← Chapters

ဒီလက်သီးက ကီလို ၃၀၀၀ ရှိလား ~

Vol. 8 Ch. 113

ဒီလက်သီးက ကီလို ၃၀၀၀ ရှိလား ~

Vol. 8 Ch. 113

" စက်က ချို့ယွင်းနေတာဖြစ်မယ်... "

ရွှေမျက်မှန်ဆရာ၏ အသံက စာဖြေသူများကြားတွင် ပဲ့တင်ထပ်သွားသည် ။

" ဟုတ်မယ်... ဟုတ်မယ်..."

" ငါထင်သားပဲ... အမှတ်ပြည့်ရနိုင်ဖို့က ဖြစ်မှ မဖြစ်နိုင်တာ... စက်ပျက်နေတာပဲ ဖြစ်ရမယ်... "

" အထက်တန်းကျောင်းမှာ တက္ကသိုလ်တွေလို မြေဆွဲအားခန်း နဲ့ နေအတုမှ မရှိ​တာ ... လက်သီးပြင်းအားက ၂၀၀၀ ကီလိုကျော်သွားပြီးရင် တိုးတက်ဖို့လွယ်တာမဟုတ်ဘူး... "

" ဟုတ်တယ်... လင်းမို့ က A2 ဆေးတွေ အဝသောက်နိုင်မှသာ ၃၀၀၀ ထိရောက်လိမ့်မယ်... "

" A2 ဆေးတွေက လိုချင်တိုင်းရမလားဟ... မှောင်ခိုစျေးမှာတောင် ရောင်းရဲတာမဟုတ်ဘူး..."

" ဟုတ်တယ်... စက်ပျက်နေတာပဲ ဖြစ်ရမယ်... "

" တခြားစက်နဲ့ စမ်းကြည့်ပါဗျို့... "

" လင်းမို့က အမှတ် ၁၅၀ ရတယ်ဆိုတာ မယုံဘူး... အမှတ် ၅၀ ဆိုတာမှ ယုံနိုင်စရာရှိအုံးမယ်... "

ပတ်ဝန်းကျင်ရှိလူများ ဆွေးနွေးကြပြီးနောက် နောက်ဆုံးအဖြေထွက်လာသည်မှာ စက်ပျက်နေခြင်းဖြစ်သည် ။

" ရှုခိုင်ကျဲ ..."

ထိုအချိန်တွင် ရုတ်ရုတ်သဲသဲ ဖြစ်နေသဖြင့် ခန်းမတာဝန်ခံ ကျိက ပြေးလာပြီး...

" ဘာဖြစ်နေကြတာလဲ..."

" ဒါရိုက်တာ ကျိ..."

ရှုခိုင်ကျဲ က လင်းမို့ကို လက်ညိုးထိုးပြလိုက်ပြီး...

" သူ့ နာမည်က လင်းမို့ပါ... ဆဲလ် သန်မာမှုက ၃၀၁၆မှတ်နဲ့ အမှတ်ပြည့် ရသွားလို့ပါ... "

' ၃၀၁၆ မှတ်... အမှတ်ပြည့်... '

ဒါရိုက်တာ ကျိက ကျောင်းသားများ ပြသနာရှာနေသည်ဟု ထင်၍ အမြန်ပြေးလာခဲ့သော်လည်း အမှတ်ပြည့်ကျောင်းသား ထွက်ပေါ်လာမှုကြောင့်ဟု ထင်မထားခဲ့ပေ ။

" ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလည်း... "

ဒါရိုက်တာကျိ ထိတ်လန့်သွားပြီး...

" မြန်မြန် နောက် စက်တစ်လုံးနဲ့ စမ်းကြည့်လိုက်... "

ဒါရိုက်တာကျိက ကျောင်းသားများ၏ ခံစားချက်ကို ထည့်တွေးတက်သူ ဖြစ်သဖြင့် လင်းမို့အား နှစ်သိမ့်ပေးလိုက်သည် ။

" ကျောင်းသား ဆရာတို့ကို နဲနဲတော့ နားလည်ပေးနော်... ဆရာတို့နဲ့ ပူပေါင်းပေး ...သားက အမှတ်ပြည့်ဆိုတော့ ...မသေချာဘဲနဲ့ ဆရာတို့က အထက်ကို မတင်ပြရဲဘူး... "

