စာမေးပွဲ မတိုင်ခင် ည
Vol. 8 Ch. 106
~
အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားပြီး ဇွန်လ ၆ ရက်နေ့ ရောက်လာလေပြီ ။ စာမေးပွဲ မနက်ဖြန်တွင် စတင်တော့မည် ဖြစ်သည် ။
ညနေ နေဝင်သည်နှင့် ဟိုင်းချန်တစ်မြို့လုံး ပြောင်ရှင်းသွားတော့သည် ။
လမ်းမများပေါ်တွင် ကားမရှိတော့သလို လမ်းဘေးတွင် ကနေသော အဒေါ်ကြီးများကို တွေ့ရတော့မည်မဟုတ် ။ ဟိုင်းချန် တစ်မြို့လုံး စာမေးပွဲအတွက် ပြင်ဆင်နေကြလေပြီ ။
စာမေးပွဲအား နှစ်စဥ် ဇွန်လ ၇ ရက် ၈ ရက်တွင် ကျင်းပလေ့ရှိသည် ။ စာမေးပွဲ ဘာသာရပ်လေးခု ပါဝင်ပြီး တစ်ဘာသာလျှင် ၁၅၀ မှတ်ဖြင့် စုစုပေါင်း အမှတ်ပြည့်မှာ ၆၀၀ ဖြစ်သည် ။
ရှေ့ဘာသာရပ် သုံးခုမှာ ပုံသေဖြစ်သော်လည်း နောက်ဆုံးတစ်ခုမှာမူ ကျပန်းဖြစ်သည် ။ တိုက်ခိုက်ရေးစွမ်းရည် ၊ လက်သီးပြင်းအား နှင့် အခြေခံစမ်းသပ် ခြင်းတို့မှာ နှစ်တိုင်းဖြေဆိုရပြီး နောက်ဆုံးတစ်ခုကိုတော့ စာမေးပွဲရောက်မှ သိမည်ဖြစ်သည် ။ နောက်ဆုံးဘာသာရပ် မဖြေဆိုမီ နှစ်နာရီအလိုမှသာ ကြေညာလေ့ရှိသည် ။
စာမေးပွဲကို ရှားနိုင်ငံတစ်ခုလုံး တစ်ချိန်တည်း ကျင်းပသည် ။ စာမေးပွဲ ရလဒ် ထွက်လာသည်နှင့် ပါရမီရှင်စာရင်းကို ချက်ချင်း ပြင်ဆင်မည်ဖြစ်သည် ။
ထိပ်တန်း ပါရမီရှင်များက စာမေးပွဲမဖြေဘဲ တက္ကသိုလ်သို့ တိုက်ရိုက်တက်ရောက်နိုင်သော်လည်း သူတို့၏ ခွန်အားကို ထုတ်ဖော်ပြချင်သဖြင့် စာမေးပွဲတွင် အပျော်ပါဝင်ကြသည် ။
ယနေ့ည ကြိုတင်ပြင်ဆင်မှုအတန်း မဖွင့်ချေ ။ မနက်ဖြန် စာမေးပွဲဖြေတော့မည် ဖြစ်သဖြင့် ကိုယ်ခန္ဓာအား အနားပေးထားရမည်ဖြစ်သည် ။ ထိုမှသာ စာမေးပွဲတွင် အကောင်းဆုံး လုပ်ပြနိုင်ပေမည် ။ ကံကောင်း၍ တစ်မှတ် နှစ်မှတ် ပိုရချင် ရသွားနိုင်သည် ။ စာမေးပွဲက တစ်နိုင်ငံလုံးရှိ တတိယနှစ်ကျောင်းသားများအားလုံး တပြိုက်နက် ဖြေဆိုရသဖြင့် တစ်မှတ်နှစ်မှတ်ပိုရသည်က လူထောင်ဂဏန်းအား ကျော်တက်နိုင်မည်ဖြစ်သည် ။ စာမေးပွဲအတွင်း ညဏ်အလင်းရ၍ အဆင့်တက်သွားသော ကျောင်းသားများပင် ရှိတက်၏ ။
ကြိုတင်ပြင်ဆင်မှုအတန်းက ပိတ်ထား၍ လင်းမို့ပြန်ရုံသာ ရှိတော့သည် ။ အံ့သြစရာကောင်းသည်က သူ၏ မိဘနှစ်ပါးမှာ ဧည့်ခန်းတွင် သူ့အား ထိုင်စောင့်နေကြပေသည် ။ သူတို့တွင် ပြောစရာရှိသည့်ပုံပေါ်၏ ။
" မနက်ဖြန် စာမေးပွဲဖြေရတော့မယ်... သား အတွက် ဖိအားအရမ်းများနေလား... "
ဖေဖေလင်းက စီးကရက်တစ်လိပ်ကို ယူလိုက်ရင်း ပေါ့ပေါ့ပါးပါးဟန်ဖြင့် မေးလိုက်၏ ။
" သိပ်မရှိပါဘူး..."
