အလှဲဲအလှယ်
Vol. 65 Ch. 649
"ဘာ ကျွန်မကို သတ်ဖြတ်သူနယ်မြေထဲ လွှတ်မလို့ ဟုတ်လား ဘာကြောင့်လဲ"
ညတစ္ဆေ မျက်လုံးပြူးမျက်ဆန်ပြူးနှင့် မေးလိုက်သည်။
ချီမင်းဖန် အားရပါးရ ရယ်မောလိုက်၏။
"စုချန်း အခု သံနဲ့သွေးနိုင်ငံမှာ ရောက်နေပြီ သူ ကောင်းကင်ဘုံလက်သီးတပ်ရင်းနဲ့တွေ့ပြီး သူတို့ကို ကယ်ထုတ်ဖို့ လုပ်နေတယ် ခုဆိုရင် ကောင်းကင်ဘုံလက်သီးတပ်ရင်းအနေနဲ့ သံနဲ့သွေးနိုင်ငံက မထွက်ခွာနိုင်သေးပေမဲ့ အခြေအနေက အကြီးအကျယ် ပြောင်းလဲကုန်ပြီ သတ်ဖြတ်သူတွေအနေနဲ့ အခြေအနေကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူး"
"ဒါက ကျွန်မနဲ့ ဘယ်လိုလုပ် သက်ဆိုင်လာတာတုန်း"
"သတ်ဖြတ်သူနဲ့လူသားတွေကြားက နယ်စပ်မျဥ်းတွေအကုန်လုံး ပိတ်မိနေတုန်းပဲ ဒါကြောင့် ကောင်းကင်ဘုံလက်သီးတပ်ရင်းအနေနဲ့ အသက်ရှင်နေသေးပေမဲ့ အဲဒီက ထွက်ဖို့တော့ ခက်နေတယ် သူတို့အနေနဲ့ ရေရှည်တိုက်ပွဲဆင်နွှဲရမဲ့ အခြေအနေမှာ ရှိတယ် ဒါ ဘာကိုဆိုလိုသလဲ မင်း သိတယ်မလား"
ညတစ္ဆေ ကြောင်တောင်တောင်နှင့် ခေါင်းခါပြလိုက်သည်။
ချီမင်းဖန် စုတ်တချက်သပ်ရင်း စကားဆက်ပြန်၏။
"ငွေပေါ့ကွ ငွေအများကြီးလိုတယ် မူလကျောက်တုံးတွေ စိတ်ဝိညာဥ်ဆေးဝါးတွေ ရှိသမျှ အရင်းအမြစ်အားလုံး လိုတယ်"
"ကောင်းကင်ဘုံလက်သီးတပ်ရင်းက အဲဒါတွေနဲ့ ဘာလုပ်မှာလဲ"
ညတစ္ဆေကား ယခုအချိန်ထိ နားလည်သေးဟန်မပေါ်။
ချီမင်းဖန်က အတတ်နိုင်ဆုံး ရှင်းပြလိုက်ပြန်သည်။
"သတ်ဖြတ်သူနယ်မြေမှာ ဘာအရင်းအမြစ်မှ မရှိဘူး ရိက္ခာ ဆေးဝါး ဘာဆိုဘာမှမရှိဘူး ဒါပေမဲ့ သူတို့နယ်မြေမှာ ပေါကြွယ်ဝတာ တခုတော့ရှိတယ် အဲဒါက ဘာလဲဆိုတော့ မူလသလင်းတွေ ဝိညာဥ်ဆေးပင်တွေပဲ ကျုပ်တို့ကသာ သူတို့ဆီ ရိက္ခာတွေ ဆေးဝါးတွေ တခြားလိုအပ်တာတွေ ပို့ပေးနိုင်ရင် မူလသလင်းအများကြီး ကျုပ်တို့လက်ထဲ ရောက်မလာနိုင်ဘူးလား"
နောက်ဆုံးတော့ ညတစ္ဆေ သဘောပေါက်သွား၏။
"အိုး ဒီပစ္စည်းတွေက ဒီဘက်ခြမ်းမှာဆို အင်မတန် စျေးပေါတာပဲ ကျွန်မတို့ ဒါတွေ ဘာဖြစ်လို့ မတင်ပို့ရမှာလဲ"
