တိုက်ပွဲ
Vol. 67 Ch. 665
အနက်ရောင်တောအုပ်၏ တောင်ဘက်ခြမ်းရှိ ရွှံ့နွံတောတွင် ဖြစ်သည်။
ချီမင်းဖန်သည် မဲနက်နေသည့် ရွှံ့ပြင်ကြီးအား စိုက်ကြည့်နေ၏။ သူ့ကို ကြည့်ရသည်မှာ တစုံတခုကို အလေးအနက် စဥ်းစားနေဟန်ပင်။
ထိုအခိုက်အတန့်တွင် အာ့စ်တင်သည် ဂနာမငြိမ်ဟန်ဖြင့် လူးလားခေါက်ပြန် လမ်းလျှောက်လျက်ရှိသည်။
"အချိန်တောင် အတော်လင့်နေပြီ သူ ဘာကြောင့် ခုချိန်ထိ ရောက်မလာသေးတာပါလိမ့်"
"မင်းက သိပ်အလျင်လိုလွန်းနေတယ် အာ့စ်တင်"
ချီမင်းဖန်က အေးဆေးသော အမူအရာနှင့် ပြောလိုက်သည်။
"တကယ်တော့ စုချန်းပြောတာ ပိုပြီး နည်းလမ်းကျတယ်ဗျ သားရဲနယ်မြေထဲ ရောက်ဖို့ဆိုတာ တကယ်ကို မလွယ်လှဘူး ဒီလိုအချိန်မှာ ကျုပ်တို့က ဒီနယ်မြေမှာ ရှိသမျှ အရင်းအမြစ်တွေကို အသည်းအသန် စုဆောင်းနေရမှာ ခုတော့ ကျုပ်တို့က ဒီမှာလာပြီး အချိန်ဖြုန်းနေရတယ် ဒါ ဘာအကျိုးမှ မရှိဘူးဗျ"
"မင်းပြောတာ မှန်ပါတယ် ကျုပ် နည်းနည်းအလျင်လိုသလို ဖြစ်သွားတယ် ဒါပေမဲ့ ညှိုကြနှိုင်းကြတာ အဆင်ပြေလို့သာ ဒီအခြေအနေထိ ရောက်လာတာပဲ မဟုတ်ဘူးလား ပြီးတော့ သတ်ဖြတ်သူမျိုးစိတ်တခုလုံးကို အကြီးအကျယ် ဒုက္ခပေးသွားတဲ့ ဒီလူငယ် ဘယ်လိုလူစားမျိုးဆိုတာတော့ ကျုပ် အတော်သိချင်သေးတယ်ဗျ"
ထိုအခါ ချီမင်းဖန်က အာ့စ်တင်အား လှမ်းကြည့်ရင်း မေးလိုက်သည်။
"ဒီမယ် အာ့စ်တင် ကျုပ်ကို ပြောစမ်းပါ မင်းမှာ တခြားအကြံအစည်တွေများ ရှိနေသလား"
"အကြံအစည် ဟုတ်လား"
အာ့စ်တင် တွေခနဲ ဖြစ်သွား၏။ ပြီးမှ သူက ဟားတိုက်ရယ်မောလိုက်သည်။
"ကျုပ် ပိုက်ဆံလိုချင်တယ် ဒီလူငယ်က ကျုပ်အတွက် အနာဂတ်မှာ ငွေတွေအများကြီး ရှာပေးနိုင်တယ် ဒါကြောင့် သူ့အကြောင်းကို ကျုပ် ပိုပြီးသိချင်တယ် ဒါ ဘာများ မှားနေလို့လဲဗျ"
အာ့စ်တင်၏ စကားကြောင့် ချီမင်းဖန် ခေါင်းညိတ်လိုက်၏။
"ဒါလဲ မှန်ပါတယ် ဒီလို ခက်ခဲတဲ့ အခြေအနေကြီးမှာ ကိုယ်နဲ့ အလုပ်တွဲလုပ်မဲ့ လူအကြောင်းကို ပိုပြီးသိချင်တာ ဖြစ်သင့်ပါတယ်လေ"
အာ့စ်တင် တဟဲဟဲ ရယ်မောလိုက်၏။
"ခင်ဗျား ညဏ်ကောင်းပြီးသားပါလေ"
