← Chapters

လင်းမို့၏ အားနည်းချက်

Vol. 8 Ch. 120

လင်းမို့၏ အားနည်းချက်

Vol. 8 Ch. 120

~

ကျန်းနန် တက္ကသိုလ် ၊ ညဏ်အလင်းခန်းမအတွင်း တိတ်ဆိတ်မှု ကြီးစိုးထား၏ ။ ဤအခန်းအတွင်း အသက်ရှုသံ ၊ နှလုံးခုန်သံ နှင့် သွေးကြောများအတွင်း သွေးများစီးဆင်းနေသည်ကိုပင် အတိုင်းသားကြားနိုင်သည် ။

ဤအခန်းအတွင်း ကြာရှည်နေခြင်းက စိတ်အာရုံကို ပို၍ ရှင်းလင်းပြတ်သားစေ၏ ။ ပါရမီများအတွက် ကျင့်ကြံ၍ အကောင်းဆုံးနေရာတစ်ခုဖြစ်လေသည် ။

' အထီးကျန်မှုကို ခံနိုင်ရည်ရှိမှ စစ်မှန်တဲ့ ခွန်အားကို နားလည်နိုင်မှာ...'

ညဏ်အလင်းခန်းမအတွင်း လူငယ်လေးတစ်ယောက် အလေးအနက် စဥ်းစားနေ၏ ။ လင်းမို့သာမြင်လျှင် ယီမို၏ ဝမ်းကွဲဖြစ်သူ လီကျားရွှမ်မှန်း တန်းသိပေမည် ။

အလေးအနက် တွေးနေသော လီကျားရွှမ်က ရုတ်တရက် သက်ပြင်းချလိုက်၏ ။

' ပျင်းစရာ ကောင်းလိုက်တာ... '

မကျေမနပ် တွေးလိုက်မိ၏ ။

' ငါပုန်းနေတာ ရက်နဲနဲတောင် ကြာသွားပြီ.. အပြင်မှာ ဘာတွေ ဖြစ်နေလဲ မသိဘူး... '

လီကျားရွှမ်သည် ဟိုင်းချန်မြို့တွင် အဖမ်းခံရပြီးနောက် ကျန်းနန်သိုင်းလောကတွင် နမူနာအဖြစ် ပြသခံခဲ့ရသည် ။

ကျန်းနန်တက္ကသိုလ်သို့ ပြန်ရောက်ချိန်တွင်လည်း ကျောင်းမှ အပြစ်ပေးခြင်းကို ခံခဲ့ရပြီး တစ်ကျောင်းလုံး၏ ဝိုင်းဟားခြင်းကို ခံလိုက်ရသည် ။ ထို့ကြောင့် ညဏ်အလင်းခန်းမအတွင်း လေ့ကျင့်မည်ဟု အကြောင်းပြ၍ သူပုန်းနေခြင်းပင် ။ သူဖုန်းယူလာခွင့်မရသဖြင့် ကမ္ဘာကြီးနှင့် အဆက်အသွယ်ပြတ်သွား၏ ။

လူတိုင်းသူ့အား မေ့သွားချိန်လောက်မှ သူအပြင်သို့ ပြန်ထွက်ပေတော့မည် ။

" ဘုန်း...."

ညဏ်အလင်းခန်းမ၏ တံခါးက ရုတ်တရက် ကန်ဖွင့်ခံလိုက်ရပြီး ဆရာခြောက်ယောက် ပြေးဝင်လာသည် ။

လီကျားရွှမ် လန့်သွား၏ ။ ထိပ်ဆုံးမှ ပြေးဝင်လာသူမှာ သူ့အား အပြစ်ဒဏ်ချမှတ်ခဲ့သော သူ၏ အတန်းပိုင်ဆရာ ဖြစ်သူ ဆရာကျန်းပင် ။ နောက်မှ ဆရာများကိုတော့ သူမျက်မှန်းတမ်းမိရုံသာရှိသည် ။ ကျောင်းသားလက်ခံဌာနမှ ဆရာများဖြစ်ကြသည် ။

" ဘာ...ဘာလဲ.."

လီကျားရွှမ်သည် သူ့အား ကျောင်းထုတ်တော့မည်ဟု ထင်သွား၏ ။ သူက ကြောက်လန့်သွားပြီး...

" ဆရာ ကျွန်တော် အပြစ်ဒဏ်ခံ ပြီးပြီးလေ... ကျွန်တော့ကို အပြစ်ပေးလို့မရတော့ဘူးလေ... "

" ငါ အပြစ်ပေးမလို့ လာတာမဟုတ်ဘူးဟ.."

