← Chapters

ကျောက်တုံးတောအုပ် ၂

Vol. 66 Ch. 658

ကျောက်တုံးတောအုပ် ၂

Vol. 66 Ch. 658

သလင်းကင်းမြီးကောက် သေဆုံးသွားသည်နှင့် ကျောက်တုံးသားရဲများသည် ဒေါသတကြီးနှင့် အော်ဟစ်ကြိမ်းမောင်းကြတော့၏။

"ဒီခွေးမသား လာအိုမီကို သတ်လိုက်ပြီ"

"ရက်စက်လိုက်တဲ့ကောင် လာအိုမီက ဒီလောက် ချစ်စရာကောင်းတာ သူ ဘယ်သူ့ကိုမှ ဒုက္ခပေးဖူးတာ မဟုတ်ဘူး"

"လာအိုမီလေး ငါတို့ရဲ့ သနားစရာကောင်းလိုက်တဲ့ လာအိုမီလေး"

"သူ ငယ်လွန်းအားကြီးသေးတယ် သူ အသက်ပြန်မရှင်နိုင်တော့ဘူး ငါတို့ သူ့ကို ထာဝရဆုံးရှုံးလိုက်ရပြီ"

"လက်စားချေမယ် ဒီကောင့်ကို လက်စားချေမယ်"

ကျယ်လောင်လှသော အော်ဟစ်ဆဲဆိုသံများသည် စုချန်း၏ နားစည်ကို ကွဲအက်သွားစေသည်ဟုပင် ထင်မှတ်ရ၏။

ဒီတော့ သလင်းကင်းမြီးကောက်က ကျောက်တုံးတောအုပ်ရဲ့ အူတိုင် မဟုတ်ဘူးပေါ့...အသစ်မွေးထားတဲ့ ကလေးပေါက်စလေးပေါ့လေ...ဒါကြောင့်မို့ ဒီကောင်လေးက ဝင်မတိုက်ပဲ ပုန်းနေတာကိုး...

ဘာမဟုတ်သော သလင်းကင်းမြီးကောင်ပေါက်စလေးကို သူက အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနှင့် မီးလျံငှက်ကို သုံးကာ သတ်လိုက်မိ၏။ ထိုသို့ နားလည်သွားသောအခါ စုချန်း ဘာပြောရမှန်းမသိပဲ ဖြစ်သွားတော့သည်။

သလင်းကင်းမြီးကောက်၏ ပုံစံသည် ထူးခြား၏။ သို့သော် ထူးခြားသည်ဆိုတိုင်း အားကြီးသည် မဟုတ်။ အားနည်းနေခြင်းသည် ဖြစ်နိုင်ပေသည်။

တချိန်တည်းမှာပင် စုချန်းသည် ကျောက်တုံးသားရဲများအား အကြီးအကျယ် ဒေါသထွက်လာတော့သည်။

ထိုအချိန်တွင် ကျောက်တုံးသားရဲများသည်လည်း ပုံစံအမျိုးမျိုးနှင့် အော်ဟစ်ကြွေးကြော်ကာအချင်းချင်း ရောယှက်သွားတော့၏။ ၎င်းတို့၏ မာကျောသော ကျောက်တုံးကိုယ်ထည်များသည်လည်း ရွှံ့ကဲ့သို့ ပျော့ပြောင်းသွားပြီး အချင်းချင်းပေါင်းစပ်ကာ ပုံစံသစ်တခုအဖြစ် ပြောင်းလဲသွားတော့သည်။

အခြေအနေမကောင်းတော့မှန်း စုချန်း သဘောပေါက်လိုက်၏။ ဤသတ္တဝါ အပြီးတိုင် ပုံစံပြောင်းလဲသွားသည်အထိ သူ အချိန်စောင့်နေ၍ မဖြစ်။

