်စု၏ ခေါင်းဆောင်ဖြစ်ဟန်တူသူက လီကုံးရှန်နှင့် ရှီကိုင်းဟွမ်အား အရ်ိုအသေပြုရင်း သတင်းပို့လိုက်၏။
"ကျွန်တော်တို့ ပြန်လာပါပြီ ဗိုလ်ချုပ်...ဗိုလ်ချုပ် အမိန့်အတိုင်း အနက်ရောင်ဂေါ်ရီလာနဲ့ ဦးချိုသုံးခုကြံ့ကို ကျွန်တော်တို့ သတ်လာနိုင်ခဲ့ပါပြီ"
"ကျုပ် မြင်တယ် မင်းတို့ တော်ကြပါပေတယ်"
လီကုံးရှန်က ချီးကျူးလိုက်သည်။
"အဆုံးအရှုံး ဘယ်လောက်ရှိသလဲ"
ရှီကိုင်းဟွမ်က မေးခွန်းထုတ်လိုက်၏။
စစ်သားခေါင်းဆောင်က ပြန်ဖြေလိုက်သည်။
"စစ်သည်တယောက်က်သေတယ် လေးယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်"
ရှီကိုင်းဟွမ် မျက်မှောင်ကုတ်လိုက်၏။
"မင်းဟာ တပ်ခွဲတခွဲကို ဦးဆောင်ရတဲ့ အရာရှိတယောက် ပြီးတော့ ဒါဟာ သာမာန်အမဲလိုက်လေ့ကျင့်ခန်းလေးပဲ ဒါတောင် ခုထိ ဆုံးရှုံးမှုက ရှိနေတုန်း ခုချိန်မှာ အသေးအမွှားဆုံးရှုံးမှုလေးတွေကအစ ကျုပ်တို့အတွက် သိပ်ပြီးအရေးကြီးနေတယ် ဒီအတွက် မင်းမှာ တာဝန်ရှိတယ် ကိုယ့်တပ်ခွဲကို ကောင်းကောင်းမဦးဆောင်နိုင်လို့ ဒီလို ဖြစ်ရတာ သွားစမ်း အပြစ်ဒဏ်အတွက် ကြိမ်ဒဏ်ဆယ်ချက် မင်း ခံယူရမယ်"
"ကောင်းပါပြီ ဗိုလ်ချုပ်"
ထိုအရာရှိက ခေါင်းငုံ့ရင်း ပြန်ဖြေလိုက်၏။
တကယ်တော့ လီကုံးရှန်သည် ပြစ်ဒဏ်ပေးခြင်းမျိုးကို သဘောမကျ။ သို့သော် ရှီက်ိုင်းဟွမ်မှာ စည်းကမ်းတင်းကျပ်သော ဗိုလ်ချုပ်ဟု စစ်သည်များအကြားတွင် နာမည်ကြီး၏။ ထို့ကြောင့် အောက်ခြေအဆင့်စစ်သည်များသည် လီကုံးရှန်ထက်စာလျင် ရှီကိုင်းဟွမ်က်ိုသာ ပို၍ ကြောက်ကြလေသည်။
သို့သော် လီကုံးရှန်က ပြောဖြစ်အောင်လိုက်၏။
"အနက်ရောင်ဂေါ်ရီလာနဲ့ ဦးချိုသုံးခုကြံ့ဟာ အဆင့်မြင့်နတ်ဆိုးသားရဲတွေထဲမှာကို အတော်သန်မာတဲ့ကောင်တွေလို့ ပြောလို့ရတယ် ဒါကို သူတို့က အချိန်ပိုင်းလေးအတွင်းမှာပဲ သတ်လာနိုင်တယ် ကိုယ့်ဖက်က အဆုံးအရှုံးကတော့ တယောက်ပဲသေတယ် အရာရှိတုချိန်းရဲ့ စွမ်းဆောင်ရည်က မဆိုးလှပါဘူး ဘာကြောင့် အပြစ်ပေးနေအုံးမှာလဲ"
ရှီကိုင်းဟွမ်က ရှင်းပြလိုက်သည်။
