← Chapters

စီးချင်းထိုးပွဲ ၂

Vol. 67 Ch. 667

စီးချင်းထိုးပွဲ ၂

Vol. 67 Ch. 667

အာ့စ်တင် နာကျင်စွာနှင့် အော်ဟစ်လိုက်၏။

အကြောင်းမှာ သူ့လက်မောင်းများမှ ရင်ဘတ်သို့တိုင် ကြီးမားသော ဒဏ်ရာများ ရရှိသွားခြင်းကြောင့်ပင်။

စီးချင်းထိုးပွဲဝယ် အာ့စ်တင်ကား ပထမဆုံးအနေနှင့် ဒဏ်ရာရသွားခဲ့လေပြီ။

ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်လူငယ်တဦးကား အာကင်င်နာပညာရှင်တဦးဖြစ်သောသူ့ကို အမှန်တကယ် ဒဏ်ရာရရှိစေခဲ့ချေပြီတကား။

အာ့စ်တင် ဒေါသအိုးပေါက်ကွဲသွား၏။

"ခွေးမသား"

ဒေါသတကြီးနှင့် ဆဲဆိုရင်း အာ့စ်တင်က စုချန်းကို စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးအစုံမှာကား အရောင်တဖြတ်ဖြတ် တောက်ပနေ၏။

သူငယ်အိမ်အကြည့်။

ထိုနည်းစနစ်မှာ ရှေးဟောင်းအာကင်နာနည်းစနစ်တရပ်ပင် ဖြစ်ပြီး အာကင်င်နာမျိုးစိတ်ဝင်တိုင်း အသုံးပြုနိုင်သော နည်းစနစ်တရပ်လည်း ဖြစ်သည်။ ဤနည်းစနစ်၏ ထူးခြားချက်မှာကား ရန်သူ၏ အားနည်းချက်များကို ရှာဖွေနိုင်ခြင်းပင်တည်း။

အာ့စ်တင်၏ အကြည့်ကို မြင်သည်နှင့် သူ့တကိုယ်လုံးသို့ ကြီးမားလှသော အန္တရာယ်ကြီးတရပ် ရစ်သိုင်းလွှမ်းခြုံလာသကဲ့သို့ စုချန်း ခံစားလိုက်ရသည်။

အခြေအနေမကောင်းတော့မှန်း စုချန်း သဘောပေါက်လိုက်၏။ ထိုအခါ သူသည် ကောင်းကင်ဘုံထက်ခြမ်းခွဲဓားကို ခံစစ်အနေအထားသို့ ဆွဲယူလိုက်သည်။ ထိုအခါ တဝင်းဝင်းတလက်လက် တောက်ပနေသော အလင်းတန်းများသည် ဓားသွားအတွင်းသို့ ပြန်လည်ဝင်ရောက်သွား၏။ ကမ္ဘာဦးသွေးပုံရိပ်သည်လည်း မူလအနေအထားသို့ ပြန်လည် ကျုံ့ဝင်သွားတော့သည်။

တချိန်တည်းမှာပင် သဘာဝဝဲဂယက်အတွင်းဝယ် အားကောင်းလှသော မီးတောက်မီးလျံများ စတင်စုဝေးလာ၏။ ပတ်ဝန်းကျင်အပူချိန်မှာလည်း ရုတ်ချည်းဆိုသလိုပင် မြင့်မားလာ၏။ တနည်းအားဖြင့် ၎င်းသည် နေမင်း၏အပူချိန်ကြောင့် ကမ္ဘာကြီး မီးတောက်လောင်နေသည်နှင့်ပင် တူနေသေးသည်။ ကြောက်စရာကောင်းလှသော ဖိအားကား စုချန်းထံသို့ ရုတ်ချည်းပင် ရိုက်ခတ်လာခဲ့လေပြီ။

