အဆက်အသွယ်
Vol. 67 Ch. 664
မိုးပြာနွံတောအုပ်၏ သစ်ပင်ကြီးတစ်ပင်ပေါ်ဝယ် သစ်လုံးအိမ်ငယ်လေးတလုံး ရှိနေ၏။
သစ်လုံးအိမ်ထဲတွင်တော့ စုချန်းသည် ဆေးအသစ်တမျိုးကို ကြိိုးစားဖော်စပ်လျက်ရှိသည်။ ထိုဆေးကိုတော့ စုချန်းက အနက်ရောင်လေသခင်နှင့် ရင်ဆိုင်ရာတွင် အသုံးပြုရန် တွေးတောထား၏။
သူ့အနေနှင့် အနက်ရောင်လေသခင်ကို မကြောက်။ သို့သော် မကြောက်ဆိုတိုင်း အတိုင်းသား ထိုင်နေ၍တော့မရ။ ကြိုတင်ပြင်ဆင်ထားရမည် မဟုတ်ပါလား။
ရန်သူအား အထင်သေးခြင်းသည် မိမ်ိအား အန္တရာယ်တွင်းသို့ ပို့လိုက်စေနိုင်၏။ မည်မျှပင် အတွေ့အကြုံရင့်ကျက်စေကာမူ ထိုက်သင့်သော စိုးရိမ်ပူပန်မှုကတော့ လိုအပ်ပေသည်။
ထိုအခိုက်မှာပင် သူ့အိပ်ကပ်အတွင်းရှိ မူလကိရိယာငွေပြားသည် ပူလောင်လာ၏။
ဆက်သွယ်ရေးမူလကိရိယာငွေပြား။
ချီမင်းဖန် သူ့ကို ပေးထားသည့် ငွေပြားပေတကား။
ဟာ...ဒါဆို သူတို့များ ရောက်လာတာလား...
ပြီးတော့..ဒီနေရာမှာ...သူတို့ တကယ်ပဲ သားရဲနယ်မြေထဲ ဝင်လာတာလား...
စုချန်း အတော်လေး အံ့သြသွား၏။
ထို့နောက် သူက မူလစွမ်းအင်ငွေပြားအား စားပွဲခုံပေါ်တင်ပြီး နှိုးဆွလိုက်လေသည်။ ငွေပြားတွင် အလင်းရောင်တချက် ဝင်းလက်သွားပြီး ညတစ္ဆေ၏ အံ့သြသင့်နေသော မျက်နှာ၊ သူမ နောက်တွင်တော့ ချီမင်းင်းဖန်နှင့် ကျန်လူများ၏ ပုံရိပ် အသီးသီး ထင်ဟပ်လာ၏။
"ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် နောက်ဆုံးတော့ ကျွန်မတို့ သူ့ကို ရှာတွေ့ခဲ့ပြီ"
စုချန်းနောက်သို့ တချိန်လုံး ခြေရာခံလိုက်နေရ၍ သူတို့အားလုံး အတော်လေး ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်သည်။ သားရဲနယ်မြေသည် အလွန်ပင် ကျယ်ဝန်းလှသည် မဟုတ်ပါလား။ ယခုလည်း ကံကောင်း၍သာ စုချန်းရှိရာနေရာသို့ သူတို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခြင်းပင်။
"ညတစ္ဆေ ချီမင်းဖန် ခင်ဗျားတို့ ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ"
စုချန်းက မေးလိုက်၏။
"ဟွန့် ရှင်ကများ ကျွန်မတို့ကို ပြန်မေးနေရသေးတယ် ကျွန်မတို့ ရှင့်တို့ကို လိုက်ရှာနေတာ ခြေတိုနေပြီ လက်စသတ်တော့ ရှင်တို့က သားရဲနယ်မြေထဲ ရောက်နေတာကိုး"