"သေရော"
ချီမင်းဖန် စိတ်ပျက်လက်ပျက်နှင့် ညတစ္ဆေအား ဇက်ပိုးအုပ်လိုက်၏။
"ပြီးခဲ့တဲ့နှစ်တွေက ကျုပ်တို့ ဘာတွေများလုပ်နေတယ်လို့ မင်း ထင်သလဲ မင်းပြောတာမျိုး ကျုပ်တို့ လုပ်နေခဲ့ပြီးသားကွ"
ညတစ္ဆေ နဝေတိမ်တောင် ဖြစ်သွားပြန်သည်။
"အရင်င်ကတည်းက လုပ်နေခဲ့ပြီးသားဆိုရင် ဘာလို့ ခုမှလာပြောနေတာတုန်း"
"မင်းနှယ်ကွာ ဒုံးဝေးလိုက်တာ ကျုပ်တို့ အရင်တုန်းကလုပ်တယ်ဆိုတာ ရှင်ပြန်ထမြောက်ခြင်းတံခါးပေါက်နဲ့ တွဲပြီးလုပ်တာကွ ဒါပေမဲ့ အကျိုးအမြတ်က နည်းလွန်းတယ် ရှင်ပြန်ထမြောက်ခြင်းတံခါးပေါက်ဟာ လွတ်လွတ်လပ်လပ် လုပ်နိုင်စွမ်းမရှိဘူး ဒါကြောင့် သူတို့ဘက်က အမြတ်အများကြီး ယူထားတယ် ဒါပေမဲ့ ခုတော့ အခြေအနေက မတူတော့ဘူး ပြောင်းလဲသွားပြီ ဘာကြောင့်လဲဆိုတော့ ရှင်ပြန်ထမြောက်ခြင်းတံခါးပေါက်ဟာ သတ်ဖြတ်သူတွေကို ကြောက်ရပေမဲ့ ကောင်းကင်ဘုံလက်သီးတပ်ရင်းကတော့ မကြောက်ရလို့ပဲ"
သို့တိုင်အောင် အတန်ကြာအောင် စဥ်းစားနေပြီးမှ ညတစ္ဆေ သဘောပေါက်သွား၏။
"ဒီတော့ ခေါင်းဆောင်ဆိုလိုတာက ကျွန်မတို့ဟာ ကောင်းကင်ဘုံလက်သီးတပ်ရင်းနဲ့တွဲပြီး အလုပ်လုပ်သင့်တယ်ပေါ့"
"တော်သေးတာပေါ့ကွာ နောက်ဆုံးတော့ မင်း နားလည်သွားပြီ"
ချီမင်းဖန် သက်ပြင်းတချက်ကို ရှည်လျားစွာ ချလိုက်သည်။
"ကောင်းကင်ဘုံလက်သီးတပ်ရင်းဟာ သတ်ဖြတ်သူတွေကို မကြောက်ဘူး ဒါကြောင့် ကျုပ်တို့အနေနဲ့ တဖက်ကို စဥ်းစားနေစရာ မလိုတော့ဘူး ပြီးတော့ ကောင်းကင်ဘုံလက်သီးတပ်ရင်းအနေနဲ့ ရိက္ခာလိုနေတယ် ကျုပ်တို့ကတော့ ဝိညာဥ်ဆေးပင်တွေ မူလသလင်းတွေ လိုတယ် ပြီးတော့ ကောင်းကင်ဘုံလက်သီးတပ်ရင်းအနေနဲ့ ရန်သူ့နယ်မြေထဲမှာ ရောက်နေတဲ့အတွက် ရိက္ခာရှာရာမှာ အခက်အခဲ ဖြစ်နေတယ် ဒါပေမဲ့ သတ်ဖြတ်သူနယ်မြေထဲမှာ ဝိညာဥ်ဆေးပင်တွေကတော့ ဘုံးပေါလအောကို ပေါက်နေကြတာ ဒီတော့ ကျုပ်တို့အနေနဲ့ သူတို့နဲ့ စီးပွားရေးလုပ်လို့ မရနိုင်ပေဘူးလား"
ညတစ္ဆေ ငြီးတွားလိုက်၏။