ထိုအခါ ချီမင်းဖန်က နွံအိုင်ဖက်သို့ လှည့်ရင်း ပြောလိုက်ပြန်သည်။
"အနက်ရောင်တောအုပ်ထဲမှာ ညမိစ္ဆာတိမ်ရောင် ဆိုတဲ့ ပန်းတမျိုး ရှိတယ် ဒီပန်းက လူတယောက်ရဲ့ ကိုယ်ခန္ဓာကို သန့်စင်တဲ့နေရာမှာ အင်မတန် အသုံးဝင်တယ် သူ့ကို ဒီအတိုင်း သုံးလို့ရတဲ့အတွက် ပိုပြီးတောင် တန်ဖိုးကြီးနေသေးတယ် ဒါပေမဲ့ သူ့ကို စပါးကြီးမြွေကြီးနှစ်ကောင် စောင့်ကြပ်နေတဲ့အတွက် ခူးဖို့တော့ မလွယ်လှဘူး"
ချီမင်းဖန်က ရုတ်တရက် စကားလမ်းကြောင်းပြောင်းလိုက်ခြင်းကြောင့် အာ့စ်တင် နားမလည်နိုင်ပဲ ဖြစ်နေ၏။
ချီမင်းဖန်က ဆက်လက်ရှင်းပြလိုက်ပြန်သည်။
"ဒီခေါင်းနှစ်လုံး စပါးကြီးမြွေနှစ်ကောင်ကို တချို့က ရွှံနွံမြွေကြီးတွေလို့လဲ ခေါ်ကြတယ် နာမည်နဲ့လိုက်အောင် သူတို့နေကြတာကလဲ နွံအိုင်ထဲမှာ နေကြတာ"
အာ့စ်တင် ကြောင်အန်းအန်း ဖြစ်သွား၏။ ပြီးမှ ချီမင်းဖန် ဘာပြောနေမှန်း သူ နားလည်သွားလေသည်။
"သေရော"
ထိုအချိန်မှာပင် နွံအိုင်မျက်နှာပြင်ဆီသို့ ကြီးမားလှသော ဦးခေါင်းကြီးတခု တိုးထွက်လာ၏။ ၎င်း၏ စူးရှတောက်ပသော မျက်လုံးအစုံသည် သူတို့နှစ်ယောက်၏ ကိုယ်ပေါ်မှ မခွာပဲ ရှိလေသည်။
ချီမင်းဖန်က စကားဆက်လိုက်ပြန်သည်။
"ကျုပ်က အနက်ရောင်တောအုပ်ထဲသွားပြီး ပန်းသွားခူးမယ် မင်းနဲ့မင်းလူတွေက ဒီမြွေကြီးကို နှောင့်နှေးအောင်လုပ်ထား အကုန်လုံးသာ အဆင်ပြေရင် စုချန်းမရောက်သေးခင် ဒီပန်း ကျုပ်တို့လက်ထဲ ရောက်လာလိမ့်မယ် ဒါဆိုရင် စုချန်းနဲ့ အလှဲဲအလှယ်ယ်လုပ်ဖို့ ကျုပ်တို့မှာ ကုန်ပစ္စည်းတခု ပိုလာလိမ့်မယ်"
စကားဆုံးသည်နှင့် ချီမင်းင်းဖန်သည် ညတစ္ဆေနှင့် ဟေးစုကို ခေါ်ပြီး အနက်ရောင်တောအုပ်အတွင်းသို့ ပြေးဝင်သွားတော့သည်။
"ခနစောင့်ပါအုံး မင်းဖန် ကျုပ်တို့ ဒီလိုလုပ်နေစရာ မလိုတော့ဘူးလေကွာ"
အာ့စ်တင် ကပျာကသီနှင့် လှမ်းအော်လိုက်၏။
ချီမင်းဖန်ကလည်း ပြန်အော်လိုက်သည်။
"အလှဲဲအလှယ်ယ်လုပ်ဖို့ အရင်းအမြစ် များများစားစား မလိုချင်ဘူးလား ကျုပ်တို့ ဒီကို လိုက်လာရတဲ့ အဓိက အကြောင်းပြချက်က ဒါပဲလေကွာ"
အာ့စ်တင် ဘာပြောရမှန်းမသ်ိ ဖြစ်သွား၏။