ဆရာကျန်းက စိုးရိမ်စွာဖြင့်...

" ငါ မင်းကို မေးစရာတစ်ခုရှိလို့.. မင်းနဲ့ ဟိုင်းချန်အထက်တန်းကျောင်းက လင်းမို့နဲ့ ခင်လား..."

" ဟုတ်...ဟုတ်... ခင်ပါတယ်... "

လီကျားရွမ် ခပ်လန့်လန့် ဖြေလိုက်၏ ။

' ခင်လို့ပဲ ခုလို ဖြစ်သွားတာလေ ...'

" ကောင်းလိုက်တာ... "

ဆရာကျန်းက အလျင်အမြန်ပြောလိုက်ပြီး...

" မင်း လင်းမို့ကို ကျောင်းဆီ ခေါ်နိုင်ခဲ့ရင်.. မင်းကို ပေးထားတဲ့ အပြစ်ဒဏ်အားလုံးကို ရုတ်သိမ်းပြီးတော့ မင်းကိုတောင် ဆုချီးမြှင့် အုံးမယ်... "

" ဘာ... "

လီကျားရွှမ် ဆွံ့အသွား ၏ ။ သူဂူအောင်းနေရသဖြင့် လင်းမို့ကျော်ကြားနေသည်ကို မသိလိုက်ချေ ။

သူ့အထင်အရ လင်းမို့သည် ကျောင်းသားဆိုးတစ်ယောက်သာဖြစ်သည် ။ မည်သည့်အတွက်ကြောင့် ကျန်းနန်တက္ကသိုလ်က အလေးထားနေမှန်း သူနားမလည်နိုင် ။ သူလုပ်ခဲ့သော အပြစ်ကိုပင် ကျေအေးပေးမည်ဟု လာပြောနေ၏ ။

" ကားအပြင်မှာ ရပ်ထားတယ်.. မြန်မြန်လုပ် အချိန်မရှိတော့ဘူး..."

ထို့နောက် ဆရာများက လီကျားရွှမ်အား ကားထဲ ဆွဲထည့်ကာ ထွက်ခွာလာခဲ့ကြသည် ။

လင်းမို့၏ လက်သီးပြင်းအားရမှတ် ထွက်လာချိန်တုန်းက ထိပ်တန်း တက္ကသိုလ်များသည် အသာကြည့်နေခဲ့ကြ၏ ။ ဆေးအိုးတစ်ယောက်အတွက် အချိန်ဖြုန်းမည်မဟုတ် ။ အခြေခံ စမ်းသပ်မှု ရလဒ်များ ထွက်ပေါ်လာချိန်မှသာ အကုန်ပြာယာခတ်သွားတော့သည် ။ ကျန်းနန်တက္ကသိုလ်က ထိပ်တန်းတက္ကသိုလ်များတွင် အဆင့်နိမ့်သော်လည်း အနီးဆုံးဖြစ်သဖြင့် အခွင့်အရေးကို အသုံးချရမည်ဖြစ်သည် ။ လင်းမို့ကလည်း ကျန်းနန်ဒေသခံ မဟုတ်လော ။ သူတို့တွင် အားသာချက်ရှိပေသည် ။

လင်းမို့၏ ပါရမီမှာ ယဲ့ရီထက်ပင် သာလွန်နေသည် ။ သူနှင့် ယှဥ်ပြိုင်နိုင်သည့် သူဟူ၍ အုပ်ထိန်းသူ ​ခေါ်သွားသော Black Earth တစ်ယောက်သာ ရှိ၏ ။ ကောင်းကင်ကို ဆန့်ကျင်နိုင်သည့် ခန္ဓာကိုယ် ပိုင်ဆိုင်ထားသော ကျောင်းသားတစ်ယောက်အား မလိုချင်မည့် တက္ကသိုလ် ရှိမည်မထင် ။ ထိပ်တန်း တက္ကသိုလ်များအားလုံး ဝိုင်းလုကြပေတော့မည် ။

ရှန်ဟိုင်းတက္ကသိုလ်ကလည်း နီးသဖြင့် ကျန်းနန်တက္ကသိုလ် နည်းတူ ကားဖြင့်လာနေကြလေပြီ ။ ကျင့်ဒူတက္ကသိုလ်က ဝေးလွန်းသဖြင့် လေယာဥ်ပျံဖြင့် လာရမည်ဖြစ်သည် ။

ထိပ်တန်းတက္ကသိုလ်များအားလုံး ဟိုင်းချန်မြို့တွင် စုမိပေတော့မည် ။

နေ့လည် ၁၂ နာရီ....