"ဒါပေမဲ့ လမ်းကြောင်းက ပိတ်နေမင့်ဟာ ကျွန်မတို့ ဘယ်လိုလုပ် စီးပွားရေးလုပ်တော့မလဲ"
ညတစ္ဆေကို ကြည့်ရသည်မှာ ညဏ်ရည်ထက်မြက်လာသည့်ဟန်ပင်။
ချီမင်းဖန် တဟဲဟဲ ရယ်မောလိုက်သည်။
"ဒါကြောင့်မို့ မင်းကို ခေါ်လိုက်တာပေါ့ မင်းတွေးကြည့်စမ်း စုချန်း ဘယ်လိုလုပ်ပြီး ရိက္ခာအများကြီးကို တယောက်က်တည်း သယ်သွားသလဲဆိုတာ"
"ညတစ္ဆေ တွေခနဲ ဖြစ်သွားပြန်သည်။
"ဒီလောက် ရိက္ခာအများကြီးကို တယောက်တည်းသယ်ဖို့တော့ မဖြစ်နိုင်ဘူးမလား"
"ဘာလို့ မဖြစ်နိုင်ရမှာလဲ"
ချီမင်းဖန်က ချက်ချင်းပင် ပြန်ပြောလိုက်သည်။
"တခြားလူတွေအတွက်သာ မဖြစ်ရင် မဖြစ်မယ် စုချန်းအတွက် မဖြစ်နိုင်တဲ့ကိစ္စဆိုတာ များများစားစား မရှိဘူး"
လွန်ခဲ့သောလကတချို့က စျေးကွက်အတွင်းရှိ မူလလက်စွပ်များ၏ စျေးနှုန်းသည် တဟုန်ထိုး မြင့်မားလာခဲ့၏။ အကြောင်းမှာ လူတယောက်က်က စျေးကွက်အတွင်းရှိ မူလလက်စွပ်များအား သိမ်းကျုံးဝယ်ယူသွားခဲ့သောကြောင့်ပင်။ တဖက်တွင်လည်း စုချန်း မည်မျှချမ်းသာသည်ကို ကောင်းစွာ နားလည်ထားသော ရှီမင်းဖန်သည် ထိုလက်စွပ်များ ဝယ်ယူသွားသူမှာ စုချန်းပင်ဖြစ်နေမှန်း ချက်ချင်းပင် သဘောပေါက်လိုက်၏။ တဆက်တည်းမှာပင် များပြားလှသော ရိက္ခာများအား စုချန်း မည်သို့သယ်ယူသွားသည်ကို သူ သဘောပေါက်လာခြင်းပင်။
ထိုအခါ ညတစ္ဆေက မေးလိုက်ပြန်၏။
"ဒီလောက်များတဲ့ မူလလက်စွပ်တွေကို ကျွန်မက ဘယ်မှာသွားဝယ်ရမှာလဲ"
"ဝယ်လို့ရနိုင်တာပေါ့ကွ လောင်စန်းနိုင်ငံမှာ မူလလက်စွပ် ပြတ်လတ်သွားတာနဲ့ပဲ တခြားနိုင်ငံမှာ မရှိနိုင်တော့ဘူးလား နောက်ထပ်နည်းလမ်းတွေရော ကျုပ်တို့ စဥ်းစားလို့မရတော့ဘူးလား ကံဆိုးစွာနဲ့ပဲ မူလလက်စွပ်တွေရဲ့ စျေးနှုန်းကတော့ ဆက်ပြီး မြင့်မားလာအုံးမှာပေါ့ကွာ"
"ဒါပေမဲ့ သတ်ဖြတ်သူနယ်မြေထဲကို ကျွန်မက ဘယ်လိုဝင်ရမှာလဲ စုချန်းသာဆိုရင် ပုံပြောင်းပြီး ခိုးဝင်လို့ရတယ် ကျွန်မကတော့ အဲလို မလုပ်နိုင်ဘူးလေ"
