အနာခံအသာစံ ~
Vol. 8 Ch. 114
" လက်သီးပြင်းအားက ကီလို ၃၀၀၀ ရှိလား..."
ခန်းမ တစ်ခုလုံးတိတ်ဆိတ်သွား၏ ။ အသက်ရှုသံပင် မကြားရတော့ ။ စာစစ်ဆရာက အရိုက်ခံလိုက်ရသည်လော ။ ဥပဒေက မည့်သည့်နေရာသို့ ခရီးထွက်နေပါသနည်း ။ အလွန် ရိုင်းလှပေသည် ။
လင်းမို့သည် စက်ပစ္စည်းက ၁၀၀ ရာခိုင်နှုန်းမတိကျဘူးဆို၍ လက်တွေ့ စမ်းသပ်ပြလိုက်ခြင်းဖြစ်သည် ။
လက်သီးတစ်ချက်က အဖြေမထွက်လျှင် နောက်တစ်ချက် ထိုးပေးရမည်ပင် ။
" ငါ...."
ရှုခိုင်ကျဲ က ဒေါသပေါက်ကွဲရန် ပြင်လိုက်သော်လည်း လင်းမို့၏ အေးစက်စက်အကြည့်ကိုမြင်လျှင် မျိုသိပ်ထားလိုက်သည် ။ သူ ဆက်ငြင်းနေလျှင် နောက်ထပ် အထိုးခံရမည်ဟု အာရုံရနေ၏ ။
" ဟုတ်တယ်...ဟုတ်တယ်..."
ရှုခိုင်ကျဲက အလျင်အမြန်ပြောလိုက်ပြီး...
" လက်သီးပြင်းအားက ကီလို ၃၀၀၀ ကျော်နေပြီ... သေချာပေါက် ကြယ်နှစ်ပွင့် အဆင့်ပဲ..."
" ဟုတ်တာပေါ့..."
လင်းမို့က ကြင်နာတက်သော အပြုံးဖြင့် အမြန်ပြေးလာထူလိုက်ပြီး...
" ဆရာရှု... ကျွန်တော်ပြောသားပဲ စက်တွေက တိကျပါတယ်ဆို... "
ရှုခိုင်ကျဲ အလွန်နောင်တ ရသွား၏ ။ သူ လင်းမို့ကို နှောက်ယှက်နေသည်မှာ နာကြည်းချက် ကြီးကြီးမားမားရှိသောကြောင့် မဟုတ်ပေ ။ သူ လင်းမို့အား မနာလိုသည့်အပြင် ကြည့်မရ၍ သင်ခန်းစာပေးလိုက်ခြင်းဖြစ်သည် ။ လင်းမို့ ဤသို့ လုပ်ရဲမည်ဟု ထင်မထားခဲ့ ။
စာဖြေခန်းတွင် စာစစ်သူဆရာကို ရိုက်နှက်ခြင်းက ကြီးမားသော ပြသနာ ဖြစ်သော်လည်း ရိုက်နှက်သူ၏ ပါရမီက လုံလောက်အောင် ကောင်းနေလျှင် ပြသနာဟုပင် ခေါ်၍ ရတော့မည်မဟုတ် ။
ဤသည်က သိုင်းလောက ဖြစ်သည် ။ ခွန်အားရှိလျှင် ပါမောက္ခ များကိုပင် စိန်ခေါ်နိုင်ပြီး နိုင်လျှင် ဘာမှဖြစ်မည်မဟုတ်ချေ ။ ရှုံးလျှင်တော့ ပြစ်ဒဏ်ကြီးကြီး ခံရပေမည် ။
" အကိုမို့... "
ဟောက်ရန်က လက်မ ထောင်ပြလိုက်၏ ။ အကိုမို့က အကိုမို့ပင် ဖြစ်သည် ။ ယီးတီးယားတား လာလုပ်လျှင် ဆရာကိုပင် ရိုက်ရဲပေသည် ။ သူနိုင်၍ အပြစ်ပေးခံရတော့မည်မဟုတ် ဤသည်က သိုင်းလောကစည်းကမ်း ပင်ဖြစ်၏ ။
" ရှုခိုင်ကျဲ အဆင်ပြေလား..."