"နတ်ဆိုးသားရဲနှစ်ကောင်ဟာ အင်အားကြီးမားတယ်ဆိုတာ မှန်ပါတယ် ဒါပေမဲ့ ကျုပ်တို့စစ်သည်တွေဟာလဲ လူသားတွေထဲမှာ ထိပ်တန်းပဲ ပြီးတော့ သူတို့အားလုံး ခြောက်ပစ်ကင်းကျင့်ကြံခြင်းနည်းစနစ်နဲ့ သွေးနီဥပြိုကွဲဆေးမင်တွေ ထိုးထားလို့ အရင်ထက် တိုးတက်လာပြီ နတ်ဆိုးသားရဲနှစ်ကောင်ကို ဂရုတစိုက်နဲ့သာ ဖမ်းရင် ကိုယ့်ဖက်က သေစရာအကြောင်းမရှိဘူး အခုလို သေရတယ်ဆိုတာ ဒီကောင်တွေ ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲနေလို့ပဲဒါကြောင့်မို့လို့ ကျုပ် သူ့ကို အပြစ်ပေးလိုက်တာ လူဆိုတာ အင်အားကြီးမားလာလေလေ တာဝန်ခံမှုတာဝန်ယူမှု များလာလေလေပဲမလား"
လီကုံးရှန် တဟားဟား ရယ်မောလိုက်သည်။
"ခင်ဗျားကတော့ တဆိတ်ကြမ်းလွန်းပါတယ်ဗျာ ကျုပ်တို့စစ်သည်တွေက မဆိုးလှပါဘူး ကြိုးစားကြပါတယ်"
ရှီကိုင်းဟွမ်က ပြန်ပြောလိုက်၏။
"ခင်ဗျားအနေနဲ့ သူတို့ကို နှစ်သိမ့်မယ် အားပေးမယ်ဆိုရင်လဲ အဆင်ပြေပါတယ် ဒါပေမဲ့ ခင်ဗျားရဲ့လက်ထောက်ဖြစ်တဲ့ကျုပ်ကိုတော့ သူတို့ ကြောက်နေတာ ပိုကောင်းပါတယ်"
လီကုံးရှန် ခေါင်းခါယမ်းလိုက်သည်။
"ခင်ဗျားကတော့ ဟိုးအရင်တုန်းကအတိုင်း ခေါင်းမာနေတုန်းပဲကိုး"
ပြောသာပြောလိုက်ရသည်ည်။ ရှီက်ိုင်းဟွမ်သည် ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ ကောင်းရာကောင်းကြောင်းအတွက် အစွမ်းကုန် ကြိုးစားပေးနေမှန်း လီကုံးရှန် သဘောပေါက်ထား၏။
လီကုံးရှန်နှင့် ရှီကိုင်းဟွမ်တွင် လီကုံးရှန်သည် တပ်မှုးဖြစ်၍ ရှီကိုင်းဟွမ်ကတော့ ဒုတပ်မှုးဖြစ်သည်။ ဤအနေအထားတွင် တပ်မှုးလုပ်သူက လက်အောက်ငယ်သားများအပေါ် မျှမျှတတ ဆက်ဆံတတ်သူ၊ သနားကြင်နာတတ်သူအဖြစ် ရှိနေပြီး ဒုတပ်မှုးကတော့ စည်းကမ်းတင်းကျပ်သူ၊ မာကျောပြတ်သားသူအဖြစ် ရှိနေခြင်းသည် စစ်သည်များအား အုပ်ချုပ်ရန်အတွက် မှန်ကန်သောလမ်းကြောင်းဟု ဆိုနိုင်သည်။ သတ်မှတ်နိုင်သည်။တနည်းအားဖြင့် လီကုံးရှန်က မင်းသားဇာတ်ရုပ်ကို သရုပ်ဆောင်နေချိန်တွင် ရှီကိုင်းဟွမ်က လူကြမ်းလုပ်ပေးနေရသည့် သဘောပင်။
ယခင်တုန်းကတော့ ရှီကိုင်းဟွမ်၏ အဆိုပါ လူကြမ်းကဏ္ဍပ်ကို လီကုံးရှန်း လက်ခံထားခဲ့၏။ ယခုတော့ သူ့စိတ်က တမျိုးတမည် ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။ သူ့အနေနှင့် ရှီကိုင်းဟွမ်အား ယခင်လို လူကြမ်းမလုပ်ခိုင်းလိုတော့။
လီကုံးရှန် ဘာတွေတွေးနေမှန်း ရှီကိုင်းးဟွမ်ကလည်း ကောင်းစွာ သဘောပေါက်ထား၏။ ထို့ကြောင့် သူက ခတ်ပြတ်ပြတ်ပင် ပြောလိုက်သည်။