လင်းမို့က အမှန်အတိုင်း ပြန်ဖြေလိုက်သည် ။ သူ၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် စာမေးပွဲက နှစ်ဆပိုခက်လျှင်ပင် ဖိအားပေးနိုင်မည်မဟုတ်ချေ ။
တခြားသူများအတွက် စာမေးပွဲဖြေရသည်က နောက်ဆုံး ဘောစ့်ဖြင့် ချနေရသလို ခက်ခဲသော်လည်း သူ့အတွက် စာမေးပွဲဖြေရသည်က ပရိုကစားသမားတစ်ယောက်က အဆင့်၁ မီနီယမ်ကို အလစ်ချောင်းတိုက်သည်နှင့်ပင် တူနေချေသည် ။
လင်းမို့ အတွက် ဖိအားနည်းနည်း ဖြစ်စေသည်မှာ သမိုင်းမှတ်တမ်းကို အမှတ်မည်မျှဖြင့် ကျော်နိုင်မလဲ သာဖြစ်သည် ။
" အများကြီးမဟုတ်ဘူးလား..."
ဖေဖေလင်းနှင့် မေမေလင်းတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိသည် ။ လင်းမို့၏ အဖြေက သူတို့မျှော်လင့်ထားသည့်အတိုင်း ဖြစ်ပုံမရ ။
" အဟွတ်..အဟွတ်..."
ဖေဖေလင်းက စီးကရက်ကို ရှိုက်ပြီး ဟန်ဆောင်၍ ချောင်းခြောက်ဆိုးလိုက်သည် ။
" သားမှာ ဖိအားတွေ အရမ်းများနေရင် အဖေတို့ကို ဖွင့်ပြောပါ... အဖေတို့နားလည်ပါတယ်..."
" တကယ် ဖိအားမရှိပါဘူးဆို..."
လင်းမို့ ထပ်ငြင်းလိုက်သည် ။
" အေးပါ...အေးပါ... အဲ့တာဆို... သား ညစာစားခဲ့ပြီးပြီမှတ်လား ...အိပ်ချင် သွားအိပ်တော့လေ... "
ဖေဖေလင်းက ပြောလိုက်၏ ။
" ဟုတ်ကဲ့ပါ..."
လင်းမို့က ခဏ စဥ်းစားပြီး...
" အဖေနဲ့အမေ နက်ဖြန်ကျ သားစာမေးပွဲဖြေတာကို လာကြည့်အုံးမှာလား..."
လင်းမို့သည် လဝက်ကြာ ဖုံးကွယ်ထားသော ခွန်အားကို စာမေးပွဲတွင် ထုတ်ပြတော့မည်ဖြစ်သည် ။ သူ့မိဘများအား စပရိုက်တိုက်ရပေမည် ။
" ငါတို့... "
ဖေဖေလင်းက ခန တုံ့ဆိုင်းသွားပြီး...
" မလာတော့ပါဘူးကွာ... ငါ့သားအပေါ် ဖိအားဖြစ်သွားလိမ့်မယ်.. "
" ပြီးရော..."
လင်းမို့ အနည်းငယ် စိတ်ဓာတ်ကျသွားသော်လည်း စားမေးပွဲရလဒ် ထွက်လာသည့်အခါမှ သူ့မိဘများ အံ့အားသင့်နေသည်ကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည် ။
' မနက်ဖြန် ငါ့အမေ တစ်နှစ်လုံး လန့်သွားအောင် လုပ်ပြမယ်... "
လင်းမို့က သူ့အခန်းထဲသို့ ဝင်လိုက်ပြီး တံခါးကို ပိတ်လိုက်သည် ။
လင်းမို့ တံခါးပိတ်လိုက်သည်နှင့် ဖေဖေလင်းနှင့် မေမေလင်းတို့ မျက်စိမျက်နှာ ပျက်သွားကြသည် ။
ဖေဖေလင်းက မျက်မှောင်ကြုပ်၍ စီးကရက်အတိုကို ရှိုက်လိုက်ပြီး...
" ငါ့တို့ ကလေးအတွက် ခက်ခဲတယ့်အချိန်ပဲ..."
" အဲ့လောက်ပဲ မဟုတ်ဘူး..."
မေမေလင်းက မျက်ရည်ဝဲလာပြီး...
