← Chapters

နေမင်းရေကန်

Vol. 67 Ch. 669

နေမင်းရေကန်

Vol. 67 Ch. 669

သတ်ဖြတ်သူသံချပ်ကာဝတ်စုံအား အပြည့်အစုံ ဝတ်ဆင်ထားသည့်ဘာရန်းသည် ရှေ့နောက်လမ်းသလားကာ ဂနာမငြိမ်ဖြစ်နေ၏။

"သေစမ်း ဒီကောင်တွေ ကြာလိုက်တာ ဘယ်လိုဖြစ်လို့ ဒီလောက်ထိ ကြာနေတာပါလိမ့်"

"စိတ်မရှည်ဘူးဆိုတာ အောင်မြင်မှုအတွက် ကြီးမားတဲ့ အတားအဆီးပဲ"

ဘာရန်း၏ လက်ထောက်ဖြစ်သည့် ကက်စ်ကာက ​သတိပေးလိုက်၏။

"စိတ်ရှည်ရှည်နဲ့သာ စောင့်စမ်းပါလေ အာ့စ်တင် သိပ်မကြာခင် ကျုပ်တို့ကို အသိပေးပါလိမ့်မယ်"

"စောင့်နေရတာမျိုးကို ကျုပ် မုန်းတယ်ကွ"

ဘာရန်းက ဒေါသတကြီးနှင့် အော်ဟစ်လိုက်သည်။

၎င်းကိုကြည့်ရင်း ကက်စ်ကာ သက်ပြင်းချလိုက်၏။ ဘာရန်းကား အစွမ်းကြီးမားသော်ငြား စိတ်မြန်ပြီး ထင်ရာစိုင်းလွန်းသည်။ ထို့ကြောင့်လည်း သူ ခေါင်းဆောင်သစ် မဖြစ်ခဲ့ခြင်းပင်။ ဒန်ဘာသည် ဘာရန်း၏ အားနည်းချက်ကို နင်းကာ ခေါင်းဆောင်သစ်နေရာကို ရယူသွားသည် မဟုတ်ပါလား။

ဤယနေ့တာဝန်သည်လည်း ဘာရန်း၏ အလောသုံးဆယ်နိုင်မှုကြောင့် မကျရှုံးသွားရန်သာ မျှော်လင့်ရပေတော့မည်။

ဘာရန်းကို ဒန်ဘာ လုံးဝ မနှစ်သက်မှန်း ကက်စ်ကာ ကောင်းကောင်းသိထား၏။ ဘာရန်းအား ၎င်းဘေးနားတွင် ခေါ်ထားရခြင်း၏ အဓိကအကြောင်းပြချက်မှာ ခေါင်းဆောင်ကြီး၏ အထောက်အပံ့ကို လိုချင်၍သာ ဖြစ်သည်။

တနည်းအားဖြင့် ၎င်းသည် န်ိုင်ငံရေးအပေးအယူသဘောမျိုးကို ဆောင်နေပေသည်။

ထို့ကြောင့်လည်း ဒန်ဘာအနေနှင့် ဘာရန်းကို မည်သည့်နည်းနှင့်မှ မသတ်နိုင်ဟု ကက်စ်ကာ ယုံကြည်ထား၏။ ဘာရန်းသေ၍ ဒန်ဘာ ဘာအကျိုးအမြတ်မှ ရစရာမရှိ။

သို့သော် ဘာကြောင့်မှန်းမသိ ကက်စ်ကာ၏ စိတ်ထဲတွင် စနိုးစနောင့် ဖြစ်နေသည်ကတော့ အမှန်ပင်။

အခြေအနေသည် အမှန်တကယ်ပင် ရိုးရှင်းနေသလား။

ဒန်ဘာ မည်မျှ ညဏ်ထက်ကြောင်း ကက်စ်ပါ နားလည်ထား၏။ အကယ်၍ ဒန်ဘာထံ၌ အခြားအကြံအစည်တခုခု ရှိနေလျင် မည်သို့လုပ်မည်နည်း။

