စက္ကူဖြူ
Vol. 66 Ch. 659
ရုတ်ချည်းပေါ်လာပြီး ရုတ်ချည်းပင် ပြန်လည်ပျောက်ကွယ်သွားသော ထူးဆန်းသည့် လက်ကြီးကြောင့် စုချန်း အတော်လေး အံ့သြသွား၏။
ထို့နောက်တွင်တော့ သူသည် ဒေါသတကြီးနှင့် တောင်ခွဲဓားအား ဝေ့ယမ်းကာ မြေပြင်ကို အားရပါးရ ခုတ်ချလိုက်တော့သည်။
ဝုန်း!!!
တောင်ခွဲဓားသည် မြေပြင်အား အုန်းခနဲ ခုတ်ချမိ၏။ ဓားမှ ထွက်ပေါ်လာသည့့် အားလှိုင်းများသည် မြေပြင်အား ငလျင်လှုပ်သကဲ့သို့ သွက်သွက်ခါသွားစေပြီး နေရာအနှံ့ အက်ကွဲကုန်စေတော့သည်။ မူလက ပြန့်ပြူးနေသော မြေပြင်သည် စုချန်း၏ ဓားချက်ကြောင့် ချက်ချင်းပင် မီးတောင်အပေါက်ဝသဖွယ် တွင်းကြီး ဖြစ်ပေါ်သွားခဲ့လေပြီ။
မင်းဟာမင်း ဘယ်လိုသတ္တဝါမျိုးပဲ ဖြစ်နေဖြစ်နေ ငါ့ပိုင်ပစ္စည်းကို ခိုးတဲ့အတွက် မင်း သေရမယ်..
မြေပြင်ကွဲထွက်သွားသည်နှင့် တပြိုင်နက် အတွင်းထဲမှ အဖြူရောင်အလင်းတန်းတခု ထွက်ပေါ်လာ၏။ ထိုအလင်းတန်းမှာ အထူးပင် မြန်ဆန်လှပေသည်။
"ပြေးဖို့ကြိုးစားတယ် ဟုတ်လား ရမတဲ့လားကွ"
ပြောပြောဆိုဆို စုချန်းသည် တောင်ခွဲဓားအား လေထဲသို့ ပစ်ထုတ်လိုက်၏။
မိုးခြိမ်းသံများ၊ လျပ်စီးများ ထွက်ပေါ်လာပြီး တောင်ခွဲဓားသည် အလင်းတန်းတခုသဖွယ် လေဟုန်ကို ထိုးခွင်းပျံသန်းသွားပြီး ကနဦး ထွက်ပြေးရန် ကြိုးစားနေသော အဖြူရောင်အလင်းတန်းအား သွားရောက်ထိမှန်တော့သည်။
ဓားချက်ကြောင့် မီးပွင့်မီးဖွားများ ထွက်ပေါ်လာပြီး အဖြူရောင်အလင်းတန်း၏ လှုပ်ရှားမှုမှာ တုံ့ဆိုင်းသွား၏။
၎င်းကိုကြည့်ရင်း စုချန်း၏ မျက်နှာတွင် သွေးဆာသော အရိပ်အယောင်များ ထွက်ပေါ်လာလေသည်။
တောင်ခွဲဓားသည် အောက်သို့တဖြည်းဖြည်း နိမ့်ဆင်းလာ၏။ ဓားသွားပတ်ပတ်လည်တွင်ကား ရုန့်ရင်းကြမ်းတမ်းသော စွမ်းအင်လှိုင်းများ ရစ်သိုင်းနေလေသည်။
ထိုအချိန်တွင် အဖြူရောင်အလင်းတန်း၏ လှုပ်ရှားမှုမှာ ရပ်တန့်သွားပြီ ဖြစ်သည်။ ထိုအခါကျမှ ၎င်း၏ ပုံစံကို စုချန်း သဲသဲကွဲကွဲ မြင်တွေ့လိုက်ရ၏။ အဖြူရောင်အလင်းတန်းကား တကိုယ်လုံး ပတ်တီးများနှင့် ဖုံးအုပ်နေသော လူပုံသဏ္ဍာန် အရာတခုပင်။ တနည်းအားဖြင့် ၎င်းသည် မံမီရုပ်နှင့် တူနေ၏။ သို့သော် မံမီများနှင့် ၎င်းအကြား တခုတည်းသော ကွာခြားချက်မှာ ၎င်း၏ တကိုယ်လုံးအား ဖုံးအုပ်ထားသော ပတ်တီးများသည် အဖြူရောင်စက္ကူများ ဖြစ်နေခြင်းပင် ဖြစ်သည်။
