← Chapters

ပန်းဝတ်မှုံမဲ့တံခါး

Vol. 67 Ch. 670

ပန်းဝတ်မှုံမဲ့တံခါး

Vol. 67 Ch. 670

တစုံတဦးအား ချောင်းမြောင်းတိုက်ခိုက်ရန် ကြိုတင်ပြင်ဆင်ခြင်းမှာ လွယ်ကူသောအလုပ်မဟုတ်။ စွမ်းရည်များစွာ လိုအပ်၏။

လူအများစုတွင် ခြုံခိုတိုက်ခိုက်လာခြင်းကို ကာကွယ်ရန် ကိုယ်ပိုင်အာရုံခံနည်းလမ်းများ ရှိထားကြသည် မဟုတ်ပါလား။

ထိုအခါ အပြန်အလှန်အားဖြင့် အဆိုပါ အာရုံခံနည်းလမ်းများနှင့် ခြုံခိုနည်းလမ်းများအကြားဝယ် နည်းစနစ်ပြိုင်ပွဲတရပ်ကို ဖြစ်ပေါ်လာစေခဲ့လေသည်။

ထိုပြိုင်ပွဲ၏ ရလဒ်မှာကား ခြုံခိုတိုက်ခိုက်နည်းအများအပြားနှင့် ခြုံခိုတိုက်ခိုက်ခြင်းကို တန်ပြန်ထောက်လှမ်းနိုင်သည့် နည်းလမ်းအများအပြား ပေါ်ထွန်းလာခဲ့ခြင်းပင်။ ဥပမာအနေနှင့် ဟေးစု၏ ပုံဖျက်ခြင်းနည်းလမ်းသည် အတော်ပင် အထင်ကြီးစရာကောင်းသော်လည်း ဆာ့ခ်၏ သိမ်းငှက်မျက်လုံးက ၎င်းကို ထောက်လှမ်းနိုင်ခြင်းကို ကြည့်လျင် မြင်သာပေသည်။

ထို့ကြောင့် မည်သည့်နေရာတွင်မှ အနှိုင်းမဲ့နည်းစနစ်ဟူ၍ မရှိ။ အခြေအနေနှင့် အလိုက်ဖက်ဆုံး နည်းစနစ်သာ ရှိပေသည်။

ချီမင်းဖန်အနေနှင့် ဘာရန်းတို့တစုအား ခြုံခိုတိုက်ခိုက်ရန် စုချန်း မည်သည့်နည်းလမ်းကို သုံးထားကြောင်း ဂဃနဏ မသိ။ သို့သော် စုချန်း ပြောထားသည့် စကားများကိုတော့ သူ ရှင်းရှင်းလင်းလင်း ကြားယောင်နေဆဲပင်တည်း။

"တကယ်တော့ ဒီတောထဲမှာ ညမိစ္ဆာတိမ်ထုဆိုတာ မရှိဘူး ဒါပေမဲ့ အင်မတန် တန်ဖိုးကြီးမားတဲ့ အရင်းအမြစ်တခုတော့ ရှိတယ် အဲဒါက နေမင်းရေကန် ဆိုတာပဲ အဲဒီနာမည်က်ို ခင်ဗျား အရင်ကတည်းက ကြားဖူးနေမယ်လို့ ကျုပ် ထင်တယ် ဟုတ်တယ်မလား အဲဒါဟာ ပထဝီအဆီအနှစ်ရဲ့ အသုံးမကျတဲ့ ပုံစံကွဲတခုပဲ အရမ်းအင်အားကြီးပေမဲ့လို့ သူ့အထဲမှာ ပါဝင်နေတဲ့ စွမ်းအင်က ညစ်ညမ်းလွန်းနေတဲ့အတွက် ဘယ်လိုမှ အသုံးချလို့မရဘူး အဲဒါကြီးက ဘေးနားမှာရှိတဲ့အရာအားလုံးကို ဖျက်ဆီးပစ်နိုင်တယ် ခင်ဗျားအနေနဲ့ သူ့ကို အသုံးချလို့ရနိုင်တဲ့နည်းလမ်း တခုပဲ ရှိတယ် အာပေါဓာတ်အမျိုးအစား မူလစွမ်းအင်နည်းလမ်းကို သုံးနိုင်မယ်ဆိုရင် ခင်ဗျား သူ့ကို ထိန်းချုပ်လို့ရနိုင်မယ်"

တိုက်ဆိုင်မှုလား။ ကံကောင်းခြင်းပေလားတော့ မသ်ိ။ ချီမင်းဖန်သည် အာပေါဓာတ်(ရေ)အမျိုးအစား မူလစွမ်းအင်နည်းစနစ်ကို အသုံးပြုနိုင်သော ချီစွမ်းအားပညာရှင် ဖြစ်နေ၏။ ယခုလည်း နေမင်းရေကန်ကို ထိန်းချုပ်ရာမှ ချီမင်းင်းဖန်၏ အင်အားမှာ ဆထက်တံပိုး မြင့်မားလာခဲ့ပေပြီ။