ထိုအခါ စုချန်းသည် မီးလျံငှက်နှင့် အရိပ်မီးတောက်လက်သည်းကို ဆက်တိုက်လိုလို ဖော်ထုတ်တိုက်ခိုက်လိုက်၏။ သူ၏ တိုက်ခိုက်မှုမှာ ယခင်တိုက်ခိုက်မှုများထက် များစွာ ပြင်းထန်နေ၏။ ရန်သူ၏ ပေါင်းစပ်မှုလုပ်ငန်းစဥ် မပြီးဆုံးသေးခင် ကြားဖြတ်နှောင့်ယှက်လိုက်သည့် သဘောပင်။

သို့သော် စုချန်း၏ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုသည် အဟောသိကံသာ ဖြစ်သွားရ၏။ တဝက်တပျက် ပေါင်းစပ်နေသော သတ္တဝါကြီးသည် ရွှံ့ဒိုင်းကြီးသဖွယ် ဖြစ်နေပြီး စုချန်း၏ တိုက်ခိုက်မှုများအား တမုဟုတ်ချင်းပင် စုပ်ယူလိုက်တော့၏။ ၎င်း၏ ပုံစံမှာလည်း ကြီးမားလှသော ကျောက်တုံးကင်းမြီးကောက်ကြီးတကောင်အဖြစ် စတင်ပြောင်းလဲလာ၏။ ၎င်းသည် စုချန်း ကနဦး သတ်လိုက်သည့် ကင်းမြီးကောက်ငယ်နှင့် ခပ်ဆင်ဆင် တူနေ၏။ သို့သော် ၎င်းက အဆမတန် ပို၍ ကြီးမားပေသည်။ တနည်းအားဖြင့် ၎င်းသည် လေပေါ်တွင် ပျံသန်းနေသော ကျောက်သားရဲတိုက်ကြီးနှင့်ပင် တူနေသေး၏။ ၎င်း၏ ရှည်လျားလှသောအမြည်းမှာ ပေတရာကျော်ခန့်ပင် ရှိသည်။ ပေါင်းစပ်မှု ပြီးဆုံးသွားသည်နှင့် ၎င်းက ကြီးမားလှသော အမြီးကြီးဖြင့် စုချန်းအား ရိုက်ချလာတော့သည်။

၎င်းကိုမြင်သည်နှင့် အလွယ်တကူ ရှောင်တိမ်း၍ မရမှန်း စုချန်း သဘောပေါက်လိုက်သည်။ သူ့နောက်ကျောတွင်လည်း တောင်ခွဲဓားအား ကိုင်ဆောင်ထားသည့် ကမ္ဘာဦးသွေးပုံရိပ်ကြီး ဘွားခနဲ ပေါ်ပေါက်လာ၏။ ၎င်း၏ ပတ်ပတ်လည်တွင် အနက်ရောင်မီးတောက်များ ဟုန်းဟုန်းထနေလေသည်။

ဝုန်း!!!

ပေါက်ကွဲသံကြီးနှင့်အတူ စုချန်းတယောက်က် ကြိုးပြန်သွားသော စွန်ပမာ နောက်သို့လွင့်စင်သွား၏။ ကမ္ဘာဦးသွေးပုံရိပ်သည်လည်း ကြမ်းတမ်းစွာ လှုပ်ခါသွားလေသည်။ သို့သော် စုချန်းက ကမ္ဘာဦးသွေးပုံရိပ်၏ ပုံစံအား ပျက်ယွင်းမသွားစေရန် ဆက်လက်ထိမ်းသိမ်းထားနိုင်လိုက်၏။

"ဟာ ဒီကောင်ကြီး မလွယ်ပါလားဟ"

နှုတ်ခမ်းထောင့်မှ စီးကျလာသောသွေးများအား သုတ်ရင်း စုချန်း ရေရွတ်လိုက်၏။ သ်ို့သော် ကြောက်ရွံ့ရမည့်အစား သူ့မျက်လုံးထဲတွင် စိတ်လှုပ်ရှားဟန်များသာ ယှက်သန်းနေလေသည်။