ညတစ္ဆေက စိတ်လှုပ်ရှားဟန်ဖြင့် ပြန်အော်လိုက်လေသည်။
"ရှင်တို့ ဟုတ်လား"
ညတစ္ဆေ၏ စကားကြောင့် စုချန်း စိတ်ရှုပ်ထွေးသွား၏။ ပြီးမှ သူက သူမ၏ ဆိုလိုရင်းကို နားလည်လိုက်လေသည်။
"အော် မင်းက ကောင်းကင်ဘုံလက်သီးတပ်ရင်းပါ ကျုပ်နဲ့ အတူရှိတယ် ထင်နေတာကိုး"
"မဟုတ်လို့လား"
ညတစ္ဆေ အံ့သြသွား၏။
စုချန်း ပြုံးရုံသာပြုံးလိုက်သည်။ အဖြေတော့ပြန်မပေး။
ချီမင်းဖန်က မေးလာပြန်၏။
"ဒီတော့ မင်းနဲ့ကောင်းကင်ဘုံလက်သီးတပ်ရင်းက တကယ်ပဲ တခြားစီ ဖြစ်နေတာပေါ့"
စုချန်း၏ အသွားနှုန်းမှာ မြန်ဆန်လွန်း၍ တယောက်တည်းသာ ဖြစ်ရမည်ဟု ချီမင်းဖန်အနေနှင့် တွေးတောထားပြီး ဖြစ်သည်။ ထို့ကြောင့် မေးသာမေးလိုက်ရသည်။ အနည်းငယ်မှ အံ့သြခြင်းမရှိ။
သို့သော် စုချန်းက ထိုမေးခွန်းကို မဖြေပဲ ပြန်မေးလိုက်၏။
"ခင်ဗျားတို့ကကော ကျုပ်ကို ဘာကြောင့်လာရှာတာလဲ"
"ရှင်သန်ခြင်းကျောင်းတော်က မင်းနဲ့ စီးပွားရေးလုပ်ချင်တာလေး ရှိလို့"
စုချန်း၏ စိတ်နေသဘောထားကို ချီမင်းဖန် သဘောပေါက်ထားပြီး ဖြစ်သည်။ ထို့ကြောင့် ကွေ့ဝိုက်နေခြင်းမရှိတော့ပဲ လိုရင်းကို တည့်တည့်ပင် ပြောလိုက်၏။
"အရင်းအမြစ်တွေပဲပေါ့ ဟုတ်လား"
စုချန်း မျက်မှောင်ကုတ်ရင်း ရေရွတ်လိုက်၏။ရှင်သန်ခြင်းကျောင်းတော်၏ သဘောထားကို သူလည်း နားလည်ထားပြီး မဟုတ်ပါလား။
ချီမင်းင်းဖန် တဟဲဟဲနှင့် ရယ်မောလိုက်သည်။
"သိပ်ဟုတ်တာပေါ့ကွာ"
စုချန်းက ပြန်ပြောလိုက်သည်။
"ခုဆို ခင်ဗျားတို့ ဒီရောက်နေပြီပဲ ဒီမှာ အရင်းအမြစ်တွေမှအများကြီးပဲ ပြီးတော့ သားရဲတွေလဲ သတ်ဖြတ်သူနယ်မြေကို သွားပြီး တိုက်ခိုက်နေကြတယ် ဒါကြောင့် လောလောဆယ် ဒီနေရာဟာ အန္တရာယ်အကင်းဆုံးနဲ့ ရတနာရှာဖွေဖို့ အကောင်းဆုံးပဲ"
"ဒီနေရာမှာက အရည်အသွေးရှိတယ် ကောင်းကင်ဘုံလက်သီးတပ်ရင်းကတော့ အရေအတွက်များတယ်"
ချီမင်းင်းဖန်က ပြန်ဖြေလိုက်၏။
"ကျုပ်တို့အနေနဲ့ နှစ်မျိုးလုံးကို လိုတယ် ပြီးတော့ ငွေကြေးရှာဖွေစုဆောင်းတဲ့နေရာမှာ အရည်အသွေးထက် အရေအတွက်က ပိုပြီးအရေးကြီးတယ်မလား"