ရွှံ့နွံထုအတွင်း ခိုအောင်းနေသော စွမ်းအင်မှာ တကယ်ပင် အင်အားကြီးမားလှ၏။ ၎င်း၏ လက်သီးမှာ ထွက်ပေါ်လာသော အားလှိုင်းများသည် လမ်းကြောင်းတလျောက် ကံဆိုးရှာသော သတ်ဖြတ်သူစစ်သားများအား အသက်ပျောက်သွားစေလေသည်။

သို့သော် ၎င်းမှာ အစသာရှိသေးပုံရလေသည်။ အကြောင်းမှာ ရေကန်အတွင်းမှ နောက်ထပ် ရွှံ့နွံထုကြီး နှစ်ထုပါ ထပ်မံပေါ်ထွက်လာခြင်းကြောင့်ပင်။ ချီမင်းဖန်သည် နေမင်းရေကန်၏ ပံ့ပိုးမှုဖြင့် ရွှံ့နွံထုကြီးများအား အလွယ်တကူပင် ထိန်းချုပ်နိုင်ခဲ့၏။ မယုံနိုင်လောက်အောင် တိုးပွားလာသော အင်အားကိုကြည့်ရင်း ချီမင်းဖန်တယောက် ကိုယ့်ကိုယ်ကိုပင် မယုံနိုင်လောက်အောင် ဖြစ်လာလေသည်။

ပို၍ မယုံနိုင်စရာကောင်းနေသည်မှာကား စုချန်းသည် ဤအခြေအနေတခုလုံးကို မည်သို့မည်ပုံ ထိန်းချုပ်ထားလေသနည်း။

အာ့စ်တင်၏အကြောင်းကို စုချန်း မည်သ်ို့ သိရှိသွားလေသနည်း။

ချီမင်းဖန်နှင့်အာ့စ်တင်တို့ ပူးပေါင်းကြံစည်ထားခြင်းမဟုတ်မှန်း စုချန်း မည်သို့ ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သနည်း။

အာ့စ်တင်နှင့်ပတ်သက်၍ တစုံတရာ လွဲ​ချော်နေမှန်း သိရှိသွားကတည်းက စုချန်းသည် ဆုံရပ်အဖြစ် ဤနေရာကို သတ်မှတ်ခဲ့၏။ ဆိုလ်ိုသည်မှာ စုချန်းသည် အခြေအနေတခုလုံးကို ခွဲခြမ်းစိတ်ဖြာပြီး စက္ကန့်ပိုင်းအတွင်း ပိရိသေသပ်လှသော အစီအစဥ်တခုကို ရေးဆွဲနိုင်ခဲ့ခြင်းပင်။

ကြောက်စရာကောင်းလှပါဘိတောင်း။

အရာအားလုံးကို အသေးစိတ်တွေးခေါ်တတ်သည်မှာ ထိုမျှလောက်ထိ ကြောက်စရာမကောင်းသေး။ ကြောက်စရာကောင်းသည်မှာ ထိုအသေးစိတ်အချက်အလက်များအားလုံးကို အစီအစဥ်အတွင်းဝယ် ပေါင်းစပ်ထည့်သွင်းနိုင်ခဲ့ခြင်းပင်။

စုချန်း၏ ထောင်ချောက်အတွင်းဝယ် အာ့စ်တင် အဘယ်ကြောင်း ရှုံးနိမ့်ခဲ့ရသနည်း။ အဖြေမှာ ရှင်းနေ၏။ စုချန်း မည်မျှညဏ်ကောင်းကြောင်း သူ မသ်ိခဲ့၍သာ ဖြစ်သည်။

စုချန်း၏ စိတ်ကူးစိတ်သန်းများကို ချီမင်းဖန် လိုက်မီနိုင်စွမ်းမရှိတော့။ သို့သော် ချီမင်းင်းဖန် တခုတော့ သေချာပေါက်သိနေ၏။ ၎င်းမှာ စုချန်းအား သစ္စာမဖောက်ခဲ့ခြင်းကြောင့် သူ အလွန်ကံကောင်းသွားခြင်းပင်။

စုချန်းအား သူသာ သစ္စာဖောက်ခဲ့ပါက ဘာတွေဖြစ်လာမည်ကို သူ မသိ။ သူ မတွေးတတ်။ စုချန်းတွင် တခြားအရန်အစီအစဥ်များ ရှိနေနိုင်သည် မဟုတ်ပါလား။

စုချန်း လုပ်ဆောင်သမျှ အရာတိုင်းသည် လေးနက်ပြီး အဓိပ္ပာယ်ရှိနေကြောင်းကိုတော့ ချီမင်းဖန် သဘောပေါက်ထား၏။

စဥ်းစားရင်းနှင့် ချီမင်းဖန် ​ကျောစိမ့်လာတော့၏။

ဒီကောင်က တကယ်ကြောက်စရာကောင်းတဲ့ကောင်ပဲ...