၎င်းမှာ ဆဌမအဆင့်ရှိ အာကင်င်နာနည်းစနစ်ပေတည်း။

၎င်းသည် အာ့စ်တင်အသုံးပြုနိုင်သော နည်းစနစ်များအနက် အဆင့်အမြင့်ဆုံးဟု ဆိုနိုင်ပြီး နည်းပညာအရ တဆင့်ကျော် အသုံးပြုလိုက်သည့်သဘောကို ဆောင်နေ၏။ ပတ်ဝန်းကျင်မှ အားလှိုင်းများ ဟုန်းခနဲ မြင့်တက်လာပြီး ရှေးဟောင်းအာကင်င်နာနည်းစနစ်၏ ကြောက်စရာစွမ်းပကားကို အပြည့်အဝပင် ထုတ်ဖော်ပြသနေလေသည်။ ရှင်ပြထမြောက်ခြင်းတံခါးပေါက်အဖွဲ့သားများအား ဝါးမြိုရန် ဟန်ပြင်နေသည့့် ရွှံ့နွံမြွေကြီးသည်ပင် ကြောက်လန့့်တကြားနှင့် လမ်းကြောင်းပြောင်း ထွက်ပြေးသွားရသည်ည်အထိ အာ့စ်တင်၏ နည်းစနစ်က ကြောက်စရာကောင်းလှ၏။

စုချန်းအနေနှင့် အားကုန်သုံး ခုခံရုံမှအပ တခြားရွေးချယ်စရာ မရှိတော့။

ထိုအခါ စုချန်းသည် မူလကျောက်တုံးအား ဆွဲထုတ်ပြီး အတွင်းမှ စွမ်းအင်များကို စုပ်ယူလိုက်၏။ ထို့နောက် သူက သူ့ကိုယ်တွင်းမှ ရှိရှိသမျှ စွမ်းအားများအား ဖွင့်ထုတ်လိုက်တော့သည်။ တချိန်တည်းမှာပင် မက်ခ်အကာအကွယ်၊ အက်ဒမန်တင်းကိုယ်ခန္ဓာနည်းစနစ် စသော ရှိသမျှ ကာကွယ်ရေးနည်းလမ်းများကို စုချန်း အသုံးပြုထား၏။

ကြီးမားသော အင်အားနှစ်ရပ်သည် အုံးခနဲ ထိပ်တိုက်တွေ့ဆုံမိကြ၏။

စုချန်း နောက်ဘက်က်သို့ လွင့်စင်သွား၏။ မရေမတွက်သော သစ်ပင်များစွာ စုချန်း၏ ဝင်တိုက်မှုကြောင့် ကျိုးကြေကုန်လေသည်။ ပေတရာခန့့်အကွာသို့ ရောက်မှ စုချန်းတယောက်က် မြေကြီးပေါ်သို့ ခြေပစ်လက်ပစ်နှင့် ပြုတ်ကျသွား၏။

စုချန်း၏ ပါးစပ်အတွင်းမှ သွေးများ တလဟော စီးကျလာ၏။

ကြောက်စရာကောင်းလှချည်လား...

စုချန်း တအံ့တသြနှင့် ချီးကျူးမိလေသည်။

မီးလျံစက်ဝန်းဟူသည် ရန်သူအုပ်လိုက်ကြီးနှင့်ရင်ဆိုင်ရာတွင် အသုံးပြုရသော နည်းစနစ် ဖြစ်သည်။ ပစ်မှတ်တခုတည်းအတွက် သုံးလျင် ၎င်း၏ အင်အားမှာ ပို၍ ပြင်းထန်လာတော့၏။ ထို့ကြောင့် တချက်တည်းနှင့် စုချန်း ဒဏ်ရာရသွားခြင်းပင်။

ရှေးဟောင်းအာကင်နာနည်းစနစ်များ၏ အစွမ်းကား တကယ်ပင် ချီးကျူးစရာကောင်းလှ၏။

ထိုအခိုက်ဝယ် ရှေးဟောင်းအာကင်နာနည်းစနစ်များအား ခေတ္တ လစ်လျူထားလိုက်မိခြင်းကိုပင် နောင်တရသလို စုချန်း ခံစားလိုက်ရ၏။

သို့သော် လက်ရှိတွင် သူသည် အာ့စ်တင်နှင့် ရင်ဆိုင်နေရပြီဖြစ်၍ ရှေးဟောင်းအာကင်င်နာနည်းစနစ်များအား လေ့လာရန် အကောင်းဆုံးအချိန်ပင် ဖြစ်သည်။

အကယ်၍ သူသာ သတ်ဖြတ်သူများ၏ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနှင့် ရှေးဟောင်းအာကင်င်နာနည်းစနစ်များကို လူသားများ၏ ကျင့်ကြံခြင်းစနစ်တွင် ပေါင်းစပ်နိုင်မည်ဆိုပါက...