ဒါရိုက်တာ ကျိက စိုးရိမ်ဟန်ဖြင့် မေးလိုက်သော်လည်း လင်းမို့အား အပြစ်တင်သည့်စကားမပြောပေ ။ လင်းမို့၏ ပါရမီဖြင့် အနာဂတ်တွင် အကောင်ကြီးတစ်ကောင် ဖြစ်လာမည်ဖြစ်ရာ ရှုခိုင်ကျဲအတွက် လင်းမို့အား အပြစ်တင်မည်မဟုတ် ။
" ဒါရိုက်တာကျိ ကျွန်တော် အဆင်ပြေပါတယ်... "
ရှုခိုင်ကျဲက မချိပြုံး ပြုံးကာ ပြောလိုက်၏ ။
" အဆင်ပြေရင်လည်း လင်းမို့ရဲ့ ရလဒ်ကို ကြေညာလိုက်တော့... "
ဒါရိုက်တာ ကျိက အမိန့်ပေးလိုက်သည် ။
စာဖြေခန်းမ၏ အပြင်ဘက် ရှိ ရင်ပြင်တွင်....
လူအုပ်ကြီးက ဖန်သားပြင်အား စောင့်ကြည့်နေကြသည် ။
တိုက်ခိုက်ရေးစွမ်းရည် စမ်းသပ်မှုက အားလုံးပြီးမှ ထုတ်လွှင့်ပေးသည်ဖြစ်သော်လည်း လက်သီးပြင်းအား စမ်းသပ်မှုက တခါတည်း ပြပေးနေလေသည် ။
" ကြည့်... ကြည့်... ရမှတ်တွေ ထွက်လာပြီ... "
'' ကောင်းဟောက်ရန်က ၈၁ မှတ် တောင်ပဲ... သူ့လက်သီးပြင်းအားက ၁၁၀၀ ကီလို ကျော်သွားပြီပေါ့...ဒီဖက်တီးလေး အရင်လဝက်က ၁၀၀၀ တောင်ပြည့်သေးတာမဟုတ်ဘူး... လဝက်ပဲ ကြိုးစားလိုက်.. အဲ... စာမေးပွဲဖြေခံနီး သူလေ့တောင်မလေ့ကျင့်တော့ဘူး... ထိပ်တန်းတက္ကသိုလ်ဝင်ခွင့်ရပြီးတည်းက သူပျင်းရိနေတာကို... ''
" ကျန်းရွှယ်က ၉၉ မှတ်တဲ့... ကောင်းတယ်ဟေ့...ကောင်းတယ်..."
" ဟားဟားဟား... လျိကျုံးဟောင်က ၉၇ မှတ်ထဲဟ... ငါ တို့ ကျောင်းက ပါရမီရှင်က သုံးမှတ်တောင် သာသွားပြီ... ဒီနှစ် ငါတို့ကျောင်းက နံပါတ်တစ်ဖြစ်ဖို့ ၉၀ % လောက်သေချာနေပြီကွ... "
ရင်ပြင်တစ်ခုလုံး ဆူညံနေသည်မှာ ပျံကျစျေးပင် အရှုံးပေးရလောက်သည် ။
ရုတ်တရပ် ထွက်ပေါ်လာသော နာမည်တစ်ခုကြောင့် တိတ်ဆိတ်သွားကြသည် ။
" လင်းမို့ ၁၅၀ မှတ်... "
အားလုံး ဆွံ့အသွားကြသည် ။ အမှတ် ၁၅၀ က အမှတ်ပြည့် မဟုတ်လော ။ စာမေးပွဲတွင် အမှတ်ပြည့် မပေးဘဲ မည်သို့ ၁၅၀ ရနိုင်ပါသနည်း ။
" ဟေး... ဘာလို့ အမှတ်ပြည့် ရနေတာလဲဟ... "
" တီဗီ ပျက်သွားတာများလား..."
" သူက ဟိုင်းချန်အထက်တန်းကျောင်းကလား... "
" လင်းမို့က ဘယ်သူတုန်း... ငါတစ်ခါမှ မကြားဖူးဘူး..."
" လင်းမို့က... နာမည်ကြီး ငပျင်းလင်းမို့ လို့ ငါ့ကိုမပြောနဲ့နော်... "
" ဘာဖြစ်သွားတာလဲ ပြောပြကြပါအုံးဟ... "
' လင်းမို့လား...'