ထိုအတွေးသည် ကက်စ်ပါအား နေမထိထိုင်မသာ ဖြစ်စေ၏။

ကံဆိုးသည်မှာ သတ်ဖြတ်သူများဟူသည် ရှည်ရှည်ဝေးဝေး တွေးတောလေ့ရှိသူများ မဟုတ်။ ဘယ်အကြောင်းအရာနှင့် ပတ်သက်၍မဆို တနံံတလျား စဥ်းစားမိပါက သူတို့ စိတ်မသက်မသာ ဖြစ်လာတတ်၏။

ထားလိုက်တော့ကွာ..ဘာလို့အရှည်တဝေး စဥ်းစားနေရမှာလဲ...ဒါ သူတို့ကိစ္စပဲဟာ

အထက်ပါအတိုင်း စဥ်းစားပြီး ကက်စ်ပါသည် ရှုပ်ထွေးနေသော အတွေးများကို သူ့အာရုံအတွင်းမှ မောင်းထုတ်လိုက်၏။

ဒါသည်ပင်လျင် သတ်ဖြတ်သူမျိုးစိတ်များ၏ ဓလေ့စရိုက် ဖြစ်သည်။ သူတို့အနေနှင့် ကိစ္စတခုကို ရှည်ရှည်ဝေးဝေး စဥ်းစားလေ့မရှိ။

ထို့နောက် သူတို့အုပ်စုသည် ရှေးနည်းအတိုင်း ဆက်လက်စောင့်ဆိုင်းနေကြပြန်သည်။

တကယ်တော့ သတ်ဖြတ်သူများ၏ မူလစွမ်းအင်အပေါ် အာရုံခံနိုင်စွမ်းမှာ အတော်ပင် နိမ့်ပါးလှ၏။ သာမာန်အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦးပင်လျင် အလွယ်တကူ အာရုံခံမိလောက်မည့် မူလစွမ်းအင်လှိုင်းများ တောအုပ်အတွင်းမှ ထွက်ပေါ်နေသော်လည်း ဘာရန်းနှင့် သူ့လက်အောက်ငယ်သားများကတော့ အနည်းငယ်မျှပင် ရိပ်စားမိခြင်းမရှိ။

ထိုအချိန်မှာပင် ကောင်းကင်ပေါ်သို့ အချက်ပြမြားတစင်း ထိုးတက်လာ၏။

"အဲဒီမှာပဲဟေ့"

ဘာရန်း စိတ်လှုပ်ရှားစွာဖြင့် ထအော်လိုက်သည်။ သူတို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ရသော အချက်ပြမှု ပေါ်ပေါက်လာခဲ့ပြီ မဟုတ်ပါလား။

"အားလုံး ချီတက်"

ထို့နောက် သူက နောက်သို့လှည့်ပြီး ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်လေသည်။

ဘာရန်း၏ အမိန့်သံ ထွက်ပေါ်လာသည်နှင့် သူ၏ သစ္စာရှိ စစ်သားငါးရာသည် ရွှံ့နွံတောရှိရာသို့ တဟုန်ထိုး ချီတက်ကြတော့သည်။

သူတို့၏ အားကောင်းလှသော ရုပ်ပိုင်းဆိုင်ရာကြောင့် ရွှံ့နွံတောနှင့် အတော်ပင် ဝေးကွာလှသည့်တိုင် ချီတက်ချိန်မှာ သိပ်မကြာလှ။ သို့သော် သူတို့ ရောက်သွားသည့့်အချိန်တွင် ပတ်ဝန်းကျင်တခုလုံးမှာ ဟာလာဟင်းလင်း ဖြစ်နေ၏။ အာ့စ်တင်၏ အရိပ်အယောင်က်ိုပင် သူတို့ မတွေ့။

"ဘာတွေဖြစ်ကုန်တာလဲဟ"

ဘာရန်း မျက်လုံးပြူးမျက်ဆန်ပြူးနှင့် မေးလိုက်သည်။

"ချီမင်းဖန်နဲ့အာ့စ်တင်တို့ ဘယ်ရောက်ကုန်တာတုန်း"

သတ်ဖြတ်သူစစ်သားများ တယောက်မျက်နှာကိုတယောက် ကြည့်နေကြ၏။ သူတို့လည်း အံ့သြနေကြသည် မဟုတ်ပါလား။