တွေးရင်းနှင့် စုချန်း ဝမ်းသာပီတိ ဖြစ်လာ၏။

သေရေးရှင်ရေးအခိုက်အတန့်မှာပင် သုတေသနအကြောင်းကို စုချန်း စဥ်းစားနိုင်သေး၏။ အာဂ စုချန်းပေတကား။

တဖက်တွင်လည်း အာ့စ်တင်သည် စုချန်းအား မျက်ကလဲဆန်ပြာနှင့် စိုက်ကြည့်လျက်ရှိသည်။ သူ့အကြည့်ဝယ် ကြောက်ရွံ့ထိတ်လန့့်ဟန်များ ပါဝင်နေ၏။

"မင်း ခုခံနိုင်တယ် မင်း ငါ့ရဲ့ မီးလျံစက်ဝန်းကို ခုခံနိုင်တယ်ပေါ့ ဟုတ်လား"

အာ့စ်တင် မည်သို့မှ မယုံနိုင်ပဲ ဖြစ်နေ၏။

"အိုး ဒါပေါ့ဗျ ဘာကြောင့်လဲဆိုတော့ ကျုပ်မှာ ကာကွယ်ရေးပစ္စည်းတွေ အများကြီး ရှိနေတာကိုး"

စုချန်းက သူ့ရင်ဘတ်ကို သူ ပုတ်ရင်း ပြောလိုက်သည်။

"အမှန်အတိုင်းပြောရရင် ကျုပ်က ခုခံကာကွယ်ရေးနည်းစနစ်တွေ သိပ်အများကြီး လေ့ကျင့်ထားတာတော့ မဟုတ်ဘူး ဒါပေမဲ့ ကံကောင်းချင်တော့ ကျုပ်ဆီမှာ ကာကွယ်ရေးကိရိယာတွေအများကြီး ရှိနေတယ် ဒါကြောင့်မို့လို့သာ ကျုပ် အသက်ချမ်းသာသွားတာပဲ ဘာပဲပြောပြော မင်းကြောင့် ကျုပ် သင်ခန်းစာတခုတော့ ရသွားတယ် ကြည့်ရသလောက် ကျုပ်အနေနဲ့ ခုခံကာကွယ်ရေးစွမ်းရည်တွေဖက်ကို အာရုံစိုက်ဖို့ အချိန်ကျလာပြီနဲ့ တူတယ် ကမ္ဘာဦးသွေးပုံရိပ်ဟာ ကျုပ်ရဲ့ တိုက်စွမ်းအားကို မြင့်မားလာစေနိုင်တယ် ဒါပေမဲ့ ခံစစ်အရာမှာတော့ သူက အသုံးမတည့်လှဘူး ဒါကြောင့် ကျုပ်အနေနဲ့ အနာဂတ်မှာ ခံစစ်စွမ်းရည်တက်လာအောင် ကြိုးစားဖို့..."

စုချန်းကား သေရေးရှင်ရေးတိုက်ပွဲ ဖြစ်ပွားနေချိန်မှာပင် သူ၏ အနာဂတ်စီမံကိန်းအား ရွှန်းရွှန်းဝေအောင် ပြောနေလေသည်။

၎င်းကိုကြည့်ရင်း အာ့စ်တင်၏ မျက်နှာ ကြည့်ရဆိုးသည်အထိ ပျက်သွား၏။

"တိတ်စမ်း မင်းပြောတာတွေ နားထောင်ဖို့ ငါ လာတာမဟုတ်ဘူးကွ"

စုချန်း ဟက်ခနဲ ရယ်မောလိုက်သည်။

"ကျုပ်လဲ အဲဒီလိုပါပဲလေ"