ဆရာမလု ရှုပ်ထွေးသွား၏ ။
' ငါ့အခန်းက လင်းမို့ဆိုရင်တော့ တီဗီပျက်နေတာ သေချာပြီ... '
မကြာခင်မှာပင် တိကျသော သတင်းက ထွက်လာသည် ။
" စက်သုံးခုနဲ့ စမ်းပြီး အတည်ပြုလိုက်ပြီဟ... ဟိုင်းချန်အထက်တန်းကျောင်း တတိယနှစ် အခန်း ၁၀ က လင်းမို့တဲ့... ဆဲလ်သန်မာမှု ၃၀၁၆ မှတ်မို့ အမှတ်ပြည့်ရသွားတာတဲ့.... သိုင်းဌာနချုပ်ကိုတောင် သတင်းပို့လိုက်ပြီ.... "
" ဘွန်းးးးး.."
လူများအားလုံး နားထဲတွင် ပေါက်ကွဲသွားသည် ။ အမှတ် ၁၅၀ က ရှားနိုင်ငံ၏ သမိုင်းတစ်လျောက်လုံးတွင် ပထမဆုံးဖြစ်၏ ။
' ငါ့ အခန်းကလား..."
ဆရာမလု မယုံကြည်နိုင်ပေ ။
' ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...'
သူမ သတိပြန်ကပ်လာသော အခါ သတင်းထောက်များက သူမအား ဝိုင်းရံထားသည်ကို သိလိုက်၏ ။ မိုက်များဝိုင်းထိုးထားကြသည်မှာ ကြောက်စရာပင် ကောင်းနေသေးသည် ။
" ဆရာမလု... ဆရာမက လင်းမို့ရဲ့ အတန်းပိုင်းဆရာမဆို..."
" ဆရာမလု ...လင်းမို့ ဘရမ်းကြက်ပေါင်းရည်သောက်တာ မြင်မိသေးလား..."
" ဆရာမလုက လင်းမို့ဒီလို အောင်မြင်လာအောင် ဘယ်လိုမျိုး ပျိုးထောင်ပေးခဲ့တာလဲဗျ... "
" လင်းမို့လို ပါရမီရှင်မျိုးကို ဘာလို့ အရင်ထဲက လူသိအောင် မကြေညာခဲ့တာလဲဗျ... "
ဆရာမလုက ရုတ်တရပ် ဘာပြောရမှန်း မသိတော့ချေ ။ သူမ လင်းမို့ ပြောသည့်စကားအား ပြန်မှတ်မိသွားသည် ။ မနက်က လင်းမို့ သူမအား အိမ်ပြန်၍ အဝတ်လဲခိုင်းခဲ့၏ ။
ဆရာမလု၏ မျက်လုံးများတောက်ပသွားသည် ။
' လင်းမို့က ကြိုသိလို့ ငါ့ကို အဝတ်လဲခိုင်းထားတာကို... '
ဆရာမလုက သူမ တောက်ပတော့မည့် အချိန်မှန်း သိလိုက်၏ ။
" အဟမ်း..."
ဆရာမလုက ချောင်းဟန့်လိုက်ကာ ...
" ဟုတ်ပါတယ်... လင်းမို့က ကျွန်မကိုယ်တိုင် အနီးကပ် သင်ပေးခဲ့တဲ့ ကျောင်းသားပါ... သူက အတန်းထဲမှာ အကြိုးစားဆုံး ပဲ... သူက.......... "
ဆရာမလု က လင်းမို့သည် ကြိုးစားရာတွင် အသက်ကို ပဒါနမထားကြောင်း ၊ တစ်နေ့ကို ၂ နာရီသာ အိပ်ကြောင်း ၊ ကျောင်းပျက်ရက်မရှိကြောင်း ချဲ့ကားနိုင်သမျှ ချဲ့ကား ပြောလိုက်၏ ။ ဆရာမလု သည် အခန်းထဲတွင် နေ့တိုင်းအိပ်နေသော လင်းမို့ကို သတိမရတော့ပေ ။ လင်းမို့သာ ဆရာမလု ပြောသည်ကို ကြားလျှင် သူ့ကိုယ်သူပင် မှန်ထဲ ပြန်ကြည့်မိပေမည် ။
နောက်ဆုံးတွင် ဆရာမလုက သတင်းထောက်များအား....
" အနာခံမှ အသာစံရမယ်တဲ့.... လင်းမို့ ဒီလိုအောင်မြင်လာတယ်ဆိုတာ... သူ့ရဲ့ မဆုတ်မနစ်ကြိုးစားတဲ့ ဇွဲ လုံ့ဝ ဝီရိယ နဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ကြောင့်ပဲ... "