"ဟိုမှာ ကြည့်ပါအုံး"

ထိုစဥ် သတ်ဖြတ်သူစစ်သားတဦးက ကျယ်လောင်စွာ ထအော်လိုက်၏။

အားလုံး သတ်ဖြတ်သူစစ်သား ညွှန်ပြရာနေရာကို လှမ်းကြည့်လိုက်ကြသည်။ ထိုနေရာတွင် ချီမင်းဖန် မတ်တပ်ရပ်လျက် ရှိလေသည်။

ချီမင်းဖန်ကား ဒေါသထွက်နေသည့်အကြည့်ဖြင့် သူတို့အား စူးဝါးစွာ စိုက်ကြည့်လျက်ရှိ၏။

"ခွေးမသား အာ့စ်တင်"

ချီမင်းင်းဖန် ဒေါသတကြီးနှင့် ရေရွတ်လိုက်သည်။ လက်ရှိအချိန်ထိ စုချန်းနှင့် သူ့သံသယများ မှားယွင်း​ကောင်းမှားယွင်းနိုင်သည်ဟု မျှော်လင့်ထားသော်လည်း သတ်ဖြတ်သူစစ်သားများ ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်ည်နှင့် တပြိုင်နက် အာ့စ်တင် သူ့အပေါ် သစ္စာဖောက်သွားမှန်း ချီမင်းဖန် အတည်ပြုလိုက်နိုင်ခဲ့လေပြီ။

"လူသားတွေ"

ဘာရန်း ဝမ်းမြောက်သွား၏။

"မင်းတို့ကို ကြည့်ရတာ ကြိုတင်ပြင်ဆင်ထားပြီးတဲ့ပုံပဲ"

"မင်း ထင်ထားတာထက် ပိုကောင်းအောင် ပြင်ဆင်ထားပါသေးတယ်ကွာ"

ချီမင်းင်းဖန်က ခပ်တည်တည်ပင် ပြန်ဖြေလ်ိုက်၏။

စကားဆုံးသည်နှင့် ချီမင်းင်းဖန်က လက်တဖက်က်ို မြှောက်လိုက်ရာ ဘာရန်းရှေ့ရှိ ရွှံ့နွံပြင်မှာ အမြှုပ်တစီစီ ထလာတော့သည်။

တချိန်တည်းမှာပင် ရွှံ့နွံအောက်ဝယ် တစုံတခု ရွေ့လျားနေသကဲ့သို့ ဖြစ်ပေါ်လာပြီး ပုပ်ဟောင်ဟောင်အနံ့အသက်များ ပျံ့လွင့်လာတော့၏။

"ဘာကြီးလဲဟ"

ဘာရန်း အံ့သြသင့့်သွားလေသည်။

ထိုအခါ ကက်စ်ပါက နောက်သ်ို့အနည်းငယ်ဆုတ်ရင်း ဘာရန်းအား သတိပေးလိုက်သည်။

"ကျုပ်တို့ နောက်ကိုနည်းနည်းဆုတ်သင့်ပြီ ထင်တယ်"

ရွှံ့နွံပြင်အောက်ရှိအရာမှာ ဘာမှန်း ကက်စ်ပါ မသိ။ သို့သော် လူသားများ ကြိုတင်ပြင်ဆင်ထားသည်ဆိုကတည်းက မကောင်းနိုင်မှန်းတော့ သူ အခြေခံအားဖြင့် နားလည်ထားလေသည်။

သူ့စိတ်ထဲတွင် ဘာရန်းအား နောက်သို့ဆွဲခေါ်လိုစိတ်များ ပေါ်လာသည်။ သို့သော် ဘာရန်းကား ခေါင်းမာလှ၏။ နေရာတွင်ပင် အတိုင်းသား ခြေစုံရပ်လျက်ရှိလေသည်။ စူးစမ်းလိုစိတ်က သူ့အား လွှမ်းမိုးထားခဲ့လေပြီ။

ထို့နောက် ဘာရန်းက အောက်ပါအတိုင်းပင် ပြောလိုက်သေး၏။

"ဘယ်လိုကြောင့်လဲ ငါတော့ ဘာအန္တရာယ်အငွေ့အသက်မှ မရပါလားကွ"