ချီမင်းင်းဖန်က ဆက်ပြောလိုက်ပြန်သည်။
"စုချန်း ကျုပ်တို့ကို ဒီနေရာမှာ ဘာကြောင့် ချိန်းလိုက်တယ် ထင်သလဲ ဒီမြွေနှစ်ကောင်ကို သူ့ကိုယ်စား ရှင်းပစ်စေချင်လို့ပဲ သူတယောက်တည်းကျတော့ ဒီမြွေကြီးနှစ်ကောင်ကို ကိုင်တွယ်ဖို့ မလွယ်လှဘူးလေ"
"မင်း ဆိုလိုတာ"
"မင်း ဒါကို မလုပ်ပေးရင် စုချန်း ပေါ်လာတော့မှ မဟုတ်ဘူးကွ သိပြီလား"
ချီမင်းဖန် ပြုံးရင်းပြောလိုက်သည်။
စကားဆုံးသည်နှင့် ချီမင်းဖန်သည် သူ့လက်အောက်ငယ်သားနှစ်ဦးကို ခေါ်ပြီး တောအုပ်အတွင်းသို့ ပြေးဝင်သွားတော့၏။
ထိုအချိန်တွင် ရွှံ့နွံမြွေကြီး၏ တကိုယ်လုံး နွံအိုင်မျက်နှာပြင်သို့ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ ၎င်း၏ ကိုယ်မှာ ပေပေါင်းရာနှင့်ချီ၍ ရှည်လျား၏။ ၎င်း အသက်ရှုလိုက်တိုင်း လေထဲတွင် ဝဲဂယက်များ ထလာလေသည်။ ၎င်းကို မြင်သည်နှင့် ဤမြွေကြီး ဘယ်လောက်ထိ သန်မာမှန်း မြင်သာနေလေသည်။
အာ့စ်တင်အနေနှင့် တခြားရွေးချယ်စရာ မရှိတော့။ ထိုအခါ သူက အမိန့်ပေးလိုက်သည်။
"ကဲ ဒီကောင်ကြီးကိုပဲ အရင်ရှင်းကြတာပေါ့ ဝင်ကြစမ်းဟေ့"
အာ့စ်တင်၏ အမိန့်သံ ထွက်ပေါ်လာသည်နှင့် ရှင်ပြထမြောက်ခြင်းတံခါးပေါက်အဖွဲ့ဝင်များ မြွေကြီးရှိရာသို့ ပြိုင်တူ ခုန်ဝင်လိုက်ကြလေသည်။
ဖြိုးဖြိုးဖြက်ဖြက်နိုင်သော အလင်းတန်းပေါင်းစုံ မြွေကြီးဆီသို့ တိုးဝင်သွားပြီး နေရာအနှံ့ သွေးများ ရဲခနဲ ဖြစ်သွားလေသည်။ မြွေကြီးကလည်း ၎င်း၏ ကြီးမားလှသော ကိုယ်ခန္ဓာအား လက်နက်အဖြစ် ပြန်သုံးရင်း တုံ့ပြန်၏။ ပထဝီအမျိုးအစားမူလစွမ်းအင် အသုံးပြုနိုင်စွမ်းရှိသော ၎င်း၏ တန်ပြန်တိုက်ခိုက်မှုမှာ ကြောက်စရာ ကောင်းလှသည်။
ကြီးမားလှသော တိုက်ပွဲကား အစပြုခဲ့လေပြီ။
ရွှံ့နွံမြွေကြီးဟူသည် လွယ်ကူလှသည့် ပြိုင်ဘက်တော့ မဟုတ်။ သို့သော် ရှင်ပြန်ထမြောက်ခြင်းတံခါးပေါက်ဘက်မှ ပို၍ အလေးသာနေပုံရလေသည်။ အကြောင်းမှာ အချိန်ကြာလာသည်နှင့်အမျှ အာ့စ်တင်တို့ တဖြည်းဖြည်း အလေးသာလာသောကြောင့်ပင်တည်း။
တိုက်ပွဲအခြေအနေမှာ အေးဆေးသွားပြီဖြစ်၍ အာ့စ်တင် စိတ်သက်သာရသွား၏။ ထ်ိုအခါ သူ့ဦးခေါင်းထဲတွင် မေးခွန်းတချို့ အလိုအလျောက် ပေါ်လာတော့သည်။
