← Chapters

မဖြစ်နိုင်ဘူး... ~

Vol. 8 Ch. 112

မဖြစ်နိုင်ဘူး... ~

Vol. 8 Ch. 112

စက်၏ အသံထွက်ပေါ်လာသည်နှင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားကြ၏ ။

လူတိုင်းပါးစပ်အဟောင်းသားဖြင့် အသက်ရှုသံ ပြင်းပြင်းသာ ကြားနေရတော့သည် ။

သူတို့နားကို သူတို့ မယုံနိုင်တော့ဘဲ အတည်ပြုရန် တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြသည် ။

ခန်းမအတွင် မအံ့သြသူ ဟူ၍ လင်းမို့တစ်ယောက်သာ ရှိသည် ။

လင်းမို့သည် စနစ်မျက်နှာပြင်တွင် လက်သီးပြင်းအားကို မြင်နေရ၍ မအံ့သြပေ ။

ခန်းမတစ်ခုလုံး ငါးစက္ကန့်လောက်ကြာအောင် တိတ်ဆိတ်သွားပြီးမှ အသံထွက်လာ​တော့သည် ။

" မဖြစ်နိုင်ဘူး..."

" လုံးဝမဖြစ်နိုင်ဘူး..."

" စာမေးပွဲသမိုင်းတစ်လျောက်လုံး အမှတ်ပြည့်ရဘူးတဲ့သူမှ မရှိတာ... "

" အမှတ်ပြည့် ရတာ မဖြစ်နိုင်ဘူး..."

" ၁၅၀ က အမှတ်ပြည့်ဆိုပင်မယ့် အမှတ်ပြည့်ပေးလို့မရဘူးလေ... "

" အမှတ် ၁၅၀ ပေးထားပင်မဲ့ ၁၃၀ တောင် ရဖူးတဲ့သူ ရှိရဲ့လားမသိဘူး... "

ခန်းမ တစ်ခုလုံး ဆူညံသွားသည် ။ သူတို့၏ မျက်နှာထက်တွင် အံ့သြခြင်း မယုံကြည်နိုင်ခြင်းများက အထင်းသားပေါ်လွင်နေသည် ။

" ၁...၁၅၀ လား...'

စမ်းသပ်ပေးသည့် ရွှေမျက်မှန်ဆရာက လင်းမို့အား တစ္ဆေတစ်ကောင်မြင်လိုက်ရသလို ပြူးကြောင်ကြောင် ကြည့်နေ၏ ။

' သူ့ ဆဲလ်သန်မာမှုက ၃၀၁၆ တောင်ရောက်နေပြီ... ၂၅၀၀ ဆိုရင် အမှတ်ပြည့်ရမှာဆိုတော့... အမှတ်ပြည့်ထက် ၅၁၆မှတ် ပိုတောင် ပိုနေသေးတယ်... '

အမှတ်ပြည့်ရရန် မဖြစ်နိုင်သော်လည်း လင်းမို့က အမှတ်ပြည့်ထက် ကျော်လွန်နေ၍ ဖြစ်သည် ။

ရွှေမျက်မှန် ဆရာက သူအလုပ်လုပ်နေသည်မှာ ကြာပြီဖြစ်သော်လည်း အမှတ်ပြည့်ရသည့်ကျောင်းသား မမြင်ဘူးချေ ။ သူက လင်းမို့အား ပါးစပ်ဟစိ ဖြင့် ကြည့်နေလိုက်သည် ။ သူတစ်ခုခု ပြောရမည်ကို သိသော်လည်း ဘာပြောရမှန်းစဥ်းစားမရတော့ ။

မနီးမဝေးမှ ယင်ကျန့်လည်း ဆွံ့အသွား၏ ။ သူ လင်းမို့အား လှောင်ရန် စောင့်နေသော်လည်း လင်းမို့က စည်းမျဥ်းများအတိုင်း မကစားပေ ။ သူ လင်းမို့အား အမှတ် ၅၀ လောက်သာ ထင်ထားခဲ့သော်လည်း ခု ၁၅၀ ဖြစ်နေသည် ။ သူ့ထက် ၅၀ ကျော်ပင် ပိုများနေ၏ ။

ယင်ကျန့် ခေါင်းကိုက် လာ၏ ။

' သူ တစ်ဘာသာ အမှတ်က ငါ့ နှစ်ဘာသာ အမှတ်ပေါင်းထက်တောင် ပိုများနေတယ်... '

ယင်ကျန့်၏ နှစ်ဘာသာပေါင်းရမှတ်မှာ ၁၄၉ ဖြစ်သည် ။ လင်းမို့က တစ်ဘာသာထဲနှင့် ၁၅၀ ဖြစ်သွား၏ ။

" ဖူးးးး..."