" ကျွန်တော် နားလည်ပါတယ်... "

လင်းမို့က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်၏ ။ သူနားလည်ပေသည် ။ မကြုံဖူးသော အမှတ်ပြည့်ဖြစ်သဖြင့် မသေချာလျှင် သူတို့တင်ပြရဲမည်မဟုတ် ။

သူ့ လက်သီးပြင်းအားက မည်မျှပင် စမ်းသပ်စေကာမူ ၃၀၁၆ အောက်လျော့သွားမည်မဟုတ်ချေ ။ ထို့ကြောင့် သူစိတ်မပူ ။

ထို့နောက် ဒါရိုက်တာကျိနှင့် ရွှေမျက်မှန်ဆရာက ဘေးမှ စက်ကို ရွေ့လာကြသည် ။ သူတို့က လင်းမို့၏ လက်အား စက်ထဲထည့်၍ စမ်းသပ်ကြည့်လိုက်လျှင်...

" လင်းမို့ ...ဆဲလ်သန်မာမှု ၃၀၁၆ မှတ်... စာမေးပွဲရမှတ် ၁၅၀ မှတ်... "

" ဟင်း...."

ခန်းမတစ်ခုလုံး သက်ပြင်းချသံများဖြင့် ပြည့်သွား၏ ။ အမှတ်ပြည့် ရပြန်လေသည် ။ စက်ပျက်နေသည်က ကြုံတောင့်ကြုံခဲဖြစ်သည် ။ စက်နှစ်လုံးစလုံးပျက်နေသည်ထက် လင်းမို့၏ ရမှတ်က အစစ်အမှန် ဖြစ်နေသည်လော ။

ပတ်ဝန်းကျင်မှ စာဖြေသူအားလုံး လင်းမို့၏ ခွန်အားကို ယုံကြည်သွားကြသည် ။ ဒါရိုက်တာ ကျိပင်လျှင် လင်းမို့၏ ရလဒ်အား လက်ခံလိုက်ပေသည် ။

' နှစ်ခုတော့ ဖြစ်နိုင်တယ်... '

ဒါရိုက်တာကျိ က လင်းမို့ကို တစ်ချက်ကြည့်၍ တွေးလိုက်မိ၏ ။

' သူခန္ဓာကိုယ်ပါရမီက ကောင်းလွန်းတာရယ်... ဒါမဗမဟုတ် A2 ဆေးတွေ အများကြီးသောက်ထားတာရယ်... "

ဒါရိုက်တာကျိ က ဖြစ်နိုင်ချေ နှစ်ရပ်ကို တွေးလိုက်မိသော်လည်း သူဘာမှ ပြောမည်မဟုတ် ။ သူ့တာဝန်မှာ လင်းမို့၏ ရမှတ်ကို အထက်သို့ တင်ပြရန်သာ ဖြစ်သည် ။

" ငါကြေ...."

ဒါရိုက်တာကျိက လင်းမို့၏ ရလဒ်ကို ကြေညာရန် ပြင်လိုက်သော်လည်း...

" နေအုံးဗျ..."

ရွှေမျက်မှန် ဆရာက တားလိုက်ပြီး...

" ဒါရိုက်တာကျိ... စက်နှစ်ခုလုံးက မော်ဒယ်တူတော့ ပျက်နေတာ တူနိုင်ပါတယ်... မော်ဒယ် မတူတဲ့ နောက်စက်တစ်ခုနဲ့ စမ်းကြည့်သင့်ပါတယ်... "

" အမ်.... အင်းအင်း..."

ဒါရိုက်တာကျိက ခဏတာတွေဝေသွားပြီးမှ သဘောတူလိုက်သည် ။

သမိုင်းတစ်လျောက် ပထမဆုံး အမှတ်ပြည့်ရသည်ဖြစ်၍ ပိုပြီး ဂရုစိုက်သည်က မမှားချေ ။

မကြာမီ စက်ဟောင်းတစ်လုံးသယ်လာ၏ ။ ထောင်မှန်စတုဂံပုံရှိကာ နက်ပြောင်နေပြီး ရုပ်ဆိုးလှပေသည် ။

' ထပ်ပြီးတော့လား...'