ယခုမှ တကယ့်တိုက်ပွဲ စတင်ခြင်း ဖြစ်သည်။

စုချန်းအနေနှင့်လည်း မိမိ၏ အင်အားအစစ်အမှန်ကို မီးကုန်ယမ်းကုန် ဖော်ထုတ်တိုက်ခိုက်ရလေပြီတည်း။

ကမ္ဘာဦးသွေးပုံရိပ်သည်လည်း ပေ၅၀မှ ပေ၁၀၀တိုင်အောင် ကြီးထွားလာ၏။ တဖက်တွင်လည်း ထိုသို့ ကြီးထွားလာသည်နှင့်အမျှ ၎င်း၏ ခံနိုင်ရည်စွမ်းရည်က လျော့ကျသွားလေသည်။

တကယ့်အင်အားကောင်းသော ရန်သူနှင့် ရင်ဆိုင်ရပြီဖြစ်၍ စုချန်း ဘာက်ိုမှ ဂရုမစိုက်တော့။ သူသည် ရှိသမျှ အင်အားကို အမြင့်ဆုံးသော အနေအထားထိ နှိုးဆွလိုက်၏။ ၎င်း၏ လက်ထဲရှိ တောင်ခွဲဓားသည်လည်း အရောင်များ တဖြတ်ဖြတ်တောက်ကာ ကြီးမားလာတော့သည်။

"လာခဲ့စမ်း"

ပြောပြောဆိုဆို စုချန်းသည် တောင်ခွဲဓားနှင့် ကင်းမြီးကောက်ကြီးအား လှမ်းထိုးလိုက်၏။

အလင်းရောင်များ ဝင်းခနဲ ဖြစ်သွားပြီး အေးစက်သော အလင်းတန်းတခု ကင်းမြီးကောက်ဆီသို့ တိုးဝင်သွားလေသည်။

ကင်းမြီးကောက်ကလည်း တချက်မျှ ဟိန်းဟောက်ပြီး စုချန်းအား ၎င်း၏ ကြီးမားသော လက်မနှစ်ချောင်းနှင့် လှမ်းညှပ်လိုက်၏။

ဓားသွားနှင့် လက်မကြီး ထိတွေ့မိချိန်ဝယ် အုန်းခနဲ အသံနက်ကြီး ထွက်ပေါ်လာပြီး အားလှိုင်းများ အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားတော့သည်။

စုချန်းသည် ကင်းမြီးကောက်ကြီးအား ဓားနှင့် အကြိမ်ပေါင်းများစွာ လှမ်းထိုးလိုက်လေသည်။ ဓားချက်တိုင်းသည် မိုးခြိမ်းသံမြည်နေ၏။ လျပ်စီးများ လက်လက်ထလာစေ၏။ စုချန်း၏ အားလှိုင်းများကား ဒီလှိုင်းများပမာ အဆက်မပြတ် ပေါ်ထွက်နေလေသည်။ စုချန်း၏ တိုက်ခိုက်မှုကြောင် ကင်းမြီးကောက်သည် ထိတ်လန့်လာပုံပေါ်၏။ ၎င်း၏ ဒေါသတကြီး အော်ဟစ်သံများနေရာတွင် ကြောက်လန့်တကြား ငြီးငြူသံများ အစားထ်ိုးဝင်ရောက်လာ၏။ သို့တိုင်အောင် ၎င်း၏ လက်သည်းကြီးသည် ဒီရေလှိုင်းကြီးပမာ အရှိန်အဟုန်ပြင်းပြင်းနှင့် စုချန်းထံသို့ ဝင်ရောက်လာပြန်သည်။

ဓားနှင့်လက်သည်း ထိပ်တိုက်ဆုံမိချိန်ဝယ် နောက်တကြိမ် ကြောက်စရာပေါက်ကွဲမှုကြီး ထွက်ပေါ်လာပြန်၏။