ကျောက်တုံးပုတ်သင်အသိုက်ခေါင်းဆောင်ကြီး၏ သားပီပီ ဘာရန်းသည် ရူးမိုက်သော်လည်း တိုက်ရည်ခိုက်ရည်တော့ အလွန်ကောင်း၏။ ဤသည်မှာ နှစ်ပေါင်းအတော်ကြာအောင် ၎င်း အသက်ရှင်နေရခြင်း၏ အကြောင်းပြချက်တခုဟုလည်း ဆိုနိုင်သည်။

"ကျုပ်လဲ ဘာအန္တရာယ်အငွေ့အသက်မှ မရပါဘူး ဒါပေမဲ့ ဒီကနေ အမြန်ဆုံး ဆုတ်ခွာသင့်ပြီလို့ ကျုပ်စိတ်ထဲမှာ ခံစားနေမိတယ်"

ကက်စ်ပါက စိုးရိမ်ပူပန်စွာနှင့် ပြောလိုက်၏။

"မင်းနှယ် ဟိုကောင်တွေ နည်းနည်းခြောက်တာနဲ့ ကြောက်သွားရသလားကွ"

ဘာရန်းက ရက်စက်ကြမ်းကြုတ်စွာနှင့် ပြောလိုက်၏။

"ငါ ဒီလိုလာတာ စုချန်းကို သတ်ဖို့ ဘာအကြောင်းနဲ့မှ ငါ နောက်မဆုတ်နိုင်ဘူး"

ဘာရန်း၏ လုပ်ရပ်နှင့်အပြောအဆိုကို မြင်သောအခါ ချီမင်းင်းဖန်သည် စုချန်း၏ ကြိုတင်တွက်ချက်နိုင်စွမ်းကို ကြိတ်၍ ချီးကျူးမိတော့သည်။

စုချန်း၏ စကားမှာ မှန်ကန်လှ၏။ နောက်ဆုံးတော့ သတ်ဖြတ်သူများသည် သတ်ဖြတ်သူများသာတည်း။ ၎င်းတို့သည် ထောင်ချောက်ထဲရောက်နေမှန်း သိသိကြီးနှင့်ပင် ခေါင်းမာတတ်ကြချေသည်တကား။

ထိုအချိန်တွင် ရွှံ့နွံပြင်ကြီး၌ အမြှုပ်များ ပိုထလာ၏။ အချိန်မှာ မကြာလှသော်လည်း ကြောက်လန့်၍ ထွက်ပြေးမည်ဆိုပါက ထွက်ပြေးရန်တော့ လုံလောက်သောအချိန် ဖြစ်သည်။

ထိုအခိုက်မှာပင် ဘာရန်းက ချီမင်းင်းဖန်အား လက်ညိုးထိုးရင်း အမိန့်ပေးလိုက်တော့သည်။

"အဲဒီကောင်ကို ဖမ်းကြစမ်း"

ထိုအခါ သတ်ဖြတ်သူစစ်သားများသည် ပြိုင်တူ ဟစ်ကြွေးပြီး ချီမင်းင်းဖန်ဆီသို့ ခုန်ဝင်လိုက်ကြတော့၏။

သတ်ဖြတ်သူစစ်သားများ၏ လုပ်ရပ်ကို မြင်သည်နှင့် ချီမင်းဖန်က တီးတိုးရေရွတ်လိုက်သည်။

"အင်း စုချန်းစီစဥ်ထားတဲ့အတိုင်း အတိအကျ ဖြစ်လာပြီ"

သို့သော် သူ့ဆီသို့ တဟုန်ထိုး တိုးဝင်လာသော ပုဆိန်ပျံများကြောင့် ချီမင်းင်းဖန် အတွေးပြတ်သွား၏။

မည်သို့ဆိုစေ ချီမင်းင်းဖန်၏ အမူအရာကို ကြည့်ရသည်မှာ အနည်းငယ်မှ စိတ်လှုပ်ရှားဟန်မပေါ်။ ထိုအချိန်မှာပင် ရွှံ့နွံပြင်သည် ပြင်းထန်စွာ အမြှုပ်ထလာပြီး ရုတ်ချည်းပင် နံရံကြီးတခုအဖြစ် တိုးထွက်ကာ ပုဆိန်ပျံများအား ကာဆီးထားလိုက်တော့သည်။