စက္ကူဖြူအရုပ်။
၎င်းအား ထိုသို့ပင် သတ်မှတ်ခေါ်ဝေါ်ရမည် ထင်သည်။
တောင်ခွဲဓား ၎င်းအား ထိမှန်ခါနီးမှာပင် စက္ကဖြူအရုပ်သည် ပုံစံပြောင်းလဲသွား၏။ ထို့နောက် ၎င်း၏ ကိုယ်ပေါ်ရှိ စက္ကူဖြူများသည် အကွဲကွဲအပြားပြား ဖြစ်သွားပြီး ဖဲကြိုးများပမာ တောင်ခွဲဓားအား ရစ်ပတ်လိုက်တော့သည်။ ၎င်းတို့၏ ရစ်ပတ်ထားမှုကြောင့် စုချန်း၏ တောင်ခွဲဓားမှာ ရှေ့ဆက်မတိုးနိုင်တော့ပဲ တုံ့ဆိုင်းနေတော့၏။
"စိတ်ဝင်စားစရာပဲ"
စုချန်း အထက်ပါအတိုင်း ရေရွတ်လိုက်သည်။
ထိုအခိုက်မှာပင် စုချန်း၏ အရိပ်မီးတောက်များသည် ပို၍ အင်အားကြီးမားလာ၏။
နတ်ဆိုးသခင်သားရဲ၏ မီးလျံမူလပစ္စည်းကို စုပ်ယူပြီးကတည်းက စုချန်း၏ မီးတောက်မှာ ယခင်ထက် များစွာ ပိုမိုအားကောင်းသွားခဲ့ပြီ ဖြစ်သည်။ ပြင်းထန်စွာ တောက်လောင်နေသော မီးတောက်များကြောင့် စက္ကူဖြူများမှာ ချက်ချင်းပင် ပြာကျကုန်တော့၏။
သို့သော်ငြားလည်း အားကောင်းသော စွမ်းအင်လှိုင်းတခုသည် စုချန်း၏ မီးတောက်များအား ပြန်လည်တွန်းကန်ထုတ်နေ၏။ ထို့နောက် ၎င်းသည် ထူးဆန်းသော နည်းလမ်းတခုဖြင့် စုချန်း၏ ကိုယ်တွင်းသို့ပင် ပြန်လည် စ်ိမ့်ဝင်လာလေသည်။
"တောက်"
စုချန်း ဒေါသတကြီးနှင့် တောက်ခေါက်လိုက်၏။
တချိန်တည်းမှာပင် ကမ္ဘာဦးသွေးပုံရိပ်သည် အရိပ်မီးတောက်ပုံစံအဖြစ် ပြောင်းလဲသွားပြီး မီးတောက်များမှာ ပိုမိုကြီးထွားလာ၏။ အဆိုပါမီးတောက်များသည် ၎င်း၏ ကိုယ်ခန္ဓာပတ်ပတ်လည်နှင့် တောင်ခွဲဓားမျက်နှာပြင်တလျှောက်တွင် ဟုန်းဟုန်းထနေပြီး တကမ္ဘာလုံးအား မီးလောင်တိုက်သွင်းပစ်တော့မည့်ပမာ ထင်မှတ်ရသည်။
ထိုအခိုက်မှာပင် စက္ကူဖြူအရုပ်သည် စူးဝါးစွာ အော်ဟစ်လိုက်၏။ ၎င်း၏ ကိုယ်ဆီမှလည်း အနက်ရောင်အားလှိုင်းတခု ထွက်ပေါ်လာပြီး ဝဲဂယက်တခုပမာ ပြန့်ကားလာတော့၏။ ဤတကြိမ်တွင်လည်း စုချန်း၏ တိုက်ခိုက်မှုသည် ဝဲဂယက်ကြောင့် ရပ်တန့်သွားရပြန်သည်။
သေစမ်း...နောက်ထပ် ခက်ခဲတဲ့ပြိုင်ဘက်နဲ့ တွေ့ပြန်ပြီ...