သားရဲနယ်မြေရှိ အရင်းအမြစ်များသည် လွန်စွာရှားပါးလှပြီး လူသားတို့အနေနှင့် တွေ့နိုင်ရန်ပင် မလွယ်လှ။ ထိုအထဲတွင်မှ တချို့အရင်းအမြစ်များသည် တန်ဖိုးကြီးမားလှပြီး စျေးနှုန်းသတ်မှတ်ရန်ပင် ခဲယဥ်းလှသည်။ ထို့ကြောင့် ၎င်းတို့ကို ရောင်းချရန်မှာပင် လွန်စွာ ခက်ခဲလှသည်။ ယေဘုယျသဘောတရားအရ ပစ္စည်းတခုသည် စျေးအလွန်မြင့်နေပါက ဝယ်သူရှိတော့မည် မဟုတ်။ စျေးအလွန်နည်းနေပါကလည်း အလကားပေးလိုက်သည်နှင့် အတူတူသာ။ ပို၍ဆိုးသည်က အဆိုပါ အရင်းအမြစ်များသည် တခါမှ မမြင်ဖူးသည့် အရင်းအမြစ်များဖြစ်၍ ၎င်းတို့၏ စွမ်းရည်ကို အကဲဖြတ်ရန် ခဲယဥ်းနေခြင်းပင်။
ဥပမာအားဖြင့် သတ်ဖြတ်သူနယ်မြေတွင် အရင်းအမြစ် အနည်းငယ်သာ ရှိ၏။ သို့သော် ထိုအရင်းအမြစ်တိုင်းကို တန်ဖိုးသတ်မှတ်၍ ရနေသည်။ တဖက်တွင် ထိုအရင်းအမြစ်များအား သုံးစွဲမည့် သတ်ဖြတ်သူမျိုးစိတ်ဝင်များမှာကား အရေအတွက်အားဖြင့် မနည်းလှ။ ပစ္စည်း၏ တန်ဖိုးနည်းပြီး သုံးစွဲသူများနေသည်ဟူသော သဘောမှာ ထိုပစ္စည်းကို နေရာတိုင်းတွင် လွယ်လင့်တကူ ရောင်းချ၍ရသည်ဟူသော သဘောကို ဆောင်နေ၏။ ၎င်းပစ္စည်းများသည် တန်ဖိုးဖြတ်မရသော ရတနာများနှင့် သဘောတရားချင်း တခြားစီသာပင်။
ရှင်သန်ခြင်းကျောင်းတော်အနေနှင့် တန်ဖိုးဖြတ်မရသော ရတနာများထက် သာမာန်အရင်းအမြစ်များကိုသာ ပို၍လိုလား၏။
ရှင်သန်ခြင်းကျောင်းတော်၏ အမြင်မှာ စုချန်း၏ အမြင်နှင့် တခြားစီပင် ဖြစ်သည်။
စုချန်းအတွက်တော့ ငွေကြေးနှင့် ဝယ်ယူရသော ပစ္စည်းမျိုးသည် အရေးမကြီး။ တန်ဖိုးဖြတ်မရသော အရင်းအမြစ်များသာ သူ့အတွက် အသုံးဝင်၏။
ထို့ကြောင့် နှစ်ဖက်စလုံးတွင် မတူညီသော လိုလားချက်ကိုယ်စီ ရှိနေ၏။ တနည်းအားဖြင့် သူတို့ ပူးပေါင်းဆောင်ရွက်၍ရသည်ည်ဟူသော သဘောပင်။
ချီမင်းင်းဖန်၏ စကားကို ကြားသည်နှင့် စုချန်းက ရယ်မောလိုက်သည်။
"ဒီတော့ ခင်ဗျားတို့က ကောင်းကင်ဘုံလက်သီးတပ်ရင်း သတ်ဖြတ်သူနယ်မြေထဲက လုယက်လာတဲ့ အရင်းအမြစ်တွေကို လိုချင်နေတယ်ပေါ့လေ ပြသနာမရှိပါဘူး ကောင်းကင်ဘုံလက်သီးတပ်ရင်းကိုယ်စား အဆင်ပြေတယ်လို့ ကျုပ်ကပဲ အဖြေပြန်ပေးလိုက်မယ် ဒါပေမဲ့ ခင်ဗျားတို့ဆီက ကျုပ်လိုချင်တာ နည်းနည်းတော့ ရှိသေးတယ်"
"ရိက္ခာလား ရေလား...မင်း လိုချင်တာပြော"