ယင်ကျန့် သွေးအန်သွားသည် ။

သို့သော်လည်း အထိတ်လန့်ဆုံးသူမှာ ယင်ကျန့်မဟုတ်ဘဲ ဟောက်ရန်ဖြစ်သည် ။

" အကိုမို့..."

ဟောက်ရန်၏ အမြင်တွင် ကမ္ဘာကြီးက ဇောက်ထိုးဖြစ်သွားသလိုပင် ခံစားလိုက်မိသည် ။ သူ့ခေါင်းတစ်ခုလုံး ချာလည်ပတ်လည် လည်နေပြီး သူ့ကိုသူပင် မေ့သွား၏ ။ သူ လင်းမို့အား မသိသည့် အကြည့်ဖြင့် ကြည့်လိုက်သည် ။ သူ၏ အကိုမို့မှ ဟုတ်ပါသေးရဲ့လော ။

လင်းမို့သည် ဆုံးရှုံးစရာမရှိတော့သည့် အရှုံးသမား အသွင်ဖြင့် နေ့တိုင်းပျင်းရိပြနေခဲ့သည် ။ သို့သော်လည်း စာမေးပွဲတွင် ရမှတ်ပြည့်ဖြင့် အကောင်ဖြစ်သွား၏ ။

' အမှတ် ၁၅၀ လား...'

အချိန်အနည်းငယ် ကြာမှ ဟောက်ရန် သတိပြန်ဝင်သွားပြီး လင်းမို့အား ရှုပ်ထွေးနေဟန်ဖြင့် ကြည့်လိုက်၏ ။

သူတို့နှစ်ယောက် အတူတူ ပျင်းရိနေကြသော်လည်း အကိုမို့က ခိုး၍ လေ့ကျင့်နေပေသည် ။

ဟောက်ရန်က ကြိုးစားမှသာ အောင်မြင်နိုင်မည်ဟု ယုံကြည်ထားသူဖြစ်သည် ။ ထို့ကြောင့် လင်းမို့မကြိုးစားဘဲ အမှတ်ပြည့်ရရန် မဖြစ်နိုင်ချေ ။ ချောင်တစ်ချောင်တွင် သွား၍ လေ့ကျင့်နေခြင်းပင် ဖြစ်ရမည် ။

' အကိုမို့က လူလိမ်ပဲ...'

ဟောက်ရန် မျက်ရည်ဝဲလာ၏ ။

' ပျင်းတဲ့အချိန်ကြ စားဖို့သောက်ဖို့ ငါ့ကိုခေါ်တယ်... ကြိုးစားတဲ့အချိန်ကြ ငါ့ကိုမခေါ်ဘူး...'

သူ၏ အကိုမို့က တစ်ယောက်ထဲခိုး၍ လေ့ကျင့်နေသော်လည်း သူ့အား ပျင်းရိရန် ဆွဲခေါ်ခဲ့ပေသည် ။

ဟိုင်းချန်အထက်တန်းကျောင်းမှ စာဖြေသူများသည် လင်းမို့၏ ရလဒ်ကိုကြားလျှင် မယုံနိုင်ကြချေ ။ သူ့တို့ကို သူတို့ အိမ်မက်ထဲ ရောက်နေသည်ဟုပင် ထင်၍ ဆွဲဆိတ်ကြည့်ကြသည် ။

လင်းမို့ကဲ့သို့ အတန်းထဲတွင် ပျင်းရိစွာ အိပ်နေသည့် လူဆိုးက မည်သို့ အမှတ်ပြည့်ရနိုင်ပါမည်နည်း ။ ဤသည်က အိမ်မက်သာဖြစ်ရမည် ။

စက်နံပါတ် ၈၈

လျိုကျုံးဟောင်က ကျန်းရွှယ်နောက်သို့ တမင်ကပ်လိုက်၍ တန်းစီနေသည် ။

ကျန်းရွှယ်၏ ရမှတ်က ၉၉ မှတ် ထွက်လာ၏ ။

" ကျန်းရွှယ်..."