စုချန်း ကြိတ်၍ ကျိန်ဆဲလိုက်၏။ ထို့နောက် တောင်ခွဲဓားသည် စက္ကဖြူအရုပ်ဆီသို့ မြန်ဆန်လှသော အရှိန်အဟုန်နှင့် တိုးဝင်သွားတော့၏။
စုချန်းကား ချီစွမ်းအားကို မသုံးတော့ပဲ အပြင်အားသက်သက်နှင့် စက္ကူဖြူအရုပ်အား ဓားဦးဖြင့် ထိုးဖောက်ရန် ကြံစည်လိုက်ခြင်းပင်။
၎င်းကလည်း စုချန်း၏ အကြံအစည်အား သဘောပေါက်ဟန်ပင်။ တောင်ခွဲဓား တိုးဝင်လာသည်နှင့် ၎င်းသည် စူးရှစွာ အော်ဟစ်လိုက်တော့၏။ ထိုအခိုက်မှာပင် ၎င်း၏ ကိုယ်ပေါ်မှ စက္ကူဖြူများသည် ဖြာခနဲ ကွဲထွက်သွားတော့၏။ စက္ကူဖြူများ မရှိတော့သည့့်နောက် ၎င်း၏ တကယ့်ပုံသဏ္ဍာန်ကို စုချန်း အတိုင်းသား မြင်တွေ့လိုက်ရသည်။ ၎င်းကား ထွင်းဖောက်မြင်နိုင်သော လေစက်လုံးတခုနှင့် တူနေပေသည်။ လေစက်လုံးသည် လေထဲတွင် တွန့်လိမ်လှုပ်ရှားရင်း လူတယောက်၏ မျက်နှာပုံစံ ဖြစ်လာ၏။ လေစက်လုံး၏ အလယ်တွင်တော့ စုချန်း၏ ကျောက်သားနှလုံးသား ရှိနေလေသည်။ လေထဲတွင် တွန့်လိမ်လှုပ်ရှားနေသော စက္ကူဖဲကြိုးများသည်လည်း အနက်ရောင်အလင်းတန်းများ တောက်ပလာပြီး ပတ်ဝန်းကျင်တခုလုံးကို မရဏနယ်မြေတခုအဖြစ် ပြောင်းလဲပစ်တော့သည်။ ထိုနယ်မြေထဲတွင် ရှိသမျှ အရာအားလုံး သေရပေလိမ့်မည်။
သို့သော် စုချန်းကား ခြွင်းချက်ပင်။
သူသည် အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကို သုံးကာ လေပေါ်သို့ ခုန်တက်လိုက်၏။
ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်ဟူသည် လေပေါ်တွင် ပျံသန်းနိုင်သည့် သီးခြားနည်းလမ်းတခုခု မသုံးပဲ မပျံသန်းနိုင်။ သို့သော် စုချန်းကား မဖြစ်နိုင်သည့်အရာကို စွမ်းဆောင်ပြလိုက်ပြီ ဖြစ်သည်။
သူသည် လေထဲတွင် တည်ငြိမ်စွာနှင့် မတ်တပ်ရပ်နေ၏။ သူ့ကိုယ်ပေါ်မှ မှိန်ဖျော့ဖျော့အလင်းတန်းများ ထွက်ပေါ်နေလေသည်။
မည်သည့်မူလစွမ်းရည်မျိုးကို စုချန်း သုံးထားလေသနည်း။
ဤနေရာတွင် မည်သူမှ ရှိမနေ၍သာ တော်သေးသည်။ တစုံတယောက်က်သာ ဤမြင်ကွင်းကို မြင်တွေ့သွားပါက အကြီးအကျယ် အံ့သြသွားမည်မှာ သေချာနေ၏။
တကယ်တော့ မည်သည့် ထူးထူးဆန်းဆန်းနည်းလမ်းကိုမှ စုချန်း သုံးထားခြင်း မဟုတ်။ ခြောက်ပစ်ကင်းကျင့်ကြံခြင်းနည်းစနစ်ကို ကျင့်ကြံရာမှ မူလစွမ်းအင်များ အလွန်သိပ်သည်းလာခြင်းကြောင့် သူ ထိုသို့ စွမ်းဆောင်နိုင်ခြင်းသာ ဖြစ်သည်။