ယခုအချိန်ထိ စုချန်းသည်လျှို့ဝှက်စွာ ပုန်းအောင်းနေသေး၏။ ၎င်း ဘာတွေစီစဥ်နေမှန်း ချီမင်းင်းဖန် မသိ။ သို့သော် ၎င်း၏ ရန်သူများအား ၎င်းထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာအောင် လမ်းပြခေါ်ဆောင်လာမိသည့်အတွက် စုချန်းအပေါ် ချီမင်းဖန် အပြစ်မကင်းင်းသလို ဖြစ်နေ၏။ ထိုအတွက် ချီမင်းဖန်၏ အကောင်းဆုံးတောင်းပန်မှုမှာ ကိုယ့်တာဝန်ကို ကိုယ် ကျေပြွန်အောင် လုပ်ဆောင်ရန်သာတည်း။

ဝုန်း!!ဝုန်း!!

ကြီးမားသော လက်သီးကြီးများသည် လေထုကို ဝုန်းဝုန်းမြည်အောင် ထိုးခွဲသွား၏။ လက်သီးမှ ထွက်ပေါ်လာသော အားလှိုင်းများက ပတ်ဝန်းကျင်တခုလုံးအား ပြားပြားဝပ်သွားစေလေသည်။

"သေပေတော့"

ဘာရန်းသည် အရူးတယောက်ပမာ အော်ဟစ်ပြီး ပုဆိန်ကို ဝေ့ယမ်းလိုက်၏။

ပုဆိန်များသည် လမ်းကြောင်းတလျောက်ရှိ အရာတိုင်းကို ချေမှုန်းပစ်တော့မည့်ဟန်ပန်ဖြင့် လေထုကို ထိုးခွင်းပျံသန်းလာလေသည်။

ပုဆိန်ပျံများနှင့် လက်သီးကြီးများ ထိတွေ့မိချိန်ဝယ် အုန်းခနဲ ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ ရွှံ့နွံထုကြီး၏ လက်များမှာ ပုဆိန်ပျံများကြောင့် ကွဲကြေကုန်ပြီး ရေကန်အတွင်း ပြုတ်ကျကုန်လေသည်။ ၎င်းကို အခွင့်အရေးယူပြီး ဘာရန်း ရှေ့သို့တိုးလာ၏။ ၎င်း၏ ပုဆိန်များမှာကား မျက်စေ့ကန်းမတတ် အလင်းရောင်များ တောက်ပလာလေသည်။

ဘာရန်း၏ လက်ချက်ကြောင့် နောက်ထပ်ရွှံထုကြီးတခုသည် အစိတ်စိတ်အမွှာမွှာဖြစ်ကာ ရေကန်အတွင်း ပြုတ်ကျသွားပြန်၏။ ဘာရန်း၏ အင်အားမှာ တကယ်ပင် ကြောက်စရာကောင်းလှချေသည်တကား။

သာမာန်အခြေနေအတွင် ဘာရန်းအား သူ အနိုင်ရရှိရန် အခွင့်အရေးမှာ ၅၀ရာခိုင်နှုန်းသာ ရှိကြောင်း ချီမင်းဖန် ဝန်ခံရပေလိမ့်မည်။

ချီမင်းဖန်ဖက်တွင် နေမင်းရေကန်၏ အထောက်အပံ့ရထားသော်လည်း ဘာရန်းတွင် စစ်သားငါးရာအပြင် ၎င်းထက် အင်အားအနည်းငယ်သာ နိမ့်မည့့် လူယုံတော်နှစ်ဦးလည်း ရှိနေသေး၏။

ထို့ကြောင့် နေမင်းရေကန်၏ အထောက်အပံ့ရထားသည့်တိုင်အောင် ချီမင်းင်းဖန်အနေနှင့် ဘာရန်းတို့အုပ်စုကို အနိုင်ရရှိရန် မလွယ်လှချေ။

ကံကောင်းထောက်မသည်မှာ စုချန်း၏ အစီအစဥ်သည် ထ်ိုမျှလောက်သာ မဟုတ်ခြင်းပင်။

နေမင်းရေကန် တည်ရှိနေတယ်ဆိုတာ သူ့အထဲက ပိုပြီးကြောက်စရာကောင်းတဲ့အရာကို ဖုံးကွယ်ထားဖို့ပဲ...