ချီမင်းဖန်က အလွန်ရက်ရောဟန်ဖြင့် ပြောလိုက်၏။
စုချန်း တဟဲဟဲ ရယ်မောလိုက်သည်။
"ပေါပေါလောလောရတဲ့ ရိက္ခာနဲ့ရေကို သုံးပြီး တန်ဖိုးကြီး ဆေးပင်ဆေးမြစ်တွေ ပြန်ဝယ်ဖို့ကြံစည်နေတယ်ပေါ့လေ ခင်ဗျားတို့က... မိုးသခင်ကြီးချီ... ကောင်းကင်ဘုံလက်သီးတပ်ရင်းနဲ့ ကျုပ်တို့ဟာ ခင်ဗျားရဲ့ ကမ်းလှမ်းချက်ကို မငြင်းပဲ လက်ခံမယ်လို့ ခင်ဗျား ထင်နေတယ်ပေါ့လေ ကဲပြောစမ်းပါအုံး နှစ်တထောင်သက်တမ်းရှိတဲ့ ဓားသုံးချောင်းမြက်ပင်ရိုးတံအတွက် ခင်ဗျားက ရိက္ခာဘယ်လောက်ပေးမှာတုန်း သစ်ကြာပန်းသီးအတွက် ရေဘယ်လောက်ပေးမှာတုန်း တအိုးလား နှစ်အိုးလား"
ချီမင်းင်းဖန် ပုခုံးတွန့်လိုက်သည်။
"ရိက္ခာတွေ သယ်လာရတာ လွယ်တယ်များ မင်း ထင်နေသလား နယ်စပ်က်ို ဘယ်သူမှ လွယ်လွယ်မဖြတ်နိုင်ဘူးဆိုတာ မင်းလဲ သိသားပဲ"
"ဒါကို ကျုပ် သိပြီးသားပါ ဒီတော့ မူရင်းးစျေးထက် အဆတထောင်လောက် စျေးနှိမ်ပြီး ဝယ်ဖို့ကြိုးစားနေတဲ့ ခင်ဗျားရဲ့ အကြောင်းပြချက်က ဒါပဲပေါ့လေ"
ချီမင်းဖန်က ပြန်ဖြေလိုက်၏။
"အကျိုးအမြတ်မရှိပဲ ဘယ်သူက ဒီလောက် အန္တရာယ်များတဲ့နေရာကို လာမလဲကွ ဒါပေမဲ့ စျေးနှုန်းကိုတော့ ကျုပ်တို့ နောက်မှ ညှိလို့ရပါတယ် မင်းမှာ ဓားသုံးချောင်းမြက်ပင်ရိုးတံ ဘယ်လောက်ရှိသလဲ ရိုးတံတချောင်းအတွက် ကျုပ် ရိက္ခာထုပ် ဆယ်စတုံထိ ပေးနိုင်တယ်ကွာ ကဲ"
ဓားသုံးချောင်းမြက်ပင်ရိုးတံသည် လောင်စန်းနိုင်ငံတွင် မူလကျောက်တုံး ထောင်ချီတန်၏။ မူလကျောက်တုံး တစ်တုံးလျင် ရိက္ခာ ဆယ်စတုံခန့်တန်ကြေးရှိပေသည်။
ချီမင်းင်းဖန်၏ အမြတ်ထုတ်ပုံမှာကား ကြောက်ခမန်းလိလိပင်။
သို့တိုင်အောင် ကောင်းကင်ဘုံလက်သီးတပ်ရင်းအနေနှင့် ရွေးချယ်စရာ များများစားစားမရှိဟု ချီမင်းဖန် ယုံကြည်ထား၏။ မူလကျောက်တုံး တစ်တုံးစာ တန်ကြေးရှိ ရိက္ခာသည် စစ်သားဆယ့်ငါးယောက်အား တရက်ကျွေးမွေးရန် လုံလောက်၏။ ဓားသုံးချောင်းမြက်ပင်ရိုးတံမှာကား စစ်သားတယောက် တနေကုန်ဝါးစားနေသည့်တိုင် ဗိုက်ဝလိမ့်မည်မဟုတ်။ ထို့ပြင် သတ်ဖြတ်သူနယ်မြေသည် တစပြင်ကြီး ဖြစ်သည်။ ထို့ကြောင့် အစားအသောက် ရှားပါး၏။ ဤအနေအထားတွင် စုချန်းအနေနှင့် တင်းခံနေသည့်တိုင် နောက်ဆုံးတွင် လိုက်လျောလိမ့်မည်ဟု ချီမင်းဖန် ယုံကြည်ထားလေသည်။