နောက်ဆုံး စာမေးပွဲ စတင်ရန် အချိန် နှစ်နာရီ လိုနေသေးသည် ။

ရှားနိုင်ငံ သိုင်းဌာနချုပ်မှ နောက်ဆုံး စာမေးပွဲကို ကြေညာလိုက်ပြီးဖြစ်သည် ။

" နောက်ဆုံးစာမေးပွဲ.. စွမ်းအင်အနှစ်သာရ... "

' စွမ်းအင်အနှစ်သာရ လား... '

လင်းမို့ အနည်းငယ် လန့်သွား၏ ။ နောက်ဆုံးစာမေးပွဲက စိတ်စွမ်းအားဖြင့် သက်ဆိုင်မည်ဟု သူမျှော်လင့်မထားပေ ။

စွမ်းအင်အနှစ်သာရ ကို စာမေးပွဲတွင် ထည့်မမေးသည်မှာ ဆယ်စုနှစ်များပင် ကြာနေခဲ့လေပြီ ။ သူက တိုက်ခိုက်မှုနှင့် ပက်သက်သည့် တစ်ခုခု ဖြေရမည်ဟု ထင်ထားခဲ့၏ ။

' စွမ်းအင်အနှစ်သာရက ငါ့ရဲ့ အားနည်းချက်ပဲ... '

လင်းမို့အနည်းငယ် စိတ်ဓာတ်ကျသွား၏ ။

သူ၏ အဓိက အားသာချက်မှာ လက်သီးပြင်းအားနှင့် တိုက်ခိုက်ရေးစွမ်းရည်ဖြစ်သည် ။ တိုက်ခိုက်ရမည်ဆိုပါက သူလုံးဝ မကြောက်ပေ ။ ယခု သူအားနည်းသည့် စိတ်စွမ်းအင်အနှစ်သာရ ကိုမှ ဖြေရတော့မည် ။

သို့သော်လည်း သူရွေးချယ်ရမည် မဟုတ်သဖြင့် ဖုန်းထုတ်၍ အမှတ်ပေးစည်းမျဥ်းကို ဖတ်ကြည့်လိုက်သည် ။

[ စာမေးပွဲအမျိုးအစား: စိတ်စွမ်းအင်အနှစ်သာရ...

အမှတ်ပြည့်: ၁၅၀ မှတ်

အမှတ် ၁၅၀: စိတ်စွမ်းအင် အနှစ်သာရ အဆင့်၅

အမှတ် ၁၄၀: စိတ်စွမ်းအင် အနှစ်သာရ အဆင့် ၄ အထွတ်အထိပ် အဆင့်

အမှတ် ၁၃၀: စိတ်စွမ်းအင် အနှစ်သာရ အဆင့် ၄ နောက်ပိုင်း အဆင့်

အမှတ် ၁၂၀: စိတ်စွမ်းအင် အနှစ်သာရ အဆင့် ၄ အလယ်ဆင့်...

........ ]

စိတ်စွမ်းအင် အနှစ်သာရက လူတိုင်းတွင် ရှိကြသည် ။ သို့သော် လူတိုင်း ထုတ်သုံးနိုင်မည်တော့ မဟုတ်ချေ ။

စိတ်ပညာရှင်များ ဖြစ်ကြသော စိတ်ထိန်းချုပ်သူနှင့် စိတ်စွမ်းအားရှင်များသာ ထုတ်သုံးနိုင်ကြသည် ။

သို့သော်လည်း အသုံးမဝင်သည်တော့ မဟုတ် ။ စိတ်စွမ်းအင်က အလုံအလောက် သန်မာနေမှသာ စိတ်ထိန်းချုပ်သူ ၏ စွမ်းအားကို ခုခံနိုင်မည်ဖြစ်သည် ။

စိတ်စွမ်းအားများ ခန္ဓာကိုယ်တွင် ပြည့်ဝနေလျှင် တိုက်ပွဲတွင် ပို၍ ကောင်းအောင် စွမ်းဆောင်နိုင်ပေမည် ။

ထို့ကြောင့် စိတ်စွမ်းအားကို သာမန်သိုင်းပညာရှင်များ အသုံးမပြုနိုင်သော်လည်း အရေးပါသော လိုအပ်ချက်တစ်ခုဖြစ်သည် ။ နေ့ခင်းစာမေးပွဲက စိတ်စွမ်းအင်အနှစ်သာရ ဖြစ်လာမည်ဟု မည်သူမှ ထင်မှတ်ထားမည်မဟုတ်ပေ ။