လျိုကျုံးဟောင်က စမ်းသပ်မှုမစခင် ဂုဏ်ယူဟန်ဖြင့် ပြုံးပြလိုက်ပြီး...

" ဟိုင်းချန်တစ်မြို့လုံးမှာ နင်နဲ့ငါ နှစ်ယောက်ပဲ သိုင်းပညာရှင် ရှိတာ... ပထမစာမေးပွဲမှာ ငါတစ်မှတ်နဲ့ ကပ်ပြီး ရှုံးပင်မဲ့... ခုစာမေးပွဲမှာတော့ ငါရှုံးမယ်မထင်ဘူး..."

လျိုကျုံးဟောင်က စမ်းသပ်လိုက်၏ ။ ၉၇ မှတ်ထွက်လာသည် ။

" ငါရှုံးပြန်ပြီ..."

လျိုကျုံးဟောင် အနည်းငယ်စိတ်ဓာတ်ကျသွားပြီး...

" ငါက နင့်ထက်အရင် သိုင်းပညာရှင်ဖြစ်လာပင်မဲ့... တိုက်ခိုက်ရေးစွမ်းရည်နဲ့ လက်သီးပြင်းအားက နင်ကသာနေမယ်လို့ ထင်မထားဘူး..."

သို့သော်လည်း လျိုကျုံးဟောင်က ယှဥ်ပြိုင်လိုစိတ်ပျောက်မသွားဘဲ...

" ခု နင်က ၃ မှတ်ကျော်နေပင်မဲ့ မနက်ဖြန်ပြီးရင် ဘယ်သူက ဟိုင်းချန်မြို့ရဲ့ ပထမ လဲဆိုတာ သေချာမပြောနိင်သေးပါဘူး... "

" ဟမ့်... သုံးမှတ်က လွယ်လွယ်နဲ့ အမီလိုက်နိုင်မယ် ထင်လို့လား..."

ကျန်းရွှယ်က အနည်းငယ်လှောင်ဟန်ဖြင့်...

" ငါ မနက်ဖြန်ကျရင် ဟိုင်းချန်မြို့ရဲ့ နံပါတ် ၁ ဖြစ်လာလိမ့်မယ်..."

သူတို့နှစ်ယောက်အကြား မီးပွားများ လွင့်လာချိန်တွင် အသံလှိုင်းလုံးကြီးက စက်နံပါတ် ၈၈ ကို ရိုက်ခတ်သွားသည် ။

" ဟိုင်းချန်အထက်တန်းကျောင်းက လင်းမို့က အမှတ်ပြည့် ၁၅၀ တဲ့ဟ... "

' လင်းမို့လား...'

ကျန်းရွှယ် အံ့အားသင့် သွား၏ ။

' သူ စာမေးပွဲကို လက်လျော့လိုက်တာ ကြာပြီ မဟုတ်ဘူးလား...'

လျိုကျုံးဟောင်လည်း အံ့သြသွားပြီး...

" လင်းမို့ဆိုတာ ဘယ်သူလဲ... ဒီပါရမီရှင်ကို ငါတစ်ခါမှ မကြားဖူးဘူး..."

လင်းမို့၏ ရမှတ်က စာဖြေခန်းမတစ်ခုလုံးကို ပေါက်ကွဲစေခဲ့၏ ။

" မဖြစ်နိုင်ဘူး... "

လင်းမို့ကို စမ်းသပ်ပေးသော ရွှေမျက်မှန်ဆရာ၏ အသံက ရုတ်တရပ် ထွက်ပေါ်လာသည် ။

" စမ်းသပ်တဲ့စက်က တစ်ခုခု ချို့ယွင်းနေတာနေမှာ..."

All Chapters