ယခု သူက စျေးဖွင့်လိုက်ပြီဖြစ်၍ စုချန်းအနေနှင့် စျေးညှိုနိုင်သွားပြီ ဖြစ်သည်။ သို့သော် စုချန်းဘက်မှ မည်မျှပင် စျေးလျော့ခိုင်းစေကာမူ ချီမင်းဖန်ကတော့ အဆတရာခန့် မြတ်အောင် တင်းခံထားမည်သာ။
"ခင်ဗျားလေသံက တော်တော်လေး ရက်ရောဟန်ပါပဲ"
စုချန်းက ရယ်မောရင်း ပြောလိုက်သည်။
"ဒါပေမဲ့ ကျုပ်ကတော့ ဗိုလ်ချုပ်ရှီနဲ့ တခြားလူတွေ င်ဗျားပြောတဲ့ နှုန်းထားကို လက်မခံလောက်ဘူးလို့ ထင်နေတယ်ဗျ"
"ဒါဆိုလဲ မင်း ဘယ်လောက်လိုချင်တာတုန်း"
စုချန်း ခေါင်းခါပြလိုက်သည်။
"ဒီနေရာမှာ နှုန်းထားက အဓိက မဟုတ်ဘူးဗျ ကျုပ်ကိုယ်တိုင်က ရိက္ခာကိစ္စကို ဦးစားပေးအနေနဲ့ မစဥ်းစားထားလို့ပဲ"
"ဟေ"
ချီမင်းင်းဖန် ပါးစပ်အဟောင်းသား ဖြစ်သွား၏။
ရိက္ခာများနှင့် ရှားပါးဆေးဘက်ဝင်အပင်များ လှဲလှယ်ရန်မှာ ရှင်သန်ခြင်းကျောင်းတော်၏ အဓိက အစီအစဥ် ဖြစ်သည်။ ယခုတော့ စုချန်းက ထိုအစီအစဥ်ကို ဝါကျတကြောင်းတည်းနှင့် ငြင်းပယ်လိုက်လေပြီ။
ချီမင်းဖန် အံ့သြသင့်နေမှုကို ထိန်းချုပ်ရင်း မေးလိုက်ပြန်သည်။
"ကောင်းကင်ဘုံလက်သီးတပ်ရင်းက ရိက္ခာမလိုဘူးလား"
"လိုတော့လိုတယ် ဦးစားပေးဆောင်ရွက်ရလောက်အောင်တော့ မလိုသေးဘူး"
ချီမင်းင်းဖန် ဘာပြောရမှန်းပင် မသ်ိတော့။
"ဒါဆို မင်းတို့ ဘာလိုနေတာလဲ"
စုချန်း မသိမသာ ပြုံးလိုက်သည်။
"ခင်ဗျားနဲ့ အတူတူပါပဲ ဒီနေရာကြီးတခုလုံးမှာ ရှားပါးအပင်တွေ ဆေးမြစ်တွေ အရင်းအမြစ်တွေ မကုန်နိုင်မခမ်းနိုင်အောင် ရှိနေတယ်"
"ဘာကွ"
ချီမင်းင်းဖန် ပါးစပ်ပြဲသွား၏။ ဒုက္ခလှလှရောက်ပြီမှန်း သူ သဘောပေါက်စ ပြုလာပြီ မဟုတ်ပါလား။
စုချန်းက စကားဆက်လိုက်ပြန်၏။
"သားရဲနယ်မြေထဲက အရင်းအမြစ်တွေ ခိုးယူခွင့်ရဖို့ဆိုတာ အင်မတန် ခက်ခဲတယ် ခု ကျုပ်မှာ တယောက်က်တည်းလုပ်နေရတော့ အလုပ်မတွင်ဘူး ဖြစ်နေတယ် ဒါပေမဲ့ ခင်ဗျားတို့ ဒီနေရာကို ရောက်လာပြီ ဒီတော့ ခင်ဗျားတို့ ကျုပ်အလုပ်ကို ဝိုင်းကူပြီး လုပ်ပေးကြ ဒီနေရာမှာ ရှိသမျှ ခင်ဗျားတို့ မမြင်ဖူးတဲ့ အပင်တွေ တခြားအရင်းအမြစ်တွေ ရသလောက်သာ ရှာပေးဗျာ ခင်ဗျားတို့ ဓားသုံးချောင်းမြက်ပင်ရိုးတံ လိုချင်သလား ရတယ် ခင်ဗျားတို့ လိုချင်သလောက်ကို ရစေရမယ် ခင်ဗျားတို့ ရှာပေးတဲ့ ပစ္စည်း တန်ဖိုးကြီးရင်ကြီးသလောက် ကျုပ်ဘက်ကလဲ ခင်ဗျားတို့ လိုချင်တာကို တိုးပြီးပေးသွားမယ်"