' ငါ စိတ်စွမ်းအင်အနှစ်သာရက... '

သာမန်လူများ စိတ်စွမ်းအင်အနှစ်သာရ မည်မျှရှိမှန်း သိနိုင်မည် မဟုတ်သော်လည်း လင်းမို့က စနစ်မျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်၏ ။ သူပို၍ပင် စိတ်ဓာတ်ကျသွားသည် ။

' ငါထင်တယ်... ငါ့စိတ်စွမ်းအင်အနှစ်သာရက အားနည်းလိုက်တာ... '

လင်းမို့ အရင်က ခန့်မှန်းကြည့်နေခြင်းဖြစ်ပြီး ယခု အတည်ပြုနိုင်ခဲ့သည် ။

' အဆင့် ၄ အထွတ်အထိပ်တဲ့...'

သူအမှတ် ၁၄၀ သာ ရနိုင်တော့မည် ဖြစ်သည် ။ သူအမှတ်ပြည့်မရဘဲ မည်သို့ အသက်ရှင်ရတော့မည်နည်း ။ အချိန်ကလည်း သိပ်မကျန်တော့သဖြင့် တိုးတက်ရန် မဖြစ်နိုင်တော့ချေ ။

' ဆိုးလိုက်တာ... ငါ အမှတ် ၁၄၀ ပဲ ရတော့မယ်... '

အမှတ်ပြည့် နှစ်ခုရပြီးမှ ကျန်တစ်ခုတွင် လျော့နည်းသွားမည်ကို သူအဖြစ်မခံနိုင် ။

' အမှတ်ပြည့်မဟုတ်ရင် ၀ ပဲ ဖြစ်ရမယ်.. '

' အမှတ် ၁၄၀ က လူသားတစ်ယောက် ရ ရမယ့် အမှတ်လား...'

လင်းမို့တင်မဟုတ် အခြားစာဖြေသူများလည်း စိတ်ဓာတ်ကျကုန်ကြသည် ။

" စိတ်စွမ်းအင်အနှစ်သာရ စမ်းသပ်မှာလား..."

" ဘာလို့လဲ.. ငါဘာမှ ပြင်မထားမိဘူးလေ.. ငါဘာဆက်လုပ်ရမလဲ.. "

" ငါလည်း ပြင်မထားမိဘူး.. ငါတော့သွားပြီ.."

" ဟေး ငါ့အပေါ်မှာ အမှောင်စက်ဝိုင်းများ မြင်မိကြသေးလား... ဒီရက်ပိုင်း ကံတော်တော်ဆိုးနေတယ်... "

သူတို့လည်း ရွေးချယ်စရာမရှိ၍ အကြံကုန်ထုတ်ကြရတော့သည် ။ အချိန် နှစ်နာရီအတွင်း ရသည့်နည်းနှင့် တိုးတက်နိုင်ရန် ကြိုးစားရမည်ပင် ။

နောက်ခံကောင်းကောင်းရှိသော စာဖြေသူများက ဖုန်းထုတ်ဆက်ကြတော့သည် ။

" ဟလို... အဖေ.. သားအတွက် စိတ်အာရုံတိုးမြှင့်ပေးနိုင်တဲ့ ဆေးတစ်ပုလင်းလောက် မြန်မြန်ရှာပေးပါ.. ကျပန်းစာမေးပွဲက စိတ်စွမ်းအင်အနှစ်သာရတဲ့.. အဖေမြန်မြန်မလာရင် သားတက္ကသိုလ်မတက်လိုက်ရဘဲ နေမယ်နော်... "

ချမ်းသာသော မိဘ မရှိသည့် စာဖြေသူများမှာ သူတို့အချိန်အတော်ကြာ ပစ်ပယ်ထားခဲ့သော တရားထိုင်နည်း ကိုသာ ရွေးချယ်နိုင်ကြတော့သည် ။ အချိန်နှစ်နာရီ ကျန်သေးသဖြင့် တစ်မှတ်ရရ နှစ်မှတ်ရရ ကြိုးစားရပေမည် ။

စာဖြေသူ ၃၀၀၀၀ ကျော်က အပြင်းအထန် လေ့ကျင့်ကြတော့သည် ။

လင်းမို့သည်တော့...