စုချန်း၏ စွမ်းရည်သည် လုံလောက်ပြီဟုတော့ မဆိုနိုင်သေး။ သို့သော် သူ့ရှေ့ရှိ ရန်သူကို ရင်ဆိုင်ရန်တော့ လုံလောက်သည်ထက်ပင် ပိုနေသေး၏။
လေထဲတွင် ရှုပ်ရှက်ခတ်အောင် လှုပ်ရှားနေသော စက္ကူဖဲကြိုးများအား ကြည့်ပြီး စုချန်း မဲ့လိုက်သည်။ သူ့ကိုယ်ဆီမှလည်း အလင်းလက်တံများ ပြန်လည် တိုးထွက်လာ၏။ ထိုအလင်းလက်တံများအား နီရဲသော မီးလျံများနှင့် ဖုံးအုပ်ထားလေသည်။
အနီနှင့် အနက်ရောင်လက်တံများသည် လေထဲတွင် ထိပ်တိုက်တွေ့ဆုံမိကြတော့၏။
နောက်ထပ် ပြင်းထန်သော တိုက်ပွဲတပွဲ ပေါ်ပေါက်လာခဲ့လေပြီ။
စုချန်းကား အနည်းငယ်မှ ကြောက်ရွံ့ခြင်းမရှိ။
စုချန်း၏ နည်းဗျုဟာမှာ ကျောက်တုံးကင်းမြီးကောက်နှင့် တိုက်ခိုက်စဥ်က အတိုင်းပင် ဖြစ်သည်။ ရန်သူသာ သူ့ထက် အဆပေါင်းများစွာ အင်အားကြီးမနေခဲ့လျင် ရေရှည်တိုက်ခိုက်နိုင်စွမ်းရှိသူက အနိုင်ရလိမ့်မည်ဟု သူ သိထားပြီး ဖြစ်သည်။
သူ့ရှေ့ရှိ စက္ကူဖြူအရုပ်သည်လည်း ထိုနည်းလည်းကောင်းပင်။
ထင်ထားသည့်အတိုင်း သိပ်မကြာမီ စုချန်းတယောက် တိုက်ပွဲကို အပြည့်အဝ ထိန်းချုပ်နိုင်လိုက်တော့၏။
စုချန်း အသံတိုးတိုးနှင့် ရေရွတ်လိုက်သည်။
"ဆူမာရုလေဟာနယ်"
စုချန်း၏ စကားဆုံးသည်နှင့့် အလင်းတန်းများ ဝင်းခနဲဖြစ်သွားပြီး ပတ်ဝန်းကျင်တခုလုံး အေးခဲသွား၏။ ထိုအခါ စက္ကူဖြူအရုပ်၏ အနက်ရောင်လက်တံများမှာ လှုပ်ရှားနိုင်စွမ်းကင်းမဲ့သွားတော့၏။ ထိုအချိန်မှာပင် စုချန်းက တောင်ခွဲဓားကို ချိန်သားကိုက်လှုပ်ရှားလိုက်တော့၏။
စက္ကူဖြူများအတွင်းရှိ လေစက်လုံးလေးမှာ ထိတ်လန့်သွားဟန်ပေါ်သည်။ နောက်သို့ဆုတ်သွား၏။ သူ့ပတ်ပတ်လည်မှ စက္ကဖြူများသည်လည်း ရှေးနည်းအတိုင်း တောင်ခွဲဓားအား တားဆီးလိုက်ကြပြန်သည်။
စက္ကူဖြူများသည်လည်း ရှေးနည်းအတိုင်း မီးတောက်များကြောင့် ပြာကျသွားပြန်သည်။ စက္ကူဖြူတချို့ ပြာကျသွားခြင်းကြောင့် စက္ကူဖြူအရုပ်၏ အင်အားကို လျော့နည်းသွားစေ၏။ အင်အားနည်းလာသည်နှင့်အမျှ ၎င်း၏ တိုက်စွမ်းအားမှာလည်း လျော့ကျလာလေသည်။ ၎င်းသည် ကနဦးကဲ့သို့ စုချန်းနှင့် လက်ရည်တူ တိုက်ခိုက်နိုင်စွမ်း မရှိတော့။