စုချန်းသည် သူတို့လူစုအား တဖက်လှည့်နှင့် အလုပ်သမား လုပ်ခိုင်းရန် ကြံစည်နေမှန်း နောက်ဆုံးတော့ ချီမင်းဖန် သဘောပေါက်လိုက်ပေပြီ။
ပြသနာမှာ စုချန်းသည် ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ ပိုင်ဆိုင်မှုများအား သူ ပိုင်သယောင် ပြောဆိုနေခြင်းပင်။ စုချန်းတွင် ထိုအခွင့်အာဏာမျိုး အမှန်တကယ်ပင် ရှိနေသလော။
သို့သော် စုချန်း၏ ယုံကြည်မှုပြည့်ဝနေပုံကိုကြည့်ရင်း ချီမင်းဖန် နားလည်လိုက်သည်မှာ ဤလူငယ်ကား ကောင်းကင်ဘုံလက်သီးတပ်ရင်းကို အလုံးစုံ လွှမ်းမိုးထားပြန်လေပြီဟုပင်တည်း။
"ဒီအရောင်းးအဝယ်ကို ကျုပ်တို့ ဘယ်လို ဘယ်အချိန်မှာ လုပ်ကြမှာတုန်း"
နောက်ဆုံးတွင် ချီမင်းင်းဖန် ဘေးနားရှိ အနက်ရောင်ဝတ်စုံနှင့် ပုဂ္ဂိုလ်က မေးခွန်းထုတ်လာ၏။
"ဘယ်လိုလုပ်မလဲဆိုတော့..."
စုချန်း ဖြေမည့်ဟန်ပြုပြီးမှ ချက်ချင်းပင် စကားဖြတ်လိုက်၏။
ထိုအခါ ချီမင်းင်းဖန်က ကပျာကသီပင် မိတ်ဆက်ပေးလိုက်သည်။
"သူ့နာမည် အာ့စ်တင်လို့ ခေါ်တယ် ရှင်ပြန်ထမြောက်ခြင်းတံခါးပေါက်က ဆိုပါတော့ သတ်ဖြတ်သူနယ်မြေတောင်ဘက်ခြမ်းကို သူ တာဝန်ယူထားတယ် အစတုန်းက ကျုပ်ရဲ့အစီအစဥ်ဟာ သူနဲ့ပေါင်းပြီး ကောင်းကင်ဘုံလက်သီးတပ်ရင်းကို ရိက္ခာတွေ တင်သွင်းဖို့ပေါ့ ခုကြည့်ရတာ ဒီအစီအစဥ် ပျက်သွားပြီနဲ့ တူပါတယ်"
"ကျုပ်တို့ရဲ့ ပူးပေါင်းမှုကတော့ မပျက်သေးပါဘူးလေ"
အာ့စ်တင်က ပြန်ပြောလိုက်၏။
စုချန်းက ၎င်းကို ကြည့်ရင်း ခေတ္တ စဥ်းစားဟန်ပြုကာ ပြောလိုက်ပြန်သည်။
"သားရဲလှိုင်း ပြီးသွားရင် ကျုပ်တို့ အရောင်းအဝယ် စလုပ်ကြတာပေါ့"
စုချန်း၏ အဆိုပြုချက်ကို ချီမင်းင်းဖန်အနေနှင့် ငြင်းစရာမရှိ။ သို့သော် အာ့စ်တင်အနေနှင့်ကား လက်မခံနိုင်ပဲ ဖြစ်နေလေသည်။
သားရဲလှိုင်းအသေးစားတခုသည် တလခန့် ကြာမြင့်တတ်၏။ အလယ်အလတ်သားရဲလှိုင်းဆိုလျင် သုံးလခန့် ကြာသွားတတ်သည်။ စုချန်း၏ လက်ချက်ကြောင့် ဖြစ်ပေါ်လာသော သားရဲလှိုင်းမှာကား အကြီးစား သားရဲလှိုင်း ဖြစ်လေရာ နှစ်ဝက်ခန့် ကြာသွားနိုင်ပေသည်။