ရွှံနွံပြင်၏ ဆူပွက်မှုမှာ ဤမျှနှင့် ရပ်တန့်သွားခြင်းမရှိ။ နွံပြင်သည် ပို၍ပို၍ပင်ဆူပွက်လာပြီး အုန်းခနဲ မြည်သံနှင့်အတူ ပေါက်ကွဲသွားတော့၏။ ရွှံ့နွံများမှာလည်း အရပ်ရှစ်မျက်နှာသို့ လွင့်စင်သွားလေသည်။

ထိုရွှံ့နွံများမှာ ရုတ်တရက်ကြည့်လျင် ဘာမှမဟုတ်ဟု ထင်ရသည်။ သို့သော် ၎င်းကိုကြည့်ရင်း ချီမင်းင်းဖန်၏ မျက်နှာတွင် အထူးပင် စိတ်လှုပ်ရှားဟန် ပေါ်လာ၏။

"ဟာ ဒါ နေမင်းရေကန်ပဲ ဒီလိုနေရာမှာ ဒီလောက်ထူးဆန်းတဲ့ကန်ကို တွေ့ရလိမ့်မယ်လို့ လုံးဝ ထင်မထားမိဘူး ဟား ဟား ဟား စုချန်း ကျေးဇူးတင်လိုက်တာကွာ"

သူ ထိုသို့ပြောဆိုလိုက်စဥ်မှာပင် ရွှံ့နွံများသည် ကြီးမားသော သတ္တဝါကြီးတကောင်အဖြစ် ပြောင်းလဲဖွဲ့စည်းသွားတော့သည်။

ထို့နောက် ထ်ိုသတ္တဝါကြီးသည် ၎င်း၏ ကြီးမားသော လက်သီးနှင့် သတ်ဖြတ်သူစစ်သားများအား လှမ်းထိုးလိုက်၏။

လက်သီးမှ ထွက်ပေါ်လာသည့် ပြင်းထန်လှသော အားလှိုင်းများကြောင့် သတ်ဖြတ်သူစစ်သားများ ဒလိန့်ကောက်ကွေးနှင့် လွင့်စင်ကုန်ကြ၏။ ရှေ့ဆုံးတန်းရှိ စစ်သားဆယ်ဦးမှာ အရိုးများကြိုးကြေလျက် လေထဲမှာပင် အသက်ပျောက်ကုန်ကြလေသည်။

"ဟာ နေမင်းရေကန်"

ကက်စ်ပါ ထိတ်လန့်တကြားနှင့် အော်ဟစ်လိုက်၏။

"အဲဒါ ဘာကြီးလဲ"

ဘာရန်းကား ယခုအချိန်ထိ ဘာတွေဖြစ်နေမှန်း နားလည်သေးပုံမပေါ်။

"ပြေးကြ ဒီနေရာက အမြန်ဆုံး ပြေးကြတော့"

ကက်စ်ပါ ​အော်ဟစ်သတိပေးလိုက်သည်။

ဘာရန်းက ထပ်မံမေးခွန်းထုတ်ရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် ချီမင်းင်းဖန်၏ အနေအထားကို သူ သတိထားမိသွား၏။

သူ ကြည့်နေစဥ်မှာပင် ချီမင်းဖန်၏ ကိုယ်ခန္ဓာသည် ကြီးထွားသည်ထက် ကြီးထွားလာ၏။ ချီမင်းဖန်အား ယခင်က သူ့အား ကန့်သတ်ထားသော ကန့်သတ်ချက်များအား ချိုးဖျက်လိုက်နိုင်ခဲ့ပြီဖြစ်လေရာ သိသိသာသာပင် အင်အားကြီးမားလာတော့သည်။

ထိုအခိုက်အတန့်ဝယ် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦးနှင့် ရင်ဆိုင်နေရသည့်တိုင် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်တဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ ဘာရန်း ခံစားလိုက်ရ၏။

***

All Chapters