ညမိစ္ဆာတိမ်ရောင်ဟူသောပန်း အနက်ရောင်တောအုပ်တွင် ရှိနေမှန်း ချီမင်းင်းဖန် မည်သို့ သိလေသနည်း။ ရွှံံ့နွံမြွေကြီးနှစ်ကောင်အကြောင်းကို ၎င်း မည်သို့ သိလေသနည်း။
သတ်ဖြတ်သူနယ်မြေထဲတွင် နှစ်ပေါင်းများစွာ နေထိုင်လာသော သူသည်ပင် ဤပန်းအကြောင်းကို မသိပဲ ချီမင်းဖန် မည်သို့ သိထားလေသနည်း။
ထိုအတွေးပေါ်လာသည်နှင့် အာ့စ်တင် စိတ်မသက်မသာ ဖြစ်သွား၏။
ဤကမ္ဘာကြီးဝယ် လိမ်ညာလှည့်ဖျားမှုများဟူသည် စိတ်ပိုင်းဆိုင်ရာအရ ကြိုတင်ပြင်ဆင်မထားသူများကိုသာ အဓိက ပစ်မှတ်ထားခြင်း ဖြစ်သည်။ တစုံတဦးသည် ကြိုတင်ပြင်ဆင်ထားသည်ဆိုပါက ၎င်းကို လိမ်ညာလှည့်ဖျားရန် မလွယ်လှတော့။
ချီမင်းဖန် အဘယ်ကြောင့် အလျင်အမြန် ထွက်သွားလေသနည်း။ အနက်ရောင်တောအုပ်အကြောင်းကို ၎င်း အဘယ်ကြောင့် နှံ့နှံ့စပ်စပ် သိနေသနည်း။
အလိမ်အညာတွေ..
တခုခုတော့ မှားယွင်းနေခဲ့ပေပြီ။ အတွေးနှင့်အတူ အာ့စ်တင် ကျောချမ်းလာတော့၏။
ချီမင်းဖန် သူ့အား လိမ်ညာသွားခဲ့လေပြီ။
သို့တိုင်အောင် အာ့စ်တင် အလုံးစုံ စိတ်ပျက်သွားခြင်းတော့ မရှိသေး။ မျှော်လင့်ချက်တစွန်းတစတော့ ထားနေသေး၏။
သူ့ခန့်မှန်းချက် မှားပါစေဟု အာ့စ်တင် မျှော်လင့်နေမိသေးလေသည်။ သို့တည်းမဟုတ် ချီမင်းဖန် အကြောင်းတခုခုကြောင့်သာ ထိုသို့ ဆောင်ရရွက်ခြင်း ဖြစ်ပေလိမ့်မည်။
ထိုအခိုက်မှာပင် အနီးရှိ သစ်ပင်တပင်ကို အာ့စ်တင် မြင်တွေ့လိုက်ရသည်။
ထိုသစ်ပင်မှာ သစ်ခြောက်ပင်ကြီး ဖြစ်သည်။ ၎င်း၏ အကိုင်းအခက်များသည် ခြောက်သွေ့နေ၏။ ၎င်း၏ အမြစ်များသည် မြေကြီးပေါ်တွင် ထိုးထိုးထောင်ထောင် ထွက်နေ၏။ ထိုသစ်ခြောက်ပင်ကြီး၏ အကိုင်းတကိုင်းတွင်တော့ အဝတ်စ တစ ချိတ်ဆွဲထားလေသည်။
သစ်ခြောက်ပင်ကြီး။ ထို့နောက် မီးခိုးရောင်အဝတ်စတစ။
မြင်ကွင်းက ဘာမှမထူးခြားဟု ဆိုနိုင်၏။ သို့သော် ဤနေရာမျိုးကို လူတို့၏ အသုံးအဆောင်ဖြစ်သော အဝတ်စက မည်သို့ ရောက်လာသနည်း။
အာ့စ်တင် အခြေအနေက်ို ချက်ချင်းပင် သဘောပေါက်သွား၏။ ထို့နောက် သူက တုန်ယင်သောအသံနှင့် အော်ဟစ်လိုက်သည်။