လင်းမို့ စိတ်သိပ်မရှည်တော့သော်လည်း သူစက်ထဲဝင်၍ စမ်းသပ်ခြင်းကို ခံယူလိုက်သည် ။ ရလဒ်က အရင်အတိုင်းပင် ။

" လင်းမို့... ဆဲလ်သန်မာမှု ၃၀၁၆မှတ်... စာမေးပွဲရမှတ် ၁၅၀ မှတ်... "

' ဒီလောက်ဆို ရလောက်ပြီမလား...'

လင်းမို့ တွေးလိုက်သည် ။

သို့သော်လည်း ရွှေမျက်မှန်ဆရာ က မကျေနပ်သေးပေ ။

" ဒါရိုက်တာ... စက်က ဟောင်းလွန်းနေလို့ ဖြစ်မလား..."

ရှုခိုင်ကျဲက ပြသနာရှာရန် ပြင်လိုက်သော်လည်း လင်းမို့ သည်းမခံနိုင်တော့ချေ ။

" ဆရာ... "

လင်းမို့၏ နှုတ်ခမ်းက တွန့်ကွေးသွားပြီး...

" ကျွန်တော့်မှာ ၁၀၀ ရာခိုင်နှုန်း သေချာတယ့် နည်းတစ်ခုရှိတယ်... စမ်းကြည့်လို့ရမလား..."

" ကောင်လေး မင်းကိုမင်း အရူးလုပ်မနေနဲ့..."

ရှုခိုင်ကျဲက သူ၏ ရွှေမျက်မှန်ကို ဆရာကြီးတစ်​ယောက်လို ပင့်လိုက်ပြီး...

" သိပ္ပံ စမ်းသပ်ချက်တွေအရ စက်တွေက ၁၀၀ ရာခိုင်နှူန်းမတိကျဘူးတဲ့ အများဆုံး ၉၉ ရာခိုင်နှုန်းပဲ..."

လင်းမို့က တဖက်လူပြောသည်ကို လျစ်လျူရှုကာ...

" ဆရာရှုက ကြယ်နှစ်ပွင့် သိုင်းပညာရှင်လား..."

" ဟုတ်တယ်... "

ရှုခိုင်ကျဲက လက်နှစ်ဖက်နောက်ပစ်၍ ရင်ကိုကော့ကာ ဖြေလိုက်၏ ။

" ငါ ကြယ်နှစ်ပွင့်ဖြစ်တာ မကြာသေးဘူး... ခုမ လက်သီးပြင်းအား ၃၀၀၀ ကီလို ကျော်ရုံလေးပဲရှိသေးတယ်... "

ရှုခိုင်ကျဲ ဆိုလိုချင်သည်မှာ လင်းမို့၏ လက်သီးပြင်းအားမှာ ၃၀၀၀ ကီလို မရှိနိုင်ဟုဖြစ်သည် ။

" အဲ့တာကောင်းတယ်... "

လင်းမို့က မရှင်းမရှင်းပြောလိုက်၏ ။

ဘေးမှ နားထောင်နေသူများ နားမလည်လိုက်ခင်မှာပင်...

" ဘုန်း..."

လင်းမို့က ရှေ့တိုး၍ လက်သီးဖြင့် ရှုခိုင်ကျဲ၏ ဝမ်းဗိုက်ကို ထိုးလိုက်သည် ။

ရင်ကော့ပေးထားသော ရှုခိုင်ကျဲမှာ ခုခံရန် အချိန်မရလိုက်ဘဲ ပုဇွန်တုပ်ကွေး ကွေး၍ လေပေါ်ပျံသွားတော့သည် ။ ကြမ်းပြင်ပေါ်သို့ ကျသွားပြီး ဗိုက်ကိုဖိ၍ အော်နေ၏ ။ သူ၏ ရွှေမျက်မှန်က ကျိုးပဲ့သွားလေသည် ။

လင်းမို့က ဘေးမှ ထိတ်လန့်စွာကြည့်နေကြသည်ကို ဂရုမစိုက်ဘဲ...

" ဆရာ ကျွန်တော့ လက်သီးပြင်းအားက ၃၀၀၀ ကီလိုရှိလား..."

All Chapters