လက်ရှိတွင် စုချန်းမှာ အကြောက်အလန့်မရှိသော စစ်သည်တော်တဦးနှင့် တူနေ၏။ သူသည် အနည်းငယ်မှပင် နောက်ဆုတ်ခြင်းမပြုတော့။ အင်အားကို ပိုမိုတိုးမြှင့်ကာ မီးကုန်ယမ်းကုန်သာ ဆက်လက်တိုက်ခိုက်နေ၏။ ကင်းမြီးကောက်ကြီးသည်လည်း စုချန်းအား ပဝါမကူရေမရှုစတမ်း ကြမ်းကြမ်းတမ်းတမ်းပင် ပြန်လည်တိုက်ခိုက်နေလေသည်။

ဤတိုက်ပွဲတွင် တဖက်နှင့်တဖက် သနားညှာတာမှုဟူ၍ မရှိ။ အဆုံးထိ တိုက်ခိုက်နိုင်သူသည် အောင်နိုင်သူ ဖြစ်ပေလိမ့်မည်။

တကယ်တော့ ခွန်အားချင်းသာ ယှဥ်လျင် ကင်းးမြီးကောက်ကြီး၏ ခွန်အားမှ မနိိမ့်လှ။ စုချန်းထက်ပင် သာကောင်းသာနေနိုင်သေးသည်။ သို့သော် ခံနိုင်ရည်ချင်း ယှဥ်လျင်ကား စုချန်းက များစွာ သာလွန်နေ၏။

စုချန်းသည် ခြောက်ပစ်ကင်းကျင့်ကြံခြင်းနည်းစနစ်ကို ပိုင်ဆိုင်ထား၏။ ထို့ကြောင့် သူ့နှင့်လယ်ဗယ်တန်းချင်းတူသူများတွင် မည်သူထက်မဆို စုချန်း၏ မူလစွမ်းအင်သိပ်သည်းဆက များစွာ မြင့်မားနေလေသည်။ ထို့ပြင် မရဏရေညှိမျှင်ကလည်း စုချန်း၏ ခံနိုင်ရည်ကို တဖက်တလမ်းက အထောက်အကူပြုနေ၏။ ထိုမျှသာမကသေး စုချန်းတွင် ဒဏ်ရာပျောက်ကင်းစေသည့် ဆေးအမျိုးမျိုး ရှိနေသည့်အပြင် မူလစွမ်းအင်ကို ပြန်လည်ဖြည့်တင်းရန် မြောက်များစွာသော မူလကျောက်တုံးများကို ပိုင်ဆိုင်ထားသေး၏။ ထို့ကြောင့် စုချန်းသည် တသမတ်တည်းသော အင်အားနှင့် အချိန်ကြာမြင့်စွာ တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။

ချမ်းသာကြွယ်ဝသူများသည် ရေရှည်တိုက်ပွဲဆင်နွှဲရမည်ကို ကြောက်ရွံ့လေ့မရှိ။ ၎င်းမှာ မူလကမ္ဘာကြီး၏ အခြေခံစည်းမျဥ်းပင် မဟုတ်ပါလား။

စုချန်းကား ထိုချမ်းသာကြွယ်ဝသူများအနက် ထိပ်ဆုံးတွင် ရှိနေသူဟု ဆိုနိုင်၏။

ထို့ကြောင့် စုချန်းအနေနှင့် သူ့ရန်သူနှင့် မည်မျှကြာအောင် တိုက်ခိုက်နေရသည်ည်ဖြစ်စေ ပြသနာမရှိ။ ထိုသို့ တိုက်ခိုက်နေရခြင်းကို သူက ပျော်ပင်ပျော်နေသေးသည်။

သို့သော် တဖက်မှ ကျောက်တုံးကင်းမြီးကောက်တွင်တော့ စုချန်းကဲ့သို့ အခြေအနေမျိုး ရှိမနေချေ။

သိပ်မကြာမီ ရန်သူသည် သူ့ထက် အင်အားနည်းသော်လည်း ရေရှည်တိုက်ခိုက်နိုင်စွမ်းရှိကြောင်း ကျောက်တုံးကင်းမြီး​ကောက် သဘောပေါက်လာ၏။ ဤအတိုင်း ဆက်လက်တိုက်ခိုက်နေပါက သူ အရှုံးကြီးရှုံးရပေတော့မည်။

