အရေးကြီးသော ဆုံမှတ်အား ဖြတ်ကျော်ခြင်း
Vol. 65 Ch. 646
"နောက်ဆုံးတော့ ကြာပန်းက အကောင်အထည်ပေါ်လာခဲ့ပြီ ငါ အောင်မြင်သွားခဲ့ပြီပဲ"
စုချန်း တီးတိုးရေရွတ်လိုက်၏။
သူ၏ ချီသမုဒ္ဒရာပင်လယ်ပြင်ဝယ် တည်ငြိမ်သော ကြာပန်းအုတ်မြစ်တခု ဖြစ်တည်လျက်ရှိ၏။ ထိုကြာပန်းအုတ်မြစ်မှ အဆန်းတကြယ်နိုင်သော အလင်းရောင်များ ထွက်ပေါ်လျက်ရှိသည်။
အလင်းတုန်ခါခြင်းနယ်ပယ်သို့ရောက်ရှိရန် မရှိမဖြစ်လိုအပ်သော ကြာပန်းအုတ်မြစ်ကား အကောင်အထည်ပေါ်လျက်ရှိနေခဲ့လေပြီတည်း။
ကြာပန်းအုတ်မြစ်ဟူသည်ကား ချီစွမ်းအားပညာရှင်တယောက် မူလစွမ်းအင်အသုံးပြုရာတွင် အထွတ်အထိပ်သို့ ရောက်သွားသည်ကို ကိုယ်စားပြုနေခြင်း ဖြစ်သည်။ ထိုအဆင့်သို့ ရောက်သွားသည်နှင့် ၎င်းတို့ကိုယ်တွင်းရှိ မူလစွမ်းအင်သည် ပျစ်ခဲကာ ကြာပန်းအုတ်မြစ်အဖြစ် ပြောင်းလဲသွားပြီး ၎င်း၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာအား ပဲ့တင်ထပ်စေတော့၏။ ထို့နောက်တွင်တော့ အနှီကြာပန်းအုတ်မြစ်သည် မူလစွမ်းအင်အသုံးပြုရာတွင် အရေးကြီးသော ကြားခံတံတားများ ဖြစ်လာတော့သည်။
ကြာပန်းအုတ်မြစ်အား အောင်မြင်စွာ ဖွဲ့စည်းပြီးသည်နှင့် ချီစွမ်းအားပညာရှင်၏ မူလစွမ်းအင်အသုံးပြုနိုင်စွမ်းသည် သိသိသာသာပင် ပြောင်းလဲသွား၏။ တနည်းည်းအားဖြင့် အခြေခံအနှစ်သာရအားဖြင့်ပါ ပြောင်းလဲသွားခြင်းမျိုး ဖြစ်သည်။
အဆိုပါ ပြောင်းလဲမှုသည် ချီစွမ်းအားပညာရှင်၏ မူလစွမ်းအင်သိပ်သည်းဆကို တိုက်ရိုက်ကိုယ်စားပြုနေသည်ဟု ဆိုနိုင်၏။
ကြာပန်းအုတ်မြစ် မဖြစ်ပေါ်ခင်က ချီစွမ်းအားပညာရှင်သည် အသက်တရှုစာအချိန်တွင် မီးလျံစက်လုံးတလုံးသာ ပစ်လွှတ်နိုင်သည် ဆိုကြပါစို့။ ကြာပန်းအုတ်မြစ် ဖွဲ့စည်းပြီးနောက်တွင်တော့ ၎င်းသည် တူညီသောအချိန်တွင် ရာနှင့်ချီသော မီးလျံစက်လုံးများ ပစ်လွှတ်လာနိုင်မည် ဖြစ်သည်။
ထို့ကြောင့် အလင်းတုန်ခါခြင်းနယ်ပယ်သို့ ရောက်သွားသည်နှင့် အဆိုပါ ချီစွမ်းအားပညာရှင်သည် လေပေါ်တွင် မည်သည့်နည်းလမ်းမှမသုံးပဲ ပျံသန်းနိုင်လာ၏။ ၎င်းတို့၏ အင်အားမှာလည်း သိသိသာသာပင် မြင့်မားလာပေသည်။