"ဒီအတွက် မင်း စိတ်ပူစရာမလိုပါဘူး ရှင်ပြန်ထမြောက်ခြင်းအဖွဲ့က ပုဂ္ဂိုလ်တွေက ကျုပ်တို့ကို ကူညီပေးလိမ့်မယ်"
"ဟင် ကျွန်မတို့က သူတို့ကိုကျော်ပြီး စုချန်းတို့နဲ့ တိုက်ရိုက်စီးပွားရေးလုပ်ဖို့ ကြံစည်နေတာမလား ဒါကို သူတို့က ကျွန်မတို့နဲ့ ပူးပေါင်းအုံးမှာတဲ့လား"
ညတစ္ဆေ အတော်ပင် အံ့သြသွား၏။
"ရှင်ပြန်ထမြောက်ခြင်းတံခါးပေါက် တဖွဲ့လုံးတော့ မဟုတ်ပါဘူးကွာ တချို့တလေလောက်မှာပဲ အဲဒီသဘောမျိုး ရှိတာပါ"
အာ့စ်တင်သည် ဒန်ဘာထံတွင် ရှင်သန်ခြင်းကျောင်းတော်နှင့် ဆက်ဆံရေးပျက်မည်ဆိုက ပျက်ပါစေဟု ပြောထား၏။ တဖက်တွင်လည်း ရှင်သန်ခြင်းကျောင်းတော်နှင့် အလုပ်လုပ်ရမည်ကို လက်မလွှတ်နိုင်။ ထို့ကြောင့် သူက ချီမင်းဖန်နှင့် လျှို့ဝှက်စွာ ပြောဆိုထားခြင်းပင်။
၎င်းမှာ အတော်ပင် ကောင်းမွန်သည့် ဆင်ခြေဖြစ်သည်။ ဤကမ္ဘာကြီးဝယ် နှစ်ဦးနှစ်ဖက် အကျိူးရှိစေသည့် အခြေအနေမျိုးကို ဖန်တီးနိုင်မှသာ လူတော်ဟု သတ်မှတ်နိုင်မည် မဟုတ်ပါလား။
ထို့ကြောင့် ချီမင်းဖန်၏ စိတ်ထဲတွင် ထိုအကြောင်းပြချက်မျိုးကို ဆန်းသည်ဟု မထင်လှ။
တဖက်တွင်လည်း သူတို့သည် ကောင်းကင်ဘုံလက်သီးတပ်ရင်းနှင့် တွေ့ဆုံလိုလျင် ဂုဏ်သရေရှိသူတဦးကို စေလွှတ်ရန် လိုနေ၏။ သို့သော် သူတို့တဖွဲ့လုံးကား မြေအောက်အဖွဲ့အစည်း ဖြစ်သည်။ အဘယ်မှာ ကောင်းကင်ဘုံလက်သီးတပ်ရင်းနှင့် စကားပြော၍ ရအံ့နည်း။ ကောင်းကင်ဘုံလက်သီးတပ်ရင်းနှင့် ဆက်ဆံရေးအဆင်ပြေမှ သူတို့ စုချန်းကို တွေ့ခွင့်ရမည် ဖြစ်သည်။
ဆိုးနေသည်က စုချန်း၏ ရာထူးကို သူတို့ အတိအကျ မသိ။ စုချန်း၏ အရည်အချင်းအရ တပ်မှုး၏ လက်ထောက်ခေါင်းဆောင် ဖြစ်နိုင်လောက်သည်ဟုသာ အကြမ်းဖျင်း တွက်ဆထားနိုင်၏။
ရယ်စရာကောင်းသည်မှာ တပ်မှုးကိုယ်တိုင် စုချန်း၏ လက်အောက်တွင် အလုပ်လုပ်နေရကြောင်း သူတို့ မသိခြင်းပင်။ ဝိညာဥ်လက်နက်အား ဖန်တီးနိုင်သူ များများစားစားမရှိလေရာ လက်ရှိတွင် လီကုံးရှန်ကိုယ်တိုင် စုချန်း စေခိုင်းသမျှ လုပ်နေရသည်မှာမှာ အမှန်ပင်။