မီးတောက်သည် ပို၍ ကြီးမားလာ၏။ မီးတောက်များကြောင့် စက္ကူဖြူအရုပ်၏ ကိုယ်သုံးပုံတပုံနှင့် ခြေလက်များ လောင်ကျွမ်းကုန်ပြီ ဖြစ်သည်။ ၎င်း၏ အင်အားမှာလည်း ပို၍ ပို၍သာ လျော့နည်းလာ၏။
"သေပေတော့"
စုချန်း အော်ဟစ်ကျုံးဝါးလိုက်သည်။ ၎င်း၏ အသံမှာ အထူးပင် ရက်စက်ကြမ်းကြုတ်နေ၏။
ထိုအခိုက်မှာပင် စက္ကူဖြူအရုပ်သည် ထိတ်လန့့်ကြောက်ရွံ့သောအသံနှင့် စုချန်းအား အော်ဟစ်တောင်းပန်လိုက်လေသည်။
"မလုပ်ပါနဲ့တော့ ကျုပ် အရှုံးပေးပါပြီ"
"ဟေ မင်းက စကားပြောတတ်တာလား"
စုချန်း တွေခနဲ ဖြစ်သွား၏။ တောင်ခွဲဓားသည်လည်း စက္ကူဖြူအရုပ်၏ ဦးခေါင်းအနီးတွင် ရပ်တန့်သွားလေသည်။
ထိုအချိန်တွင် စက္ကူရုပ်၏ ဖဲကြိုးများအားလုံး မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီ လေစက်လုံးသာလျင် ထီးထီးတည်းကျန်တော့၏။ ၎င်းက ပါးစပ်ကိုဟရင်း အောက်ပါအတိုင်း ပြောလိုက်သည်။
"ကျုပ် အညံ့ခံပါပြီ ကျုပ်အသက်ကို ချမ်းသာပေးပါ ကျုပ် မင်းအပေါ် သစ္စာရှိပါမယ်"
စကားဆုံးသည်နှင့် ၎င်းက ကျောက်သားနှလုံးသားအား စုချန်းဆီသို့ ထွေးထုတ်လိုက်တော့၏။
ထိုအခါ စုချန်းက ပြောလိုက်သည်။
"အညံ့ခံမယ် ဟုတ်လား စိတ်ဝင်စားစရာပဲ မင်းလိုကောင်စားမျိုး ငါ ပထမဆုံး မြင်ဖူးတာပဲ မင်း ဘာကောင်လဲ ငါ့ကို တိတိကျကျ ပြောစမ်းပါ"
စက္ကူရုပ်က ပြန်ပြောလိုက်သည်။
"ကျုပ် ဘာကောင်လဲ ဟုတ်လား တော်တော်ရှုပ်ထွေးတဲ့ မေးခွန်းပဲ ဒါပေမဲ့ ကံဆိုးစွာနဲ့ ဒီမေးခွန်းကို ကျုပ် မဖြေနိုင်ပါဘူး သခင် ကျူပ် သိတာက ကျုပ်ဟာ မွေးကတည်းက ဒီအတိုင်း ဆိုတာပါပဲ ဒီကမ္ဘာလောကကြီးပေါ်မှာ အမျိုးမျိုးသော သက်ရှိတွေ ရှိနေကြတယ် ကျုပ်လဲ သူတို့ထဲက တယောက်က်ဖြစ်မှာပေါ့"
ထိုအခါ စုချန်းက မည်သည့့်ခံစားချက်မှ မရှိသော လေသံနှင့် ပြောလိုက်၏။
"ကျုပ် မင်းကို လက်ခံမယ်လို့ ဘယ်တုန်းကမှ ကတိမပေးမိသေးဘူး ကျုပ် နားမလည်တဲ့ သက်ရှိတမျိုးရဲ့ သစ္စာကို ကျုပ် မယုံဘူး မင်း နောင်တချိန်မှာ ကျုပ်ကို သစ္စာဖောက်ကောင်းဖောက်သွားနိုင်တာပဲ ဒါကြောင့် ကျုပ် မင်းကို အခုချက်ချင်း သတ်ပစ်လိုက်တာပဲ ကောင်းမယ်"
***