တကယ်တော့ လက်ရှိတွင် စုချန်း၏ ကြာပန်းအုတ်မြစ်ဖွဲ့စည်းပုံမှာ ပြီးပြည့်စုံသေးသည် မဟုတ်။ သူ့ကြာပန်းအုတ်မြစ်သည် ကနဦးအဆင့်တွင်သာ ရှိနေသေး၏။ မတည်ငြိမ်သေး။ မကြာခနဆိုသလို ပုံစံပျက်ယွင်းကုန်၏။
မည်သို့ဆိုစေ စုချန်းကား အရေးကြီးသော ခြေတလှမ်းကို လှမ်းနိုင်ခဲ့ပြီဟု ဆိုနိုင်၏။ သူ၏ မူလစွမ်းအင်အား အနည်ကျနိုင်စွမ်းမှာလည်း များစွာ တိုးမြင့်လာခဲ့ပြီ ဖြစ်သည်။ ကြာပန်းအုတ်မြစ်အား ဖွဲ့စည်းရာတွင် မူလစွမ်းအင်အနည်ကျနိုင်စွမ်းသည် များစွာ အရေးပါလှသည် မဟုတ်ပါလား။
အကယ်၍ မူလစွမ်းအင်သည် လေနှင့်တူပြီး လက်နှင့်ကိုင်တွယ်ထိတွေ့၍ မရဟုဆိုပါက ကြာပန်းအုတ်မြစ်ကား လက်နှင့်ကိုင်တွယ်၍ရသော ကျောက်တုံးနှင့် အလားသဏ္ဍာန်တူပေသည်။ ထို့ကြောင့် လေထုအား ကျောက်တုံးအဖြစ် စုစည်းမည်ဆိုပါက တန်နှင့်ချီသော ပြင်ပဖိအားများ လိုအပ်မည်ဖြစ်ကြောင်း သင် မှန်းဆနိုင်ပေလိမ့်မည်။
အတိတ်ကာလတွင်တော့ လူသားများသည် ထိုအရာကို ပြီးမြောက်အောင် သွေးဗီဇစွမ်းအင်ကိုသာ အသုံးပြုခဲ့ရ၏။ ၎င်းတို့သည် သွေးဗီဇမှရသော ပြင်ပအားကိုသုံးပြီး မူလစွမ်းအင်ကို ဖိသိပ်ကာ ကြာပန်းအုတ်ဖြစ်အဖြစ် ဖွဲ့စည်းတည်ဆောက်ကြလေသည်။
စုချန်း၏ အစီအစဥ်မှာ မည်သည့်ပြင်ပဖိအားမှ မလိုပဲ ၊ မည်သည့်သွေးဗီဇမှမလိုပဲ အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်မည့် နည်းလမ်းတရပ် ဖန်တီးရန်ပင်။
ပြင်ပဖိအားမလိုပဲ ကြာပန်းအုတ်မြစ်ဖန်တီးရန် စုချန်းအနေနှင့် နည်းလမ်းနှစ်သွယ်ကို သုံးနိုင်၏။
ပထမနည်းလမ်းမှာ ပြင်ပဖိအားနှင့် အလားသဏ္ဍာန်တူသည့်အရာတခုကို ဖန်တီးရန် ဖြစ်သည်။ ဒုတိယနည်းလမ်းမှာကား မူလစွမ်းအင်အနည်ကျနိင်စွမ်းကို တိုးပွားလာစေရန်ပင် ဖြစ်သည်။
ထို့ကြောင့် ကြာပန်းအုတ်မြစ်ဖန်တီးရန် သော့နှစ်ချောင်း ရှိနေသည်ဟု ဆိုနိုင်သည်။ စုချန်းတွင် ထိုသော့နှစ်ချောင်းအနက် တချောင်းရှိနေ၏။
ဤမတိုင်ခင်ကတော့ စုချန်းသည် ဘယ်အဖြေကိုမှ ရှာမတွေ့ခဲ့။ အရာအားလုံးသည် ရိုးရှင်းသည်ဟုထင်ရသော်လည်း အဖြေကို ရှာတွေ့ရန်တော့ များစွာ ခက်ခဲနေခဲ့၏။
နောက်ဆုံးတွင်တော့ စုချန်းသည် မူလစွမ်းအင်အနည်ကျနိုင်စွမ်းကို တိုးပွားလာစေသည့် နည်းစနစ်တရပ်အား ရှာဖွေတွေ့ရှိသွားတော့သည်။ ထိုနည်းစနစ်မှာလည်း ခြောက်ပစ်ကင်းကျင့်ကြံခြင်းနည်းစနစ်ကို အခြေပြု၍ စိတ်ကူးရလာမှန်း ယုံမှားသံသယဖြစ်နေစရာ မလိုတော့။