မည်သို့ဆိုစေ ညတစ္ဆေအား ချီမင်းဖန် ရွေးလိုက်ရသည့် တိကျသေချာသော အကြောင်းပြချက်တခု ရှိနေ၏။ ၎င်းမှာ စုချန်းနှင့် စကားပြောရာတွင် ညတစ္ဆေလောက် မည်သူမှ မထိရောက်ခြင်းကြောင့်ပင်။
စုချန်းနှင့် တွေ့ဆုံရန် ညတစ္ဆေအား ရွေးချယ်လိုက်ခြင်းကို ချီမင်းဖန်သာမက ကျန်လူများကပါ သဘောတူကြ၏။ ထို့ကြောင့် ဤမိန်းကလေး ချီမင်းင်းဖန်၏ ရှေ့မှောက်သို့ ရောက်လာရခြင်းပင်ဖြစ်သည်။
"ဒီတော့ ခေါင်းဆောင်က ကျွန်မကို စုချန်းနဲ့တွေ့ပြီး အလုပ်ကိစ္စ ဆွေးနွေးစေချင်တာပေါ့"
ညတစ္ဆေက မေးလိုက်၏။
"ဟုတ်တယ် ဒါပေမဲ့ မင်းတယောက်တည်းတော့ မသွားရပါဘူး ဟေးစုနဲ့ကျုပ်လဲ လိုက်မယ်"
ညတစ္ဆေ အံ့သြသွား၏။
"ဟေးစုက ပုံစံပြောင်းနိုင်တယ် ဒီတော့ သူလိုက်တာ ဟုတ်ပါပြီ ဒါပေမဲ့ ခေါင်းဆောင်က ဘာဖြစ်လို့ လိုက်မှာတုန်း"
ချီမင်းဖန် ပြုံးလိုက်သည်။
"မင်းကို ကာကွယ်ဖို့ပေါ့ကွာ သတ်ဖြတ်သူနယ်မြေဟာ ရှင်ပြန်ထမြောက်ခြင်းတံခါးပေါက်အဖွဲ့ကကောင်တွေ ကာကွယ်တာနဲ့ပဲ အလွယ်တကူ ဝင်ထွက်သွားလာနိုင်မယ်လို့ မင်း ထင်နေတာလား ပြီးတော့ ဟေးစုရဲ့အကြောင်းကို မင်း ထည့်မပြောရဘူး အားလုံးရဲ့အမြင်မှာ မင်းနဲ့ကျုပ် နှစ်ယောက်တည်းပဲ ဖြစ်ရမယ်"
သူမအား ကာကွယ်ရန် ဟေးစုနှင့် ချီမင်းင်းဖန် အဘယ်ကြောင့် လိုက်လာမည်ကို ညတစ္ဆေ မည်သို့မှ နားမလည်နိုင်ပဲ ဖြစ်နေ၏။
တကယ်တော့ ၎င်းမှာ စုချန်းကြောင့်ပင် ဖြစ်သည်။
ချီမင်းင်းဖန်အနေနှင့် ညတစ္ဆေကို အဆုံးရှုံးမခံနိုင်။ လက်ရှိ သူမနှင့် စုချန်းတို့၏ ဆက်ဆံရေးအရ သူမသာ တခုခုဖြစ်သွားလျင် စုချန်းက သူတို့အား ခွင့်လွှတ်လိမ့်မည်မဟုတ်။
ထိုအတွက်ကြောင့် ချီမင်းင်းဖန်က ဟေးစုကို ညဏ်ကြီးစွာနှင့် ရွေးချယ်ထားခြင်းပင်။ ဟေးစု၏ အဓိကတာဝန်မှာ အလွန်တရာ အရေးကြီးသော အခြေအနေတွင် ညတစ္ဆေ၏ နေရာအား ၎င်းက ဝင်ယူရန် ဖြစ်သည်။
"ကျုပ်အနေနဲ့ ဒီအရန်အစီအစဥ်ကို ဘယ်တော့မှ ထုတ်မသုံးရဖို့တော့ မျှော်လင့်တာပဲကွာ"
ချီမင်းဖန်က အထက်ပါအတိုင်း တီးတိုးရေရွတ်လိုက်လေသည်။
***