" ဒင်... စိတ်စွမ်းအားများ အလျင်အမြန်တိုးလာနေပါတယ်... "

စနစ်အသိပေးချက်က သူ့ စိတ်ထဲတွင် မြည်ဟီးသွားသည် ။

လင်းမို့က ခဏကြာအောင် မှင်သက်သွားပြီး အရူးတစ်ယောက်လို ပြုံးလိုက်၏ ။ သူ၏ တက်ကြွအညွှန်းကိန်းကို ကြည့်လိုက်ရာ ၁၁၁၁၂ ထိ ရောက်နေပေသည် ။ မနေ့ကထက်ပင် ပိုများနေသေးသည် ။

ထို့အပြင် မနေ့က တစ်နာရီသာ အချိန်ရခဲ့သော်လည်း ယနေ့ စာမေးပွဲစတင်ရန် နှစ်နာရီ လိုနေသေးသည် ။ ဖြေဆိုချိန်တွင်လည်း အညွှန်းကိန်းများ ရနေအုံးမည်ဖြစ်သည် ။

' ဟီးဟီးဟီး...ငါ့အားနည်းချက်လေးတော့ လေပေါ်ပျံသွားပြီ...'

သူစာမေးပွဲဖြေရန် ဆုံးဖြတ်မိလိုက်သည်က မှန်ကန်သွား၏ ။ ဤနေရာက ရွှေတွင်းကြီးပင် ။ နှစ်ရက်အတွင်း တိုးတက်လာသည်က အရင်လဝက်ထက်ပင် ပိုသာနေ၏ ။

' ချီး... စာမေးပွဲကို ဘာလို့ တစ်နှစ်တစ်ခါမှ ဖြေနေကြတာလဲ... နေ့တိုင်းဖြေနေရင်ပြီးရော... ငါအေးဆေး အိပ်နေလို့ရတယ်... '

လင်းမို့ တွေးပျော်နေချိန်တွင် ရုတ်တရက်...

" ဒင်... သင်၏ စိတ်စွမ်းအင် အနှစ်သာရ အဆင့် ၅ သို့ရောက်ရှိသွားပါပြီ .."

' ငါ အဆင့်တက်သွားပြီ... '

လင်းမို့ အရူးတစ်ယောက်လို ရယ်မောလိုက်သည် ။ နာရီဝက်ပင် မကြာသေးသော်လည်း သူအဆင့်၅ သို့ရောက်ရှိခဲ့လေသည် ။ ယနေ့ အဆင့် ၅ ၏ အလယ်ဆင့်သို့ပင် ရောက်ချင်ရောက်သွားနိုင်၏ ။

" ဝူးးးး... ကျွီးးးး....."

ကားတစ်စီးက အမြန်မောင်းလာပြီး ဘရိတ်စောင့်အုပ်လိုက်သည် ။ ကားမရပ်မီပင် အသံကအရင်ထွက်လာ၏ ။

" လင်းမို့...လင်းမို့...."

ရင်ပြင်ရှိ လင်းမို့က လှည့်ကြည့်လိုက် အဖမ်းခံလိုက်ရပြီး ကျန်းနန်သို့ ပြန်သွားသည့် လီကျားရွှမ် ဖြစ်နေသည် ။

' ငါ့ဆီလာတာ ဓားကြီးကစားဖို့ ရှာပေးခိုင်းမလို့လား... '

လင်းမို့ တခြားအကြောင်းကို စဥ်းစားမရ ။ ထိုကောင်က ကုန်းဆင်းရန်သာ လာခြင်းဖြစ်မည် ။ သို့သော်လည်း ဤသည်က လင်းမို့အထင်လွဲနေခြင်းသာ ။

" လင်းမို့ ... ဒီမှာ ဘာလို့ စာမေးပွဲဖြေဖို့ စောင့်နေတာလဲ... လာလာ စာမေးပွဲ ဖြေမနေနဲ့.. "

လူအုပ်အတွင်းရှိ လင်းမို့အား ချက်ချင်းရှာဖွေတွေ့ရှိသဖြင့် လီကျားရွှမ်၏ အမြင်အာရုံက အလွန်ထက်မြက်သည်ဟု ဆိုရပေမည် ။

" မင်းက စိတ်စွမ်းအားရှင်လည်း မဟုတ်ဘူး စိတ်ထိန်းချုပ်သူလည်း မဟုတ်ဘူး.. နေ့ခင်း စိတ်စွမ်းအင်အနှစ်သာရ စာမေးပွဲ ဝင်ဖြေလည်း ဘယ်နှမှတ်ရမှာ မို့လဲ.. ဝင်ဖြေမနေနဲ့တော့ ဒီမှာ ငါ ကျောင်းဝင်ခွင့်ထောက်ခံချက်ယူလာတယ်.. လာလာ လက်မှတ်ထိုး..."

All Chapters