ဒန်ဘာ နှစ်ဝက်ထိ မစောင့်နိုင်သည်ကတော့ သေချာနေ၏။
ထိုအခါ သူက ပြောလိုက်၏။
"ကျုပ်ကတော့ အလှဲဲအလှယ်ကို ခပ်မြန်မြန်ပဲ စလိုက်ချင်တယ် ဘာကြောင့်လဲဆိုတော့ ကျုပ်တို့ရှင်ပြန်ထမြောက်ခြင်းတံခါးပေါက်အနေနဲ့ အရင်းအမြစ်တွေ မြန်မြန်ဆန်ဆန် လိုအပ်နေလို့ပဲ ဒီလိုလုပ်ပါ ကျုပ်တို့ဘက်က ယူရမဲ့ အရင်းအမြစ်ကို နောက်မှယူမယ် ပြီးရင် ကျုပ်တို့ ပြန်တဲ့လမ်းတလျှောက်မှာ မင်းအတွက် ရနိုင်သမျှ အရင်းအမြစ်တွေ ကျုပ်တို့ ကူညီရှာဖွေသွားပေးမယ် ဒါဆို ကျုပ်တို့ အလုပ်မြန်မြန်စနိုင်လိမ့်မယ်"
သို့သော် ၎င်း၏ အကြံပြုချက်ကို စုချန်းက ငြင်းပယ်လိုက်၏။
"ကျုပ်အနေနဲ့ ခုချိန်မှာ သားရဲနယ်မြေထဲက ထွက်ခွာပြီး ကောင်းကင်ဘုံလက်သီးတပ်ရင်းဆီက အရင်းအမြစ်တွေ သွားမယူပေးနိုင်သေးဘူး"
အာ့စ်တင်က အလောတကြီးနှင့် ဝင်ပြောလိုက်၏။
"ပြသနာမရှိဘူး ကျုပ်အနေနဲ့ မင်းကို အကြွေးရောင်းပေးထားနိုင်တယ်"
"အကြွေးနဲ့ ဟုတ်လား"
စုချန်း အံ့သြသွား၏။ သူ့စိတ်ထဲတွင်လည်း ချက်ချင်းပင် သံသယဝင်လာတော့သည်။ ရှင်းပြန်ထမြောက်ခြင်းတံခါးပေါက်အနေနှင့် အရင်းအမြစ် မြန်မြန်ဆန်ဆန်လိုအပ်နေသည်ဆိုပါက အဘယ်ကြောင့် သူ့ကို အကြွေးနှင့် အတင်းကာရော ရောင်းနေသနည်း။ ၎င်းမှာ ယုတ္တိမရှိချေ။ တစုံတယောက်က်ကို အကြွေးပေးလိုက်ခြင်းမှာ အလောသုံးဆယ် မလိုအပ်ဟူသော သဘောကို ဆောင်နေသည် မဟုတ်ပါလား။
သို့သော် စုချန်းက သံသယစိတ်ကို မြိုသိပ်ရင်း ခပ်တည်တည်နှင့် ပြန်ပြောလိုက်၏။
"ခင်ဗျားပြောတဲ့ အပေးးအယူက အတော်ကို ရက်ရောပါပေတယ် ဒါပေမဲ့ သားရဲနယ်မြေထဲ နောက်တခါ လာဖို့ဆိုတာ မလွယ်ဘူး ကျုပ်ကတော့ သားရဲလှိုင်းပြီးမှပဲ အလုပ်စလုပ်ဖို့ အကြံပြုချင်တယ်"
အာ့စ်တင်က ပြောလိုက်ပြန်၏။
"ဆရာစုအနေနဲ့ အရောင်းအဝယ်ကို စောစောလေးစဖို့ သဘောတူရင် ကျုပ်ဘက်က စျေးကောင်းပေးမယ်"
ဤတကြိမ်တွင်တော့ ချီမင်းင်းဖန်ကိုယ်တိုင် အံ့သြလာခဲ့ပြီ ဖြစ်သည်။
စုချန်းသည် ချီမင်းင်းဖန်ကို တလှည့်၊ အာ့စ်တင်ကို တလှည့် ကြည့်လိုက်၏။ ထို့နောက် သူက စဥ်းစားဟန်ပြုပြီး ပြောလိုက်သည်။