ချီမင်းဖန် သက်ပြင်းချရင်း အထက်ပါအတိုင်း တွေးတောလိုက်၏။

နေမင်းရေကန်သည် ကြောက်စရာကောင်းသည်မှာ မှန်၏။ သို့သော် သတ်ဖြတ်သူမျိုးစိတ်များအား နေမင်းရေကန်တခုတည်းနှင့် အနိုင်ရလိမ့်မည်ဟုတော့ စုချန်း ယူဆထားခြင်းမရှိ။ ယုတ်စွအဆုံး ဘာရန်းနှင့် မဆုံရသေးခင်အထိ ၎င်းတွင် စစ်သားဘယ်လောက်ပါလာမှန်း စုချန်း မသိ။

စုချန်း၏ မူလအစီအစဥ်မှာ ထောင်သောင်းချီသော သတ်ဖြတ်သူစစ်သားများအား ရည်ရွယ်သည် မဟုတ်ပါလား။

ထို့ကြောင့် ချီမင်းင်းဖန်၏ တာဝန်မှာ နေမင်းရေကန်ကို ထိန်းချုပ်ရန်မဟုတ်။ ရေကန်ကို နှိုးဆွရန်သာ ဖြစ်သည်။ သို့မှသာ ရေကန်အောက်တွင် ပုန်းကွယ်နေသောအရာသည် အလိုအလျောက် ပေါ်ထွက်လာပေလိမ့်မည်။

ထိုအခိုက်မှာပင် ရေကန်အတွင်းရှိ ရွှံ့နွံများသည် ဝဲဂယက်တခုသဖွယ် လှည့်ပတ်လာတော့၏။

သို့သော် ၎င်းမှာ ဝဲဂယက် မဟုတ်။ တံခါးပေါက်တချပ်သာ ဖြစ်နေ၏။

ကြည့်နေရင်းနှင့်ပင် ထူးဆန်းသော တံခါးပေါက်သည် တဖြည်းဖြည်း ပွင့်လာနေလေသည်။

"တိုက်"

သတ်ဖြတ်သူစစ်သားများကား ၎င်းကို သတိမထားမိဟန်ဖြင့် ရှေ့သို့ ခုန်ဝင်လာကြ၏။

အနည်းငယ် စဥ်းစားညဏ်ရှိသော ကက်စ်ပါတယောက်သာလျင် တစုံတခု မှားယွင်းနေကြောင်း သတိထားမိလေသည်။

ထိုအခါ သူက ဝဲဂယက်အား ပြူးကျယ်သောမျက်လုံးအစုံဖြင့် စိုက်ကြည့်ရင်း အော်ဟစ်လိုက်သည်။

"ဘာရန်း"

"မင်းက ဘာထဖြစ်ပြန်ပြီလဲ"

ရွှံ့နွံထုအား ပြင်းပြင်းထန်ထန် တိုက်ခိုက်ရင်း ဘာရန်းက စိတ်မရှည်နိုင်ဟန်ဖြင့် ငေါက်လိုက်သည်။ ထိုအခိုက်ဝယ် ချီမင်းင်းဖန်၏ ဟန်ပန်မှာ ရေကန်အား ခက်ခက်ခဲခဲ ထိန်းချုပ်နေရသည့်ပုံ အပြည့်အဝ ပေါ်နေ၏။

"ဟိုမှာကြည့်စမ်း"

ဝဲဂယက်အား လက်ညိုးထိုးပြရင်း ကက်စ်ပါက ပြောလိုက်သည်။

ထိုအခါကျမှ ဝဲဂယက်အား လှမ်းကြည့်ပြီး ဘာရန်း တွေသွား၏။

"အဲဒါဘာကြီးတုန်း"

"ကျုပ်လဲ အဲဒါကို သိချင်နေတာပဲ ခင်ဗျား နည်းနည်းကြိုးစားပြီး အာရုံခံကြည့်စမ်းပါ ဒီတခါတော့ အဲဒါ ဘာလဲဆိုတာ ခင်ဗျား ပြောနိုင်မယ်လို့ မျှော်လင့်ရတာပဲ"

ထိုအခိုက်မှာပင် ဘာရန်း၏ အမူအရာသည် ရုတ်ချည်းပင် ပြောင်းလဲသွားတော့၏။

သေရမည်ကို မကြောက်တတ်သော၊ အလွန်ရဲရင့်သော သတ်ဖြတ်သူစစ်သားကြီး ဘာရန်း၏ မျက်နှာဝယ် လွန်စွာ ထိတ်လန့်ကြောက်ရွံ့ဟန် ပေါ်လာ၏။

ထို့နောက် သူက ငယ်သံပါအောင် အော်ဟစ်လိုက်တော့သည်။

"ပန်းဝတ်မှုံမဲ့တံခါး အဲဒါ ပန်းဝတ်မှုံမဲ့တံခါးပဲ ဆုတ်ကြ ဒီနေရာက ချက်ချင်း ဆုတ်ကြစမ်း"

***

All Chapters