" လွန်ခဲ့တဲ လဝက်လုံး သူအရမ်းကြိုးစားနေတာ... သူလေ့ကျင့်လွန်းလို့ ကိုယ်အလေးချိန်တောင် တက်လာတယ်... ကျွန်မမြင်နေရတာ ရင်နာတယ်... "
" ထားလိုက်တော့...ဒီအကြောင်းမပြောနဲ့တော့..."
ဖေဖေလင်းက သက်ပြင်းရှည်ကြီး ချလိုက်ပြီး...
" သူ မြို့တော်ဂျင်ရုံကို နေ့တိုင်းသွားတယ်ကြားတယ်... အပြင်ကနေ ခိုးပြီး လေ့ကျင့်နေတာတဲ့ ..."
" မြန်မြန် ကျွန်မကို တစ်ရှုးယူပေး... "
အခန်းအတွင်း...
လင်းမို့သည် သူ၏ မိဘများ ထိုသို့ ပြောနေမည်ဟု ထင်ထားမည် မဟုတ်ချေ ။ သူက ကျောပိုးအိတ်အတွင်းမှ စာအုပ်တစ်အုပ်ကို ထုတ်လိုက်သည် ။
ရှားနိုင်ငံ သိုင်းဌာနချုပ်မှ ထုတ်ဝေသော စာမေးပွဲအတွက် လက်ဆွဲ စာအုပ်ပင် ။ စာမေးပွဲအတွက် အရေးကြီးသောအချက်အလက်များ ပါဝင်သည် ။
လင်းမို့ ဖွင့်၍ ဖတ်ကြည့်လိုက်သည် ။
" အိုး..."
လင်းမို့သည် ယခုနှစ်စာမေးပွဲ၏ အချို့အရေးကြီးသည့်အချက်များ ပြောင်းလဲသွားသည်ကို မြင်လိုက်ရ၏ ။
' ဒီနှစ်စာမေးပွဲက ပိုခက်လာပါလား..."
" ****"
" ငါ လွှင့်ခဲ့တဲ့ ကောလဟာလအတိုင်းဖြစ်သွားတာပဲ..."
လင်းမို့ ဆွံ့အသွားသည် ။ သူ တက်ကြွအညွှန်းကိန်း တိုးချင်၍ ကျောင်းရှိ ပါးစပ်ကြီးများကို အသုံးချခဲ့သော်လည်း ယခုနှစ်စာမေးပွဲ၏ အခက်အခဲက အမှန်တကယ် ပိုလာခဲ့လေသည် ။
' ငါဘယ်လိုလုပ်ရမလဲ...'
လင်းမို့ မျက်ဖြူလှန်မတက် ဖြစ်သွား၏ ။ ဟိုင်းချန်မြို့သားများက သူ့အား ကျေးဇူးတင်နေပေတော့မည် ။
သူထင်သည့်အတိုင်းပင် ။ ဟိုင်းချန်မြို့ရှိ တတိယနှစ်ကျောင်းသားများ စာမေးပွဲလက်ဆွဲကို ဖွင့်ကြည့်လိုက်ကြသောအခါ လင်းမို့အား ကိုးကွယ်မတက် ဖြစ်သွားကြသည် ။
" ငါ နတ်ဘုရားမိုကို ကိုးကွယ်တော့မယ်ကွ... သူပြောလို့ ငါ့မိဘတွေက ပိုက်ဆံချေးပြီး A1 ဆေးဝယ်ပေးခဲ့တာ ခုတော့တန်သွားပြီ..."
" လင်းမို့က မသိလွန်းဘူးလား..."
" ဟိုင်းချန်သိုင်းဌာနက တောင် မသိတာကို သူသိတယ်ဟ..."
" သိုင်းဌာနက မသိဘူးလို့ ဘယ်သူပြောလဲ ...ငါပြောဖူးတယ်လေ... ငါ့အဖေက အကြီးအကဲကျောက်ရှုနဲ့ သိပါတယ် ...ငါ သူတို့ဖုန်းပြောတာကို ခိုးနားထောင်တုန်းက စာမေးပွဲအမှတ်တွေ တိုးလာမယ်လို့ ငါကြားတာကို မင်းတို့ကို ပြောဖူးသားပဲ...ခု မဟုတ်ဘူးလား..."
" အပေါ်က သောက်ကြွားကောင် ဆက်ကြွားနေလိုက်... "
" ငါ ကျောက်ရှု ပါ... ငါ ဘာမှ မပြောခဲ့ဘူး..."
ခေါင်းဆောင်ကျောက်ကိုယ်တိုင် သူအကောင့်တွင် ပို့စ်တင်၍ ရှင်းရတော့သည် ။
ဟိုင်းချန်မြို့သားများက လင်းမို့အား ပို၍ပင် အထင်ကြီးသွားသည် ။
" အကိုမို့က ကြမ်းလိုက်တာ..."