ထိုသို့သဘောပေါက်လိုက်သည်နှင့် တပြိုင်နက် ကျောက်တုံးကင်းမြီး​ကောက်သည် သူ့ရွေးချယ်မှုကို နောင်တရလာ၏။ သူ နောက်ဆုတ်ထွက်ပြေးလိုလာ၏။

သို့သော် စုချန်းကတော့ ကျောက်တုံးကင်းမြီးကောက်ကြီးအား ထွက်ပြေးရန် ခွင့်မပြုနိုင်။

"မင်း အကောင်ကြီးဖြစ်အောင် ပေါင်းစပ်လိုက်တော့ အသက်ပြန်ရှင်နိုင်စွမ်းကို ဆုံးရှုံးသွားပြီမလား ဟဲ ဟဲ"

စုချန်း၏ စကားကြောင့် ကျောက်တုံးကင်းမြီး​ကောက် ဒေါသတကြီးနှင့် ဟိန်းဟောက်လိုက်၏။

"မင်းရဲ့အပြုအမူကို ငါ သဘောကျတယ်ဟေ့ ရှုံးခါနီးသတ္တဝါတိုင်းက ဒီလိုပဲ လုပ်တတ်တယ်ဆိုတာ မင်း သိထားသင့်တယ်"

စုချန်းက ပြုံးစေ့စေ့နှင့် ပြောလိုက်ပြန်၏။

စကားဆုံးသည်နှင့် စုချန်း၏ ဓားချက်များသည် ပို၍ မြန်ဆန်လာ၏။ ပို၍ သွက်လက်လာ၏။ ပို၍ ပြင်းထန်လာ၏။

နာရီဝက်ခန့်အကြာတွင်တော့ ကျောက်တုံးကင်းမြီးကောက်၏ အင်အားများ အလုံးစုံ ကုန်ခန်းသွားတော့၏။ ၎င်းအနေနှင့် ထပ်မံတိုက်ခိုက်နိုင်စွမ်း မရှိတော့။

ရွှီ!!!

ထိုအချိန်မှာပင် စုချန်း၏ လက်ထဲရှိဓားသည် အလွန်လျင်မြန်လှသော အချိန်အဟုန်ဖြင့် လေထုကို ဖောက်ထွင်းသွားပြီး ကျောက်တုံးကင်းမြီးကောက်ကြီး၏ ကိုယ်အား တစစီ ကြေမွသွားစေ၏။ ဤတကြိမ်တွင်တော့ ၎င်းအနေနှင့် ပြန်လည်ရှင်သန်နိုင်စွမ်း မရှိတော့။

ထို့နောက် ကြွင်းကျန်ရစ်သော ကျောက်သားကင်းမြီးကောက်၏ ကိုယ်ထဲမှ အနက်ရောင်ကျောက်တုံးတတုံး ထွက်ကျလာလေသည်။

"သိပ်ကောင်းတယ် နောက်ဆုံးတော့ ကျောက်သားနှလုံးသား ငါ့လက်ထဲ ရောက်လာပြီပေါ့လေ"

စုချန်းက အနက်ရောင်ကျောက်တုံးအား အလိုအလျောက် နာမည်ပေးရင်း ပြောလိုက်သည်။

ထို့နောက် သူက ကျောက်သားနှလုံးသားအား ကောက်ယူရန် ဟန်ပြင်လိုက်၏။

ထိုအချိန်မှာပင် ပတ်တီးစည်းထားသော လက်တစုံသည် မြေကြီးအတွင်းမှ လှစ်ခနဲ ထွက်ပေါ်လာပြီး ကျောက်သားနှလုံးသားအား ကောက်ယူကာ ပြန်လည်ပျောက်ကွယ်သွားတော့သည်။

***

All Chapters