စုချန်းသည် ခြောက်ပစ်ကင်းကျင့်ကြံခြင်းနည်းစနစ်အား တီထွင်ခဲ့၏။ ထိုနည်းစနစ်အား သူ တီထွင်ရသည့် မူလရည်ရွယ်ချက်မှာ ပတ်ဝန်းကျင်မှ မူလစွမ်းအင်စုပ်ယူနိုင်စွမ်းကို တိုးပွားလာစေရုံမျှသာ ဖြစ်သည်။ သို့သော် သူ၏ မြန်ဆန်လှသော တွက်ချက်နိုင်စွမ်းကြောင့် ဤနည်းစနစ်သည် မြန်မြန်ဆန်ဆန်ပင် အကောင်အထည်ပေါ်လာခဲ့၏။
တနည်းအားဖြင့် ခြောက်ပစ်ကင်းကျင့်ကြံခြင်းနည်းစနစ်သည် မျှော်လင့်ချက်များများစားစားမထားပဲ တီထွင်မိသည့် နည်းစနစ်တရပ်ဟု ဆိုနိုင်သည်။
သို့သော် သွေးဗီဇမလိုပဲ အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်မည့်နည်းလမ်းအား ဤနည်းစနစ်ကြောင့်ပင် စုချန်း စိတ်ကူးရလာခြင်းဖြစ်လေသည်။
ထိုအတွက် အကြောင်းပြချက်ကလည်း ရှိနေ၏။ ၎င်းမှာ မူလစွမ်းအင်အား သိပ်သည်းလာအောင် ဆောင်ရွက်ရခြင်းသည် တခြားနည်းလမ်းများထက် ခြောက်ပစ်ကင်းနည်းစနစ်က ပို၍ လွယ်ကူသောကြောင့်ပင်တည်း။
၎င်းကို တခြားစစ်သားများကို စမ်းသပ်ရင်း စုချန်းတယောက်က် မမျှော်လင့်ပဲ သိလာရခြင်း ဖြစ်သည်။ အရိုးရှင်းဆုံးပြောရလျင် ခြောက်ပစ်ကင်းနည်းစနစ်ကြောင့် မူလစွမ်းရည်များ၏ အင်အားသည် ၁၅ရာခိုင်နှုန်းထိ တိုးပွားလာပြီး အသုံးပြုရန်ကြာချိန်မှာလည်း ၂၀ရာခိုင်နှုန်းထိ လျော့နည်းသွား၏။
ထိုအကြောင်းကို သိလိုက်ရသောအခါ စုချန်း အမှန်တကယ်ပင် ထိတ်လန့်သွား၏။
မူလစွမ်းအင်အား သိပ်သည်းစေနိုင်သည့်နည်းလမ်းကို စုချန်း လိုက်ရှာနေခဲ့သည်မှာ ကြာပြီ။ ယခုတော့ ထိုနည်းလမ်းကို စုချန်းတယောက်က် မမျှော်လင့်ပဲ ရှာတွေ့မိသွားချေပြီတကား။ ထိုအခိုက်အတန့်ဝယ် အံ့သြလွန်း၍ သူ စကားပင်မပြောနိုင်တော့ပဲ ဖြစ်သွား၏။
သုတေသနတို့၏ သဘောသဘာဝမှာကား ထိုနည်းအတိုင်းပင်။ ကြီးမားသော အောင်မြင်မှုများသည် တခါတရံတွင် ကြုံမိကြုံရာ စမ်းသပ်မှုများအပေါ်တွင် အခြေခံနေတတ်ပေသည်။
မည်သို့ဆိုစေ အထက်တွင် ဆိုခဲ့သည့့် မမျှော်လင့်သော တွေ့ရှိမှုသည် စုချန်း၏ အနာဂတ်သုတေသနလမ်းကြောင်းအား အဆုံးအဖြတ်ပေမည့် မှတ်တိုင်တခုအဖြစ် ပြောင်းလဲသွားသည်ကတော့ အမှန်ပင်။ ၎င်းသည် သုတေသန၏ ပျော်ရွှင်ဖွယ်ရာတခုဟုလည်း ဆိုနိုင်၏။