" လင်းမို့က ကြိုသိလို့ စာမေးပွဲကို လက်လျော့လိုက်တာပဲ.. "
လင်းမို့သည် သူ့အကြောင်းပြောနေကြသည်ကို မသိ ။ သူ လက်စွဲ စာအုပ်အား သေချာဖတ်နေ၏ ။
' ဒီနှစ်လည်း အရင်လို အဓိက သုံးမျိုးနဲ့ ကျပန်းတစ်မျိုးပဲ... ဒါပင်မဲ့ တိုက်ခိုက်ရေးစွမ်းရည်အပေါ်မှာ ပိုအလေးထားတယ်... '
လင်းမို့ တိုက်ခိုက်ရေးစွမ်းရည် ရမှတ်များကို သေချာကြည့်လိုက်သည် ။
[ တိုက်ခိုက်ရေးစွမ်းရည်: အမှတ်ပြည့် : ၁၅၀
အမှတ်ပြည့်: အဆင့်၅ အစောပိုင်းအဆင့်
အမှတ် ၁၄၀: အဆင့်၄ အထွတ်အထိပ်အဆင့်
အမှတ် ၁၃၀: အဆင့်၄ နောက်ပိုင်းအဆင့်
အမှတ် ၁၂၀: အဆင့်၄ အလယ်ဆင့်
အမှတ် ၁၁၀: အဆင့်၄ အစောပိုင်းအဆင့်....
'အမှတ်ပြည့်က ၁၅၀ ပင်မဲ့ အဆင့် ၄ အစောပိုင်းအဆင့်တောင် အမှတ် ၁၁၀ ပဲရတယ်... '
အရင်နှစ်က ဒီလောက်မမြင့်ခဲ့ပေ ။ ဒီနှစ် အမှတ် ၁၁၀ ရနိုင်သည့် သူမှာ အယောက် ၂၀ ၃၀ သာ ရှိသည် ။ လင်းမို့အပြင် အမှတ် ၁၂၀ ရနိုင်သူမှာ ယဲ့ရီ တစ်ယောက်သာရှိသည် ။
' ငါ ထိပ်တန်း ပါရမီရှင်တွေထက် အမှတ် ၂၀ ၃၀ လောက်ပိုရမှာပဲ...'
အရင်နှစ်အတိုင်းသာဆိုလျှင် သူနှင့် ယဲ့ရီ အမှတ်သိပ်ကွာမည်မဟုတ် ။ ယခုနှစ်တွင်တော့ လင်းမို့က မနက်ဖြန်တွင် ဗိုလ်ဆွဲပေတော့မည် ။
ယခုနှစ်စာမေးပွဲတွင် တိုက်ခိုက်ရေးစွမ်းရည်အဆင့်များ တိုးမြင့်လိုက်သည်မှလွဲ၍ တခြားအပြောင်းအလဲမရှိပေ ။
' ငါ့ခွန်အားနဲ့...'
လင်းမို့ စနစ်မျက်နှာပြင် ကို ကြည့်လိုက်သည် ။
[ လင်းမို့
ကျင့်ကြံဆင့်: အဆင့်မသက်မှတ်နိုင်သောသက်ရှိ ( ကြယ် ၁ ပွင့် သိုင်းပညာရှင် ၊ စိတ်ထိန်းချုပ်သူ အဆင့်၄ ၊ စိတ်စွမ်းအားရှင် အဆင့်၁)
တိုက်ခိုက်ရေးစွမ်းရည် : အဆင့် ၅
လက်သီးပြင်းအား : ၂၀၈၆ ကီလို
စုစုပေါင်းတိုက်ခိုက်ရေးစွမ်းအား :........
ပျင်းရိ အညွှန်းကိန်း: ၁
တက်ကြွအညွှန်းကိန်း: ၁ ( အောက်တွင်အသေးစိတ်အချက်အလက်များ)
လက်သီးပြင်းအားအညွှန်းကိန်းး: ၁
စိတ်ထိန်းချုပ်အညွှန်းကိန်း: ၀
တိုက်ခိုက်ရေးစွမ်းရည်အညွှန်းကိန်း: ၂
အဆင့်တက်နှုန်း : တစ်နာရီလျှင် လက်သီးပြင်းအား ၂ ကီလို တိုးနေပါတယ်... စိတ်ထိန်းချုပ်ခြင်း တိုးမလာပါ... တိုက်ခိုက်ရေးစွမ်းရည် တိုးမလာပါ...
မှတ်ချက်: ပျင်းရိအညွှန်းကိန်းနှင့် တက်ကြွအညွှန်းကိန်း နှစ်ခုလုံး အဆင့်မြှင့်တင်မှုအပေါ်တွင် သက်ရောက်ပါသည် ]