"စုချန်း မင်း ဒီကို ရောက်နေပြီမလား ထွက်လာခဲ့"
သို့သော် မည်သည့်တုန့်ပြန်မှုမှ ပြန်မလာ။
အာ့စ်တင် ထပ်အော်လိုက်ပြန်သည်။
"စုချန်း မင်းရောက်နေတာ ငါသိတယ် ထွက်လာခဲ့စမ်း"
ထိုအခိုက်မှာပင် ငြင်သာသော သက်ပြင်းချသံတသံံ ထွက်ပေါ်လာလေသည်။
အာ့စ်တင် မျက်ကလဲဆန်ပြာနှင့် ပတ်ဝန်းကျင်ကို ပြူးပြဲလှည့်ကြည့်လိုက်သည်။
စုချန်းကား တခြားနေရာတွင် မဟုတ်။ အာ့စ်တင်၏ နောက်တည့်တည့်တွင် မတ်တပ်ရပ်နေခြင်းပင်။ သူ့လက်ထဲတွင်လည်း ဝိုင်ခွက်တခွက်က်ို ကိုင်ထား၏။ ခွက်အတွင်းရှိ ဝိုင်များမှာ သွေးကဲ့သို့ ရဲရဲနီနေလေသည်။
အာ့စ်တင် တံတွေးမြိုချရင်း ပြောလိုက်သည်။
"စုချန်း ကျုပ် မင်းနဲ့ အလှဲဲအလှယ်လုပ်ဖို့ ရောက်လာပြီ ကျုပ်ဆီမှာ အရင်းအမြစ်တွေလဲ လုံလောက်အောင် ပါလာတယ်"
စုချန်း ပုခုံးတွန့်လိုက်သည်။
"ခင်ဗျားကို ကြည့်ရတာ ရိုးသားပုံတော့ ပေါက်တယ် ဆိုးတာက ဒီရိုးသားပုံအသွင်အပြင်ရဲ့ နောက်ကွယ်မှာ ရွံစရာကောင်းတဲ့ အလိမ်အညာတွေနဲ့ ပြည့်နှက်နေတာပဲ"
အာ့စ်တင် မျက်နှာပျက်သွား၏။
"ကျုပ်တို့နှစ်ယောက်ကြားမှာ နားလည်မှုလွဲနေပြီနဲ့ တူတယ်"
"တောအုပ်အပြင်မှာ ကျုပ်ကို စောင့်နေတဲ့ သတ်ဖြတ်သူစစ်သားငါးရာက ခင်ဗျားနဲ့ ဘာမှမဆိုင်ဘူးလို့ ခင်ဗျား ပြောနေတာလား"
စုချန်း၏ စကားကြောင့် အာ့စ်တင်၏ နှလုံးသားသည် ပြင်းစွာ တုန်ခါသွားတော့၏။
"မင်း"
အာ့စ်တင် အငိုက်မိသွားလေပြီ။
စုချန်းက စကားဆက်လိုက်ပြန်၏။
"ဒန်ဘာက ကျုပ်ကိုသတ်ဖို့ စစ်သားငါးရာပဲ လွှတ်လိုက်တယ် ဒီကောင် ကျုပ်ကို အထင်သေးနေသလားပဲ"
စုချန်း ခေတ္တစဥ်းစားဟန် ပြုလိုက်ပြန်၏။ ထို့နောက် သူက ခေါင်းတချက်ခါရင်း ပြောလိုက်သည်။
"ဒီကောင် ဘာလုပ်ဖို့ ကြိုးစားနေသလဲ ကျုပ် မသ်ိဘူး ဒါပေမဲ့ မင်းနဲ့ မင်းလူတွေ ဒီနေရာကနေ အသက်ရှင်လျက် ပြန်ရမှာ မဟုတ်တာကတော့ သေချာတယ် ဘာပဲဖြစ်ဖြစ် မင်း ကံကောင်းပါတယ် အနည်းဆုံးတော့ ကျုပ်နဲ့ တယောက်ချင်း တိုက်ခွင့်ရလိုက်သေးတာပေါ့"
စကားဆုံးသည်နှင့် စုချန်းက တောင်ခွဲဓားကို ဆွဲထုတ်လိုက်လေသည်။
***