စုချန်းကား မူလစွမ်းအင်ကမ္ဘာကြီးကို အပြည့်အဝ အာရုံစိုက်ထားသည့် သုတေသီတဦး ဖြစ်သည်။ ယခုတော့ သူ၏ မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုများကြောင့် လူသားများ၏ အနာဂတ်သည်ကား မျှော်လင့်ချင်စရာအတိ ဖြစ်လာခဲ့လေပြီ။
အထက်တွင် တင်ပြခဲ့သည့် ရှာဖွေတွေ့ရှိမှုအပြီးတွင်တော့ စုချန်း၏ ကမ္ဘာလောကကြီးအပေါ် အမြင်သည် များစွာ ပြောင်းလဲသွားခဲ့တော့၏။ သူ၏ စဥ်းစားတွေးခေါ်ပုံမှာလည်း ယခင်နှင့်မတူတော့။ အောင်မြင်မှုသည် လက်တကမ်းအလိုသို့ ရောက်ရှိလာခဲ့ပေပြီ။
သို့တိုင်အောင် စုချန်း၏ ခြောက်ပစ်ကင်းနည်းစနစ်သည် မပြည့်စုံသေး။ ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်နေသေး၏။
လက်ရှိ ခြောက်ပစ်ကင်းနည်းစနစ်သည် မူလစွမ်းအင်ကို ယခင်ကထက်စာလျင် နှစ်ဆတိတ်ိ သိပ်သည်းပေးနိုင်၏။ သို့သော် ၎င်းမှာ စုချန်းအတွက် မလုံလောက်သေး။
ထိုအခါ ခြောက်ပစ်ကင်းကျင့်ကြံခြင်းနည်းစနစ်အား ချီစုဆောင်းခြင်းနယ်ပယ်မှ သွေးဆူပွက်ခြင်းနယ်ပယ်အတွင် ဝင်ရောက်မည့်သူများအတွက် ပြုပြင်ဖန်တီးရန် အချိန်ရောက်ပြီဟု စုချန်း တွေးမိတော့၏။
ပေ၂၀၀ရှည်သော မျှော်စင်သည် မြေကြီးပေါ်မှာပင် စိုက်ထူထားရ၏။ ထို့ကြောင့် ဘယ်အရာမဆို အုတ်မြစ်ခိုင်မာရန် အရေးကြီးမှန်း စုချန်း ကောင်းစွာ နားလည်ထားပေသည်။ ဤအတိုင်း အဆင့်ဆင့့် သွားပါက တနေ့တွင် ရည်မှန်းချက်နေရာသို့ သူ အရောက်ာက်လှမ်းနိုင်ပေလိမ့်မည်။
နောက်တနေ့မှာပင် စုချန်း၏ ခြောက်ပစ်ကင်းကျင့်ကြံခြင်းနည်းစနစ်သည် ဒုတိယအဆင့်သို့ ရောက်သွားတော့၏။
ထိုအဆင့်သို့ရောက်သွား၍ ချီစုဆောင်းခြင်းနယ်ပယ်မှ စစ်သားများအနေနှင့် သွေးဆူပွက်ခြင်းနယ်ပယ်သို့ ဝင်ရောက်ရန် ဤနည်းစနစ်အား လေ့ကျင့်နိုင်တော့မည် ဖြစ်သည်။ မူလစွမ်းအင်သိပ်သည်းမှု ပိုမိုမြင့်မားလာသည်နှင့်အမျှ ၎င်းတို့၏ မူလစွမ်းရည်များ၏ အင်အား၊ အသုံးပြုနိုင်သော အကြိမ်ရေမှာလည်း များစွာ တိုးပွားလာတော့မည်တည်း။ ပြောင်းလဲမှုမှာမြန်ဆန်လွန်း၍ စစ်သားများအနေနနှင့် ဘာတွေ ဖြစ်နေမှန်း မြန်မြန်ဆန်ဆန်ပင် သဘောပေါက်လာကြ၏။