"ခင်ဗျားဘက်က တစ်ချိုး ငါးချိုးနဲ့ အလှဲဲအလှယ်ယ်လုပ်ဖို့ သဘောတူရင် ဒီကစပြီး သုံးရက်အကြာမှာ ကျုပ်တို့ လုပ်ငန်းစကြတာပေါ့"
"ကျုပ် သဘောတူတယ် ဘယ်နေရာမှာ တွေ့ကြမလဲ"
"အနက်ရောင်တောအုပ်ရဲ့ တောင်ဘက်မှာ ရွှံ့နွံတောတွေ ရှိတယ် အဲဒီမှာ တွေ့ကြမယ်"
စကားဆုံးသည်နှင့် စုချန်းသည် အဆက်အသွယ်ကို ဖြတ်တောက်လိုက်တော့၏။
ထိုအချိန်တွင် ကျောက်တုံးပုတ်သင်အသိုက်၏ သတ်ဖြတ်သူစစ်တပ်သည် နယ်စပ်မျဥ်းအနီးတွင် အခြေပြုလျက် ရှိ၏။
ဒန်ဘာသည် ပင်မတဲကြီးအတွင်းဝယ် ထိုင်လျက်ရှိပြီး စစ်ရေးသတင်းများအား ဖတ်ရှုလျက်ရှိသည်။ ထို့နောက် သူက ပြောလိုက်၏။
"အာ့စ်တင်ကတော့ စုချန်းနဲ့ အဆက်အသွယ်ရသွားပြီ ဒီကောင်စုချန်း ကောင်းကင်ဘုံလက်သီးတပ်ရင်းနဲ့ အတူရှိမနေဘူးဆိုတာကိုလဲ အတည်ပြုပြီးသွားပြီ ပြီးတော့ အာ့စ်တင်နဲ့ စုချန်းကြား အရောင်းအဝယ် လုပ်ဖို့ သဘောတူညီမှု ရသွားပြီ အရောင်းအဝယ်က ဒီကနေ စရေရင် နောက်သုံးရက်အကြာမှာ လုပ်မယ်"
"ဒါဆို ကျုပ်တို့ ဘာကို စောင့်နေတာလဲ သားရဲနယ်မြေကို လိုက်သွားပြီး ဒီကောင့်ကို ရှင်းပစ်ကြမယ်လေ"
ဘာရန်းက ကျယ်လောင်စွာ ပြောလိုက်သည်။
ဒန်ဘာက ဘာရန်းအား အေးစက်စက်ဟန်ပန်ဖြင့် စိုက်ကြည့်ရင်း ပြန်ပြောလိုက်၏။
"မင်း ဒီလောက် တက်ကြွနေရင် ကိုယ့်တပ်ကိုယ်ခေါ်ပြီး သွားသတ်လေ ဘယ့့်နှယ်လဲ"
"ကျုပ် ဟုတ်လား"
"ဟုတ်တယ်လေ မင်းမှာ အင်အားထောင်ချီတဲ့ တပ်ရှိတာပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်လူသားတယောက်ကိုတောင် မင်း မသတ်နိုင်ဘူးလား"
"သတ်နိုင်တာပေါ့ ကျုပ် ဒီကောင့်ခေါင်းကို ဖြတ်ပြီး ခေါင်းဆောင်လေးကို ဆက်သပါမယ်"
"ဒါဆိုလဲ သွားသတ်ချေ"
ဒန်ဘာ၏ စကားဆုံးသည်နှင့် ဘာရန်း ထွက်ခွာသွား၏။ ထိုစဥ် ကူဘရစ်က ဒန်ဘာရှိရာသို့ ချည်းကပ်လာပြီး ပြောလိုက်၏။
"ခေါင်းဆောင်လေး ဘာရန်းဟာ ခေါင်းဆောင်ကြီးရဲ့သားနော် သူ့ကို အန္တရာယ်များတဲ့ တာဝန် မပေးသင့်ဘူးထင်တယ်"
ဒန်ဘာ ပြုံးလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။
"ကျုပ် သူ့ကို အန္တရာယ်များတဲ့ တာဝန် ပေးတာမဟုတ်ဘူး သေမင်းဆီ လွှတ်လိုက်တာ"
***