စကားဆုံးသည်နှင့် စုချန်းက တောင်ခွဲဓားကို နောက်တကြိမ် ဝေ့ယမ်းလိုက်ပြန်သည်။ ထိုအခါ တောင်ခွဲဓားသည် ကြီးစွာသော အရှိန်အဟုန်ဖြင့် ရွေ့လျားလာပြန်၏။ ဓား၏ မျက်နှာပြင်ပေါ်တွင်လည်း ကောင်းကင်ယံတွင် ကြယ်များတောက်ပနေသကဲ့သို့ အလင်းမှုန်များ တဖြတ်ဖြတ် တောက်ပနေသည်။

ထိုအလင်းမှုန်များ တောက်ပလာသည်နှင့် တောင်ခွဲဓား၏ အဟုန်သည် ပို၍ မြန်ဆန်လာ၏။ ဓားမှထွက်ပေါ်လာသောဖိအားသည် ပတ်ဝန်းကျင်မှ အရာအားလုံးကို ပြားပြားဝပ်သွားစေတော့မည်ဟုပင် ထင်မှတ်ရသည်။

ဖိအားကြောင့် ပတ်ဝန်းကျင်လေထုတခုလုံးပင် ကျုံ့ဝင်သွားတော့၏။

စုချန်း၏ ဓားချက်ကြောင့် ထွက်ပေါ်လာသော ဖိအားသည် အာ့စ်တင်၏ အလင်းစက်လုံးကြောင့် ဖြစ်ပေါ်လာသော ဖိအားထက် မနိိမ့်လှ။ ဓားချက်နှင့် အလင်းစက်လုံးအကြား တခုတည်းသော ကွာခြားချက်မှာ စုချန်း၏ ဓားချက်က မျက်စေ့တမှိတ်အတွင်း ဓားချက် ၁၂ချက်တိတိ ထွက်ပေါ်လာခြင်းပင်။

အာ့စ်တင်အနေနှင့် ထွက်ပြေးနိုင်စရာ အကြောင်းမရှိတော့။

သို့သော် အာ့စ်တင်ဟူသည်ကလည်း သာမန်အာကင်င်နာမဟုတ်။ စုချန်း၏ တိုက်ခိုက်မှု တိုးဝင်လာသည်နှင့် အာ့စ်တင်က ချက်ချင်းပင် လက်တဖက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်ရာ ကြေးမုံပြင်တခု နောက်တကြိမ် ပေါ်ပေါက်လာ၏။

ဤတကြိမ်တွင်တော့ ကြေးမုံပြင်သည် အာ့စ်တင်၏ ရှေ့တွင် ပေါ်လာခြင်းမဟုတ်ပဲ သူ့နောက်ကျောတည့်တည့်တွင် ပေါ်လာလေသည်။ ထိုကြေးမုံမှာ အာ့စ်တင်၏ အရပ်ခန့်သာ မြင့်မားလေသည်။ ကြေးမုံထဲတွင် အာ့စ်တင်၏ အရိပ် ထင်ဟပ်နေ၏။ ထို့နောက် ကြေးမုံအတွင်းရှိ အရိပ်သည်လည်း အသက်ဝင်လာ၏။

ကြေးမုံခန္ဓာနည်းစနစ်ပင် ဖြစ်သည်။

ထို့နောက် အာ့စ်တင်နှစ်ဦးသည် ပြိုင်တူပင် တိုက်ခိုက်လိုက်၏။ ထိုအခါ အာ့စ်တင်နှစ်ဦးကြားရှိ လေထုသည် ထူထပ်သိပ်သည်းသွားပြီး အနက်ရောင်အလင်းတန်းများ ထွက်ပေါ်လာ၏။ အလင်းတန်းများ၏ လွှမ်းမိုးမှုအောက်ဝယ် စုချန်း၏ ဓားချက်များသည် သိသိသာသာပင် နှေးကွေးသွားပြီး အချင်းချင်း တိုက်မိကုန်တော့သည်။

စုချန်း၏ ဓားချက်၁၂ချက်အနက် ၇ချက်မှာ အချင်းချင်းပြန်ခုတ်မိပြီး မြေကြီးပေါ်တွင် ကြီးမားသော အက်ကွဲရာကြီး ထင်ကျန်သွားစေ၏။ သို့သော် ကျန်ဓားချက်၅ချက်မှာ အချင်းချင်း ပေါင်းစပ်သွားပြီး ကြေးမုံက်ို ပျက်စီးစေကာ အာ့စ်တင်အား လွင့်စင်သွားစေလေသည်။