ကောင်းကင်ဘုံလက်သီးတပ်ရင်းအဖို့ကား ထီဆုကြီးပေါက်ခြင်းပေတည်း။
နောက်နှစ်ရက်အကြာမှာပင် စုချန်းသည် ခြောက်ပစ်ကင်းနည်းစနစ်အား တတိယအဆင့်သို့ မြှင့်တင်နိုင်ခဲ့၏။ ဤအဆင့်ကိုတော့ သွေးဆူပွက်ခြင်းနယ်ပယ်မှ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်သ်ို့ ဝင်ရောက်မည့်ချီစွမ်းအားပညာရှင်များ လေ့ကျင့်နိုင်ကြမည် ဖြစ်သည်။
ဤနည်းစနစ်အား အထက်ပါနည်းအတိုင်း အဆက်မပြတ် အဆင့်မြှင့်တင်နိုင်ခြင်းမှာ စုချန်း၏ မြန်ဆန်လှသော တွက်ချက်နိုင်စွမ်းကြောင့်ပင် ဖြစ်သည်။ ယခုဆိုလျင် စုချန်း၏ တွက်ချက်နှုန်းထက် သာမာန်လူထက် အဆတထောင်ခန့်ပင် မြင့်မားလောက်၏။ တနည်းအားဖြင့် သာမာန်လူတယောက်က် သုံးနှစ် လုပ်ရမည့်အလုပ်ကို စုချန်းက တရက်တည်းနှင့် လုပ်ဆောင်နိုင်သည့် သဘောပင်။
သူ့စွမ်းရည်ကိုကြည့်ပြီး သူ့ကိုယ်သူပင် စုချန်း အံ့သြမိနေ၏။
ခြောက်ပစ်ကင်းနည်းစနစ်ကို အဆင့်လေးထိ မြှင့်တင်ပြီးနောက်တွင်တော့ စုချန်းသည် မူလစွမ်းအင်ကို ၄၀၀ရာခိုင်နှုန်းထိ သိပ်သည်းစုစည်းလာနိုင်ခဲ့လေပြီ။
ယခုဆိုလျင် စုချန်း၏ ချီသမုုဒ္ဒရာပင်လယ်ပြင်သည် တကယ့်ပင်လယ်ပြင်ကြီးအလားပင် ထင်ရ၏။ တကယ့်ရေပြင်ကြီးသဖွယ်ဖြစ်နေသော ချီပင်လယ်ပြင်ကြီး၏ ရေစက်ရေမှုန်တိုင်းတွင် မူလစွမ်းအင်များ ပြည့်သိပ်နေ၏။
သို့တိုင်အောင် ဤအနေအထားသည် စုချန်းအတွက် မလုံလောက်သေး။ ချီသမုုဒ္ဒရာသည် အလုံးစံ အရည်အဖြစ် ပြောင်းလဲသွားခြင်း မရှိသေး။ သူ့အနေနှင့် ခြောက်ပစ်ကင်းကျင့်ကြံခြင်းနည်းစနစ်အား ပို၍ တိုးတက်အောင်ပြုပြင်ရန် လိုအပ်နေချေသေးသည်တကား။
နောက်နှစ်ရက်ခန့့်အကြာတွင် ခြောက်ပစ်ကင်းကျင့်ကြံခြင်းနည်းစနစ်သည် အဆင့်ငါးသို့ ရောက်လာ၏။
နောက်လေးရက်အကြာတွင် အဆင့်ခြောက်သို့တိုင် ရောက်လာ၏။
ထိုအခါ စုချန်း၏ မူလစွမ်းအင်သိပ်သည်ဆသည် ယခင်ကထက်လျင် ခုနှစ်ဆတိုင်အောင် မြင့်မားလာသည်။ ဤတကြိမ်တွင်တော့ ခြောက်ပစ်ကင်နည်းစနစ်သည် ပြီးပြည့်စုံသွားပြီမှန်း စုချန်း သုံးသပ်မိ၏။
တနည်းအားဖြင့် ခြောက်ပစ်ကင်းနည်းစနစ်ကို ထပ်မံပြုပြင်ပါကလည်း တိုးတက်လာနိုင်စရာ အကြောင်းမရှိတော့။
***