"စုချန်းက စုချန်း ကျုပ်က ကျုပ်ပဲ စုချန်းလုပ်ပေးခဲ့တာတွေအတွက် ကျုပ်ကို ကျေးဇူးတင်နေစရာမလိုဘူးလေ ခင်ဗျားအနေနဲ့ သူ့က်ို ကျေးဇူးတင်ရင် သူ့ဆီကိုပဲ တိုက်ရိုက်သွားပြောသင့်တယ် ကျုပ်ဖက်ကို လှည့်မလာနဲ့လေဗျာ ဒီမှာ ကျုပ်က ဒုတပ်မှုး ဒီတော့ ဒီကောင်တွေကို စည်းကမ်းတင်းကျပ်ရမှာ ကျုပ်အလုပ်ပဲ"
"ခင်ဗျားကတော့လေ"
လီကုံးရှန် အားရပါးရပင် ရယ်မောလိုက်၏။ ထိုအခိုက်မှာပင် သူက တစုံတခုကို သတိရလာဟန်ဖြင့် မေးလိုက်သည်။
"ဒါနဲ့ ဒီရက်ပိုင်း စုချန်း ဘာတွေလုပ်နေသလဲ"
"ထုံးစံအတိုင်း စမ်းသပ်မှုတွေပဲ ဆက်လုပ်နေတာပေါ့ ကြည့်ရတာ သူ သွေးဗီဇမလိုပဲ အလင်းတုန်ခါခြင်းနယ်ပယ်ကို ဝင်နိုင်မဲ့နည်းလမ်းကို စိတ်ကူးရသွားဟန်တူတယ်"
"သူသာ ဒါကို တကယ်အောင်မြင်သွားရင် လူသားမျိုးနွယ်တွေအတွက် တကယ့်အောင်ပွဲပဲ"
လီကုံးရှန်က သက်ပြင်းချရင်း ပြောလိုက်၏။
အလင်းတုန်ခါခြင်းနယ်ပယ်သည် လူသားများ၏ ကျင့်ကြံခြင်းလမ်းကြောင်းတွင် အရေးကြီးသော တံခါးပေါက်တချပ်ဟု ဆိုနိုင်သည်။ သွေးဗီဇမပါသသူ သာမာန်လူတယောက်က် ထိုနယ်ပယ်သို့ အမှန်တကယ် ဝင်ရောက်နိုင်ခဲ့ပါကာ ထိုလုပ်ရပ်သည် လူသားများ၏ သမိုင်းတွင် မှတ်တမ်းတင်ခံရမည်မှာ သေချာပေါက်ပင်။
လီကုံးရှန်က မေးလိုက်ပြန်၏။
"သူ အောင်မြင်မယ် ထင်သလား"
"သေချာပေါက် အောင်မြင်လိမ့်မယ်"
"ကျုပ်လဲ ဒီအတိုင်း ထင်ပါတယ်"
လီကုံးရှန်က ထောက်ခံလိုက်လေသည်။ ထိုအခါ ရှီကိုင်းဟွမ်က ပြောလိုက်ပြန်၏။
"ဒီကလေးဟာ တကယ့့် ပါရမီရှင် သွေးဆူပွက်ခြင်းနယ်ပယ် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်တွေကို သွေးဗီဇမလိုပဲ ဝင်ရောက်နိုင်မဲ့နည်းလမ်းတွေကို ကျုပ် အုတ်မြစ်ချခဲ့တယ်ဆိုပေမဲ့ သူမပါရင် ကျုပ် မအောင်မြင်နိုင်ဘူး အလင်းတုန်ခါခြင်းနယ်ပယ်ကို သွေးဗီဇမလိုပဲ ဝင်ရောက်နိုင်မဲ့နည်းလမ်းကို အောင်မြင်သွားပြီးတဲ့နောက်မှာတော့ သူ့ရဲ့ ဂုဏ်ကျက်သရေဟာ အထွတ်အထိတ်တ်ကို ရောက်လာလိမ့်မယ်"
"သူ အောင်မြင်ဖို့ ကြာအုံးမယ် ထင်သလား"
"သိပ်မကြာလောက်တော့ဘူး"
ထိုအချိန်တွင် စုချန်းကား လှိုဏ်ဂူထဲတွင် တရားထိုင်လျက်ရှိ၏။ သို့သော် ကျန်တရားထိုင်သူများနှင့် မတူပဲ သူ့မျက်လုံးများမှာ ပွင့်လျက်ရှိသည်။
တကယ်တော့ သူသည် သူ့ကိုယ်ခန္ဓာအတွင်း ပြောင်းလဲမှုများအား လေ့လာစူးစမ်းနေခြင်းပင်။
သူ့ကိုယ်တွင်းရှိ ဆုံမှတ်တိုင်းကို မှတ်သားနေစဥ်အတွင်း သူ့မျက်လုံးအစုံသည် အရောင်တဖြတ်ဖြတ် ဝင်းလက်တောက်ပနေ၏။
***