စုချန်း ပြုံးလိုက်သည်။

"ဒီလိုပဲ ဖြစ်နေရမှာပေါ့"

တိုက်ပွဲတွင် နှစ်ဦးနှစ်ဖက်လုံး ဒဏ်ရာကိုယ်စီ ရရှိသွားပြီ ဖြစ်သည်။

သို့သော် စုချန်းတွင် ဆေးကောင်းဝါးကောင်း များစွာ ရှိနေ၏။ ထို့ကြောင့် ဤဒဏ်ရာမျိုးလောက်ကို စုချန်း မမှု။

ဟာ...နေစမ်းပါအုံး...ငါ တွေ့နေရတာ ဘာပါလိမ့်...

ထိုအချိန်တွင် အာ့စ်တင်သည် လက်တဖက်ကို သူ့ဒဏ်ရာပေါ်တွင် တင်ထားလိုက်၏။ ထိုအခါ အစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ဒဏ်ရာမှာ အလိုအလျောက် ပျောက်ကင်းသွားတော့သည်။ စုချန်းကြောင်း ရရှိသွားသည့်ဒဏ်ရာနှစ်ခုကို အာ့စ်တင်က အထက်ပါနည်းအတိုင်းပင် ကုသလိုက်၏။

၎င်းကိုကြည့်ရင်း စုချန်း စိတ်ပျက်လက်ပျက်နှင့် ခေါင်းခါလိုက်သည်။

"ဒီတော့ ဒဏ်ရာပျောက်ကင်းစေတဲ့အာကင်နာနည်းစနစ်ပေါ့လေ ငါတော့ တကယ့့်ကောင်နဲ့ လာတွေ့နေတာပဲ"

ထိုအခါ စုချန်းက ပြောလိုက်၏။

"ကောင်းပြီလေ မင်းဟာ တကယ်ထူးချွန်တယ်ဆိုတာ ကျုပ် လက်ခံပါတယ် ဒါပေမဲ့ မပြီးသေးဘူးဗျ ဒါ အစပဲ ရှိသေးတယ် ကဲ ကျုပ် ဓားချက်ကို ကြည့်ထားစမ်း"

ရွှီခနဲ မြည်သံနှင့်အတူ ဓားစွမ်းအင်လှိုင်းသည် ထပ်မံ လှုပ်ရှားလာပြန်၏။

ဤတကြိမ်တွင်တော့ စုချန်း၏ ဓားချက်သည် အင်အားအပြည့်အဝ ပါဝင်နေ၏။ ကောင်းကင်နှင့် မြေပြင်ကြားရှိ အကြားအလပ်တခုလုံးတွင် စုချန်း၏ ဓားချက်မှ ထွက်ပေါ်လာသော မီးလျံများ၊ အလင်းတန်းများ၊ အေးစက်စက်အငွေ့အသက်များနှင့် ပြည့်လျမ်းနေပြီး အလွန်လှပသော ပန်းချီကားတချပ်ပမာ ရှုမြင်ရလေသည်။

ဤမျှ ပြင်းထန်အားပါပြီး ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုမျိုးနှင့် ရင်ဆိုင်ရသောအခါ သူ၏ ရှေးဟောင်းအာကင်င်နာနည်းစနစ်များသည် ထင်သလောက်မဟုတ်မှန်း အာ့စ်တင် သိလိုက်ရ၏။

"မဟုတ်ဘူး"

အာ့စ်တင် ငယ်သံပါအောင် အော်ဟစ်လိုက်သည်။

မည်သို့ဆိုစေ သူသည် ပဥ္စမမြောက်လက်စွပ် အဆင့်ရှိ အာကင်င်နာပညာရှင် ဖြစ်၏။ ၎င်းသည် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်နှင့် အဆင့်တူပေသည်။ သူ့အနေနှင့် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်လူသားတဦးအား ရှုံးနိမ့်ရမည့်အဖြစ်ကို အဘယ်မှာ လက်ခံနိုင်အံ့နည်း။

***

All Chapters